မြတ် အထူးကုဆေးခန်း

မြတ် အထူးကုဆေးခန်း မြတ်အထူးကုဆေးခန်းတွင် လိပ်ခေါင်းရောဂါ၊ မီးယပ်၊ လိင်အင်္ဂါပိုင်းဆိုင်ရာရောဂါများကိုကုသပေးနေပါသည်။

သင့်မြတ်ဆေးကုခန်းသည် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုလက်မှတ်ရရှိထားသောဆေးခန်းဖြစ်ပါသည်။

လိပ်ခေါင်းရောဂါ
အမျိုးသမီးမီးယပ်ရောဂါများ
သားသမီး လိုချင်သူများအတွက်ကုသပေးခြင်း
အမျိုးသားမျိုးပွားမှုဆိုင်ရာရောဂါများ
အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း
ဆီးလမ်းကြောင်း ကျောက်တည်ခြင်း
အရေပြားရောဂါ
အစာအိမ်နှင့်အူလမ်းကြောင်း အစရှိသော ရောဂါများကိုကုသပေးနေပါသည်။

သမားတော်ကြီးများသည်အတွေ့အကြုံပြည့်ဝသောကျွမ်း

ကျင်ပညာရှင်များဖြစ်ပြီး အဆင့်မြင့်နည်းပညာစစ်ဆေးကရိယာများ၊ ကုသရေးကရိယာများဖြင့်ကုသပေးနေပြီဖြစ်သည်။

ဆေးခန်းရှိသက်ဆိုင်ရာဝန်ထမ်းများသည် လူနာများကိုကျွမ်းကျင်စွာဝန်ဆောင်မှုပေးနိုင်အောင် အစွမ်းကုန်ကြိုးစားလျက်ရှိပါသည်။

လူတိုင်းနေ့စဉ် လုပ်နေကျအလုပ်တစ်ခုဖြစ်တဲ့ ရေသောက်ခြင်းဟာ ပုံမှန်လုပ်နေကျအရာတစ်ခုလို ဖြစ်ပေမယ့် ရေသောက်ခြင်းဟာ ကျန်းမာရေးအ...
16/06/2026

လူတိုင်းနေ့စဉ် လုပ်နေကျအလုပ်တစ်ခုဖြစ်တဲ့ ရေသောက်ခြင်းဟာ ပုံမှန်လုပ်နေကျအရာတစ်ခုလို ဖြစ်ပေမယ့် ရေသောက်ခြင်းဟာ ကျန်းမာရေးအတွက် အရေးကြီးသော အခန်းကဏ္ဍတစ်ခုအနေနဲ့ပါဝင်ပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ တစ်နေ့ကို ၂.၇ လီတာနဲ့ အမျိုးသားများအနေဖြင့် ၃.၇ လီတာခန့် ရေသောက်ရမယ်ဆိုပြီး ပညာရှင်တွေက ဆိုထားပါတယ်။

ရေသောက်သုံးခြင်းဖြင့်...
- ဝမ်းချုပ်ခြင်းအား ကာကွယ်ပေးခြင်း
- ဆီးကျောက်တည်ခြင်းအား ကာကွယ်ပေးခြင်း
- ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း
- အရေပြားရောဂါများအား ကာကွယ်ပေးခြင်း
- ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးခြင်း
- အသားအရေကို စိုပြေလှပစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

လူ့ခန္ဓာကိုယ်ဟာ ရေဓာတ် ၆၀ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားသည့်အတွက် ကျန်းမာသော ခန္ဓာကိုယ်တစ်ခုပိုင်ဆိုင်ရန် နေ့စဉ်ဘဝမှာ ရေများများသောက်ရန် လိုအပ်ပါသည်။

စမ်းသပ်ခ အခမဲ့
ဆွေးနွေးတိုင်ပင်ခ အခမဲ့
ဆေးကုသစရိတ် ၄၇% အထူးသက်သာခွင့်

ပရိုမိုးရှင်းကာလ ဇွန်လ ၂ ရက်နေ့ မှ ဇွန်လ ၃၀ ရက်နေ့အထိ

အမှတ် (138/139) ဘုရင့်နောင်လမ်း၊ ငါးလုပ်ငန်းဦးစီးဌာန မျက်စောင်းထိုး၊ (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့
09-667162676

”ချစ်တင်းနှောဖော် (Partner) ဆီက ရလာနိုင်တဲ့ လက်ဆောင်ဆိုး… ဂနိုရောဂါအကြောင်း တစေ့တစောင်း”လူပြောနည်းပေမယ့် တကယ်တမ်း လူငယ်တ...
16/06/2026

”ချစ်တင်းနှောဖော် (Partner) ဆီက ရလာနိုင်တဲ့ လက်ဆောင်ဆိုး… ဂနိုရောဂါအကြောင်း တစေ့တစောင်း”

လူပြောနည်းပေမယ့် တကယ်တမ်း လူငယ်တွေကြားမှာ အဖြစ်များပြီး သတိထားရမယ့် လိင်ကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါ (STI) တစ်ခုဖြစ်တဲ့ ဂနိုရောဂါ (Gonorrhea) အကြောင်းကို ပြောပြပေးချင်ပါတယ်။
ဂနိုဟာ ဗက်တီးရီးယားပိုးတစ်မျိုးကြောင့် ဖြစ်တာပါ။ အဓိကကတော့ အကာအကွယ် (ကွန်ဒုံး) မပါဘဲ လိင်ဆက်ဆံရာကနေ ကူးစက်တတ်ပါတယ်။ လိင်အင်္ဂါချင်း ဆက်ဆံခြင်းတင်မကဘဲ ပါးစပ် သို့မဟုတ် စအိုလမ်းကြောင်းကတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။
ဂနိုရောဂါရဲ့ အန္တရာယ်အရှိဆုံးအချက်က ပိုးရှိနေပေမယ့် ဘာလက္ခဏာမှ မပြတာမျိုး ရှိတတ်လို့ပါ။ ဒါပေမဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့
ဆီးသွားလျှင် ပူစပ်ပူလောင်ဖြစ်ခြင်း/နာကျင်ခြင်း
ပုံမှန်မဟုတ်ဘဲ အဖြူ သို့မဟုတ် အဝါရောင် အချွဲများ ဆင်းခြင်း
လိင်အင်္ဂါထိပ်မှ ဝါတာတာ/စိမ်းတောက်တောက် ပြည် သို့မဟုတ် အရည်များ ထွက်ခြင်း
ဆီးသွားလျှင် နာကျင်ခြင်း၊ လိင်ဆက်ဆံစဉ် နာကျင်ခြင်း
ကပ်ပယ်အိတ် နာကျင်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်း
လိင်ဆက်ဆံပြီးနောက် သို့မဟုတ် ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း တွေဟာ ဂနိုရောဂါရဲ့ ရောဂါလက္ခဏာတွေပဲဖြစ်ပါတယ်။

"ခဏနေ ပျောက်သွားမှာပါ" ဆိုပြီး ပစ်ထားရင် ရောဂါက ပိုဆိုးလာပါလိမ့်မယ်။
အမျိုးသမီးများတွင်: သားအိမ်နဲ့ မျိုးပွားအင်္ဂါတဝိုက် ရောင်ရမ်းတဲ့ရောဂါ ဖြစ်ပွားပြီး မြုံသွားတာ (ကလေးမရနိုင်တော့တာ) သို့မဟုတ် သားအိမ်ပြင်ပ သန္ဓေတည်တာမျိုး ဖြစ်နိုင်ပါတယ်။

အမျိုးသားများတွင်မှာလည်း သုတ်ပိုးပြွန်တွေ ရောင်ရမ်းပြီး မျိုးမအောင်တာ ဖြစ်နိုင်ပါတယ်။
အဆိုးဆုံးအဆင့်အ‌ေနနဲ့ ပိုးက သွေးထဲရောက်သွားရင် အဆစ်အမြစ်တွေ ရောင်တာနဲ့ အသက်အန္တရာယ်အထိ စိုးရိမ်ရနိုင်ပါတယ်။

ဂနိုရောဂါဟာ အချိန်မီ ကုသရင် ဆေးတစ်ပတ်ရက်တို သောက်ရုံ/ထိုးရုံနဲ့ ရာနှုန်းပြည့် အမြစ်ပြတ် ပျောက်ကင်းနိုင်တဲ့ ရောဂါမျိုးပါ။ ဒါကို အရှက်အကြောက်လွန်ပြီး ကြိတ်ခံစားနေရင် ဖြစ်စေ၊ အပြင်ဆေးဆိုင်တွေမှာ ဖြစ်ကတတ်ဆန်း ဆေးဝယ်သောက်ရင်ဖြစ်စေ ရောဂါပိုးက ဆေးယဉ်သွားပြီး ပိုကုရခက်သွားတတ်ပါတယ်။

ကျွန်တော်တို့ ဆေးခန်းမှာ လူနာရဲ့ အချက်အလက်နဲ့ လျှို့ဝှက်ချက်တွေကို (၁၀၀%) အပြည့်အဝ ထိန်းသိမ်းပေးထားပြီး နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ကြီးများ ကိုယ်တိုင် သေချာစမ်းသပ် ကုသပေးနေတာမို့ စိတ်အေးချမ်းသာစွာနဲ့ လာရောက်ပြသ တိုင်ပင်နိုင်ပါပြီ။

✅မြတ်ဆေးကုခန်းမှာ ကုသစရိတ် ၄၇% အထူးသက်သာခွင့်
✅ စမ်းသပ်စစ်ဆေးခ အခမဲ့
✅ ဆွေးနွေးတိုင်ပင်ခ အခမဲ့ နဲ့ကုသပေးနေပါတယ်
ပရိုမိုးရှင်းကလဲ 30.6.2026အထိ ရှိနေတာမိုလို
အခုပဲ လာရောက် ကုသဖို ဖိတ်ခေါ်လိုက်ပါတယ်ရှင့်✨

📍လိပ်စာ-အမှတ်(138/139) ဘုရင့်နောင်လမ်းငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး(ဂ)ရပ်ကွက်
အင်းစိန်မြိုနယ်၊ရန်ကုန်မြို။

☎️ဖုန်းနံပါတ် 09-686351852

ယုံကြည်မှုပြန်ရဖို့ ပထမဆုံးခြေလှမ်း 💪အရေးကြီးတဲ့အချိန်မှာ လိင်အင်္ဂါတင်းမာမှု မလုံလောက်ခြင်း၊ တင်းမာမှုကို ကြာရှည်မထိန်း...
15/06/2026

ယုံကြည်မှုပြန်ရဖို့ ပထမဆုံးခြေလှမ်း 💪

အရေးကြီးတဲ့အချိန်မှာ လိင်အင်္ဂါတင်းမာမှု မလုံလောက်ခြင်း၊ တင်းမာမှုကို ကြာရှည်မထိန်းထားနိုင်ခြင်းတွေကြောင့် ယုံကြည်မှုပျောက်ဆုံးနေပါသလား?

ပန်းသေပန်းညိုရောဂါ (Erectile Dysfunction) ဟာ အသက်အရွယ်ကြောင့်သာမက ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ စိတ်ဖိစီးမှုများခြင်း၊ အိပ်ရေးမဝခြင်း၊ ဆေးလိပ်နှင့် အရက်သောက်သုံးခြင်းတို့ကြောင့်လည်း ဖြစ်ပွားနိုင်ပါတယ်။

ပန်းသေပန်းညိုးရောဂါကို အထိရောက်ဆုံးနှင့် အသက်သာဆုံး ကုသနိုင်တဲ့နည်းလမ်းတွေက
ဆရာဝန်နှင့် စစ်ဆေးတိုင်ပင်ပြီး အကြောင်းရင်းကို ရှာဖွေကုသခြင်း
လိုအပ်‌ေသာ ဆေးဝါးများဖြင့် ကုသခြင်း
ဆီးချို၊ သွေးတိုးကဲ့သို့ နောက်ခံရောဂါများကို ထိန်းချုပ်ကုသခြင်း
ဆေးလိပ်နှင့် အရက်လျှော့သံုးစွဲခြင်း
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနှင့် အိပ်ရေးဝဝအိပ်ခြင်း
စိတ်ဖိစီးမှုများကို လျှော့ချခြင်း တို့ပဲဖြစ်ပါတယ်။

ပန်းသေပန်းညိုရောဂါဟာ ကုသနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ရှက်ရွံ့ပြီး မကုသဘဲထားမယ့်အစား စောစီးစွာ စစ်ဆေးကုသခြင်းက ပိုမိုကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေနိုင်ပါတယ်။

ပန်းသေပန်းညိုးဖြစ်ခြင်းဟာ ယုံကြည်မှု ပျောက်ဆုံးသွားတာ မဟုတ်ပါဘူး။ ယုံကြည်မှုကို အမြန်ဆံုး ပြန်လည်ရယူဖို့ ပထမဆုံးခြေလှမ်းကို ဒီနေ့ပဲ စတင်လိုက်ပါ။ 💙

✅မြတ်ဆေးကုခန်းမှာ ကုသစရိတ် ၄၇% အထူးသက်သာခွင့်
✅ စမ်းသပ်စစ်ဆေးခ အခမဲ့
✅ ဆွေးနွေးတိုင်ပင်ခ အခမဲ့ နဲ့ကုသပေးနေပါတယ်
ပရိုမိုးရှင်းကလဲ 30.6.2026အထိ ရှိနေတာမိုလို
အခုပဲ လာရောက် ကုသဖို ဖိတ်ခေါ်လိုက်ပါတယ်ရှင့်✨

📍လိပ်စာ-အမှတ်(138/139) ဘုရင့်နောင်လမ်းငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး(ဂ)ရပ်ကွက်
အင်းစိန်မြိုနယ်၊ရန်ကုန်မြို။

☎️ဖုန်းနံပါတ် 09-667162676

ဝမ်းသွားသည့်အခါ သွေးပါ၊ မပါ ဆိုသည်ကို ဝမ်း၏ အရောင်နှင့် သွေးထွက်သည့် ပုံစံပေါ်မူတည်၍ အလွယ်တကူ ခွဲခြားသိရှိနိုင်ပါသည်။ အခ...
15/06/2026

ဝမ်းသွားသည့်အခါ သွေးပါ၊ မပါ ဆိုသည်ကို ဝမ်း၏ အရောင်နှင့် သွေးထွက်သည့် ပုံစံပေါ်မူတည်၍ အလွယ်တကူ ခွဲခြားသိရှိနိုင်ပါသည်။ အချို့သော အစားအစာများနှင့် ဆေးဝါးများကြောင့်လည်း ဝမ်းအရောင် ပြောင်းလဲတတ်သဖြင့် အောက်ပါအချက်များနှင့် တိုက်ဆိုင်စစ်ဆေးကြည့်နိုင်ပါသည်။

သွေးပါခြင်းကို ခွဲခြားနိုင်မည့် ပုံစံများ
ဝမ်းတွင် သွေးပါပါက အဓိကအားဖြင့် ပုံစံ (၂) မျိုးဖြင့် တွေ့ရလေ့ရှိသည် -

၁။ သွေးနီရောင်အကြည် ကပ်ပါလာခြင်း (လတ်ဆတ်သောသွေး):
ဝမ်းသွားပြီးမှ သွေးက တစ်စက်စက် သီးသန့်ကျလာခြင်း၊ အိမ်သာသုံးစက္ကူတွင် သွေးနီရောင် ပွတ်မိနေခြင်း သို့မဟုတ် ဝမ်းအပြင်ဘက်တွင် သွေးစလေးများ ကပ်ပါလာခြင်း ဖြစ်သည်။
ဤအခြေအနေသည် များသောအားဖြင့် စအိုဝနှင့် နီးသောနေရာ (ဥပမာ - လိပ်ခေါင်းရောဂါ သို့မဟုတ် စအိုကွဲနာ) တို့ကြောင့် ဖြစ်တတ်ပါသည်။

၂။ ဝမ်းတစ်ခုလုံး ကတ္တရာစေးလို မည်းနက်နေခြင်း (သွေးဟောင်း):
ဝမ်းသည် ပုံမှန်ညိုရောင်မဟုတ်ဘဲ ကတ္တရာစေး သို့မဟုတ် ကော်ဖီမှုန့်ကဲ့သို့ စေးကပ်ကပ်ဖြင့် တစ်ပြင်လုံး မည်းနက်နေခြင်း ဖြစ်သည်။
ဤအခြေအနေသည် အစာအိမ် သို့မဟုတ် အူလမ်းကြောင်းအထက်ပိုင်းတွင် သွေးယိုစီးမှုရှိပြီး အစာခြေရည်များနှင့် ရောနှောကာ အရောင်ပြောင်းသွားခြင်း ဖြစ်သည်။

သွေးပါသည်ဟု ထင်ရသော်လည်း သွေးမဟုတ်နိုင်သည့် အခြေအနေများ

အချို့သော အစားအစာများနှင့် ဆေးဝါးများသည် ဝမ်း၏အရောင်ကို အနီရောင် သို့မဟုတ် အမည်းရောင်သို့ ပြောင်းလဲစေတတ်သဖြင့် သွေးပါသည်ဟု မှားယွင်းထင်မှတ်ရတတ်ပါသည် -

ဝမ်းအနီရောင် ဖြစ်စေတတ်သောအရာများ: ကန်စွန်းဥအနီ၊ သွေးဥမောက်သီး (နဂါးမောက်သီးအနီ)၊ အနီရောင် အစားအသောက်ဆိုးဆေးများ။

ဝမ်းအမည်းရောင် ဖြစ်စေတတ်သောအရာများ: အားဆေးအဖြစ် သောက်သုံးတတ်သော သံဓာတ်ပါသည့်ဆေးများ (Iron supplements)၊ ကညွတ်၊ ချောကလက်အမည်း။

ဘယ်အချိန်မှာ ဆရာဝန်နှင့် ချက်ချင်းပြသရမလဲ?

ဝမ်းတွင်း သွေးပါခြင်းသည် သာမန်လိပ်ခေါင်းကြောင့် ဖြစ်နိုင်သကဲ့သို့ အူလမ်းကြောင်းဆိုင်ရာ အခြားရောဂါကြီးများကြောင့်လည်း ဖြစ်နိုင်သဖြင့် ပေါ့ဆ၍မရပါ။

အထူးသဖြင့် အောက်ပါလက္ခဏာများ တွဲပါလာပါက ဆရာဝန်နှင့် ချက်ချင်းပြသသင့်ပါသည် -

သွေးထွက်သည့် ပမာဏ အလွန်များပြားခြင်း။
မူးဝေခြင်း၊ အားနည်းခြင်း၊ ဖြူဖျော့လာခြင်း သို့မဟုတ် သတိလစ်ချင်သလို ဖြစ်ခြင်း။
ဗိုက်အလွန်အမင်း အောင့်ခြင်း သို့မဟုတ် ဖျားခြင်း။
အသက် (၅၀) ကျော်မှ ဝမ်းတွင်းသွေး စတင်ပါလာခြင်း။

စမ်းသပ်ခ အခမဲ့
ဆွေးနွေးတိုင်ပင်ခ အခမဲ့
ဆေးကုသစရိတ် ၄၇% အထူးသက်သာခွင့်

ပရိုမိုးရှင်းကာလ ဇွန်လ ၂ ရက်နေ့ မှ ဇွန်လ ၃၀ ရက်နေ့အထိ

အမှတ် (138/139) ဘုရင့်နောင်လမ်း၊ ငါးလုပ်ငန်းဦးစီးဌာန မျက်စောင်းထိုး၊ (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့
09-667162676

ဝမ်းချုပ်ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာ စအိုကွဲနာ (A**l Fissure)ဝမ်းသွားတဲ့အချိန်တိုင်း စအိုနားမှာ စူးစူးရှရှနာကျင်ပြီး သွေး...
13/06/2026

ဝမ်းချုပ်ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာ စအိုကွဲနာ (A**l Fissure)

ဝမ်းသွားတဲ့အချိန်တိုင်း စအိုနားမှာ စူးစူးရှရှနာကျင်ပြီး သွေးနည်းနည်းထွက်နေတာမျိုး ကြုံနေရပါသလား?
"ဝမ်းသွားတိုင်း နာကျင်ပြီး သွေးထွက်နေတာ လိပ်ခေါင်းရောဂါလို့ပဲ ထင်နေတုန်းပဲလား ဒါဟာ တကယ်တော့ စအိုကွဲရောဂါလည်း ဖြစ်နိုင်ပါတယ်!"

ဒီလိုလက္ခဏာတွေဟာ စအိုကွဲရောဂါရဲ့ အစပြုလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ စအိုကွဲရောဂါဟာ ဝမ်းချုပ်ခြင်း၊ ဝမ်းမာမာသွားခြင်း၊ ဝမ်းသွားတဲ့အခါ အားစိုက်လွန်းခြင်း ဒါမှမဟုတ် ဝမ်းလျှောတာကြာရှည်ခြင်းတို့ကြောင့် စအိုအဝရှိ အသားအရေကွဲသွားတာ ဖြစ်ပါတယ်။

ရောဂါဖြစ်လာတဲ့အခါ ဝမ်းသွားရမှာကိုတောင် ကြောက်လာနိုင်ပြီး နာကျင်မှုကြောင့် နေ့စဉ်လှုပ်ရှားမှုတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ တချို့လူနာတွေမှာ သွေးထွက်ခြင်း၊ ယားယံခြင်းနဲ့ စအိုနားမှာ အဖုငယ်လေးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

စအိုကွဲတာကို သာမန်အနာလေးပဲဆိုပြီး ဒီတိုင်းထားမိရင် အချိန်ကြာလာတာနဲ့အမျှ နာကျင်မှုက ပိုဆိုးလာနိုင်ပါတယ်။ ဝမ်းသွားတိုင်း စူးစူးရှရှနာတာ၊ သွေးထွက်တာတွေ မကြာခဏဖြစ်လာနိုင်သလို အနာကလည်း နာတာရှည်ဖြစ်သွားနိုင်ပါတယ်။ တချို့အခြေအနေတွေမှာဆိုရင် ဆေးနဲ့တင် မသက်သာတော့ဘဲ ခွဲစိတ်ကုသဖို့အထိ လိုအပ်လာနိုင်တာကြောင့် စအိုနာကျင်တာ၊ သွေးထွက်တာတွေရှိရင် ပေါ့ပေါ့ဆဆမထားဘဲ အချိန်မီ စစ်ဆေးကုသဖို့ လိုအပ်ပါတယ်။

စအိုကွဲနာရောဂါကို ကာကွယ်ဖို့အတွက် ရေများများသောက်ပါ၊ ဟင်းသီးဟင်းရွက်နဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပါ၊ ဝမ်းမချုပ်အောင် ဂရုစိုက်ပါ။

စအိုနာကျင်မှုကို ရှက်ပြီး မဖုံးကွယ်ထားပါနဲ့။ အချိန်မီ စစ်ဆေးကုသခြင်းက ရောဂါကို မြန်မြန်သက်သာစေပြီး နောက်ဆက်တွဲပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။" 💙

✅မြတ်ဆေးကုခန်းမှာ ကုသစရိတ် ၄၇% အထူးသက်သာခွင့်
✅ စမ်းသပ်စစ်ဆေးခ အခမဲ့
✅ ဆွေးနွေးတိုင်ပင်ခ အခမဲ့ နဲ့ကုသပေးနေပါတယ်
ပရိုမိုးရှင်းကလဲ 30.6.2026အထိ ရှိနေတာမိုလို
အခုပဲ လာရောက် ကုသဖို ဖိတ်ခေါ်လိုက်ပါတယ်ရှင့်✨

📍လိပ်စာ-အမှတ်(138/139) ဘုရင့်နောင်လမ်းငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး(ဂ)ရပ်ကွက်
အင်းစိန်မြိုနယ်၊ရန်ကုန်မြို။

☎️ဖုန်းနံပါတ် 09-667162676

ဝမ်းချုပ်တတ်သူများ အထူးသတိထားရမည့် လိပ်ခေါင်းရောဂါဝမ်းချုပ်ခြင်းနှင့် လိပ်ခေါင်းရောဂါသည် ခွဲခြားလို့မရသော မိတ်ဆွေရင်းမျာ...
13/06/2026

ဝမ်းချုပ်တတ်သူများ အထူးသတိထားရမည့် လိပ်ခေါင်းရောဂါ

ဝမ်းချုပ်ခြင်းနှင့် လိပ်ခေါင်းရောဂါသည် ခွဲခြားလို့မရသော မိတ်ဆွေရင်းများ ဖြစ်ကြပါသည်။ နာတာရှည် ဝမ်းချုပ်မှုကို ဂရုမစိုက်ဘဲ ပစ်ထားလိုက်ပါက နောက်ဆက်တွဲအနေဖြင့် ဝမ်းသွားရခက်ခဲရုံသာမက လိပ်ခေါင်းဝေဒနာကိုပါ မလွှဲမသွေ ဆက်လက်ခံစားရတတ်ပါသည်။

ဝမ်းချုပ်ခြင်းက လိပ်ခေါင်းကို ဘယ်လိုဖြစ်စေတာလဲ?

ဝမ်းချုပ်သောအခါ ခန္ဓာကိုယ်အတွင်း၌ လိပ်ခေါင်းဖြစ်ပွားစေရန် အောက်ပါအတိုင်း တွန်းအားပေးလိုက်သကဲ့သို့ ဖြစ်သွားပါသည်-

ပြင်းထန်စွာ ညှစ်ရခြင်း: ဝမ်းမာသည့်အတွက် ဝမ်းထွက်လာစေရန် ဝမ်းဗိုက်ကို အားစိုက်ညှစ်ရပါသည်။ ထိုသို့ အမြဲတမ်းအားစိုက်ညှစ်ခြင်းက စအိုဝန်းကျင်ရှိ သွေးပြန်ကြောများကို ဖိအားအဆမတန် ဖြစ်စေပြီး သွေးကြောများ ဖောင်းပွရောင်ရမ်းလာစေပါသည်။

သွေးကြောများ ပွတ်တိုက်မိခြင်း: မာကျောပြီး ခြောက်သွေ့နေသော ဝမ်းခဲများသည် စအိုလမ်းကြောင်းကို ဖြတ်သန်းချိန်တွင် ရောင်ရမ်းနေသော သွေးကြောနံရံများကို ပွတ်တိုက်မိပြီး ပေါက်ပြဲကာ သွေးထွက်ခြင်းကို ဖြစ်စေပါသည်။

မဖြစ်မနေ သတိထားရမည့် ရှေ့ပြေးလက္ခဏာများ

အကယ်၍ သင်သည် ဝမ်းချုပ်တတ်သူတစ်ဦးဖြစ်ပြီး အောက်ပါလက္ခဏာများ ပြလာပါက လိပ်ခေါင်းရောဂါ စတင်နေပြီဟု သတ်မှတ်နိုင်ပါသည်-

1. ဝမ်းသွားပြီးချိန်တွင် နာကျင်မှုမရှိဘဲ အနီရောင်အသွေးကြည်များ တစ်စက်စက်ကျခြင်း သို့မဟုတ် အိမ်သာသုံးစက္ကူတွင် သွေးစွန်းနေခြင်း။

2. ဝမ်းသွားစဉ် စအိုဝတွင် အသားလုံး ကဲ့သို့ အဖုအကျိတ် စမ်းမိခြင်း (အစပိုင်းတွင် အလိုအလျောက် ပြန်ဝင်သွားတတ်သော်လည်း ရောဂါရင့်လာပါက လက်ဖြင့်ပြန်သွင်းရတတ်ပါသည်)။

3. စအိုဝန်းကျင်တွင် ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း နှင့် ထိုင်ရခက်ခဲလောက်အောင် ကိုက်ခဲနာကျင်ခြင်း။

စမ်းသပ်ခ အခမဲ့
ဆွေးနွေးတိုင်ပင်ခ အခမဲ့
ဆေးကုသစရိတ် ၄၇% အထူးသက်သာခွင့်

ပရိုမိုးရှင်းကာလ ဇွန်လ ၂ ရက်နေ့ မှ ဇွန်လ ၃၀ ရက်နေ့အထိ

အမှတ် (138/139) ဘုရင့်နောင်လမ်း၊ ငါးလုပ်ငန်းဦးစီးဌာန မျက်စောင်းထိုး၊ (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့
09-667162676

ရုံးဝန်ထမ်းတွေဟာ တစ်နေ့ကို နာရီပေါင်းများစွာ ထိုင်ပြီး အလုပ်လုပ်ရတဲ့အတွက် လိပ်ခေါင်းရောဂါ (Hemorrhoids) ဖြစ်ပွားဖို့ အလာ...
12/06/2026

ရုံးဝန်ထမ်းတွေဟာ တစ်နေ့ကို နာရီပေါင်းများစွာ ထိုင်ပြီး အလုပ်လုပ်ရတဲ့အတွက် လိပ်ခေါင်းရောဂါ (Hemorrhoids) ဖြစ်ပွားဖို့ အလားအလာ အလွန်များပါတယ်။

ရုံးဝန်ထမ်းတွေနဲ့ လိပ်ခေါင်းရောဂါ ဘယ်လိုဆက်စပ်နေလဲဆိုတာကို အလွယ်ကူဆုံးနဲ့ အတိုချုပ် နားလည်အောင် အချက်အလက်လေးတွေ ခွဲပြီး ရှင်းပြပေးပါမယ်။ ဖြစ်ပွားရခြင်း အဓိကအကြောင်းအရင်းများ
အချိန်အကြာကြီး ထိုင်ခြင်း: တစ်နေ့ကို ၇ နာရီ၊ ၈ နာရီ ဆက်တိုက်ထိုင်နေတဲ့အခါ ခန္ဓာကိုယ်အောက်ပိုင်းနဲ့ စအိုဝတစ်ဝိုက်က သွေးပြန်ကြောတွေပေါ်ကို ဖိအား (Pressure) အများကြီး သက်ရောက်စေပါတယ်။

လှုပ်ရှားမှုနည်းခြင်း: ထိုင်ခုံမှာပဲ အချိန်ကုန်ဆုံးပြီး ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့အတွက် အူမကြီးရဲ့ လှုပ်ရှားမှုကို နှေးကွေးစေပြီး ဝမ်းချုပ်ခြင်းကို ဖြစ်စေပါတယ်။

အစားအသောက် ပုံစံ: ရုံးမှာ အလွယ်တကူ စားသောက်ရတဲ့ အသင့်စားအစားအစာတွေ၊ အသားတွေကိုပဲ အစားများပြီး အမျှင်ဓာတ် (Fiber) ပါတဲ့ အသီးအရွက် စားသုံးမှု နည်းပါးခြင်း။

ရေသောက်နည်းခြင်း: အလုပ်ရှုပ်နေတာကြောင့် သို့မဟုတ် အအေးခန်းထဲမှာ နေရလို့ ရေငတ်မှန်းမသိဘဲ ရေသောက်နည်းတဲ့အခါ ဝမ်းမာပြီး ညှစ်ရခက်လာပါတယ်။ကုသမယ်ဆိုရင်တော့
💥 စမ်းသပ်ခ အခမဲ့
💥 ဆွေးနွေးတိုင်ပင်ခ အခမဲ့

လိပ်စာ – အမှတ် (138/139) ဘုရင့်နောင်လမ်း၊ ငါးလုပ်ငန်းဦးစီးဌာန မျက်စောင်းထိုး၊ (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့
☎️ 09-667162676

အနံ့ဆိုးသည့် အဖြူ သို့ အဝါရောင် အရည်များ မိန်းမကိုယ်မှ ဆင်းလာသည်ကို မီးယပ်ရောင်ခြင်းဟုခေါ်သည်။ မကြာခဏ ဆီးသွားခြင်း၊ ဆီးက...
12/06/2026

အနံ့ဆိုးသည့် အဖြူ သို့ အဝါရောင် အရည်များ မိန်းမကိုယ်မှ ဆင်းလာသည်ကို မီးယပ်ရောင်ခြင်းဟုခေါ်သည်။

မကြာခဏ ဆီးသွားခြင်း၊ ဆီးကျင်ခြင်း၊ မိန်းမကိုယ် အပြင်ဖက် ထိပ်နားတွင် နာကျင်ခြင်း၊ ယားယံခြင်း၊ ဖျားခြင်း၊ ဝမ်းဗိုက် ကိုက်ခဲခြင်းများသည် မီးယပ်ရောင်ခြင်း လက္ခဏာများဖြစ်သည်။

မိန်းမကိုယ် မှိုစွဲခြင်း၊ လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ ကြောင့်လည်း မီးယပ်ရောင်တတ်ပြီး သွေးဆင်းခြင်း ကိုက်ခဲခြင်းတို့ပါဖြစ်တတ်သည်။

ကုသမှု အချိန်မှီ မခံယူပါက အမျိုးသမီးများ စွမ်းဆောင်ရည်ကျဆင်းခြင်း၊ သားအိမ်တွင် အရည်အိတ်/အကြိတ် များတည်ခြင်း၊ ကိုယ်ဝန်ဆောင်ရ ခက်ခဲခြင်း သို့ ကိုယ်ဝန် ထိခိုက်နိုင်ခြင်း၊ လမစေ့ပဲ မီးဖွားခြင်း တို့အပြင် ရင်သား ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ များအထိ ဖြစ်နိုင်ပါသည်။

စမ်းသပ်ခ အခမဲ့
ဆွေးနွေးတိုင်ပင်ခ အခမဲ့
ဆေးကုသစရိတ် ၄၇% အထူးသက်သာခွင့်

ပရိုမိုးရှင်းကာလ ဇွန်လ ၂ ရက်နေ့ မှ ဇွန်လ ၃၀ ရက်နေ့အထိ

အမှတ် (138/139) ဘုရင့်နောင်လမ်း၊ ငါးလုပ်ငန်းဦးစီးဌာန မျက်စောင်းထိုး၊ (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့
09-667162676

လိပ်ခေါင်းရောဂါ (Hemorrhoids) ဟာ ဖြစ်ပွားတဲ့နေရာနဲ့ လက္ခဏာပေါ်မူတည်ပြီး အဓိကအားဖြင့် အမျိုးအစား ၃ မျိုး ခွဲခြားနိုင်ပါတယ...
11/06/2026

လိပ်ခေါင်းရောဂါ (Hemorrhoids) ဟာ ဖြစ်ပွားတဲ့နေရာနဲ့ လက္ခဏာပေါ်မူတည်ပြီး အဓိကအားဖြင့် အမျိုးအစား ၃ မျိုး ခွဲခြားနိုင်ပါတယ်။
့ အတွင်းလိပ်ခေါင်း (Internal Hemorrhoids)
စအိုလမ်းကြောင်းရဲ့ အတွင်းပိုင်း (အပေါ်ဘက်) မှာ ဖြစ်ပွားတာပါ။

လက္ခဏာများ: ပုံမှန်အားဖြင့် သွေးကြောတွေက အတွင်းထဲမှာပဲရှိလို့ မမြင်ရ၊ မစမ်းမိဘဲ နာကျင်မှုမရှိတတ်ပါဘူး။ ဒါပေမဲ့ ဝမ်းသွားတဲ့အခါ သွေးအလွန်ထွက်တတ်ပါတယ်။

ဝေဒနာ: ဝမ်းညှစ်ရဖတ်များလာရင် အတွင်းလိပ်ခေါင်းက စအိုအပြင်ဘက်ကို ကျွံထွက်လာတတ်ပြီး (Proprolapsed Hemorrhoids) အဲဒီအခါမျိုးမှာတော့ တော်တော်လေး နာကျင်ရခက်ပြီး ထိုင်ရခက်ခဲလာတတ်ပါတယ်။

အပြင်လိပ်ခေါင်း (External Hemorrhoids)
စအိုဝပတ်ပတ်လည်က အရေပြားအောက်မှာရှိတဲ့ သွေးကြောတွေ ဖောင်းကြွလာတာ ဖြစ်ပါတယ်။

လက္ခဏာများ: စအိုဝမှာ အဖုအကျိတ်တွေလိုမျိုး လက်နဲ့ စမ်းမိနိုင်ပါတယ်။

ဝေဒနာ: ဒီအမျိုးအစားက ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းနဲ့ နာကျင်မှုကို တိုက်ရိုက်ခံစားရစေပါတယ်။ လမ်းလျှောက်ရင်ပဲဖြစ်ဖြစ်၊ ထိုင်ရင်ပဲဖြစ်ဖြစ် အဝတ်အစားနဲ့ ပွတ်တိုက်မိတဲ့အခါ မထိုင်နိုင်မထနိုင်အောင် ပိုမိုခံရခက်စေပါတယ်။

ရောရာလိပ်ခေါင်း
အတွင်းကောအပြင်ကောဖြစ်နေတဲ့လိပ်ခေါင်းတို့ပဲဖြစ်ပါတယ်။ တစ်ခုထဲဖြစ်နေရင်တောင်ခံရခက်စေတာ နှစ်ခုလုံးဖြစ်တဲ့အခါပိုမိုနာကျင်ခံစားရပါတယ်။ ဒါကြောင့်မပေါ့ဆသင့်ပါဘူးနော်။

💥 စမ်းသပ်ခ အခမဲ့
💥 ဆွေးနွေးတိုင်ပင်ခ အခမဲ့

လိပ်စာ – အမှတ် (138/139) ဘုရင့်နောင်လမ်း၊ ငါးလုပ်ငန်းဦးစီးဌာန မျက်စောင်းထိုး၊ (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့
☎️ 09-667162676

Address

အမှတ် (၁၃၈/၁၃၉)၊ ဘုရင့်နောင် လမ်း (ငါးလုပ်ငန်းဦးစီးဌာနမျက်စောင်းထိုး) ၊ အင်းစိန်မြို့နယ်။
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959670818999

Alerts

Be the first to know and let us send you an email when မြတ် အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share