Sharing By Dr. AQUAs

Sharing By Dr. AQUAs 💙 ငါးမွေးလုပ်ငန်းရှင်များအတွက်
မွေးမြူရေးဗဟုသုတများမျှဝေရာ 💙

ဆောင်းတွင်းမှာ မနက်6နာရီအစာထကြွေးပြီး ငါးအစာမစားလို့စိတ်ညစ်နေသူများဖတ်ဖို့ပါ ❄️🐟 ​ဆောင်းတွင်းမနက်ခင်း နှင်းတွေကျ၊ မြူတွေ...
26/01/2026

ဆောင်းတွင်းမှာ မနက်6နာရီအစာထကြွေးပြီး ငါးအစာမစားလို့စိတ်ညစ်နေသူများဖတ်ဖို့ပါ ❄️🐟

​ဆောင်းတွင်းမနက်ခင်း နှင်းတွေကျ၊ မြူတွေဆိုင်းနေရင် လူတောင် စောင်ထဲက မထချင်သလို ငါးလေးတွေဟာလည်း တက်တက်ကြွကြွမရှိလို့အစာစားချင်စိတ်လဲမရှိတတ် ကြပါဘူး ။ ဒီလိုအချိန်မှာ နွေတုန်းကလိုပဲ "အစာ ကျွေးရမယ့်အချိန် ရောက်ပြီ" ဆိုပြီး နာရီကြည့်ပြီး အစာသွားကျွေးရင် အစာတွေ အလဟဿဖြစ်ဖို့ များပါတယ်။

🐟​ဘာဖြစ်လို့ငါးအစာကြွေးချိန်ကို ပုံသေမထားသင့်တာလဲ? 🤔
​ငါးတွေ အစာစားချင်စိတ် (Appetite) ရှိဖို့ဆိုတာ "ရေအပူချိန်" ပေါ်မှာ အများကြီး မူတည်ပါတယ်။
​✅ ငါးအများစုဟာ ရေအပူချိန် 27* C ကနေ 28* C ဝန်းကျင်မှာ အစာခြေစနစ် အကောင်းဆုံးဖြစ်ပြီး အတက်ကြွဆုံး အစာစားတတ်ကြပါတယ်။
မနက်စောစော မြူတွေဆိုင်းပြီး အေးနေချိန်မှာ ရေအပူချိန်ကကျဆင်းနေတတ်ပြီး အဲဒီအချိန်မှာ အစာသွားကျွေးရင် အလေအလွင့်ဖြစ်နိုင်လို့ အစာအကျွင်းအကျန်တွေကြောင့် ​ကန်အောက်ခြေမှာ ပုပ်ကုန်မယ်။
​ရေညစ်ပတ်မယ်၊ ရေအရည်အသွေး ကျဆင်းမယ်။

​💡 ဒါကြောင့် ဒီလိုလုပ်ကြည့်ပါ
​✅ ​နေရောင်ခြည်ပြည့်ပြည့်ဝဝ ရအောင်စောင့်ပါ
မနက်ခင်း နှင်းတွေကွဲလို့ နေရောင်ခြည်လေး ရလာမှ၊ ရေအပူချိန်လေး ပြန်တက်လာမှ အစာစကျွေးပါ။
​ငါးကိုကြည့်ပါ Oxygen ပြည့်ပြည့်ဝဝရလို့ ကန်ရေပြင်မှာ အသက်တက်ရှုနေတာမျိုး မရှိတော့မှ အစာစကြွေးပေးပါ အပူချိန်တိုင်းတာတဲ့ကရိယာရှိရင် 27-28*C ဝန်းကျင် ရောက်ပြီလား? ဆိုတာကို သတိထားကြည့်ပြီးမှ ကျွေးပါ။
​ချိန်ဆကျွေးပါ 🐟 ရာသီဥတုအခြေအနေပေါ်မူတည်ပြီး အစာစားနှုန်း ပြောင်းလဲနိုင်လို့ အစာအတိုးအလျော့လုပ်တဲ့အခါ တစ်ခါတည်း အများကြီး မကြွေးပဲ နည်းနည်းချင်း တိုးကြွေးတာက အကောင်းဆုံးပါပဲ။

​"နာရီထက် ရာသီဥတုနဲ့အပူချိန်ကိုကြည့်ပြီး ကျွေးတာက" ကျွန်မတို့​မွေးမြူတဲ ငါးတွေကို ကျန်းမာစေသလို အစာဖိုးကိုလည်း အကျိုးရှိရှိ အသုံးချရာ ရောက်ပါတယ်။
📢 အကျိုးတစ်စုံတစ်ရာရှိတယ်ဆိုရင် ​တခြားသော လုပ်ငန်းရှင်တွေသိရအောင် မွေးမြူရေးသမားအချင်းချင်း ဒီပို့စ်လေးကို Share ပေးဖို့ မမေ့နဲ့ဦးနော်!


#မဟာငါးကန်သုံးဆေးဝါး
#ငါးမွေးမြူရေး
#တွံတေး #မအူပင် #ပဲခူး #မန္တလေး #ညောင်တုန်း #ထန်းတစ်ပင် #မှော်ဘီ #လှည်းကူး

ဆော်သြပေးရုံပဲလုပ်ခဲ့တဲ့ ဒီသင်တန်းလေးဟာ အဆင်ပြေပြေအောင်အောင်မြင်မြင်ပြီးသွားလို့ သင်ကြားပေးကြတဲ့ ဆရာမများနဲ့တကွ အတင်းကြီ...
23/01/2026

ဆော်သြပေးရုံပဲလုပ်ခဲ့တဲ့ ဒီသင်တန်းလေးဟာ အဆင်ပြေပြေအောင်အောင်မြင်မြင်ပြီးသွားလို့ သင်ကြားပေးကြတဲ့ ဆရာမများနဲ့တကွ
အတင်းကြီးလိုက်ဖိတ်စရာမလိုပဲ စိတ်လိုလက်ရ အမည်စာရင်းပေးပြီးမပျက်မကွက်တက်ရောက်ပေးခဲ့ကြတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ် သင်တန်းတွေအများကြီးကြုံဖူး ဖိတ်ဖူးတော့ အတင်းတွေခေါ်မိတဲ့အခါ အားနာလို့လာထိုင်လိုက်ရတာမျိုးတွေဖြစ်မှာကို အကြောက်ဆုံးပါပဲ

ကျွန်မမှာအကျင့်တစ်ခုရှိပါတယ် တစ်ခုခုလုပ်မယ်ဆိုရင် လိုချင်တဲ့ပုံစံအတိုင်းရမှကျေနပ်လို့ မရရအောင်ဖန်တီးတတ်ပါတယ် ပွဲတစ်ပွဲဖြစ်ဖြစ် အထိန်းအမှတ်ရက်တွေဖြစ်ဖြစ် တစ်ခုခုစီစဥ်တဲ့အခါ အဲ့နေ့ရက်ဟာအမှတ်တရဖြစ်ကျန်ခဲ့ဖို့လိုသလို ပါဝင်ခဲ့ကြသူတွေအတွက် အကျိုးရှိတဲ့တစ်စုံတစ်ခု
ကျန်ကိုကျန်ခဲ့စေချင်တာပါ
2026 အစမှာပဲကိုယ်ဝင်ရောက်ကူညီဖြစ်တဲ့ ဒီသင်တန်းလေးကိုတော့ Postလေးတစ်ခုတင်ပြီး အမှန်တကယ် သင်ယူလိုတဲ့ သင်တန်းသားတွေကို စေတနာအပြည့်နဲ့သင်ပေးချင် မျှဝေပေးချင်ကြသူတွေနဲ့ ချိတ်ဆက်ပေးနိုင်ခဲ့ပါတယ် သင်ပေးတာကိုပဲယူပြီးပြန်ကြတာမျိုးမဟုတ်ပဲ အပြန်အလှန်စိတ်ဝင်တစ်စား ဆွေနွေးပေးကြပြီး မေးခွန်းတွေလဲအများကြီးမေးပေးကြတဲ့အပြင် သင်တန်းဆရာမတွေသာမက အားလုံးကပါဝိုင်းဝန်းအဖြေရှာပေးပြီး အချင်းချင်းဖလှယ်နိုင်ခဲ့လို့ အရမ်းကိုကျေနပ်ရပါတယ်
လိုချင်သူစစ်စစ် နဲ့ ပေးချင်သူတွေဆုံတဲ့အခါ ခုလိုရလဒ်လေးရလာတာပါပဲ အဲ့လိုရလဒ်မျိုးလိုချင်လို့လဲ တကူးတက အတင်းကြီး စိတ်မပါသူကို လာထိုင်ပေးယုံ မခေါ်ဘဲ တကယ်စိတ်ဝင်စားသူတွေဆက်သွယ်လာတာကိုပဲ ဘယ်နှစ်ယောက်ပဲရရဆိုပြီး ထိုင်စောင့်ခဲ့တာပါ သတ်မှတ်လူဦးရေလဲပြည့်ခဲ့သလို အမှတ်တရလဲ ဖြစ်ရပြီး ထိရောက်မှုလဲရှိခဲ့ပါတယ် ဒါကြောင့်
သင်တန်းမှာပါဝင်ခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင် လို့ဒီကနေထပ်ပြောပါရစေရှင်🙏🙏🙏🙏

#မဟာငါးကန်သုံးဆေးဝါး
#ငါးမွေးမြူရေး
#တွံတေး #မအူပင် #ထန်းတစ်ပင် #ညောင်တုန်း #ပဲခူး #မန္တလေး #မှော်ဘီ

22/01/2026

pH ကအရေးကြီးမှန်းလူတိုင်းသိကြပေမယ့် pHအတက်အကျဘယ်လိုဖြစ်လဲ? ဘယ်လောက်ပဲအတက်အကျဖြစ်လို့ရလဲ? မှန်ကန်တဲ့တိုင်းတာရမယ့်အချိန်တွေကရော ဘယ်အချိန်တွေလဲ? ဆိုတဲ့အချက်တွေပါဝင်ပါတယ် ဆရာမကြီးပြောပြတဲ့နည်းလမ်းကတော့ ကိုယ့်ကန်ရဲ့ pHအတက်အကျဟာ တစ်နေ့တာလုံးမှာ ဘယ်လိုတွေ ပြောင်းလဲလဲ? အန္တရာယ်ရှိနေလား?ဆိုတာသိရဖို့ တိုင်းတာစစ်ဆေးတဲ့နည်းဖြစ်ပါတယ်

#မဟာငါးကန်သုံးဆေးဝါး
#ငါးမွေးမြူရေး
#တွံတေး #မအူပင် #ထန်းတစ်ပင် #ပဲခူး #မန္တလေး #မှော်ဘီ #ညောင်တုန်း #ဧရာဝတီ

ဝယ်သာသုံး အလုပ်မရှုပ်ဘူး ကုန်ကျစရိတ်ကလဲအဲ့လောက်ကွာမနေဘူး Quality အတော့အရမ်းကွာတယ်
21/01/2026

ဝယ်သာသုံး အလုပ်မရှုပ်ဘူး ကုန်ကျစရိတ်ကလဲအဲ့လောက်ကွာမနေဘူး Quality အတော့အရမ်းကွာတယ်

20/01/2026

GAqP ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဥ်ဆိုတာ ကျွန်မအမြင်အရအကျဥ်းချုပ်ပြောရရင် "မွေးမြူရေးမှာ မှားတတ်တဲ့အမှားတွေနဲ့ ကြုံရတတ်တဲ့ပြဿနာတွေပေါ်အခြေ ခံပြီးရေးဆွဲထားတဲ့ ကာကွယ်ရေးနည်းစနစ်တစ်ခု" လို့ပဲလိုရင်းတိုရှင်းပြောချင်ပါတယ်
သူများကိုလဲမထိခိုက်ရဘူး သဘာဝပတ်ဝန်းကျင်နဲ့ စားသုံးသူကိုမထိခိုက်စေဘဲ ကိုယ့်အကျိုးလဲပိုများစေတဲ့မွေးမြူရေးနည်းစနစ်ဖြစ်လို့
နိုင်ငံခြားဝင်ငွေရရှိဖို့ Exportတင်ပို့နိုင်ဖို့ လိုအပ်တဲ့လက်မှတ်တစ်ခုရဖို့ ဆိုတဲ့အမြင်နဲ့မကြည့်ပဲ ဒီစနစ်ကိုလိုက်နာရင် လက်တလောကျွန်မတို့အတွက်ချက်ချင်းအကျိုးရှိမှာဘာလဲ?ဆိုတာကို မြင်အောင် ရှုထောင့်လေးပြောင်းကြည့်ရင် ခက်ခဲတယ်လို့မမြင်တော့သလို ဒါငါတို့ကြုံနေတဲ့ပြဿာတွေကိုကြိုရှင်းနိုင်တဲ့နည်းစနစ်ပါလားလို့သိလာမှဖြစ်တဲ့အတွက် လိုက်ကိုလိုက်နာရမယ့်အရာဆိုတဲ့အမြင်မျိုးပြောင်းလာမယ်လို့ကျွန်မတော့ယုံကြည်ပါတယ်
GAqPနဲ့ပတ်သတ်လို့အကျယ်တစ်ဝင့်မပြောဖြစ်ဘူးဆိုတာကလဲ ကျွန်မသိတာပေါ့ ကျွန်မရဲ့ ငါးလုပ်ငန်းရှင်တွေမှာ ထောက်ပြစရာအငြင်းပွားစရာတွေ အများကြီးရှိမယ်ဆိုတာ ကျွန်မနားလည်ပါတယ် ဒါပေမယ့် Technician လိုခံယူထားတဲ့ကျွန်မအတွက် ခုလိုမပြောဘဲနေလိုက်ရင်တစ်ခုခုတာဝန်မကျေဖြစ်သလိုခံစားရတာကတော့အမှန်ပါ
တချို့သောအရာတွေဟာ တစ်ဦးတယောက်ထဲလုပ်လို့မရသလို တစ်စုတစ်ဖွဲတည်းနဲ့လဲလုပ်လို့မရတဲ့အရာတွေမို့လို့ အပစ်တင်စရာ၊အပစ်မြင်စရာတွေရှိရင်တောင် ကိုယ့်အပိုင်း ကိုယ့်တာဝန်ရှိတဲ့အပိုင်းနဲ့ ကိုယ်လုပ်လို့ရတဲ့ အရာတွေကိုပဲ အာရုံစိုက်လိုက်မယ်ဆိုရင်
GAqPနည်းအတိုင်းမွေးမြူလို့ Exportချက်ချင်းတင်လို့ရဖို့မလွယ်ပေမယ့် ကုန်ထွက်နှုန်း ၊ ရှင်သန်နှုန်း၊ ရေအရည်အသွေးပိုင်းသန့်ရှင်းမှုနဲ့ ရောဂါကာကွယ်မှုပိုင်းတွေမှာတော့ လက်တွေ့စတင်မြင်တွေ့လာရလိမ့်မယ်ဆိုတာ သေချာပါတယ်
လက်ရှိအကျိုးရှိမယ့်ကိစ္စကနေပဲစပြီးကြည့်ကြရင်တောင် ဒါဟာ ငါးexportတင်ပို့ဖို့လက်မှတ်တစ်ခုထက်ပိုတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိမြင်လာနိုင်မှာပါ

#မဟာငါးကန်သုံးဆေးဝါး

#တွံတေး #မအူပင်

ဒီနေ့မနက်မှာပဲသတ်မှတ်လူဦးရေပြည့်သွားပါပြီမနက်ဖြန်ဆုံကြမယ်နော် 😊
19/01/2026

ဒီနေ့မနက်မှာပဲသတ်မှတ်လူဦးရေပြည့်သွားပါပြီ
မနက်ဖြန်ဆုံကြမယ်နော် 😊

သင်တန်းရှိလားဆရာမ? လို့ မကြာမကြာလာမေးနေကြလို့ မအူပင်အနီးတစ်ဝိုက်က မိတ်ဆွေတွေအတွက် 20ရက်နေ့မှာ မအူပင်၊ တလုပ်လှ ငါးလုပ်ငန်းစခန်းမှာ ပြုလုပ်မယ့် သင်တန်းလေးတစ်ခုရှိပါမယ် ကျွန်မထက်အများကြီး ပိုတတ်ကျွမ်းတဲ့ စခန်းတာဝန်ခံတွေ၊ ဓာတ်ခွဲခန်းမှူး တွေ ဖြစ်ကြတဲ့ ဆရာဆရာမတွေ သင်ကြားပေးမှာပါ ကျွန်မကိုယ်တိုင်လဲ အဲ့သင်တန်းမှာရှိနေမှာမို့လို့ ဆုံချင်ပါတယ်
သင်ကြားမယ့်ဘာရပ်နဲ့ခေါင်းစဥ်တွေကတော့
1.ကောင်းမွန်သောမွေးမြူရေးကျင့်စဥ် ( GAqP)
2.ရောဂါကာကွယ်ကုသခြင်းနှင့် ထိန်းချုပ်ခြင်း
3.ရေအရည်အသွေးထိန်းသိမ်းခြင်း စတာတွေပါဝင်ပါမယ်
သင်တန်းကြေးသတ်မှတ်ပြီးဖွင့်တာမျိုးမဟုတ်လို့
သင်တန်းတက်ရောက်ဖို့လိုအပ်တဲ့အချက်တွေကိုလိုက်နာနိုင်သူမှ စာရင်းပေးကြပါနော်
1.ကိုယ်တိုင်တက်ရောက်နိုင်သူဖြစ်ရပါမယ်
2.အမှန်တကယ်စိတ်ဝင်တစားရှိသူဖြစ်ရပါမယ်
3.သင်တန်းပြီးဆုံးချိန်ထိ တက်ရောက်နိုင်သူ အချိန်ပေးနိုင်သူဖြစ်ရပါမယ်

ကျွန်မအနေနဲ့အကြံပြုရရင်တော့ ဒါမျိုးသင်တန်း သေချာတတ်ထားဖူးသူတွေ သိနားလည်ထားသူတွေထက် ခုမှလေ့လာနေဆဲ စလေ့လာနေတဲ့သူတွေ အခြေ ခံကနေ စသိချင်သူတွေ တက်သင့်တယ်လို့ထင်ပါတယ်
လူဦးရေအကန့်အသတ်ရှိလို့ တကယ်စိတ်ဝင်စားရင်18 ရက်နေ့နောက်ဆုံးထားပြီး Viberနံပတ်09268763909 ကနေ အမည်၊ ph no ၊ နေထိုင်ရာမြို့အမည် စတာတွေပို့ထားပေးနော် ကျွန်မဘက်ကနေပြန် ဆက်သွယ်ပေးပါမယ်ရှင်

#ငါးမွေးမြူရေး
#တွံတေး #မအူပင် #ညောင်တုန်း #ထန်းတစ်ပင်

Congratulations Ako John Lin Lin 👇ဒီ postလေးတင်တုန်းကဝင်ဖြေကြတဲ့ Comment တွေထဲ အကို့commentက အရင်ဆုံးနဲ့ အနီးစပ်ဆုံးဖြစ်...
15/01/2026

Congratulations Ako John Lin Lin
👇ဒီ postလေးတင်တုန်းကဝင်ဖြေကြတဲ့ Comment တွေထဲ အကို့commentက အရင်ဆုံးနဲ့ အနီးစပ်ဆုံးဖြစ်ခဲ့လို့ ပြောထားတဲ့အတိုင်း ဂျပန် EM အမှုန့် 10ဧကစာ လက်ဆောင်ပေးချင်လို့ပါ မအူပင်ဆိုင်နဲ့ တွံတေးဆိုင်နှစ်ဆိုင်ထဲကနီးစပ်ရာဆိုင်မှာထုတ်ယူနိုင်သလို ပို့ပေးရမယ်ဆိုရင်လဲ ပို့ပေးရမည့်လိပ်စာနဲ့ Ph noလေးတစ်ချက်လောက်Cbကနေ လာပေးပေးပါနော်

#မဟာငါးကန်သုံးဆေးဝါး
#မအူပင် #တွံတေး

#ဂျပန်EM

သင်တန်းရှိလားဆရာမ? လို့ မကြာမကြာလာမေးနေကြလို့ မအူပင်အနီးတစ်ဝိုက်က မိတ်ဆွေတွေအတွက် 20ရက်နေ့မှာ မအူပင်၊ တလုပ်လှ ငါးလုပ်ငန်...
13/01/2026

သင်တန်းရှိလားဆရာမ? လို့ မကြာမကြာလာမေးနေကြလို့ မအူပင်အနီးတစ်ဝိုက်က မိတ်ဆွေတွေအတွက် 20ရက်နေ့မှာ မအူပင်၊ တလုပ်လှ ငါးလုပ်ငန်းစခန်းမှာ ပြုလုပ်မယ့် သင်တန်းလေးတစ်ခုရှိပါမယ် ကျွန်မထက်အများကြီး ပိုတတ်ကျွမ်းတဲ့ စခန်းတာဝန်ခံတွေ၊ ဓာတ်ခွဲခန်းမှူး တွေ ဖြစ်ကြတဲ့ ဆရာဆရာမတွေ သင်ကြားပေးမှာပါ ကျွန်မကိုယ်တိုင်လဲ အဲ့သင်တန်းမှာရှိနေမှာမို့လို့ ဆုံချင်ပါတယ်
သင်ကြားမယ့်ဘာရပ်နဲ့ခေါင်းစဥ်တွေကတော့
1.ကောင်းမွန်သောမွေးမြူရေးကျင့်စဥ် ( GAqP)
2.ရောဂါကာကွယ်ကုသခြင်းနှင့် ထိန်းချုပ်ခြင်း
3.ရေအရည်အသွေးထိန်းသိမ်းခြင်း စတာတွေပါဝင်ပါမယ်
သင်တန်းကြေးသတ်မှတ်ပြီးဖွင့်တာမျိုးမဟုတ်လို့
သင်တန်းတက်ရောက်ဖို့လိုအပ်တဲ့အချက်တွေကိုလိုက်နာနိုင်သူမှ စာရင်းပေးကြပါနော်
1.ကိုယ်တိုင်တက်ရောက်နိုင်သူဖြစ်ရပါမယ်
2.အမှန်တကယ်စိတ်ဝင်တစားရှိသူဖြစ်ရပါမယ်
3.သင်တန်းပြီးဆုံးချိန်ထိ တက်ရောက်နိုင်သူ အချိန်ပေးနိုင်သူဖြစ်ရပါမယ်

ကျွန်မအနေနဲ့အကြံပြုရရင်တော့ ဒါမျိုးသင်တန်း သေချာတတ်ထားဖူးသူတွေ သိနားလည်ထားသူတွေထက် ခုမှလေ့လာနေဆဲ စလေ့လာနေတဲ့သူတွေ အခြေ ခံကနေ စသိချင်သူတွေ တက်သင့်တယ်လို့ထင်ပါတယ်
လူဦးရေအကန့်အသတ်ရှိလို့ တကယ်စိတ်ဝင်စားရင်18 ရက်နေ့နောက်ဆုံးထားပြီး Viberနံပတ်09268763909 ကနေ အမည်၊ ph no ၊ နေထိုင်ရာမြို့အမည် စတာတွေပို့ထားပေးနော် ကျွန်မဘက်ကနေပြန် ဆက်သွယ်ပေးပါမယ်ရှင်

#ငါးမွေးမြူရေး
#တွံတေး #မအူပင် #ညောင်တုန်း #ထန်းတစ်ပင်

13/01/2026

Videoထဲမှာမပါတာတွေကိုစာနဲ့ ဖြည့်စွက်ပေးထားလို့ စာလဲဖတ်videoလဲကြည့်ပါနော်
အကျိုးပြုဘက်တီးရီးယားတွေဟာ ရောဂါပိုးတွေကို ပိုးသတ်ဆေးလိုတိုက်ရိုက်မသတ်ပေးပေမယ့် ကန်ထဲကို အကျိုးပြုဘက်တီးရီးယားတွေကိုထည့်ပေးခြင်းအားဖြင့် ရောဂါပိုးတွေကို သေစေတဲ့ သဘာဝပိုးသတ်ဆေးလို့ခေါ်လို့ရတဲ့ အက်စစ်ဓာတ် ကို ထုတ်ပေးနိုင်ပါတယ်
နောက်တစ်ချက်က
အစာလုယူစားသောက်ခြင်းဖြစ်ပါတယ်
ကိုယ့်ကန်ထဲမှာ ကောင်းမွန်တဲ့ဘက်တီးရီးယားတွေကို မွေးမြူထားတဲ့အခါ ကျွန်မတို့ထည့်ပေးလိုက်တဲ့ EM / Probiotic တွေထဲမှာပါတဲ့ ကောင်းမွန်တဲ့ပိုးလေးတွေဟာ မွေးမြူရေးကန် အနှံ့မှာ​နေရာဦးလိုက်ပြီး အစာထဲထည့်ကြွေးတဲ့အခါမှာလဲ ငါးရဲ့ အူလမ်းကြောင်းတစ်လျောက် မှာ အလျင်အမြန်နေရာယူလိုက်နိုင်လို့ အစာအဟာရတွေကိုလုယူစားသောက် ဖြိုခွဲရင်း ကောင်းမွန်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးနိုင် ပါတယ်
ဒါကြောင့် ရောဂါပိုးတွေအတွက်အစာအဟာရတွေနဲလာသလို သူတို့နှစ်သက်တဲ့ ပတ်ဝန်းကျင်မရရှိတော့တဲ့အတွက် ရေရှည်ရှင်သန်နိုင်ဖို့ခက်လာစေ ခြင်းအားဖြင့်
ရောဂါဖြစ်ပွားမှုကိုကြိုတင်ကာကွယ်ပေးနိုင်ပါတယ်
ဂျပန်EM/ မှုန့် , Orginal EM, Probiotic အမှုန့်များမှာယူလိုပါက 09268763909 / 09787901069 ကိုဆက်သွယ်မှာယူနိုင်ပါတယ် နယ်ဝေးလဲပို့ပေးပါတယ်ရှင်

#မဟာငါးကန်သုံးဆေးဝါး
#ငါးမွေးမြူရေး
#မအူပင် #တွံတေး #မန္တလေး #ပဲခူး #ညောင်တုန်း #ထန်းတစ်ပင် #မှော်ဘီ

12/01/2026

အကျိုးပြုဘက်တီးရီးယား အကောင်ရေ သန်းရာချီပါဝင်တဲ့ Em အမှုန့်လေးတွေ ရပြီဖြစ်ကြောင်း ရပ်နီး ရပ်ဝေးက Customersများကို သတင်းကောင်းပါးလိုက်ပါတယ်ရှင် သယ်ရလွယ်ကူတယ် ၊ စျေးသက်သာတယ် ဂျပန်EM အရည်ကိုစျေးမြောက်လို့အမြဲစွဲသုံးဖို့ ဂျပန်EMမှာပဲရတဲ့ Qualityလဲဖြစ်ရမယ် စျေးလေးလဲသင့်တာမျိုး လုပ်ပေးပါဦးဆိုတဲ့ သူတွေအတွက် ဒီပစ္စည်းလေးက ကွက်တိပါပဲ Videoလေးထဲမှာ သူ့ရဲ့ကောင်းကျိုးတွေကိုပြောပြပေးထားပါတယ်
မှာယူမယ်ဆိုရင် 09268763909/ 09682823544 ကိုဆက်သွယ်မှာယူနိုင်သလို တွံတေးနဲ့ မအူပင် မယ်ဇလီလမ်းဆုံ(လှိုင်းတာရေတံခါးအနီး)က ဆိုင်မှာလဲ ဝင်ရောက်ဝယ်ယူနိုင်ပါပြီ

#မဟာငါးကန်သုံးဆေးဝါး
#ငါးမွေးမြူရေး
#ဂျပန်EMမှုန့်
#တွံတေး #မအူပင် #ပဲခူး #မန္တလေး #မှော်ဘီ #ညောင်တုန်း #ထန်းတစ်ပင်

Address

Twantay
Yangon

Website

Alerts

Be the first to know and let us send you an email when Sharing By Dr. AQUAs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share