New Era Medical Centre - NEMC

New Era Medical Centre - NEMC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from New Era Medical Centre - NEMC, Medical and health, No-265/A ,Thanthumar Street , Near University of Dental Medicine , Northerm Kyeepwaryae Ward, Yangon.

New Era Medical Center တွင် ကင်ဆာအထူးကုဆရာဝန်ကြီးများမှအောက်ပါအချိန်ဇယားအတိုင်း လူနာကြည့်ရှုပေးနေပြီဖြစ်ကြောင်း သတင်းကော...
03/09/2024

New Era Medical Center တွင်
ကင်ဆာအထူးကုဆရာဝန်ကြီးများမှအောက်ပါအချိန်ဇယားအတိုင်း လူနာကြည့်ရှုပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ကီမိုဆေးသွင်းကုသခြင်းများအတွက်လည်း
ကင်ဆာအထူးကုဆရာဝန်ကြီးများ၏ လမ်းညွှန်ချက်နှင့်အညီ အတွေ့အကြုံရှိသော တာဝန်ကျဆရာဝန်၊သူနာပြုများဖြင့် ကီမိုဆေးသွင်းဝန်ဆောင်မှုဆောင်ရွက်ပေးနေသည့် အပြင် ကီမိုထိုးဆေး/သောက်ဆေးများအားအထူးစျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ပါသည်။
ကင်ဆာဆေးမသွင်းမှီအလျှင် လိုအပ်သော သွေး၊ဆီး၊ဝမ်း စစ်ဆေးမှုများအတွက်လည်း တပါတည်း one-stop service အနေဖြင့်ဆောင်ရွက်ပေးနေပါပြီ။

ကြိုတင်ရက်ချိန်းယူလိုပါက
ဖုန်းနံပါတ် - 09777658868, 09777658858 သို့
နံနက် ၈:၀၀ နာရီ မှ ည ၈:၀၀ နာရီ အတွင်း ဆက်သွယ်၍ စုံစမ်းမေးမြန်းခြင်း နှင့် ကြိုတင်ရက်ချိန်းရယူနိုင်ပါသည်။

📍 အမှတ်-၂၆၅/က၊ မြေညီထပ်၊ သံသုမာလမ်းမကြီး၊ ကြီးပွားရေးရပ်ကွက်၊ သွားဆေးတက္ကသိုလ် အနီး
(ကျောင်းရှေ့မှတ်တိုင်နှင့် သစ်စက်မှတ်တိုင်ကြား)
သုဝဏ္ဏ/သဃ်န်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။

YBS နံပါတ် - 25, 42, 59, 63, 75, 81, 110, 118 ကားများရောက်ပါသည်။
မှတ်တိုင် - သုဝဏ္ဏ ကျောင်းရှေ့ မှတ်တိုင်

New Era Medical Center တွင် ကင်ဆာအထူးကုဆရာဝန်ကြီးများမှအောက်ပါအချိန်ဇယားအတိုင်း လူနာကြည့်ရှုပေးနေပြီဖြစ်ကြောင်း သတင်းကော...
08/05/2024

New Era Medical Center တွင်
ကင်ဆာအထူးကုဆရာဝန်ကြီးများမှအောက်ပါအချိန်ဇယားအတိုင်း လူနာကြည့်ရှုပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ကီမိုဆေးသွင်းကုသခြင်းများအတွက်လည်း
ကင်ဆာအထူးကုဆရာဝန်ကြီးများ၏ လမ်းညွှန်ချက်နှင့်အညီ အတွေ့အကြုံရှိသော တာဝန်ကျဆရာဝန်၊သူနာပြုများဖြင့် ကီမိုဆေးသွင်းဝန်ဆောင်မှုဆောင်ရွက်ပေးနေသည့် အပြင် ကီမိုထိုးဆေး/သောက်ဆေးများအားအထူးစျေးနှုန်းချိုသာစွာဖြင့် ရရှိနိုင်ပါသည်။
ကင်ဆာဆေးမသွင်းမှီအလျှင် လိုအပ်သော သွေး၊ဆီး၊ဝမ်း စစ်ဆေးမှုများအတွက်လည်း တပါတည်း one-stop service အနေဖြင့်ဆောင်ရွက်ပေးနေပါပြီ။

ကြိုတင်ရက်ချိန်းယူလိုပါက
ဖုန်းနံပါတ် - 09777658868, 09777658858 သို့
နံနက် ၈:၀၀ နာရီ မှ ည ၈:၀၀ နာရီ အတွင်း ဆက်သွယ်၍ စုံစမ်းမေးမြန်းခြင်း နှင့် ကြိုတင်ရက်ချိန်းရယူနိုင်ပါသည်။

📍 အမှတ်-၂၆၅/က၊ မြေညီထပ်၊ သံသုမာလမ်းမကြီး၊ ကြီးပွားရေးရပ်ကွက်၊ သွားဆေးတက္ကသိုလ် အနီး
(ကျောင်းရှေ့မှတ်တိုင်နှင့် သစ်စက်မှတ်တိုင်ကြား)
သုဝဏ္ဏ/သဃ်န်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။

YBS နံပါတ် - 25, 42, 59, 63, 75, 81, 110, 118 ကားများရောက်ပါသည်။
မှတ်တိုင် - သုဝဏ္ဏ ကျောင်းရှေ့ မှတ်တိုင်

New Era Medical Center တွင် ကင်ဆာအထူးကုဆရာဝန်ကြီးများမှအောက်ပါအချိန်ဇယားအတိုင်း လူနာကြည့်ရှုပေးနေပြီဖြစ်ကြောင်း သတင်းကော...
15/09/2023

New Era Medical Center တွင်
ကင်ဆာအထူးကုဆရာဝန်ကြီးများမှအောက်ပါအချိန်ဇယားအတိုင်း လူနာကြည့်ရှုပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ကီမိုဆေးသွင်းကုသခြင်းများအတွက်လည်း
ကင်ဆာအထူးကုဆရာဝန်ကြီးများ၏ လမ်းညွှန်ချက်နှင့်အညီ အတွေ့အကြုံရှိသော တာဝန်ကျဆရာဝန်၊သူနာပြုများဖြင့် ကီမိုဆေးသွင်းဝန်ဆောင်မှုဆောင်ရွက်ပေးနေသည့် အပြင် ကီမိုထိုးဆေး/သောက်ဆေးများအားအထူးစျေးနှုန်းချိုသာစွာဖြင့် ရရှိနိုင်ပါသည်။
ကင်ဆာဆေးမသွင်းမှီအလျှင် လိုအပ်သော သွေး၊ဆီး၊ဝမ်း စစ်ဆေးမှုများအတွက်လည်း တပါတည်း one-stop service အနေဖြင့်ဆောင်ရွက်ပေးနေပါပြီ။

ကြိုတင်ရက်ချိန်းယူလိုပါက
ဖုန်းနံပါတ် - 09777658868, 09777658858 သို့
နံနက် ၈:၀၀ နာရီ မှ ည ၈:၀၀ နာရီ အတွင်း ဆက်သွယ်၍ စုံစမ်းမေးမြန်းခြင်း နှင့် ကြိုတင်ရက်ချိန်းရယူနိုင်ပါသည်။

🚨တနင်္လာနေ့တိုင်း ဆေးခန်းပိတ်ပါသည်။🚨

📍 အမှတ်-၂၆၅/က၊ မြေညီထပ်၊ သံသုမာလမ်းမကြီး၊ ကြီးပွားရေးရပ်ကွက်၊ သွားဆေးတက္ကသိုလ် အနီး
(ကျောင်းရှေ့မှတ်တိုင်နှင့် သစ်စက်မှတ်တိုင်ကြား)
သုဝဏ္ဏ/သဃ်န်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။

YBS နံပါတ် - 25, 42, 59, 63, 75, 81, 110, 118 ကားများရောက်ပါသည်။
မှတ်တိုင် - သုဝဏ္ဏ ကျောင်းရှေ့ မှတ်တိုင်

New Era Medical Center တွင် ကင်ဆာ(ဓါတ်ရောင်ခြည်)အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဒေါ်အေးအေးမြင့် နှင့် ကင်ဆာအထူးကုဆရာဝန်...
05/07/2023

New Era Medical Center တွင်
ကင်ဆာ(ဓါတ်ရောင်ခြည်)အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဒေါ်အေးအေးမြင့်
နှင့်
ကင်ဆာအထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ရဲကျော် သည် အောက်ပါအချိန်ဇယားအတိုင်း လူနာကြည့်ရှုပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ကီမိုဆေးသွင်းကုသခြင်းများအတွက်လည်း
ကင်ဆာအထူးကုဆရာဝန်ကြီးများ၏ လမ်းညွှန်ချက်နှင့်အညီ အတွေ့အကြုံရှိသော တာဝန်ကျဆရာဝန်၊သူနာပြုများဖြင့် ကီမိုဆေးသွင်းဝန်ဆောင်မှုဆောင်ရွက်ပေးနေသည့် အပြင် ကီမိုထိုးဆေး/သောက်ဆေးများအားအထူးစျေးနှုန်းချိုသာစွာဖြင့် ရရှိနိုင်ပါသည်။
ကင်ဆာဆေးမသွင်းမှီအလျှင် လိုအပ်သော သွေး၊ဆီး၊ဝမ်း စစ်ဆေးမှုများအတွက်လည်း တပါတည်း one-stop service အနေဖြင့်ဆောင်ရွက်ပေးနေပါပြီ။

ကြိုတင်ရက်ချိန်းယူလိုပါက
ဖုန်းနံပါတ် - 09777658868, 09777658858 သို့
နံနက် ၈:၀၀ နာရီ မှ ည ၈:၀၀ နာရီ အတွင်း ဆက်သွယ်၍ စုံစမ်းမေးမြန်းခြင်း နှင့် ကြိုတင်ရက်ချိန်းရယူနိုင်ပါသည်။

📍 အမှတ်-၂၆၅/က၊ မြေညီထပ်၊ သံသုမာလမ်းမကြီး၊ ကြီးပွားရေးရပ်ကွက်၊ သွားဆေးတက္ကသိုလ် အနီး
(ကျောင်းရှေ့မှတ်တိုင်နှင့် သစ်စက်မှတ်တိုင်ကြား)
သုဝဏ္ဏ/သဃ်န်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။

YBS နံပါတ် - 25, 42, 59, 63, 75, 81, 110, 118 ကားများရောက်ပါသည်။
မှတ်တိုင် - သုဝဏ္ဏ ကျောင်းရှေ့ မှတ်တိုင်။

GERM CELL TUMORS(GCTs) ဆိုတာ ဘာလဲ❓"Germ cell tumor ကို cancer လို့တော့သိထားပါတယ်။ ဒါပေမဲ့  ဘာကင်ဆာလဲ ဘယ်လိုအမျိုးအစားလဲ ...
29/11/2022

GERM CELL TUMORS(GCTs) ဆိုတာ ဘာလဲ❓
"Germ cell tumor ကို cancer လို့တော့သိထားပါတယ်။ ဒါပေမဲ့ ဘာကင်ဆာလဲ ဘယ်လိုအမျိုးအစားလဲ သေချာမသိပါဘူး" ဆိုတဲ့ germ cell tumor ဝေဒနာရှင်တွေ အများအပြားရှိပါတယ်။
Germ cell tumor နဲ့ ပတ်သက်ပြီးမေးခွန်းလေးတွေလည်း အမေးများတာကြောင့် ဒီတခေါက်မှာ GERM CELL TUMORS(GCTs) အကြောင်း ဗဟုသုတ မျှဝေ ပေးချင်ပါတယ်။

Germ cell tumors(GCTs) ဆိုသည်မှာ မျိုးပွါးဆဲလ်များမှ ကြီးထွားလာသော အကျိတ်များဖြစ်ပါသည်။မျိုးပွါးဆဲလ်ဆိုသည်မှာ သုက်ပိုးများ နှင့် မမျိုးဥများအဖြစ် ပေါက်ဖွားလာမည့် ဆဲလ်များကို ဆိုလိုပါသည်။

Germ cell tumor အကျိတ်များသည်
❗️ကင်ဆာမဟုတ်သည့်ရိုးရိုးအကျိတ်များ(Non-cancerous Benign Tumor) ဖြစ်နိုင်သလို
❗️ကင်ဆာအကျိတ်များ(Cancerous Malignant Tumor)လည်းဖြစ်နိုင်ပါသည်။
နှစ်မျိုးစလုံးသည် အရွယ်အစား ကြီးနိုင်သော်လည်း ကင်ဆာအကျိတ်များကသာ မူလအကျိတ်နေရာမှ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့နိုင်ပါသည်။
ကင်ဆာအကျိတ်မဟုတ်ပါက အရွယ်အစားကြီးသော်လည်း ပျံ့နှံ့ခြင်း မရှိနိုင်ပါ။

GCTs များသည် အသက်အရွယ်မရွေးဖြစ်နိုင်သော်လည်း ကလေးငယ်များ၊ ဆယ်ကျော်သက်များနှင့် လူရွယ်များတွင် ပိုအဖြစ်များပါသည်။
သို့သော်လည်း ကလေးများတွင်ဖြစ်သော GCTsများ၏ ကုသပျောက်ကင်းနိုင်နှုန်းမှာ 82% မှ 90% အထိ ရှိပါသည်။

သန္ဓေသားလောင်းဖွံ့ဖြိုးမှုဖြစ်စဥ်တွင် မျိုးပွါးဆဲလ် များသည် မျိုးပွါးအင်္ဂါများအတွင်းသာ တည်ရှိနေကြရမည့်အစား တစ်ခါတစ်ရံတွင် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းတနေရာရာတွင် မှားယွင်းကျန်ရစ်တတ်ပါသည်။ ၄င်းနေရာမှား၍ ကျန်ရစ်နေသည့် မျိုးပွါးဆဲလ်များသည် နောက်ပိုင်းတွင် Germ cell tumors အဖြစ် ကြီးထွားလာနိုင်ပါသည်။

GCTs များသည် မျိုးပွါးဆဲလ်အများစုတည်ရှိရာ နေရာဖြစ်သော ဝှေးစေ့ သို့မဟုတ် သားဥအိမ်များတွင် ဖြစ်ပွားပါသည်။
ဝှေးစေ့ နှင့် သားဥအိမ်မှလွဲ၍ အခြားနေရာများတွင် ဖြစ်ပွားသောအကျိတ်များ (extragonadal germ cell tumors- EGGCT) ဖြစ်တည်မှုမှာ ရှားပါးသော်လည်း ဦးနှောက်၊ဝမ်းခေါင်း၊ ရင်ခေါင်း၊ နောက်ကျော နှင့် မြှီးညှောင့်ရိုး ကဲ့သို့သော ခန္ဓာကိုယ်၏ အခြားနေရာများတွင်လည်း ဖြစ်ပွားတတ်ပါသည်။
🩻Mediastinum ဟုခေါ်သော ရင်ခေါင်းပိုင်း တဝိုက်နေရာသည် အရွယ်ရောက်ပြီးသူများတွင် EGGCTsအကျိတ်များ အများဆုံး တွေ့ရသော နေရာဖြစ်သည်။

ဘယ်လိုအချက်တွေက Germ cell tumor ဖြစ်ပွားခြင်းနဲ့ ဆက်စပ်မှုရှိသလဲ❓

☑️မိသားစုရာဇဝင်တွင် GCTs အကျိတ်ဖြစ်ဖူးသည့် ရောဂါရာဇဝင်ရှိခြင်း
☑️ဝှေးစေ့ နေရာမမှန်ခြင်း (cryptorchidism) နှင့်
မျိုးရိုးဗီဇဆိုင်ရာရောဂါများဖြစ်သော
☑️Klinefelter syndrome
☑️Turner syndrome တို့ ရှိလျှင် Germ cell tumor ဖြစ်ပွါးရန် အလားအလာပိုများနိုင်ပါသည်။

GCTs၏ လက္ခဏာများသည် အကျိတ်၏အရွယ်အစားနှင့် ခန္ဓာကိုယ်တွင် အကျိတ်တည်ရှိနေသည့် နေရာပေါ်တွင်မူတည်ပါသည်။

🔘အမျိုးသမီးများတွင် သားဥအိမ်GCTအကျိတ်သည် အများအားဖြင့် ရောဂါလက္ခဏာများ မပြတတ်ပါ။ ဝမ်းဗိုက်အတွင်း ဖိအားများကို ဖန်တီးနိုင်လောက်အောင် အကျိတ်အရွယ်အစားကြီးလာသည်အထိ ရောဂါလက္ခဏာများ မပြပဲ ရှိနေနိုင်ပါသည်။ တင်ပါးဆုံတွင်းနာကျင်မှုဖြစ်လာသည့်အခါမှသာ ရောဂါရှာဖွေရန် အာထရာဆောင်းရိုက်ရင်းဖြင့် အမှတ်မထင်ရှာဖွေတွေ့ရှိလေ့ရှိပါသည်။
အခြားဖြစ်နိုင်ချေရှိသော ရောဂါလက္ခဏာများမှာ-

✔️တင်ပါးဆုံတွင်း မအီမသာဖြစ်ခြင်း သို့မဟုတ် နာကျင်ခြင်း။
✔️သားဥအိမ်နေရာတွင် နာကျင်ခြင်း။
✔️ဝမ်းဗိုက် ဖောင်းလာခြင်း။
✔️ဝမ်းဗိုက် နာကျင်ခြင်း။
✔️မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော သွေးဆင်းခြင်း။
✔️မကြာခဏပျို့ခြင်း။

🔘အမျိုးသားများတွင် ဝှေးစေ့GCTတွင်

✔️နာကျင်ခြင်း ရှိပြီးဖြစ်စေ/မရှိ၍ဖြစ်စေ ဝှေးစေ့နေရာတွင် မာခဲ၍ အရွယ်အစားပိုကြီးလာခြင်း။
✔️ကပ်ပယ်အိတ် နာကျင်ခြင်း သို့မဟုတ် လေးလံခြင်း။
✔️ဝမ်းဗိုက်နာခြင်း သို့မဟုတ် ပေါင်ခြံနာကျင်ခြင်း။
✔️ဝှေးစေ့ပုံပြောင်းလာခြင်း။
✔️ခါးနာခြင်းစသည့် ရောဂါလက္ခဏာများပြတတ်ပါသည်။

🔘ဦးနှောက်၊ဝမ်းခေါင်း၊ ရင်ခေါင်း၊ နောက်ကျော နှင့် မြှီးညှောင့်ရိုး ကဲ့သို့သော ခန္ဓာကိုယ်၏ အခြားနေရာများတွင်လည်း ဖြစ်ပွားသည့် GCTs များတွင် ရောဂါလက္ခ ဏာများသည်လည်း အကျိတ်တည်ရှိရာနေရာပေါ်မူတည်၍ လက္ခဏာများ ပြလိမ့်မည်ဖြစ်ပါသည်။
အချို့သော GCTs များသည် ပုံမှန်မဟုတ်သော လိင်ပိုင်းဆိုင်ရာလက္ခဏာများကို ဖြစ်စေနိုင်တဲ့ မျိုးပွား ဟော်မုန်းများကိုလည်း ထုတ်ပေးတတ်ပါသေးသည်။

GCT များကို ကုသရာတွင်
👁‍🗨အကျိတ်ကိုခွဲစိတ်ထုတ်ခြင်း
👁‍🗨ကီမိုဆေးသွင်းခြင်း
👁‍🗨ဓါတ်ရောင်ခြည်ပေးခြင်း နည်းလမ်းများဖြင့် ကုသကြပါတယ်။

အကျိတ်ကို လုံးလုံးဖယ်ရှားလိုက်ခြင်းသည် အချို့လူနာများတွင် ရောဂါကို ပျောက်ကင်းစေနိုင်သည်အထိ အကျိုးသက်ရောက်မှု ရှိပါသည်။ အချို့လူနာများတွင် ကင်ဆာဆေးကို သတ်မှတ် Dose အတိုင်း၊ သတ်မှတ်ချိန်အတိုင်း ပုံမှန်သွင်းသူများတွင် ၉၀% လောက်ထိ အမှန်တကယ်ပျောက်ကင်းကြောင်း နိုင်ငံတကာသုတေသနစာတမ်းများတွင် ရေးသားထားပါတယ်။ ကင်ဆာဆေးကို သတ်မှတ် Dose၊ သတ်မှတ်ချိန်အတိုင်းပုံမှန်မသွင်းသူများတွင် အကျိတ် ပြန်ဖြစ်နှုန်း များတတ်သည်ကိုလည်း တွေ့ရတတ်သည်။

GCT လူနာများရဲ့ ရောဂါကုသမှုရလဒ်ခန့်မှန်းချက်ဟာဆိုလျှင်
◾️လူနာအသက်
◾️အကျိတ်အမျိုးအစား
◾️အကျိတ်၏တည်နေရာနှင့်အရွယ်အစား
◾️ကင်ဆာပြန့်ပွားတဲ့နေရာ
◾️ကုသမှုကို အကျိတ်က ဘယ်လိုတုံ့ပြန်လဲ ဆိုတဲ့အချက်တွေအပေါ် မူတည်ပါတယ်။

Germ cell tumor များသည် အလွန် ထူးဆန်း ရှုပ်ထွေးပြီး အသက်အရွယ် ကြီးငယ်မရွေး ခန္ဓာကိုယ်နေရာ အနှံ့တွင် ဖြစ်တတ်သောကြောင့် ခန့်မှန်းရခက်သော်လည်း အသက်ငယ်သော ကလေးသူငယ်များတွင် ဖြစ်ပွါးခဲ့ပါက ကုသပျောက်ကင်းနိုင်ခြေများလေဖြစ်ပြီး ကင်ဆာဆဲလ်များသည် ခွဲစိတ်ခြင်း၊ကီမိုသွင်းခြင်း၊ ဓါတ်ရောင်ခြည်ပြခြင်း စသည့်ကုသမှုတို့ကို တုံ့ပြန်မှုကောင်းသောကြောင့် ကုသပျောက်ကင်းနိုင်သော ကင်ဆာအမျိုးအစားဖြစ်ကြောင်း ဗဟုသုတ အဖြစ် မျှဝေပေးလိုက်ပါသည်။

ပြန်လည်မျှဝေလိုသူများ Page ကို Creditပေး၍ကူးယူမျှဝေနိုင်ပါတယ်ရှင့်။

ကင်ဆာအထူးကုဆရာဝန်ကြီးဒေါက်တာအောင်ရဲကျော်၊
ကင်ဆာ(ဓါတ်ရောင်ခြည်)အထူးကုဆရာဝန်မကြီး ဒေါက်တာ ဒေါ်အေးအေးမြင့် နှင့် ပြသလိုပါက
ဖုန်း 09 777658868, 09777658858 သို့ နံနက်၈နာရီ မှ ည၈နာရီအတွင်း ကြိုတင်ရက်ချိန်းရယူနိုင်ပါသည်။



#မျိုးပွါးဆဲလ်ကင်ဆာ
#ကင်ဆာဗဟုသုတ

New Era Medical Center တွင် ကင်ဆာ(ဓါတ်ရောင်ခြည်)အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဒေါ်အေးအေးမြင့် နှင့် ကင်ဆာအထူးကုဆရာဝန်...
18/11/2022

New Era Medical Center တွင်
ကင်ဆာ(ဓါတ်ရောင်ခြည်)အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဒေါ်အေးအေးမြင့်
နှင့်
ကင်ဆာအထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ရဲကျော် သည် အောက်ပါအချိန်ဇယားအတိုင်း လူနာကြည့်ရှုပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ကီမိုဆေးသွင်းကုသခြင်းများအတွက်လည်း
ကင်ဆာအထူးကုဆရာဝန်ကြီးများ၏ လမ်းညွှန်ချက်နှင့်အညီ အတွေ့အကြုံရှိသော တာဝန်ကျဆရာဝန်၊သူနာပြုများဖြင့် ကီမိုဆေးသွင်းဝန်ဆောင်မှု နှင့် ကီမိုထိုးဆေး သောက်ဆေးများအားအထူးစျေးနှုန်းချိုသာစွာဖြင့်ဆောင်ရွက်ပေးနေပါသည်။
ကင်ဆာဆေးမသွင်းမှီအလျှင် လိုအပ်သော သွေး၊ဆီး၊ဝမ်း စစ်ဆေးမှုများအတွက်လည်း တပါတည်း one-stop service အနေဖြင့်ဆောင်ရွက်ပေးနေပါပြီ။

ကြိုတင်ရက်ချိန်းယူလိုပါက
ဖုန်းနံပါတ် - 09777658868, 09777658858 သို့
နံနက် ၈:၀၀ နာရီ မှ ည ၈:၀၀ နာရီ အတွင်း ဆက်သွယ်၍ စုံစမ်းမေးမြန်းခြင်း နှင့် ကြိုတင်ရက်ချိန်းရယူနိုင်ပါသည်။

📍 အမှတ်-၂၆၅/က၊ မြေညီထပ်၊ သံသုမာလမ်းမကြီး၊ ကြီးပွားရေးရပ်ကွက်၊ သွားဆေးတက္ကသိုလ် အနီး
(ကျောင်းရှေ့မှတ်တိုင်နှင့် သစ်စက်မှတ်တိုင်ကြား)
သုဝဏ္ဏ/သဃ်န်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။

YBS နံပါတ် - 25, 42, 59, 63, 75, 81, 110, 118 ကားများရောက်ပါသည်။
မှတ်တိုင် - သုဝဏ္ဏ ကျောင်းရှေ့ မှတ်တိုင်။

ကင်ဆာကုသအောင်နိုင်သူများအကြောင်းခွန်အားဖြစ်စာစုအနေဖြင့်ဒီတခေါက်မှာတော့ Centers for Disease Control and Prevention (CDC)ရ...
01/11/2022

ကင်ဆာကုသအောင်နိုင်သူများအကြောင်းခွန်အားဖြစ်စာစုအနေဖြင့်ဒီတခေါက်မှာတော့ Centers for Disease Control and Prevention (CDC)ရဲ့ Youtube စာမျက်နှာမှာ မျှဝေထားသော videoများထဲမှ အသက် ၇၃ နှစ်အရွယ် အဆုတ်ကင်ဆာဝေဒနာရှင် Jackie Nixonရဲ့ Radon ဓါတ်ငွေ့ကြောင့် အဆုတ်ကင်ဆာဖြစ်ခဲ့ရတယ်ဆိုတဲ့အကြောင်း သူကိုယ်တိုင်ပြောပြထားတဲ့ video လေးကို သင့်တော်သလို ဘာသာပြန်၍ ပြန်လည်မျှဝေပေးချင်ပါတယ်။

🪬
“ကိုယ့်ကျန်မာရေးနဲ့ ပတ်သက်ပြီး အချိန်တိုင်းမှာ ဂရုပြုပါ၊ ဂရုစိုက်ပါ။ ကိုယ့်ခန္ဓာကိုယ်မှာ အပြောင်းအလဲ တစ်ခုခုဖြစ်လာတာကို သတိထားမိရင် လျစ်လျူရှုမထားပါနဲ့။ တတ်ကျွမ်းနားလည်သူတွေနဲ့တိုင်ပင် စစ်ဆေးပါ။ Radon ဓာတ်ငွေ့က သင့်အဆုတ်ကို ထိခိုက်စေပါတယ်။ ဘယ်လို လက္ခဏာကိုမှ ပြသမှာလည်းမဟုတ်ပါဘူး။ ဒီတော့ ကိုယ်နေတဲ့ အိမ်မှာ Radon ဓာတ်ငွေ့ ရှိမရှိကို စစ်ဆေးကြည့်ပါ”
Jackie Nixon လို့ ခေါ်တဲ့ အသက် ၇၃ နှစ်အရွယ် အမျိုးသမီးက သူအဆုတ်ကင်ဆာ ရောဂါကို ဘယ်လိုဖြစ်လာသလဲဆိုတဲ့ အကြောင်းအရာကို ပြောပြနေတာပါ။
🪬
သူမ ဘဝမှာ တစ်ခါမှ ဆေးလိပ် မသောက်ခဲ့ဖူးဘူး။ လေ့ကျင့်ခန်းမှန်မှန်လုပ်တယ်။
အစားအသောက်ကို ပုံမှန် စားတယ်။
ကျန်းမာရေးကို ဂရုစိုက်တယ်။
တုပ်ကွေးတောင် တခါမှ မဖြစ်ဖူးခဲ့ဘူး။
အအေးပတ်တာတောင် တကြိမ်ပဲ ဖြစ်ခဲ့ဖူးတယ်။
ဒါပေမယ့် ၂၀၁၅ ခုနှစ်မှာ အသက်ရှုရတာ အဆင်မပြေဖြစ်လာလို့ စစ်ဆေးကြည့်ရင်းက အဆုတ်ကင်ဆာ ရှိနေမှန်း သိလိုက်ရတယ်။
သူမ က ဘုရားကျောင်းက သီချင်းဆိုတဲ့အဖွဲ့ထဲ ပါဝင်နေသူတစ်ယောက်ပါ။ သီချင်းဆိုနေရင်းနဲ့ သူ့အသံက သီချင်းအမြင့်ကို ဆိုရတဲ့အခါ အမြင့်သံမရောက်နိုင်တာကို သတိထားမိတယ်။
ဘာဖြစ်လို့လဲဆိုတာ့ ရင်ဘတ်ထဲမှာ လေကုန်သွားလို့ပါ။ အသက်ရှုရတာ အဆင်မပြေ၊ လေမဝသလို ဖြစ်နေရတာကို ဆေးရုံမှာ သွားပြီး စစ်ဆေးကြည့်တော့မှ အဆုတ်ကင်ဆာကြောင့်ဆိုတာကို သိခဲ့ရတာပါ။
“ခေါင်းထဲ ပထမဆုံး ဝင်လာတဲ့အတွေးက ၊ အို ဘုရားရေ … ငါသေတော့မှာပါလား”
“ ငါဘာမှ မလုပ်ပဲနဲ့ အဆုတ်ကင်ဆာ ဘယ်လိုရလာတာလဲ”
“ငါဘာတွေ လုပ်ခဲ့မိလို့လဲ" ဆိုတဲ့ အတွေးတွေပါ။
ခွဲစိတ်မှု တစ်ခု ပြုလုပ်ခဲ့ ပြီး အိမ်မှာ ၇ လလောက် အချိန်ပြည့်နေခဲ့ရတယ်။
🪬
အိမ်ကိစ္စနဲ့ပတ်သက်ပြီး အစည်းအဝေးတစ်ခု သွားတက်ပြီး အဆောက်အုံ စစ်ဆေးသူအရာရှိ နဲ့ တွေ့ဆုံခဲ့ရတဲ့ အကြောင်း သူမ ပြန်သတိရမိတယ်။
သူမ နေတဲ့ အိမ်ကို စစ်ဆေးကြည့်တဲ့အခါ စစ်ဆေးပေးတဲ့ အရာရှိကပြောပါတယ်။ သူမအိမ်မှာ Radon ပါဝင်မှုနှုန်း အရမ်းမြင့်နေပါသတဲ့။ Radon ဆိုတာကို သူမ အရင်က တစ်ခါမှ မကြားဖူးဘူး။
အစိုးရက သတ်မှတ်ထားတဲ့ Radon နှုန်းက 4 Picocuries ပါ၊ သူမ အိမ်မှာ 18 Picocuries ဖြစ်နေပါတယ်တဲ့။
🪬
Jackie Nixon ကို ကုသပေးနေတဲ့ ဆရာဝန် Dr. Maley ကလည်း Jackie Nixon ဆေးစစ်တဲ့အချိန် ၂၀၁၅ ခုနှစ်မှာမို့သာ အဆုတ်ကင်ဆာ ဖြစ်လာစေတဲ့ အကြောင်းရင်းက Radon ဓာတ်ငွေ့ကြောင့်ဆိုတာကို သိလာရတာပါ။၂၀၀၀ ခုနှစ်ဝန်းကျင်မှာ သူမအနေနဲ့ ဆေးစစ်မှု လုပ်ခဲ့ရင် Radon ဓာတ်ငွေ့တွေကြောင့် အဆုတ်ကင်ဆာ ဖြစ်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ သိနိုင်ဖို့ မကျိန်းသေပါဘူးလို့ ဆိုပါတယ်။
ဆေးပညာ တိုးတက်လာလို့သာ ဒီလိုမျိုးဖြစ်တတ်မှန်း သိလာရတာပါ။
Jackie Nixon က ဆေးဘက်ဆိုင်ရာအတွက် သူရဲကောင်းတစ်ဦးပါ။ သူမပတ်ဝန်းကျင်က လူတွေနဲ့ လူ့အဖွဲ့အစည်းအတွက် Radon ဓာတ်ငွေ့အကြောင်းကို ပညာပေးလုပ်ငန်းတွေ လုပ်နေရင်းနဲ့ စေတနာ့ဝန်ထမ်းအဖြစ် လူသားအကျိုးပြုလုပ်ငန်းကို လုပ်ဆောင်နေပါတယ်။
🪬
“ကျွန်မမှာ အဆုတ်ကင်ဆာ ဖြစ်လာစေတဲ့ အကြောင်းရင်းကို သိလာရပြီးတဲ့နောက်၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက် ကျွန်မ တစ်ခုခုတော့ လုပ်ပေးချင်တဲ့ ဆန္ဒပြင်းပြင်းပြပြ ဖြစ်လာတယ်။ ကျွန်မ လုပ်နိုင်တာကနေ စမယ်ဆိုပြီး၊ ကျွန်မ ပတ်ဝန်းကျင်က အိမ်နီးနားချင်းတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေကို ဒီ Radon ဓာတ်ငွေ့အကြောင်းနဲ့ ဒီဓာတ်ငွေ့တွေကြောင့် အဆုတ်ကင်ဆာ ဖြစ်နိုင်တယ် ၊ ဒါကို ဂရုစိုက်ကြဖို့၊ ကိုယ်နေတဲ့ အိမ်မှာ ဒီဓာတ်ငွေ့ပါဝင်မှုကို စစ်ဆေးကြည့်ဖို့ တိုက်တွန်းပြောဆိုရင်းနဲ့ ဒီလို ပညာပေးအလုပ်ကို ကိုယ့်စရိတ်ကို ခံပြီး လုပ်ဖြစ်သွားတာပါ” လို့ Jackie Nixon က သက်သေခံပါတယ်။
Jackie Nixon ဟာ ၂၀၁၅ ခုနှစ်ကတည်းက စလို့ အဆုတ်ကင်ဆာကို ကြံ့ကြံ့ခံတွန်းလှန်ရင်းနဲ့ သူမပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းအတွက် Radon ဓာတ်ငွေ့နဲ့ ပတ်သက်ပြီး ပညာပေးလုပ်ငန်းတွေကို စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေဆဲဖြစ်ပါတယ်။
🪬 https://youtu.be/bXI0sFaS4S8 🪬ဒီLinkလေးမှာ Jackie Nixon ပြောပြထားတာကို ကိုယ်တိုင်ဝင်ရောက်နားထောင်ကြည့်လို့လည်း ရပါတယ်။
🪬
ဆေးရွက်ကြီးအပါအဝင် ဆေးလိပ်သောက်သုံးမှုကြောင့် ဖြစ်လာတဲ့ အဆုတ်ကင်ဆာပြီးရင် Radon ဓာတ်ငွေ့ကြောင့် အဆုတ်ကင်ဆာ ဖြစ်မှုနှုန်းက အများဆုံးပါ။
အမေရိကန် ပြည်ထောင်စုမှာ နှစ်စဉ် Radon ဓာတ်ငွေ့ကြောင့် အဆုတ်ကင်ဆာ ရောဂါဝေဒနာ ခံစားရသူ လူပေါင်း ၂၁, ၀၀၀ ခန့် ရှိနေပါတယ်။
Jackie Nixon ကိုယ်တိုင်ကလည်း Radon ဓာတ်ငွေ့ ပမာဏများပြားတဲ့ အိမ်မှာ နှစ်ပေါင်း ၃၀ ကျော် နေထိုင်ခဲ့ပြီး အဆုတ်ကင်ဆာ ဝေဒနာကို ခံစားခဲ့ရတာပါ။
Radon ဓာတ်ငွေ့ဆိုတာက Uranium, Thorium, Radium စတဲ့ ရေဒီရိုဓာတ်သတ္တုကြွ စေတဲ့ သတ္တုတွေပါတဲ့ နေရာကနေ ထွက်လာတဲ့ ဓာတ်ငွေ့တွေ ဖြစ်ပါတယ်။
ဒီဓာတ်ငွေ့တွေက မြေကြီး၊ ကျောက်နဲ့ မြေအောက်ရေတွေထဲမှာ ပျော်ဝင်နေပြီး ၊ အဲ့ဒီ ဓာတ်ငွေ့ပျော်ဝင်နေတဲ့ လေထုကို ရှုရှိုက်မိတာ၊ အဲ့ဒီဓာတ်သတ္တု ပျော်ဝင်နေတဲ့ရေကို အသုံးပြုမိတာ ၊ အဲ့ဒီဓာတ်သတ္တုပျော်ဝင်နေတဲ့ မြေကြီးပေါ်မှာ ဆောက်ထားတဲ့ အိမ်မှာ အချိန်ကာလကြာမြင့်စွာ နေထိုင်ခြင်းတို့က တဆင့် ကင်ဆာရောဂါကို ရရှိနိုင်ပါတယ်။
🪬
အိမ်ထဲမှာ ဒီလို ဓာတ်ငွေ့တွေ ခိုအောင်းမနေနိုင်အောင် အိမ်အတွင်းမှာ လေဝင်လေထွက်ကောင်းမွန်အောင် လုပ်ဆောင်ထားခြင်းနဲ့ ကာကွယ်နိုင်ပါတယ်။
ခြင်ဆေး၊ အမွေးတိုင်တွေကို ထွန်းထားတဲ့ ပိတ်လှောင်နေတဲ့အခန်းထဲ ၊ မှိုတက်နေတဲ့ ပရိဘောဂတွေ ထားထားတဲ့အခန်းထဲ၊ လေဝင်လေထွက် မကောင်းတဲ့နေရာမျိုးမှာ အချိန်ကြာမြင့်စွာ နေထိုင်ခြင်းမျိုးကိုလည်း ဂရုပြု ရှောင်ရှားသင့်ပါတယ်။
🪬
အဆုတ်ကင်ဆာအကြောင်းပိုမိုလေ့လာချင်တယ်ဆိုရင်တော့ ဒီပို့စ်လေး https://m.facebook.com/story.php?story_fbid=136314435713238&id=109621181715897 မှာ ဖတ်ရှုလေ့လာနိုင် ပါတယ်။

ပြန်လည်မျှဝေလိုသူများ Page ကို Creditပေး၍ကူးယူမျှဝေနိုင်ပါတယ်ရှင့်။




Port-a-cath (သို့) Chemo Port အကြောင်းPort-a-cath ဆိုတာ နှလုံးသွေးပြန်ကြော Superior Vena Cava (SVC) ထဲသို့ ပါးလွှာသောပြွ...
26/10/2022

Port-a-cath (သို့) Chemo Port အကြောင်း

Port-a-cath ဆိုတာ နှလုံးသွေးပြန်ကြော Superior Vena Cava (SVC) ထဲသို့ ပါးလွှာသောပြွန်ငယ်တခု ဖြင့် တိုက်ရိုက်ချိတ်ဆက်ပေးထားပြီး သွေးကြောပါးလို့ သွေးကြောသေးငယ်လို့ အပ်ထိုးတိုင်းသွေးကြောပေါက်ပြီး တခါမကအပ်ထိုးခံရတဲ့ ပြသာနာ၊သွေးကြောရှာရခက်တဲ့ ပြသာနာ၊ မကြာခဏဆေးသွင်းလို့သွေးကြောတွေ မာပြီး အပ် ထပ်ထိုးလို့မရတဲ့ပြသာနာများကို လွယ်ကူစွာ ကျော်လွှားနိုင်ဖို့ အကူအညီပေးသော ကိရိယာလေးတခုပဲ ဖြစ်ပါတယ်။

Port-a-cath ဖြင့်
ကင်ဆာလူနာများ၊ နာတာရှည်ကျောက်ကပ်ရောဂါကြောင့် ကျောက်ကပ်ဆေးနေရသူများ၊ ပြင်းထန်သောပိုးမွှားများကြောင့် သွေးဆိပ်တက်ခြင်းကို ကုသမှုခံယူနေရသော လူနာများ၊ သွေးကြောရှာရခက်လွန်းသောလူနာများ နှင့် ကလေးလူနာများတွင်

🚩သွေးနမူနာယူခြင်း
🚩 ကီမိုဆေးများ/ပိုးသတ်ဆေးများ/အားဆေးများသွင်းခြင်း/TPN သွင်းခြင်း၊ dripချိတ်ခြင်းများ
🚩 သွေးသွင်းခြင်း နှင့် ပလာစမာသွေးရည်ကြည်သွင်းခြင်းများ
🚩သွေးကြောပြင်ပသို့ စိမ့်ထွက်ပါက ဘေးပတ်ဝန်းကျင်တစ်သျှူးများကို အန္တရာယ်ဖြစ်စေတတ် သောဆေးများသွင်းခြင်း
🚩CT/MRI/PET ရိုက်ရန် ကြားခံပစ္စည်းcontrast ထိုးခြင်းများ
🚩အချို့ကင်ဆာလူနာများတွင် ဆေးရုံတက်စရာမလိုပဲ ရက်အတော်ကြာ ဆေးဆက်တိုက် သွင်းခြင်းများတွင် လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။

📍Port-a-cath ကို အများအားဖြင့် ညာဖက်ရင်ဘတ်အပေါ်နား( ညာဘက်ညှပ်ရိုး၏ အလယ်ဗဟိုအောက် 1 လက်မ ခန့်)(အမျိုးသမီးများတွင် ဘရာစီယာကို ၀တ်ထားရင် ဘရာစီယာကြိုးနဲ့ ၁ လက်မလောက် အကွာခန့်)နေရာတွင် အရေပြားကိုခွဲစိတ်ပြီးမြှပ်နှံထားရှိပါတယ်။

💡Port-a-cath ထည့်သွင်းခြင်းသည်ဆေးရုံတက်စရာမလိုသောအသေးစားခွဲစိတ်မှုတစ်ခုဖြစ်ပါသည်။
ခွဲခန်းဝင်ရကာ ထုံဆေး(သို့) မေ့ဆေး အသုံးပြုရပြီး အချိန်အားဖြင့် ၁နာရီခန့်သာကြာမြင့်ပါသည်။
🩻ထို့နောက်X-ray ကို အသုံးပြု၍ port-a-cath ၏တည်နေရာကို အတည်ပြုစစ်ဆေးပြီး မေ့ဆေး/ထုံဆေးအရှိန်ပြယ်ပြီးသည့်နောက် တွင် လူနာသည် အိမ်ပြန်နားယူနိုင်ပါသည်။

🔍Portထည့်ထားသည့် အရေပြားမျက်နှာပြင်သည် လက်မဝက်ခန့် မြင့်တက်နေနိုင်ပြီး လက်ဖြင့်စမ်းကြည့်လျှင် ထိုကိရိယာလေးကို ခံစားသိရှိနိုင်သော်လည်း သင့်တွင် port-a-cath ထည့်ထားသည်ကို လူအများစုက မျက်စိဖြင့်ကြည့်ရုံဖြင့် မသိနိုင်ပါဘူး။

🧲Port-a-cath ကို Titanium, Plastic, Polyoxymethylene စသည် တို့ဖြင့် ပြုလုပ်ထားသောကြောင့်
ECG, X-Ray, Ultrasound, CT, MRI, PET-CT, Bone Scan များရိုက်ခြင်း၊ TV, Phone အသုံးပြုခြင်း၊ မိုးကြိုးပစ်ခြင်းများတွင် သံလိုက်စက်ကွင်း အန္တရာယ် လည်းမရှိပါဘူး။

⚙️Port-a-cath တွင် အစိတ်အပိုင်းအားဖြင့်
Port,Septum နှင့် Catheter ဟူ၍ပါဝင်ပါတယ်။
Portများသည် စက်ဝိုင်း၊ ဘဲဥပုံ သို့မဟုတ် တြိဂံကဲ့သို့ ပုံသဏ္ဌာန်ရှိပြီး Port ကိုယ်ထည် တွင် Septum (သို့) access point ဟူ၍ အလယ်ဗဟိုရှိပါသည်။
ထိုaccess pointနေရာကို ရော်ဘာဖြင့်ပြုလုပ်ထားပြီး
port needle ဆေးထိုးအပ် ထိုးရမည့် အစိတ်အပိုင်းဖြစ်ပါသည်။ Port needle အပ်ကိုဖယ်ရှားပြီးသည်နှင့် septum rubber သည်ချက်ချင်းပြန်ပိတ်သွားပါသည်။
Catheter သည် ပါးလွှာပျော့ပြောင်းသောပြွန်ငယ်တစ်ခုဖြစ်ပြီး အဆုံးတစ်ဖက်သည် Port ဖြင့်ချိတ်ဆက်ထားပြီး ကျန်တစ်ဖက်က SVCသွေးပြန်ကြောထဲသို့ ထည့်သွင်းထားရှိပါသည်။

Port-a-cath များသည် အရွယ်အစား၊ အမျိုးအစားအားဖြင့် အမျိုးမျိုးရှိပြီး အထူးကုဆရာဝန်က လူနာ၏ အသက်၊ကိုယ်အလေးချိန် နှင့် သင့်တော်သောအမျိုးအစားကိုသာ ရွေးချယ်ထည့်သွင်းခိုင်းလေ့ရှိပါသည်။

🏌🏻လူအများစုသည် port-a-cath ထည့်သွင်းထားသော်လည်း ပြည့်ဝတက်ကြွသောဘဝကို ပုံမှန်အတိုင်းထိန်းသိမ်းထားနိုင်ပါသည်။ Port-a-cath ထည့်ထားခြင်းကြောင့် နေ့စဥ်ဘဝကို မည်သို့မျှ အနှောင့်အယှက်မဖြစ်နိုင်ပါဘူး။
ခွဲစိတ်ဒဏ်ရာ ပျောက်ကင်းပြီးသည်နှင့် ရေချိုးခြင်း၊ ရေကူးခြင်း၊ Gym ဆော့ခြင်:၊ အလေးအပင်မခြင်း နှင့် အခြားမည်သည့်အရာမဆို ပုံမှန်အတိုင်းပြုလုပ်နိုင်ပါသည်။

⏳Port-a-cathသည် တခါထည့်ပြီးလျှင် နှစ်ပေါင်းများစွာ ထားရှိနိုင်ပါသည်။အများစုသည် ၂နှစ်မှ-၆နှစ်အထိ ထည့်သွင်းထားရှိကြပါတယ်။ ပုံမှန်ဆေးသွင်းကုသရမှုများမလိုအပ်တော့သည့်အခါ၊ ရောဂါပိုးဝင်သည့်အခါ၊ လူနာမှ ထည့်သွင်းမထားလိုတော့သည့်အခါများမှသာ ဖယ်ရှားရန် လိုအပ်မည်ဖြစ်ပါသည်။
နောက်တကြိမ်ထပ်မံလိုအပ်ပါကလည်း နောက်ထပ် port တစ်ခုအား ပြန်လည် ထည့်သွင်းနိုင်ပါသည်။

Port-a-cathများသည် အလွန်အကျိုးရှိသော်လည်း သတိထားရမဲ့ အချက်တချို့တော့ ရှိပါတယ်။
⚠️ရောဂါပိုးမဝင်အောင် port ထည့်ထားသောနေရာတစ်ဝိုက်ရှိ အရေပြားကိုသန့်ရှင်းစွာထားရပါမယ်။
⚠️Port-a-cath အတွင်း သွေးမခဲအောင် ၄ပတ်ခန့်(သို့) ၄၅ရက်ခန့် ၁ခါတိုင်း သွေးကျဲဆေး၊saline များ အသုံးပြုပြီး လိုင်းဆေးဖို့လိုအပ်ပါတယ်။
Port အတွင်းသွေးခဲခြင်း၊ ပိုးဝင်ခြင်း ဖြစ်ပွါးပါက မလိုလားအပ်တဲ့ ကျန်းမာရေးပြသာနာများ ကြုံရနိုင်သောကြောင့်ဖြစ်ပါတယ်။

ဤသို့ အားသာချက်၊အားနည်းချက် အသီးသီး ရှိသော Port-a-cath ကို ထည့်သွင်းဖို့ ဆရာဝန်တွေက လွယ်လင့်တကူညွှန်ကြားလေ့တော့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့
🔖Port ထည့်ရန် ကုန်ကျစရိတ်၊
🔖Port ထိုးတဲ့ needle နှင့် ဆက်စပ်ပစ္စည်းများ၊
🔖ရက်ရှည်ဆေးသွင်းရမဲ့ လူနာများတွင် ဆေးထည့်ရန်သုံးရတဲ့ Easypump အတွက်ကုန်စရိတ်၊
🔖Port ကို ကာလအတန်ကြာသေချာထိန်းသိမ်းရမည့်ကုန်ကျစရိတ်၊
🔖Portပြန်လည်ထုတ်ယူရန် ကုန်ကျစရိတ်တွေကလည်း အသီးသီး ရှိသေးတာကြောင့် Portထည့်ခြင်းဖြင့် လူနာအတွက်ရရှိခံစားရမဲ့အကျိုးကျေးဇူးတွေဟာ Portရဲ့အားနည်းချက်တွေထက် ပ်ိုမိုအလေးသာတယ်ဆိုမှသာ Portထည့်သွင်းရန် ညွှန်ကြားလေ့ရှိကြောင်း မျှဝေလိုက်ပါတယ်။

New Era Medical Center တွင် Port-a-cath ကိုင်တွယ်ရာမှာ အတွေ့အကြုံရှိပြီးကျွမ်းကျင်တဲ့ သူနာပြုများဖြင့် Portထည့်သွင်းထားသော လူနာများအား Chemo ဆေးသွင်းခြင်း၊ Line flushလုပ်ခြင်းများ ပြုလုပ်နိုင်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။

ပြန်လည်မျှဝေလိုသူများ Page ကို Credit ပေး၍ကူးယူမျှဝေနိုင်ပါသည်ရှင့်။



#ကင်ဆာဗဟုသုတ

ကင်ဆာကုသအောင်နိုင်သူများတွင် ၎င်းတို့မှာကင်ဆာရောဂါဖြစ်နေကြောင်းစတင်သိရှိပြီးသည်မှစ၍ ဤရောဂါကို ရင်ဆိုင်ကျော်ဖြတ်ခဲ့စဥ် တလ...
08/10/2022

ကင်ဆာကုသအောင်နိုင်သူများတွင် ၎င်းတို့မှာကင်ဆာရောဂါဖြစ်နေကြောင်းစတင်သိရှိပြီးသည်မှစ၍ ဤရောဂါကို ရင်ဆိုင်ကျော်ဖြတ်ခဲ့စဥ် တလျှောက် ကုသမှုခံယူခဲ့ပုံများ၊ အခြား အခက်အခဲများ စသည်ဖြင့် အတွေ့အကြုံတွေ အများကြီး ကိုယ်စီရှိကြပါတယ်။

အချို့သော ကင်ဆာကုသအောင်နိုင်သူများသည်
သူတို့ရဲ့ အတွေ့အကြုံတွေကို လက်ရှိကင်ဆာရောဂါ ခံစားနေရသူတွေ အားတက်စေရန် ရည်ရွယ်၍ရေးသားမျှဝေကြသည်များရှိပါတယ်။
ဒီတပတ်မှာတော့ ကင်ဆာရောဂါကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သူများထဲမှ သားအိမ်ကင်ဆာ (Uterine papillary serous carcinoma - UPSC) ကို ကုသအောင်မြင်ခဲ့တဲ့ Ms.Rebecca အကြောင်း အင်တာနက်စာမျက်နှာ https://cancercontrol.cancer.gov/ocs/resources/survivor-stories/rebecca တွင် ရေသားမျှဝေ ထားသည် ကို ခွန်အားဖြစ်စာစုအနေဖြင့် သင့်တော်သလို ဘာသာပြန်၍ ပြန်လည်မျှဝေပေးချင်ပါတယ်။

🔺
Rebecca ရဲ့မိသားစုရာဇဝင်အရ သူမ အဖွား နှင့် မိခင်တို့ဟာ သူတို့အသက်၄၀ ဝန်းကျင်မှာ မီးယပ်ကင်ဆာဖြစ်ပွါးခဲ့ကြပါတယ်။
ဒါကြောင့် Rebecca က သူမအသက်၃၀ဝန်းကျင်ထဲက စ၍ ဆရာဝန်ဖြင့် ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ်ခဲ့ပါတယ်။
ကံမကောင်းစွာပဲ Rebecca အသက်၄၇နှစ် အရွယ်မှာ သူမတွင် ရှားပါးသားအိမ်ကင်ဆာ (Uterine papillary serous carcinoma - UPSC) ဖြစ်ပွါးနေကြောင်းရောဂါရှာဖွေ တွေ့ရှိခဲ့ပါတယ်။

🔺
သူမမှာ ရောဂါရှိနေတယ်ဆိုတာကို စသိရတော့ အတော်တုန်လှုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ပြီးတော့ သူမရဲ့ ကင်ဆာက အတော်ဖြစ်တောင့်ဖြစ်ခဲ အမျိုးအစားထဲမှာပါနေလို့ပါ။ ဒီသတင်းကို သိသိချင်း ၁ နာရီကျော်ကြာအောင် ငိုမိပါတယ်လို့ Rebeccaက ပြောပါတယ်။ နောက်တော့ အသိပြန်ဝင်လာပြီး ၊ ဒီရောဂါအတွက် လုပ်ဆောင်ရမယ့် ကိစ္စတွေအတွက် ပြင်ဆင်ဖို့ ၊ ရဲရဲရင့်ရင့်နဲ့ ရင်ဆိုင်ပြီး သူ့ရည်မှန်းချက်တွေကို လုပ်နိုင်သလောက် လုပ်သွားဖို့အတွက် စိတ်ကို ပိုင်းဖြတ်လိုက်ပါတော့တယ်။

🔺
သူမအနေနဲ့ တခြား ကင်ဆာဝေဒနာရှင်တွေကို သိစေချင်တာကတော့ အချိန်တိုင်း ရဲရင့်နေဖို့၊ သတ္တိရှိနေဖို့ မလိုအပ်ပါဘူး။
အကြောင်းကိစ္စအကုန်လုံးကို အချိန်တိုင်း အပြုသဘောဆောင်နေဖို့၊ အကောင်းမြင်ဖို့ဆိုတာ သူမတို့လို ကင်ဆာဝေဒနာရှင်တွေအတွက် အတော်ခက်ခဲပါတယ်။
​ကင်ဆာရောဂါသည်တို့အတွက် စိတ်ဖိစီးမှုက များပါတယ်။ ဆေးမသွင်းချင်တာမျိုးကလူနာတွေအတွက် သဘာဝကျပါတယ်။

"အော်ဟစ်ငိုကြွေးလိုက်ဖို့လည်း ဝန်မလေးပါနဲ့။
လောကကြီးကို မကျေနပ်ကြောင်းလည်း ကျွန်မတို့ ပြသလို့ရပါတယ်။
ကျွန်မတို့က လူသားတွေပါ။ တခြားသူတွေလိုပဲ ကျွန်မတို့ ပြိုလဲသလို၊ တခြားသူတွေလိုပဲ ရဲရင့်ကြမယ်။ "
ဒီစကားတွေကို ပြောပြခဲ့တဲ့သူကတော့ သားအိမ်ကင်ဆာ ဝေဒနာရှင် Rebecca ပါ။

🔺
၂၅ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ သူမရဲ့အိမ်ထောင် ပြိုကွဲပြီးစအချိန်မှာ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီလိုဝေဒနာအတွက် ပြင်ဆင်ရတာ သူမအတွက် မလွယ်ကူခဲ့ပါဘူး။
သူမကို ပြုစုဖို့အတွက် သူမအမေက သူမနဲ့အတူ လာနေပေးခဲ့ပါတယ်။ ဒီရောဂါကို ကုသဖို့အတွက် သူမဘဝတစ်ခုလုံးကို ပြောင်းလဲလိုက်ရပါတယ်။
ဒီလိုပြောင်းလဲလိုက်ရတဲ့အထဲမှာ ဆေးကုသမှုခံယူနေတုန်း သူမရဲ့ အချိန်ပြည့်အလုပ်ကို ဆက်လုပ်နိုင်ဖို့အတွက် အလုပ်ရှင်နဲ့ ညှိနှိုင်းရတာပါ။
သဘောထားပြည့်ဝတဲ့ အလုပ်ရှင်ကြောင့် ရုံးတက်စရာမလိုဘဲ အိမ်မှာပဲနေရင်း အလုပ်ကို လုပ်လို့ရပေမယ့် ဆေးသွင်းရမယ့်ရက်တွေမှာ ခွင့်ယူရပါတယ်။
ဆေးခွင့်ရက်တွေကို ကျော်လွန်ပြီး ခွင့်ရက်တွေယူရတာမျိုးအတွက် အတော်စိတ်မသက်မသာဖြစ်ရပါတယ်လို့ သူမ က ဝန်ခံခဲ့ပါတယ်။

🔺
Rebecca က သူမရောဂါကိုကုသဖို့အတွက် သားအိမ်ကို ခွဲစိတ်ထုတ်ပစ်ခဲ့ရပါတယ်။ ပြီးနောက်
ပထမ ၃လမှာ ၃ ပတ်တစ်ကြိမ်တိုင်း ဆေးသွင်းရပါတယ်။
နောက် ၃ လမှာတော့ ဓာတ်ကင်ကုသတဲ့နည်းနဲ့ ကုသပြီး ၊ နောက်ထပ် ၃လကို ကီမိုဆေးသွင်းပြီး ကုသခဲ့ရပါတယ်။

ဆေးသွင်းပြီးအချိန်တိုင်းမှာ တကိုယ်လုံး နာကျင်ကိုက်ခဲတာ၊ မအီမသာဖြစ်တာ၊ ပျို့အန်ချင်တာ၊ ထိခိုက်နာကျင်လွယ်တာမျိုး ခံစားခဲ့ရပါတယ်။

ဆေးကုသရတာ သူမအတွက် အတော်ခက်ခဲပေမယ့်၊ သူမရဲ့ အမေ ၊ သားဖြစ်သူနဲ့ လုပ်ဖော်ကိုင်ဖက် ၊သူငယ်ချင်းတွေရဲ့ အားပေးမှုတွေကြောင့် ခက်ခဲပေမယ့် ဖြတ်ကျော်နိုင်ခဲ့ပါတယ်။
သူမရဲ့ သားဖွားမီးယပ်အထူးကု ဆရာဝန် နှင့် ကင်ဆာကုသရေးအဖွဲ့ ကလည်း သူမရဲ့ ကင်ဆာကုသမှုခရီးစဥ်တလျှောက်မှာ အကောင်းဆုံး ဖေးမ ကူညီမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။
Rebecca က အခုထိ ဘဝကို အရှုံးမပေးသေးပါဘူး။ ကင်ဆာကြောင့် ဘဝမှာ ထိခိုက်မှု နာကျင်မှုတွေ ရှိနေပေမယ့် ၊ ဒီထိခိုက်နာကျင်မှုတွေက သူ့စိတ်ကို မလွှမ်းမိုးအောင်တော့ သူမ ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။

🔺
၁၉၉၃ ခုနှစ်ကတည်း လုပ်လာခဲ့တဲ့ ယောဂ ကျင့်တာကိုလည်း ကြိုးစားပြီး ပုံမှန်လုပ်ပါတယ်။
သူမရဲ့ နေ့စဉ်ဘဝမှာ လုပ်နေကျအရာတွေကိုတော့ လိုက်လျောညီထွေဖြစ်အောင် အပြောင်းအလဲ သေးသေးလေးတွေ လုပ်ရင်းနဲ့ပဲ ကင်ဆာကို အနိုင်ယူနေပါတယ်။
အခုတော့ Rebecca က သူမလိုပဲ ကင်ဆာဝေဒနာကို ခံစားနေရတဲ့သူတွေနဲ့ ကင်ဆာဝေဒနာရှင်တွေကိုပြုစုပေးရတဲ့သူတွေကို အကူအညီပေးတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ Imerman Angels အဖွဲ့မှာ စေတနာ့ဝန်ထမ်းတစ်ယောက်အဖြစ်နဲ့ လုပ်ကိုင်ပေးနေပါတယ်။

အခြားသူတွေအတွက် ကောင်းကျိုးတစ်ခုခုရှိအောင် အသက်ရှင်နေတုန်း လုပ်ပေးနိုင်ဖို့က သူမရဲ့ ဘဝရည်မှန်းချက် ဖြစ်နေပါပြီ။
သူမအနေနဲ့ သူမနဲ့ဘဝတူ ကင်ဆာဝေဒနာရှင်တွေကို စိတ်ပိုင်း ၊ ရုပ်ပိုင်းဆိုင်ရာ အကူအညီပေးတဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်ဖို့၊ တွေ့ဆုံဖို့၊ ဆေးကုသမှုကို သေချာ စနစ်တကျ ခံယူဖို့အတွက် တိုက်တွန်းပါတယ်။ သူမ ကင်ဆာရောဂါဝေဒနာကို စပြီးခံစားခဲ့ရတဲ့အချိန်တုန်းကတော့ ဒီလိုအဖွဲ့တွေနဲ့ ဆက်သွယ်တာ ၊ တွေ့ဆုံတာမျိုးက အဓိပ္ပာယ်မရှိဘူးလို့ ထင်ခဲ့ပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်နဲ့ကိုက်ညီတဲ့၊ ကိုယ့်အတွက် အဆင်ပြေတဲ့ အဖွဲ့နဲ့တွေ့ဖို့အတွက် မလွယ်ကူလို့ပါ။ နောက်ဆုံးတော့ ဘဝတူတွေနဲ့ အတူဆုံရတာ ၊ သူတို့ရင်ဖွင့်တာတွေကို နားထောင်ရတာ ၊ အချင်းချင်းအပြန်အလှန် နှစ်သိမ့်အားပေးကြတာတွေက အကျိုးရှိတယ်၊ တကယ်နှစ်လိုဖွယ်ကောင်းတယ်ဆိုတဲ့အကြောင်းဖြေကြားခဲ့တာကို ဆီလျော်အောင် ဘာသာပြန်လိုက်ပါတယ်။

ပြန်လည်မျှဝေလိုသူများ Page ကို Creditပေး၍ကူးယူမျှဝေနိုင်ပါတယ်ရှင့်။




နိုင်ငံအလိုက်ကင်ဆာဖြစ်ပွါးမှု နှင့် ကိန်းဂဏန်းအချက်လက်များ“World Cancer Research Fund International” ၏ ဖော်ပြချက်အရ ၂၀၂၀...
24/09/2022

နိုင်ငံအလိုက်ကင်ဆာဖြစ်ပွါးမှု နှင့် ကိန်းဂဏန်းအချက်လက်များ

“World Cancer Research Fund International” ၏ ဖော်ပြချက်အရ ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံ 🇲🇲 တွင် ကင်ဆာရောဂါဝေဒနာခံစားရသူပေါင်း
အမျိုးသား ၃၃,၃၅၁ ဦးနှင့် အမျိုးသမီး ၃၉,၅၅၆ ဦး စုစုပေါင်း ၇၂,၉၀၇ ကျော်ရှိခဲ့ပြီး၊
မြန်မာနိုင်ငံရှိ လူပေါင်း တစ်သိန်းတွင်
လူပေါင်း ၁၃၃. ၆ ဦးခန့်တွင် ကင်ဆာရောဂါဖြစ်ပွားကြောင်း ဖော်ပြထားသည်။”

📍 အာဆီယံနိုင်ငံများတွင် ကင်ဆာရောဂါဖြစ်ပွားမှု
အများဆုံးနိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး ၊
ဖြစ်ပွားမှု အနည်းဆုံး နိုင်ငံမှာ အရှေ့တီမော နိုင်ငံဖြစ်သည်။

၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာပေါ်ရှိ လူပေါင်း ၁၈ သန်းတွင် ကင်ဆာရောဂါဖြစ်ပွါးကြောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

၂၀၂၀ ခုနှစ်၏ လူဦးရေစာရင်းအရ အယောက် ၁၀၀,၀၀၀ တွင် အယောက် ၁၉၀ခန့်၌ ကင်ဆာ ရောဂါဖြစ်ပွားသည်ဟု သတ်မှတ်ရသည်။

အမျိုးသား အယောက် ၁၀၀,၀၀၀ တွင် ၂၀၇ဦးတွင် ကင်ဆာရောဂါဖြစ်ပွားပြီး ၊
အမျိုးသမီး အယောက် ၁၀၀,၀၀၀ တွင် ၁၇၈ ဦးခန့် တွင် ကင်ဆာရောဂါဖြစ်ပွားခဲ့သည်။

လူဦးရေအချိုးအလိုက် ကင်ဆာရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံသည် ဆွီဒင်နိုင်ငံဖြစ်သည်။

ဆွီဒင်နိုင်ငံ၏ လူဦးရေ တစ်သိန်းတွင် ကင်ဆာရောဂါဝေဒနာခံစားရသူ အယောက် ၃၀၀ ခန့် ရှိနေသည်။

ဆွီဒင်နိုင်ငံ နောက်တွင် အိုင်ယာလန်၊ ဘလ်ဂျီယံ၊ ဟန်ဂေရီ၊ ပြင်သစ်၊ နယ်သာလန်၊ ဩစတေးလျ၊ နော်ဝေ နှင့် ဆလိုဗေးနီးယားနိုင်ငံတို့ အစဉ်လိုက်အတိုင်းရှိနေကြသည်။

လူဦးရေစာရင်းအရ ဟန်ဂေရီနိုင်ငံတွင် အမျိုးသား အယောက် တစ်သိန်းတွင် အမျိုးသား ၃၇၁ ဦးတွင် ကင်ဆာရောဂါဝေဒနာ ဖြစ်ပွားပြီး၊
ကမ္ဘာပေါ်တွင် နိုင်ငံအလိုက် အမျိုးသားများတွင် ကင်ဆာဖြစ်ပွားမှုနှုန်း အမြင့်ဆုံး ရှိသည့် နိုင်ငံ ဖြစ်သည်။

၎င်း၏ နောက်တွင် လဗ်ဗီးယား ၊ ပြင်သစ်၊ လစ်သူနီးယား ၊ ဆလိုဗားကီးယား ၊ အက်စတိုနီးယားနှင့် အိုင်ယာလန် နိုင်ငံတို့ အစဉ်တိုင်း ရှိနေကြသည်။

အမျိုးသမီးများတွင် ဆွီဒင်နိုင်ငံရှိ အမျိုးသမီး အယောက် တစ်သိန်းတွင် အမျိုးသမီး ၃၂၈ဦးတွင် ကင်ဆာရောဂါ ဖြစ်ပွားပြီး နိုင်ငံလူဦးရေအလိုက် အမြင့်ဆုံး နှုန်းဖြစ်သည်။
၎င်းနောက်တွင် ဘယ်ဂျီယံ ၊ အိုင်ယာလန်နှင့် နယ်သာလန် နိုင်ငံတို့ ရှိနေကြသည်။

ကင်ဆာရောဂါကြောင့်ဖြစ်သည့် သေဆုံးမှုနှုန်းအရ မွန်ဂိုလီးယားနိုင်ငံသည် အမြင့်ဆုံးဖြစ်သည်။
လူပေါင်း တစ်သိန်းတွင် ၂၂၄ ဦးသည် ကင်ဆာကြောင့် အသက်ဆုံးရှုံးရသည်။

၎င်းနောက်တွင် ဟန်ဂေရီ၊ ဆလိုဗားကီးယား၊ ဆားဗီးယား၊ မွန်တေနီဂရိုး၊ မော်လ်ဒိုဗာ၊ ဘယ်လာရု၊ ခရီအေးရှား၊ ပိုလန်၊ လစ်သူနီးယား၊ ရိုမေးနီးယား၊ အာမေးနီးယား၊ လဗ်ဗီးယား၊ တူရကီ၊ ဘော့စနီးယား ၊ အက်စတိုးနီးယား၊ ဥရုဂွေး၊ တရုတ်နှင့် ရုရှားနိုင်ငံတို့ အစဉ်တိုင်း ရှိနေပါသည်။

💡ကင်ဆာရောဂါဝေဒနာ မဖြစ်ပွားစေရန်နှင့် ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန် ထိရောက်သည့် လူထုပညာပေး လုပ်ဆောင်နိုင်ဖို့သည်နိုင်ငံများအတွက် အဓိက စိန်ခေါ်ချက် ဖြစ်နေပါသေးသည်။

💡 ကင်ဆာရောဂါဝေဒနာအား အချိန်မီသိရှိခြင်း၊ စနစ်တကျ ကုသခြင်း ၊ ဆေးဝါးများပို၍ ကောင်းမွန်လာခြင်း နှင့် ကုသနည်းများပို၍ ထိရောက်လာခြင်းကြောင့်
ကင်ဆာအား တွန်းလှန်ရင်း ကြံ့ကြံ့ခံရှင်သန်နိုင်သည့် survivor များ ပိုမိုများပြားလာလျက်ရှိနေကြောင်းကို
သတင်းကောင်းအဖြစ်ပါ မျှဝေလိုက်ရပါသည်။

💡လူ့အသိုင်းအဝိုင်းအတွင်း တိကျသည့် ရည်မှန်းချက် နှင့် ထိရောက်သည့် လုပ်ဆောင်ချက်များဖြင့်သာ ကင်ဆာရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း WCRF International မှရေးသားဖော်ပြထားသည့်အကြောင်းအရာများကို သင့်တော်သလို ဘာသာပြန်ဆိုမျှဝေအပ်ပါတယ်။
https://www.wcrf.org/cancer-trends/global-cancer-data-by-country/

ပြန်လည်မျှဝေလိုသူများ Page ကို Creditပေး၍ကူးယူမျှဝေနိုင်ပါတယ်ရှင့်။

ကင်ဆာအထူးကုဆရာဝန်ကြီးဒေါက်တာအောင်ရဲကျော်နှင့်ပြသလိုပါက
ဖုန်း 09 777658868, 09777658858 သို့ နံနက်၈နာရီ မှ ည၈နာရီအတွင်း ကြိုတင်ရက်ချိန်းရယူနိုင်ပါတယ်။



#နိုင်ငံအလိုက်ကင်ဆာဖြစ်ပွါးမှု
#ကင်ဆာဗဟုသုတ

Address

No-265/A ,Thanthumar Street , Near University Of Dental Medicine , Northerm Kyeepwaryae Ward
Yangon
11071

Telephone

+959777658868

Website

Alerts

Be the first to know and let us send you an email when New Era Medical Centre - NEMC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to New Era Medical Centre - NEMC:

Share