07/09/2026
နေ့စဉ် ရေလုံလောက်စွာ သောက်သုံးခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် မရှိမဖြစ် အရေးကြီးပါတယ်။ ရေမှန်မှန်သောက်ပေးခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးလေးတွေကို မျှဝေပေးလိုက်ပါတယ်နော် -
၁။ ဦးနှောက်နှင့် စွမ်းအင်ကို တိုးတက်စေခြင်း: ရေဓာတ်ပြည့်ဝနေခြင်းက အာရုံစူးစိုက်မှုကို ကောင်းမွန်စေပြီး မောပန်းနွမ်းနယ်မှုကို လျှော့ချပေးပါတယ်။
၂။ အစာချေစနစ်ကို အထောက်အကူပြုခြင်း: ဝမ်းမှန်စေပြီး အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများကို ကာကွယ်ပေးပါတယ်။
၃။ အသားအရေကို အစိုဓာတ်ဖြည့်ပေးခြင်း: အသားအရေ ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးပြီး စိုပြည်ဝင်းပစေပါတယ်။
၄။ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးခြင်း: ရာသီဥတု အပြောင်းအလဲမှာ ခန္ဓာကိုယ် အပူချိန်ကို မျှတအောင် ကူညီပေးပါတယ်။
(တစ်နေ့လျှင် အနည်းဆုံး ရေ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်သုံးပေးဖို့ မမေ့ကြနဲ့နော်)
ချစ်ခင်ရပါသော မိတ်ဆွေများအားလုံး ကျန်းမာရွှင်လန်းကြပါစေကြောင်း Gold Pill Pharmacy မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်💌
09880157769
09880157762
09763950816