Thukha Thuta - သုခသုတ

Thukha Thuta - သုခသုတ လူတိုင်း ကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတများ ပြည့်စုံနိုင်ရန်

သုခသုတ စာမျက်နှာမှ အများသိထားသင့်သော ကျန်းမာရေးဆိုင်ရာ သိကောင်းစရာ ဗဟုသုတများကို မျှဝေပေးလျက် ရှိပါသည်။

07/06/2026

Thukha Thuta - သုခသုတ ရဲ့ Sunday talk မှ ကြိုဆိုပါတယ်။
ဒီတပတ်‌ရဲ့မေးခွန်းလေးကတော့ "ကျန်းမာသန်စွမ်းတဲ့ ကလေးလေးတွေ မွေးအောင် ကိုယ်ဝန်မဆောင်ခင် ဘာတွေလိုက်နာရမလဲ" တဲ့။
နောက်အပတ်‌တွေရော ဘယ်လိုမေးခွန်းတွေ ‌‌ဖြေပေးရမလဲ comment ပေးသွားကြပါဦးနော်။
————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။
▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/
▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta
▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/...
"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"

04/06/2026

"ကိုယ်ဝန်ဆောင်မေမေတိုင်း မဖြစ်မနေ သိထားသင့်တဲ့ ကျန်းမာရေးဗဟုသုတများ"

မေမေတို့တစ်ယောက်ချင်းစီရဲ့ ကိုယ်ဝန်ဆောင်ကာလက မတူညီနိုင်တာမို့ ရက်ချိန်းအတိုင်း အတိအကျ ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးဖို့ မမေ့ပါနဲ့နော်။မေမေတို့ရဲ့ ကိုယ်ဝန်ဆောင်အတွေ့အကြုံနဲ့ အကြံပြုချက်တွေကိုလည်း ကောမန့်မှာ မျှဝေပေးခဲ့ပါဦး။
————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။
▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/
▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta
▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/...
"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"

#မျှဝေပေးပါ

အဝတ်အစားမှာ ရာသီသွေး အကွက်လေး တစ်ကွက် ပေသွားရုံနဲ့ ကျွန်မတို့ အမျိုးသမီးတွေက ဘာဖြစ်လို့ အရှက်ရစရာဖြစ်ရပ်တခုလိုမျိုး ခံစာ...
28/05/2026

အဝတ်အစားမှာ ရာသီသွေး အကွက်လေး တစ်ကွက် ပေသွားရုံနဲ့ ကျွန်မတို့ အမျိုးသမီးတွေက ဘာဖြစ်လို့ အရှက်ရစရာဖြစ်ရပ်တခုလိုမျိုး ခံစားနေမိရတာလဲ။

အပြင်သွားခါနီးမှ (ဒါမှမဟုတ်) အပြင်ရောက်ခါမှ အဝတ်အစားမှာ ရာသီသွေး အစွန်းအကွက်လေး တစ်ကွက် ပေသွားရုံနဲ့ ကျွန်မတို့က ပူထူပြီးအနွေးထည်တခုခုခါးမှာချည်ရင်ချည်၊မဟုတ်ရင်လည်း အိမ်လှည့်ပြန်လိုက်ရတဲ့အထိ ဖြစ်ဖူးကြမှာပါ။

ကမ္ဘာဦးကတည်းက ရှိခဲ့တဲ့ ဒီဇီဝကမ္မဖြစ်စဉ်ဟာ ဘာဖြစ်လို့ အဝတ်ပေါ်ရောက်သွားတာနဲ့ "ဘေးလူမြင်သွားရင် ရှက်စရာကြီး" ဆိုတဲ့ စိတ်ဒုက္ခ ဖြစ်လာရတာလဲဆိုတာ ပြန်ဆန်းစစ်ဖို့ လိုနေပါပြီ။တကယ်တော့ ရှက်နေရတာက ကျွန်မတို့ ခန္ဓာကိုယ်ကြောင့် မဟုတ်ပါဘူး။ရာသီသွေးပေတာကို မြင်ရင် မသန့်ရှင်းသလိုလို၊နိမ့်ကျသလိုလို၊ရယ်စရာလိုလို ကြည့်တတ်တဲ့ ပတ်ဝန်းကျင်ရဲ့ #အမြင်တွေကြောင့် ဖြစ်ပါတယ်။

ထမီ/ဘောင်းဘီနောက်မှာ အကွက်တခုရှိနေတာမြင်တာနဲ့ ကဲ့ရဲ့ချင်သလို ကြည့်တတ်တဲ့ အကြည့်တွေ၊ဓမ္မတာကို ဘုန်းနိမ့်သလို သဘောထားတဲ့ လူမှုရေးတားမြစ်ချက်တွေက မိန်းကလေးတွေကို ကိုယ့်ခန္ဓာကိုယ်ရဲ့ သဘာဝအပေါ် အမြဲတစေ ပူပန်ကြောက်လန့်နေအောင် ဖိအားပေးသလို ဖြစ်နေပါတယ်။ဒီလို အယူအဆအမှားတွေ ရှိနေသရွေ့ မိန်းကလေးတွေဟာ လစဉ်ဒီလိုရက်တွေမှာ ဘယ်နေ့များရုတ်တရက်ရာသီလာမလဲ ဆိုပြီး ရင်တမ မ ဖြစ်နေရပါတယ်။

ဒါကြောင့်မို့လို့ ဒီနှစ် ကမ္ဘာ့ဓမ္မတာသန့်ရှင်းရေးနေ့ရဲ့ "Together for a " ဆိုတဲ့ လှုပ်ရှားမှုက ဒီလိုကိစ္စတွေကို ပြောင်းလဲလိုက်ဖို့ ဖြစ်လာတာပါ။ရာသီသွေးကိစ္စကို အထူးအဆန်းမလုပ်တဲ့ ကမ္ဘာကြီးဆိုတာ တစ်ယောက်ယောက် အဝတ်အစားပေသွားရင် ကွယ်ရာမှာ အတင်းတုတ်နေမယ့်အစား "နင့်လုံချည်မှာ ပေနေလို့" ဆိုပြီး ပုံမှန်အတိုင်း သတိပေးနိုင်တဲ့၊လိုအပ်ရင် အဝတ်လဲဖို့ (ဒါမှမဟုတ်) သန့်ရှင်းရေးလုပ်ဖို့ မဆိုင်းမတွ ဝိုင်းကူညီပေးနိုင်တဲ့ ရိုးရှင်းတဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်ပါတယ်။ရာသီသွေးဟာ ရှက်စရာအရည်မဟုတ်ဘဲ ကျန်းမာခြင်းရဲ့ ပြယုဂ်သာဖြစ်တယ်ဆိုတာ လူတိုင်းက ရဲရဲဝံဝံ လက်ခံဖို့ လိုပါတယ်။

နောက်တစ်ခါ အပြင်မှာ အဝတ်အစားပေတာမျိုး ကြုံရရင် ခေါင်းငုံ့ပြီး ရှက်မနေပါနဲ့တော့။ဒါဟာ သဘာဝတရားမို့လို့ အေးအေးဆေးဆေးပဲ တုံ့ပြန်ဖြေရှင်းလိုက်ပါ။ဘေးလူတွေရဲ့ စူးစိုက်ကြည့်နေမှုကို ကိုယ်တိုင်ကနေ စတင်ပြီး ဂရုမစိုက်ဘဲ ပုံမှန်အတိုင်း ဖြတ်သန်းပြလိုက်ခြင်းကပဲ လူမှုရေးအစွဲတွေကို ရိုက်ချိုးပစ်ရာ ရောက်ပါတယ်။သူငယ်ချင်းတို့ရောအပြင်မှာ အဝတ်အစား ကွက်ပေလို့ အခက်တွေ့ဖူးတဲ့အခါ ဘယ်လိုမျိုး ယုံကြည်မှုရှိရှိနဲ့ ကျော်ဖြတ်ခဲ့လဲ၊ Comment မှာ အချင်းချင်း ခွန်အားဖြစ်အောင် မျှဝေစကားပြောခဲ့ကြရအောင်။
————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။
▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/
▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta
▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/...
"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"

မိုးတွင်းရောက်ပြီဆိုရင် ဖေဖေ၊မေမေတို့ အမြဲရတက်မအေး ဖြစ်ရပါတယ်။ကလေးတွေ မှာ နှာစေး၊ချောင်းဆိုး က ဖြစ်နေကျဆိုပေမယ့် ကိုယ့်ရ...
22/05/2026

မိုးတွင်းရောက်ပြီဆိုရင် ဖေဖေ၊မေမေတို့ အမြဲရတက်မအေး ဖြစ်ရပါတယ်။ကလေးတွေ မှာ နှာစေး၊ချောင်းဆိုး က ဖြစ်နေကျဆိုပေမယ့် ကိုယ့်ရဲ့ကလေး ဖြစ်နေတာက ရိုးရိုးတုပ်ကွေးလား(ဒါမှမဟုတ်)နမိုးနီးယား(အဆုတ်ရောင်ရောဂါ) လား ဆိုတာ စိတ်ပူရတာ သောကတခုပါပဲ။

တကယ်လည်း စိတ်ပူချင်စရာပါ။
ရာသီတုပ်ကွေးနဲ့ နမိုးနီးယား (အဆုတ်ရောင်ရောဂါ) က အစပိုင်းမှာ တူသလိုလိုနဲ့ နောက်ပိုင်းမှာ အန္တရာယ်လက္ခဏာတွေ ပေါ်လာပြီး အရေးပေါ်အခြေအနေ အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။

ဒါကြောင့်မို့ ဖေဖေ၊မေမေတို့ အနေနဲ့ ကလေးမှာ ဒီအန္တရာယ် လက္ခဏာတွေ တွေ့ရင် လုံးဝ (လုံးဝ) မပေါ့ဆပါနဲ့။

⚠️တက်ခြင်း - ကလေးက ရုတ်တရက် သတိလစ်ပြီး တက်မယ်။
⚠️ပြာနှမ်းလာခြင်း - နှုတ်ခမ်း၊လျှာ ဒါမှမဟုတ် ခြေဖျားလက်ဖျားတွေ ပြာနှမ်းလာမယ်။
⚠️မှိန်းနေခြင်း - နို့လည်းမစို့၊ အစာလည်းမစားဘဲ တောက်လျှောက်မှိန်းနေမယ်။
⚠️အန်ခြင်း - အစာပဲစားစား၊ရေပဲသောက်သောက် ပျို့ပြီးပြန်အန်ထွက်နေမယ်။
⚠️ကိုယ်ပူကြီးခြင်း - ကိုယ်ပူချိန် ၁၀၂ ဒီဂရီစင်တီဂရိတ်ကျော်ပြီး ဖျားနေမယ်။

ဒါတွေဟာ ချက်ချင်း ဆေးရုံ/ဆေးခန်းပြရမယ့် အန္တရာယ်လက္ခဏာတွေပဲ ဖြစ်ပါတယ်။

💡 အရေးကြီးသတိပေးချက် 💡

အသက်ရှူမြန်တာ၊အသက်ရှူလိုက်တိုင်း ရင်ဘတ်အောက်ချိုင့်ဝင်သွားတာ၊လည်ချောင်းထဲက အစ်ဆို့သံ ကြားရတာတွေကလည်း အဆုတ်ရောင်ခြင်းရဲ့ သိသာတဲ့ အရေးပေါ် အချက်ပြချက်တွေ ဖြစ်ပါတယ်။

အပေါ်မှာ ပြောထားတဲ့ အန္တရာယ်လက္ခဏာတွေ မရှိသေးရင်တောင် ရိုးရိုးအအေးမိကနေ နမိုးနီးယားအထိ ရက်ပိုင်းအတွင်း အခြေအနေဆိုးသွားတတ်တာမို့ ဖေဖေ၊မေမေတို့ အနေနဲ့ ကလေးလေးဖျားပြီဆိုရင် အန္တရာယ်လက္ခဏာတွေ စောင့်ကြည့်ရပါမယ်။ဆရာဝန်ပေးတဲ့ သောက်ဆေးတွေကိုလည်း ကလေးသက်သာသွားပြီဆိုပြီး ကိုယ့်သဘောနဲ့ကိုယ် ဆေးဖြတ်လိုက်တာမျိုး လုံးဝမလုပ်ရဘူးနော်။

ဒီမိုးတွင်းမှာ ရင်သွေးငယ်လေးတွေအားလုံး နမိုးနီးယားအန္တရာယ်မှ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်ကြပါစေ။ကိုယ့်ပတ်ဝန်းကျင်က မေမေတွေ သတိထားမိအောင်လည်း အချင်းချင်းမျှဝေပေးလိုက်ပါဦးနော်။
————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။

▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/
▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta
▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS

"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"

#နမိုးနီးယား #အဆုတ်ရောင်ရောဂါ #ကလေးကျန်းမာရေး #ရင်သွေးငယ်များအတွက် #ဖေဖေမေမေတို့သိစေဖို့ #အချင်းချင်းမျှဝေပေးပါ

ဖိတ်ကြားအပ်ပါသည်…“ရင်သွေးငယ်တွေရဲ့ ဘဝအစမှာ အကောင်းဆုံးသော အာဟာရတွေနဲ့ ဖွံ့ဖြိုးအစပြုနိုင်ဖို့က မိဘတိုင်း၊ အုပ်ထိန်းသူတို...
06/05/2026

ဖိတ်ကြားအပ်ပါသည်…

“ရင်သွေးငယ်တွေရဲ့ ဘဝအစမှာ အကောင်းဆုံးသော အာဟာရတွေနဲ့ ဖွံ့ဖြိုးအစပြုနိုင်ဖို့က မိဘတိုင်း၊ အုပ်ထိန်းသူတိုင်းရဲ့ အိမ်မက်တစ်ခုပါပဲ။” ✨

ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ကလေးငယ်ကို ပြုစုစောင့်ရှောက်နေသူများ၊ အမျိုးသမီးများနှင့် မိသားစုဝင်များ၊ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်ပေးသူများအားလုံးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ဦးစီးကျင်းပမည့် “ရင်သွေးတို့ရဲ့ဘဝအစ အာဟာရနဲ့ပျိုးထောင်ကြ” Webinar အစီအစဉ်သို့ နွေးထွေးစွာ ဖိတ်ကြားအပ်ပါသည်။

Webinar ကို

🗓️ (၂၀၂၆) ခုနှစ်၊ မေလ (၈) ရက်နေ့၊

🕑 နေ့လည် ၂ နာရီမှ ၃ နာရီခွဲအထိ ကျင်းပမည်ဖြစ်ပြီး မြန်မာဘာသာဖြင့် နားထောင်နိုင်ပါသည်။

⬇️ အောက်ပါ Link သို့မဟုတ် QR Code မှတဆင့် Register ပြုလုပ်၍ Webinar ID နှင့် Passcode အား ရယူနိုင်ပါသည်။

Link: https://tinyurl.com/RMNCAHWebinar4-26

အလားတူ မိခင်၊ မျိုးဆက်ပွား၊ မွေးကင်းစ၊ ကလေးနှင့် ဆယ်ကျော်သက် ကျန်းမာရေးဆိုင်ရာ Webinar များကိုလည်း (၂၀၂၆) ခုနှစ်အတွင်း ဆက်လက်ကျင်းပသွားမည် ဖြစ်ပါသည်။

#ကျန်းမာရေး #ကလေးကျန်းမာရေး #မိခင်နှင့်ကလေး #အာဟာရ

နှစ်စဉ်နှစ်တိုင်း Apr 25 ရက်နေ့ဟာ ကမ္ဘာ့ငှက်ဖျားရောဂါတိုက်ဖျက်ရေးနေ့ဖြစ်တဲ့အတွက် စာဖတ်သူတွေကို ငှက်ဖျားရောဂါအကြောင်း ပြေ...
25/04/2026

နှစ်စဉ်နှစ်တိုင်း Apr 25 ရက်နေ့ဟာ ကမ္ဘာ့ငှက်ဖျားရောဂါတိုက်ဖျက်ရေးနေ့ဖြစ်တဲ့အတွက် စာဖတ်သူတွေကို ငှက်ဖျားရောဂါအကြောင်း ပြောပြပေးချင်ပါတယ်။ငှက်ဖျားရောဂါအကြောင်းကို သေသေချာချာ ရင်းနှီးနေတဲ့သူလည်းရှိသလို သိပ်မသိသေးတဲ့သူတွေလည်း ရှိတော့ ကိုယ်သိထားတာတွေနဲ့ ဘယ်အချက်တွေ တူလဲ ဖတ်ကြည့်ကြရအောင်။

🦟 "ငှက်ဖျားဆိုတာ ဘာလဲ?

🚨ငှက်ဖျားဆိုတာ စမ်းရေသောက်လို့ဖြစ်တာလည်းမဟုတ်သလို ငှက်ပျောသီးစားလို့ ဖြစ်တာလည်း မဟုတ်ပါဘူး။ငှက်ဖျားရောဂါဟာ အနိုးဖီးလီးစ် (Anopheles)လို့ခေါ်တဲ့ ခြင်မ ကိုက်ရာကနေ တဆင့် ကူးစက်တာဖြစ်ပါတယ်။ဇွန်လကနေ အောက်တိုဘာလအထိက ပေါက်ပွါးမှု အမြင့်ဆုံးကာလပေါ့။

ရုတ်တရက် ကိုယ့်ဆီမှာ အဖျားကြီးပြီးချမ်းတုန်ဖျားတာ၊ပူလိုက် အေးလိုက်ဖြစ်တာ၊ခေါင်းကိုက်တာ၊ကိုယ်လက်ကိုက်ခဲပြီး မောပန်းတာတွေ ဖြစ်လာရင် မပေါ့ဆပါနဲ့။ဒါဟာ ငှက်ဖျားရဲ့ ရှေ့ပြေး လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

တကယ်လို့ အဲဒီအချိန်မှာ မကုဘဲထားရင်တော့ ငှက်ဖျားပိုးဟာ သွေးကနေတစ်ဆင့် ဦးနှောက်ထဲကို ရောက်သွားနိုင်ပါတယ်။ဦးနှောက်ထဲထိ ရောက်သွားရင် "ဦးနှောက်ငှက်ဖျား"ဖြစ်ပြီး တက်မယ်၊သတိလစ်မယ်၊အချိန်မီမကုသရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပြန်ပါသေးတယ်။

ဒါ့အပြင် ငှက်ဖျားရောဂါပြန်ဖြစ်တတ်တယ်ဆိုတာ လူတိုင်း သတိထားရမယ့် အချက်တခုပါပဲ။ဘယ်လိုလူတွေမှာ ဖြစ်တတ်သလဲဆိုရင် အဖျားမရှိတော့ဘူး၊ရောဂါလက္ခဏာတွေလည်း သက်သာပြီဆိုပြီး ဆေးကို ကုန်အောင်မသောက်ဘဲ ဖြတ်လိုက်တဲ့သူတွေမှာ ငှက်ဖျားပိုးဟာ အနှစ် ၂၀ ကြာတဲ့အထိ အခွင့်အရေးရတိုင်း ပြန်ပေါ်လာပြီး ရောဂါပြန်ပြန်ဖြစ်တတ်ပါတယ်။

ဒီလိုမျိုး ငှက်ဖျားရောဂါဟာ ကြောက်စရာကောင်းတဲ့ရောဂါ ဖြစ်နေပေမယ့်လည်း မြို့ပေါ်မှာဖြစ်ဖြစ်၊ဝေးလံတဲ့ တောတောင်ဒေသမှာပဲဖြစ်ဖြစ် လူတိုင်းဟာ ငှက်ဖျားအန္တရာယ်ကနေ ကာကွယ်လို့ရနေပါပြီ။

🛡️ဒါဆိုရင် ငှက်ဖျားရောဂါ ဘယ်လိုကာကွယ်ကြမလဲ?

✅မကြောက်ပါနဲ့၊ စောစောစစ်ပါ:ငှက်ဖျားဟာ အခုခေတ်မှာ ပျောက်ကင်းအောင် ကုသလို့ရတဲ့ရောဂါတခု ဖြစ်ပါတယ်။ဖျားတာနဲ့ နီးစပ်ရာ ကျန်းမာရေးဌာန၊ဆေးရုံ၊ဆေးခန်းနဲ့ စေတနာ့ဝန်ထမ်းတွေဆီမှာ အမြန်ဆုံး လာစစ်ပါ။(ဘယ်သူမဆို အခမဲ့ စစ်ဆေးခွင့်ရှိပါတယ်)။

✅ဆေးကို အမြစ်ပြတ်အောင် သောက်ပါ:ရောဂါသက်သာပြီ၊နေကောင်းသွားပြီဆိုတာနဲ့ ဆေးဖြတ်လိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။ညွှန်ကြားထားတဲ့အတိုင်း ဆေးကုန်အောင်သောက်မှသာ ငှက်ဖျားပိုးတွေ အမြစ်ပြတ်ပျောက်ကင်းပြီး နောင်တစ်ချိန် ပြန်မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

✅အယူအဆအမှားတွေကို တိုက်ဖျက်ပါ:ငှက်ဖျားဟာ ငှက်ပျောသီးစားလို့၊ စမ်းရေသောက်လို့ ဖြစ်တာ မဟုတ်ပါဘူး။ခြင်ကိုက်လို့ ဖြစ်တာပါ။ ဒါကြောင့် နေ့ဖက်ဖြစ်ဖြစ်၊ညဖက်ဖြစ်ဖြစ် အိပ်မယ်ဆိုတိုင်း ဆေးစိမ်ခြင်ထောင်ကို သုံးဖို့ လိုပါတယ်။

✅လူတိုင်း ပါဝင်ဆောင်ရွက်ပါ:ရပ်ရွာထဲမှာ ခြင်ပေါက်ပွားနိုင်တဲ့ နေရာတွေကို စုပေါင်းရှင်းလင်းပါ။အိမ်တိုင်းမှာ ခြင်ထောင်နဲ့ အိပ်တဲ့အလေ့အကျင့် လုပ်ပါ။

ကျွန်တော်တို့ သုခ၊သုခ နဲ့ အတူတူ လူထုအားလုံးရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုက ငှက်ဖျားကင်းစင်တဲ့ အနာဂတ်အတွက် အင်အားတစ်ခု ပဲ ဖြစ်ပါတယ်။

ဒါဆိုရင် စာဖတ်သူတွေသိထားတာတွေနဲ့ အခုဘယ်အချက်တွေကိုက်ညီလဲ ဆိုတာ မောင်သုတတို့ကို ပြောပြပေးခဲ့ကြပါဦး။
————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။

▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/
▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta
▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS

"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"

#ငှက်ဖျားကင်းစင်တဲ့အနာဂတ်

🤍 မိန်းမကိုယ်က အဖြူဆင်းတာ ပုံမှန်ပဲလား 🤔🙋🏻‍♀️ ညီမလေးတို့ရေ... ကိုယ့်ရဲ့အတွင်းခံမှာ အဖြူရောင် ဒါမှမဟုတ် အကြည်ရောင် အရည်လေ...
22/02/2026

🤍 မိန်းမကိုယ်က အဖြူဆင်းတာ ပုံမှန်ပဲလား 🤔

🙋🏻‍♀️ ညီမလေးတို့ရေ... ကိုယ့်ရဲ့အတွင်းခံမှာ အဖြူရောင် ဒါမှမဟုတ် အကြည်ရောင် အရည်လေးတွေ ပေနေတာမျိုး ကြုံဖူးကြမှာပါ။ ဒါကို အဖြူဆင်းတာ (vaginal discharge) လို့ ခေါ်ပါတယ်။ ဒါဟာ ရှက်စရာမဟုတ်သလို ရောဂါတစ်ခုခု ရနေတာလည်း မဟုတ်ပါဘူးနော်။

▫️တကယ်တော့ အဖြူဆင်းတယ်ဆိုတာ မိန်းကလေးတိုင်းမှာ ရှိတတ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုပါပဲ။ တစ်နည်းအားဖြင့်ပြောရရင် အဖြူဆင်းခြင်းဟာ ကျန်းမာတဲ့ ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတစ်ခုပါ။ ဒါပေမယ့် မှို၊ ဘက်တီးရီးယားပိုးတွေကြောင့် အဖြူဆင်းခြင်းကတော့ ပုံမှန်မဟုတ်ဘဲ ဆေးကုသဖို့လိုအပ်ပါတယ်။ ဒီနေ့မှာတော့ ပုံမှန်အဖြူဆင်းခြင်းက ဘာလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

✅ ဘာကြောင့် ရှိတာလဲ❔
မိန်းမကိုယ်ကို သန့်ရှင်းအောင်ထားပေးဖို့၊ စိုစွတ်နေစေဖို့နဲ့ ပိုးမွှားတွေကို တိုက်ဖျက်ဖို့ ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်ပေးတာပါ။

✅ ဘယ်လိုပုံစံမျိုးက ပုံမှန်လဲ❔
အကြည်ရောင်၊ အဖြူရောင်၊ အရည်ကျဲကျဲ ဒါမှမဟုတ် အနည်းငယ်စေးကပ်ကပ်ရှိခြင်းဟာ ပုံမှန်ပါပဲ။ အတွင်းခံမှာ ခြောက်သွားရင် အဝါရောင်သန်းသွားတတ်ပါတယ်။ အနည်းငယ်အနံ့ရှိပင်မယ့် အနံ့ဆိုးခြင်းမရှိပါဘူး။

🤍 ကဲ… ညီမလေးတို့ရေ… ဒီလို ပုံမှန်အဖြူဆင်းခြင်းကို စိတ်မပူပါနဲ့နော်။ ဒါဟာ ခန္ဓာကိုယ်က ကျန်းမာအောင် အလုပ်လုပ်နေတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ နောက်နေ့မှာတော့ ဘယ်လို အဖြူဆင်းတာမျိုးဆိုရင် သတိထားရမလဲဆိုတာ ပြောပြပေးမယ်နော်။

————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။

▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/
▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta
▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS

"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"

ကလေးငယ်တွေမှာ နမိုးနီးယားအဆုတ်ရောင်ရောဂါကို ဘယ်လိုကာကွယ်မလဲ❓👶🏻 ကလေးငယ်တွေကို နမိုးနီးယားအဆုတ်ရောင်ရောဂါကနေ ကင်းဝေးစေဖို့...
20/02/2026

ကလေးငယ်တွေမှာ နမိုးနီးယားအဆုတ်ရောင်ရောဂါကို ဘယ်လိုကာကွယ်မလဲ❓

👶🏻 ကလေးငယ်တွေကို နမိုးနီးယားအဆုတ်ရောင်ရောဂါကနေ ကင်းဝေးစေဖို့ ကာကွယ်ပေးနိုင်မယ့် ဒီအချက်လေးတွေကို အတူတူလိုက်နာကြရအောင်။ 👇

🤱🏻 မွေးကင်းစကလေးငယ်တွေကို မိခင်နို့ အစောဆုံးတိုက်ကျွေးခြင်းက ကလေးငယ်ရဲ့ ကိုယ်ခံအားကို အကောင်းဆုံး မြှင့်တင်ပေးပါတယ်။

💉 သတ်မှတ်ထားတဲ့ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်အတိုင်း ကလေးငယ်တွေအတွက် ကာကွယ်ဆေးတွေကို အကြိမ်ပြည့် ထိုးနှံပေးဖို့ မမေ့ပါနဲ့။

🧼 ဆပ်ပြာနဲ့ လက်ကို စနစ်တကျ ဆေးကြောတဲ့ အလေ့အကျင့်ကလည်း ရောဂါဖြစ်နိုင်ခြေကို အများကြီး လျှော့ချပေးပါတယ်။

💧 ကလေးငယ်အတွက် သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ အာဟာရပြည့်ဝအောင် ဂရုစိုက်ပေးပါ။

🌫️ မီးခိုးငွေ့နဲ့ လေထုညစ်ညမ်းတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။

▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/
▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta
▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS

"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"

မိခင်လောင်းတို့ ပထမဆုံးအကြိမ် ဗိုက်အပ်တဲ့အခါ ဘယ်လိုစစ်ဆေးမှုတွေ လုပ်ဖို့လိုသလဲ🤰🏻✨ ကိုယ်ဝန်ရှိပြီလို့ သိလိုက်ရတဲ့အချိန်ဟာ...
18/02/2026

မိခင်လောင်းတို့ ပထမဆုံးအကြိမ် ဗိုက်အပ်တဲ့အခါ ဘယ်လိုစစ်ဆေးမှုတွေ လုပ်ဖို့လိုသလဲ🤰🏻

✨ ကိုယ်ဝန်ရှိပြီလို့ သိလိုက်ရတဲ့အချိန်ဟာ ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်ပါပဲ။ ဒါပေမဲ့ ဒီအချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာဘေးကင်းဖို့အတွက် "စောစောဗိုက်အပ်ဖို့" နဲ့ "လိုအပ်တဲ့ကျန်းမာရေး စစ်ဆေးမှုတွေပြုလုပ်ဖို့" က အလွန် အရေးကြီးတယ်ဆိုတာကိုလည်း သတိပြုရပါမယ်။

🌏 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လမ်းညွှန်ချက်အရ ကိုယ်ဝန်ပထမ ၃ လ (၁၂ ပတ်) အတွင်းမှာ ပထမဆုံးအကြိမ် ကျန်းမာရေးဝန်ထမ်းနဲ့ပြသပြီး ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုကို စတင်ရမှာပါ။ ဒီလိုပထမဆုံးကိုယ်၀န်လာအပ်ချိန်မှာ ကျန်းမာရေးဝန်ထမ်းက အောက်ဖော်ပြပါ ကျန်းမာရေးစစ်ဆေးမှုတွေကို ဆောင်ရွက်ပေးပါတယ်။ ဘာကြောင့် ဒီလိုစစ်ဆေးရတာလဲဆိုတာ လေ့လာကြည့်ရအောင်။

1️⃣ သွေးစစ်ဆေးခြင်း (Blood Tests) 🩸
မိခင်ရဲ့ သွေးအမျိုးအစားနဲ့ Rh (Negative/Positive) ကို သိထားခြင်းဖြင့် နောက်ဆက်တွဲ သွေးသွင်းရမည့် အခြေအနေတွေကို ကြိုတင်ပြင်ဆင်နိုင်ပါတယ်။
သွေးအားနည်းရောဂါ (Anaemia) ရှိ/မရှိကို သွေးနီဥပမာဏ (Haemoglobin) ကို စစ်ဆေးကြည့်ပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါအတွက် သွေးတွင်းသကြားဓာတ်ကို စစ်ဆေးကြည့်ပါတယ်။ ကူးစက်ရောဂါတွေဖြစ်တဲ့ HIV ရောဂါပိုး၊ ဆစ်ဖလစ် (Syphilis) ပိုး ရှိ/မရှိ စစ်ဆေးကာ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းကိုလည်း ဆောင်ရွက်ပေးပါတယ်။ ဒါဟာ ကလေးဆီ ကူးစက်မှုမရှိအောင် ကြိုတင်ကာကွယ်နိုင်ဖို့အတွက်ဖြစ်ပါတယ်။

2️⃣ ဆီးစစ်ဆေးခြင်း (Urine Test) 🧪
ဆီးထဲမှာ အသားဓာတ် (Protein) ပါဝင်မှု ရှိ/ မရှိ စစ်ဆေးခြင်းဖြင့် ကိုယ်ဝန်ဆောင် သွေးတိုးရောဂါ (Preeclampsia) ဖြစ်နိုင်ခြေကို သိနိုင်ပါတယ်။

3️⃣ အထွေထွေကျန်းမာရေးစစ်ဆေးခြင်း 🩺
ကိုယ်ဝန်ဆောင်သွေးတိုး ရှိ/မရှိ စောင့်ကြည့်ဖို့အတွက် သွေးပေါင်ချိန်တိုင်းတာခြင်းကို ဆောင်ရွက်ပါတယ်။
ကိုယ်ဝန်ပတ်အလိုက် ကိုယ်အလေးချိန်တက်တာ ပုံမှန်ရှိ/မရှိ ကြည့်ဖို့အတွက် ကိုယ်အလေးချိန်တိုင်းတာခြင်းကိုလည်း ဆောင်ရွက်ပါတယ်။

👩🏻‍⚕️ကဲ.. အခုပြောပြပေးခဲ့တာတွေကတော့ ပထမအကြိမ် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုမှာ ပြုလုပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေကို ဗဟုသုတအဖြစ် မျှဝေပေးလိုက်တာပါ။

💡မေမေတို့အတွက် အကြံပြုခြင်တာကတော့ ဗိုက်အပ်တဲ့အခါ မိမိမှာရှိဖူးတဲ့ ရောဂါအခံတွေ၊ အရင်ကိုယ်ဝန်ရာဇဝင်တွေနဲ့ လက်ရှိသောက်နေတဲ့ ဆေးဝါးတွေကို ကျန်းမာရေးဝန်ထမ်းကို ပွင့်ပွင့်လင်းလင်း ပြောပြတိုင်ပင်ပါ။

📢 မိခင်ရော ကလေးပါ ကျန်းမာဘေးကင်းဖို့ "ဗိုက်စောစောအပ်ပါ၊ ရက်ချိန်းမှန်မှန်ပြပါ" လို့ သုခသုတမှ တိုက်တွန်းလိုက်ရပါတယ်။

————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။

▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/
▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta
▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS

"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"

😷 ကလေးငယ်တွေမှာ အဖြစ်များတဲ့ နမိုးနီးယားအဆုတ်ရောင်ရောဂါအကြောင်း သိထားသင့်တဲ့ အချက်လေးတွေ…🦠 နမိုးနီးယားဟာ နည်းလမ်းအမျိုးမ...
17/02/2026

😷 ကလေးငယ်တွေမှာ အဖြစ်များတဲ့ နမိုးနီးယားအဆုတ်ရောင်ရောဂါအကြောင်း သိထားသင့်တဲ့ အချက်လေးတွေ…

🦠 နမိုးနီးယားဟာ နည်းလမ်းအမျိုးမျိုးနဲ့ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေရဲ့ နှာခေါင်း ဒါမှမဟုတ် လည်ချောင်းထဲမှာရှိနေတဲ့ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေ အဆုတ်ထဲ ရောက်သွားတဲ့အခါ ရောဂါဖြစ်နိုင်ပါတယ်။ ဒါ့အပြင် နှာချေချောင်းဆိုးရာကနေတစ်ဆင့် ထွက်လာတဲ့ အမှုန်အမွှားလေးတွေကလည်း လေထဲကတစ်ဆင့် ကူးစက်တတ်ပါတယ်။ 💦

📌 ဗိုင်းရပ်စ် (Virus) ကြောင့်ဖြစ်တဲ့ နမိုးနီးယားအဆုတ်ရောင်ခြင်းက ရောဂါလက္ခဏာတွေ တဖြည်းဖြည်းချင်း ပြတတ်ပြီး အခြေအနေ သိပ်မပြင်းထန်တတ်ပါဘူး။
📌 ဘက်တီးရီးယား (Bacteria) ကြောင့်ဖြစ်တဲ့ နမိုးနီးယားအဆုတ်ရောင်ခြင်းကတော့ ပိုသတိထားရပါတယ်။ ရောဂါလက္ခဏာက ရုတ်တရက် ပြင်းပြင်းထန်ထန် ဖြစ်တတ်ပြီး ဖျားတာ၊ ချောင်းဆိုးတာနဲ့ အသက်ရှူမြန်တာမျိုးတွေ ချက်ချင်း ဖြစ်လာနိုင်ပါတယ်။

⚠️ ကလေးငယ်တွေမှာ ရုတ်တရက် ကိုယ်ပူကြီးပြီး အသက်ရှူတာ မြန်လာပြီဆိုရင်တော့ နီးစပ်ရာ ဆေးခန်း/ဆေးရုံမှာ အမြန်ဆုံး ပြသဖို့ လိုအပ်ပါတယ်နော်။

————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။

▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/
▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta
▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS

"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"

Address

Yangon
11081

Website

Alerts

Be the first to know and let us send you an email when Thukha Thuta - သုခသုတ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share