Shwe Zi War Clinic

Shwe Zi War Clinic အထွေထွေရောဂါကုဆေးခန်း

21/03/2025

⚠️ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုထိရောက်မှုရှိပါတယ် ⚠️

💉ခုဆို ရာသီအကူးအပြောင်းကာလကို ရောက်လာပြီဖြစ်တဲ့အတွက် ရာသီတုပ်ကွေးရောဂါ ကူးစက်ခြင်းမှကာကွယ်နိုင်ရန် တုပ်ကွေးကာကွယ်ဆေး ကြိုတင်ထိုးထားသင့်ပါတယ်နော် 💉

💉ရာသီတုပ်ကွေးကာကွယ်ဆေး ကြိုထိုးထားပါက တုပ်ကွေးရောဂါဖြစ်ပွားမှုကို ထိရောက်စွာ
ကာကွယ်ပေးနိုင်တဲ့အပြင် ရောဂါဖြစ်ပွါးလာရင်လည်းရောဂါပြင်းထန်မှုကို အတော်အသင့် ကာကွယ်ပေးနိုင်ပါတယ်

🔺ဘယ်သူတွေ ထိုးလို့ရလဲ??
- အသက် ၆ လမှ စတင်ပီး ထိုးပေးလို့ရပါပီ

🔺ဘယ်သူတွေ ကာကွယ်ဆေးထိုးသင့်လဲ??
-အသက် ၆ လအထက် အကုန်ထိုးသင့်ပါတယ်

❗️အထိုးသင့်ဆုံးသူတွေကတော့

▫️အသက် ၆ လ မှ ၅ နှစ်ထိ ကလေးတွေ
▫️အသက် ၆၅ နှစ် အထက် လူကြီးတွေ
▫️နာတာရှည်ရောဂါရှိသူ လူကြီးတွေ၊ ရောဂါအခံရှိသော ကလေးတွေ
▫️ကိုယ်ဝန်ဆောင်များလည်း ကာကွယ်ဆေးထိုးထားသင့်ပါတယ်။ ထိုသို့ ထိုးထားခြင်းအားဖြင့် ကိုယ်ဝန်ဆောင်နေစဉ်အပြင် မွေးကာစ-၆လ အောက် ကလေး တွေပါ ပြင်းထန်သောတုပ်ကွေး ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

🔺ဘယ်နှစ်ကြိမ်ထိုးရမလဲ??

- အသက် ၆လမှ ၉နှစ် အောက်ကလေး၊ ယခင်က တုပ်ကွေးကာကွယ်ဆေးတစ်ကြိမ်မှ မထိုးရသေးသောကလေးငယ်များ တစ်လခြားပြီး (၂) ကြိမ်ထိုးရန်

-အသက် ၉ နှစ်အထက်- (၁) ကြိမ်သာ ထိုးရန်လိုပါသည်။
(ယခင်နှစ်က တုပ်ကွေးကာကွယ်ဆေး တကြိမ်ပဲ ထိုးပီး တာဖြစ်ဖြစ် ၊ ၂ ကြိမ်ထိုးပီးတာပဲ ဖြစ်ဖြစ် ယခုနှစ်ထိုးရာမှာ ၁ ကြိမ်ထိုးဖို့ပဲ လိုပါတော့တယ်)

❗️❗️သတိထားဖို့အချက်က ထိုးပီးပီးချင်း ကာကွယ်တဲ့ effect မရပါဘူး ။
၁၀ ရက်ကနေ ၂ ပါတ် ကာကွယ်နိုင်အား ထွက်ဖို့ လိုပါတယ် ။ စောစောထိုးလေ ကာကွယ်နိုင်လေပါပဲ။

ကဲ…ဒါဆို ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီး ထိရောက်မှု ရှိတာဖြစ်လို့ Influvac tetra ကာကွယ်ဆေး ကြိုတင် ထိုးထားလိုက်ရအောင်နော် 💉💉

ကာကွယ်ဆေးထိုးရန် ကြိုတင်စာရင်းပေးနိုင်ပါပီ😊

ေရွှဇီ ဝါ အထွေထွေရောဂါကုဆေးခန်း
📞-09 431 34 206

08/05/2023

မူယာက ရာသီဥတုအကူးအပြောင်းမှာ အမြဲဖျားနေကျ။ အထူးသဖြင့် မိုးတွင်း တုပ်ကွေးရာသီဆိုရင် မဖျားတဲ့နှစ်မရှိ။ ဒီနှစ်တော့ မဖျားအောင် ရာသီတုပ်ကွေးကာကွယ်ဆေးဆိုတာထိုးဖို့ စဉ်းစားနေတယ်။ ဒီဆေးထိုးရင် မူယာမဖျားတော့ဘူးလား?

တုပ်ကွေးဖြစ်တာက ခံရခက်ပါတယ်။ ဖျားတဲ့အပြင်၊ နှာစေး၊ ချောင်းဆိုးပြီး ကိုယ်တွေလက်တွေကိုက်တော့ အလုပ်ပျက် အကိုင်ပျက်နဲ့ လူလဲနေရအတော်ခက်ပါတယ်။ ဒါ့ထက်ဆိုးတာက မူယာဖျားလာရင် မူယာတို့ တစ်အိမ်လုံးက ဖျားကြတာပါပဲ။ မူယာ့အမေ ဒေါ်သီတာဆိုရင် အသက်ကြီးတော့ အဖျားပိုဆိုးတတ်ပါတယ်။

ရာသီတုပ်ကွေးကာကွယ်ဆေးကို Flu shot လို့လဲခေါ်ကြပါတယ်။ လက်မောင်းကြွက်သားထဲဝင်အောင် ဆေးထိုးအပ်နဲ့ထိုးရပါတယ်။ တချို့နိုင်ငံတွေမှာတော့နှာခေါင်းထဲဖြန်းရတဲ့ အမျိုးအစားလဲရှိပါတယ်။

ရာသီတုပ်ကွေးကာကွယ်ဆေးတွေက ရာသီဥတုအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ တုပ်ကွေးဗိုင်းရပ်စ်ပိုးကို ကာကွယ်ပေးပါတယ်။ တစ်နှစ်နဲ့ တစ်နှစ် ဖြစ်တတ်တဲ့ ရာသီတုပ်ကွေးပိုး အမျိုးအစားတွေ မတူတာကြောင့် တစ်နှစ်ကို တစ်မျိုး အသစ်ထွက်ပါတယ်။ အခုဆိုရင် ဒီနှစ်အတွက်လဲ ရာသီတုပ်ကွေး ကာကွယ်ဆေးတွေ ရနေပြီဖြစ်ပါတယ်။

#ရာသီတုပ်ကွေးကာကွယ်ဆေးထိုးထားရင်မဖျားအောင်ကာကွယ်ပေးနိုင်လား?

ရာသီတုပ်ကွေးကာကွယ်ဆေးဖြစ်တာကြောင့် ရာသီတုပ်ကွေးကြောင့်ဖြစ်တဲ့ အဖျားမျိုး နဲ့ သူ့ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲရောဂါတွေကို အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်ပါတယ်။ အကယ်၍ ဖျားခဲ့ရင်တောင် ရောဂါပြင်းထန်မှုကို နည်းစေပါတယ်။ ဒါပေမဲ့ တခြား ရောဂါပိုးတွေကြောင့်ဖြစ်တဲ့ အဖျားကိုတော့ မကာကွယ်ပေးနိုင်ပါ။ သုတေသနတွေအရ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးထားတဲ့ သူတွေမှာ ကိုဗစ်ရောဂါဖြစ်လာရင် သိပ်မပြင်းထန်တာကိုတွေ့ရပါတယ်။

#ရာသီတုပ်ကွေးကာကွယ်ဆေးကိုဘယ်အချိန်ထိုးထားရမလဲ?

ရာသီတုပ်ကွေးကာကွယ်ဆေးထိုးပြီးရင် ခန္ဓာကိုယ်ကနေ ရောဂါကာကွယ်တဲ့လက်နက်တွေထွက်လာဖို့ အချိန် ၂ ပတ်ကြာပါတယ်။ တစ်နည်းအားဖြင့် ဆေးစွမ်းပြဖို့အတွက် ၂ ပတ်လောက်အချိန်ယူပါတယ်။ ဒါကြောင့် တုပ်ကွေးရာသီမှထိုးတာထက် တုပ်ကွေးရာသီမတိုင်ခင် မိုးမကျမီ ၂ ပတ်လောက်စောစောထိုးထားသင့်ပါတယ်။ ကောင်းတာကတော့ ခု ဧပြီနဲ့ မေလ ဆန်းလောက်ထိုးထားတာက အချိန်ကောင်းဖြစ်ပါတယ်။

#ရာသီတုပ်ကွေးကာကွယ်ဆေးကိုဘယ်သူတွေထိုးသင့်သလဲ?

အသက် ၆ လ နဲ့အထက် ဘယ်သူမဆိုထိုးထားသင့်ပါတယ်။ ဒါပေမယ့် ဒီအောက်က အခြေအနေတစ်ခုခုရှိနေရင်တော့ တုပ်ကွေးကာကွယ်ဆေးကို မထိုးမဖြစ်ထိုးထားသင့်ပါတယ်။

အသက် ၆၅ နှစ်နဲ့အထက်လူကြီးများ
ကိုယ်ဝန်ဆောင်များ
၆လကနေ ၅ နှစ်အရွယ် ကလေးများ
HIV/AIDS ရှိသူများ
ဆီးချိုရှိသူ
ပန်းနာရင်ကြပ် နှင့် အဆုတ်ရောဂါရှိသူ
နှလုံးရောဂါရှိသူ
လေဖြတ်နေသူ
ကင်ဆာရောဂါရှိသူ
နာတာရှည်ကျောက်ကပ်ရောဂါရှိသူ
မသန်စွမ်းသူများ
အာရုံကြောရောဂါရှိသူများ
သွေးရောဂါတစ်မျိုးမျိုးရှိသူများ

#ရာသီတုပ်ကွေးကာကွယ်ဆေးထိုးပြီးဘာဖြစ်တတ်လဲ?

များသောအားဖြင့်တော့ဘာမှ သိပ်မဖြစ်တတ်ပါ။ ဒါပေမဲ့ တချို့သူတွေမှာ ဆေးထိုးပြီး ၂၄ နာရီအတွင်း ဖျားတာ၊ ချမ်းတုန်တာ၊ ဆေးထိုးထားတဲ့နေရာမှာ နီနေတာ၊ ရောင်နေတာ၊ နာနေတာ တွေ ခံစားရနိုင်ပါတယ်။ ဒါတွေက တစ်ရက် နှစ်ရက်လောက်နေရင် သက်သာသွားတတ်ပါတယ်။

#ရာသီတုပ်ကွေးကာကွယ်ဆေးကိုဘယ်သူတွေမထိုးသင့်ဘူးလဲ?

ရာသီတုပ်ကွေးကာကွယ်ဆေးနဲ့မတည့်သူများ
ကြက်ဥနဲ့ ဓာတ်မတည့်သူများ
ပြဒါးနဲ့ ဓာတ်မတည့်သူများ
ဖျားနေသူများ
Guillain-Barre ရောဂါရှိသူများ

အချုပ်ပြောရရင်တော့ ရာသီတုပ်ကွေးကာကွယ်ဆေးက နှစ်တိုင်း ထိုးထားသင့်တဲ့ဆေးတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် အပေါ်မှာပြောခဲ့တဲ့ အခြေအနေတစ်ခုခုရှိနေတဲ့သူတွေမှာ တုပ်ကွေးဖြစ်ရင် နောက်ဆက်တွဲတွေဆိုးတဲ့အတွက် ပိုပြီးထိုးထားသင့်ပါတယ်။ ကိုယ့်အလုပ်က လူအများနဲ့ ဆက်ဆံပြောဆိုနေရတဲ့သူ (ဥပမာ - ကျောင်း၊ ရုံး၊ ဈေးတွေမှာ လုပ်တဲ့သူ) တွေဆိုရင် တုပ်ကွေးဖြစ်နိုင်‌ခြေများလို့ ထိုးထားသင့်ပါတယ်။ ဆေးထိုးတော့မယ်ဆိုရင် နီးစပ်ရာ ဆရာဝန်နဲ့သေချာတိုင်ပင်သင့်ပါတယ်။

#ကိုယ့်ကိုယ်ကိုချစ်ပါ။
#ဂရုစိုက်ပါ။
#ကျန်းမာအောင်နေပါ။
#သင်ကျန်းမာဖို့သင့်မှာတာဝန်ရှိပါတယ်။

ဒေါက်တာအေရွန်

#မူယာတို့အိမ် ၂၁ #ရာသီတုပ်ကွေး #ကာကွယ်ဆေး

Ref: Healthline, CDC

08/05/2023

#ရာသီတုပ်ကွေးကာကွယ်ဆေးနဲ့ကိုဗစ်ကာကွယ်ဆေးတစ်ရက်ထဲမှာအတူထိုးလို့ရလား?

💉 ရာသီတုပ်ကွေးကာကွယ်ဆေး နဲ့ ကိုဗစ်ကာကွယ်ဆေးကို တစ်ရက်ထဲမှာ အတူထိုးလို့ရပါတယ်။

💉 ဘယ်လက်မောင်း တစ်လုံး၊ ညာလက်မောင်းတစ်လုံး ထိုးလို့ရသလို

💉 လက်မောင်းတစ်ဖက်ပဲ အနာခံပြီး နှစ်မျိုးလုံးကို တစ်ဖက်ထဲထိုးလို့လဲ ရပါတယ်။

💉 ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကိုယ်လက်ကိုက်တာ လက်မောင်းနာတာလောက်တော့ ရှိတတ်ပါတယ်။

💉 ကာကွယ်ဆေးတွေက ရောဂါကို အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်ပါတယ်။

💉 အကယ်၍ ရောဂါဖြစ်ခဲ့ရင်တောင် ရောဂါရဲ့ ပြင်းထန်မှုကို လျော့နည်းစေပါတယ်။

#ကိုယ့်ကိုယ်ကိုချစ်ပါ
#ဂရုစိုက်ပါ
#ကျန်းမာအောင်နေပါ
#သင်ကျန်းမာဖို့သင့်မှာတာဝန်ရှိပါတယ်

ဒေါက်တာအေရွန်

#ကျန်းမာရေး #ရာသီတုပ်ကွေး #ကိုဗစ် #ကာကွယ်ဆေး

Ref: CDC

08/05/2023

ဖျားနေတဲ့အချိန် ရေချိုးလို့ရလားဆရာ?
…………………………………………………….

“ဖျားနေရင် လေတိုက်မခံနဲ့”
“ဖျားနေရင် ရေမချိုးနဲ့၊ ခေါင်းမလျှော်နဲ့၊ အအေးမိမယ်”
ဆိုတာမျိုးတွေ ကြားဖူးကြမှာပါ။

#အမှန်တကယ်ကဖျားနေရင်ရေချိုးလို့ရပါတယ်။

ရေချိုးတာက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ကျစေတဲ့အပြင် လူကို လန်းဆန်းသွားစေပါတယ်။

အထူးသဖြင့် ခုလို နွေရာသီမှာ ဖျားကြတဲ့အခါ ရေမချိုးရင် ကိုယ်ပူ ပိုကြီးတတ်ပါတယ်။

❌ ရေလဲမချိုးဘူး၊

❌ လေတိုက်မှာစိုးလို့ တံခါးတွေပိတ်ထားတယ်၊

❌ ချွေးထွက်အောင် ရေနွေးတွေသောက်တယ်၊

❌ အင်္ကျီ ထူထူတွေ ဝတ်ထားတယ်

❗️အထက်ပါ အပြုအမူတွေက တကယ်တော့ အရမ်းကို အန္တရာယ်များပါတယ်။

ကိုယ်ပူချိန်တအားကြီးလာရင် ခုလိုနွေရာသီမှာ Heat Exhaustion နဲ့ Heat stroke လို့ခေါ်တဲ့ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်တာ၊ အပူကြောင့် သတိလစ်တာတွေ ဖြစ်ခဲ့ရင် အသက်အန္တရာယ် စိုးရိမ်ရပါတယ်။

ချွေးထွက်လွန်ရင် ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးပြီး ခေါင်းမူးတာ၊ နုံးတာ၊ ကြွက်တတ်တာ၊ အားမရှိတာမျိုးတွေ ဖြစ်တတ်ပါတယ်။

👉 ဒါကြောင့် #ဘာကြောင့်ပဲဖျားဖျား

✅ ရေချိုး ခေါင်းလျှော်လို့ရပါတယ်။ မပူလွန်း မအေးလွန်းတဲ့ ရေ ဆို အဆင်ပြေပါတယ်။

✅ ရေပတ်တိုက်လို့ရပါတယ်။

✅ ရေခဲဝတ်၊ ရေအေးဝတ် ကပ်မယ်ဆိုရင် သွေးကြောအကြီးတွေရှိတဲ့ ချိုင်း၊ ပေါင်ခြံ မှာ ကပ်ထားပေးရပါမယ်။

✅ လေဝင်လေထွက်ကောင်းအောင် အခန်းပြတင်းပေါက်တွေ ဖွင့်ထားရပါမယ်။

✅ ရေနွေးသောက်မယ့်အစား ရေအေးသောက်ပါ။ အရည်များများသောက်ပါ။

✅ ပေါ့ပေါ့ပါးပါး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ရပါမယ်။

#ကိုယ့်ကိုယ်ကိုချစ်ပါ
#ဂရုစိုက်ပါ
#ကျန်းမာအောင်နေပါ
#သင်ကျန်းမာဖို့သင့်မှာတာဝန်ရှိပါတယ်

ဒေါက်တာအေရွန်

#ကျန်းမာရေး #ဖျား #ကိုယ်ပူ #ရေချိုး

🙏🙏🙏 ေအးချမ်းတဲ့ေမ လ လေးမှာ...အုံ့တုံ့တုံ့ မိုးသားတွေအောက်  .. ေ၀့၀ဲတိုက်ခတ်နေတဲ့ လေနုအေးတွေကို ... မဟူရာညရောင်အောက်မှာ.....
04/05/2023

🙏🙏🙏 ေအးချမ်းတဲ့ေမ လ လေးမှာ...အုံ့တုံ့တုံ့ မိုးသားတွေအောက် .. ေ၀့၀ဲတိုက်ခတ်နေတဲ့ လေနုအေးတွေကို ... မဟူရာညရောင်အောက်မှာ... ထိတွေ့ခံစားရင်း ... ကမ္ဘာသူကမ္ဘာသားများ ....သက်ရှည်ကျန်းမာ စိတ်ချမ်းသာပါစေကြောင်း.... ဆုေတာင်းမေတ္တာ ပို့သအပ်ပါတယ်🙏🙏🙏

ရွှေဇီဝါအထွေထွေရောဂါကုဆေးခန်း
အမှတ်၈၄၀ ရွှေပဒေသာလမ်း ၉ရပ်ကွက် အရှေ့ဒဂုံ
0943134206

ရွှေဇီဝါ အထွေထွေ ရောဂါကုဆေးခန်း မှရာသီတုပ်ကွေး ကာကွယ် ဆေး vaxigrip tetra ထိုးနှံခြင်း ၀န်ဆောင်မှုကို ဆောင်ရွက်ပေးနေပါပြီ...
04/05/2023

ရွှေဇီဝါ အထွေထွေ ရောဂါကုဆေးခန်း မှ
ရာသီတုပ်ကွေး ကာကွယ် ဆေး vaxigrip tetra ထိုးနှံခြင်း ၀န်ဆောင်မှုကို ဆောင်ရွက်ပေးနေပါပြီ

အမှတ် ၈၄၀ ရွှေပဒေသာလမ်း ၉ရပ်ကွက် အရှေ့ဒဂုံ
0943134206

ရွှေဇီဝါ အထွေထွေရောဂါကုဆေးခန်းတွင်ရာသီတုပ်ကွေး ကာကွယ် ဆေး vaxigrip tetra ထိုးနှံခြင်း ၀န်ဆောင်မှုကို ရရှိနိုင်ပါသည်အမှတ်...
04/05/2023

ရွှေဇီဝါ အထွေထွေရောဂါကုဆေးခန်းတွင်
ရာသီတုပ်ကွေး ကာကွယ် ဆေး vaxigrip tetra ထိုးနှံခြင်း ၀န်ဆောင်မှုကို ရရှိနိုင်ပါသည်

အမှတ် ၈၄၀ ရွှေပဒေသာလမ်း ၉ရပ်ကွက် အရှေ့ဒဂုံ ရန်ကုန်
0943134206

Address

Shwe Padaythar Street
Yangon

Opening Hours

Monday 09:00 - 18:30
Wednesday 09:00 - 18:30
Thursday 09:00 - 18:30
Friday 09:00 - 18:30
Saturday 13:00 - 18:30
Sunday 13:00 - 18:30

Website

Alerts

Be the first to know and let us send you an email when Shwe Zi War Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share