Win Clinic - Bahan

Win Clinic - Bahan Home Visit Medical Service and Clinic

Phone(for home visit case only) - 095680250 Home Visit Health Care Service

"တုပ်​ကွေးကာကွယ်​ဆေး​ရောက်ပြီလား" လာလာ​မေးကြလို့...​အခု ဆေးခန်းမှာ  မိုးရာသီအတွက် ရာသီတုပ်​​ကွေးကာကွယ်​ဆေး​တွေ စထိုးလို့...
04/05/2026

"တုပ်​ကွေးကာကွယ်​ဆေး​ရောက်ပြီလား" လာလာ​မေးကြလို့...​အခု ဆေးခန်းမှာ မိုးရာသီအတွက် ရာသီတုပ်​​ကွေးကာကွယ်​ဆေး​တွေ စထိုးလို့ရပါပြီ ... 🥰🥰

မိုးမရွာခင် ချစ်ရတဲ့က​လေးငယ်​တွေ ၊ လူကြီးမိဘ ၊ မိသားစုဝင်​တွေအတွက် ​ဆေးခန်းမှာလာထိုးနိုင်သလို အိမ်ပင့်ဝန်​​ဆောင်မှုလည်းရှိပါမယ်​နော်

ဝင်း​ဆေးခန်း
မင်းလမ်းမှတ်တိုင်အနီး ၊ ဗဟန်း
095680250
Seasonal flu ,
Visit and

03/05/2026
သင်္ကြန်အပြီးရက်​လေး​တွေ ​ဆေးခန်းလာပြကြတဲ့ထဲမှာ ​ခြေ​ထောက်​ရေနူးလို့ဖြစ်တဲ့ ​ရေစိုနာ ( immersion foot) နှင့် ​မသန့်တဲ့​ရ...
18/04/2026

သင်္ကြန်အပြီးရက်​လေး​တွေ ​ဆေးခန်းလာပြကြတဲ့ထဲမှာ ​ခြေ​ထောက်​ရေနူးလို့ဖြစ်တဲ့ ​ရေစိုနာ ( immersion foot) နှင့်
​မသန့်တဲ့​ရေ​တွေ​ကြောင့် လက်ကြား၊ ခြေကြား ယားယံတဲ့ case တွေကို အတွေ့များနေရပါတယ်။

​Immersion Foot (​​ရေစိုနာ) ဆိုတာ ဘာလဲ?
​ခြေထောက်က ရေထဲမှာ (သို့မဟုတ်) စိုစွတ်တဲ့ အခြေအနေမှာ အချိန်အကြာကြီး ရှိနေတဲ့အခါ အရေပြားက အစိုဓာတ်လွန်ကဲပြီး တစ်ရှူးတွေ ထိခိုက်တာကို ဆိုလိုပါတယ်။


​ခြေထောက် အရေပြားများ ဖြူဖျော့ပြီး တွန့်လိမ်တာ​တွေ ၊
​လက်ကြား၊ ခြေကြားများ နီမြန်းပြီး ယားယံတာ​တွေ ၊
​အရည်ကြည်ဖုများ ထွက်ခြင်း သို့မဟုတ် အရေပြား ကွဲအက်တာ​တွေနဲ့ လာပြကြပါတယ် ။
​ထုံကျင်ကျင် ခံစားရခြင်း သို့မဟုတ် ပူစပ်ပူလောင် ဖြစ်တာ​တွေလည်း ရှိကြပါတယ်

​အခုလောလောဆယ် ဘာတွေလုပ်သင့်သလဲ ..
​၁။ ခြောက်သွေ့အောင် ထားပါ
ခြေထောက်ကို ရေဆေးပြီးတိုင်း နူးညံ့တဲ့ တဘက်နဲ့ ခြောက်သွေ့အောင် သေချာသုတ်ပါ။ လက်ကြား၊ ခြေကြားတွေကို ကိုပါ​ခြောက်​သွေ့​အောင်သုတ်ပါ။
၂။ ခြေအိတ်/ဖိနပ် အကျပ်များ ရှောင်ပါ ၊ စို​နေရင်လဲပါ ။
လေဝင်လေထွက်ကောင်းတဲ့ ဖိနပ်ကို စီးပါ။ အိမ်မှာဖြစ်နိုင်ရင် ခြေဗလာနဲ့ ​နေပါ။
၃။ ဆားရည်နွေးနွေးလေးနဲ့ စိမ်ပေးပါ
ရောင်ရမ်းတာ သက်သာစေဖို့ ဆားအနည်းငယ်ထည့်ထားတဲ့ ရေနွေးနွေးလေးနဲ့ ၅ မိနစ်ခန့် စိမ်ပေးနိုင်ပါတယ်။
၄။ မကုတ်ပါနဲ့
ယားယံတဲ့အခါ ကုတ်မိရင် ပိုးဝင်ပြီး ပြည်တည်တာမျိုး ဖြစ်နိုင်လို့ သတိထားပါ။ ​လေသည်းညှပ်ထားပါ ။

​ဘယ်အချိန်မှာ ​ဆေးခန်းပြသသင့်သလဲ?
- ​အရေပြားက ပို နီရဲရောင်ရမ်းလာရင်
- ​အနာ ၊ အက်ကွဲရာ​​တွေဖြစ်လာရင် ၊ ပြည်ထွက်လာရင်
- ​အဖျားတက်လာရင်
- ​ယားယံတာက ပိုဆိုးလာပြီး တခြားနေရာတွေကို ပျံ့နှံ့လာရင် ၊ အရည်ကြည်ဖု​တွေပိုများလာရင်
- အမဲ​ရောင်​ပြောင်းလာရင်
- မိမိမှာဆီးချိုပါရှိ​နေရင် ဆရာဝန်နဲ့​သေချာပြသ​ပေးပါ ။

" ဝင်းမိသားစု​ဆေးခန်း"
​ဆေးခန်းဖွင့်ချိန် ​
နေ့စဥ် ည​နေ ၅:၃၀ မှ ၉ နာရီထိ
စ​နေ တနဂ်​နွေသာ မနက်ပိုင်းဖွင့်ပါသည် ။

သက်ြန်​တွင်း​​လေး ည​နေပိုင်း​တွေ" ဝင်းဆေးခန်း" ဖွင့်ပါတယ်​နော် ♥️♥️​ပျော်စရာ နှစ်သစ်ကူးအချိန်ကာလ​လေးဖြစ်ပါ​စေ 🥰
13/04/2026

သက်ြန်​တွင်း​​လေး ည​နေပိုင်း​တွေ" ဝင်းဆေးခန်း" ဖွင့်ပါတယ်​နော် ♥️♥️

​ပျော်စရာ နှစ်သစ်ကူးအချိန်ကာလ​လေးဖြစ်ပါ​စေ 🥰

"တုပ်​ကွေးကာကွယ်​ဆေး​ရောက်ပြီလား" လာလာ​မေးကြလို့...​အခု ဆေးခန်းမှာ  မိုးရာသီအတွက် ရာသီတုပ်​​ကွေးကာကွယ်​ဆေး​တွေ စထိုးလို့...
05/04/2026

"တုပ်​ကွေးကာကွယ်​ဆေး​ရောက်ပြီလား" လာလာ​မေးကြလို့...​အခု ဆေးခန်းမှာ မိုးရာသီအတွက် ရာသီတုပ်​​ကွေးကာကွယ်​ဆေး​တွေ စထိုးလို့ရပါပြီ ... 🥰🥰
အိမ်ပင့်ဝန်​ဆောင်မှု​လေးအတွက်လည်း booking တင်လို့ရပါတယ်
ဝင်း​ဆေးခန်း
ဗဟန်း ၊ မင်းလမ်းမှတ်တိုင်အနီး
095680250

ကိုယ်ဝန်ဆောင်နှင့် ပျို့အန်ခြင်း (Morning Sickness)​ကိုယ်ဝန်ဆောင်စဥ် ပထမ (၃) လပတ်အတွင်း မိခင်လောင်းအများစု ကြုံတွေ့ရလေ့ရ...
29/03/2026

ကိုယ်ဝန်ဆောင်နှင့် ပျို့အန်ခြင်း (Morning Sickness)

​ကိုယ်ဝန်ဆောင်စဥ် ပထမ (၃) လပတ်အတွင်း မိခင်လောင်းအများစု ကြုံတွေ့ရလေ့ရှိတဲ့ အကြီးမားဆုံး အခက်အခဲတစ်ခုကတော့ ပျို့အန်ခြင်း ဖြစ်ပါတယ်။ Morning Sickness လို့ ခေါ်ဆိုပေမယ့်လည်း ဒီဝေဒနာဟာ မနက်ပိုင်းတင်မကဘဲ နေ့ရောညပါ အချိန်မရွေး ဖြစ်ပွားနိုင်ပါတယ်။

​ဘာကြောင့် ဖြစ်ရတာလဲ
​ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်လာတဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အနံ့အာရုံ ပိုမိုထက်မြက်လာခြင်း၊ အစာအိမ်အက်ဆစ်များခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတို့ကလည်း ပျို့အန်ခြင်းကို ပိုဆိုးစေပါတယ်။ အများအားဖြင့် ကိုယ်ဝန် ၈ ပတ်ဝန်းကျင်မှာ စတင်တတ်ပြီး ကိုယ်ဝန် ၁၂ ပတ်မှ ၁၆ ပတ် (ပထမ ၃ လအကျော်) မှာ အလိုလို သက်သာပျောက်ကင်းသွားတတ်ပါတယ်။

​ပျို့အန်ခြင်း သက်သာစေရန် နည်းလမ်းကောင်းများ
- ​အစာကို နည်းနည်းနှင့် မကြာခဏစားပါ
အစာအိမ် ဟောင်းလင်းဖြစ်နေပါက ပျို့ချင်စိတ်ကို ပိုဆိုးစေပါတယ်။ ထမင်းကို တစ်ခါတည်းအများကြီးစားမည့်အစား ၂ နာရီ၊ ၃ နာရီတစ်ခါ အစာအနည်းငယ်စီ ခွဲစားပေးပါ။
- ​မနက်အိပ်ရာထစမှာ ဂရုစိုက်ပါ: မနက်အိပ်ရာမှမထခင်၊ မတ်တပ်မရပ်ခင် မုန့်ကြွပ် (Crackers) သို့မဟုတ် ဘီစကစ်ခြောက် (၂-၃) ချပ်ကို ဖြည်းဖြည်းချင်း ဝါးစားပြီးမှ ထပါ။ ဒါက အစာအိမ်ကို တည်ငြိမ်စေပါတယ်။
- ​ရေဓာတ်ပြည့်ဝအောင် နေပါ: အန်ထားလျှင် ရေဓာတ်ဆုံးရှုံးတတ်ပါတယ်။ ရေ၊ အသီးဖျော်ရည် ၊ အုန်းရည် သို့မဟုတ် ဓာတ်ဆားရည်ကို တစ်ခါသောက် နည်းနည်းစီနှင့် မကြာခဏ သောက်ပေးပါ။ (အစာစားနေစဥ်အတွင်း ရေအများကြီးသောက်ခြင်းကို ရှောင်ပါ)။
- ​ချင်းလက်ဖက်ရည်နွေးနွေး သို့မဟုတ် ချင်းပြုတ်ရည် ၊ သံပရာရည် စသည်တို့က ပျို့ချင်စိတ်ကို သဘာဝအတိုင်း ထိရောက်စွာ သက်သာစေပါတယ်။

​ရှောင်ကြဉ်ရမည့်အရာများ:
အဆီများလွန်းသော အစားအစာများ၊ အစပ်များ၊ ကြော်လှော်ထားသော အရာများနှင့် မိမိကို အော့အန်စေသော အနံ့ပြင်းပြင်းများကို ရှောင်ကြဉ်ပါ။

​ဘယ်လိုအချိန်ဆို ဆရာဝန်နှင့် ချက်ချင်းပြသသင့်သလဲ
​ကိုယ်ဝန်ဆောင်စဥ် ပျို့အန်ခြင်းဟာ သာမန်အားဖြင့် စိုးရိမ်စရာမရှိပေမယ့် အချို့မိခင်များတွင် အလွန်ပြင်းထန်တဲ့ Hyperemesis Gravidarum အဆင့်ကို ရောက်ရှိနိုင်ပါတယ်။ အောက်ပါလက္ခဏာများရှိပါက ဆေးခန်းသို့ ချက်ချင်းလာရောက်ပြသရန် လိုအပ်ပါတယ်-
- ​တစ်နေ့ကို (၃) ကြိမ်ထက်ပိုပြီး အလွန်အမင်း အန်ခြင်း။
​ဘာမှစားလို့မရ၊ သောက်လို့မရဘဲ အကုန်ပြန်အန်ခြင်း (၂၄ နာရီအတွင်း)။
- ​ကိုယ်အလေးချိန် သိသိသာသာကျဆင်းလာခြင်း။
- ​ဆီးအလွန်နည်းခြင်း သို့မဟုတ် ဆီးအရောင်အလွန်ရင့်ခြင်း (ရေဓာတ်ခမ်းခြောက်သည့်လက္ခဏာ)။
​ခေါင်းမူးခြင်း၊ မူးလဲခြင်း သို့မဟုတ် အလွန်အမင်း နွမ်းနယ်ခြင်း။
​သွေးအန်ခြင်း။

​ကိုယ်ဝန်ဆောင်စဥ် ပျို့အန်ခြင်းဟာ ယာယီဝေဒနာသာ ဖြစ်ပါတယ်။ မိခင်လောင်းလေးများအနေနဲ့ စိတ်ဖိစီးမှုလျှော့ချပြီး၊ စနစ်တကျ ဂရုစိုက်နေထိုင်ခြင်းဖြင့် ဒီကာလကို ကျန်းမာစွာ ဖြတ်သန်းနိုင်ပါတယ်။
​မိခင်နှင့်ကလေး ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် Win Clinic -Bahan သို့ ​နေ့စဥ် ည​နေ ၅:၃၀ မှ ၉ နာရီအထိ လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါသည်။


ဝင်းမိသားစု​ဆေးခန်း
အမှတ်( ၂) ၊ မဂ်လာသိဒွီလမ်း ၊ မင်းလမ်းမှတ်တိုင်အနီး ၊ ဗဟန်းမြို့နယ် ။
095680250

Address

No. 2, Mingalar Theidi Street, Bahan( Near Min Lann Bus Stop)
Yangon

Opening Hours

Monday 17:00 - 21:00
Tuesday 17:00 - 21:00
Wednesday 17:00 - 21:00
Thursday 17:00 - 21:00
Friday 17:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+9595680250

Alerts

Be the first to know and let us send you an email when Win Clinic - Bahan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share