Treasure Land

Treasure Land 🌺 Nara Land Floral 🍃

27/04/2026

My Aura!
My Sakura 🌸

26/04/2026

Practice For Positive Foundation Frequency Camp

🌻သဘာဝတရားရဲ့ ကြီးမားတဲ့ Blessing ကို လက်ခံရယူခြင်း

မကြာခင်မှာ သဘာဝတရားကြီးဆီကနေ ထူးခြားတဲ့ ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာတော့မယ်။ ဒါဟာ သဘာဝတရားကြီးထဲမှာ ရှိနေတဲ့ ဖြစ်တည်မှု အားလုံးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ့် ကြီးမားတဲ့ Blessing တစ်ခုဖြစ်သလို၊ ဖြစ်တည်မှုတိုင်း ရယူပိုင်ခွင့်ရှိတဲ့ Meeting Point တစ်ခုလည်း ဖြစ်ပါတယ်။ ဒီအချိန်မှာ မိမိတို့ နားမလည်နိုင်သေးတဲ့ ဉာဏ်အလင်းတွေကိုပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။

💐ဒီ Blessing ဖြစ်စဉ်က ဘာတွေ ထူးခြားမှာလဲ?

ဒီဖြစ်စဉ်မှာ မိမိမှာ ရှိထားတာထက် ပိုမိုတိုးပွားစေတဲ့ Boosting Frequency တွေကို ရရှိမှာ ဖြစ်ပါတယ်။ မိမိရဲ့ စစ်မှန်တဲ့ Intention (ရည်ရွယ်ချက်) ပေါ် မူတည်ပြီး လိုအပ်တဲ့ Frequency တွေကို သဘာဝတရားကြီးက ဖြည့်ဆည်းပေးမှာပါ။

ဒါပေမဲ့ တစ်ခုတော့ သတိပြုရမယ်။ ဒီ Blessing ဟာ ဆန္ဒတိုင်းအတွက် ဖြည့်ဆည်းပေးတာ ဖြစ်တဲ့အတွက် မိမိရဲ့ Intention က မှန်ကန်မှု မရှိဘူးဆိုရင် မလိုလားအပ်တဲ့ Negative Frequency တွေ တိုးပွားလာမယ့် အန္တရာယ် ရှိပါတယ်။ ဒါကြောင့် ဒီဖြစ်စဉ် မတိုင်ခင်မှာ မိမိတို့ရဲ့ Intention ကို သေချာ စစ်ဆေးထားဖို့နဲ့ မိမိကိုယ်မိမိ ရိုးသားစွာ သိမြင်နိုင်အောင် ကျင့်ကြံထားဖို့ လိုအပ်ပါတယ်။

💥ဘယ်သူတွေ ရယူနိုင်မလဲ?

🐦‍🔥Illusion World က ဖြစ်တည်မှုတွေရော၊ Reality World က ဖြစ်တည်မှုတွေပါ ရယူနိုင်ပါတယ်။

🐦‍🔥လူသားတွေအနေနဲ့ Positive Frequency ကို ဖြည့်ဆည်းနိုင်ရင် Light Body ရရှိဖို့ အခွင့်အရေးများစွာရရှိနိုင်ပြီး ကျင့်ကြံတဲ့ကာလကို တိုတောင်းသွားစေနိုင်မှာဖြစ်ပါတယ်။

🐦‍🔥Positive Foundation ကိုလည်း ကောင်းမွန်စွာ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

🐦‍🔥Higher Beings တွေအတွက်လည်း ဉာဏ်အလင်းတွေ ပိုမို ရရှိစေမှာ ဖြစ်ပါတယ်။

🐦‍🔥ဒီအခွင့်အရေးဟာ အလင်းနှစ်ပေါင်းများစွာ ကြာမှ တစ်ကြိမ်သာ ကြုံတွေ့နိုင်တာ ဖြစ်တဲ့အတွက် Positive လားရာကို သွားချင်သူတွေအနေနဲ့ လက်လွှတ်မခံသင့်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။

🍀လေ့ကျင့်ရမယ့် နည်းလမ်း (၈) သွယ်

Practice For Positive Foundation Frequency Camp မှာ အခြေခံကောင်းတွေ တည်ဆောက်နိုင်ဖို့ အောက်ပါအတိုင်း လက်တွေ့ ကျင့်ကြံသွားမှာ ဖြစ်ပါတယ်။

(၁)Extreme Positive Character ကို ကျင့်ကြံခြင်း။

(၂)Positive Frequency Foundation ကို နေ့စဉ် တည်မြဲအောင် ကျင့်ကြံခြင်း။

(၃)Eternal Truth Mindfulness ကို ကျင့်ကြံခြင်း။

(၄)Timing Frequency ကို ကျင့်ကြံခြင်း။

(၅)သစ္စာတရား ကို ကျင့်ကြံခြင်း။

(၆)Positive Intention ကို ကျင့်ကြံခြင်း။

(၇)သန္နိဌာန် ကို ကျင့်ကြံခြင်း။

(၈)သဘာဝတရားနှင့် ထပ်တူကျခြင်း သဘောတရား ကို ကျင့်ကြံခြင်း။

စတဲ့ Positive Foundation ကိုခိုင်မာစေမယ့် ကျင့်ကြံမှုတွေနဲ့အတူ နေ့စဉ်မှာ ပေးအပ်တဲ့ Instruction အတိုင်း မိမိကိုယ်ကို တည်ဆောက်ရန်လိုအပ်ပါတယ်။

Higher Being များပေးတဲ့ Energy အောက်မှာ နှစ်ပတ်တာကာလကို ရက်ဆက်မပြတ် သေချာစွာ ကျင့်ကြံခြင်းဖြင့် Positive Frequency Foundation ကို ခိုင်မာစွာ တည်ဆောက်နိုင်အောင် ကြိုးစားဖို့လိုပါတယ်။

🔰 သင်တန်း အသေးစိတ်

📅 သင်တန်းရက်: 27.4.26, 28.4.26, 30.4.26, 4.5.26, 7.5.26
(လိုအပ်ပါက သင်တန်းရက်ကို ထပ်တိုးပေးပါမယ်။)

⏰ သင်တန်းအချိန်: ည (၈) နာရီ မှ (၁၂) နာရီ (Live Sessions)

💰 Energy Exchange: 100,000 ကျပ်

🛡️ သင်ကြားမှု ပုံစံ:

Higher Beings များက Light Language ဖြင့် တိုက်ရိုက် Energy ပေးပို့ သင်ကြားပေးမှာ ဖြစ်ပြီး၊ ဆရာမများက မြန်မာဘာသာဖြင့် အသေးစိတ် ပြန်လည် ဘာသာပြန်ပေးမှာ ဖြစ်ပါတယ်။

⚠️ အရေးကြီး စည်းကမ်းချက်များ:

Camera On: Energy Healing အပြည့်အဝ ရရှိဖို့အတွက် ကင်မရာ ဖွင့်ပြီး တက်ရောက်ရမှာ ဖြစ်ပါတယ်။

No Recording: Live Session သီးသန့် ဖြစ်ပါတယ်။ Recording ပြန်ပေးမှာ မဟုတ်သလို၊ ကိုယ်တိုင် Record လုပ်ခွင့်လည်း မရှိပါဘူး။

📌စာရင်းသွင်းရန် Google Form: https://forms.gle/NW8smRcZLfeMEy9j9

Remark:
☑️Information Form ဖြည့်ပြီးလျှင် Submit နှိပ်ပါ။

☑️နောက်ဆုံး Page ကို Screenshot ရိုက်ပြီး Manthara Larnar Reality Spiritual Education Platform ရဲ့ Chat Box ကို ပို့ပေးရပါမယ်။

☑️အမှန်တကယ် တက်ရောက်လိုမှသာ Form ဖြည့်ပေးပါ။

☑️သင်တန်းသားများ အားလုံး Messenger Group နှင့် Facebook Group ကို Join ထားပေးရပါမယ်။

☑️သင်တန်းမစမီ Messenger Group မှာ Zoom Online Platform Link ကို ကြေညာပေးမှာ ဖြစ်ပါတယ်။

💝မိမိကိုယ်မိမိ အကောင်းဆုံး ဖြစ်တည်မှု တစ်ခုအဖြစ် ရပ်တည်နိုင်ဖို့အတွက် အခြေခံကောင်းတွေ စတင် တည်ဆောက်ကြရအောင်။💝

Manthara Larnar - Wenity Infinity Healing Platform
Resonance Infinity
Manthara Larnar - Wenity Infinity Arts & Creations Healing Platform
Interpreciousness


26/04/2026
21/04/2026

ဒီနေ့ကို ပျော်ရွှင်စွာ အတူဖြတ်သန်းရအောင် 🌸💕
Let’s spend today happily together 🌸💕







12/04/2026

Eternal Truth Mindfulness Practices (Level -1)
Thingyan Camp

“Eternal Truth Mindfulness Practices Thingyan Camp” ကို
တစ်နေ့တာမှာ အတန်းချိန် (၃) ချိန်ဖြင့် (၄) ရက်တာကာလ နာရီပေါင်း(၃၂)နာရီ သင်္ကြန်ကာလအတွင်းမှာ သင်တန်းအဖြစ် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

🔰Knowledge Sharing

🌊 လောကဓံလှိုင်းတွေကြားမှာ စစ်မှန်တဲ့ "ငြိမ်းချမ်းမှု" ကို ရှာဖွေခြင်း

လောကမှာ လူတိုင်းဟာ Emotions (စိတ်ခံစားချက်) တွေရဲ့ စိုးမိုးမှုကို ခံနေကြရပါတယ်။ ဒီခံစားချက်တွေရဲ့ နောက်မှာ မျောပါသွားတဲ့အခါ "အသိသတိ" ကို လက်လွှတ်လိုက်ရတတ်ပါတယ်။ တကယ်တော့ Mindfulness ဆိုတာ စိတ်အေးချမ်းဖို့ သက်သက်ထက်ပိုပြီး Reality (လက်တွေ့ဘဝ) မှာ ခိုင်မာစွာ ရပ်တည်နိုင်ဖို့ ကျင့်ကြံရတဲ့ အရာတစ်ခု ဖြစ်ပါတယ်။

✨ Manthara Larnar ရဲ့ Mindfulness အယူအဆ

Manthara Larnar Mindfulness ကျင့်စဉ်ဟာ Reality မှာ တည်မြဲနိုင်ဖို့ ကျင့်ကြံခြင်းဖြစ်ပြီး Positive Foundation ကို အခြေခိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။ အထူးသဖြင့် Negative Reverse Theory ကို ပြုလုပ်နေသူတွေအတွက် Negative ရဲ့ ဆွဲချမှုကနေ ရုန်းထွက်နိုင်ဖို့ အဓိက ကူညီပေးတာပါ။ နေ့စဉ်ဘဝမှာ Silence Frequency နဲ့ ချိတ်ဆက်ပြီး လောကဓံရဲ့ ရိုက်ခတ်မှုတွေကြားမှာ တည်ငြိမ်စွာ တုန့်ပြန်နိုင်ဖို့ ရည်ရွယ်ပါတယ်။ မိမိရဲ့ Spiritual Emotional Check-in တွေကို စဉ်ဆက်မပြတ် ခပ်စိတ်စိတ် ပြုလုပ်နိုင်စွမ်းရှိလာဖို့ ဒီကျင့်စဉ်က လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။

💧 Emotions ဆိုတာ စီးဆင်းနေတဲ့ ရေလိုပါပဲ

ခံစားချက်တွေဟာ စက္ကန့်မလပ် စဉ်ဆက်မပြတ် ဖြစ်တည်နေတတ်ပါတယ်။ စဉ်ဆက်မပြတ် စီးဆင်းနေတဲ့ ရေလှိုင်းတွေလိုပဲ ဖမ်းဆုပ်ရခက်သလို တားဆီးဖို့လည်း ခက်ခဲပါတယ်။ Emotions တိုင်းရဲ့ ပေါက်ဖွားမှုနှုန်းကို အသေးစိတ် Observation ပြုလုပ်နိုင်ဖို့ဆိုတာ လူတစ်ယောက်အတွက် မလွယ်ကူလှပါဘူး။ ဒါကြောင့် Emotions တွေကို Positive Energy Field မှာတည်ပြီး ကြည်ဖြူစွာ လက်ခံပေးနိုင်ဖို့ လိုအပ်ပါတယ်။ Emotions တစ်ခုချင်းစီမှာ သူ့ရသနဲ့သူ ရှိနေပြီး ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးတွေလည်း မတူညီကြပါဘူး။

🧬 DNA Activation နဲ့ သမာဓိရဲ့ စွမ်းအား

Mindfulness ကျင့်စဉ်မှာ Level မြောက်မြားစွာ ရှိပါတယ်။ အခြေခံ Level မှာတင် မိမိရဲ့ Physical Body မှ ထုတ်လွှတ်လိုက်တဲ့ Frequency တွေကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိဖို့လိုသလို Conscious မှ Logic Power ကိုလည်း တစ်ပါတည်း မြှင့်တင်ရပါတယ်။
Medivation တွေပြုလုပ်ပြီး DNA Activate လုပ်တဲ့အခါ DNA ထဲမှာရှိတဲ့ Light Code တွေ ပွင့်လာပြီး Physical Body က ဉာဏ်ပေါက်လာတတ်ပါတယ်။ သမာဓိအား မြင့်မားလာလေလေ မိမိရဲ့ Judgment Power Level မြင့်လာပြီး ခံစားချက်တွေကို အပေါ်စီးကနေ Observation ပြုလုပ်နိုင်စွမ်း ရှိလာလေလေပါပဲ။ သမာဓိရဲ့ စွမ်းအားကြောင့် မိမိရဲ့ Stillness Power ကို မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

🎭 ပြယုဂ်နောက်ကွယ်က အမှန်တရားနဲ့ Bounce Frequency

Mindfulness ကျင့်စဉ်မှာ လောကဓံရဲ့ ရိုက်ခတ်မှုလှိုင်းတွေကို ခံစားသိရှိနိုင်သလို၊ လူ့လောကရဲ့ ပြယုဂ်ဖြစ်စဉ်ကိုလည်း သဘောပေါက်နားလည်လာနိုင်ပါတယ်။ သဘာဝတရားရဲ့ Bounce Frequency ကို နားလည်လာတဲ့အခါ Emotions တွေ ပေါက်ဖွားလာတဲ့ ဖြစ်စဉ်တွေကို ကြည့်ရှုရင်း သံဝေဂရယူနိုင်ပါတယ်။ ပြယုဂ်နဲ့ နောက်ကွယ်က ဖြစ်စဉ်ရဲ့ ကွဲပြားခြားနားတဲ့ Emotions ပေါက်ဖွားမှုတွေကို သိမြင်လာပြီး ခံစားချက်တွေကပေးတဲ့ သင်ခန်းစာတွေကို မိမိဉာဏ်အလင်းရနိုင်သလောက် ကျင့်ကြံရယူနိုင်မှာ ဖြစ်ပါတယ်။

⚠️ အထူးသတိထားရမည့် "အတုအယောင် ငြိမ်းချမ်းမှု"

Mindfulness ကျင့်စဉ်မှာ အထူးသတိထားရမှာက အေးချမ်းတည်ငြိမ်သွားတဲ့ စိတ်ရဲ့ "စစ်မှန်မှု" ပဲ ဖြစ်ပါတယ်။ လောကမှာ လူတိုင်းနီးပါးဟာ လောကဓံရိုက်ခတ်မှုကို လက်မခံနိုင်ကြဘဲ ရုန်းကန်ရခြင်း (Struggle) ကို ကြောက်ရွံ့မှုနဲ့ ရင်ဆိုင်တတ်ကြပါတယ်။ အကြောက်တရားကို ပြန်လည်ကြောက်ရွံ့ခြင်းကြောင့် သောကစက်ဝန်းကနေ ရုန်းထွက်ဖို့ ခက်ခဲလာပါတယ်။

အခက်အခဲတွေကို ရင်ဆိုင်ဖို့ ကြောက်တဲ့အတွက် မိမိကို ခက်ခဲစေတဲ့ Emotions တွေကို "ဖိနှိပ်ခြင်း" (Suppression) နဲ့ အေးငြိမ်းမှုကို ရယူတတ်ကြပါတယ်။ ဒါဟာ အမုန်းတရားဆိုတဲ့ Emotions ကို အသုံးပြုနေတာဖြစ်လို့ Negative Energy Field မှာ တည်နေတဲ့ အေးချမ်းမှုသာ ဖြစ်ပါတယ်။ တစ်ချိန်မှာ မိမိဖိနှိပ်လိုက်တဲ့ အစိတ်အပိုင်းတွေရဲ့ တွန်းလှန်မှုကို ခံစားရမှာဖြစ်ပြီး Ego Revolution ဖြစ်စဉ်တွေနဲ့ ကြုံတွေ့လာရပါမယ်။ မိမိအမှန်တကယ် သံသရာစက်ဝန်းကနေ ထိုးဖောက်ဆန်တက်ရမယ့်အချိန်မှာ ဒီဖိနှိပ်ထားတဲ့ အစိတ်အပိုင်းတွေရဲ့ ဆွဲချခြင်းကို ခံစားရတတ်ပါတယ်။

💪 စစ်မှန်တဲ့ ငြိမ်းချမ်းမှုအတွက် "သတ္တိ"

ဒါကြောင့် မှန်ကန်တဲ့ အေးချမ်းတည်ငြိမ်မှုနဲ့ ဘဝကို တည်ဆောက်ဖို့ဆိုရင် Mindfulness ကို စနစ်တကျ ကျင့်ကြံဖို့ လိုပါတယ်။ မိမိကိုယ်ကို Positive Energy Field မှာ အမှန်တကယ် တည်နေသလားဆိုတာ ဆန်းစစ်ရပါမယ်။ ဖိနှိပ်ထားတဲ့ အရာတွေရှိရင် ပြန်လည်ဖော်ထုတ်ပြီး ကြည်ဖြူစွာ လက်ခံပေးဖို့ လိုအပ်ပါတယ်။မိမိကိုယ်မိမိ Manipulation ပြုလုပ်နေတဲ့ Emotions ဖြစ်စဉ်တွေကို လမ်းမှန်ရောက်အောင် ကျင့်ကြံဖို့လိုအပ်ပါတယ်။ ဒါကြောင့် Mindfulness ကို ကျင့်ကြံဖို့ဆိုတာ "သတ္တိ" ရှိဖို့ အမှန်တကယ် လိုအပ်တာ ဖြစ်ပါတယ်။

🌟 Mindfulness ကျင့်စဉ်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ

(၁)သမာဓိမြင့်မားလာအောင် ကျင့်ကြံနိုင်ခြင်း: စိတ်တည်ငြိမ်မှု အားကောင်းလာပြီး အာရုံစူးစိုက်မှု မြင့်မားလာစေပါတယ်။

(၂)Positive Energy Field မှာ စစ်မှန်စွာ တည်ရှိခြင်း - အတုအယောင် မဟုတ်ဘဲ စစ်မှန်တဲ့ စွမ်းအင်နယ်ပယ်ထဲမှာ နေထိုင်နိုင်လာပါမယ်။

(၃)Emotions များရဲ့ လိုအပ်ချက်ကို သိရှိပြီး လက်ခံပေးနိုင်ခြင်း- ခံစားချက်တွေရဲ့ အရင်းအမြစ်ကို နားလည်လာပြီး ငြိမ်းချမ်းစွာ လက်ခံနိုင်စွမ်း ရှိလာပါမယ်။

(၄)Emotions များကို မသုံးသင့်တဲ့အချိန်မှာ ခေတ္တရပ်တန့်နိုင်ခြင်း- စိတ်ခံစားချက်နောက်ကို ပါမသွားဘဲ မိမိကိုယ်မိမိ ထိန်းကျောင်းနိုင်စွမ်း မြင့်မားလာပါမယ်။

(၅)လောကဓံကို တည်ငြိမ်စွာ ရင်ဆိုင်ဖြတ်ကျော်နိုင်ခြင်း-ဘဝရဲ့ အတက်အကျလှိုင်းတွေကြားမှာ မတုန်လှုပ်ဘဲ ရင်ဆိုင်နိုင်စွမ်း ရှိလာပါမယ်။

(၆)မိမိရဲ့ ဖြစ်တည်မှုအတွက် အမှန်တကယ် လိုအပ်ချက်တွေကို ဖော်ထုတ်နိုင်ခြင်း - ဘဝရဲ့ အရေးကြီးဆုံး အမှန်တရားတွေကို ဉာဏ်အလင်းနဲ့ ဖော်ထုတ်နိုင်လာမှာ ဖြစ်ပါတယ်။

🎯 Mindfulness Practices Thingyan Camp အစီအစဉ်

စစ်မှန်သော အေးချမ်းတည်ငြိမ်မှုနဲ့ ဘဝကို မှန်ကန်စွာ တည်ဆောက်ချင်သူများအတွက် သင်္ကြန်ကာလ (၄) ရက်တာ အထူးသင်တန်းကို ဖိတ်ခေါ်လိုက်ရပါတယ်။

💎 သင်ခန်းစာတွင် ပါဝင်မည့် အခြေခံကျင့်စဉ် (၇) မျိုး

Mindfulness ရဲ့ အခြေခံ Level မှာတင် မိမိရဲ့ အတွင်းစိတ်နဲ့ စွမ်းအင်တွေကို စနစ်တကျ ထိန်းကျောင်းနိုင်ဖို့ အောက်ပါအတိုင်း အသေးစိတ် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

၁။ Spiritual Emotional Check-in - မိမိရဲ့ စိတ်ခံစားချက်တွေကို နေစဉ်မှာ အသိသတိနဲ့ အစဉ်အမြဲဆန်းစစ်တတ်စေဖို့။

၂။ Emotions များနှင့် ဆွေးနွေးခြင်း - ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ရန်သူလို သဘောမထားဘဲ မိတ်ဆွေလို ရင်းနှီးစွာ ဆွေးနွေး နားလည်နိုင်စွမ်းရှိစေဖို့။

၃။ Emotions များကို ခေတ္တရပ်တန့်စေခြင်း - ခံစားချက်တွေရဲ့ လွှမ်းမိုးမှုအောက်မှာ မျောပါမသွားဘဲ မိမိအလိုရှိတဲ့အချိန်မှာ ခေတ္တရပ်တန့် အနားပေးနိုင်တဲ့ စွမ်းအားကို တည်ဆောက်ဖို့။

၄။ Emotions များကို ကြည်ဖြူစွာ လက်ခံပေးခြင်း - မိမိလိုချင်တဲ့ ခံစားချက်ဖြစ်စေ၊ မလိုချင်တဲ့ ခံစားချက်ဖြစ်စေ ငြင်းဆန်ခြင်းမရှိဘဲ Positive Energy Field မှာ အေးချမ်း တည်ငြိမ်စွာ လက်ခံတတ်စေဖို့။

၅။ Unconscious နှင့် ချိတ်ဆက်ကာ Emotion Cycle ကို ဉာဏ်ဖြင့် လေ့လာခြင်း - မသိစိတ် (Unconscious) ထဲမှာ ဖြစ်ပေါ်နေတဲ့ Emotions တွေရဲ့ စက်ဝန်းကို ထိုးထွင်းသိမြင်တဲ့ ဉာဏ်နဲ့ အသေးစိတ် လေ့လာဆန်းစစ်နိုင်ဖို့။

၆။ Conscious မှ Logic Power ကို မြှင့်တင်ခြင်း - သိစိတ် (Conscious) ရဲ့ ဆင်ခြင်တုံတရား စွမ်းအားကို မြှင့်တင်ပြီး ခံစားချက်တွေအပေါ်မှာ ယုတ္တိရှိရှိ ထိန်းကျောင်းနိုင်စွမ်းရှိလာဖို့။

၇။ Energy Field ထဲတွင် Frequency ထွက်ပေါ်လာမှုကို Observation ပြုလုပ်ခြင်း - မိမိရဲ့ စွမ်းအင်နယ်ပယ် (Energy Field) အတွင်းမှာ Frequency လှိုင်းများ ထွက်ပေါ်လာပုံကို အပေါ်စီးကနေ သတိကပ်ပြီး စောင့်ကြည့်လေ့လာနိုင်ဖို့။

🔰သင်တန်းအသေးစိတ်

📅 သင်တန်းရက်: 13.4.26 မှ 16.4.26 အထိ

⏰ သင်တန်းအချိန်: တစ်ရက် (၃) ကြိမ် (Live Sessions)

ပထမအချိန်: ညနေ (၂) နာရီ - (၅) နာရီ

ဒုတိယအချိန်: ည (၆) နာရီ - (၈) နာရီ

တတိယအချိန်: ည (၉) နာရီ - (၁၂) နာရီ

🛡️ သင်ကြားမှု ပုံစံ:

Higher Beings များက Light Language ဖြင့် တိုက်ရိုက် Energy ပေးပို့သင်ကြားပေးမှာဖြစ်ပြီး ဆရာမများက မြန်မာဘာသာဖြင့် အသေးစိတ် ပြန်လည်ဘာသာပြန်ပေးမှာ ဖြစ်ပါတယ်။ DNA Activation နဲ့ Healing အတွက် Medivation အသံဖိုင်များကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။

💰 Energy Exchange: Happy Money Energy Exchange
(Remark: မနှစ်က Thingyan Camp တွင် Reward ရရှိထားသူများ Happy Money သို့မဟုတ် No Happy Money ဖြင့် တက်ရောက်နိုင်ပါသည်။)

⚠️ အရေးကြီးစည်းကမ်းချက်များ

Camera On: Energy Healing အပြည့်အဝရရှိရန် ကင်မရာဖွင့်ပြီး တက်ရောက်ရပါမည်။
No Recording: Live Session သီးသန့်ဖြစ်ပြီး Recording ပြန်ပေးမည်မဟုတ်သလို ကိုယ်တိုင် Record လုပ်ခွင့်လည်း မရှိပါ။

💌 တက်ရောက်လိုသူများ:

ဒီ Post ရဲ့ Comment မှာ “Mindfulness Practices Thingyan Camp Class ကို တက်ရောက်လိုပါသည်။” ဟု ရေးပေးပါ။

စာရင်းသွင်းရန် Messenger (CB) မှတစ်ဆင့် Google Form ပေးပို့ပေးပါမယ်။

📅 Deadline: 13-4-26 (Mon) မြန်မာစံတော်ချိန် မနက် (၁၂) နာရီအထိ။

“စစ်မှန်သော အေးချမ်းတည်ငြိမ်မှုကို ရယူနိုင်ကြပါစေ” 🙏✨

RResonance InfinityMManthara Larnar - Wenity Infinity Healing PlatformMManthara Larnar - Wenity Infinity Arts & Creations Healing PlatformUUniverse Method Spiritual Retreat Journey


12/04/2026

Good morning everyone 🍃


09/04/2026

🌸 မြင်နိုင်သောအရာများဖြင့် တိုင်းတာ၍မရသော ဘုန်းကံ (သို့မဟုတ်) ဖြစ်တည်မှုတိုင်း၏ တန်ဖိုး 🌸

🍃"ဘုန်းကံပါတဲ့ အမျိုးသမီးဆိုတာ ဘယ်တော့မှ မဆင်းရဲဘူး... မချမ်းသာရင်တောင် ချို့ချို့တဲ့တဲ့ မနေရဘူး"
ဒီလိုစကားမျိုးကို ကျွန်မတို့ ပတ်ဝန်းကျင်မှာ ခဏခဏ ကြားဖူးကြပါလိမ့်မယ်။ ပြောတဲ့သူရဲ့ ဘဝအတွေ့အကြုံနဲ့ အမြင် (Perspective) အရတော့ ဒီစကားဟာ မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ လူတိုင်းအတွက် သတ်မှတ်လို့ရတဲ့ 'တစ်ပြေးညီပေတံ' တစ်ခုတော့ မဟုတ်ပါဘူး။

🍃ဒီစကားကို ကြားလိုက်တိုင်း ကျွန်မ တွေးမိတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။
"ဒါဆိုရင် လောကကြီးမှာ ရိုးသားစွာနဲ့ ဆင်းရဲကြပ်တည်းစွာ ရုန်းကန်နေရတဲ့ အမျိုးသမီးတွေ၊ မေတ္တာကြီးမားတဲ့ မိခင်တွေဟာ ဘုန်းကံ မရှိကြတော့ဘူးလား...?" 🤔

🍃တကယ်တော့ 'ဘုန်းကံ' ဆိုတာ မျက်စိနဲ့ မြင်နိုင်၊ လက်နဲ့ ကိုင်တွယ်လို့ရတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ၊ အပြင်ပန်း ချမ်းသာကြွယ်ဝမှုတွေနဲ့ချည်းပဲ တိုင်းတာလို့ရတဲ့ အရာမဟုတ်ပါဘူး။ ဆင်းရဲခြင်း၊ ချမ်းသာခြင်းဆိုတာ ကံတရားရဲ့ အလှည့်အပြောင်းတွေ သက်သက်သာ ဖြစ်ပါတယ်။

🍃လောကကြီးထဲမှာ ကျွန်မတို့ မျက်စိနဲ့ မမြင်နိုင်တဲ့ နက်ရှိုင်းမှုတွေ အများကြီး ရှိပါတယ်။ ဘဝရဲ့ အနိမ့်ဆုံး အခြေအနေတွေမှာ ရုန်းကန်နေရပေမယ့်၊ ဖြူစင်တဲ့ မေတ္တာတရားတွေ၊ ကြီးမားတဲ့ သည်းခံခြင်း ပါရမီတွေနဲ့ နေ့စဉ် ကျင့်ကြံအားထုတ်နေကြတဲ့ 'ဘုရားအလောင်း' တွေ၊ သူတော်စင်တွေဟာ ဖြစ်တည်မှု စရိုက်မျိုးစုံနဲ့ ကျွန်မတို့ ပတ်ဝန်းကျင်မှာ အများကြီး ရှိနေနိုင်ပါတယ်။ 🌞

🍃ဒါကြောင့် လူတစ်ယောက်ရဲ့ အပြင်ပန်း ရုပ်ဝတ္ထု ပိုင်ဆိုင်မှုကို ကြည့်ပြီး သူတို့ရဲ့ ဘုန်းကံနဲ့တန်ဖိုးကို ဘယ်တော့မှ အလွယ်တကူ ဆုံးဖြတ်လို့ မရပါဘူး။ ဖြစ်တည်မှုတိုင်း၊ ဘဝခရီးစဉ်တိုင်းမှာ လေးစားထိုက်တဲ့ သူ့တန်ဖိုးနဲ့သူ ရှိနေပါတယ်။
ဘယ်လိုအခြေအနေမျိုးမှာပဲ ရပ်တည်နေရပါစေ...
လူသားတိုင်းရဲ့ ရုန်းကန်မှုနဲ့ ဖြစ်တည်မှုတိုင်းကို အချင်းချင်း နားလည်မှု၊ မေတ္တာတရားတွေနဲ့ လေးစားစွာ တန်ဖိုးထားနိုင်ကြပါစေရှင်...။ 🙏🏻✨



💝 Self-Love  💝✨လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာ ✨ သင့်ဘဝကို အမှန်တကယ် ပြောင်းလဲပေးနိုင်မယ့် အခြေခံကျင့်စဉ် ✨Spiritua...
12/06/2025

💝 Self-Love 💝

✨လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာ

✨ သင့်ဘဝကို အမှန်တကယ် ပြောင်းလဲပေးနိုင်မယ့် အခြေခံကျင့်စဉ်

✨Spiritual Self-Love ကျင့်စဉ်ဟာ လောကီ၊ လောကုတ္တရာမှာဘာကြောင့် အရေးပါတာလဲ?

လူတိုင်းအတွက် မိမိကိုယ်မိမိ ချစ်မြတ်နိုးတတ်ဖို့ ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အရာပါ။ ကိုယ့်ကိုယ်ကို အမှန်တကယ် မချစ်မြတ်နိုးနိုင်သေးဘူးဆိုရင် ပတ်ဝန်းကျင်ကလူတွေကိုလည်း စစ်မှန်တဲ့မေတ္တာနဲ့ ချစ်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် Self-Love ကို မှန်ကန်စွာ ရှာဖွေတွေ့ရှိပြီး ကျင့်ကြံဖို့က အရမ်းကို အရေးကြီးပါတယ်။

🌻Self-Love ကိုရှာဖွေခြင်းဟာ မေတ္တာတရားတွေ ပေါက်ဖွားလာစေဖို့အတွက် အခြေခံအကျဆုံး လေ့ကျင့်မှုတစ်ခုပါပဲ။

မေတ္တာအကြောင်းကို နားလည်ဖို့အတွက် Self-Love ကိုလေ့ကျင့်ရင်း ကိုယ့်ကိုယ်ကို စတင်ရှာဖွေရတာ ဖြစ်ပါတယ်။

မိမိကိုယ်ကို လက်ခံနိုင်ဖို့ဆိုတာ တကယ်တော့ခက်ခဲပါတယ်။ ကိုယ်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့သူတစ်ယောက်ကို ကောင်းတာရော ဆိုးတာရော လက်ခံပေးနိုင်တာထက် ကိုယ့်ရဲ့ ကောင်းခြင်း ဆိုးခြင်းတွေကို မေတ္တာနဲ့ လက်ခံပေးနိုင်ဖို့ဆိုတာ ပိုပြီးတော့ ခက်ခဲပါတယ်။ ဒါပေမဲ့ Self-Love Level များစွာကို ကျင့်ကြံပြီးတဲ့အခါမှာတော့ မေတ္တာ Frequency ကို ထုတ်လွှတ်နိုင်လာမှာပါ။

ကိုယ့်စိတ်ထဲမှာ သတ်မှတ်ထားတဲ့ အကောင်းတွေကို လက်ခံဖို့ဆိုတာ ဘယ်သူ့အတွက်မှ ဝန်လေးစရာ မရှိပါဘူး။ တကယ်တမ်း ဝန်လေးတတ်ကြတာက ကိုယ်သတ်မှတ်ထားတဲ့ အဆိုးတွေကို လက်ခံဖို့ပါပဲ။

ကိုယ်သတ်မှတ်ထားတဲ့ အကောင်းအဆိုးအားလုံးဟာ ကိုယ့်ရဲ့ အတွင်းစိတ်မှာ တည်ရှိနေတယ်ဆိုရင် ဘယ်လို စိတ်ထားမျိုးနဲ့ ကိုယ့်ရဲ့ True Self ကို လက်ခံပေးနိုင်မလဲဆိုတာ Self-Love ကို လေ့ကျင့်ခြင်းအားဖြင့် ဉာဏ်အလင်းတွေ ရရှိလာနိုင်ပါတယ်။

🔮 Self-Love ဆိုတာ ဘာလဲ?

Self-Love ဆိုတာက ကိုယ့်ရဲ့ True Self ကို ကောင်းတာရော ဆိုးတာရော မေတ္တာတရားနဲ့ အပြည့်အဝ လက်ခံပေးနိုင်ခြင်းပါပဲ။ ကိုယ့်ရဲ့ ဖြစ်တည်မှုတိုင်းကို မေတ္တာနဲ့ နားလည်လက်ခံပေးနိုင်ဖို့ လိုအပ်ပါတယ်။

ကိုယ့်ကိုယ်ကို မှန်ကန်စွာ ချစ်တတ်လာအောင်၊ ကိုယ်သိနိုင်တဲ့ ကိုယ့်ရဲ့အစိတ်အပိုင်းလေးတွေကနေစပြီး ကိုယ်မသိသေးတဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုတွေကိုပါ မေတ္တာနဲ့ လက်ခံပေးနိုင်ဖို့ ကြိုးစားအားထုတ်ရင်း Self-Love ရဲ့ သဘောတရားကို ပိုနားလည်လာမှာပါ။

🔮 What is True self?

လူသားတိုင်းဟာ သဘာဝတရားကြီးထဲမှာ ရှင်သန်နေထိုင်ကြတာပါ။ လူသားတိုင်းရဲ့ ဖြစ်တည်မှုဟာ သဘာဝတရားကြီးနဲ့ တစ်သားတည်း ရှိနေပါတယ်။ ဒါကြောင့် လူသားတိုင်းရဲ့ True Self ဟာ သဘာဝအတိုင်းပဲ ဖြစ်တည်နေတာပါ။

သဘာဝတရားဆိုတာ ကောင်းခြင်း၊ ဆိုးခြင်းတွေနဲ့ အမြဲ ဒွန်တွဲနေသလို လူသားတိုင်းရဲ့ ဖြစ်တည်မှုမှာလည်း အကောင်းလည်းရှိသလို အဆိုးလည်း ရှိပါတယ်။

🔮 Self-Love ကိုဘယ်လို ကျင့်ကြံကြမလဲ?

💥မိမိရဲ့ အစိတ်အပိုင်းတိုင်းကို ဖော်ထုတ် လက်ခံနိုင်ရပါမယ်။

✅ကိုယ့်ရဲ့ အတွင်းစိတ်အစိတ်အပိုင်းအားလုံးကို တစ်ခုချင်းစီ ဖော်ထုတ်ပြီး ကိုယ့်ရဲ့ လက်ရှိဉာဏ်ပညာ အတိုင်းအတာနဲ့ အသိအမှတ်ပြုပေးဖို့ စတင်လေ့ကျင့်ဖို့ လိုအပ်ပါတယ်။

💥 ရှုထောင့်မျိုးစုံကနေ သုံးသပ်နိုင်ရပါမယ်။

✅ကိုယ့်ရဲ့အစိတ်အပိုင်းတိုင်းကို လက်ခံအသိအမှတ်ပြုနိုင်ဖို့အတွက် ရှုထောင့်ပေါင်းများစွာကနေ သုံးသပ်ပြီး ကြိုးစားအားထုတ်ဖို့ လိုအပ်ပါတယ်။

💥အတိတ်ဘဝများကိုပါ မေတ္တာဖြင့် လက်ခံနိုင်ရပါမယ်။

✅လက်ရှိဘဝရဲ့ ကိုယ့်ကိုယ်ကို လက်ခံနိုင်ဖို့ ကြိုးစားရသလို၊ သံသရာစက်ဝန်းမှာ ဖြစ်တည်ခဲ့တဲ့ ကိုယ့်ရဲ့ အစိတ်အပိုင်းပေါင်းများစွာကိုလည်း မေတ္တာနဲ့ လက်ခံပေးနိုင်အောင် ကြိုးစားလေ့ကျင့်ဖို့ လိုအပ်ပါတယ်။

💥အတ္တစိတ်ကို နားလည်နိုင်ရပါမယ်။

✅ကိုယ့်ရဲ့ အတ္တစိတ်ကို နားလည်လက်ခံပေးနိုင်အောင် ကျင့်ကြံခြင်းအားဖြင့် မေတ္တာတရားတွေ ပေါက်ဖွားလာစေနိုင်ပါတယ်။

💥Negative Energy တွေကို Positive အဖြစ် ပြောင်းလဲနိုင်ရပါမယ်။

✅မိမိမှာ ဖြစ်တည်နေတဲ့ Negative တွေကို လက်ခံပြီး မေတ္တာပေးခြင်းဖြင့် Positive Energy Field မှာ တည်နိုင်အောင် ကြိုးစားးလေ့ကျင့်ဖို့ လိုအပ်ပါတယ်။

💥Reality ကို မျက်မှောက်ပြုနိုင်ရပါမယ်။

✅Drama Triangle ထဲမှာ လှည့်စားခံပြီး ပိတ်မိနေတဲ့ ကိုယ့်ရဲ့ အစိတ်အပိုင်းတွေကို Reality မှာ တည်နိုင်မယ့် ဉာဏ်အလင်းဖွင့်ပေးခြင်းဖြင့် Self-Love Frequency ကို တိုးတက်လာစေနိုင်ပါတယ်။

✨ သံသရာစက်ဝန်းနဲ့ Self-Love ရဲ့ ဆက်စပ်မှု✨

🔮 သံသရာစက်ဝန်း ဆိုတာဘာလဲ?

လူသားအားလုံးရဲ့ ဘဝတိုင်းဟာ သံသရာစက်ဝန်းထဲမှာ လည်ပတ်နေကြတာပါ။ ဒီစက်ဝန်းထဲမှာ ရှင်သန်ရမယ့် အချိန်ကာလကိုလည်း ကိုယ်တိုင် Soul Contract မှာ ရေးသားသတ်မှတ်ခဲ့ကြတာပါ။

သံသရာစက်ဝန်းတစ်ခုမှာ ကျင့်ကြံရမယ့် ကိုယ်တိုင်သတ်မှတ်ထားတဲ့ Frequency Level အတိုင်းအတာတစ်ခုကို ဖြည့်ဆည်းနိုင်တဲ့အချိန်မှာ ဒီစက်ဝန်းထဲကနေ လွတ်မြောက်နိုင်မှာပါ။

🔮 သံသရာစက်ဝန်းထဲမှာ ကျင့်ကြံနိုင်ဖို့ ဘာတွေလိုအပ်လဲ?

သံသရာစက်ဝန်းထဲမှာ ကျင့်ကြံနိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ ပါရမီ Exchange ပြုလုပ်ဖို့ လိုအပ်ပါတယ်။

ဒီခရီးတစ်လျှောက်လုံးမှာ Light Side Soul က Love Frequency ကို အဓိက ထုတ်လွှတ်ပေးရပြီး၊ Logic Soul က ဆုံးဖြတ်ချက်တွေ ချမှတ်ရပါတယ်။ Dark Side Soul တွေကတော့ Negative Frequency တွေကို အဓိက ထုတ်လွှတ်ကြပါတယ်။ ဒီ Dark Side Soul, Light Side Soul, Logic Soul တွေကို Energy Body တစ်ခုထဲမှာ စုစည်းပြီး ခန္ဓာနဲ့ ဘဝခရီးတစ်လျှောက်လုံး ကျင့်ကြံကြရတာပါ။

🔮Soul Contract Agreement တွေကို ဘာကြောင့် ပြုလုပ်ကြတာလဲ?

သံသရာစက်ဝန်းထဲမှာ ကျင့်ကြံတဲ့အခါ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို Soul Contract မှာ ရေးသားသတ်မှတ်ထားကြပါတယ်။ ဒီ Contract ထဲကနေ လုံလောက်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်မှသာ Higher Self ရဲ့ ခွင့်ပြုချက်နဲ့ Universe မှာ Agreement ပြုလုပ်နိုင်ပါတယ်။ ဒါမှသာ Soul Contract တွေကို Akashic Record မှာ မှတ်တမ်းတင်နိုင်ပြီး သံသရာခရီးမှာ ကိုယ်ရေးသားထားတဲ့ ချိတ်ဆက်မှုတွေအတိုင်း ကျင့်ကြံနိုင်မှာပါ။

💖 Self-Love ကျင့်စဉ်ကို ကျင့်ကြံခြင်းကြောင့် လောကီ၊ လောကုတ္တရာအတွက်လက်ရှိဘဝမှာ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ 💖

🎯 မိမိရဲ့ ကောင်းခြင်း၊ ဆိုးခြင်းဒွန်တွဲနေတဲ့ ဖြစ်တည်မှုကို ပကတိအတိုင်း သိမြင်နားလည်လာမယ်။

🎯 မိမိစိတ်ရဲ့ အစိတ်အပိုင်းတွေရဲ့ စိတ်ခံစားမှုတွေကို ပိုမိုသိမြင်နားလည်လာနိုင်မယ်။

🎯 Self-Love Level မြင့်လာတာနဲ့အမျှ ဝေဝါးမှုတွေကြားကနေ ရှင်းလင်းတဲ့ သုံးသပ်မှုတွေကို ရှုထောင့်မျိုးစုံကနေ ပြုလုပ်လာနိုင်မယ်။

🎯သံသရာပေါင်းများစွာက မဖြေရှင်းနိုင်ခဲ့တဲ့ စိတ်ဒဏ်ရာ (Trauma) တွေကို ကုစားနိုင်ပြီး Trauma Energy Field ကနေ ခွဲထွက်လာနိုင်မယ်။

🎯လက်ရှိဘဝမှာ ရရှိနေတဲ့ Inner Child တွေ ၊ Trauma တွေကိုလည်း လိုအပ်တဲ့ အတိုင်းအတာတစ်ခုအထိ ကုစားလာနိုင်မယ်။

🎯သဘာဝတရားရဲ့ ဖြစ်တည်မှုကို ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ ယှဉ်ပြီး ပိုမိုနားလည်သိမြင်လာနိုင်မယ်။

🎯အတိတ်ဘဝက ပုံရိပ်တွေ၊ ဇာတ်ကောင်တွေကို သုံးသပ်ရင်း သံဝေဂဉာဏ် ရရှိလာနိုင်မယ်။

🎯ကိုယ့်ရဲ့ True Self ကို လက်ခံဖို့ ကြိုးစားရင်း အကောင်းအဆိုး ဒွန်တွဲနေတဲ့ Duality သဘောတရားကို နားလည်လာနိုင်မယ်။

🎯Awareness Level မြင့်မားလာတာနဲ့အမျှ Acceptance Level ကိုလည်း မြှင့်တင်လာနိုင်မယ်။

🎯ကုသိုလ်နဲ့ အကုသိုလ်ရဲ့ သဘောတရားကို ဘက်ပေါင်းစုံကနေ ပိုမိုကောင်းမွန်စွာ သဘောပေါက်နားလည်လာနိုင်မယ်။

🎯ကိုယ့်ကိုယ်ကို စစ်မှန်တဲ့ မေတ္တာနဲ့ လက်ခံလာနိုင်တဲ့ အတိုင်းအတာအလိုက် တခြားသူတွေကိုလည်း စစ်မှန်တဲ့ မေတ္တာနဲ့ လက်ခံလာနိုင်မယ်။ စစ်မှန်တဲ့မေတ္တာနဲ့ အတုအယောင်မေတ္တာကို ခွဲခြားသိမြင်နိုင်စွမ်း ရှိလာမယ်။

🎯လွတ်မြောက်ခြင်းရဲ့ အနှစ်သာရကို သိမြင်လာပြီး သံသရာထွက်ပေါက်ကို ရောက်ရှိနိုင်ဖို့ နည်းလမ်းတွေကို သိရှိလာမယ်။

🎯သံသရာခရီးစဉ်မှာ လွဲချော်မှုတွေရှိခဲ့ရင် ပြန်လည်တည့်မတ်နိုင်ပြီး သံသရာရည်မှန်းချက်ပန်းတိုင်ဆီ ဘယ်လိုသွားရမလဲဆိုတာ သိမြင်လာနိုင်မယ်။

🎯လက်ရှိဘဝရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ ကိုယ့်ရဲ့ကိုယ်ပိုင်အမှန်တရားကို လက်ကိုင်ထားပြီး ဘဝခရီးကို တည့်မတ်စွာ ဆက်လျှောက်လှမ်းနိုင်မယ်။

🎯လက်တွေ့ဘဝမှာ ကြုံတွေ့နေရတဲ့ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို ပိုမိုသိမြင်လာနိုင်မယ်။

🎯Karmic စက်ဝန်းရဲ့ သဘောတရားကို ပိုမိုနားလည်လာပြီး ရုန်းထွက်နိုင်မယ့် နည်းလမ်းတွေကို သိရှိလာနိုင်မယ်။

🎯ဘဝခရီးလမ်းမှာ ဘယ်လိုလောကဓံပဲ ရိုက်ခတ်လာပါစေ စိတ်ရဲ့လွတ်မြောက်ခြင်းဖြင့် ကျော်ဖြတ်နိုင်ဖို့ နည်းလမ်းတွေကို သိမြင်လာမယ်။

🎯Self-Love ကို ကိုယ်ကျင့်ကြံအောင်မြင်နိုင်တဲ့ ရာခိုင်နှုန်းအတိုင်း ဘဝလမ်းကြောင်းအသစ်တွေ ထပ်မံထွက်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။


✨ Spiritual Self-Love ကျင့်စဉ်ဟာ လောကီ၊ လောကုတ္တရာမှာ ဘာကြောင့် အရေးပါတာလဲ?✨

Spiritual Self-Love ဆိုတာ ကိုယ့်ရဲ့ စိတ်ဝိညာဉ်ကိုပါ ချစ်မြတ်နိုးပြီး ပြုစုပျိုးထောင်ခြင်းဖြစ်လို့ လောကီရေးရာရော၊ လောကုတ္တရာရေးရာမှာပါ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

🔮 လောကီရေးမှာ ရှင်သန်နေတဲ့ လက်ရှိဘဝအတွက် ဘာကြောင့်အရေးပါလဲ?

လူအများစုက ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ပြင်ပအလှအပ ဒါမှမဟုတ် ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ Self-Love ဆိုတာ ကိုယ့်ရဲ့ အစိတ်အပိုင်းတွေရဲ့ အတွင်းစိတ်ကို နားလည်ပြီး လက်ခံနိုင်ခြင်းကနေ စပါတယ်။

ဒီလို ကိုယ့်ရဲ့အတွင်းစိတ်ကို နက်နက်ရှိုင်းရှိုင်း သိမြင်ပြီး ချစ်မြတ်နိုးလာတဲ့အခါမှာ…

💥 စိတ်တည်ငြိမ်မှုနဲ့ ယုံကြည်မှု တိုးလာမယ်။

✅ ဘဝရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို ပိုပြီး လက်ခံလာနိုင်လို့ စိတ်ဖိစီးမှုတွေ လျော့ကျပြီး စိတ်ဓာတ်ခွန်အား ပိုကောင်းလာပါတယ်။

💥ဆက်ဆံရေးတွေ ပိုမိုကောင်းမွန်လာမယ်။

✅ ကိုယ့်ကိုယ်ကို မှန်ကန်စွာ ချစ်တတ်လာတာနဲ့အမျှ သူတစ်ပါးကိုလည်း စစ်မှန်တဲ့မေတ္တာနဲ့ ပေးနိုင်လာပါလိမ့်မယ်။

💥 ရည်မှန်းချက်တွေ ပိုအောင်မြင်လာမယ်။

✅ ကိုယ့်ရဲ့ True Self ကို နားလည်တဲ့အတွက် ကိုယ်တကယ်လိုချင်တာကို သိလာပြီး ဘဝလမ်းကြောင်းကို မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်ပါလိမ့်မယ်။

🔮 လောကုတ္တရာ ဘဝအတွက် ဘာကြောင့်အရေးပါလဲ?

Spiritual Self-Love ကျင့်စဉ်ဟာ ကိုယ့်ရဲ့စိတ်ဝိဉာဉ် သဘာဝတရားရဲ့ ဆက်စပ်မှုကို နားလည်သဘောပေါက်စေပါတယ်။ ဒါဟာ မြင့်မြတ်တဲ့ မေတ္တာနဲ့ ကရုဏာကို ကျင့်ကြံရာမှာ အခြေခံအုတ်မြစ်ပါပဲ။

💥ဝိညာဉ်ရေးနိုးကြားမှု ရစေမယ်။

✅ ကိုယ့်ရဲ့ Inner Being နဲ့ ပြန်လည်ချိတ်ဆက်မိပြီး စိတ်ဝိညာဉ်ရေးရာ အသိဉာဏ် (Awareness) တွေ တိုးတက်လာပါလိမ့်မယ်။

💥သံသရာထွက်ပေါက်ကို ရှာဖွေနိုင်မယ့် လမ်းကြောင်းတွေ ပေါ်ပေါက်လာမယ် ။

✅ ကိုယ့်ရဲ့ Soul Contract တွေကို နားလည်ပြီး ဘဝအဆင့်ဆင့်ရဲ့ သင်ခန်းစာတွေကို သိမြင်လာတဲ့အခါ သံသရာစက်ဝန်းကနေ လွတ်မြောက်ဖို့ နည်းလမ်းတွေကို ရှာဖွေနိုင်ပါလိမ့်မယ်။

💥 မေတ္တာစစ်ကို တွေ့ရှိမယ်။

✅ ကိုယ့်ရဲ့ Negative Energy တွေကို မေတ္တာနဲ့ လက်ခံပြီး Positive Energy Field မှာ နေနိုင်အောင် ကျင့်ကြံခြင်းက မေတ္တာစစ်ကို ပေါက်ဖွားစေပါတယ်။

ဒါကြောင့် Spiritual Self-Love ကျင့်စဉ်ဟာ ကိုယ့်ရဲ့ ပစ္စုပ္ပန်ဘဝကို ပိုမိုပြည့်စုံစေရုံသာမက နောင်လာမယ့်ဘဝတွေအတွက်ပါ လွတ်မြောက်ခြင်းဆီ ဦးတည်သွားစေနိုင်တဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ တည်ရှိနေတာပဲ ဖြစ်ပါတယ်။

🌄 Self-Love ကို ကျင့်ကြံခြင်းအားဖြင့် သင့်ဘဝကို အမှန်တကယ် ပြောင်းလဲနိုင်ပြီး ပိုမိုပျော်ရွှင်ပြည့်စုံတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။ ကိုယ့်ကိုယ်ကိုရော ပတ်ဝန်းကျင်ကိုပါ ပိုမိုကောင်းမွန်တဲ့ စစ်မှန်တဲ့မေတ္တာတွေ ပေးနိုင်ကြပါစေ ။

Wenity Infinity Arts & Creations Healing
Wenity Infinity Healing Platform
Interpreciousness
Resonance Infinity



Address

Yangon
769305

Website

Alerts

Be the first to know and let us send you an email when Treasure Land posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Treasure Land:

Share