Ca Mar Kyi Specialist Clinic and Diagnostic Centre

Ca Mar Kyi Specialist Clinic and Diagnostic Centre We have practice and service according to Covid-19 protection rules and regulations standard

CMK Specialist Clinic and Diagnostic Centre is established in 3 February 2015
Our aim to open a health service is to take away patient’s worry and disease from them after taking care services from cmk clinic

ယနေ့မှာ ကျရောက်တဲ့ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) မှာ Ca Mar Kyi Specialist Clinic and Diagnostic Center Customer မ...
29/07/2026

ယနေ့မှာ ကျရောက်တဲ့
ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) မှာ
Ca Mar Kyi Specialist Clinic and Diagnostic Center Customer များအားလုံး ကျန်းမာချမ်းသာ၊ စီးပွားလာဘ်လာဘများတိုးပွားကြပါစေကြောင်း
ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

“ တုပ်ကွေး ကာကွယ် ဆေး ၊ Flu Vaccine “   ၂၀၂၆ ၊မေလမှ စတင်ပြီး ဩဂုတ် လ အထိ မြန်မာ နိုင်ငံ မှာ တုပ်ကွေး ရောဂါ ကာကွယ် ဆေးထို...
12/07/2026

“ တုပ်ကွေး ကာကွယ် ဆေး ၊ Flu Vaccine “

၂၀၂၆ ၊မေလမှ စတင်ပြီး ဩဂုတ် လ အထိ
မြန်မာ နိုင်ငံ မှာ တုပ်ကွေး ရောဂါ ကာကွယ် ဆေးထိုး နှံဖို့ အကောင်းဆုံး အချိန်ဖြစ် ပါတယ် ။

မိုး ရာသီ က စတင် လို့ ဆောင်း အကူး ကာလ မှာ ဖြစ်ပွား နိုင်တဲ့ တုပ်ကွေး ရောဂါ ကို ကာကွယ် ဖို့ ဆေး ထိုး နှံ ဖို့ ဟာ အလွန် အရေး ကြီးလှပါတယ် ။ ဘာလို့ လဲ ဆို တော့ ဖြစ်ပွါးပြီးခဲ့တဲ့ Covid-19 ရောဂါ ပျံနှံ မှု့ နဲ့ ခုချိန်ထိရောယှက် နေ တဲ့ မျိုးကွဲ post-covidအချိန်ကာလ ဖြစ်နေလို့ ပါ ဘဲ ။

တုပ်ကွေး ရောဂါဟာ မြန်မာပြည် မှာ ဖြစ်ပွား မှု့ အမြင့်ဆုံး ထဲ ပါဝင်ပြီး ၊ သေဆုံးနှုန်း မြင့် မား တဲ့ ရောဂါတမျိုး လည်း ဖြစ်ပါတယ်။ တချို့ နှစ်တွေ မှာ ပိုမို ပြင်း ထန်တတ်လို့ ကြိုတင် ကာကွယ် ထားခြင်း ဟာ အရေးကြီးလှ ပြီး ၊ ဒီနှစ် မှာ ရောဂါပြင်းထန်မလား ၊မပြင်းထန် ဘူးလား ကို ကြိုတင်မခန့်မှန်း နိုင် ကြပါဘူး။

မေးစရာရှိတာက ဒီလို post- Covid ပျံနှံနေစဲအချိန်မှာ တုပ်ကွေး ကာကွယ်ဆေး ထိုးနှံ သင့်သလား ဆိုတာ ပါဘဲ။ လို ကို လို အပ်ပါတယ် ။ ဒီနှစ် မှာ အထူးလို အပ်တယ် လို့ ပြောပါရစေ။ ဒါကြောင့် လည်း ဆေးရုံ၊ဆေးခန်းတွေ၊ ဒေသန္တရ ကျန်းမာရေး ဆေးခန်းတွေ မှာ ထိုးနှံဖို့ ကြိုတင် ပြင်ဆင်နေကြ ပါပြီ။
ကြိုတင် ထိုးနှံ ခြင်းကြောင့် တုပ်ကွေး ရောဂါက ကာကွယ်နိုင် သလို။
တုပ်ကွေးဖြစ် ပွားလို့ အချိန်ကုန် လူပမ်းခြင်း၊အလုပ်ပျက်ခြင်း၊ မလို အပ် ဘဲ ဆေးရုံ ၊ဆေးခန်း သွားရခြင်းကြောင့် တခြားရော ဂါ များကူးဆက် လာနိုင်ခြင်း၊
အဆိုးဆုံးကတော့ အခုလို ဖြစ် ပွားနေတဲ့ မျိုးကွဲ Covid ရဲ့ ရောဂါ လက္ခဏာများဟာ ရာသီ တုပ်ကွေးလက္ခဏာများနဲ့ ဆင်တူနေတာမို့
မိမိ ကိုယ်တိုင် သံသယပွားစေနိုင်တဲ့လအပြင် ၊ သွားရောက် ပြသလို့ သီးခြား ခွဲထား ခံခဲ့ ရလျှင် ရှုပ်ထွေးသော လူမှု့ဒုက္ခများ ခံစားရနိုင် လို့ ကာကွယ်ဆေး ထိုးကို ထိုး ထားသင့် ကြောင်း ပြောပါရစေ။

တုပ်ကွေးရောဂါ ဟာ တနှစ်တခါ ထိုးနှံ ရတာဖြစ်လို့ နှစ်စဉ် အဆက်မပြတ် ထိုးနှံ ခြင်း ဖြင့် ကာကွယ် ရမှာဖြစ်ပါတယ် ။
ထိုးနှံတဲ့အခါမှာလဲ ဆေးထိုးပြီး ၁၄ ရက်ကြာမှ
သာ ဆေး အာနိသင်အပြည့် အဝရရှိနိုင်တာမို့ ကိုယ်ခန္တာ အတွင်း ကာကွယ် မှု့ စွမ်းရည်အပြည့် အဝရရှိဖို့ တုပ်ကွေး ရာသီဖြစ်တဲ့ မိုးရာသီမစခင် ထိုးနှံခြင်းဟာ အသင့်တော်ဆုံးဖြစ်ပါတယ်။

ဒီနှစ်အတွက်တော့ တုပ်ကွေးဗိုင်းရပ် ၄ မျိုးကို ခု ခံကာကွယ် နိုင်မည့် ကာကွယ် ဆေး vaccine မျိုး ကို WHO အဖွဲ့အစည်း မှ ထိုးနှံဖို့ ထောက်ခံ အကြံပြု ထားတာတွေ့ရပြီး ထိုကာကွယ် ဆေးမှ Influenza A ( တုပ်ကွေး A)H1N1 နဲ H3N2 အမျိုးအစား ၂ မျိုး နဲ့ Influenza B( တုပ်ကွေး B ) အမျိုး အစား၂ မျိုး ကို ကာကွယ် နိုင်မှာ​ဖြစ်ပါတယ်။

တိတိကျကျ ဆိုရင် တော့ ( 2025 Vaccine Program ) မှာ အောက်ပါ ဗိုင်းရပ်များ ကိုကာကွယ်နိုင်ပါတယ် ။
# A/ Bribane/02/2018 (H1 N1) pdm09 ကဲ့သို့သော virus
# A/ South Australia /34/2019 (H3N2) ကဲ့သို့သော Virus
# B/ Washington/02/2019 (B/ Victoria lineage) virus
# B/ Phuket/3073/2013-Like (B/ Yamagato lineage) virus.

ကာကွယ်ဆေး အနေနဲ့ ကတော့ ၂၀၂၅ခုနှစ် အတွက် WHO ရဲ့ ထောက်ခံချက်ရရှိပြီးထိုးနှံ စေလို တဲ့ ကာကွယ်ဆေး flu vaccine များကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

၁။ FluQuadri 0.5ml ကာကွယ်ဆေး အသက် ၆လ အထက် ၊
၂။ Fluarix Tetra 0.5ml ကာကွယ်ဆေး အသက် ၆ လ အထက်၊
၃။ Vaxigrip Tetra 0.5ml ကာကွယ်ဆေး အသက် ၆လ အထက်
၄။ Afluria Quad 0.5ml ကာကွယ် ဆေး အသက် ၅ နှစ် အထက်
၅။ Fluad Quad 0.5ml ကာကွယ် ဆေး ကို ၆၅ နှစ် နှင့် အထက် အတွက် အသီးသီး ထုတ်လုပ် ထား တာမို့ မိမိ ကြိုက် နှစ်သက် တဲ့ ကာကွယ်ဆေး Vaccine ကို ထိုး နှံ နိုင် ပြီး အကာအကွယ် ယူ ထား သင့် ပါကြောင်း အသိပေး မျှဝေလိုက် ပါတယ် ။

ကာကွယ် ခြင်းဟာ ကုသခြင်းထက် ကောင်းတာမို့ ဒီနှစ် မှာ တုပ်ကွေး ကာကွယ်ဆေး ကို ထိုးနှံကြဖို့ အသိပေးတဲ့ ဒီစာလေး ကို ထပ် မံ ရှယ်ပေး ဖို့ တောင်း ဆို ပါ ရစေ။

အထက်ပါကာကွယ်ဆေးများထဲမှ
ပြင်သစ်နိုင်ငံ Snofi Pasteur မှထုတ်လုပ်သော
Vaxigrip Tetra 0.5ml ကာကွယ်ဆေးကို
ကမာကြည်အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာတွင်ထိုးနှံနိုင်ပါပြီ

CA MAR KYI SPECIALIST CLINIC& DIAGNOSTIC CENTER
111/3, Thanthumar Road, Thuwana 29 ward, Thingangyun Tsp., Yamgon
Pls. Contact ph; 09445464063, 09283833678

☘️ရာသီတုတ်ကွေး ကာကွယ်ဆေး☘️ဆေးခန်းတွင် Vaxigrip Tetra ရာသီ တုတ်ကွေး ကာကွယ်ဆေးထိုးရန်အတွက် စုံစမ်း စာရင်းပေးနိုင်ပါပြီ။☘️မ...
23/05/2026

☘️ရာသီတုတ်ကွေး ကာကွယ်ဆေး☘️

ဆေးခန်းတွင် Vaxigrip Tetra ရာသီ တုတ်ကွေး ကာကွယ်ဆေးထိုးရန်အတွက် စုံစမ်း စာရင်းပေးနိုင်ပါပြီ။

☘️မိုးရာသီ မှာ အဖြစ်များတဲ့ ရာသီတုတ်ကွေးရောဂါအတွက် မိုးရာသီ မရောက်ခင်မှစ၍ ကာကွယ်ဆေး ကြိုတင် ထိုးထားသင့်ပါသည်။

☘️ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးကို အသက်(၆)လအထက်မှ စတင်၍ထိုးနှံနိုင်ပါသည်။

☘️အထူးသဖြင့်

- ကိုယ်ဝန်ဆောင်မိခင်များ
- အသက်(၆) လမှ(၅)နှစ်အထိကလေးများ
- သက်ကြီးရွယ်အိုများ (အသက် (၆၅)နှစ်အထက်)
- နာတာရှည်ရောဂါရှိသူများ (ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစသည်တို့)
- ကျန်းမာရေးဝန်ထမ်းများ မှာ ကာကွယ်ဆေး ထိုးထားရန် ပို၍ လိုအပ်ပါသည်။

☘️အသက် ၉ နှစ်အောက် ကလေးငယ်များ
👌ပထမ တစ်ကြိမ် ထိုးနှံပြီးပါက တစ်ကြိမ်သာ ထပ်ထိုးရန် လိုအပ်ပါသည်...
👌တစ်ကြိမ်မျှ မထိုးနှံရသေးပါက ပထမ တစ်လုံး ထိုးပြီး (၁) လ အကြာတွင် ဒုတိယအကြိမ် ထပ်မံထိုးရန် လိုအပ်ပါသည်။

👌အသက် ၉ နှစ်အထက် ဖြစ်ပါက တစ်ကြိမ် သာ ထိုးရန် လိုအပ်ပါသည်။

☘️"ကမာကြည်အထူးကုဆေးခန်း" တွင် Vaxigrip Tetra ဆေးများ ကို cold chain စိတ်ချ ယုံကြည်စွာဖြင့် ထိုးနှံနိုင်ပါသည်။

☘️စုံစမ်းမေးမြန်းလိုပါက Phone - 09445464063 / 09253833678 သို့ ဆက်သွယ်ပေးပါရန်။

ဆေးခန်း လိပ်စာ- အမှတ် ၁၁၁/၃, သံသုမာလမ်းမ, သုဝဏ ၂၉ ရပ်ကွက်, မီးဒုံးလမ်းထိပ်, သင်္ဃန်းကျွန်းမြို့နယ်, ရန်ကုန်။

🍀Happy Thadingyut Festival!🍀🌿May the lights of Thadingyut brighten your path with peace, happiness, and prosperity🌹
05/10/2025

🍀Happy Thadingyut Festival!🍀

🌿May the lights of Thadingyut brighten your path with peace, happiness, and prosperity🌹

Seasonal flu viruses spread more easily in the "cold season" because the influenza virus's protective outer layer become...
29/09/2025

Seasonal flu viruses spread more easily in the
"cold season" because the influenza virus's protective outer layer becomes more stable in cold, dry conditions,
and people spend more time indoors,
increasing close contact and transmission.
Cold weather also dries nasal passages, weakening the immune system's natural defenses against viruses.
This combination of factors—virus stability,
increased human-to-human contact indoors,
and weakened individual defenses—creates conditions ripe for the flu to spread more effectively.

08/08/2025

မေတ္တာအခါတော်နေ့
ကျန်းမာချမ်းသာကြပါစေ🙏

လမြတ်ဝါဆို🙏🙏🙏သိဒ္ဓတ္ထမင်းသားသည် ကဆုန်လပြည့်နေ့တွင် ဥရုဝေလတော နေရဉ္ဇရာ မြစ်ကမ်းပါးအနီး ဗောဓိပင်ရင်း၌ သဗ္ဗညုတဘုရားအဖြစ်သို...
09/07/2025

လမြတ်ဝါဆို🙏🙏🙏

သိဒ္ဓတ္ထမင်းသားသည် ကဆုန်လပြည့်နေ့တွင် ဥရုဝေလတော နေရဉ္ဇရာ မြစ်ကမ်းပါးအနီး ဗောဓိပင်ရင်း၌ သဗ္ဗညုတဘုရားအဖြစ်သို့ ရောက်တော်မူသည်။ နယုန်လတွင် ရောဟိဏီမြစ်ရေကို အဝေမသင့်သဖြင့် နှစ်ပြည်ထောင်သားတို့ အချင်းများပဋိပက္ခဖြစ်ကြရာ မြတ်စွာဘုရားရှင် ကြွရောက်တော်မူလာကာ ရန်ပြေ-မာန်ပြေတရားကိုဟောတော်မူသဖြင့် လက်နက်များစွန့်လွှတ်၍ ငြိမ်းအေးသွားကြလေသည်။

ဝါဆိုလပြည့်နေ့သို့ရောက်သောအခါ ဣသိပတနမိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရားဟောတော်မူသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်အပေါင်း တို့သည် ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့ဟု သတ်မှတ်ကြသည်။ ဝါဆိုလ သည် ပဉ္စင်းတော်ခံပွဲတော်နေ့ဖြစ်သည့်အပြင် ဓမ္မစကြာအခါတော်နေ့လည်း ဖြစ်သည်။ ဝါဆိုလပြည့်နေ့သည် အခြားသောလများထက် ဘာသာရေးအရ အရေးပါသော ထူးခြားဖြစ်စဉ်များကို နှလုံးသွင်းဆင်ခြင်ကြည်ညိုသူတိုင်း ကုသိုလ်တိုးပွား ကောင်းကျိုးများစေသည့် ထူးမြတ်သည့်နေ့ဖြစ်သည်။

ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များမှာ မယ်တော်မာယာ၏ ဝမ်းကြာတိုက်၌ ဘုရားလောင်းသိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူသောနေ့၊ သိဒ္ဓတ္ထမင်းသားတောထွက် တော်မူသောနေ့၊ ဘုရားဖြစ်တော်မူပြီး ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ ဘုရားဖြစ်ပြီဟု ရဲဝံ့စွာကြေညာသောနေ့၊ တရားရတနာ စတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့၊ ဧဟိဘိက္ခုဟူသော မြတ်ဗုဒ္ဓ၏ ဗျာဒိတ်တော်ရ ရဟန်းစတင်ပေါ်ထွန်းသောနေ့၊ ခုနစ်ဝါမြောက် ဝါဆိုတော်မူရင်း အဘိဓမ္မာ တရားဟောကြားရန်အတွက် တာဝတိံသာနတ်ပြည်သို့ကြွတော်မူစဉ် ရေမီးအစုံဖြင့် တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့တို့ဖြစ်၍ ဝါဆိုလပြည့်နေ့တွင် သဒ္ဓါပေါက် ရာ နှလုံးသွင်း၍ မြတ်ဗုဒ္ဓကို အာရုံပြုကြည်ညိုနိုင်ကြပါသည်။

ဝါဆိုလပြည့်နေ့၏ အနှစ်သာရမှာ ဓမ္မစကြာတရားဖြစ်ပါသည်။ ဓမ္မစကြာတရား၏ မြစ်ဖျားခံရာသည် သစ္စာလေးပါးအမြတ်တရားဖြစ်ပါသည်။ သစ္စာလေးပါး အမှန်တရားအချုပ်မှာ (၁) ဒုက္ခသစ္စာ၊ (၂) သမုဒယသစ္စာ၊ (၃) နိရောဓသစ္စာနှင့် (၄) မဂ္ဂသစ္စာတို့ဖြစ်ပါသည်။ ယင်းတို့ကို အရိယသစ္စာဟုလည်း ခေါ်ပါသည်။ သစ္စာလေးပါးနှင့် ပတ်သက်၍ ရှင်းလင်းစွာသိမြင်နိုင်ရန် အနာရောဂါကို စစ်ဆေးသော အင်္ဂါလေးပါးအလိုအရ (၁) အနာရောဂါ၊ (၂) အနာရောဂါဖြစ်ခြင်းအကြောင်း၊ (၃) အနာရောဂါပျောက်ခြင်း၊ (၄) ကုသသောဆေးဝါးတို့ဖြစ်သည်။ ထို့အတူ ဒဿနကျမ်းအလိုအရ (၁) ဒုက္ခ၊ (၂) ဒုက္ခ၏အကြောင်း၊ (၃) ဒုက္ခကင်းခြင်း၊ (၄) ဒုက္ခကင်းရန် နည်းလမ်းတို့ဖြစ်ပါသည်။ နည်းစဉ်တို့ကိုဆင်ခြင်၍ အမှန်တကယ်တွင် သံသရာမှ လွတ်မြောက်ရေးသည် အချုပ်ဖြစ်ပါသည်။

ကုသိုလ်အားဖြင့်အလို့ငှာ ဝါဆိုလပြည့်နေ့တွင် မြတ်စွာဘုရားရှင်၏ ထူးမြတ်သောဖြစ်တော်စဉ်များကို အာရုံပြု၍ သင့်လျော်ရာ၊ စိတ်အားထက်သန်ရာ ကောင်းမှုကုသိုလ်များကို ပွားများအားထုတ်ကြရန် နှိုးဆော်အပ်ပါသည်။ ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ သံသရာမှလွတ်မြောက်ရန်အလို့ငှာ မြတ်စွာဘုရားရှင် ဟောကြားတော် မူသည့် သစ္စာလေးပါးအမြတ်တရားကို အလေးအနက်ဆင်ခြင်၍ ဉာဏ်အလင်း ပေါက်အောင် အားထုတ်ကြဖို့လိုပါသည်။ ဒုက္ခ၊ သုခရောပြွမ်းနေသော သံသရာတွင် ဒုက္ခဆင်းရဲအပေါင်းတို့သည် ထူထဲစွာရှိနေသဖြင့် ဒုက္ခမှလွတ်ငြိမ်းအောင် ကြိုးပမ်းအားထုတ်ကြဖို့လိုပါသည်။

ဝါဆိုလပြည့်နေ့သည် မြတ်ဗုဒ္ဓဖြစ်စဉ်နှင့် ထေရဝါဒဗုဒ္ဓသာသနာဝင်သမိုင်းတွင် အထူးခြားဆုံးလဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် ဝါဆိုလ၏အစဉ်အလာ ပဉ္စင်းတော်ခံပွဲထက် ဓမ္မစကြာအခါတော်နေ့များက ပိုမိုထင်ရှားအောင်မြင်လာပါ သည်။ အကြောင်းမှာ ဗုဒ္ဓဘာသာဝင် ကျား၊ မ၊ ကြီး၊ ငယ်မရွေးပါဝင်ကြသည့် ဓမ္မစကြာဝတ်အသင်းများ၏ စွမ်းဆောင်မှု သဒ္ဓါတရားထက်သန်မှုကြောင့်ဟု ဆိုချင်ပါသည်။ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင်သာမက ဝါတွင်းသုံးလ ဥပုသ်နေ့တိုင်း ဘုရား၊ စေတီရင်ပြင်တို့၌ ဓမ္မစကြာတရားတော်ကို ဝတ်အသင်းသူ အသင်းသားတို့ ရွတ်ဖတ်ပူဇော်မှုများ များလာသည်ကို တွေ့ရသည်။ မြန်မာပြည်တစ်ဝန်း၌ ဓမ္မစကြာဝတ်အသင်း၊ ပဋ္ဌာန်းဝတ်အသင်းရှိလာကြသည်မှာ နိုင်ငံအတွက် ကောင်းသောလက္ခဏာများ ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုလျှင် မြတ်စွာဘုရားရှင်သည် အသက်ကြီးသောဝေရဉ္စာ ပုဏ္ဏားကြီးအား “ကြက်တင်းတစ်ခု၌ နောက်ဆုံးဥသည့် ဥခွံမှအလျင်ဖောက်ထွက် လာသကဲ့သို့ ငါသည်လည်း အဝိဇ္ဇာဥခွံမှ ရှေးဦးစွာ လွတ်မြောက်၍ အလင်းသို့ ရောက်ခဲ့သည်”ဟူ၍ မိန့်ကြားတော်မူခဲ့သည်ကို ဆင်ခြင်ကာ ကျွန်ုပ်တို့သည် ဤဝါဆိုလ၌ ဓမ္မစကြာတရားဒေသနာများကို နာကြားကြပြီး ဉာဏ်အလင်းရောင်ရရန် ကြိုးစားအားထုတ်ကြဖို့ နှိုးဆော်
အပ်ပါသည်။

သတ္တဝါဟူသမျှအေးချမ်းကြပါစေ
ကမာကြည်အထူးကုဆေးခန်းမိသားစု

Covid19 Vs. Flu  Vs. Common Coldသာမန်အအေးမိခြင်း၊ နှာစေး၊ချောင်းဆိုးခြင်းတွေဟာ ရာသီအကူးအပြောင်းမှာ လူတွေမှာဖြစ်နေကျ ရောဂ...
09/06/2025

Covid19 Vs. Flu Vs. Common Cold

သာမန်အအေးမိခြင်း၊ နှာစေး၊ချောင်းဆိုးခြင်းတွေဟာ
ရာသီအကူးအပြောင်းမှာ လူတွေမှာဖြစ်နေကျ ရောဂါတစ်ခုပါ

ခုလို မိုးဦးစမှာဆိုလဲ တုတ်ကွေးရောဂါဖြစ်တတ်ပါတယ်

covid 19 ကတော့ ဒါတွေနဲ့မတူပဲ ကွဲပြားတတ်ပါတယ်

ခုချိန်နေမကောင်းဖြစ်ခဲ့ရင်

normal catching cold?
seasonal flu?
covid 19?
လားဆိုတာကိုကျွမ်းကျင်တဲ့ ဆရာဝန်များနဲ့တိုင်ပင်
ကုသနိုင်အောင် ကမာကြည်ဆေးခန်းကို
ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေ

အတွေ့အကြုံရှိတဲ့ Medical Officer
မနက် ၉ နာရီမှ ညနေ ၅ နာရီထိရှိပါတယ်
အထူးကုဆရာဝန်ကြီးများ သူ့နေ့အလိုက်ထိုင်ပါတယ်

ဆေးဝါးစုံလင်စွာနဲ့
Digital Xray
Mindray Modern Ultrasound
Diagnostic Laboratory
ကျွမ်းကျင်တဲ့သူနာပြုများနဲ့

အကောင်းဆုံးနွေးထွေးစွာတိုင်ပင်နိုင်ပါပြီ
တုတ်ကွေးကာကွယ်ဆေးထိုးချင်ရင်လဲ hello လုပ်လိုက်နော်

"ကမာကြည်နဲ့ဆိုကျန်းမာပြီ"

မေလ ရဲ့မှတ်တိုင်တစ်ခု စိုက်ထူခြင်း 💪💪 13.5.2025 DC30 FullHD Color Doppler Ultrasound  Installation and Application finis...
14/05/2025

မေလ ရဲ့မှတ်တိုင်တစ်ခု စိုက်ထူခြင်း 💪💪 13.5.2025
DC30 FullHD Color Doppler Ultrasound
Installation and Application finished

DR System မှစလို့ Ultrasound ကိုလဲ ယုံကြည်စွာ ထပ်မံ ဝယ်ယူအားပေးသော လေးစားချစ်ခင်ရတဲ့ ကမာကြည်အထူးကုဆေးခန်းရဲ့ CEO အမ နွေမိုးအောင် ကို ညီမတို့ ABMT Myanmar Med Team မှ တန်ဖိုးထား ကျေးဇူးတင်ပါတယ်နော်မ 🥰

ကမာကြည် အထူးကုဆေးခန်း
သံသုမာလမ်းမကြီး ,သဃ်ာန်းကျွန်း တွင်
Mindray DC 30FullHD Color Doppler Ultrasound စက်သစ်ဖြင့် Medical Check Up လုပ်ဆောင်နိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ရှင်..

“ တုပ်ကွေး ကာကွယ် ဆေး ၊ Flu Vaccine “   ၂၀၂၅ ၊မေလမှ စတင်ပြီး ဩဂုတ် လ အထိ မြန်မာ နိုင်ငံ မှာ တုပ်ကွေး ရောဂါ ကာကွယ် ဆေးထို...
10/05/2025

“ တုပ်ကွေး ကာကွယ် ဆေး ၊ Flu Vaccine “

၂၀၂၅ ၊မေလမှ စတင်ပြီး ဩဂုတ် လ အထိ
မြန်မာ နိုင်ငံ မှာ တုပ်ကွေး ရောဂါ ကာကွယ် ဆေးထိုး နှံဖို့ အကောင်းဆုံး အချိန်ဖြစ် ပါတယ် ။

မိုး ရာသီ က စတင် လို့ ဆောင်း အကူး ကာလ မှာ ဖြစ်ပွား နိုင်တဲ့ တုပ်ကွေး ရောဂါ ကို ကာကွယ် ဖို့ ဆေး ထိုး နှံ ဖို့ ဟာ အလွန် အရေး ကြီးလှပါတယ် ။ ဘာလို့ လဲ ဆို တော့ ယခုဖြစ်ပွား နေတဲ့ Covid-19 ရောဂါ ပျံနှံ မှု့ နဲ့ ခုချိန်ထိရောယှက် နေ တဲ့ အချိန်ကာလ ဖြစ်နေလို့ ပါ ဘဲ ။

တုပ်ကွေး ရောဂါဟာ မြန်မာပြည် မှာ ဖြစ်ပွား မှု့ အမြင့်ဆုံး ထဲ ပါဝင်ပြီး ၊ သေဆုံးနှုန်း မြင့် မား တဲ့ ရောဂါတမျိုး လည်း ဖြစ်ပါတယ်။ တချို့ နှစ်တွေ မှာ ပိုမို ပြင်း ထန်တတ်လို့ ကြိုတင် ကာကွယ် ထားခြင်း ဟာ အရေးကြီးလှ ပြီး ၊ ဒီနှစ် မှာ ရောဂါပြင်းထန်မလား ၊မပြင်းထန် ဘူးလား ကို ကြိုတင်မခန့်မှန်း နိုင် ကြပါဘူး။

မေးစရာရှိတာက ဒီလို Covid -19 ပျံနှံနေစဲအချိန်မှာ တုပ်ကွေး ကာကွယ်ဆေး ထိုးနှံ သင့်သလား ဆိုတာ ပါဘဲ။ လို ကို လို အပ်ပါတယ် ။ ဒီနှစ် မှာ အထူးလို အပ်တယ် လို့ ပြောပါရစေ။ ဒါကြောင့် လည်း ဆေးရုံ၊ဆေးခန်းတွေ၊ ဒေသန္တရ ကျန်းမာရေး ဆေးခန်းတွေ မှာ ထိုးနှံဖို့ ကြိုတင် ပြင်ဆင်နေကြ ပါပြီ။
ကြိုတင် ထိုးနှံ ခြင်းကြောင့် တုပ်ကွေး ရောဂါက ကာကွယ်နိုင် သလို။
တုပ်ကွေးဖြစ် ပွားလို့ အချိန်ကုန် လူပမ်းခြင်း၊အလုပ်ပျက်ခြင်း၊ မလို အပ် ဘဲ ဆေးရုံ ၊ဆေးခန်း သွားရခြင်းကြောင့် တခြားရော ဂါ များကူးဆက် လာနိုင်ခြင်း၊
အဆိုးဆုံးကတော့ အခုလို ဖြစ် ပွားနေတဲ့ Covid 19 ရဲ့ ရောဂါ လက္ခဏာများဟာ ရာသီ တုပ်ကွေးလက္ခဏာများနဲ့ ဆင်တူနေတာမို့
မိမိ ကိုယ်တိုင် သံသယပွားစေနိုင်တဲ့လအပြင် ၊ သွားရောက် ပြသလို့ သီးခြား ခွဲထား ခံခဲ့ ရလျှင် ရှုပ်ထွေးသော လူမှု့ဒုက္ခများ ခံစားရနိုင် လို့ ကာကွယ်ဆေး ထိုးကို ထိုး ထားသင့် ကြောင်း ပြောပါရစေ။

တုပ်ကွေးရောဂါ ဟာ တနှစ်တခါ ထိုးနှံ ရတာဖြစ်လို့ နှစ်စဉ် အဆက်မပြတ် ထိုးနှံ ခြင်း ဖြင့် ကာကွယ် ရမှာဖြစ်ပါတယ် ။
ထိုးနှံတဲ့အခါမှာလဲ ဆေးထိုးပြီး ၁၄ ရက်ကြာမှ
သာ ဆေး အာနိသင်အပြည့် အဝရရှိနိုင်တာမို့ ကိုယ်ခန္တာ အတွင်း ကာကွယ် မှု့ စွမ်းရည်အပြည့် အဝရရှိဖို့ တုပ်ကွေး ရာသီဖြစ်တဲ့ မိုးရာသီမစခင် ထိုးနှံခြင်းဟာ အသင့်တော်ဆုံးဖြစ်ပါတယ်။

ဒီနှစ်အတွက်တော့ တုပ်ကွေးဗိုင်းရပ် ၄ မျိုးကို ခု ခံကာကွယ် နိုင်မည့် ကာကွယ် ဆေး vaccine မျိုး ကို WHO အဖွဲ့အစည်း မှ ထိုးနှံဖို့ ထောက်ခံ အကြံပြု ထားတာတွေ့ရပြီး ထိုကာကွယ် ဆေးမှ Influenza A ( တုပ်ကွေး A)H1N1 နဲ H3N2 အမျိုးအစား ၂ မျိုး နဲ့ Influenza B( တုပ်ကွေး B ) အမျိုး အစား၂ မျိုး ကို ကာကွယ် နိုင်မှာ​ဖြစ်ပါတယ်။

တိတိကျကျ ဆိုရင် တော့ ( 2025 Vaccine Program ) မှာ အောက်ပါ ဗိုင်းရပ်များ ကိုကာကွယ်နိုင်ပါတယ် ။
# A/ Bribane/02/2018 (H1 N1) pdm09 ကဲ့သို့သော virus
# A/ South Australia /34/2019 (H3N2) ကဲ့သို့သော Virus
# B/ Washington/02/2019 (B/ Victoria lineage) virus
# B/ Phuket/3073/2013-Like (B/ Yamagato lineage) virus.

ကာကွယ်ဆေး အနေနဲ့ ကတော့ ၂၀၂၅ခုနှစ် အတွက် WHO ရဲ့ ထောက်ခံချက်ရရှိပြီးထိုးနှံ စေလို တဲ့ ကာကွယ်ဆေး flu vaccine များကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

၁။ FluQuadri 0.5ml ကာကွယ်ဆေး အသက် ၆လ အထက် ၊
၂။ Fluarix Tetra 0.5ml ကာကွယ်ဆေး အသက် ၆ လ အထက်၊
၃။ Vaxigrip Tetra 0.5ml ကာကွယ်ဆေး အသက် ၆လ အထက်
၄။ Afluria Quad 0.5ml ကာကွယ် ဆေး အသက် ၅ နှစ် အထက်
၅။ Fluad Quad 0.5ml ကာကွယ် ဆေး ကို ၆၅ နှစ် နှင့် အထက် အတွက် အသီးသီး ထုတ်လုပ် ထား တာမို့ မိမိ ကြိုက် နှစ်သက် တဲ့ ကာကွယ်ဆေး Vaccine ကို ထိုး နှံ နိုင် ပြီး အကာအကွယ် ယူ ထား သင့် ပါကြောင်း အသိပေး မျှဝေလိုက် ပါတယ် ။

ကာကွယ် ခြင်းဟာ ကုသခြင်းထက် ကောင်းတာမို့ ဒီနှစ် မှာ တုပ်ကွေး ကာကွယ်ဆေး ကို ထိုးနှံကြဖို့ အသိပေးတဲ့ ဒီစာလေး ကို ထပ် မံ ရှယ်ပေး ဖို့ တောင်း ဆို ပါ ရစေ။

အထက်ပါကာကွယ်ဆေးများထဲမှ
ပြင်သစ်နိုင်ငံ Snofi Pasteur မှထုတ်လုပ်သော
Vaxigrip Tetra 0.5ml ကာကွယ်ဆေးကို
ကမာကြည်အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာတွင်ထိုးနှံနိုင်ပါပြီ
CA MAR KYI SPECIALIST CLINIC& DIAGNOSTIC CENTER
111/3, Thanthumar Road, Thuwana 29 ward, Thingangyun Tsp., Yamgon
Pls. Contact ph; 09445464063, 09283833678

Address

111/3, ThanThuMar Road
Yangon
11072

Alerts

Be the first to know and let us send you an email when Ca Mar Kyi Specialist Clinic and Diagnostic Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ca Mar Kyi Specialist Clinic and Diagnostic Centre:

Shortcuts

Share