22/07/2026
ဆံပင်မခြောက်ဘဲ အိပ်ယာမဝင်နဲ့ …
ဆံပင်ရေစိုကြီးနဲ့ အိပ်ယာမဝင်သင့်ပါဘူး .. ❌❌❌❌
တကယ်လို့သင်က ခေါင်းမခြောက်သေးဘဲ အိပ်လိုက်တယ်ဆိုရင်တော့ ဒီပြဿနာတွေ ဖြစ်လာနိုင်ပါတယ်နော် ....👇👇
ဗောက်
- ဆံပင်ရေစိုကြီးနဲ့ အိပ်ရာဝင်လိုက်မယ်ဆိုရင် အစိုဓါတ်က ဘက်တီးရီးယားတွေ များစွာပေါက်ပွားလာနိုင်တာမို့ ဗောက်ဖြစ်လာနိုင်ပါတယ်
အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ
- ခေါင်းအုံးစွပ်မှာ မှိုနဲ့ ဘက်တီးရီးယားတွေ ရှိနေနိုင်တာမို့ အစိုဓါတ်ကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အားဖြည့်ပေးတာမျိုး ဖြစ်သွားနိုင်ပါတယ်။ အဲကမှ တစ်ဆင့် အသက်ရှုလမ်းကြောင်းကို ပြဿနာဖြစ်စေနိုင်ပါတယ်
ဝက်ခြံ
- အဲဒီ အစိုဓါတ်ကြောင့် မျက်နှာမှာ ဝက်ခြံတွေလည်း ပွားနိုင်ပါတယ်။ ဘက်တီးရီးယားပေါက်ဖွားမှု မရှိစေဖို့ ခေါင်းအုံးစွပ်တွေကို လဲဖို့လည်း မမေ့ပါနဲ့
ဦးရေပြားမှာ အနာဖြစ်ခြင်း
- အစိုဓါတ်က ခေါင်းထဲမှာကျန်နေသေးပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားနေတာကြောင့် ဆံပင်တွေကို အကွက်လိုက်ကျွတ်စေတဲ့ ဦးရေပြားဆိုင်ရာ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။
ခေါင်းကိုက်စေခြင်း
- ဆံသားနဲ့ ခန္ဓာကိုယ်အပူချိန် မညီမျှခြင်းကြောင့် ခေါင်းအုံခြင်း ခေါင်းကိုက်ခြင်းများ ခံစားရနိုင်ပါတယ်။
ယားယံခြင်း
-ရေမခြောက်ဘဲ အိပ်စက်တဲ့အခါ ဦးရေပြားမှာ မှိုပိုးတွေပေါက်ဖွားမှုဖြစ်ပြီး ဗောက်ဖြစ်တာ အပါအဝင် အခြားသောဦးရေပြားကို ယားယံစေခြင်းအပြင် အကြောင်းရှာမရဘဲ ယားယံတာတွေလည်းဖြစ်စေပါတယ်
ဆံသားမွဲခြောက် အရောင်ပြောင်းခြင်း
- ရေမခြောက်တာကြောင့် ဆံသားတွေကြွပ်ဆတ်ပြီး ခြောက်ဖွာလာနိုင်ပါတယ်
အချုပ်အားဖြင့်ဆိုရသော် ခေါင်းလျှော်ပြီး ဆံပင်မခြောက်ဘဲ ထားခြင်းက ဆံသားနဲ့ ဦးရေပြားအတွက် ဆိုးကျိုးတွေသာပိုများတာကြောင့် ခြောက်အောင်သုတ်ကြပါ။
အအေး dryer မှုတ်ပြီးလည်း ဆံသားခြောက်အောင်လုပ်လို့ရပါတယ် ..
ကဲ ကျန်းမာလှပသန်စွမ်းတောက်ပ နိုင်ကြပါစေနော် ...
OHC ချစ်သောလေးတို့ရေ ...