26/11/2025
FYI 🤗
Scrub တိုက်ပြီးရင် whitening lotion မလိမ်းရဘူးဆိုတဲ့ပြဿနာ။
ဒီစကားက ဘယ်သူ့ဆီကနေ ဘယ်လိုပြန့်ပြီး user တွေကြား ဒီလောက်ထိပွထသွားလဲ မသိပေမဲ့၊ သေချာတာကတော့ fact ကိုအခြေမခံထားတဲ့ ယုံတမ်းစကားတစ်ခုပဲ။
Scrub တိုက်ပြီးလည်း whitening lotion လိမ်းလို့ရတယ်လို့ ဂျူလီအမြဲတမ်းပြောပေမဲ့၊ ဘာကြောင့်လိမ်းလို့ရတယ်ဆိုတာ တစ်ခါမှအကျယ်မရှင်းပြဖူးဘူး။ ဒါကြောင့် ဒီကနေ့ အကျယ်ရှင်းပြပေးမယ်။
အရင်ဆုံး scrub တိုက်တယ်ဆိုတာ ခန္ဓာကိုယ်အသားအရေကို exfoliation လုပ်ပေးတာပဲ။ ပိုတိတိကျကျပြောရရင် physical exfoliation ။ exfoliation မှာက AHA,BHA လို acids တွေကိုသုံးတဲ့ chemical exfoliation နဲ့ scrub,peeling gel တွေကိုအသုံးပြုတဲ့ physical exfoliation ဆိုပြီး ၂ မျိုးရှိတယ်။
Scrub တိုက်ပြီးရင် whitening lotion မလိမ်းရဘူးဆိုတာမှန်တယ်။ ဒါပေမဲ့ သူမှန်တာက အသားအရေကို လုံးဝ ချွတ်ဆေးသုံးထားသလိုဖြစ်နိုင်တဲ့ mercury ,lead ပါတဲ့ lotion တွေအတွက်ပဲ။ ဒီလို lotion တွေကတော့ scrub တိုက်တိုက် မတိုက်တိုက် လုံးဝမသုံးသင့်ဘူး။ ရေရှည်သုံးရင် အတွင်းကလီစာတွေအထိ ထိခိုက်နိုင်တာမို့။
အခုစျေးကွက်ထဲက whitening lotion အမည်ခံ lotion တွေသည် အပေါ်မှာပြောခဲ့တဲ့ lead,mercury ကို သုံးထားတာမဟုတ်ဘဲ မျက်နှာမှာပါသုံးနေတဲ့ niacinamide, alpha arbutin, glutathione, Kojic acid, tranexamic acid, AHA,.. စတာတွေလောက်ကို သုံးရင်း whitening lotion လို့ ခေါင်းစဉ်တပ်ထားတာတွေများတယ်။ ဥပမာ- Mistine yogurt lotion ဆို whitening lotion ဆိုပြီး အကြီးကြီး label တပ်ထားတာ၊ ingredient ကိုစစ်ကြည့်ရင် niacinamide ပဲ အထူးတလည်ပါတယ်။ မယုံရင် ကိုယ်သုံးနေတဲ့ whitening lotion ရဲ့ ingredient ကိုစစ်ကြည့်ပါ။
Niacinamide, alpha arbutin, Kojic acid, AHA,.. စတာတွေသည် အသားရောင်ကို ချွတ်မပစ်နိုင်သလို၊ သူတို့ရဲ့ process က melanin(ရောင်ခြယ်) ကိုထုတ်ပေးတဲ့ လုပ်ငန်းဆောင်တာကိုနှောင့်နှေးဟန့်တားလိုက်ပြီး အသားကိုကြည်စေတာမျိုး။ scrub တိုက်ပြီး သုံးလည်း ဘာအန္တရာယ်မှ မဖြစ်စေဘူး။
မျက်နှာကို exfoliation လုပ်တာနဲ့သာ ယှဉ်စဉ်းစားကြည့်။ exfoliation လုပ်ပြီး ဒီ ingredient ပါတဲ့ပစ္စည်းတွေကို မသုံးခိုင်းတာက မလိုအပ်တဲ့ irritation ရမှာစိုးလို့။ ကိုယ့်အသားအရေက ခံနိုင်ရင် အေးဆေးလိမ်းချလိုက်လို့ရတယ်။ ခန္ဓာကိုယ်ဆိုတာလည်း အဲ့အတိုင်းပဲ။ scrub တိုက်ပြီးရင် အသားအရေက နူးညံ့နေတာမို့ ကိုယ်က irritation မရချင်ဘူး၊ super sensitive skin ဆို active ingredient % များတဲ့ lotion ကိုရှောင်လိုက်။ ဒါပေမဲ့ သိထားရမှာက body skin နဲ့ မျက်နှာအသားအရေက ခံနိုင်ရည်ချင်းမတူဘူး။ ခန္ဓာကိုယ်အသားအရေသည် မျက်နှာထက်ပိုထူတဲ့အပြင် အများကြီးခံနိုင်ရည်ရှိတယ်။ အဲ့ဒါကြောင့် % အရမ်းများနေမှသာ ရှောင်ချင်ရှောင်။ ဘယ်လောက်ပါမှန်းတောင်မသိ တိတိကျကျမရှိတဲ့ lotion လောက်က အေးဆေးလိမ်းချလိုက်လို့ရတယ်။ ဘာမှကိုမဖြစ်တာ။
အများစုက whitening lotion ဆိုတာနဲ့ ingredient တောင်မစစ်၊ အရမ်းတွေကြောက်ပြီး scrub တိုက်ပြီးမသုံးရဘူးဆိုတာချည်းပဲ။ အကောင်းဆုံးက ကိုယ်သုံးနေတဲ့ lotion ရဲ့ ingredient သာစစ်လိုက်ပါ။ အဲ့ဒါ အတိကျဆုံးနဲ့ အကောင်းဆုံးပဲ။
Scrub တိုက်ပြီး whitening lotion လိမ်းရမှာ ကြောက်နေတဲ့အစား body sunscreen သေသေချာချာလိမ်းပါ။ လိမ်းရင်လည်း လုံလောက်တဲ့ပမာဏထိယူလိမ်း။ တို့စိတို့စိဆို protection ကောင်းမှာမဟုတ်ဘူး။ နောက် နေပူထဲသွားတဲ့အခါ နေမလောင်ချင်ဘူးဆို လက်ရှည်၊ဘောင်းဘီရှည်၊ဦးထုပ်ဆောင်းပါ။ ဒီလောက်ပါပဲ။ မရှင်းတာရှိ cmt မှာ မေးခဲ့နိုင်ပါတယ်။
Let’s care with
Juliee,
let’s care with juliee ၏ ပုံနှင့်စာသားများကို ပြန်လည်ကူးယူတင်ခြင်း၊ ဆင်တူရိုးမှားပုံများ စာများ copy တာမျိုးလုံးဝမှခွင့်မပြု။