03/06/2026
"ရွှေသမင် ဆေးသောက်ရင် ထမင်းမစားခင် သောက်ရမလား၊ စားပြီးမှ သောက်ရမလား?" 🤔
အနောက်တိုင်းဆေးတွေ သောက်တဲ့အခါ "အစာမကြေမှာစိုးလို့၊ အစာအိမ်ထိမှာစိုးလို့ အစာစားပြီးမှသောက်ပါ" ဆိုပြီး ညွှန်ကြားလေ့ရှိတာကို အားလုံးသတိထားမိကြမှာပါ။ ဒါကို ဆေးဝါးဗေဒ အခေါ်အဝေါ်အရ Bioavailability (ဆေးအာနိသင် စုပ်ယူမှုနှုန်း) လို့ ခေါ်ပါတယ်။
အချို့သော ဆေးဝါးတွေက အစာအိမ်ထဲမှာ အစာရှိနေမှ ခန္ဓာကိုယ်က ပိုပြီး စုပ်ယူရလွယ်ကူတတ်သလို၊ အချို့ဆေးတွေကျတော့လည်း အစာမရှိတဲ့အချိန် (ထမင်းမစားခင်) သောက်မှ ပိုထိရောက်တတ်ပါတယ်။
ဒါဆို..."ရွှေသမင် ကျီးပေါင်းဆေး" ကိုရော ဘယ်လိုသောက်ရမလဲ?
💡 အဖြေကတော့ - ထမင်းမစားခင်ဖြစ်ဖြစ်၊ စားပြီးမှဖြစ်ဖြစ် မိမိအဆင်ပြေတဲ့အချိန်မှာ သောက်သုံးနိုင်ပြီး ဆေးရဲ့အာနိသင် ပြောင်းလဲသွားခြင်း မရှိပါဘူး။
ဘာကြောင့်လဲဆိုတော့ ဖော်စပ်တဲ့နေရာမှာ သဘာဝတိုင်းရင်းဆေးသစ်ဥသစ်ဖုတွေရဲ့ အဆီအနှစ်ကို ခေတ်မှီနည်းပညာတွေအတိုင်း စနစ်တကျ သန့်စင်ဖော်စပ်ထားလို့ ဖြစ်ပါတယ်။
အစာအိမ်ရဲ့ Acid ဓာတ်ပြောင်းလဲမှုတွေက "ရွှေသမင်" ရဲ့ ဆေးအာနိသင်ကို လျော့ကျမသွားစေဘဲ ခန္ဓာကိုယ်ထဲကို တိုက်ရိုက် လျင်မြန်စွာ စုပ်ယူ တတ်အောင် ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် မည်သည့်အချိန်မှာမဆို သောက်သုံးနိုင်ပါတယ်။
ဒီတော့ ကျီးပေါင်း၊ အကြောညှပ်၊ ခါးနာ၊ ဒူးနာ ဝေဒနာတွေအတွက် ဆေးအချိန်ဇယားတွေကြောင့် စိတ်မညစ်ရဘဲ စိတ်ချလက်ချ ကုသချင်တယ်ဆိုရင်တော့...
မြန်မာ့ရိုးရာဆေးဖက်ဝင် အာနိသင်ကို ကမ္ဘာ့အဆင့်မှီ နည်းပညာနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ "ရွှေသမင် ကျီးပေါင်းဆေး" ကို သောက်သုံးလိုက်ပါ။ 🦌✨
#ရွှေသမင် #ကျီးပေါင်း #သောက်ဆေး #လမ်းဆေး #အထူးအုံဆေး #ဆေးခါးပတ် #ဆေးခေါင်းအုံး #ဦးရဲမြင့်ရွှေသမင်