Marlar Myaing Specialist Clinic - မာလာမြိုင်အထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • Marlar Myaing Specialist Clinic - မာလာမြိုင်အထူးကုဆေးခန်း

Marlar Myaing Specialist Clinic - မာလာမြိုင်အထူးကုဆေးခန်း Medical and Health Care Clinic

အခုလိုမိုးရာသီကာလမှာ ရာသီဥတုအကူးအပြောင်းနှင့်အတူ ပြင်းထန်းဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားလျှက် ရှိနေပါတယ်။ ဒါကြောင့် ...
15/08/2026

အခုလိုမိုးရာသီကာလမှာ ရာသီဥတုအကူးအပြောင်းနှင့်အတူ ပြင်းထန်းဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားလျှက် ရှိနေပါတယ်။ ဒါကြောင့် မိသားစုတိုင်း အထူးသတိပြုရန် လိုအပ်လှပါတယ်။

ရောဂါပိုးက မသန့်ရှင်းတဲ့ သောက်သုံးရေ၊ ယင်ကောင်နားထားတဲ့ အစားအစာများနှင့် မသန့်ရှင်းသော လက်တို့မှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ လွယ်ကူစွာ ကူးစက်နိုင်ပါတယ်။

⚠️ သတိပြုရန် ရောဂါလက္ခဏာများကတော့
ဝမ်းသွားခြင်း: ငါးညှီနံ့ရှိသော ဆန်ဆေးရည်ကဲ့သို့ အရည်ဝမ်းများ ဆက်တိုက်သွားခြင်း
အန်ခြင်းနှင့် နှလုံးခုန်နှုန်းမြန်ခြင်း: ဆက်တိုက် အော့အန်ခြင်း၊ ရေဓာတ်ခန်းခြောက်မှုကြောင့် နှလုံးခုန်နှုန်း မြန်လာခြင်း၊ နုံးခြင်း
ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများ: မျက်တွင်းချိုင့်ဝင်ခြင်း၊ ခံတွင်းနှင့် နှုတ်ခမ်းများ ခြောက်သွေ့ခြင်း၊ အရေပြား ကျုံ့ဆန့်နိုင်အား လျော့နည်းသွားခြင်း
ပြင်းထန်းသည့် လက္ခဏာများ: ခြေလက် ကြွက်တက်ခြင်းနှင့် သတိလစ်မေ့မြောခြင်း

🛡️ ကာကွယ်ရန် လိုက်နာရမည့် အချက်များ
၁။ သောက်သုံးရေ သန့်ရှင်းရေး: သောက်သုံးရေကို ဆူပွက်အောင် သေချာကျိုချက်ပြီးမှ သောက်သုံးပါ။
၂။ လက်သန့်ရှင်းရေး: အစားမစားမီ၊ အစားအစာ မပြင်ဆင်မီ၊ အိမ်သာမှဆင်းချိန်နှင့် အမှိုက်များ ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောပါ။
၃။ အစားအသောက် ဂရုပြုရေး: အစားအစာများကို ပူပူနွေးနွေး ကျက်အောင် ချက်ပြုတ်စားသုံးပြီး ယင်မနားစေရန် လုံခြုံစွာ ဖုံးအုပ်ထားပါ။
၄။ ပတ်ဝန်းကျင် သန့်ရှင်းရေး: ယင်လုံအိမ်သာကို စနစ်တကျ သုံးစွဲပြီး ယင်ကောင်နှင့် ခြင် ပေါက်ဖွားနိုင်သည့် ပတ်ဝန်းကျင် အညစ်အကြေးများကို ရှင်းလင်းပါ။

🚨 အရေးကြီး အသိပေးချက်
မိမိ သို့မဟုတ် မိသားစုဝင်များတွင် အထက်ပါ လက္ခဏာများ တွေ့ရှိရပါက ဓာတ်ဆားရေ အမြန်သောက်သုံးပြီး နီးစပ်ရာ ကျန်းမာရေးဌာန သို့မဟုတ် ပြည်သူ့ဆေးရုံများသို့ အချိန်မဆိုင်းဘဲ ချက်ချင်းသွားရောက် ပြသပို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။

Stay safe
Marlar Myaing, always by your side.

မိသားစုဝင်များရဲ့ ကျန်းမာရေးအတွက် လိုအပ်သော ကာကွယ်ဆေးများကို မာလာမြိုင်အထူးကုဆေးခန်းမှာ စနစ်တကျ လာရောက်ထိုးနှံနိုင်ပါတယ်...
09/08/2026

မိသားစုဝင်များရဲ့ ကျန်းမာရေးအတွက် လိုအပ်သော ကာကွယ်ဆေးများကို မာလာမြိုင်အထူးကုဆေးခန်းမှာ စနစ်တကျ လာရောက်ထိုးနှံနိုင်ပါတယ်ရှင်။
အခြားသော ကာကွယ်ဆေးများကိုလည်း ရက်ချိန်းယူပြီး ထိုးနှံနိုင်ကြောင်းကိုလည်း သတင်းပါးလိုက်ပါရစေရှင်။
ရက်ချိန်းယူရန်
Viber 09765111729.
Phone 09765822990, 09765111729.

လိပ်စာ။ ။ အမှတ်(၆)၊ မာလာမြိုင်(၄)လမ်း၊
ပါရမီစိန်ဂေဟာအနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

ယနေ့ကျရောက်တဲ့ ဝါဆိုလပြည့်နေ့အခါတော် သမယမှာ မိတ်ဆွေတို့အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ...
29/07/2026

ယနေ့ကျရောက်တဲ့ ဝါဆိုလပြည့်နေ့အခါတော် သမယမှာ မိတ်ဆွေတို့အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ မာလာမြိုင်မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။

တုပ်ကွေး တစ်ခါကွေးပြီးသွားတာနဲ့ “ငါတော့ ဒီနှစ်အတွက် စိတ်ချရပြီ၊ ထပ်မဖြစ်တော့ဘူး” လို့ ထင်နေပါသလား?တကယ်တော့ ဒါဟာ အယူအဆအမှ...
28/07/2026

တုပ်ကွေး တစ်ခါကွေးပြီးသွားတာနဲ့ “ငါတော့ ဒီနှစ်အတွက် စိတ်ချရပြီ၊ ထပ်မဖြစ်တော့ဘူး” လို့ ထင်နေပါသလား?
တကယ်တော့ ဒါဟာ အယူအဆအမှားတစ်ခုပါ။ တုပ်ကွေးဖြစ်ပြီးသွားရင်တောင် Flu Vaccine (တုပ်ကွေးကာကွယ်ဆေး) ကို မပျက်မကွက် ထိုးဖို့ ဘာလို့ လိုအပ်ပါတယ်။ အကြောင်းကတော့

တုပ်ကွေးဗိုင်းရပ်စ်ဟာ မျိုးရိုးဗီဇ အမျိုးအစား (Strains) ပေါင်းမြောက်မြားစွာ ရှိရုံတင်မကဘဲ သူ့ရဲ့ ပုံစံကို အမြဲတမ်း ပြောင်းလဲ (Mutate) နေတတ်ပါတယ်။ သင် အခုတစ်ခါ ဖြစ်ထားတဲ့ ဗိုင်းရပ်စ်အမျိုးအစားကို ကိုယ်ခံအားက မှတ်မိနေပေမဲ့ နောက်ထပ် ပုံစံပြောင်းပြီး ဝင်လာမယ့် တုပ်ကွေးပိုးအသစ်တွေကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။

ဒါ့အပြင် COVID-19 လိုမျိုး ဗိုင်းရပ်စ်တွေဟာလည်း ကူးစက်ခံရပြီးသားသူတွေထဲမှာ ရှိနေဆဲ၊ ပျံ့နှံ့နေဆဲ ဖြစ်ပါတယ်။ တုပ်ကွေးရောဂါကြောင့် ကိုယ်ခံအား ကျဆင်းသွားတဲ့အချိန်မှာ အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တွေပါ ထပ်ဆင့်ပြီး ကူးစက်ခံရနိုင်ခြေ (Coinfection) ပိုများလာနိုင်ပါတယ်။

တုပ်ကွေးပျောက်ပြီးတာနဲ့ ကာကွယ်ဆေး ပြန်ထိုးပေးတာဟာ ခန္ဓာကိုယ်အတွက် အကောင်းဆုံးနဲ့ အစိတ်ချရဆုံး ကာကွယ်မှု (Hybrid Immunity) ကို ရရှိစေပါတယ်။
ကိုယ်တိုင်ဖျားလို့ ရလာတဲ့ သဘာဝကိုယ်ခံအားရယ်၊ ကာကွယ်ဆေးက ပေးမယ့် ကိုယ်ခံအားရယ် နှစ်ခုစလုံး ပေါင်းစပ်သွားတဲ့အတွက် သင့်ခန္ဓာကိုယ်မှာ ပိုပြီး အစွမ်းထက်တဲ့ ဒိုင်းအထပ်ထပ် ဖြစ်သွားပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးက လက်ရှိ ကူးစက်ပျံ့နှံ့နေတဲ့ အခြား ပုံစံပြောင်း တုပ်ကွေးပိုးအသစ်တွေကိုပါ လွှမ်းခြုံကာကွယ်ပေးနိုင်လို့ နောက်တစ်ကြိမ် ထပ်မံကူးစက်ခံရရင်တောင် ဝေဒနာပြင်းထန်တာမျိုး မရှိဘဲ ခံရသက်သာအောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် တစ်ခါဖြစ်ပြီးလည်း နောက်တစ်ခါ ထပ်မဖြစ်အောင်၊ ပုံစံပြောင်း တုပ်ကွေးဗိုင်းရပ်စ်တွေကိုပါ ခုခံနိုင်အောင် မိုးရာသီမှာ Flu Vaccine ကို မဖြစ်မနေ ထိုးနှံထားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ✨

မိမိနှင့် မိသားစုဝင်များ ရာသီတုပ်ကွေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မာလာမြိုင်ဆေးခန်း တွင် လာရောက်ပြသ၍ တုပ်ကွေးကာကွယ်ဆေး (Flu Vaccine) ကို ယုံကြည်စိတ်ချစွာ ထိုးနှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရ‌စေရှင်။

အသေးစိတ်ကို ဆေးခန်း Viber 09765111729 သို့မဟုတ် ဖုန်းနံပါတ်
09765822990, 09765111729 မှတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

လိပ်စာ။ ။ မာလာမြိုင်‌အထူးကုဆေးခန်း၊
အမှတ်(၆)၊ မာလာမြိုင်(၄)လမ်း
ပါရမီ စိန်ဂေဟာအနီး၊ လှိုင်မြို့နယ်
ရန်ကုန်မြို့။

ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုတဲ့အတိုင်း မိမိနဲ့ မိမိချစ်ခင်ရသူတွေရဲ့ ကျန်းမာရေးကို ကြိုတင်ကာကွယ် စောင့်ရှောက်နိုင်ဖို့ ...
03/06/2026

ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုတဲ့အတိုင်း မိမိနဲ့ မိမိချစ်ခင်ရသူတွေရဲ့ ကျန်းမာရေးကို ကြိုတင်
ကာကွယ် စောင့်ရှောက်နိုင်ဖို့ အရေးကြီးဆုံးပါပဲ။
🩺✨

မာလာမြိုင်ဆေးခန်းမှာဆိုရင် မိမိတို့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို တိတိကျကျ သိရှိနိုင်ဖို့အတွက် ခေတ်မီစက်ကိရိယာများ၊ ကျွမ်းကျင်ပညာရှင်များနဲ့ စနစ်တကျ စစ်ဆေးပေးမယ့် Lab Diagnosis Packages (သွေးဖောက်/ဆီးစစ် ကျန်းမာရေးစစ်ဆေးမှု ပက်ကေ့ချ်များကို)
စုံစုံလင်လင် ဆောင်ရွက်ပေးနေပါပြီ။

ဆေးခန်းမှာတစ်ခါတည်းစစ်‌ဆေးလို့ရသလို
မာလာမြိုင်အထူးကု‌ဆေးခန်းရဲ့ home lab service လည်း ရှိနေပါပြီ။

"ဆေးခန်းအထိ လာဖို့ အဆင်မပြေဘူးဆိုရင်လည်း စိတ်မပူပါနဲ့"
သက်ကြီးရွယ်အို အဘိုးအဘွားများ၊ လူနာများနှင့် ဆေးခန်းအထိ လာရောက်ဖို့ အချိန်မအားလပ်သူများအတွက် မာလာမြိုင်ရဲ့"အိမ်တိုင်ရာရောက် ဝန်ဆောင်မှု (Home Service)" လည်း ရှိတာမို့ အိမ်မှာတင် စိတ်အေးချမ်းသာစွာနဲ့ ကျန်းမာရေး စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

စိတ်ရှုပ်ခံစရာမလိုဘဲ တစ်ခါတည်း၊ တစ်နေရာတည်းမှာ ကျန်းမာရေးစစ်ဆေးနိုင်မယ့် lab packages တွေကို အသေးစိတ်ဖော်ပြထားပါတယ်။

မိမိခန္ဓာကိုယ်က ပေးတဲ့ ကျန်းမာရေး သတိပေးလက္ခဏာတွေကို လျစ်လျူမရှုဘဲ မာလာမြိုင်ဆေးခန်းရဲ့ Lab Packages တွေနဲ့ ပုံမှန်စစ်ဆေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းလိုက်ပါ။

📞 အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် Appointment ရယူရန် -
Viber - 09765111729
ဖုန်းနံပါတ် - 09765111729
09765822990
လိပ်စာ - မာလာမြိုင် အထူးကုဆေးခန်း
အမှတ်(၆)၊ မာလာမြိုင် (၄)လမ်း၊
ပါရမီစိန်ဂေဟာအနီး၊ လှိုင်၊ ရန်ကုန်မြို့။

သင်နဲ့ သင့်ကျန်းမာရေးအတွက် အမြဲအတူရှိမယ့် မာလာမြိုင်

#ကျန်းမာရေးစောင့်ရှောက်မှု

ရာသီဥတုက ပူလိုက်အေးလိုက်နဲ့ တုပ်ကွေးမိနေပြီလား?အပူအစပ်‌တွေစားပြီး ဗိုက်အောင့်နေပြီလား?ဗိုက်မကောင်းလို့ ဝမ်းပျက်ဝမ်းလျှော...
02/06/2026

ရာသီဥတုက ပူလိုက်အေးလိုက်နဲ့ တုပ်ကွေးမိနေပြီလား?
အပူအစပ်‌တွေစားပြီး ဗိုက်အောင့်နေပြီလား?
ဗိုက်မကောင်းလို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေလား

ဆေးခန်းသို့ကိုယ်တိုင်လာ‌ရောက်ပြီးဆေးကုသမှုခံယူဖို့ အခက်အခဲ ရှိသူများအတွက် အထူးသင့်တော်မယ့် Home Visit
(အိမ်ပင့်ဝန်ဆောင်မှု) ကိုမိတ်ဆက်ပေးပါမယ်ရှင်။

ရရှိနိုင်မယ့်ဝန်ဆောင်မှုများကတော့ ✨
-အထွေထွေရောဂါကုဆရာဝန်မှအိမ်တိုင်ရာ‌ရောက် ကျန်းမာရေးဝန်ဆောင်မှုပေးခြင်း
-သွေးစစ်၊ဆီးစစ်ဝန်ဆောင်မှုပေးခြင်း
-ECG နှလုံးစက်ဆွဲခြင်းဝန်ဆောင်မှုပေးခြင်း
-ဆီးပိုက်၊ အစာပိုက် လဲခြင်းဝန်ဆောင်မှုပေးခြင်းတို့အပြင်
ရာသီတုပ်ကွေးကာကွယ်ဆေးကိုလည်း အိမ်တိုင်ရာရောက် ထိုးနှံပေးတဲ့ ဝန်ဆောင်မှုလည်း ရှိပါသေးတယ်ရှင်။

မာလာမြိုင်ဆေးခန်းက သင်နဲ့အတူ သင့်ကျန်းမာရေးအတွက် ဘေးနားမှာ အမြဲရှိနေပြီနော်

လှိုင်မြို့နယ်နှင့် အနီးတစ်ဝိုက်အတွက် မာလာမြိုင် အထူးကုဆေးခန်း မှ အိမ်တိုင်ရာရောက်
ကျန်းမာရေးဝန်ဆောင်မှု ရယူနိုင်ပါတယ်
ဆေးခန်းဖွင့်ချိန် နေ့စဉ် မနက်(၈)နာရီမှ ည(၈)နာရီအထိ

ဆက်သွယ်ရန်
လိပ်စာ။ ။ မာလာမြိုင်‌အထူးကုဆေးခန်း၊
အမှတ်(၆)၊ မာလာမြိုင်(၄)လမ်း
ပါရမီ စိန်ဂေဟာအနီး၊ လှိုင်မြို့နယ်
ရန်ကုန်မြို့။
ဖုန်း။09 765 111 729, 09 765 822 990


ရာသီတုပ်ကွေးရောဂါဟာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး ကိုယ်ခံအားနည်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ပိုမိုပြင်းထန်တတ်ပါတယ်။...
01/06/2026

ရာသီတုပ်ကွေးရောဂါဟာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး ကိုယ်ခံအားနည်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ပိုမိုပြင်းထန်တတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ ကျန်းမာရေးသာမက သင်ချစ်ရတဲ့ မိသားစုဝင်တွေနဲ့ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တွေအားလုံး စိတ်အေးချမ်းသာစွာနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနိုင်ဖို့ "ရာသီတုပ်ကွေးကာကွယ်ဆေး" ကိုထိုးဖို့လိုအပ်ပါတယ်💉

မာလာမြိုင်အထူးကုဆေးခန်းမှာတော့ လူကြီးမင်းတို့ အဆင်ပြေစေမယ့် ဝန်ဆောင်မှုပုံစံ (၃) မျိုးဖြင့် အလွယ်တကူ ထိုးနှံနိုင်ပါတယ် -
🏥 ၁။ ဆေးခန်းသို့ လာရောက်ထိုးနှံခြင်း
မာလာမြိုင်ဆေးခန်းသို့ ကိုယ်တိုင်လာရောက်ပြီး ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းများနှင့် ထိုးနှံနိုင်ပါတယ်။

🏠 ၂။ အိမ်တိုင်ရာရောက် လာရောက်ထိုးနှံပေးခြင်း (Home Service)
အနည်းဆုံး လူဦးရေ (၅) ဦးနှင့်အထက် ရှိပါက နေအိမ်အထိ ကျွမ်းကျင်ကျန်းမာ‌ရေးဝန်ထမ်းများ ကိုယ်တိုင် လာရောက်ထိုးနှံပေးပါတယ်။ (အဘိုးအဘွားများနှင့် ကလေးများရှိသော မိသားစုများအတွက် အထူးသင့်လျော်ပါတယ်)

🏢 ၃။ ကုမ္ပဏီနှင့် လုပ်ငန်းခွင်များသို့ လာရောက်ထိုးနှံပေးခြင်း (Corporate Service)
အဖွဲ့အစည်း၊ ကုမ္ပဏီနှင့် လုပ်ငန်းခွင်များအတွက် အနည်းဆုံး လူဦးရေ (၂၀) ဦးနှင့်အထက် ရှိပါက လုပ်ငန်းခွင်အရောက် စနစ်တကျ လာရောက်ထိုးနှံပေးပါတယ်။

Stay Protected. Stay Healthy! 💪

သင်နဲ့ သင့်ကျန်းမာရေးအတွက် အမြဲအတူရှိမယ့် မာလာမြိုင်

📞 အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် ရက်ချိန်းရယူရန် -
ဖုန်းနံပါတ် - 09- 765 111 729, 09- 765 822 990
Viber မှတစ်ဆင့် ဆက်သွယ်ရန် - ပုံပါ QR Code ကို Scan ဖတ်၍ သော်လည်းကောင်း Viber number 09765111729 သို့လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ရှင်။

ဆေးခန်းလိပ်စာ - အမှတ် (၆)၊ မာလာမြိုင် (၄) လမ်း၊ ပါရမီစိန်ဂေဟာအနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

#ရာသီတုပ်ကွေးကာကွယ်ဆေး

မိုးရာသီရောက်တော့မယ်ဆိုရင် ဖျားနာတာ၊ နှာစေးချောင်းဆိုးတာတွေက အိမ်တိုင်းလိုလို ကြုံတွေ့ရတတ်တဲ့ ဒုက္ခတစ်ခုပါ။ အထူးသဖြင့် က...
17/05/2026

မိုးရာသီရောက်တော့မယ်ဆိုရင် ဖျားနာတာ၊ နှာစေးချောင်းဆိုးတာတွေက အိမ်တိုင်းလိုလို ကြုံတွေ့ရတတ်တဲ့ ဒုက္ခတစ်ခုပါ။ အထူးသဖြင့် ကိုယ်ခံအားနည်းတဲ့ ကလေးငယ်တွေနဲ့ လူကြီးမိဘတွေအတွက် ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့် ရာသီတုပ်ကွေးရောဂါနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကနေ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ရာသီတုပ်ကွေးကာကွယ်ဆေးကိုထိုးနှံထားဖို့ လိုအပ်ပါတယ်။

မာလာမြိုင်ဆေးခန်းမှာတော့ Influvac tetra ဆေးအမျိုးအစားကိုထိုးနှံပေးလျက် ရှိနေပါတယ်။

💡 Influvac Tetra ရဲ့ အားသာချက်တွေကတော့
တုပ်ကွေးဗိုင်းရပ်စ် Strain (၄) မျိုး ကို အပြည့်အဝ ကာကွယ်ပေးနိုင်ပါတယ်။

အသက် (၆) လအရွယ် ကလေးငယ်များမှစ၍ လူကြီးများအထိ ထိုးနှံနိုင်ပါတယ်။

မြန်မာနိုင်ငံ FDA အသိအမှတ်ပြု (MM Reg) ရရှိထားလို့ စိတ်ချယုံကြည်စွာ ထိုးနှံနိုင်ပါတယ်။

🏥 ဘယ်သူတွေ မဖြစ်မနေ ထိုးသင့်လဲ?
✅အသက် (၆) လအထက် ကလေးငယ်များနှင့် အသက်ကြီးရင့်သူ မိဘဘိုးဘွားများ၊
✅ဆီးချို၊ သွေးတိုး၊ ပန်းနာရင်ကျပ် စတဲ့ နာတာရှည်ရောဂါအခံ ရှိသူများ
✅ကိုယ်ဝန်ဆောင်မိခင်များနှင့် ကိုယ်ခံအားနည်းသူများ

"မဖျားခင်က ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံး ကုသခြင်းပါပဲ"
ချစ်ရတဲ့ မိသားစုဝင်တွေ ကျန်းမာပျော်ရွှင်ပြီး တုပ်ကွေးဝေဒနာကနေ ကင်းဝေးဖို့အတွက် ဒီနေ့ပဲ Influvac Tetra ကာကွယ်ဆေး ထိုးနှံဖို့ စုံစမ်းမေးမြန်းလိုက်ပါရှင်။

အသေးစိတ်စုံစမ်းရန်
Viber 09765111729
📞 ဖုန်းနံပါတ် - 09765822990
09765111729
📍 လိပ်စာ -အမှတ်၆၊ မာလာမြိုင်(၄)လမ်း
ပါရမီစိန်ဂေဟာအနီး၊
လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

မာလာမြိုင်အထူးကုဆေးခန်းတိုးချဲ့ရန်အတွက် အောက်ဖော်ပြရာထူးများကို ခေါ်ယူပါမည်။Train Nurse or Midwife - မ (၂)ဦးဘွဲ့ရရှိပြီး...
12/05/2026

မာလာမြိုင်အထူးကုဆေးခန်းတိုးချဲ့ရန်အတွက် အောက်ဖော်ပြရာထူးများကို ခေါ်ယူပါမည်။

Train Nurse or Midwife - မ (၂)ဦး

ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
ကွန်ပျူတာအခြေခံရှိရမည်။

Pharmacist - (ကျား/မ) ၂ ဦး

B.Pharm ဘွဲ့ ရရှိပြီးသူဖြစ်ရမည်
Computer အသုံးပြုတတ်ရမည်။
အတွေ့အကြုံရှိသူဦးစားပေးမည်။
အချိန်ပိုင်း သို့မဟုတ် full time လုပ်ကိုင်နိုင်သည်။

Junior pharmacist - (ကျား/မ) ၃ဦး

အသက်၂၅-၃၅နှစ်အတွင်း
ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
Computer အသုံးပြုတတ်ရမည်။
နေ့စဉ်ဆေးအရောင်းကို စာရင်းချုပ်နိုင်ရမည်။
အချိန်ပိုင်း သို့မဟုတ် full time လုပ်ကိုင်နိုင်သည်။

Nurse Aide (ကျား/မ) - ၅ဦး

အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
သူနာပြုအကူ သင်တန်းဆင်းလက်မှတ်ရှိရမည်။
သင်ပြမှုကို နာခံပြီး ဆက်ဆံရေးကောင်းမွန်သူ ဖြစ်ရမည်။

လစာ - ညှိနှိုင်းနိုင်ပါသည်။

အ‌သေးစိတ်သိရှိလိုပါက
Viber 09765111729 သို့ဆက်သွယ်နိုင်ပါသည်။

လိပ်စာ။ ။ မာလာမြိုင်‌အထူးကုဆေးခန်း၊
အမှတ်(၆)၊ မာလာမြိုင်(၄)လမ်း
ပါရမီ စိန်ဂေဟာအနီး၊ လှိုင်မြို့နယ်
ရန်ကုန်မြို့။
ဖုန်း။09 765 111 729, 09 765 822 990

မာလာမြိုင်မှာ အိမ်တိုင်ရာရောက် Pharmacy Service ရှိနေပြီဆိုတာ သိပြီးကြပြီလားရှင်? 💊🏠လူကြီးမင်းတို့ အလိုရှိတဲ့ ဆေးဝါးမျို...
11/05/2026

မာလာမြိုင်မှာ အိမ်တိုင်ရာရောက် Pharmacy Service ရှိနေပြီဆိုတာ သိပြီးကြပြီလားရှင်? 💊🏠
လူကြီးမင်းတို့ အလိုရှိတဲ့ ဆေးဝါးမျိုးစုံကို တစ်နေရာတည်းမှာတင် စုံစုံလင်လင် မှာယူနိုင်ရုံသာမက၊ အိမ်အရောက် Delivery စနစ်နဲ့ပါ အမြန်ဆုံး ပို့ဆောင်ပေးနေပါပြီ။ ဆေးဆိုင်သွားဖို့ အချိန်မပေးနိုင်တာပဲဖြစ်ဖြစ်၊ အိမ်မှာရှိတဲ့ လူကြီးမိဘတွေအတွက် ဆေးဝါးဝယ်ယူဖို့ပဲဖြစ်ဖြစ် မာလာမြိုင်က အဆင်သင့်ရှိနေပါတယ်ရှင်။
✅ ဆက်သွယ်မှာယူနိုင်သည့် နည်းလမ်းများ -
Viber: 09 765 111 729
Phone: 09 765 111 729, 09 765 822 990
📍 လိပ်စာ -
မာလာမြိုင်အထူးကုဆေးခန်း၊ အမှတ် (၆)၊ မာလာမြိုင် (၄) လမ်း၊ ပါရမီစိန်ဂေဟာအနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

Address

No. 6, MarLar Myaing 4th Street, 16th Ward, Hlaing Township
Yangon
11051

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959765111729

Website

Alerts

Be the first to know and let us send you an email when Marlar Myaing Specialist Clinic - မာလာမြိုင်အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Marlar Myaing Specialist Clinic - မာလာမြိုင်အထူးကုဆေးခန်း:

Shortcuts

Share