03/09/2026
🌺🌺 ယနေ့ခေတ် ကွန်ပြူတာ၊ ဖုန်း နဲ့ အခြား electronic ပစ္စည်းများကို အသုံးများလာမှုနှင့် အခြားသော အကြောင်းများကြောင့် သက်လက်ပိုင်းနဲ့ သက်ကြီးပိုင်းတွေမှာ အာရုံကြောအားနည်းပြီး လေးလံထိုင်းမှိုင်း မှတ်ဉာဏ်တွေ လျော့လာလို့ စတဲ့ အကြောင်းအမျိုးမျိုးနဲ့ အာရုံကြော အားဆေးများ သောက်လာကြပါတယ်။ Vitamin B complex အာရုံကြောအားဆေး ကတော့ အသုံးအများဆုံးပဲ။
🌺🌺 Vitamin B-complex က စိတ်ဖိစီးမှုပြေလျော့စေပြီး စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့ အပြင် မှတ်ဉာဏ်ပါတိုးလာစေတယ်။ စိုးရိမ်စိတ် ပူပန်စိတ်ကို လျှော့ချပေးနိုင်ပြီး စိတ်ကျရောဂါကိုလည်း သက်သာစေတယ်။ စိတ်ဓာတ်ကျလာရင် ခန္ဓာကိုယ်က ဗီတာမင် ဘီ စုပ်ယူသုံးစွဲမှုကျဆင်းလာတာကြောင့် ဆရာဝန်တွေက vitamin B-complex အားဆေးကို စိတ်ကျရောဂါ ကုသရေးဆေးတွေနဲ့ တွဲပေးလေ့ရှိတယ်။