18/04/2025
၁။ ၁၉၂၉ ခုနှစ်၊ ဩဂုတ် ၈ ရက် — ဆွာငလျင်
ပြင်းအား: ၇.၃
တည်နေရာ: စစ်ကိုင်းပြတ်ရွေ့
သတင်းအချက်အလက်: ဤငလျင်သည် ၁၉၃၀နှင့် ၁၉၃၁ တွင်ဖြစ်လာမည့် ငလျင်ကြီးများ၏ စတင်ချက်တစ်ခုဖြစ်နိုင်သည်။
၂။ ၁၉၃၀ ခုနှစ်၊ မေ ၅ ရက် — ပဲခူးငလျင်
ပြင်းအား: ၇.၄
တည်နေရာ: စစ်ကိုင်းပြတ်ရွေ့
သက်ရောက်မှု: ရန်ကုန်နှင့်နီးကပ်နေသောကြောင့် အပျက်အစီးများအထူးပြင်းထန်ခဲ့သည်။
ဆူနာမီ: ၁.၀၆ မီတာရှိသော ဆူနာမီတစ်ခု ဖြစ်ခဲ့ပြီး မြန်မာကမ်းရိုးတန်းတစ်လျှောက် သက်ရောက်ခဲ့သည်။ သို့သော် ပျက်စီးမှုအနည်းငယ်သာဖြစ်ခဲ့သည်။
၃။ ၁၉၃၀ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက် — ဖြူးငလျင်
ပြင်းအား: ၇.၆
တည်နေရာ: စစ်ကိုင်းပြတ်ရွေ့
အရေးပါချက်: ပဲခူးငလျင်လှုပ်ပြီး ၇ လအကြာတွင် ဖြစ်ပွားသည်။
၄။ ၁၉၃၁ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် — မြစ်ကြီးနား (ကာမိုင်း) ငလျင်
ပြင်းအား: ၇.၆
တည်နေရာ: စစ်ကိုင်းပြတ်ရွေ့
သက်ရောက်မှု: ဖြူးငလျင်နောက်ထပ် တစ်လကျော်အကြာတွင် ဖြစ်ပွားသည်။
၅။ ၁၉၃၁ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက် — တောင်ကြီးငလျင်
မြစ်ကြီးနား ငလျင်အပြီး ၆ ရက်သာ ခြား
ပြင်းအား: ၇.၀
အပျက်အစီး: တောင်ကြီးနှင့်ပတ်ဝန်းကျင်အတွင်းအရေးကြီးသောအဖျက်အစီးများ ဖြစ်ပွားခဲ့သည်။
ဗြိတိသျှအစိုးရသည် ထိုငလျင်အပြီးတွင် ဆောက်လုပ်ရေးစံနှုန်းများကို ခိုင်မာအောင်ပြုပြင်ခဲ့သည်
နောက်ထပ်ကပ်ရပ် ငလျင်တွေ ထပ်မလာဖို့သာ နှင့်
လာခဲ့ရင်လဲ အပျက်အဆီးမများဖို့ စစ်ကိုင်း ငလျင်မျိုး မဖြစ်ဖို့သာ ဆုတောင်းရုံသာ။
အဖြစ်အပျက်များက မြန်ဆန်လွန်းလှပါတယ်
Online ပေါ်မှာ ပဲခူး ငလျင်အကြောင်းဖတ်နေကြမှာလို့ ယူဆပါတယ်
ငလျင်က အကောင်အထည်ပြ လူသတ်သမားဖြစ်ပြီး
ငလျင်ကြောမှာ ဖင်ခုထိုင်ထားတဲ့ လူတွေမေ့နေတဲ့ အသံတိတ်လူသတ်သမားတွေက အများကြီးပါပဲ
အစားအသောက်ဆိုင်ရာမှာလဲ မြန်မာ FDA (အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန) မှ အလုပ်မလုပ်၊
တာရှည်ခံဆေးဝါးများ၊ ဖော်မယ်လင် ကို နေရာတိုင်းမှာ ရိုးရာလို သုံးနေကြတာတွေ့ရပါတယ်။ အထူးသဖြင့် မုန့်ဖက်၊ ငှက်ပျောသီး၊ ဟော့ပေါ့ဆိုင်တို့လို စားသုံးသူ နည်းရင် ပုပ်သိုးပြီး ဆိုင်ပိတ်ရနိုင်တဲ့အခြေအနေမျိုးတွေမှာ သုံးနေကြတာများပါတယ်။ အခြားနိုင်ငံများတွင် မီးမှန်တော်မူပြီး အသားငါးနှင့် ပင်လယ်စာများကို ၂၄ နာရီအထိ အေးခဲထားနိုင်ကြသည်။ တချို့အကြော်များတွင် မပျော့အောင် ပလတ်စတစ်အိတ်ထဲ ထည့်ပြီးကြော်သုံးကြသည့်နည်းလမ်းများကိုတွေ့နိုင်သည်။ စားသုံးရန်အသုံးပြုသောဆီများမှာလည်း အရည်အသွေးနိမ့်သောအမျိုးအစားများဖြစ်ပြီး၊ နာမည်ကြီးသော ပဲဆီတမျိုးတွင် စွန့်ပစ်စားသောက်ကုန်များကို ပေါင်းစပ်ကာ ဓာတုဗေဒဆေးဝါးများဖြင့် ပြုပြင်ထားကြသည်။ ထိုအရာများသည် သဘာဝမဟုတ်သည့် ဆိုးကျိုးများရှိသည့် ဆေးဝါးများ ဖြစ်နိုင်ပါသည်။ ထပ်တလဲလဲ ပြန်ကြော်အသုံးပြုနေတဲ့ ဆီတွေက တကယ်ကို အဆိပ်ပါပဲ၊
အကြောင်းမယ်မယ်ရရမရှိ ခေါင်းမူးတာ၊ ကိုယ်အလေးချိန်ဝလာတာ၊ ဗိုက်အောင့်တာတွေ၊
ဆေးဝါးနယ်ပယ်တွင်လည်း အကိုက်အခဲပျောက်စေသည့် အပြင်းစားဆေးဝါးများ၊ ပိုးသတ်ဆေးများကို မူမမှန်စွာ ဆေးဆိုင်များမှ စပ်ဆေးအဖြစ်ရောင်းချခြင်းများ ပြသနေသည်။ တချို့ဆေးခန်းတွေက လူနာများထံမှ ပိုက်ဆံရဖို့သာအလေး ထားသော ဆေးကုသမှုကြောင့် ဘာရောဂါလာလာ Diclofenac, Dexamethasone စသည်တို့ကို မသင့်တော်သောအချိန်တွင် ထိုးသွင်းခံနေကြရသည်။ ရပ်ကွက်ထဲမှာတော့ ဒီဆေးခန်း၊ ဆရာဝန်က ဆေးစွမ်းတယ်၊ Dr ဆေးခန်းလာမှ သက်သာတော့တယ်ပေါ.
ကြိတ်ကုပြီး မနိုင်တော့မှ သက်ဆိုင်ရာ ဆရာဝန်ကို လွှဲပေးတာမျိုး၊ ဆေးစာအုပ်မှာ ဆရာဝန်အချင်းချင်း ဖတ်မရအောင် ဆေးစာရေးထားတာမျိုးတွေ အတွေ့ရဆုံးပါပဲ
ယနေ့ခေတ်တွင် မြန်မာနိုင်ငံ၏ နာရေးသတင်းများတွင် “ကင်ဆာ” ဟူသောစကားသည်နားဝင်ချိုသော စကားဖြစ်လာပြီ။ နောက်ဆုံးတွင် ဘာနဲ့ဆုံးတယ်လဲမေးရင်
ကင်ဆာပါပဲ ၊