Shwin Chan

Shwin Chan Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwin Chan, Medical supply store, Yangon Office : Unit(306), Myay Nu Condo, Myay Nu Street, Sanchaung Township. Mandalay Office : No(8), Min Kun Boe Bwar Yate Thar Tite Tan, 66th Street, Corner of 30(A) Street, Between 30th & 31st Str, Yangon.

Providing access to essential vaccines in Myanmar, and empowering healthcare professionals with quality diagnostic products, which provide reliable, immediate, and actionable information and thereby helping them making better informed decision.

ခြင်ကြောင့်ဖြစ်တဲ့ ကြောက်စရာအကောင်းဆုံးရောဂါ သို့မဟုတ် ငှက်ဖျား 🦠မိုးရာသီရောက်ပြီဆိုတာနဲ့ မိသားစုကျန်းမာရေးအတွက် အကောင်သ...
08/06/2026

ခြင်ကြောင့်ဖြစ်တဲ့ ကြောက်စရာအကောင်းဆုံးရောဂါ သို့မဟုတ် ငှက်ဖျား 🦠

မိုးရာသီရောက်ပြီဆိုတာနဲ့ မိသားစုကျန်းမာရေးအတွက် အကောင်သေးပေမဲ့ အဆိပ်ပြင်းလို့ အထူးသတိထားရမယ့် အန္တရာယ်ကတော့ "ခြင်" ပါပဲ 🦟

ခြင်ကိုက်ခံရတာကြောင့် သွေးလွန်တုပ်ကွေး အပါအဝင် တခြားရောဂါတွေ ဖြစ်ပွားနိုင်ပြီး ခြင်ကြောင့်ဖြစ်ရတဲ့ အပြင်းထန်ဆုံးနဲ့ အသက်အန္တရာယ်အရှိဆုံး ရောဂါတစ်ခုကတော့ ငှက်ဖျားရောဂါ (𝐌𝐚𝐥𝐚𝐫𝐢𝐚) ပဲ ဖြစ်ပါတယ် ‼️

ငှက်ဖျားရောဂါဟာ အချိန်မီ မကုသနိုင်ရင် ခန္ဓာကိုယ်ရဲ့ အဓိကအင်္ဂါအစိတ်အပိုင်းတွေကို ပျက်စီးစေနိုင်သလို အသက်ဆုံးရှုံးရတဲ့အထိ ပြင်းထန်ပြီး အန္တရာယ်ကြီးတာကြောင့် ရောဂါလက္ခဏာတွေကို စောစောစီးစီး သတိပြုမိဖို့ အင်မတန် အရေးကြီးပါတယ် ⚠️

ဒါဆိုရင် အချိန်မီသတိထားမိဖို့ လိုအပ်တဲ့ ငှက်ဖျားရောဂါလက္ခဏာတွေက ဘာတွေလဲ ❓
💢 ချမ်းတုန်ပြီး ဖျားခြင်း
💢 အဖျားကြီးပြီး ဝေဒနာပြင်းထန်ခြင်း
💢 ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
💢 ကိုယ်လက်များကိုက်ခဲခြင်း
💢 မအီမသာဖြစ်ပြီး အန်ခြင်း
💢 နုံးခွေခြင်း တို့ပဲ ဖြစ်ပါတယ်

ဒီလိုလက္ခဏာတွေကို စတင်ခံစားလာရပြီလို့ သတိပြုမိပြီဆိုတာနဲ့ အရေးကြီးဆုံးကတော့ အချိန်မဆွဲဘဲ စောနိုင်သမျှစောစော စစ်ဆေးဖို့ လိုအပ်ပါတယ်။ ငှက်ဖျားရောဂါဟာ စောစောသိ၊ စောစောကုသမှု ခံယူနိုင်မှသာ အသက်အန္တရာယ်ကနေ စိတ်ချရမှာ ဖြစ်ပါတယ် ✅

ဒါ့အပြင် ကိုယ်နဲ့ကိုယ့်မိသားစုဝင်တွေ ခြင်ကိုက်မခံရအောင်လည်း ကျန်းမာရေးအဖွဲ့အစည်းတွေက ထုတ်ပြန်အကြံပြုထားတဲ့ နေထိုင်ကာကွယ်နည်းတွေကို အသိပညာပေးပြောပြထားပြီး ဂရုစိုက်လိုက်နာသင့်ပါတယ်။

ဘာကြောင့်လဲဆိုရင်တော့ ဘယ်ချိန်မဆို ကြိုတင်ကာကွယ်ခြင်းကသာ ကုသခြင်းထက် ပိုမိုထိရောက်ကောင်းမွန်တာကြောင့် ဖြစ်ကြောင်း 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 မှ မျှဝေပေးလိုက်ရပါတယ်။

📍 𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏

☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000

📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com





ခန္ဓာကိုယ်ရဲ့ အသက်ရှူစနစ်နဲ့ အဆုတ်ရဲ့ တစ်ရှူးတွေကို အဓိက တိုက်ခိုက်လေ့ရှိတဲ့ တီဘီ (𝐓𝐁) ရောဂါဟာ ကြောက်စရာကောင်းတယ်လို့ ထင...
04/06/2026

ခန္ဓာကိုယ်ရဲ့ အသက်ရှူစနစ်နဲ့ အဆုတ်ရဲ့ တစ်ရှူးတွေကို အဓိက တိုက်ခိုက်လေ့ရှိတဲ့ တီဘီ (𝐓𝐁) ရောဂါဟာ ကြောက်စရာကောင်းတယ်လို့ ထင်ရပေမဲ့ တကယ်တော့ စောစောသိ၊ စောစောကုသရင် အမြစ်ပြတ်ပျောက်ကင်းနိုင်တဲ့ ရောဂါမျိုးဖြစ်ပါတယ် 🦠

ဒါပေမဲ့ လူတော်တော်များများ 𝐓𝐁 ရောဂါကို အချိန်မီ သတိမထားမိနိုင်စေတာကတော့ 𝐋𝐚𝐭𝐞𝐧𝐭 𝐓𝐁 ပဲ ဖြစ်ပါတယ်။ 𝐋𝐚𝐭𝐞𝐧𝐭 𝐓𝐁 ဆိုတာ တီဘီရောဂါပိုး ခန္ဓာကိုယ်ထဲ ဝင်ရောက်နေပေမဲ့ ဘာလက္ခဏာမှမပြဘဲ ငုပ်လျှိုးနေတတ်တဲ့ ရောဂါအဆင့်တစ်ခုဖြစ်ပါတယ် ⚠️

📌 တီဘီရောဂါမှာ အဓိကအားဖြင့် 𝐀𝐜𝐭𝐢𝐯𝐞 𝐓𝐁 နဲ့ 𝐋𝐚𝐭𝐞𝐧𝐭 𝐓𝐁 လို့ အမျိုးအစား (၂) မျိုး ရှိပါတယ်။

💢 𝐀𝐜𝐭𝐢𝐯𝐞 𝐓𝐁 က ကိုယ်ခံအား ကျလာတဲ့အခါမှာ ပိုးက အားကောင်းလာပြီး (၂) ပတ်ထက်ကျော်ကာ ချောင်းဆိုးခြင်း၊ သလိပ်ထဲ သွေးပါခြင်း၊ ညဘက်ဖျားပြီး ချွေးထွက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း စတဲ့ လက္ခဏာတွေပြပြီး အခြားသူတွေကိုပါ ကူးစက်စေနိုင်ပါတယ်။

💢 𝐋𝐚𝐭𝐞𝐧𝐭 𝐓𝐁 (ငုပ်လျှိုးတီဘီ) ကတော့ ကိုယ်ခံအား ကောင်းနေချိန်မှာ ရောဂါပိုးက ငုပ်နေတတ်ပြီး အခြားသူကိုလည်း မကူးစက်နိုင်သေးပါဘူး။ ဘာလက္ခဏာမှ မပြတာမို့ မိမိမှာ ပိုးရှိနေမှန်း သိဖို့ ခက်ခဲတတ်ပါတယ်။

ဒါကြောင့် 𝐓𝐁 ရောဂါပိုးက အဆုတ်တစ်ရှူးတွေကို ပြင်းပြင်းထန်ထန် မတိုက်ခိုက်ခင်၊ အခြားသူတွေကို မကူးစက်နိုင်တဲ့ 𝐋𝐚𝐭𝐞𝐧𝐭 𝐓𝐁 အဆင့်မှာတင် စောစောစစ်၊ စောစောသိဖို့က အဓိက အသက် ဖြစ်ပါတယ် ‼️

အဲဒီအတွက် ဆေးရုံ ဆေးခန်းတွေ၊ ဓာတ်ခွဲခန်းတွေအနေနဲ့ လူနာတွေမှာ တီဘီရောဂါပိုး ရှိ၊ မရှိကို စောစီးစွာနဲ့ တိကျမှန်ကန်စွာ ရှာဖွေပေးနိုင်ဖို့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 မှ တင်သွင်းတဲ့ 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐓𝐁-𝐅𝐞𝐫𝐨𝐧 𝐅𝐈𝐀 𝐓𝐞𝐬𝐭 𝐊𝐢𝐭 (𝐈𝐅𝐍-𝐠𝐚𝐦𝐦𝐚) ရှိပါတယ် 🧪

𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐓𝐁-𝐅𝐞𝐫𝐨𝐧 𝐅𝐈𝐀 𝐓𝐞𝐬𝐭 𝐊𝐢𝐭 တွေက 𝐅𝐥𝐮𝐨𝐫𝐞𝐬𝐜𝐞𝐧𝐭 𝐈𝐦𝐦𝐮𝐧𝐨𝐚𝐬𝐬𝐚𝐲 (𝐅𝐈𝐀) နည်းပညာကို အသုံးပြုထားလို့ သာမန် 𝐓𝐞𝐬𝐭 𝐊𝐢𝐭 တွေထက် ပိုမိုတိကျသေချာတဲ့ရလဒ်ကို ရရှိစေပြီး လူနာတွေအတွက် စောင့်ဆိုင်းရချိန်နည်းပါးကာ ကုသမှုကို အမြန်ဆုံး စတင်နိုင်စေမှာပါ 🩺

ဒါ့အပြင် 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝟐𝟎𝟎 𝐀𝐧𝐚𝐥𝐲𝐳𝐞𝐫 နဲ့ စနစ်တကျ စစ်ဆေးရတာဖြစ်လို့ လူကြောင့်ဖြစ်တတ်တဲ့ အမှားအယွင်း (𝐇𝐮𝐦𝐚𝐧 𝐄𝐫𝐫𝐨𝐫) တွေကို လျှော့ချပေးနိုင်တဲ့ အားသာချက်လည်း ရှိပါတယ် ✅

ဒါကြောင့် ယုံကြည်စိတ်ချရတဲ့ 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐓𝐁-𝐅𝐞𝐫𝐨𝐧 𝐅𝐈𝐀 𝐓𝐞𝐬𝐭 𝐊𝐢𝐭 တွေနဲ့ အခြား 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐃𝐞𝐯𝐢𝐜𝐞𝐬 တွေကို လိုအပ်လာပြီဆိုရင်တော့ နှစ်ပေါင်း (၂၀) ကျော်ကြာ ကျွမ်းကျင်ပညာရှင်များနဲ့တိုင်ပင်ပြီး အရည်အသွေးပြည့်မီတဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐓𝐞𝐬𝐭 𝐊𝐢𝐭𝐬 များကို မြန်မာပြည်အနှံ့ ဖြန့်ချိပေးနေတဲ့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 ကိုသာ ဆက်သွယ်မှာယူလိုက်ပါ 📞

📍 𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏

☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000

📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com







အသက်အရွယ်မရွေးဖြစ်နိုင်တဲ့ သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာတွေက ဘာတွေလဲ ❓မိုးရာသီကာလ ရောက်ရှိလာတာနဲ့အမျှ ခြင်ကတစ်ဆင့် ကူးစက်တတ...
01/06/2026

အသက်အရွယ်မရွေးဖြစ်နိုင်တဲ့ သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာတွေက ဘာတွေလဲ ❓

မိုးရာသီကာလ ရောက်ရှိလာတာနဲ့အမျှ ခြင်ကတစ်ဆင့် ကူးစက်တတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ (𝐃𝐞𝐧𝐠𝐮𝐞 𝐅𝐞𝐯𝐞𝐫) ဟာလည်း အသက်အရွယ်မရွေး၊ ကျား/မ မရွေး ဖြစ်ပွားနိုင်တဲ့အတွက် အထူးသတိပြုကြဖို့ လိုအပ်ပါတယ် ‼️

သွေးလွန်တုပ်ကွေးရောဂါဟာ ဘယ်သူတွေမှာ ပိုပြီး အဖြစ်များသလဲ 🤔

📌 အထူးသဖြင့် ကိုယ်ခံအားနည်းတဲ့ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာတာရှည်ရောဂါအခံရှိသူများနှင့် သက်ကြီးရွယ်အိုများမှာ ပိုမိုအဖြစ်များတတ်ပြီး ကူးစက်ခံရပါကလည်း နောက်ဆက်တွဲဆိုးကျိုး ပိုမိုပြင်းထန်နိုင်ပါတယ်။

ဒါပေမဲ့လည်း သွေးလွန်တုပ်ကွေးရောဂါပိုးဟာ အသက်အရွယ်မရွေး ကူးစက်နိုင်တာကြောင့် အောက်ပါ ရောဂါလက္ခဏာတွေကို ကြိုတင်သိရှိထားဖို့ လိုအပ်ပါတယ် 👇

🔺 (၃) ရက်မှ (၇) ရက်အထိ အဖျားပြင်းထန်စွာ တက်ခြင်း
🔺 ပြင်းထန်စွာ ခေါင်းကိုက်ခြင်းနှင့် မျက်တွင်းကိုက်ခြင်း
🔺 တစ်ကိုယ်လုံး ကိုယ်လက်နှင့် အရိုးအဆစ်များ ပြင်းထန်စွာ ကိုက်ခဲခြင်း
🔺 အရေပြားပေါ်တွင် အနီစက်၊ အနီကွက်များ ထွက်လာခြင်း
🔺 ပျို့အန်ခြင်းနှင့် ဗိုက်ပြင်းထန်စွာ အောင့်ခြင်း

အထူးသဖြင့် သွေးလွန်တုပ်ကွေးရဲ့ အစောပိုင်းလက္ခဏာတွေဟာ ရာသီတုပ်ကွေးနဲ့ ဆင်တူနေတတ်တာကြောင့် ပေါ့ပေါ့ဆဆနဲ့ အချိန်လွန်သွားတဲ့အခါ သွေးလွန်ခြင်း၊ 𝐒𝐡𝐨𝐜𝐤 ဖြစ်ခြင်းနှင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းစတဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေအထိ ဖြစ်နိုင်ချေ မြင့်မားပါတယ် ⚠️

ဒါကြောင့် ဖျားနာပြီး သွေးလွန်တုပ်ကွေးလက္ခဏာများ သံသယရှိလာပါက အချိန်မဆွဲဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများမှာ တိကျသေချာတဲ့ ရောဂါစစ်ဆေးရှာဖွေမှုကို စောစီးစွာပြုလုပ်ပြီး လိုအပ်တဲ့ကုသမှုတွေကိုခံယူဖို့ အရေးကြီးပါတယ် 🧪

အချိန်ကိုက်၊ မှန်ကန်တိကျတဲ့ 𝐑𝐞𝐬𝐮𝐥𝐭 ကို ရရှိနိုင်မှသာ ရောဂါကို စောစီးစွာ ရှာဖွေဖော်ထုတ်ပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ မဖြစ်လာအောင် ကာကွယ်ကုသနိုင်မှာ ဖြစ်ပါတယ် 💯

အဲဒီအတွက်တော့ နှစ်ပေါင်း (၂၀) ကျော် ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးများနှင့် ဓာတ်ခွဲပညာရှင်များ၊ ကျန်းမာရေးဝန်ထမ်းများ ယုံကြည်စိတ်ချစွာ အသုံးပြုနေတဲ့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 မှ တင်သွင်းဖြန့်ချီသော ကမ္ဘာ့အဆင့်မီ 𝐒𝐃 𝐁𝐈𝐎𝐒𝐄𝐍𝐒𝐎𝐑 မှထုတ်လုပ်တဲ့ Standard F 𝐃𝐞𝐧𝐠𝐮𝐞 FIA 𝐓𝐞𝐬𝐭 𝐊𝐢𝐭
👉 𝐍𝐒𝟏 𝐀𝐠
👉 𝐈𝐠𝐌/𝐈𝐠𝐆 များကို 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 မှာ ဆက်သွယ်မှာယူရရှိနိုင်ပါပြီ ✅

📍 𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏

☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000

📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com



#သွေးလွန်တုပ်ကွေး
#ရာသီတုပ်ကွေး

အသည်းရောင်အသားဝါ 𝐁 ပိုး / 𝐂 ပိုး စစ်ဆေးကြည့်လို့ 𝐏𝐨𝐬𝐢𝐭𝐢𝐯𝐞 ဖြစ်တဲ့အခါ စိုးရိမ်ပူပန်တတ်ကြတာ သဘာဝပါပဲ။ဒါပေမဲ့လည်း ကျန်းမာရေ...
29/05/2026

အသည်းရောင်အသားဝါ 𝐁 ပိုး / 𝐂 ပိုး စစ်ဆေးကြည့်လို့ 𝐏𝐨𝐬𝐢𝐭𝐢𝐯𝐞 ဖြစ်တဲ့အခါ စိုးရိမ်ပူပန်တတ်ကြတာ သဘာဝပါပဲ။

ဒါပေမဲ့လည်း ကျန်းမာရေးပြဿနာတစ်ခုခု ဖြစ်ပွားလာရင် အစိုးရိမ်လွန်တာထက် သတ်မှတ်ထားတဲ့ နေထိုင်မှုပုံစံနဲ့ စစ်ဆေးကုသမှုတွေကို ဆက်လက်လုပ်ဆောင်သွားနိုင်ရင် အတိုင်းအတာတစ်ခုထိ ကောင်းမွန်သက်သာနိုင်သလို ပျောက်ကင်းအောင်အထိလည်း ကုသသွားနိုင်မှာ ဖြစ်ပါတယ် ✅

ဒါကြောင့် 𝐁 ပိုး 𝐂 ပိုး စစ်ဆေးပြီး 𝐏𝐨𝐬𝐢𝐭𝐢𝐯𝐞 ဆိုရင် စိုးရိမ်လွန်တဲ့စိတ်ကို ထိန်းချုပ်ပြီး ဒီအချက်တွေဆက်လုပ်ပါ 👇

📍 ဆေးဘက်ဆိုင်ရာ ဆက်လက်လုပ်ဆောင်သင့်သည်များ

◾ အသည်းအထူးကုနဲ့ အမြန်ဆုံးပြသပါ - အသည်းအထူးကုဆရာဝန်ကြီးများ (သို့မဟုတ်) အထွေထွေသမားတော်ကြီးများနဲ့ အချိန်မဆွဲဘဲ ဆက်လက် ပြသဆွေးနွေးဖို့ လိုပါတယ်။

◾ နောက်ဆက်တွဲ စစ်ဆေးမှုများ ဆက်လုပ်ပါ - အသည်းအခြေအနေကို သိနိုင်ဖို့ အသည်း 𝐄𝐧𝐳𝐲𝐦𝐞 စစ်ခြင်း (𝐋𝐅𝐓)၊ ပိုးကောင်အရေအတွက်တိုင်းခြင်း (𝐏𝐂𝐑) နှင့် အသည်း 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 (သို့မဟုတ်) 𝐅𝐢𝐛𝐫𝐨𝐬𝐜𝐚𝐧 စက်ရိုက်ခြင်းတို့ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆက်လက် လုပ်ဆောင်ပါ။

◾ ပိုးအမျိုးအစားအလိုက် ဆေးသောက်ပါ
𝐁 ပိုးဆိုရင် ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း ဗိုင်းရပ်စ်ပွားများမှုကို ထိန်းချုပ်နိုင်မယ့်ဆေးကို နေ့စဉ် အချိန်မှန် သောက်ရပါမယ်။
𝐂 ပိုးဆိုရင် (၃) လကနေ (၆) လအထိ ပိုးသတ်ဆေး သေချာသောက်ရုံနဲ့ အမြစ်ပြတ် (၁၀၀% နီးပါး) လုံးဝပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

◾ ပုံမှန် 𝐅𝐨𝐥𝐥𝐨𝐰-𝐮𝐩 ပြပါ - ရောဂါလက္ခဏာ မပြပေမဲ့ (၃) လ ဒါမှမဟုတ် (၆) လတစ်ကြိမ် ပုံမှန် ပြန်လည်ပြသ စစ်ဆေးဖို့ လိုပါတယ်။

📍 နေ့စဉ်ဘဝမှာ ဘယ်လို နေထိုင်ရမလဲ ❓

◾ အသည်းပျက်စီးမှုကို အတတ်နိုင်ဆုံး တားဆီးနိုင်ဖို့ အရက်၊ ဘီယာ၊ ဝိုင်... ဒါတွေအားလုံးကို လုံးဝ (လုံးဝ) မသောက်သင့်ပါဘူး။

◾ ညွှန်ကြားထားတဲ့ ဆေးကို အချိန်မှန် စနစ်တကျ သောက်ပါ။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ 𝐏𝐚𝐫𝐚𝐜𝐞𝐭𝐚𝐦𝐨𝐥 (ပါရာစီတမော့) အပါအဝင် တခြားအကိုက်အခဲပျောက်ဆေး၊ အားဆေးများ၊ တိုင်းရင်းဆေးများနှင့် အမြစ်ဆေး/သစ်ဥသစ်ဖုများကို မသောက်သင့်ပါဘူး။

◾ အသည်းကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့ မှိုတက်လွယ်တဲ့ အစားအစာများကို အထူးရှောင်ရပါမယ်။

◾ စားသောက်မှုပုံစံကို ဂရုစိုက် ထိန်းညှိပါ။ အဓိကအားဖြင့် ဆီကြော်အစားအစာများ၊ အဆီများလွန်းတဲ့ အစားအစာများကို လျှော့ပြီး အသီးအနှံ၊ ဟင်းသီးဟင်းရွက်နှင့် ငါးတို့ကို မျှတအောင် စားသုံးပေးဖို့ လိုပါတယ်။

◾ မိသားစုဝင်များကို ရောဂါမကူးစက်စေဖို့အတွက် သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓား၊ လက်သည်းညှပ် စတဲ့ တစ်ကိုယ်ရေသုံးပစ္စည်းများကို သီးသန့်ခွဲသုံးရပါမယ်။

မှတ်ချက်။ ။ အသည်းရောင် အသားဝါ 𝐁 ပိုး / 𝐂 ပိုးသည် အဓိကအားဖြင့် သွေး၊ လိင်ဆက်ဆံမှုနဲ့ မိခင်မှကလေးသို့ ကူးစက်နိုင်တာဖြစ်ပြီး အိုးခွက်ပန်းကန် အတူသုံးခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ဖက်လဲတကင်းနေခြင်း၊ နှာချေ / ချောင်းဆိုးခြင်းအဝတ်အစား အတူလျှော်ခြင်း၊ အိမ်သာအတူသုံးခြင်းတို့ကနေ မကူးစက်နိုင်လို့ ရောဂါပိုးရှိသူများအား အလွန်အမင်း ခွဲခြားဆက်ဆံခြင်းကို မလုပ်သင့်ပါဘူး 🙅‍♂️

အသည်းရောင်အသားဝါ 𝐁 ပိုး / 𝐂 ပိုးဟာ ရောဂါပိုး ရှိ/မရှိ တိကျသေချာစွာ ကြိုတင်စစ်ဆေးပြီး အချိန်မီ ကာကွယ်ကုသမှု ခံယူနိုင်ဖို့က အရေးကြီးဆုံးဖြစ်ပါတယ် ‼️

ဒါကြောင့် အသည်းရောင်အသားဝါဘီပိုး ရှိ / မရှိကို စစ်ဆေးဖို့အတွက် တိကျသေချာတဲ့ "𝐑𝐞𝐬𝐮𝐥𝐭" ကို ပြသပေးနိုင်လို့ ယုံကြည်စိတ်ချရတဲ့ 𝐒𝐃 𝐁𝐈𝐎𝐒𝐄𝐍𝐒𝐎𝐑 အမှတ်တံဆိပ် 𝐒𝐓𝐀𝐍𝐃𝐀𝐑𝐃 𝐅 𝐇𝐁𝐬𝐀𝐠 𝐅𝐈𝐀 ၊ 𝐒𝐓𝐀𝐍𝐃𝐀𝐑𝐃 𝐅 𝐇𝐂𝐕 𝐀𝐛 𝐅𝐈𝐀 𝐓𝐞𝐬𝐭 𝐊𝐢𝐭 များကို...

နှစ်ပေါင်း (၂၀) ကျော် အတွေ့အကြုံကောင်းများ၊ ကျွမ်းကျင်ဆရာဝန်များ၊ ပညာရှင်များနဲ့ ဖွဲ့စည်းထားတဲ့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 မှာ ဆက်သွယ်မှာယူရရှိနိုင်ပါတယ် 🤗

📍 𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏

☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000

📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com



ိုး ိုး
#အသည်းရောင်အသားဝါ

🌙 𝐄𝐢𝐝 𝐀𝐥-𝐀𝐝𝐡𝐚 𝐌𝐮𝐛𝐚𝐫𝐚𝐤 𝐭𝐨 𝐲𝐨𝐮 𝐚𝐥𝐥! ✨မျှဝေခြင်းရဲ့ အလှတရားတွေနဲ့အတူ ဘဝကို ပိုမိုအဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်မယ့် 𝐄𝐢𝐝 𝐀𝐥-𝐀...
28/05/2026

🌙 𝐄𝐢𝐝 𝐀𝐥-𝐀𝐝𝐡𝐚 𝐌𝐮𝐛𝐚𝐫𝐚𝐤 𝐭𝐨 𝐲𝐨𝐮 𝐚𝐥𝐥! ✨

မျှဝေခြင်းရဲ့ အလှတရားတွေနဲ့အတူ ဘဝကို ပိုမိုအဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်မယ့် 𝐄𝐢𝐝 𝐀𝐥-𝐀𝐝𝐡𝐚 နေ့မြတ်လေး ဖြစ်ပါစေ 🤲

ဒီအချိန်အခါသမယမှာ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများအားလုံးနဲ့အတူ စိတ်နှလုံး အေးချမ်းခြင်း၊ ပျော်ရွှင်ခြင်း အစစ်အမှန်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။ အလှူဒါနရဲ့ ကောင်းမြတ်တဲ့ ရလဒ်များလည်း အမြဲထပ်တူ လိုက်ပါလာပါစေလို့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 𝐓𝐫𝐚𝐝𝐢𝐧𝐠 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 မှ ဆုတောင်းပေးလိုက်ပါတယ် 🤲



မိုးရာသီရောက်ပြီဆိုတာနဲ့ သတိထားရတဲ့ ရောဂါတွေထဲမှာ သွေးလွန်တုပ်ကွေးရောဂါလည်း ပါဝင်ပါတယ် 🦟အထူးသဖြင့် သွေးလွန်တုပ်ကွေးရောဂါ...
25/05/2026

မိုးရာသီရောက်ပြီဆိုတာနဲ့ သတိထားရတဲ့ ရောဂါတွေထဲမှာ သွေးလွန်တုပ်ကွေးရောဂါလည်း ပါဝင်ပါတယ် 🦟

အထူးသဖြင့် သွေးလွန်တုပ်ကွေးရောဂါရဲ့ အစောပိုင်းလက္ခဏာတွေဟာ ပုံမှန်အမြဲဖြစ်နေကျ ရာသီတုပ်ကွေးနဲ့ သွားဆင်တူနေတာမို့ ပေါ့ပေါ့ဆဆနဲ့ နေတတ်ကြပါတယ် ‼️

ဒါကြောင့် အခုလို မိုးရာသီမှာ ဖျားနာတဲ့အခါ သွေးလွန်တုပ်ကွေးရဲ့ အဓိကလက္ခဏာတွေဖြစ်တဲ့...
🔺 အဖျားကြီးခြင်း (𝟑 ရက်မှ 𝟕 ရက်အထိ)
🔺 ပြင်းထန်စွာ ခေါင်းကိုက်ခြင်းနှင့် မျက်တွင်းကိုက်ခြင်း
🔺 တစ်ကိုယ်လုံး ကိုယ်လက်နှင့် အရိုးအဆစ်များ ကိုက်ခဲခြင်း
🔺 အရေပြားပေါ်တွင် အနီစက်၊ အနီကွက်များ ထွက်လာခြင်း
🔺 ပျို့အန်ခြင်းနှင့် ဗိုက်ပြင်းထန်စွာ အောင့်ခြင်း... စတဲ့ လက္ခဏာတွေကို တွေ့လာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး သွေးလွန်တုပ်ကွေးရောဂါ ရှိ / မရှိကို သေချာ စစ်ဆေးကြည့်ဖို့လိုပါတယ်။

အကယ်၍ စောစောစီးစီး မစစ်ဆေး၊ မသိရှိဘဲ အချိန်လွန်သွားရင်တော့ အလွန်ဆိုးရွားတဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့...
💢 နှာခေါင်းနဲ့ သွားဖုံး သွေးယိုစိမ့်ခြင်း
💢 သွေးအန်ခြင်းနဲ့ သွေးဝမ်းသွားခြင်း
💢 သွေးပေါင်ချိန် အလွန်အမင်းကျဆင်းပြီး ရှော့ခ် (𝐒𝐡𝐨𝐜𝐤) ဖြစ်ခြင်း
💢 အသည်း၊ ဦးနှောက် စတဲ့ ခန္ဓာကိုယ်တွင်း ကလီစာများ ပျက်စီးခြင်း တို့ကို ဖြစ်ပွားစေနိုင်ပြီး ကုသမှုနောက်ကျပါက အသက်ဆုံးရှုံးရသည်အထိ အန္တရာယ်များတဲ့ ရောဂါတစ်ခုဖြစ်ပါတယ် ⚠️

ဒီလိုကြောက်စရာကောင်းပြီး အသက်အရွယ်မရွေးဖြစ်ပွားနိုင်တဲ့ သွေးလွန်တုပ်ကွေးရောဂါကိုဆရာဝန်နဲ့ပြသပြီး တိကျသေချာတဲ့ ရလဒ်နဲ့ စောစောစီးစီး ရောဂါရှာဖွေနိုင်ဖို့အတွက်ဆိုရင်တော့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 𝐓𝐫𝐚𝐝𝐢𝐧𝐠 𝐂𝐨𝐦𝐩𝐚𝐧𝐲 မှ တင်သွင်းဖြန့်ချိထားတဲ့ 𝐒𝐃 𝐁𝐈𝐎𝐒𝐄𝐍𝐒𝐎𝐑 အမှတ်တံဆိပ် 𝐃𝐞𝐧𝐠𝐮𝐞 𝐓𝐞𝐬𝐭 𝐊𝐢𝐭 တွေ ရှိပါတယ် 🧪

◾ 𝐃𝐞𝐧𝐠𝐮𝐞 𝐍𝐒𝟏 𝐀𝐠 𝐅𝐈𝐀 - သွေးလွန်တုပ်ကွေးရောဂါပိုးရဲ့ 𝐀𝐧𝐭𝐢𝐠𝐞𝐧 ကို အစောပိုင်းရက်တွေမှာတင် (𝐏𝐨𝐬𝐢𝐭𝐢𝐯𝐞/𝐍𝐞𝐠𝐚𝐭𝐢𝐯𝐞 အပြင် ကိန်းဂဏန်းနဲ့ပါ) တိတိကျကျ စစ်ဆေးပေးနိုင်ပါတယ် ✅
◾ 𝐃𝐞𝐧𝐠𝐮𝐞 𝐈𝐠𝐌/𝐈𝐠𝐆 𝐅𝐈𝐀 𝐓𝐞𝐬𝐭 𝐊𝐢𝐭 - ခန္ဓာကိုယ်ထဲက ထွက်ပေါ်လာတဲ့ 𝐀𝐧𝐭𝐢𝐛𝐨𝐝𝐲 တွေကို စစ်ဆေးပေးပြီး ရောဂါပိုး ပထမအကြိမ် ကူးစက်ခံရတာလား၊ ဒုတိယအကြိမ် ထပ်ဖြစ်တာလား ဆိုတာကိုပါ တိကျစွာ ခွဲခြားသိရှိနိုင်ပါတယ် ✅

ဒါကြောင့် 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 𝐓𝐫𝐚𝐝𝐢𝐧𝐠 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 မှ တင်သွင်းပြီး ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေနဲ့ ပညာရှင်တွေ ယုံကြည်စိတ်ချစွာ အသုံးပြုနေတဲ့ 𝐒𝐃 𝐁𝐈𝐎𝐒𝐄𝐍𝐒𝐎𝐑 က မိသားစုတွေရဲ့ ကျန်းမာရေးအတွက် မှန်ကန်တဲ့ 𝐑𝐞𝐬𝐮𝐥𝐭 ကို ဖော်ပြပြီး ကြောက်စရာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်မလာအောင် ကာကွယ်ကုသနိုင်မှာဖြစ်လို့...💯

ဆေးရုံ၊ ဆေးခန်းတွေမှာ သွေးလွန်တုပ်ကွေးရောဂါ ရှိ/မရှိ တိကျသေချာစွာ စစ်ဆေးသိရှိနိုင်ဖို့ 𝐒𝐃 𝐁𝐈𝐎𝐒𝐄𝐍𝐒𝐎𝐑 အမှတ်တံဆိပ် 𝐃𝐞𝐧𝐠𝐮𝐞 𝐍𝐒𝟏 𝐀𝐠 𝐅𝐈𝐀 နဲ့ 𝐃𝐞𝐧𝐠𝐮𝐞 𝐈𝐠𝐌/𝐈𝐠𝐆 𝐅𝐈𝐀 𝐓𝐞𝐬𝐭 𝐊𝐢𝐭 တွေကို 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 မှာ ယုံကြည်စိတ်ချစွာ ရွေးချယ်မှာယူလိုက်ပါ 🤗

𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅

☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000

📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com



#သွေးလွန်တုပ်ကွေး
#ရာသီတုပ်ကွေး

စားပြီးတိုင်း ရင်ဘတ်ထဲမှာ ပူလောင်သလို ခံစားရတာ၊ အချဉ်ပေါက်တာတွေက နေ့စဉ်ဘဝမှာ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်ရပြီး ဒါကိုတေ...
05/05/2026

စားပြီးတိုင်း ရင်ဘတ်ထဲမှာ ပူလောင်သလို ခံစားရတာ၊ အချဉ်ပေါက်တာတွေက နေ့စဉ်ဘဝမှာ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်ရပြီး ဒါကိုတော့ 𝐀𝐜𝐢𝐝 𝐑𝐞𝐟𝐥𝐮𝐱 (အစာအိမ်အက်ဆစ်တွေ အထက်ကိုပြန်တက်ခြင်း) လို့ ခေါ်ပါတယ် 🥵

ဒီဝေဒနာက ကိုယ့်ရဲ့ အစားအသောက်နဲ့ နေထိုင်မှုပုံစံပေါ်မှာ မူတည်လေ့ရှိပြီး သက်သာစေနိုင်မယ့် ဆောင်ရန် ရှောင်ရန်လေးတွေကို 𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 ကပြောပြပေးလိုက်ရပါတယ်။

📌 အရင်ဆုံး လုပ်ကြည့်သင်တဲ့ ဆောင်ရန်အချက်တွေကတော့...

✅ အစားကို တစ်ခါတည်း အများကြီး ဗိုက်ပြည့်အောင် စားမယ့်အစား နည်းနည်းချင်းစီနဲ့ အကြိမ်ရေ ခွဲစားပေးတာက အစာအိမ်အတွက် အဆင်မပြေပြီး 𝐀𝐜𝐢𝐝 𝐑𝐞𝐟𝐥𝐮𝐱 ကို သက်သာစေနိုင်ပါတယ်

✅ အစာကို ဖြည်းဖြည်းချင်းနဲ့ ကြေညက်အောင် ဝါးစားခြင်းက အစာခြေစနစ်ကို လွယ်ကူသက်သာအောင် အထောက်အကူပြုပြီး စားပြီး ရင်ပူစေတဲ့ အက်ဆစ်တွေထွက်ခြင်းကို လျှော့ချပေးနိုင်မှာပါ။

✅ စားပြီးပြီးချင်း လှဲချလိုက်တာမျိုး မလုပ်ဘဲ ၁၅ မိနစ်ခန့် ဖြည်းဖြည်းချင်း လမ်းလျှောက်ပေးတာက အစာခြေဖျက်မှုကို မြန်ဆန်စေလို့ အထောက်အကူပြုတဲ့ နည်းလမ်းတစ်ခုပါပဲ

✅ ဒါ့အပြင် ညဘက်မှာ စားပြီး ရင်ပူတတ်သူတွေအနေနဲ့ အိပ်တဲ့အခါ ခေါင်းအုံးကို အနည်းငယ် မြှင့်အိပ်ပေးခြင်းက အက်ဆစ်တွေ အပေါ်ပြန်တက်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။

📌 ဆောင်ရမှာတွေဆောင်ပြီးပြီဆိုရင် ရှောင်သင့်တာတွေကတော့...

🔺 ငရုတ်သီး အလွန်အကျွံပါတဲ့ အပူအစပ်တွေနဲ့ ဆီကြော်မုန့် အဆီအဆိမ့်တွေက အစာအိမ်ကို ပိုမိုလှုံ့ဆော်ပေးတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

🔺 ဒါတင်မက ကော်ဖီ၊ လက်ဖက်ရည်နဲ့ ဂက်စ်ပါတဲ့ အချိုရည်တွေကလည်း အစာအိမ်ဝက ကြွက်သားတွေကို လျော့ရဲစေပြီး အက်ဆစ်တက်ခြင်းကို ပိုဆိုးစေတတ်လို့ ‌ရှောင်တာက အကောင်းဆုံးပါပဲ

🔺 အစာစားပြီး အနည်းဆုံး ၃ နာရီကြာမှ အိပ်စက်တဲ့ အလေ့အကျင့်ကို မွေးမြူပါ။

🔺 နောက်ဆုံးတစ်ချက်ကတော့ ဝတ်စားနေထိုင်မှုပါ။ ခါးပတ်အလွန်တင်းကျပ်တာမျိုး ဒါမှမဟုတ် ဗိုက်ကို ဖိထားတဲ့ အဝတ်အစားတွေက အစာအိမ်ကို တင်းအောင်ဖိအားပေးပြီးညှစ်ထားသလို ဖြစ်စေတာကြောင့် အက်ဆစ်တွေအပေါ်ကိုပြန်ပြီး ရင်ပူခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဒီလို ဆောင်ရန်‌ ရှောင်ရန်တွေကို ဆောင်ပြီး‌ရှောင်ပြီးပြီဆိုရင်တော့ သဘာဝအတိုင်း ကုသလို့ရတဲ့ အိမ်တွင်းနည်းလမ်းတချို့နဲ့ ရင်ပူတဲ့ ဝေဒနာကို သက်သာ‌အောင် အောက်ပါအတိုင်း လွယ်လွယ်ကူကူ ပြုလုပ်နိုင်ပါတယ် 💡

👉 ချင်းလက်ဖက်ရည် သောက်ပေးခြင်းက အစာအိမ်ရောင်ရမ်းမှုကို လျော့ကျစေပြီး အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ ချင်းလက်ဖက်ရည်သောက်ပေးခြင်း
👉 အစာအိမ်ထဲက အက်ဆစ်တွေကို ဓာတ်ပြယ်အောင် ကူညီပေးနိုင်တဲ့ အယ်လ်ကာလိုင်းဓာတ်ရရှိဖို့အတွက် ငှက်ပျောသီး စားပေးခြင်း
👉အစာရေမျိုပြွန်ထဲမှာ ကျန်နေတဲ့ အက်ဆစ်တွေကို ဆေးကြောပေးနိုင်ဖို့အတွက် ရေပုံမှန်သောက်ပေးခြင်း

ဒီလို ရိုးရှင်းတဲ့ အလေ့အကျင့်လေးတွေ ကုသနည်းလေးတွေကို အသုံးပြုပြီး အစာစားပြီးတိုင်း ရင်ပူမနေတော့ဘဲ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ 𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 က ဆုတောင်းပေးလိုက်ပါတယ် 🥰

𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥

☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000

📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

✉️ 𝐄𝐦𝐚𝐢𝐥 : [[email protected]](mailto:[email protected] "‌")
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : [http://www.shwinchan.com](http://www.shwinchan.com "smartCard-inline")




စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမယ်။နေ့စဉ်ဘဝမှာ အလုပ်ဖိအားတွေ၊ တာဝန်ယူမှုတွေကြောင့် စိတ်ဖိစီးမှု (Stress) နဲ့ Anxiety တွေ တဖြည...
02/05/2026

စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမယ်။

နေ့စဉ်ဘဝမှာ အလုပ်ဖိအားတွေ၊ တာဝန်ယူမှုတွေကြောင့် စိတ်ဖိစီးမှု (Stress) နဲ့ Anxiety တွေ တဖြည်းဖြည်းတိုးလာတာ သတိမထားမိလောက်အောင်ဖြစ်တတ်ပါတယ်။🤒

ဒါတွေဟာ စိတ်ပိုင်းဆိုင်ရာသာမက ကိုယ်ခန္ဓာကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပြီး အိပ်မပျော်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းတွေဖြစ်လာစေပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးကိုလည်း ကိုယ်ကျန်းမာရေးလိုမျိုးတန်ဖိုးထားပြီး ဂရုစိုက်ဖို့လိုအပ်ပါတယ်။💁‍♀️✨

Stress နဲ့ Anxiety လျှော့ချဖို့အတွက် နေ့စဉ်အချိန်အနည်းငယ်ပေးပြီး ကိုယ်နှစ်သက်ရာလေးတွေ လုပ်ကြည့်ပါ။ ဥပမာ - သီချင်းနားထောင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ သဘာဝလေထုထဲမှာလမ်းလျှောက်ခြင်းတို့က စိတ်အေးချမ်းစေပြီး စိတ်ဖိစီးမှုကိုလျော့ပါးစေတာ အမှန်ပါပဲ။ 🥰✨

အရေးကြီးဆုံးက ကိုယ့်ကိုယ်ကို အားပေးတတ်ဖို့နဲ့ အနားယူချိန်ကို မမေ့ဖို့ပါ။

Shwin Chan မှာတော့ သင့်ဘဝကို ပိုပြီးအဆင်ပြေချောမွေ့စေဖို့အတွက် အသုံးဝင်တဲ့အချက်အလက်များကို အမြဲမျှဝေပေးနေပါတယ်။ 🤝✨

စိတ်အေးချမ်းမှုက ကိုယ်ကျန်းမာရေးရဲ့ အခြေခံဖြစ်တာကြောင့် နေ့စဉ်ဘဝထဲမှာ Stress နဲ့ Anxiety တွေကို ထိန်းချုပ်ပြီး ပိုမိုပျော်ရွှင်တဲ့ဘဝကို တည်ဆောက်ကြပါစို့။ 💙

𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥

☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:

🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com



ပင်ပန်းသမျှတွေကို ခဏမေ့ထားပြီး ဒီနေ့မှာတော့ အေးဆေး အားလုံးပဲ အနားယူနိုင်ကြပါစေခင်ဗျာ။ ✨🥰ကိုယ့်ရဲ့ မိသားစုနဲ့ လုပ်ငန်းခွင...
01/05/2026

ပင်ပန်းသမျှတွေကို ခဏမေ့ထားပြီး ဒီနေ့မှာတော့ အေးဆေး အားလုံးပဲ အနားယူနိုင်ကြပါစေခင်ဗျာ။ ✨🥰

ကိုယ့်ရဲ့ မိသားစုနဲ့ လုပ်ငန်းခွင်အတွက် နေ့စဉ်ကြိုးစားနေရတဲ့ ✨ Heroes ✨ တွေအားလုံး ဒီနေ့မှာ စိတ်ရောကိုယ်ပါ လန်းဆန်းပြီး ပျော်ရွှင်စရာကောင်းတဲ့ May Day လေး ဖြစ်ပါစေလို့ Shwin Chan မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။👨‍🔧🙏

အလုပ်တွေ ဘယ်လောက်ပဲ များနေပါစေ ကျန်းမာရေးက အဓိကဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့လည်း မမေ့နဲ့ဦးနော်။ 🙅‍♀️✨

အားလပ်ရက်မှာ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ အားအင်သစ်တွေ ဖြည့်တင်းရင်း အပန်းဖြေနိုင်ကြပါစေ။ ရှေ့ဆက်ရမယ့် အလုပ်ခွင်ခရီးလမ်းမှာလည်း အဆင်ပြေချောမွေ့ပြီး အောင်မြင်မှုတွေ အလီလီ ပိုင်ဆိုင်နိုင်ပါစေကြောင်း Shwin Chan Test မှ ထပ်ဆင့် ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🙏🥰

𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥

☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000

📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:

🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.

🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]

📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com



နွေအပူရှိန်ပြင်းတဲ့ ကဆုန်လပြည့်နေ့မှာ ကုသိုလ်ကောင်းမှုတွေနဲ့အတူ စိတ်နှလုံး အေးချမ်းကြပါစေရှင်။ ❤️🙏ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ...
30/04/2026

နွေအပူရှိန်ပြင်းတဲ့ ကဆုန်လပြည့်နေ့မှာ ကုသိုလ်ကောင်းမှုတွေနဲ့အတူ စိတ်နှလုံး အေးချမ်းကြပါစေရှင်။ ❤️🙏

ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်မှာ မိသားစုတွေနဲ့အတူ ညောင်ရေသွန်းကုသိုလ်ယူရင်း ဘေးဘယာဝေးကွာပြီး ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Shwin Chan မိသားစုက ဆုတောင်းပေးလိုက်ပါတယ်။ ✨🥰

ဒီလို နေ့ထူးနေ့မြတ်မှာ လူနတ်ဗြဟ္မာ အပေါင်းတို့ ဘေးကင်းကြသလိုပဲ ချစ်ခင်ရတဲ့ မိတ်ဆွေများအားလုံးလည်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ သွား​လေရာမှာ ကျန်းမာဘေးကင်းပြီး ကုသိုလ်တရားတွေ တိုးပွားနိုင်ကြပါစေရှင်။ 💖🥰

𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 𝑻𝒓𝒂𝒅𝒊𝒏𝒈 𝑪𝒐𝒎𝒑𝒂𝒏𝒚 𝑳𝒊𝒎𝒊𝒕𝒆𝒅 💥

☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000

📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:

🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.

🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]

📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com



Address

Yangon Office : Unit(306), Myay Nu Condo, Myay Nu Street, Sanchaung Township. Mandalay Office : No(8), Min Kun Boe Bwar Yate Thar Tite Tan, 66th Street, Corner Of 30(A) Street, Between 30th & 31st Str
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Shwin Chan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwin Chan:

Share