Khaing Khant - Reality Yoga

Khaing Khant - Reality Yoga Love Yoga Life

ခန္ဓာကိုယ်အတွင်းက စွမ်းအင်ဗဟိုချက် (၇) နေရာကို ပြန်လည်သန့်စင်ပြီး အသစ်တစ်ဖန် မွေးဖွားလိုက်ရအောင် ❄️ကျွန်မတို့ရဲ့ ခန္ဓာကိ...
13/05/2026

ခန္ဓာကိုယ်အတွင်းက စွမ်းအင်ဗဟိုချက် (၇) နေရာကို ပြန်လည်သန့်စင်ပြီး အသစ်တစ်ဖန် မွေးဖွားလိုက်ရအောင် ❄️

ကျွန်မတို့ရဲ့ ခန္ဓာကိုယ်မှာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိန်းချုပ်ထားတဲ့ 𝐂𝐡𝐚𝐤𝐫𝐚 လို့ခေါ်တဲ့ စွမ်းအင်ဗဟိုချက် ၇ နေရာ ရှိပါတယ်…

ဒီစွမ်းအင်တွေ ပိတ်ဆို့နေတဲ့အခါ စိတ်မကြည်လင်တာ၊ ပင်ပန်းနွမ်းနယ်တာနဲ့ ဘဝမှာ တစ်ခုခုလိုနေသလို ခံစားရတတ်ပါတယ် ‼️

၇ ရက်တာ 𝟕 𝐂𝐡𝐚𝐤𝐫𝐚𝐬 𝐂𝐥𝐞𝐚𝐧𝐢𝐧𝐠 & 𝐑𝐞𝐛𝐚𝐥𝐚𝐧𝐜𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬 မှာတော့

🧘🏻‍♀️ 𝐑𝐨𝐨𝐭 𝐂𝐡𝐚𝐤𝐫𝐚 (𝐌𝐮𝐥𝐚𝐝𝐡𝐚𝐫𝐚) - ဘဝရပ်တည်မှုနဲ့ လုံခြုံမှုအတွက် စွမ်းအင်ဗဟို

🧘🏻‍♀️ 𝐒𝐚𝐜𝐫𝐚𝐥 𝐂𝐡𝐚𝐤𝐫𝐚 (𝐒𝐯𝐚𝐝𝐡𝐢𝐬𝐭𝐡𝐚𝐧𝐚) - တီထွင်ဖန်တီးနိုင်စွမ်းနဲ့ စိတ်ခံစားမှု ထိန်းညှိခြင်း

🧘🏻‍♀️ 𝐒𝐨𝐥𝐚𝐫 𝐏𝐥𝐞𝐱𝐮𝐬 𝐂𝐡𝐚𝐤𝐫𝐚 (𝐌𝐚𝐧𝐢𝐩𝐮𝐫𝐚) - မိမိကိုယ်ကို ယုံကြည်မှုနဲ့ စွမ်းဆောင်ရည် မြှင့်တင်ခြင်း

🧘🏻‍♀️ 𝐇𝐞𝐚𝐫𝐭 𝐂𝐡𝐚𝐤𝐫𝐚 (𝐀𝐧𝐚𝐡𝐚𝐭𝐚) - ချစ်ခြင်းမေတ္တာနဲ့ ကိုယ်ချင်းစာတရား ပွင့်လန်းစေခြင်း

🧘🏻‍♀️ 𝐓𝐡𝐫𝐨𝐚𝐭 𝐂𝐡𝐚𝐤𝐫𝐚 (𝐕𝐢𝐬𝐡𝐮𝐝𝐝𝐡𝐚) - မှန်ကန်စွာ ပြောဆိုဆက်သွယ်နိုင်စွမ်းနဲ့ ထုတ်ဖော်ပြသခြင်း

🧘🏻‍♀️ 𝐓𝐡𝐢𝐫𝐝 𝐄𝐲𝐞 𝐂𝐡𝐚𝐤𝐫𝐚 (𝐀𝐣𝐧𝐚) - ပညာဉာဏ်နဲ့ သိမြင်နားလည်နိုင်စွမ်း (𝐈𝐧𝐭𝐮𝐢𝐭𝐢𝐨𝐧) တိုးတက်ခြင်း

🧘🏻‍♀️ 𝐂𝐫𝐨𝐰𝐧 𝐂𝐡𝐚𝐤𝐫𝐚 (𝐒𝐚𝐡𝐚𝐬𝐫𝐚𝐫𝐚) - ဝိဥာဉ်ရေးရာ နိုးကြားမှုနဲ့ စကြဝဠာစွမ်းအင်နဲ့ ချိတ်ဆက်ခြင်း

ဆိုတဲ့ 𝐑𝐨𝐨𝐭 𝐂𝐡𝐚𝐤𝐫𝐚 ကနေ 𝐂𝐫𝐨𝐰𝐧 𝐂𝐡𝐚𝐤𝐫𝐚 အထိ စွမ်းအင်တစ်ခုချင်းစီကို နည်းစနစ်တကျ ပြန်လည်သန့်စင်ပေးမှာဖြစ်လို့ ခန္ဓာကိုယ်ရဲ့ စွမ်းအင်တွေ ဟန်ချက်ညီသွားပြီး စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွလာမှာပါ ✨

မေလ မွေးနေ့အမှတ်တရ 𝐂𝐡𝐚𝐫𝐢𝐭𝐲 𝐏𝐫𝐨𝐠𝐫𝐚𝐦 အနေနဲ့ မိမိရဲ့ 𝐈𝐧𝐧𝐞𝐫 𝐄𝐧𝐞𝐫𝐠𝐲 ကို ပြန်လည်မြှင့်တင်ချင်သူတွေအတွက် "𝐇𝐚𝐩𝐩𝐲 𝐌𝐨𝐧𝐞𝐲" လှူဒါန်းရုံနဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်ရှင် ✨

ရရှိသမျှ အလှူငွေအားလုံးကိုလည်း ပြန်လည်လှူဒါန်းသွားမှာပါနော် 🤗

🧘🏻‍♀️ 𝟕 𝐃𝐚𝐲𝐬 𝟕 𝐂𝐡𝐚𝐤𝐫𝐚𝐬 𝐂𝐥𝐞𝐚𝐧𝐢𝐧𝐠 & 𝐑𝐞𝐛𝐚𝐥𝐚𝐧𝐜𝐢𝐧𝐠 ❄️

🗓️ 𝐌𝐚𝐲 𝟐𝟓,𝟐𝟔,𝟐𝟕,𝟐𝟖,𝟐𝟗,𝟑𝟎,𝟑𝟏
🕑 𝐓𝐢𝐦𝐞 - 𝟕:𝟑𝟎-𝟖:𝟑𝟎 𝐏𝐦
💰 𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐅𝐞𝐞𝐬 - 𝟏𝟏𝟏,𝟏𝟏𝟏 𝐌𝐌𝐊 => 𝐍𝐨𝐰 - 𝐇𝐚𝐩𝐩𝐲 𝐌𝐨𝐧𝐞𝐲
သင်တန်းပုံစံ - 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬

ပါဝင်တက်ရောက်ဖို့အတွက် 𝐂𝐡𝐚𝐫𝐢𝐭𝐲 𝐏𝐨𝐬𝐭 လေးကို 𝐋𝐢𝐤𝐞 & 𝐒𝐡𝐚𝐫𝐞 လုပ်ပေးပြီး 𝐒𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭 ကို 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ ပြန်ပြပေးရုံနဲ့ 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 လုပ်နိုင်ပါပြီ…

မိမိရဲ့ စွမ်းအင်တွေကို ပြန်လည်ချိန်ညှိပြီး ပိုမိုကောင်းမွန်တဲ့ 𝐕𝐞𝐫𝐬𝐢𝐨𝐧 တစ်ခုကို အတူတူ တည်ဆောက်ကြရအောင်နော်…

12/05/2026

🥣 my tranquility time 🥣

မနက်ခင်းရဲ့ လတ်ဆတ်တဲ့ လေထုနဲ့အတူ စိတ်ဖိစီးမှုတွေကို လေပူတွေအဖြစ် မှုတ်ထုတ်ပစ်လိုက်ရအောင်… ❄️နေ့စဉ်ဘဝရဲ့ ရုန်းကန်လှုပ်ရှာ...
05/05/2026

မနက်ခင်းရဲ့ လတ်ဆတ်တဲ့ လေထုနဲ့အတူ စိတ်ဖိစီးမှုတွေကို လေပူတွေအဖြစ် မှုတ်ထုတ်ပစ်လိုက်ရအောင်… ❄️

နေ့စဉ်ဘဝရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကြားမှာ စိတ်ပင်ပန်းနွမ်းနယ်နေပြီလား?

စိတ်ဂယောက်ဂယက်ဖြစ်တာတွေနဲ့ စိုးရိမ်ပူပန်မှု (𝐀𝐧𝐱𝐢𝐞𝐭𝐲) တွေကို အကောင်းဆုံး ထိန်းချုပ်ပေးနိုင်တဲ့ နည်းလမ်းကတော့ အသက်ရှူခြင်းကို သတိကပ်တာပဲ ဖြစ်ပါတယ် ✨

𝐌𝐢𝐧𝐝𝐟𝐮𝐥 𝐏𝐫𝐚𝐧𝐚𝐲𝐚𝐦𝐚 𝐁𝐫𝐞𝐚𝐭𝐡𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬 မှာ မှန်ကန်တဲ့ အသက်ရှူနည်းစနစ်တွေနဲ့ စိတ်ကို ဘယ်လိုတည်ငြိမ်အောင် ထားရမလဲဆိုတာကို မျှဝေပေးသွားမှာပါ

အသက်ရှူကျင့်စဉ်ကို စနစ်တကျ လေ့ကျင့်ခြင်းအားဖြင့် အဆုတ်ရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်စေရုံတင်မကဘဲ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ဦးနှောက်ကို ကြည်လင်လန်းဆန်းစေပါတယ် ❄️

ဒါ့အပြင် မေလ မွေးနေ့အမှတ်တရ 𝐂𝐡𝐚𝐫𝐢𝐭𝐲 𝐏𝐫𝐨𝐠𝐫𝐚𝐦 အနေနဲ့ မနက်ခင်းတိုင်းမှာ စိတ်ခွန်အားသစ်တွေ ရရှိစေဖို့ ဒီသင်တန်းလေးကို "𝐇𝐚𝐩𝐩𝐲 𝐌𝐨𝐧𝐞𝐲" (မိမိစေတနာရှိသလောက်) နဲ့ တက်ရောက်နိုင်အောင် စီစဉ်ပေးထားပါတယ်ရှင့် ✨

ရရှိသမျှ အလှူငွေအားလုံးကိုလည်း ပြန်လည်လှူဒါန်းသွားမှာပါနော် 🫶🏻

🧘🏻‍♀️ 𝐌𝐢𝐧𝐝𝐟𝐮𝐥 𝐏𝐫𝐚𝐧𝐚𝐲𝐚𝐦𝐚 𝐁𝐫𝐞𝐚𝐭𝐡𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬 🌬️

🗓️ 𝐄𝐯𝐞𝐫𝐲 𝐒𝐚𝐭 𝐒𝐮𝐧 (𝟒 𝐰𝐞𝐞𝐤𝐬)
🕑 𝐓𝐢𝐦𝐞 - 𝟕:𝟑𝟎-𝟖:𝟑𝟎 𝐀𝐌
📆 𝐒𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐚𝐭 𝐌𝐚𝐲 𝟗
💰 𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐅𝐞𝐞𝐬 - 𝟏𝟏𝟏,𝟏𝟏𝟏 𝐌𝐌𝐊 => 𝐍𝐨𝐰 - 𝐇𝐚𝐩𝐩𝐲 𝐌𝐨𝐧𝐞𝐲

သင်တန်းပုံစံ - 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬

ပါဝင်တက်ရောက်ဖို့အတွက် 𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐂𝐡𝐚𝐫𝐢𝐭𝐲 𝐏𝐨𝐬𝐭 လေးကို 𝐋𝐢𝐤𝐞 & 𝐒𝐡𝐚𝐫𝐞 လုပ်ပေးပြီး 𝐒𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭 ကို 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ ပြန်ပြပေးရုံနဲ့ 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 လုပ်နိုင်ပါပြီ…

ဒါဆိုရင် 𝐑𝐞𝐚𝐥𝐢𝐭𝐲 𝐘𝐨𝐠𝐚 နဲ့အတူ အသက်ရှူခြင်းရဲ့ ငြိမ်းအေးမှုကို အတူတူ ရှာဖွေကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင် 🤗

🌕 လပြည့်ညမှာ စိတ်နဲ့ ခန္ဓာ ကို အနားပေးပြီး အသံလှိုင်းနဲ့အတူစွမ်းအင်သစ်တွေ ဖြည့်တင်းကြမယ် 🌕ဒီနေ့ မေလ (၁) ရက်နေ့ဟာ ကမ္ဘာ့တ...
01/05/2026

🌕 လပြည့်ညမှာ စိတ်နဲ့ ခန္ဓာ ကို အနားပေးပြီး အသံလှိုင်းနဲ့အတူစွမ်းအင်သစ်တွေ ဖြည့်တင်းကြမယ် 🌕

ဒီနေ့ မေလ (၁) ရက်နေ့ဟာ ကမ္ဘာ့တဝှမ်းက ဗုဒ္ဓဘာသာဝင်တွေ ကျင်းပကြတဲ့ လပြည့်နေ့ (International Full Moon Day) ထူးခြားတဲ့နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။

လပြည့်ညရဲ့ တည်ငြိမ်အေးချမ်းတဲ့ စွမ်းအင်တွေနဲ့အတူ မိမိကိုယ်ကို ပြန်လည်ဂရုစိုက်ဖို့ Reality Wellbeing ကနေ

"Full Moon Sound Meditation Session" လေးကို စီစဉ်ပေးထားပါတယ်။

ဒီညမှာတော့...

🧘‍♀️ Yoga Stretching:တင်းမာနေတဲ့ ခန္ဓာကိုယ်ကို ဖြေလျှော့မယ်

🧘‍♂️ Guided Meditation:လမ်းညွှန်ချက်နဲ့အတူ စိတ်ကို တည်ငြိမ်အောင် ထားမယ်

🥣Sound Healing Meditation:
သာယာငြိမ့်ညောင်းတဲ့ အသံလှိုင်းတွေနဲ့
မိမိရဲ့ စိတ်နဲ့ ခန္ဓာ ကို ကုစားပေးမယ်

ဒီအစီအစဉ်ကို
Sound Master Khaing Khant
ကနေပြီးတော့ မေတ္တာအပြည့်နဲ့ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

📅 Date:1 May 2026 (Tonight!)
⏰ Time:7:30 PM - 8:30 PM
ID: 832 8350 6333
PC : Yogaforall

မိမိတို့ရဲ့ နေအိမ်မှာပဲ အေးအေးချမ်းချမ်း ပါဝင်ဆင်နွှဲရင်း စိတ်ဖိစီးမှုတွေကို စွန့်ထုတ်ပြီး လရဲ့ စွမ်းအင်၊အသံလှိုင်းရဲ့စွမ်းအင်တွေ ရယူလိုက်ရအောင်လားရှင်။

ကိုယ်စိတ်နှစ်ပါး လန်းဆန်းသွားဖို့အတွက် ဒီအခွင့်အရေးကို လက်မလွှတ်ပါနဲ့နော်။ အတူတူ ပါဝင်ချင်သူတွေအနေနဲ့ Comment မှာ "Peace" လို့ ရေးပေးသွားခဲ့ပါဦးရှင်။


👷‍♀️ မေလ (၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ “အလုပ်သမားနေ့” မှာ . . . ကြိုးကြိုးစားစား အလုပ်လုပ်ကိုင်နေကြတဲ့ လုပ်...
01/05/2026

👷‍♀️ မေလ (၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ “အလုပ်သမားနေ့” မှာ . . .

ကြိုးကြိုးစားစား အလုပ်လုပ်ကိုင်နေကြတဲ့ လုပ်သားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပြီး လုံခြုံစိတ်ချရတဲ့ အလုပ်အကိုင်များ ရရှိပါစေဖို့နဲ့ ကြိုးစားသူတိုင်း အောင်မြင်မှုနဲ့ ချီးမြှင့်ခံရစေဖို့ 𝐊𝐡𝐚𝐢𝐧𝐠 𝐊𝐡𝐚𝐧𝐭 - 𝐑𝐞𝐚𝐥𝐢𝐭𝐲 𝐘𝐨𝐠𝐚 မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် . . .

#အလုပ်သမားနေ့

“𝐇𝐚𝐩𝐩𝐲 𝐌𝐨𝐧𝐞𝐲" ထည့်ဝင်ရုံနဲ့ တက်ရောက်နိုင်မယ့် 𝐂𝐡𝐚𝐫𝐢𝐭𝐲 𝐘𝐨𝐠𝐚 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐬 များ ✨🧘‍♀️မင်္ဂလာပါ 𝐑𝐞𝐚𝐥𝐢𝐭𝐲 𝐘𝐨𝐠𝐚 ရဲ့ မိသားစုဝင်တို့ရ...
30/04/2026

“𝐇𝐚𝐩𝐩𝐲 𝐌𝐨𝐧𝐞𝐲" ထည့်ဝင်ရုံနဲ့ တက်ရောက်နိုင်မယ့် 𝐂𝐡𝐚𝐫𝐢𝐭𝐲 𝐘𝐨𝐠𝐚 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐬 များ ✨🧘‍♀️

မင်္ဂလာပါ 𝐑𝐞𝐚𝐥𝐢𝐭𝐲 𝐘𝐨𝐠𝐚 ရဲ့ မိသားစုဝင်တို့ရေ...

𝐌𝐚𝐲 𝟏𝟗 ရက်နေ့မှာ ကျရောက်မယ့် 𝐌𝐚 𝐊𝐡𝐚𝐢𝐧𝐠 𝐊𝐡𝐚𝐧𝐭 ရဲ့ မွေးနေ့အလှူအဖြစ် မေလတစ်လလုံးမှာ ထူးထူးခြားခြား ကုသိုလ်ဒါနပြုတဲ့အနေနဲ့ 𝐂𝐡𝐚𝐫𝐢𝐭𝐲 𝐘𝐨𝐠𝐚 𝐂𝐥𝐚𝐬𝐬𝐞𝐬 တွေကို စီစဉ်ပေးလိုက်ပါတယ် ✨

ဒီတစ်ခါမှာတော့ ပုံမှန်သင်တန်းကြေးတွေအတိုင်း ပေးစရာမလိုဘဲ မိမိစေတနာရှိသလောက်၊ အဆင်ပြေသလောက် "𝐇𝐚𝐩𝐩𝐲 𝐌𝐨𝐧𝐞𝐲" လှူဒါန်းရုံနဲ့ 𝐎𝐧𝐥𝐢𝐧𝐞 ကနေ စိတ်ကြိုက်တက်ရောက်နိုင်မှာပါ ✨

ရရှိလာတဲ့ အလှူငွေအားလုံးကိုလည်း မွေးနေ့အမှတ်တရအဖြစ် ပြန်လည်လှူဒါန်းသွားမှာဖြစ်ပါတယ်ရှင့် 💯

မေလအတွက် ဖွင့်လှစ်မယ့် 𝐂𝐡𝐚𝐫𝐢𝐭𝐲 𝐏𝐫𝐨𝐠𝐫𝐚𝐦 (၃) မျိုးကတော့

🧘🏻‍♀️ 𝐘𝐨𝐠𝐚 𝐟𝐨𝐫 𝐒𝐮𝐦𝐦𝐞𝐫 𝐒𝐞𝐚𝐬𝐨𝐧 ☀️

နွေရာသီရဲ့ ပူပြင်းတဲ့ဒဏ်ကို စိတ်ရောကိုယ်ပါ အေးမြတဲ့ ယောဂကျင့်စဉ်တွေနဲ့ ကျော်ဖြတ်နိုင်မယ့် အစီအစဉ်လေး ဖြစ်ပါတယ်…

🗓️ 𝐃𝐚𝐭𝐞 - 𝐓𝐮𝐞,𝐖𝐞𝐝,𝐓𝐡𝐮𝐫𝐬,𝐒𝐚𝐭
🕑 𝐓𝐢𝐦𝐞 - 𝟕:𝟑𝟎-𝟖:𝟑𝟎 𝐏𝐦 (𝟏𝟐 𝐬𝐞𝐬𝐬𝐢𝐨𝐧𝐬)
📆 𝐒𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐚𝐭 𝐌𝐚𝐲 𝟓
💰 𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐅𝐞𝐞𝐬 - 𝟖𝟖,𝟖𝟖𝟖 𝐌𝐌𝐊 => 𝐍𝐨𝐰 - 𝐇𝐚𝐩𝐩𝐲 𝐌𝐨𝐧𝐞𝐲)

🧘🏻‍♀️ 𝐌𝐢𝐧𝐝𝐟𝐮𝐥 𝐏𝐫𝐚𝐧𝐚𝐲𝐚𝐦𝐚 𝐁𝐫𝐞𝐚𝐭𝐡𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬 🌬️

စိတ်ဖိစီးမှုတွေ လျော့ကျပြီး အသက်ရှူစနစ် မှန်ကန်စေမယ့် အစီအစဉ်လေးဖြစ်ပါတယ်ရှင့်…

🗓️ 𝐄𝐯𝐞𝐫𝐲 𝐒𝐚𝐭 𝐒𝐮𝐧 (𝟒 𝐰𝐞𝐞𝐤𝐬)
🕑 𝐓𝐢𝐦𝐞 - 𝟕:𝟑𝟎-𝟖:𝟑𝟎 𝐀𝐦
📆 𝐒𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐚𝐭 𝐌𝐚𝐲 𝟗
💰 𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐅𝐞𝐞𝐬 - 𝟏𝟏𝟏,𝟏𝟏𝟏 𝐌𝐌𝐊 => 𝐍𝐨𝐰 - 𝐇𝐚𝐩𝐩𝐲 𝐌𝐨𝐧𝐞𝐲

🧘🏻‍♀️ 𝟕 𝐃𝐚𝐲𝐬 𝟕 𝐂𝐡𝐚𝐤𝐫𝐚𝐬 𝐂𝐥𝐞𝐚𝐧𝐢𝐧𝐠 & 𝐑𝐞𝐛𝐚𝐥𝐚𝐧𝐜𝐢𝐧𝐠 ❄️

ခန္ဓာကိုယ်အတွင်းက စွမ်းအင်ဗဟိုချက်တွေကို ပြန်လည်သန့်စင်ပြီး 𝐁𝐚𝐥𝐚𝐧𝐜𝐞 ဖြစ်စေမယ့် 𝐂𝐡𝐚𝐤𝐫𝐚𝐬 𝐂𝐥𝐞𝐚𝐧𝐢𝐧𝐠 𝐚𝐧𝐝 𝐑𝐞𝐛𝐚𝐥𝐚𝐧𝐜𝐢𝐧𝐠 ဖြစ်ပါတယ်ရှင့် ✨

🗓️ 𝐌𝐚𝐲 𝟐𝟓,𝟐𝟔,𝟐𝟕,𝟐𝟖,𝟐𝟗,𝟑𝟎,𝟑𝟏
🕑 𝐓𝐢𝐦𝐞 - 𝟕:𝟑𝟎-𝟖:𝟑𝟎 𝐏𝐦
💰 𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐅𝐞𝐞𝐬 - 𝟏𝟏𝟏,𝟏𝟏𝟏 𝐌𝐌𝐊 => 𝐍𝐨𝐰 - 𝐇𝐚𝐩𝐩𝐲 𝐌𝐨𝐧𝐞𝐲

ဒီ 𝐂𝐡𝐚𝐫𝐢𝐭𝐲 𝐏𝐫𝐨𝐠𝐫𝐚𝐦 လေးမှာ ပါဝင်ပြီး ကုသိုလ်အတူယူချင်တယ်ဆိုရင်တော့

𝟏. ဒီ 𝐏𝐨𝐬𝐭 လေးကို 𝐋𝐢𝐤𝐞 & 𝐒𝐡𝐚𝐫𝐞 (𝐏𝐮𝐛𝐥𝐢𝐜) လုပ်ပေးပါ…

𝟐. 𝐒𝐡𝐚𝐫𝐞 ထားကြောင်းကို 𝐒𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭 ရိုက်ပြီး ဒီ 𝐏𝐨𝐬𝐭 အောက်မှာ 𝐂𝐨𝐦𝐦𝐞𝐧𝐭 ပြန်လာပေးရပါမယ်ရှင့် ✨

𝟑. ပြီးရင်တော့ 𝐑𝐞𝐚𝐥𝐢𝐭𝐲 𝐘𝐨𝐠𝐚 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ "တက်ရောက်လိုတဲ့ 𝐂𝐥𝐚𝐬𝐬 အမည်" နဲ့အတူ 𝐒𝐒 လာပြပြီး 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 လုပ်နိုင်ပါပြီ…

𝐎𝐧𝐥𝐢𝐧𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐬 လေးဖြစ်လို့ အိမ်ကနေပဲ အေးအေးဆေးဆေး တက်ရောက်ရမှာပါရှင် 🤗

မေလတစ်လလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့အတူ ကုသိုလ်တွေလည်း ထပ်တူရရှိစေဖို့ 𝐑𝐞𝐚𝐥𝐢𝐭𝐲 𝐘𝐨𝐠𝐚 ရဲ့ 𝐂𝐡𝐚𝐫𝐢𝐭𝐲 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐬 လေးတွေမှာ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ကြရအောင်နော်… 🙏💛

“ကဆုန်လ ညောင်ရေသွန်းပွဲ” ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူခဲ့သည့် နေ့ထူးနေ့မြတ် ကဆုန်လပြည့်နေ့မှာ မြန်မာ ပြည်သူ ပြည်သားများအ...
30/04/2026

“ကဆုန်လ ညောင်ရေသွန်းပွဲ”

ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူခဲ့သည့် နေ့ထူးနေ့မြတ် ကဆုန်လပြည့်နေ့မှာ မြန်မာ ပြည်သူ ပြည်သားများအားလုံး ဗုဒ္ဓရဲ့ ကောင်းချီးမင်္ဂလာများကို ရရှိလို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပြီး ဒုက္ခဆင်းရဲများမှ လွတ်မြောက်နိုင်စေဖို့အတွက် 𝐊𝐡𝐚𝐢𝐧𝐠 𝐊𝐡𝐚𝐧𝐭 - 𝐑𝐞𝐚𝐥𝐢𝐭𝐲 𝐘𝐨𝐠𝐚 မှ​ဆုမွန်ကောင်း တောင်းအပ်ပါတယ် . . . 🙏✨

#ကဆုန်လပြည့်နေ့

❄️ နွေရာသီမှာ ရွှေရင်အေးအောင် ❄️Yoga for Summer Season Free Session  (Yoga Pose to cold down your body)❄️ကို Khaing Khan...
25/04/2026

❄️ နွေရာသီမှာ ရွှေရင်အေးအောင် ❄️

Yoga for Summer Season Free Session
(Yoga Pose to cold down your body)❄️

ကို Khaing Khant- Reality Yoga မှ
မေတ္တာနဲ့ မျှဝေပေးပါမယ်။

အခုချိန် ရာသီဥတု အပူချိန်မြင့်တက်လာတာနဲ့အမျှ ကိုယ့်ရဲ့အသွားအလာ၊ အနေအထိုင်၊ အစားအသောက် စတာ‌တွေကို ဆင်ခြင်သင့်ပါတယ်။

မိုးလေဝသ ခန့်မှန်းချက်အရ အပူချိန်ဟာ
45°C - 47°C အထိ ရောက်ရှိနိုင်တယ်လို့ ပြောထားပါတယ်။

အရေးကြီးတာက
နေပူထဲမှာ နံနက် ၁၁ နာရီကနေ ညနေ ၃ နာရီအတွင်း သွားလာလှုပ်ရှားတာတွေကို
တက်ရှောင်နိုင်သလောက်ရှောင်ပါ။

ချည်သား အဝတ်ထူထူတွေကအပူဒဏ်ကို
ကာကွယ်ပေးနိုင်ပါတယ်။
အပူက ပြန်ရောက်လာတဲ့အခါ အဝတ်များချွတ်တာ၊ ရေခဲရေသောက်တာ၊
ရေချိုးတာတွေကို ရှောင်ပါ။

နေပူထဲက ပြန်ရောက်ရင် ၅ မိနစ်လောက်
ပြန်လာခဲ့တဲ့အတိုင်း နေပေးပါ။
အဲယားကွန်းခန်းအတွင်းအဝင်အထွက်
သွားလာနေရတဲ့သူတွေသတိပြုကြပါ။

နေပူထဲကနေ ပြန်ရောက်တဲ့အခါ
Air Con အအေးခန်းအတွင်း ရုတ်တရက်ဝင်ရောက်ရင် ခန္ဓာကိုယ်အရေပြားမှ သွေးများ
ဗဟို သွေးလှည့်အဖွဲ့ထဲရောက်ရှိကာ
ရုတ်တရက် သွေးပေါင်တက်ပြီး လေဖြတ်တာ၊ ဦးနှောက်သွေးကြောပေါက်တာတွေ ဖြစ်တတ်ပါတယ်။

Air Con အခန်းထဲ ကြာရှည်နေရသူများ
အပူထဲကို ထွက်ချိန်မှာသွေးပေါင်ထိုးကျပြီး မူးဝေတတ်ပါတယ်။ မူလ သွေးတိုးအခံရှိသူများလဲ
အပူချိန်မြင့်မားမှုကြောင့် အခုချိန်မှာပိုသတိထားနေထိုင်သင့်ပါတယ်။
ရေများများသောက်ပါ။
အငန်/အချိုလျော့စားကြပါ။

ဒါ့အပြင် ခိုင်ခန့်က ခန္ဓာကိုယ်မှာရှိ‌နေတဲ့ Body Temperature ကို Cold Down
ဖြစ်စေဖို့

Yoga for Summer Season
(Yoga Pose to cold down your body) ဆိုတဲ့ Yoga Sequence ကို မျှဝေပေးချင်ပါတယ်။

အခုလိုအချိန်မျိုးမှာ အရမ်းအားသွန်ခွန်စိုက်
လုပ်ရတဲ့ လေ့ကျင့်ခန်းတွေအစား

ခန္ဓာကိုယ်မှာရှိ‌နေတဲ့ Body Temperature တွေကို‌‌လျော့ကျစေတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဖို့ ခိုင်ခန့်က အကြံပေးပါတယ်။

ယောဂမှာ ကောင်းတဲ့အချက်က ခန္ဓာကိုယ်ရဲ့ Body Temperature ကို အေးတဲ့အချိန်တွေမှာ မြင့်တက်အောင်လုပ်လို့ရသလို

ပူတဲ့အချိန်တွေမှာလဲ Body Temperature ကို
ကျဆင်းသွားအောင်လုပ်လို့ရပါတယ်။

ဒီနေ့ ခိုင်ခန့်မျှဝေပေးမယ့် ယောဂ လေ့ကျင့်ခန်းလေးတွေက ခန္ဓာကိုယ်မှာရှိ‌နေတဲ့ Body Temperature တွေကို ကျဆင်းစေပြီး သဘာဝအတိုင်းအေးမြကာ စိတ်ပိုင်းဆိုင်ရာပူပင်သောကတွေ Stress တွေပါ ပျောက်ကင်းစေမှာပါ။

Heat Stroke ဖြစ်စေနိုင်ခြင်းနဲ့
သဘာဝရဲ့‌‌ပူပြင်းတဲ့အပူဒဏ်ကိုကာကွယ်ဖို့အတွက် ခိုင်ခန့်က ဒီယောဂကျင့်စဉ်လေးကို

ဒီနေ့ည April 26 ည
7:30-8:30 Pm မှာ မေတ္တာနဲ့ မျှဝေပေးသွားမှာဖြစ်ပါတယ်။

🧘‍♀️zoom ID : 832 8350 6333
🧘‍♀️Passcode- Yogaforall

စိတ်ဝင်စားသူများ အားလုံးလည်း
ဒီ Yoga For Summer ယောဂကျင့်စဉ်လေးကိုအတူတူလေ့ကျင့်ရင်းနဲ့ မိမိရဲ့စိတ်နဲ့ခန္ဓာ ကြည်သာရွှင်ပြရှိကြပါစေရှင့်။

တခြားသူတွေသိစေဖို့ post ကို
ပြန်လည်မျှဝေပေးရင်း
ပါဝင်မယ်ဆိုရင် Yes 👍 လို့ရေးသွားပေးနော်🥰🧘‍♀️



Happy Mother Earth Day 🌍April 22Earth is my Body Water is my bloodAir is my breath Fire is my Spirit အရိပ်ရအပင်လေးတွေအမှ...
22/04/2026

Happy Mother Earth Day 🌍
April 22

Earth is my Body
Water is my blood
Air is my breath
Fire is my Spirit

အရိပ်ရအပင်လေးတွေအမှတ်တရ စိုက်မယ် 🌳🌲🌴

Food Waste တွေ လည်းဂရုစိုက်မယ်

ရေသုံးတာတွေ ဂရုစိုက်မယ်

Plastic အသုံးပြုမှု့ လျော့ချမယ်

ချည်ထည် အဝတ်အစားတွေ ပိုဝတ်မယ်

သဘာဝကြီးကို ပိုချစ်ပေးမယ်

ကိုယ့်ကိုကိုယ် လည်း မေတ္တာပို့ သလို သဘာဝတရားကိုလည်း မေတ္တာပို့မယ် 🙏

ချစ်သောကမ္ဘာမြေကြီး နောင်နှစ်ပေါင်းများစွာထိ ကျန်းမာစွာတည်တံ့နိုင်ပါစေ 🙏🙏🙏

🍃 မြန်မာတို့ရဲ့ နှစ်သစ်မင်္ဂလာ အချိန်အခါမှစတင်ပြီး . . . မြန်မာနိုင်ငံသူ နိုင်ငံသားတို့ ဘေးဘယာဝေးကွာပြီး တစ်နှစ်တာလုံး စ...
17/04/2026

🍃 မြန်မာတို့ရဲ့ နှစ်သစ်မင်္ဂလာ အချိန်အခါမှစတင်ပြီး . . .

မြန်မာနိုင်ငံသူ နိုင်ငံသားတို့ ဘေးဘယာဝေးကွာပြီး တစ်နှစ်တာလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ကုသိုလ်၊ ပညာ၊ စီးပွားများ တိုးတက်ပါစေကြောင်း 𝐊𝐡𝐚𝐢𝐧𝐠 𝐊𝐡𝐚𝐧𝐭 - 𝐑𝐞𝐚𝐥𝐢𝐭𝐲 𝐘𝐨𝐠𝐚 မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် . . . 🙏

#နှစ်ဆန်းတစ်ရက် #နှစ်ဆန်းတစ်ရက်နေ့

မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းရမယ့် "အကောင်းဆုံး အမွေအနှစ်"ခိုင်ခန့်တို့ရဲ့ ကလေးတွေကို ပညာအမွေ၊ ဥစ္စာအမွေတွေ ပေးဖို့ ကြိုး...
12/04/2026

မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းရမယ့် "အကောင်းဆုံး အမွေအနှစ်"

ခိုင်ခန့်တို့ရဲ့ ကလေးတွေကို ပညာအမွေ၊ ဥစ္စာအမွေတွေ ပေးဖို့ ကြိုးစားကြသလိုပဲ...

တကယ်တော့ အဲ့ဒီအရာအားလုံးကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ "ကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ ခိုင်မာတဲ့ စိတ်ဓာတ်"ဆိုတဲ့ အမွေကိုပါ ထည့်ပေးဖို့ မမေ့သင့်ဘူး။

အားကစားလုပ်တယ်ဆိုတာ ခန္ဓာကိုယ်ကြီး ကြံ့ခိုင်ဖို့သက်သက်တင် မဟုတ်ပါဘူး။ အားကစားသမားတစ်ယောက်ရဲ့ စိတ်ဓာတ်ဟာ သာမန်ထက် ပိုပြီး ခိုင်မာတယ်။

🔥 အားကစားကနေသင်ပေးတဲ့ ဘဝသင်ခန်းစာတွေကတော့ အများကြီးပါပဲ

အရှုံးမပေးတတ်တဲ့ ဇွဲ (Resilience):

အားကစားလုပ်တဲ့သူဟာ ပင်ပန်းမှုကို အံတုရင်း အခက်အခဲဆိုတာ ကျော်ဖြတ်ဖို့ပဲဆိုတာ နားလည်လာတယ်။ ဘဝမှာ ပြဿနာတစ်ခုခု ကြုံလာရင် အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘဲ နည်းလမ်းသစ်တွေကို ရှာဖွေတတ်လာပါတယ်။

ထက်မြက်တဲ့ ဉာဏ်ရည် (Focus):

ကိုယ်လက်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်က ပေါ့ပါးလန်းဆန်းနေတဲ့အခါ အာရုံစူးစိုက်မှု (Concentration) က ပိုကောင်းလာတယ်။ ဒါကပဲ သင်ယူမှုစွမ်းရည်နဲ့ မှတ်ဉာဏ်ကို တိုးတက်စေတာပါ။

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ခြင်း (Self-Love):
မိမိကိုယ်ကို ဂရုစိုက်ပြီး လေ့ကျင့်ခန်းလုပ်တာဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်တဲ့ စိတ်ကို အခြေခံကစပြီး ပျိုးထောင်ပေးတာ ဖြစ်ပါတယ်။

မိဘများသို့ တိုက်တွန်းချင်တာကတော့
ကိုယ်တိုင်က ရှေ့ဆောင်လမ်းပြဖြစ်ပါစေ။ ကလေးတွေကို စာအုပ်တွေကြား၊ရမှတ်တွေကြား ထဲမှာပဲ ပိတ်မထားဘဲ ကွင်းပြင်ထဲကို ထုတ်ပေးပါ။ ပြေးလွှားခွင့်ပေးပါ၊ ချွေးထွက်ခွင့်ပေးပါ။

"ကျန်းမာခြင်းဟာ လာဘ်တစ်ပါး"ဆိုတာထက် ပိုပါတယ်။ ကျန်းမာခြင်းဟာ "အောင်မြင်မှုရဲ့ အခြေခံအုတ်မြစ်"ပါ။

ကိုယ်တိုင်ရော၊ ကိုယ့်ရဲ့ မျိုးဆက်သစ်တွေပါ ကာယ၊ ဉာဏ နှစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ပြီး အရည်အသွေးရှိတဲ့ လူသားတွေ ဖြစ်လာဖို့ ဒီနေ့ပဲ အားကစားနဲ့ ကျန်းမာရေး အသိအမြင်တွေကို စတင် လက်ဆင့်ကမ်းလိုက်ကြရအောင်လားရှင်။

ခိုင်ခန့်ရဲ့ သမီးလေး ၂ ယောက်ကိုလဲ
ကျေးဇူးတင်တယ်။

ခိုင်ခန့် မျိုးစေ့ချပေးတဲ့ ကျန်းမာရေးအမွေ
ကို သူတို့ကိုယ်တိုင်ကကို လိုလိုလားလားနဲ့
လက်ဆင့်ကမ်း လုပ်ဆောင်ပေးလို့ပါပဲ။



Address

Yangon
11181

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+959962055512

Website

Alerts

Be the first to know and let us send you an email when Khaing Khant - Reality Yoga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khaing Khant - Reality Yoga:

Share