Shwe Thet Lon Health Care & Medical Service

Shwe Thet Lon  Health Care & Medical Service ကျန်းမာရေးစောင့်ရှောက်မှု
နှင့်
ဆေးဘက်ဆိုင်ရာ ဝန်​ဆောင်မှု

ကျန်းမာရေးအသိပညာပေး 👨🏻‍⚕️💉💊

“ သန်ချခြင်း” အကြောင်းသိကောင်းစရာ✅Dr. Pyae Wunna Aung အထွေထွေရောဂါကုဆရာဝန်
03/09/2026

“ သန်ချခြင်း” အကြောင်းသိကောင်းစရာ✅

Dr. Pyae Wunna Aung
အထွေထွေရောဂါကုဆရာဝန်







31/08/2026

✨Vitamin ဓာတ်ကြွယ်ဝဖို့တို့တွေစားသုံးကြပါစို့ ✨





16/08/2026

အခြေခံရှေးဉီးသူနာပြုသင်တန်း ဟာ လူတိုင်းအနေနဲ့ တက်ကိုတက်ရောက်ထားသင့်သည့် အလွန်အရေးပါသည့် သင်တန်းတခုဖြစ်ပါတယ်။

ဘာလို့အခုလိုပြောရသလဲဆိုတော့ သဘာ၀ဘေးအန္တရာယ်များ ၊ မတော်မတဆ ထိခိုက်မှုများ နှင့် အတူ အခြားသော ဘေးအန္တရာယ်များကြုံတွေ့ရသည့်အခါမျိုးတွင် မိမိ အနေနှင့် မိမိ ကိုယ်သာမက အခြားသူများကိုပါ ကူညီပြုစုပေးနိုင်သည့် အရေးပါသည့်အခြေခံလုပ်ဆောင်ချက်များကို ကျွမ်းကျင်စွာတက်မြောက်ထားသည့်အခါ အချိန်မှီအရေးပေါ်ကာကွယ်နိုင်မည်ဖြစ်ပါတယ်။

ထိုသင်တန်းတွင် စာတွေ့ ၊ လက်တွေ့ကိုစနစ်တကျ စိတ်ရှည်စွာသင်ကြားပြသပြီးနောက် ကျွမ်းကျင်မှုဆိုင်ရာ စစ်ဆေးမှုပြီးမြောက်သည်နှင့် သင်တန်းပြီးမြောက်ခြင်း လက်မှတ်ကိုပေးအပ်သွားပါမည်ဖြစ်ပါသဖြင့်လုပ်ငန်းခွင်တွင် အသုံး၀င်သော လက်မှတ်တခုလည်းဖြစ်ပါတယ်။

ရွှေသက်လုံသည် အခြေခံရှေးဉီးသူနာပြုသင်တန်း နှင့် ကျန်းမာရေးဆိုင်ရာဆေးစစ်ခြင်း စတဲ့၀န်ဆောင်မှုများကို လုပ်ဆောင်ပေးသည့် အခါတွင် အတွေ့အကြုံရှိသော ဆရာ၀န်များကိုယ်တိုင် စနစ်တကျ ဉီးဆောင်သောကြောင့် ယုံကြည်စိတ်ချရသည်သာမက ဆေးဘက်ဆိုင်ရာ အသိပညာဗဟုသုတများကိုပါ ရရှိသွားမှာဖြစ်ပါတယ်။

သင်တန်းများပို့ချခြင်း နှင့် ဆေးစစ်ခြင်းဆိုင်ရာ၀န်ဆောင်မှုများကို သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်း
နိုင်ပါသည်။

☎️09758762205 / 09698166447
📧 [email protected]

SHWE THET LON
“We Care About Your Health”



14/08/2026

🤗

ပြင်းထန်၀မ်းပျက်၀မ်းလျှောရောဂါကြောင့် တက်ရောက်ကုသသူလူနာဉီးရေမှာ အယောက် ၁၈၀ ကျော်ရှိကာ ယခုတွင်လည်း ဆေးရုံဆေးခန်းများတွင် ...
13/08/2026

ပြင်းထန်၀မ်းပျက်၀မ်းလျှောရောဂါကြောင့် တက်ရောက်ကုသသူလူနာဉီးရေမှာ အယောက် ၁၈၀ ကျော်ရှိကာ
ယခုတွင်လည်း ဆေးရုံဆေးခန်းများတွင် ပြင်းထန်၀မ်းပျက်၀မ်းလျှောရောဂါကြောင့် ကုသမှုခံယူသူများလည်း များပြားလျက်ရှိပါသည်။

ထိုသို့သောရောဂါမျိုးသည် အစားအစာမသန့်ရှင်းမှု နှင့် ရေများမသန့်ရှင်းမှုတို့ကြောင့်ဖြစ်ပါသဖြင့် လက်တလောတွင် အပြင်စာများ စားသုံးခြင်းအားခေတ္တခဏ ရပ်ကာ -

✅မိမိအိမ်တွင် သန့်ရှင်းစွာချက်ပြုတ်သောအစားအစာများကို မှီ၀ဲစားသုံးပါရန် ။

✅လက်များကို အစားအစာမစားသုံးမှီ နှင့် အစားအစာစားသုံးပြီး ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောသန့်စင်ပါရန်။

✅မိမိအသုံးပြုသော မီးဖိုချောင် နှင့် ချက်ပြုတ်သည့်ပစ္စည်းများအား ချက်ပြုတ်ပြီးစီးပါက ဆေးကြောသန့်စင်ပါရန်။

✅သောက်သုံးရေများကိုလည်း သန့်စင်ထားသောသောက်သုံးရေများကိုသာသောက်သုံးရန် နှင့် သောက်သုံးရေမရှိသော ကျေးလက်တွင်နေသော မိဘပြည်သူများအနေဖြင့် ရေများကို မသောက်သုံးမှီ ကျိုချက်ပြီးမှသာ သောက်သုံးကြပါရန် နှင့် လုံခြုံစွာ ဖုံးအုပ်ထားရန်။

✅မိမိအိမ်တွင်ရှိသော အိမ်သာ များကိုလည်း ညစ်ပတ်အောင်မထားဘဲ အသုံးပြုပြီးပါက ဆပ်ပြာ ၊ ပိုးသတ်ဆေး စသည့် ပစ္စည်းများဖြင့်သန့်ရှင်းရေးလုပ်ပါရန်။

အထက်ဖော်ပြခဲ့သောအချက်များကို မိမိတို့အနေဖြင့် စနစ်တကျ လိုက်နာ လုပ်ဆောင်ပါက ယခုဖြစ်ပေါ်နေသည့် ပြင်းထန်၀မ်းပျက်၀မ်းလျှောရောဂါအားကာကွယ်နိုင်မည်ဖြစ်ပါသည်။

ချစ်ခင်ရတဲ့ မိဘပြည်သူများအနေဖြင့် မိမိ သာမက မိမိ အိမ်သူအိမ်သားများအားလုံး၏ ကျန်းမာရေးကာကွယ်ရေးဖို့ရန်အတွက် သန့်(၄) သန့်ကို စနစ်တကျလိုက်နာကျင့်သုံးခြင်းဖြင့် ကောင်းမွန်သော ကျန်းမာရေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း SHWE THET LON Healthcare and Medical Service မှ ဆုတောင်းမေတ္တာပို့လိုက်ပါ
သည်။

#ပြင်းထန်ဝမ်းပျက်ဝမ်းလျှော



ယခုဖြစ်ပေါ်နေသည့် ပြင်းထန်၀မ်းပျက် ၀မ်းလျှော ရောဂါ အပြင် အရေပြားယားယံခြင်းကိုလည်း ဂရုစိုက်သင့်ပါသည်။ မိုးသည်းထန်စွာရွာသွ...
12/08/2026

ယခုဖြစ်ပေါ်နေသည့် ပြင်းထန်၀မ်းပျက် ၀မ်းလျှော ရောဂါ အပြင် အရေပြားယားယံခြင်းကိုလည်း ဂရုစိုက်သင့်ပါသည်။ မိုးသည်းထန်စွာရွာသွန်းသည့်အခါ လမ်းများပေါ်တွင် ရေများပြည့်လျှံကာ ၊ များသောအားဖြင့် ၄င်းရေများသည် မြောင်း ၊ အမှိုက်ကန် နှင့် အခြားမသန့်ရှင်းသော အညစ်အကြေးများ ရှိသည့်နေရာများမှ စီးဆင်းလာလေ့ရှိပါတယ်။

ထိုအခါတွင် နေ့စဉ်နှင့်အမျှ ၄င်းရေထဲ မှဖြတ်လျှောက်ကြရသည့်အခါ မိမိ၏ခြေထောက်ကို ရေဖြင့်ထပ်မံဆေးကြောသန့်စင်ဖို့ရန်အတွက် မေ့တတ်ကြပါတယ်။

ရက်အနည်းငယ်ကြာသည့်အခါတွင် အရေပြားယားယံကာ ခြေထောက်များတွင် ယားနာများဖြစ်ပေါ်တတ်ပါတယ်။
ယားနာ၏ လက္ခဏာများမှာ
• အလွန်အမင်းယားယံခြင်း၊
• အထူးသဖြင့် ညအချိန်တွင် ပိုမိုဆိုးရွားလာခြင်း
• အရေပြားပေါ်တွင် ပါးလွှာပြီး လှိုင်းတွန့်နေသော ဥမင်လမ်းကြောင်းများအဖြစ်တည်ရှိကာ အရည်ကြည်ဖုငယ်များ သို့မဟုတ် အဖုများဖြင့် ဖွဲ့စည်းထားပါတယ်။

ယားနာသည် အရေပြားအတွန့်အခေါက်များတွင် မကြာခဏ ပေါ်လာလေ့ရှိသော်လည်း အခြားခန္ဓာကိုယ်အစိတ်အပိုင်းအမျိုးမျိုးတွင်လည်း ဖြစ်ပွားနိုင်သည်။ အထူးသဖြင့် ခြေဖ၀ါး ၊ ခြေဖမိုး ၊ ခြေထောက် ၊ ပေါင်ခြံကြား ၊ ကျောကုန်း ၊ လက်ဖ၀ါး ၊ တံတောင်ဆစ် နှင့် ကျောကုန်း အစရှိသည့်နေရာအများစုတွင်
ဖြစ်ပေါ်လေ့ရှိပါတယ်။

သန့်ရှင်းမှုဆိုင်ရာ အလေ့အကျင့်များကို မည်သို့ပင်လုပ်လုပ် ၊ မည်သူကိုမဆို ထိခိုက်စေနိုင်ပါသည်။ အချို့သော လူပုဂ္ဂိုလ်များသည် ယားနာကူးစက်ခံရနိုင်ခြေ ပိုများပြီး ၎င်းတို့တွင် အောက်ပါတို့
ပါဝင်သည်-
• ကိုယ်ခံအားစနစ် ချို့ယွင်းနေသူများ။
• လူဦးရေထူထပ်သော ပတ်ဝန်းကျင်တွင် နေထိုင်သူများ
• သူငယ်ချင်းများ၊ မိသားစုနှင့် အတန်းဖော်များမကြာခဏ အသားချင်းထိတွေ့ဆက်ဆံခြင်းရှိခြင်းကြောင့်။
• သက်ကြီးရွယ်အိုများ၊ အထူးသဖြင့် ဘိုးဘွားရိပ်သာများတွင် နေထိုင်သူများ။
• ယားနာပိုးကူးစက်ခံရခြင်းကို မသိရှိသူများအတွက် ဆေးကုသမှုလုပ်ပေးသော ကျန်းမာရေးစောင့်ရှောက်သူများ တို့ဖြစ်ကြပါတယ်။

ယခင်က ယားနာဖြစ်ဖူးပါက ရောဂါလက္ခဏာများသည် ထိတွေ့ပြီး ရက်အနည်းငယ်အတွင်း ပေါ်လာနိုင်သည်။ သို့သော် ယားနာမဖြစ်ဖူးသူများအတွက် ရောဂါလက္ခဏာများ ပေါ်လာရန် ခြောက်ပတ်အထိ ကြာနိုင်သည်။ မှတ်သားစရာမှာ ရောဂါလက္ခဏာမပြသည့်တိုင် ယားနာသည် တစ်ခြားသူထံသို့ပျံ့နှံ့နိုင်သည်။

ယခုဖော်ပြခဲ့သော ယားနာအမျိုးအစားသည် ဝဲယားနာရောဂါဖြစ်ကာ ဝဲဟုခေါ်သောscabiei ပိုးမွှားများ အရေပြားထဲသို့ ဖောက်ထွင်းတိုးဝင်ခြင်းကြောင့် အလွန်ယားယံသော အရေပြားအကွက်များဖြစ်ပေါ်လာ၍ ပိုးမွှားများသည် အရေပြားထဲသို့ဖောက်ထွင်းတိုးဝင်သည့်နေရာတွင် အလွန်အမင်းယားယံမှုဖြစ်ပေါ်ပြီး အထူးသဖြင့် ညဘက်ပိုင်းတွင် ကုတ်ခြစ်ချင်စိတ် ပိုမိုပြင်းထန်လေ့ရှိပါတယ်။ ၄င်း ရောဂါသည် အလွန်ကို မှ ကူးစက်လွယ်ကာ အသားချင်းထိတွေ့မှုမှတစ်ဆင့် လျင်မြန်စွာပျံ့နှံ့သွားနိုင်ပြီး မိသားစုများ၊ ကလေးထိန်းဌာနများ၊ ကျောင်းများ၊ သက်ကြီးရွယ်အိုဂေဟာများနှင့် အကျဉ်းထောင်များတွင် ပိုမို အဖြစ်များလေ့ရှိကြပါတယ်။

၎င်း၀ဲ၊ ယားနာ ကူးစက်တတ်သောသဘောသဘာဝကြောင့် ဆရာဝန်များသည် အိမ်ထောင်စုဝင်အားလုံး သို့မဟုတ် နီးကပ်သောထိတွေ့မှုများကို တစ်ပြိုင်နက်တည်းကုသရန် အကြံပြုလေ့ရှိှိကြပါတယ် ။

ယားနာရောဂါသည် ပိုးမွှားများနှင့် ၎င်းတို့၏ဥများကို သေစေသော လိမ်းဆေးများ သို့မဟုတ် ဆေးပြားများဖြင့် အလွယ်တကူကုသနိုင်သော်လည်း ယားယံခြင်းသည် ကုသမှုပြီးနောက် ရက်သတ္တပတ်အတော်အတန်ကြာ ဆက်လက၍ရှိနေနိုင်ပါတယ်။

#ယားနာ



WHO myanmar ၏ လမ်းညွှန်ချက်များအား ပြန်လည်မျှဝေပေးလိုပါသည်။   #ရေကြီးခြင်း #လမ်းညွှန်ချက်များ
12/08/2026

WHO myanmar ၏ လမ်းညွှန်ချက်များအား ပြန်လည်မျှဝေပေးလိုပါသည်။


#ရေကြီးခြင်း
#လမ်းညွှန်ချက်များ


ချစ်ခင်ရတဲ့ မိဘပြည်သူတွေအနေနဲ့ အခုကာလမှာ အစားအသောက်ကို အတတ်နိုင်ဆုံးဆင်ခြင်ကြပါရန် ။အစာမစားမှီသာမက ၊ အစာစားပြီးလည်း လက်က...
11/08/2026

ချစ်ခင်ရတဲ့ မိဘပြည်သူတွေအနေနဲ့

အခုကာလမှာ အစားအသောက်ကို အတတ်နိုင်ဆုံးဆင်ခြင်ကြပါရန် ။

အစာမစားမှီသာမက ၊ အစာစားပြီးလည်း လက်ကိုဆပ်ပြာဖြင့်စင်ကြယ်စွာ ဆေးကြောကြပါရန်။

အပြင်စာတွေကို အတတ်နိုင်ဆုံးဆင်ခြင်စားသုံးကြပါရန်။

လက်တလောကာလတွင် ပြည်သူ့ဆေးရုံများတွင်သာမက ပုဂ္ဂလိက ဆေးရုံများတွင်လည်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှော လူနာများ များပြားပါသဖြင့် မိမိ၏ ကျန်းမာရေးကိုအလေးထားပါက အစားအသောက်ဆင်ခြင်ကြပါရန်ထပ်မံသတိပေးပြောကြားအပ်ပါသည်။





မိဘပြည်သူများအနေဖြင့် “ရေဘေးကူညီလှူဒါန်းခြင်း”နှင့်ပတ်သက်၍ လှူဒါန်းလိုပါကလက်ရှိမြေပြင်တွင် သွားရောက်ကူညီကယ်ဆယ်သည့် အောက်...
11/08/2026

မိဘပြည်သူများအနေဖြင့်
“ရေဘေးကူညီလှူဒါန်းခြင်း”
နှင့်ပတ်သက်၍ လှူဒါန်းလိုပါက
လက်ရှိမြေပြင်တွင် သွားရောက်ကူညီကယ်ဆယ်သည့် အောက်ဖော်ပြပါ အသင်းအဖွဲ့များအားဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း လက်လှမ်းမှီသလောက် စုစည်းဖော်ပြပေးလိုက်ပါသည်။

ရေဘေးသင့်မိဘပြည်သူများအားလုံးနှင့် ကူညီကယ်ဆယ်ပေးသည့်အသင်းအဖွဲ့များအားလုံးဘေးအန္တရာယ်ကင်းဝေးကြပါစေ 🙏🏻🙏🏻🙏🏻

မဟာ လူမှုကယ်ဆယ်ရေး

https://www.facebook.com/share/199vyLYKzj/?mibextid=wwXIfr

Myanmar Rescue Organization Yangon

https://www.facebook.com/share/1EsRd9TCQw/?mibextid=wwXIfr

စိတ္တသုခလူမှုကယ်ဆယ်ရေး (တွံတေး)

https://www.facebook.com/share/14jRhYVUQbG/?mibextid=wwXIfr

မာဃရိပ်ငြိမ်လူမှုကယ်ဆယ်ရေးပသင်း

https://www.facebook.com/share/1Lwd7UfCVr/?mibextid=wwXIfr

ပုလဲအရံမီးသတ် (Htin Lin Aung)

https://www.facebook.com/share/1FKMRLxurn/?mibextid=wwXIfr

အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်း

https://www.facebook.com/share/14k94kZQHSR/?mibextid=wwXIfr

ဘိုစိန် လူမှုကူညီကယ်ဆယ်ရေးအသင်း(ရန်ကုန်)

https://www.facebook.com/share/18NdAUu1JV/?mibextid=wwXIfr

ရောင်စဉ်မဲ့လူမှုကူညီရေးအသင်း

https://www.facebook.com/share/1Lwd7UfCVr/?mibextid=wwXIfr

ဒါ့အပြင် တိလေးများအတွက််လည်း လှူဒါန်းလိုပါက “Royal Heart Dog Shelter &Animal Rescue (Mandalay) “ သို့ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း

https://www.facebook.com/share/1JzbrTCpUA/?mibextid=wwXIfr

#ရေဘေး
#ပရဟိတအဖွဲ့အစည်းများ


✨👏🏻👏🏻👏🏻✨HEI Schools Yangon
10/08/2026

✨👏🏻👏🏻👏🏻✨HEI Schools Yangon

Address

Ngamoeyeik 4th Street , Ngamoeyeik Ward , Thingangyun Township
Yangon

Alerts

Be the first to know and let us send you an email when Shwe Thet Lon Health Care & Medical Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share