MPHealth

MPHealth Principle Company of PadaukOo Pharmacy Chain. Part of Myanmar Padauk Group of Companies MyanmarPadauk Health Company Limited (MPHealth).

The principle company of PadaukOo Pharmacy Chain.

🌕 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🌕မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် မြန်မာပြည်သူပြည်သားများအ...
29/07/2026

🌕 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🌕

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် မြန်မာပြည်သူပြည်သားများအားလုံး ကျန်းမာချမ်းသာပြီး ကုသိုလ်တရားများ ပွားများနိုင်ကြပါစေကြောင်း MP Health မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 🙏🙏🙏

"ကျန်းမာအောင်နေပါ၊ ဆေးလိုရင် ပိတောက်ဦးကိုသတိရပါ"



#ပိတောက်ဦးဆေးဆိုင်

ကမ္ဘာ့အသည်းရောင်အသားဝါနေ့ (World Hepatitis Day) ✨💛ဇူလိုင်လ ၂၈ ရက်နေ့ဟာ ကမ္ဘာ့အသည်းရောင်အသားဝါနေ့ (World Hepatitis Day) ဖ...
28/07/2026

ကမ္ဘာ့အသည်းရောင်အသားဝါနေ့ (World Hepatitis Day) ✨💛

ဇူလိုင်လ ၂၈ ရက်နေ့ဟာ ကမ္ဘာ့အသည်းရောင်အသားဝါနေ့ (World Hepatitis Day) ဖြစ်ပါတယ်။ ဒီနေ့လေးက အသည်းရောင်အသားဝါရောဂါတွေအကြောင်း လူသိများစေဖို့၊ ရောဂါကာကွယ်တားဆီးရေးနဲ့ ကုသရေးနည်းလမ်းတွေကို မြှင့်တင်ပေးဖို့ ရည်ရွယ်ပါတယ် 💛🩺

ယခုနှစ် ၂၀၂၆ ခုနှစ်ရဲ့ ဆောင်ပုဒ်ကတော့ "Hepatitis: Let's Break It Down" ဖြစ်ပြီး၊ အသဲရောင်အသားဝါရောဂါနဲ့ ပတ်သက်လို့ သတင်းအချက်အလက် အမှားတွေကို ခွဲခြားသိမြင်စေရန်၊ စစ်ဆေးကုသမှု ခံယူရာမှာ ကြုံတွေ့ရတဲ့ အဟန့်အတားတွေကို ပစ်ပယ်ပြီး လွယ်ကူစွာ ဆေးကုသမှုရရှိစေရန် တိုက်တွန်းထားခြင်းဖြစ်ပါတယ်..💡🛡️

သင့်အသည်းကျန်းမာရေးကို ဂရုစိုက်ခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ MP Health မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်ရှင်....🙏🙏🙏

"ကျန်းမာအောင်နေပါ၊ ဆေးလိုရင် ပိတောက်ဦးကိုသတိရပါ"


ပိုမိုဘေးကင်းလုံခြုံသော ဝန်ဆောင်မှုများအတွက်... MP Health မိသားစု၏ COVID Vaccine ထိုးနှံခြင်း🛡️✨ကျန်းမာရေးစောင့်ရှောက်မှ...
25/07/2026

ပိုမိုဘေးကင်းလုံခြုံသော ဝန်ဆောင်မှုများအတွက်... MP Health မိသားစု၏ COVID Vaccine ထိုးနှံခြင်း🛡️✨

ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ဝန်ထမ်းများရဲ့ ကျန်းမာရေးနဲ့ လာရောက်သူများရဲ့ ဘေးကင်းရေးဟာ အစဉ်အမြဲ အရေးအကြီးဆုံးပါပဲ။ 🛡️😍

ဒါကြောင့် ကျွန်မတို့ MP Health မိသားစုဝင်များအားလုံး COVID-19 ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးစီးခဲ့သည့် မှတ်တမ်းပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ 📸✨

မိမိကိုယ်ကို အကာအကွယ်ယူရင်း လူကြီးမင်းတို့အတွက် ဘေးကင်းစိတ်ချရတဲ့ ဝန်ဆောင်မှုများကို အပြည့်အဝပေးအပ်ဖို့ MP Health မိသားစုက အမြဲအဆင်သင့်ရှိနေပါတယ်နော်။ 💚

မိဘပြည်သူများအားလုံးလည်း ကျန်းမာရေး သတိနဲ့ အစဉ်အမြဲ ဘေးကင်းလုံခြုံကြပါစေကြောင်း MP Health မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင်🙏💚



📢 𝗪𝗘'𝗥𝗘 𝗛𝗜𝗥𝗜𝗡𝗚! 📣🔶 လမ်းမတော်မြို့နယ် (ဗဟိုစည်ဆေးရုံအနီး)🔶 သင်္ဃန်းကျွန်းမြို့နယ် (စံပြဆေးရုံအနီး)🔶 စမ်းချောင်းမြို့နယ် (...
23/07/2026

📢 𝗪𝗘'𝗥𝗘 𝗛𝗜𝗥𝗜𝗡𝗚! 📣

🔶 လမ်းမတော်မြို့နယ် (ဗဟိုစည်ဆေးရုံအနီး)
🔶 သင်္ဃန်းကျွန်းမြို့နယ် (စံပြဆေးရုံအနီး)
🔶 စမ်းချောင်းမြို့နယ် (အာရှတော်ဝင်ဆေးရုံအနီး)
🔶 လှိုင်မြို့နယ် (သုခမှတ်တိုင်အနီး)
🔶 မြောက်ဒဂုံမြို့နယ် (ဆက်သွယ်ရေးမှတ်တိုင်အနီး)
🔶 သင်္ဃန်းကျွန်းမြို့နယ် (ဇဝနမှတ်တိုင်အနီး) ရှိ
ပိတောက်ဦးဆေးဆိုင် (PadaukOo Pharmacy) များတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်း များ နှင့် ကိုက်ညီသော ဝန်ထမ်းခေါ်ယူနေပါသည်🙋🙋

🌟 𝗣𝗵𝗮𝗿𝗺𝗮𝗰𝘆 𝗔𝘀𝘀𝗶𝘀𝘁𝗮𝗻𝘁 – 𝗠𝗮𝗹𝗲 / 𝗙𝗲𝗺𝗮𝗹𝗲 (𝟭𝟭) 𝗣𝗼𝘀𝘁𝘀

✅ တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူ (သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
✅ ဆေးဝါးကျွမ်းကျင်လက်မှတ်ရှိသူဖြစ်ရမည်။
✅ ဆေး နှင့် ဆေးပစ္စည်းအရောင်း လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး(၁)နှစ်ရှိရမည်။
✅ ကွန်ပျူတာအခြေခံတတ်ကျွမ်းသူဖြစ်ရမည်။
✅ စကားပြောယဉ်ကျေးချိုသာ၍ သွက်လက်ချက်ချာပြီး စိတ်ရှည်သူဖြစ်ရမည်။
✅ အကျင့်စာရိတ္တကောင်းမွန်ရမည်။
✅ အလုပ်လုပ်ရာတွင်စနစ်တကျရှိပြီး အဖွဲအစည်းမှသတ်မှတ်ထားသောစည်းမျဉ်းစည်ကမ်းများကို လိုက်နာဆောင်ရွက်နိုင်ပြီး ရေရှည်လက်တွဲလုပ်နိုင်သူဖြစ်ရမည်။
✅ မနက်ဆိုင်း၊ ညဆိုင်း အလုပ်ချိန် (၂) ဆိုင်းအား အလှည့်ကျဆင်းနိုင်ရမည်။
✅ နီးစပ်ရာမြို့နယ်အတွင်းလျှောက်ထားသူဦးစားပေးမည်။

𝐒𝐚𝐥𝐚𝐫𝐲
💵 Base on Experience (Negotiate) + OT + Incentive + Other Allowances

𝐖𝐨𝐫𝐤𝐢𝐧𝐠 𝐇𝐨𝐮𝐫𝐬
💁 Morning Shift (08:00 AM to 05:00 PM)
💁 Evening Shift (11:00 AM to 08:00 PM)
💁 Off Day - One day a week

စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ Resume (CV Form) ကို အောက်ပါ Contact များမှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်ပါတယ်ရှင်။

📩 [email protected] (or) [email protected]
📲 Viber (or) Telegram - 09 43069739

လုပ်ငန်းခွင် အတွေ့အကြုံရှိပြီး တက်ကြွသွက်လက်တဲ့ အသင်းအဖွဲ့ဝင်အသစ်များနဲ့ လက်တွဲဖို့အတွက် ပိတောက်ဦးဆေးဆိုင်မှ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 😍😍




#ပိတောက်ဦးဆေးဆိုင်

ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ ရှေ့ဆက်လှမ်းမယ့် ပိတောက်ဦး 💛 🤝✨ပိတောက်ဦးကို ရွေးချယ်အားပေးကြတဲ့ Customer များအာ...
20/07/2026

ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ ရှေ့ဆက်လှမ်းမယ့် ပိတောက်ဦး 💛 🤝✨

ပိတောက်ဦးကို ရွေးချယ်အားပေးကြတဲ့ Customer များအားလုံးကို စိတ်ပျက်မှုမရှိစေဘဲ စိတ်ကျေနပ်မှု ရရှိစေဖို့အတွက် -

ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးဝါးများကို
✅ မှန်ကန်သင့်တင့်တဲ့ ဈေးနှုန်း
✅ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ ဝန်ဆောင်မှု
✅ ဆန်းသစ်တဲ့ Activity အစီအစဉ်သစ်များဖြင့်
ဝန်ဆောင်မှုပေးနိုင်ရန် နောက်ကွယ်ကနေ တက်ကြွစွာ ကြိုးစားဖန်တီးနေကြတဲ့ ပိတောက်ဦးမိသားစုဝင်တွေရဲ့ တက်ညီလက်ညီ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရ စေရှင် 📸✨

"ဝန်ထမ်းများနဲ့ Customer များရဲ့ အသံသည် ကျွန်မတို့ရဲ့ တိုးတက်ရာ လမ်းစဖြစ်သည်" ဆိုတဲ့အတိုင်း လူကြီးမင်းတို့ရဲ့ လိုအပ်ချက်မှန်သမျှကို အမြဲအနားမှာရှိပြီး အကောင်းဆုံး ဖြည့်ဆည်းပေးဖို့ ပိတောက်ဦးက အမြဲအသင့် ရှိနေပါမယ်ရှင် 🤗❤️

စိတ်ချရတဲ့ ကျန်းမာရေး အဖော်မွန်အဖြစ် ပိတောက်ဦးကို အစဉ်အမြဲ ယုံကြည်အားပေးကြသူ တစ်ဦးစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ် 🙏🌸

ဆက်လက်ပြီးတော့လည်း မိမိတို့ရဲ့ ကျန်းမာရေးအတွက် ပိတောက်ဦးကို ယုံကြည်စိတ်ချစွာ ဆက်လက်ရွေးချယ် အားပေးနိုင်ပါကြောင်း သတင်းစကားလေး
ပါးလိုက်ပါတယ်ရှင် 💌

"ကျန်းမာအောင်နေပါ ဆေးလိုရင် ပိတောက်ဦးကို သတိရပါ"





🇲🇲 အာဇာနည်နေ့ ဒို့မမေ့ 🇲🇲(၇၉) ကြိမ်မြောက်အာဇာနည်နေ့ 🇲🇲၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ ၁၉ ရက်နေ့၊ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန...
19/07/2026

🇲🇲 အာဇာနည်နေ့ ဒို့မမေ့ 🇲🇲
(၇၉) ကြိမ်မြောက်အာဇာနည်နေ့ 🇲🇲

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ ၁၉ ရက်နေ့၊ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် ကျဆုံးသွားသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကြွေလွင့်သွားသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်များအား MP Health မိသားစုမှ ရိုသေလေးစားစွာ ဂါရဝပြုအပ်ပါတယ်ရှင့် ...

"ကျန်းမာအောင်နေပါ၊ ဆေးလိုရင်ပိတောက်ဦးကိုသတိရပါ"



#ပိတောက်ဦးဆေးဆိုင်
#အာဇာနည်နေ့ '_Day

𝐖𝐞 𝐚𝐫𝐞 𝐇𝐢𝐫𝐢𝐧𝐠 📣လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအတွက် အစဉ်အမြဲ အကောင်းဆုံး ဝန်ဆောင်မှုပေးနေတဲ့ Myanmar Padauk Health Co., Ltd...
18/07/2026

𝐖𝐞 𝐚𝐫𝐞 𝐇𝐢𝐫𝐢𝐧𝐠 📣

လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအတွက် အစဉ်အမြဲ အကောင်းဆုံး ဝန်ဆောင်မှုပေးနေတဲ့ Myanmar Padauk Health Co., Ltd. ရဲ့ အရောင်းအဝယ်ကဏ္ဍကို ပိုမိုခိုင်မာအောင် ပူးပေါင်းလုပ်ဆောင်ဖို့ စိတ်အားထက်သန်တက်ကြွတဲ့ ဝန်ထမ်းအသစ်တစ်ဦးကို ဖိတ်ခေါ်လိုပါတယ်။

ကိုယ်တိုင်လည်း တိုးတက်ချင်တယ်၊ စိန်ခေါ်မှုအသစ်တွေကိုလည်း စနစ်တကျ သင်ယူလိုစိတ်ရှိတယ်ဆိုရင် အခုပဲ လျှောက်ထားလိုက်တော့နော်.... 👇

Position : 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 – 𝙁𝙚𝙢𝙖𝙡𝙚 (1) Post
Department : 𝗣𝘂𝗿𝗰𝗵𝗮𝘀𝗶𝗻𝗴

✅ ဘွဲ့ ရ (သို့) အထက်တန်းအောင်ပြီးသူများ လျှောက်ထားနိုင်ပါသည်။
✅ ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။ (Microsoft Word, Excel, Power Point)
✅ ERP System ပိုင်းအားစိတ်၀င်စားပြီး လေ့လာသင်ယူလိုစိတ်ရှိရမည်။
✅ သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ (၁) နှစ်ရှိရမည်။
✅ ကွန်ပျူတာကျွမ်းကျင်ပါကလုပ်ငန်းအတွေ့အကြုံမရှိသူများလည်းလျှောက်ထားနိုင်ပါသည်။
✅ အလုပ်အတွက်အချိန်ပေးနိုင်ရမည်။
✅ သွက်လက်ထက်မြက်၍ သင်ယူလိုစိတ်ရှိရမည်။
✅ အကျင့်စာရိတ္တကောင်းမွန်ရမည်။
✅ ရေရှည်လုပ်ကိုင်လိုသူဖြစ်ရမည်။
✅ အလုပ်လုပ်ရာတွင်စနစ်တကျရှိပြီး အဖွဲအစည်းမှသတ်မှတ်ထားသောစည်းမျဉ်းစည်ကမ်းများကို လိုက်နာဆောင်ရွက်နိုင်သူဖြစ်ရမည်။

𝐒𝐚𝐥𝐚𝐫𝐲
💸 Base on Experience (Negotiate)

𝐖𝐨𝐫𝐤𝐢𝐧𝐠 𝐇𝐨𝐮𝐫𝐬
🖥️ 9:00 AM to 5:00 PM (Monday to Friday)
9:00 AM to 12:00 PM (Saturday)
Off Day - Sunday and Public Holiday

🏠 Location - 519/521, Lower Pazundaung Road, Pazundaung Township, Yangon.

Send your resume to - 💌[email protected] (or) [email protected]
📲 Viber, Telegram - 09 43069739

Myanmar Padauk Health မိသားစုနှင့်အတူ လက်တွဲပြီး ရှေ့ဆက်ဖို့ အမြန်ဆုံး လျှောက်ထားလိုက်ကြပါဦးနော်... ✨

ပိတောက်ဦးရဲ့ ချစ်ရတဲ့ Customer များအတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့... 💛✨ဒီနေ့မှာတော့ ပိတောက်ဦးဆိုင်မှာ ရော...
17/07/2026

ပိတောက်ဦးရဲ့ ချစ်ရတဲ့ Customer များအတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့... 💛✨

ဒီနေ့မှာတော့ ပိတောက်ဦးဆိုင်မှာ ရောင်းချနေတဲ့ Product တွေအကြောင်းကို ပိုမိုသေချာ နားလည်ပြီး Customer မိတ်ဆွေများအား အသေးစိတ် ရှင်းပြပေးနိုင်ဖို့အတွက် 𝐏𝐫𝐨𝐝𝐮𝐜𝐭 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 လေး ပြုလုပ်ခဲ့ပါတယ်ရှင်... 📚🤝

လှပစမတ်ကျပြီး အတွေ့အကြုံရှိတဲ့ Trainer ဆရာမနဲ့ တက်ကြွလှုပ်ရှားတဲ့ Team တစ်ခုလုံးကိုလည်း ပိတောက်ဦး မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်... 🙏❤️

ဒီနေ့ Training မှာ... 🎉
💥 Product တွေရဲ့ အရသာနဲ့ ထူးခြားချက်တွေကို သေချာသိရှိအောင် ကိုယ်တိုင် ဖျော်စပ်နည်းတွေ လက်တွေ့သင်ယူခဲ့ကြသလို... ☕🥤
💥 Sampling များကိုလည်း မြည်းစမ်းသောက်သုံးပြီး အပြန်အလှန် Feedback တွေ ပေးခဲ့ကြပါတယ်... 😋💬

ဝန်ထမ်းတွေအားလုံး တက်ကြွပျော်ရွှင်စွာနဲ့ ဗဟုသုတတွေအပြည့် ရရှိခဲ့ကြတဲ့ Training အမှတ်တရ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်... 📸✨

ချစ်ရတဲ့ Customer တွေကို အပြုံးပန်းတွေနဲ့ အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ ပိတောက်ဦး အဖွဲ့သားတွေ Ready ပါပဲရှင်... 🥰💪🌟

"ကျန်းမာအောင်နေပါ၊ ဆေးလိုရင် ပိတောက်ဦးကို သတိရပါ"




📢 𝗪𝗘'𝗥𝗘 𝗛𝗜𝗥𝗜𝗡𝗚!Myanmar Padauk Health Co., Ltd.Join our HR Team and grow your career in a professional and supportive wor...
14/07/2026

📢 𝗪𝗘'𝗥𝗘 𝗛𝗜𝗥𝗜𝗡𝗚!

Myanmar Padauk Health Co., Ltd.
Join our HR Team and grow your career in a professional and supportive working environment.

𝗛𝗥 𝗔𝘀𝘀𝗶𝘀𝘁𝗮𝗻𝘁 (Female – 1 Post)

𝐊𝐞𝐲 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬
✅ Maintain employee records, attendance, and HR databases.
✅ Support recruitment, onboarding, and employment documentation.
✅ Prepare monthly payroll data, including attendance, leave, fines, and overtime.
✅ Conduct new employee orientation and assist with bank account opening.
✅ Maintain HR records and ensure the confidentiality of employee information.
✅ Provide administrative support to the HR Manager and assist with daily HR operations.

𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬
✔️ Bachelor's Degree (HR Certificate or Diploma is an advantage).
✔️ 1–2 years of HR or related work experience.
✔️ Proficient in Microsoft Office, Email, and Internet applications.
✔️ Good communication and interpersonal skills.
✔️ Positive attitude, responsible, and able to work independently and as part of a team.

💰 𝐒𝐚𝐥𝐚𝐫𝐲 - Negotiation

🎁 𝐁𝐞𝐧𝐞𝐟𝐢𝐭𝐬 - Ferry, Uniform, Performance Incentive

🕘 𝐖𝐨𝐫𝐤𝐢𝐧𝐠 𝐇𝐨𝐮𝐫𝐬
Monday – Friday: 9:00 AM – 5:00 PM
Saturday: 9:00 AM – 12:00 PM

📅 𝐎𝐟𝐟 𝐃𝐚𝐲𝐬
Sunday & Public Holidays

📩 𝐀𝐩𝐩𝐥𝐲 𝐍𝐨𝐰
Please send your updated CV to:
📧 [email protected]
📧 [email protected]

📱 Viber / Telegram: 09 430 69739

📌 Only shortlisted candidates will be contacted..




#ပိတောက်ဦးဆေးဆိုင်

ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးဖို့ "ပိတောက်ဦး" ရဲ့ ဝန်ထမ်းတွေ ဘာတွေပြင်ဆင်နေကြလဲ? 🤔✨"ပိတောက်ဦး" ဆေးဆိုင်ခွဲများမှ...
07/07/2026

ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးဖို့ "ပိတောက်ဦး" ရဲ့ ဝန်ထမ်းတွေ ဘာတွေပြင်ဆင်နေကြလဲ? 🤔✨

"ပိတောက်ဦး" ဆေးဆိုင်ခွဲများမှ ဝန်ထမ်းများကို ပိုမိုပြည့်စုံတဲ့ ဆေးဝါးနှင့် ကျန်းမာရေးဗဟုသုတတွေ ရှိစေဖို့အတွက် ဆေးပညာအသိအမြင် လာရောက် Training ပေးခြင်း ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင်..🌟 📸

သင်တန်းတစ်လျှောက်လုံးမှာ ဝန်ထမ်းတွေအားလုံးက သိလိုသမျှတွေကို စိတ်အားထက်သန်စွာနဲ့ မေးမြန်းဆွေးနွေးခဲ့ကြပြီး၊ တစ်ယောက်နဲ့တစ်ယောက် အသိပညာချင်း ဖလှယ်ရင်း အားကျိုးမာန်တက် သင်ယူခဲ့ကြပါတယ်.... 💪❤️

အခုလို အချိန်ပေးပြီး သေချာလေ့လာသင်ယူနေကြတာကတော့ ဆိုင်ကို လာရောက်ဝယ်ယူကြတဲ့ Customer မိတ်ဆွေသူငယ်ချင်းများကို ဆေးဝါးအညွှန်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး အမှားအယွင်းမရှိ၊ ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်အောင် ရှင်းပြပေးနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်....🥰💯

ကျန်းမာရေးအတွက်ဆို အမြဲယုံကြည်စိတ်ချရတဲ့ ပိတောက်ဦး ဖြစ်နေစေဖို့ ဆက်လက်ကြိုးစားသွားပါဦးမယ်ရှင်....🙏🌟

"ကျန်းမာအောင်နေပါ၊ ဆေးလိုရင် ပိတောက်ဦးကို သတိရပါ"




Address

Myanmar Padauk Business Tower, 535 Lower Pazundaung Road, 7th Floor
Yangon
11171

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 00:00

Alerts

Be the first to know and let us send you an email when MPHealth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share