Hammer Of Thor

Hammer Of Thor Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hammer Of Thor, Medical and health, Kamayut Township, Yangon.

USAပစ္စည်းအစစ်အမှန်|စျေးနှုန်းမှန်ကန်စွာဖြင့် ကုမ္ပဏီဘောင်ချာနှင့်သာရောင်းချပေးနေပါသည်|မြန်မာပြည်အနှံ့ပစ္စည်းရောက် ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပီးပြည်ပနိုင်ငံများကိုလည်းပို့ဆောင်ပေးပါသည်
☎️ဆက်သွယ်မှာယူရန် 09-769029177(Viber+Telegram)

“က*င်ဆာရောဂါဟာ နေထိုင်မှုပုံစံကြောင့် ၉၀% ဖြစ်ပွားပြီး မျိုးဗီဇကြောင့် ၁၀% သာ ဖြစ်တတ်တာပါ”+++++++ဒီနေ့ ကျင်းပတဲ့ က*င်ဆာဆ...
27/08/2026

“က*င်ဆာရောဂါဟာ နေထိုင်မှုပုံစံကြောင့် ၉၀% ဖြစ်ပွားပြီး မျိုးဗီဇကြောင့် ၁၀% သာ ဖြစ်တတ်တာပါ”
+++++++
ဒီနေ့ ကျင်းပတဲ့ က*င်ဆာဆိုင်ရာ ဆွေးနွေးပွဲတစ်ခုမှာ အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာမီနူဝယ်လီယာက အလွန်အရေးကြီးတဲ့ အချက်တစ်ခုကို ထောက်ပြပြောကြားခဲ့ပါတယ်။ က*င်ဆာဖြစ်ရခြင်းရဲ့ ၉၀% က ကျွန်တော်တို့ရဲ့ မှားယွင်းတဲ့ နေထိုင်စားသောက်မှုပုံစံ (Lifestyle) ကြောင့်ဖြစ်ပြီး၊ ၁၀% လောက်သာ မျိုးရိုးဗီဇကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် က*င်ဆာရောဂါကို ကာကွယ်ဖို့ဆိုရင် ကျွန်တော်တို့ရဲ့ နေ့စဉ်လူနေမှုပုံစံကို ပြောင်းလဲဖို့ အင်မတန် အရေးကြီးပါတယ်။
က*င်ဆာ (၈) မျိုးကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့ အစားအစာများ
က*င်ဆာဖြစ်ပွားမှုကို ဟန့်တားပေးနိုင်တဲ့ အစားအစာ (၈) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအစားအစာတွေကို စားသုံးရုံနဲ့ ရောဂါပျောက်ကင်းသွားမယ်လို့ မဆိုလိုပါဘူး။ ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဗဟုသုတအဖြစ် မျှဝေပေးတာ ဖြစ်ပါတယ်။
ထိုင်ဝမ်-မြန်မာ စာရေးဆရာမ Jin Li Chao ရေးသားတဲ့ "က*င်ဆာမနှစ်သက်သော အစားအစာများ" ကို လူသားအားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

၁။ အစာအိမ်က*င်ဆာကို ကာကွယ်ဖို့ ကြက်သွန်ဖြူ စားပေးပါ။
၂။ ရင်သားက*င်ဆာ ဖြစ်နိုင်ခြေကို ပင်လယ်ရေမှော် က လျော့ကျစေပါတယ်။
၃။ အသည်းက*င်ဆာအတွက် မှို က ကာကွယ်မှုပေးနိုင်ပါတယ်။
၄။ ပန်ကရိယက*င်ဆာကို ပန်းဂေါ်ဖီစိမ်း က ကာကွယ်ပေးပါတယ်။
၅။ အူက*င်ဆာ အမျိုးမျိုးအတွက် ရေမျှစ် (သို့) ရေပြောင်းဖူး က အကျိုးပြုပါတယ်။
၆။ အရေပြားက*င်ဆာကို ကညွတ်ဖူး က ကာကွယ်ပေးနိုင်ပါတယ်။
၇။ သားအိမ်က*င်ဆာကို ပဲပိစပ် က ကာကွယ်ပေးနိုင်ပါတယ်။
၈။ အဆုတ်က*င်ဆာအတွက် ဟင်းနုနယ်ရွက် က အထောက်အကူပြုပါတယ်။
လူသားအားလုံး ရောဂါဘယ ကင်းဝေးကြပြီး ကျန်းမာပျော်ရွှင်စွာ အသက်ရှည်နိုင်ကြပါစေ။

ဆေ:ဖက်ဝင်ပုံများနှင့် ကျန်းမာရေး အကျိုးကျေးဇူးများ+++++++++ဆီးချိုရောဂါ ထိန်းညှိပေးခြင်း: သွေ:တွင်း သကြားဓာတ်ကို လျှော့ခ...
27/08/2026

ဆေ:ဖက်ဝင်ပုံများနှင့် ကျန်းမာရေး အကျိုးကျေးဇူးများ
+++++++++
ဆီးချိုရောဂါ ထိန်းညှိပေးခြင်း: သွေ:တွင်း သကြားဓာတ်ကို လျှော့ချပေးနိုင်သော ဓာတ်များ ပါဝင်သဖြင့် အမျိုးအစား (၂) ဆီးချိုသမားများအတွက် သွေ:ချိုထိန်းရန် ကူညီပေးပါသည်။
အစာချေစနစ် ကောင်းမွန်စေခြင်း: အမျှင်ဓာတ် (Fiber) ကြွယ်ဝစွာ ပါဝင်သောကြောင့် ဝမ်းမှန်စေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပါသည်။
ကိုလက်စထရော လျှော့ချပေးခြင်း: သွေ:တွင်းရှိ မကောင်းသော ကိုလက်စထရော (LDL) ဓာတ်များကို လျှော့ချပေးနိုင်သဖြင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုပါသည်။
ရောင်ရမ်းမှုကို သက်သာစေခြင်း: ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုများကို လျော့ကျစေသည့် အင်တီအောက်ဆီးဒန့်များ ပါဝင်ပါသည်။
အ အရေပြားနှင့် အနာကျက်စေခြင်း: အပင်၏ အနှစ် (Gel) ကို အပူလောင်ဒဏ်ရာ၊ အင်းဆက်ကို*က်ခံရသည့် နေရာများနှင့် အနာများပေါ် သုတ်လိမ်းပေးပါက အနာကျက်မြန်စေပြီး အေးမြစေပါသည်။
သုံးစွဲရန် သတိပြုရန်
ရှားစောင်းလက်ညှိုး၏ အဆူးများကို သေချာစွာ ဖယ်ရှားပြီးမှသာ စားသုံးရမည်ဖြစ်ပြီး၊ သွေ:ချိုကျဆေ: သောက်သုံးနေသူများအနေဖြင့် သွေ:တွင်းသကြားဓာတ် အလွန်အမင်း မကျဆင်းစေရန် သတိပြု စားသုံးသင့်ပါသည်။
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

“အသည်းအဆီဖုံးရောဂါနဲ့ ပတ်သက်လို့ အန္တရာယ်ရှိပေမဲ့ လူသိနည်းတဲ့ အချက်တစ်ချက်”+++++++++++အသည်းအဆီဖုံးရောဂါ  ဟာ ယနေ့ခေတ်မှာ ...
24/08/2026

“အသည်းအဆီဖုံးရောဂါနဲ့ ပတ်သက်လို့ အန္တရာယ်ရှိပေမဲ့ လူသိနည်းတဲ့ အချက်တစ်ချက်”
+++++++++++
အသည်းအဆီဖုံးရောဂါ ဟာ ယနေ့ခေတ်မှာ အလွန်အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ လူအများစုမှာ ရောဂါလက္ခဏာမပြတတ်တာကြောင့် ကျန်းမာရေးစစ်ဆေ:မှု (သို့မဟုတ်) Ultrasound ရိုက်မှသာ သိရှိတတ်ကြပါတယ်။

အသည်းအဆီဖုံးရောဂါဆိုတာ ဘာလဲ?

အသည်းဆဲလ်တွေထဲမှာ အဆီတွေ အလွန်အကျွံ စုဆောင်းနေတဲ့ အခြေအနေကို ခေါ်ပါတယ်။ အသည်းမှာ အဆီအနည်းငယ် ရှိနေတာ ပုံမှန်ဖြစ်ပေမဲ့၊ များလွန်းလာတဲ့အခါ အသည်းရဲ့ လုပ်ဆောင်ချက်ကို ထိခိုက်စေ ပါတယ်။

အသည်းမှာ အဆီ ဘာကြောင့် စုလာတာလဲ?

ကျွန်တော်တို့ စားသုံးတဲ့အစားအစာတွေထဲက သကြားနဲ့ ကယ်လိုရီတွေ များလွန်းလာတဲ့အခါ ခန္ဓာကိုယ်က အသုံးမပြုနိုင်တဲ့ စွမ်းအင်တွေကို အဆီအဖြစ် ပြောင်းလဲပြီး အသည်းထဲမှာ သိမ်းဆည်းလိုက်ပါတယ်။
အဓိက အကြောင်းရင်းတွေကတော့ -
အရက် အလွန်အကျွံသောက်ခြင်း
အချိုရည်များ သောက်ခြင်း
သကြားနှင့် ကာဘိုဟိုက်ဒရိတ် စားသုံးမှု များခြင်း
ကိုယ်အလေးချိန် တိုးလာခြင်း
ဆီးချိုရောဂါ
ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းတို့ ဖြစ်ပါတယ်။

အသည်းရဲ့ အခြေအနေက ဘယ်လို ပြောင်းလဲသွားနိုင်သလဲ?

အချိန်ကြာလာတာနဲ့အမျှ အသည်းအဆီဖုံးရာမှ -> အသည်းရောင်ရမ်းခြင်း -> အသည်းအမာရွတ် (Fibrosis) -> အသည်းခြောက်ခြင်း (Cirrhosis) အထိ ဖြစ်သွားနိုင်ပါတယ်။

လူအများစု မသိသေးတဲ့ အရေးကြီးအချက်!!!

အသည်းအဆီဖုံးရောဂါဟာ အသည်းပြဿနာတစ်ခုတည်း မဟုတ်ပါဘူး။ သုတေသနတွေအရ အသည်း အဆီဖုံး ရောဂါရှိသူတွေမှာ ဆီးချို၊ နှလုံးသွေ:ကြောရောဂါနဲ့ လေဖြတ်ခြင်း ဖြစ်နိုင်ခြေ ပိုများပါတယ်။ တကယ်တော့ ဒီရောဂါဟာ နှလုံးရောဂါနဲ့ ဆီးချိုရောဂါအတွက် အစောပိုင်း သတိပေးလက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ အသည်းအဆီဖုံးရောဂါရှိသူအချို့ဟာ အသည်းရောဂါ ကြောင့်ထက် နှလုံးရောဂါနဲ့ လေဖြတ်ခြင်း ကြောင့် အသက်အန္တရာယ် ပိုများတတ်တာကို တွေ့ရပါတယ်။

သင့်မှာ အန္တရာယ် ရှိနိုင်သလား?
အောက်ပါအချက်များထဲမှ တစ်ခုခုရှိနေပါက သတိထားသင့်ပါတယ် -
• အရက် အလွန်အကျွံသောက်ခြင်း
• ဝမ်းဗိုက်အဆီများခြင်း
• ကိုယ်အလေးချိန်ပိုခြင်း
• ဆီးချိုရောဂါ (သို့) သွေးတိုးရှိခြင်း
• သွေ:တွင်း Triglyceride မြင့်ခြင်း
• ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း နည်းခြင်း

ဒီနေ့ကစပြီး ဘာလုပ်နိုင်မလဲ?
• (အရက်သောက်တတ်ရင်)အရက်သောက်တာကို လျှော့ချပါ သို့မဟုတ် လုံးဝရှောင်ကြဉ်ပါ။
• အချိုရည်တွေကို လျှော့သောက်ပါ။
• ကယ်လိုရီ မြင့်မားတဲ့ အစားအစာများကို လျှော့ချပါ။(ဆီကြော်စာများ(Trans fats)၊ အသင့်စား အမြန်စာများ (Fast food) နှင့် တိရိစ္ဆာန် အဆီများတဲ့ အစားအစာများ)
• အာဟာရပြည့်ဝပြီး သကြားနှင့် ကာဘိုဟိုက်ဒရိတ် နည်းပါးတဲ့ အစားအစာများကို စားသုံးပါ။
• ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲမျိုးစုံနှင့် ပရိုတင်းပါဝင်သော အစားအစာများကို ဦးစားပေးစားပါ။
• တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ ခန့် လေ့ကျင့်ခန်းလုပ်ပါ။
• ကိုယ်အလေးချိန် ၅% မှ ၁၀% လျော့ကျဖို့ ကြိုးစားပါ။
• ပုံမှန် ကျန်းမာရေး စစ်ဆေးမှု (သွေ:ပေါင်ချိန်၊ သွေ:တွင်းသကြား၊ အဆီ) ပြုလုပ်ပါ။
• ဆီးချိုရှိပါက ဆရာဝန်ရဲ့ ကုသမှုအတိုင်း တိကျစွာ လိုက်နာပါ။

နောက်ဆုံးအနေနဲ့ မှာချင်တာက.
အသည်းအဆီဖုံးရောဂါဟာ ဟာ အစောပိုင်းအဆင့်မှာ ကုသနိုင်ပြီး ပြန်လည်ကောင်းမွန်လာနိုင်တဲ့ ရောဂါမျိုးပါ။ သင့်အသည်းကို ဂရုစိုက်ခြင်းဟာ သင့်နှလုံးကို ကာကွယ်ခြင်း၊ ဆီးချိုကို ထိန်းချုပ်ခြင်းပါ ဖြစ်တာမို့ ဒီနေ့ကစပြီး ကျန်းမာရေးကို ဂရုစိုက်ကြပါစို့။
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

“ရာသီတုပ်ကွေးနဲ့ အအေးမိတာတွေအတွက် ကိုယ်ခံအားမြှင့်တင်ပေးမယ့် အစားအစာ (၆) မျိုး”++++++++++++အခုလို ဆောင်းရာသီကာလမှာ ရာသီတ...
24/08/2026

“ရာသီတုပ်ကွေးနဲ့ အအေးမိတာတွေအတွက် ကိုယ်ခံအားမြှင့်တင်ပေးမယ့် အစားအစာ (၆) မျိုး”
++++++++++++
အခုလို ဆောင်းရာသီကာလမှာ ရာသီတုပ်ကွေးနဲ့ အအေးမိတာတွေ ဖြစ်တတ်ကြပါတယ်။
ဒီလိုအချိန်မှာ ကိုယ်ခံအားစနစ်ကို အားကောင်းနေစေဖို့ အထောက်အကူပြုနိုင်တဲ့ ကျွန်တော်တို့နေ့စဉ် စားသောက်နေတဲ့ အစားအစာတွေက အဓိကကျပါတယ်။ကိုယ်ခံအားကောင်းနေတာက ရောဂါပိုးတွေကို ပိုမိုထိရောက်စွာ တုံ့ပြန်နိုင်စေပြီး ဖျားနာနိုင်ခြေကို လျော့ချနိုင်ပါတယ်။
မြန်မာအိမ်တိုင်းမှာ အလွယ်တကူရနိုင်ပြီး ထိရောက်တဲ့ အစားအစာ (၆) မျိုးကို မျှဝေပေးလိုက်ပါတယ်

၁။ ဗီတာမင် စီ ကြွယ်ဝတဲ့ အသီးအနှံများ
ဗီတာမင် စီ က ကိုယ်ခံအားဆဲလ်တွေကို အားကောင်းစေပါတယ်။
• လိမ္မော်သီး၊ သံပုရာသီး၊ ကမ္ဗလာသီး။
• မြန်မာပြည်မှာ အလွယ်ရတဲ့ ဆီးဖြူသီး၊ ဂွေးသီးတွေမှာလည်း ဗီတာမင် စီ အများကြီးပါဝင်ပါတယ်။
• အသီးကို ဒီအတိုင်းလတ်လတ်ဆတ်ဆတ် စားတာ ပိုကောင်းပါတယ်။

၂။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ Allicin ပါဝင်ပြီး ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှုကို အားပေးနိုင်ပါတယ်။ ဟင်းချက်ရာမှာ သင့်တော်သလို ထည့်သုံးနိုင်ပါတယ်။

၃။ ချင်း (ဂျင်း) နဲ့ နနွင်း
ရောင်ရမ်းမှုကို လျော့ကျစေနိုင်ပြီး လည်ပင်းနာ၊ အအေးပတ်တာတွေမှာ သက်သာစေနိုင်တဲ့ သဘာဝအစားအစာတွေ ဖြစ်ပါတယ်။ချင်းရေနွေးကြမ်း ပူပူလေး သောက်ပေးပါ။ နနွင်းကို ဟင်းထဲမှာ သင့်တော်သလို ထည့်သုံးပါ။

၄။ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
ကန်စွန်းရွက်၊ ဟင်းနုနွယ်၊ မုန်ညင်း စတဲ့အရွက်တွေမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ Fibre (အမျှင်ဓာတ်) တွေ ကြွယ်ဝလို့ ကိုယ်ခံအားကို အားပေးပါတယ်။ အူလမ်းကြောင်းကျန်းမာရေးအတွက် အထူးကောင်းမွန် ပါတယ်။

၅။ ပရိုတိန်း (အသားဓာတ်)
ကိုယ်ခံအားဆဲလ်တွေ တည်ဆောက်ဖို့ ပရိုတိန်းက အုတ်မြစ်ပါပဲ။ ငါး၊ ကြက်ဥ၊ ပဲအမျိုးမျိုး တို့ကို ပုံမှန်စားပေးပါ။

၆။ ဒိန်ချဉ် (Yogurt) နဲ့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေ။
“အူကျန်းမာမှ ကိုယ်ခံအားကောင်းမှာပါ” ။အူထဲက အကျိုးပြုဘက်တီးရီးယားတွေက ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးနိုင်ပါတယ်။ကျွန်တော်တို့ မြန်မာ့ရိုးရာ အစားအစာတွေဖြစ်တဲ့ မုန်ညင်းချဉ်၊ လက်ဖက် နဲ့ ပုန်းရည်ကြီး တို့ဟာလည်း သဘာဝအတိုင်း အချဉ်ဖောက်ထားတာကြောင့် အူလမ်းကြောင်းအတွက် အကျိုးပြုတဲ့ အကျိုးပြုဘက်တီးရီးယား (Probiotics) တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။

ခေတ္တရှောင်ရမယ့်အရာများ
• အချိုလွန်ကဲတဲ့ မုန့်နဲ့ အချိုရည်များ။
• အဆီပြန်လွန်းတဲ့ အကြော်အလှော်များ။
• အရက်အလွန်အကျွံ သောက်သုံးခြင်း။

ကျန်းမာရေးဆိုတာ တစ်ရက်တည်းနဲ့ တည်ဆောက်လို့မရပါဘူး။ နေ့စဉ် စားသောက်မှုပုံစံလေးကို ဂရုစိုက်ရုံနဲ့ ရာသီတုပ်ကွေးဘေးကနေ ကာကွယ်နိုင်မှာပါ!
ဒီအချက်အလက်လေးတွေက အသုံးဝင်တယ်ဆိုရင် မိတ်ဆွေတွေကို မျှဝေပေးပါ။
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

အထိုင်များလို့ပဲဖြစ်ဖြစ်၊ ရောဂါကြောင့်ပဲဖြစ်ဖြစ် ခြေထောက်တွေ ဖောရောင်နေလား? "ဒေါင်းတလပ်ပင်" က အဖောအရောင်ကို ချက်ချင်းကျစ...
20/08/2026

အထိုင်များလို့ပဲဖြစ်ဖြစ်၊ ရောဂါကြောင့်ပဲဖြစ်ဖြစ် ခြေထောက်တွေ ဖောရောင်နေလား? "ဒေါင်းတလပ်ပင်" က အဖောအရောင်ကို ချက်ချင်းကျစေပါတယ်။
+++++++++

မြက်ခင်းတွေ၊ မြေလွတ်တွေမှာ မြေကြီးနဲ့ ကပ်ပြီး ပေါက်နေတတ်တဲ့ ပန်းရောင် အပွင့်သေးသေးလေးတွေနဲ့ အပင်ကို သတိထားမိကြလား ခင်ဗျာ။ တိုင်းရင်းဆေ:ပညာမှာတော့ ဆီးနဲ့ ကျောက်ကပ်အတွက် သူမတူအောင် အစွမ်းထက်တဲ့ အပင်အဖြစ် သတ်မှတ်ထားပါတယ်။

အပင်အကြောင်း သိကောင်းစရာ
* မြန်မာအခေါ် - ဒေါင်းတလပ်ပင် (သို့မဟုတ် ပန်းရောင်ဒေါင်းတလပ်)
* English Name - Spreading Hogweed
* Botanical Name - Boerhavia diffusa
* ပေါက်ရောက်ရာဒေသ - မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းစတဲ့ အညာဒေသတွေနဲ့ မြေလွတ်မြေရိုင်းတွေမှာ အလေ့ကျ ပေါက်ရောက်တတ်ပါတယ်။

ဘာတွေအတွက် အဓိက အသုံးပြုလဲ?

၁။ အဖောအရောင် ကျဆင်းစေရန်
ခြေလက်တွေ ဖောရောင်နေရင် ဒေါင်းတလပ်ပင် ပဉ္စငါးပါးလုံး (အမြစ်ပါမကျန်) ကို ရေစင်အောင်ဆေ:၊ ပြုတ်ပြီး ရေနွေးကြမ်းလို သောက်ပေးပါ။ ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ အရည်တွေကို ဆီးကတစ်ဆင့် စွန့်ထုတ်ပေးပြီး အရောင်ကို ချက်ချင်း ကျစေပါတယ်။

၂။ ကျောက်ကပ် အားကောင်းစေရန်
ဆီးသွားရခက်တာ၊ ဆီးအောင့်တာတွေအတွက်လည်း ဒေါင်းတလပ်ပင် ပြုတ်ရည်က ကျောက်ကပ်ရဲ့ လုပ်ဆောင်ရည်ကို မြှင့်တင်ပေးပြီး ဆီးလမ်းကြောင်းကို ရှင်းလင်းစေပါတယ်။

တန်ဖိုးကြီး ဆေ:ဝါးတွေ မလိုဘဲ သဘာဝက ပေးထားတဲ့ ဒီအပင်လေးကို အိမ်တိုင်း သိထားသင့်ပါတယ်နော်။

ဒီလို ဆေ:ဖက်ဝင် အပင်တွေအကြောင်း ဖတ်ရတာ အကျိုးရှိတယ်ဆိုရင် Share လုပ်ပေးဖို့ မမေ့နဲ့နော်။
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

ဆီးချို၊ သွေ:တိုး၊ အသည်းအဆီဖုံး ၊ အဝလွန်၊ ဝိတ်ချနေသူတွေ ထမင်းလျှော့စားပါ။ +++++++---ဘာကြောင့် ထမင်းလျှော့စားဖို့ လိုအပ်တ...
20/08/2026

ဆီးချို၊ သွေ:တိုး၊ အသည်းအဆီဖုံး ၊ အဝလွန်၊ ဝိတ်ချနေသူတွေ ထမင်းလျှော့စားပါ။
+++++++---
ဘာကြောင့် ထမင်းလျှော့စားဖို့ လိုအပ်တာလဲ။
-ထမင်း (အထူးသဖြင့် ထမင်းဖြူ) ဟာ ကစီဓာတ် (Carbohydrate) အဓိက ပါဝင်တဲ့ အစားအစာဖြစ်ပါတယ်။ ကစီဓာတ်ကို ခန္ဓာကိုယ်က သကြားအဖြစ်ပြောင်းလဲပြီး စွမ်းအင်အတွက် အသုံးပြုပါတယ်။ ဒါပေမဲ့ လိုအပ်တာထက်ပိုစားမိတဲ့အခါ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

၁။ ဆီးချိုရောဂါ (Diabetes)
* သွေ:တွင်းသကြားဓာတ် မြင့်တက်ခြင်း: ထမင်းဖြူဟာ သွေ:ထဲကို သကြားဓာတ်ရောက်ရှိနှုန်း (Glycemic Index - GI) မြန်တဲ့ အစားအစာဖြစ်ပါတယ်။ ဒါကြောင့် ထမင်းစားပြီးချိန်မှာ သွေ:တွင်းသကြားဓာတ်ကို ရုတ်တရက် မြင့်တက်စေပါတယ်။ ဆီးချိုရောဂါရှိသူတွေအတွက် ဒါဟာ အလွန်အန္တရာယ်များပါတယ်။ ထမင်းလျှော့စားခြင်းဖြင့် သွေ:ချိုပမာဏကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ပါတယ်။

၂။ အဝလွန်ခြင်း နှင့် ဝိတ်ချခြင်း
* ကယ်လိုရီပိုလျှံခြင်း: ထမင်းဟာ ကယ်လိုရီများတဲ့ အစားအစာတစ်ခုပါ။ ပန်းကန်အပြည့်နဲ့ စားသုံးလေ့ရှိတာကြောင့် မလိုအပ်တဲ့ ကယ်လိုရီတွေ အများကြီးရရှိစေပြီး ကိုယ်အလေးချိန်တက်လာစေပါတယ်။ ဝိတ်ချဖို့အတွက် ကယ်လိုရီလျှော့ချဖို့က အဓိကဖြစ်တာမို့ ထမင်းစားသုံးမှုကို ထိန်းချုပ်ခြင်းက မဖြစ်မနေလုပ်ရမယ့် အရာတစ်ခုပါ။

၃။ အသည်းအဆီဖုံးခြင်း
* အဆီအဖြစ်ပြောင်းလဲခြင်း: ခန္ဓာကိုယ်က ချက်ချင်းအသုံးမပြုတဲ့ ပိုလျှံနေတဲ့ သကြားဓာတ် (ထမင်းလို ကစီဓာတ်ကနေရတဲ့သကြားဓာတ်) တွေကို အသည်းကနေ အဆီ (Triglycerides) အဖြစ်ပြောင်းလဲပြီး သိမ်းဆည်းပါတယ်။ ဒီအခြေအနေဟာ ကြာလာတဲ့အခါ အသည်းမှာ အဆီတွေစုပုံလာပြီး "အသည်းအဆီဖုံးရောဂါ" ကို ဖြစ်စေနိုင်ပါတယ်။

၄။ သွေ:တိုးရောဂါ (Hypertension)
* သွယ်ဝိုက်သော ဆက်စပ်မှု: ထမင်းအများကြီးစားခြင်းက ကိုယ်အလေးချိန်တက်စေပြီး အဝလွန်ခြင်းကို ဖြစ်စေပါတယ်။ အဝလွန်ခြင်းဟာ သွေ:တိုးရောဂါဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် သွေ:တွင်းသကြားဓာတ် မတည်ငြိမ်ခြင်းကလည်း သွေ:ကြောတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပြီး သွေ:တိုးကို ပိုဆိုးစေနိုင်ပါတယ်။

ဘယ်လို မှန်ကန်စွာ လျှော့ချမလဲ။
ထမင်းကို လုံးဝဖြတ်တောက်လိုက်ဖို့ မလိုအပ်ပါဘူး။ မှန်ကန်တဲ့ နည်းလမ်းနဲ့ ထိန်းချုပ်စားသုံးဖို့သာ လိုအပ်ပါတယ်။
1. ပမာဏကို ထိန်းချုပ်ပါ: စားနေကျ ပန်းကန်လုံးထက် ပိုသေးတဲ့ ပန်းကန်လုံးကို သုံးပါ။ ထမင်းကို ပန်းကန်ပြားရဲ့ လေးပုံတစ်ပုံထက် မပိုအောင် ထည့်ပါ။
2. ဟင်းသီးဟင်းရွက် များများစားပါ: ထမင်းနေရာမှာ အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်၊ အရွက်သုပ်တွေနဲ့ အစားထိုးပါ။ ဒါက ဗိုက်ပြည့်စေပြီး အာဟာရလည်း ပိုရစေပါတယ်။ ထမင်းမစားခင်မှာ ဟင်းသီးဟင်းရွက်နဲ့ အရည်သောက်ဟင်း တခွက်သောက်ပေးတာက ဗိုက်ပြည့်စေပြီး ထမင်းစားသုံးမှုကို လျော့ကျစေပါတယ်။
3. ပရိုတင်း (အသားဓာတ်) ဖြည့်တင်းပါ: အဆီလွတ်အသား၊ ကြက်သား၊ ငါး၊ ပဲအမျိုးမျိုးကို ဟင်းခွက်မှာ ပိုပြီးထည့်စားပါ။ ပရိုတင်းဓာတ်က အစာခြေချိန်ကြာစေပြီး အချိန်ကြာကြာ ဗိုက်ပြည့်စေပါတယ်။
4. ထမင်းညိုကို ရွေးချယ်ပါ: ထမင်းဖြူအစား အမျှင်ဓာတ်နဲ့ ဗီတာမင်ပိုမိုပါဝင်တဲ့ ထမင်းညို၊ ဆန်လုံးညိုကို ပြောင်းလဲစားသုံးနိုင်ပါတယ်။ ဒါတွေက သွေ:ချိုတက်နှုန်းကို နှေးစေပါတယ်။

နိဂုံးချုပ်
ဆီးချို၊ သွေ:တိုး၊ အသည်းအဆီဖုံး၊ အဝလွန်ခြင်းကို ထိန်းချုပ်လိုသူများနှင့် ဝိတ်ချနေသူများအတွက် ထမင်းကို လုံးဝဖြတ်တာထက် ပမာဏကိုလျှော့ချပြီး မျှတအောင်စားသုံးခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ မိမိတို့ရဲ့ နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ ထမင်းပမာဏကို သတိထားလျှော့ချပြီး ကျန်းမာရေးအတွက် အရေးပါတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသားဓာတ်ကို ပိုမိုစားသုံးပေးသင့်ပါတယ်။

-(ထမင်းလျှော့စားဖို့သာ ပြောနေရတာ၊ မွေးကတည်းက ထမင်းကိုအဓိကစားပြီး ကြီးပျင်းလာရသူတွေဖြစ်တာကြောင့်၊ ကျနော်ကိုယ်တိုင်တောင် ဟင်းကောင်းကောင်းချက်တဲ့နေ့တွေဆို ထမင်းကို ၂-၃ ပန်းကန်လောက်စားချင်စိတ်တွေဖြစ်လာလို့ မနည်းထိန်းချုပ်နေရတယ်။ ဘာပဲဖြစ်ဖြစ် ရသလောက်လျှော့စားကြပါဗျ။)
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

ခံတွင်းနှင့် သွားကျန်းမာရေး: အရွက်ကို ဝါးပေးခြင်း သို့မဟုတ် အရွက်ညှစ်ရည်ဖြင့် ပလုတ်ကျင်းပေးပါက ခံတွင်းနံ့ နံခြင်းကို ပျေ...
18/08/2026

ခံတွင်းနှင့် သွားကျန်းမာရေး: အရွက်ကို ဝါးပေးခြင်း သို့မဟုတ် အရွက်ညှစ်ရည်ဖြင့် ပလုတ်ကျင်းပေးပါက ခံတွင်းနံ့ နံခြင်းကို ပျောက်ကင်းစေပြီး သွားဖုံးများကို ခိုင်မာစေသည်
++++++++-
ဆံပင်နှင့် ဦးရေပြား ထိန်းသိမ်းခြင်း: ရှသံပရာသီး အရည် (သို့) အရွက်ကို သောက်ရေတွင် စိမ်၍ ဦးရေပြားကို ခေါင်းလျှော်ပြီးနောက် လျှော်ပေးပါက ဗောက်ပျောက်စေပြီး ဆံပင်ကျွတ်ခြင်းကို သက်သာစေသည်။
အစာချေစနစ် ခံတွင်းမြှင့်တင်ခြင်း: ရှသံပရာရွက်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် ခတ်ချက်စားသုံးပါက အစာကြေလွယ်စေပြီး လေထိုး၊ လေအောင့်ခြင်းနှင့် ပျို့အန်ချင်ခြင်းတို့ကို သက်သာစေသည်။
စိတ်ပြေလျော့စေခြင်း (Aromatherapy): အရွက်ကို အနည်းငယ် ညှစ်ခြေပြီး အနံ့ရှူပေးပါက စိတ်ဖိစီးမှုကို လျှော့ချပေးပြီး ခေါင်းကို ကြည်လင်စေသည်။
ဟင်းချက်ရာတွင် အသုံးပြုနည်း
အရွက်ကို အလွန်ပါးပါးလှီး၍ အုပ်စောင်းဟင်းများ၊ တုံယမ်းဟင်းချိုများ၊ အထုတ်အကင်များနှင့် သုပ် အမျိုးမျိုးတွင် ခတ်ပေးပါက မွှေးကြိုင်သော အနံ့ကို ရရှိစေသည်။
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

လိပ်ခေါင်းရောဂါ ဝေဒနာ စတင်ခံစားနေရသူများအတွက် +++++++ဒီနည်းအတိုင်း ၃ ကြိမ်လောက် လုပ်သောက်ရုံနဲ့ "လိပ်ခေါင်းရောဂါ"ချက်ချင...
18/08/2026

လိပ်ခေါင်းရောဂါ ဝေဒနာ စတင်ခံစားနေရသူများအတွက်
+++++++
ဒီနည်းအတိုင်း ၃ ကြိမ်လောက် လုပ်သောက်ရုံနဲ့ "လိပ်ခေါင်းရောဂါ"ချက်ချင်းပျောက်ပါတယ်...

အိမ်တွင် လွယ်ကူစွာ ပြုလုပ်နိုင်သော သဘာဝကုထုံးတစ်မျိုးကို ဝေမျှပေးလိုက်ပါတယ်။

ဆေ:ဖော်စပ်နည်းနှင့် သောက်သုံးပုံ
မုန်လာဥဖြူကို ပြင်ဆင်ခြင်း

မုန်လာဥဖြူ ၁ လုံး ကို သန့်စင်အောင် ဆေ:ကြောပါ။

ထိပ်ဖျားကို လှီးထုတ်ပြီးနောက် အတုံးသေးသေးလေးများ လှီးပါ။

ထို့နောက် အရည်ရအောင် ထောင်းပါ သို့မဟုတ် ကြိတ်ပါ။ ပြီးလျှင် အရည်ကို ညှစ်ယူပါ။

ဆေ:စပ်ခြင်းနှင့် သောက်သုံးခြင်း

ညှစ်ယူထားသော မုန်လာဥဖြူ အရည် ထမင်းစားဇွန်း ၁ ဇွန်း နှင့် ပျားရည် ၁ ဇွန်း ကို ရောမွှေပါ။

ရောစပ်ပြီးသား ဆေ:ရည်ကို ညအိပ်ရာမဝင်ခင်မှာ သောက်ပါ။

သောက်သုံးရမည့် အချိန်ကာလ
လိပ်ခေါင်းအစဖြစ်သူများ ဆိုလျှင် ၃ ကြိမ်ခန့် လုပ်သောက်ရုံဖြင့် လိပ်ခေါင်းရောဂါ ချက်ချင်း ပျောက်ကင်းနိုင်ပါတယ်။

အချိန်အတော်ကြာ ဖြစ်နေသူများ ဆိုလျှင်တော့ တစ်နေ့လျှင် တစ်ကြိမ် နှုန်းဖြင့် ရက်ပေါင်း ၁၅ ရက်ခန့် အဆက်မပြတ် သောက်သုံးပေးပါ။

ဂုဏ်သတ္တိများ
ဤဆေ:နည်း၏ ဂုဏ်သတ္တိများမှာ ဝမ်းသွားခြင်းနှင့်အတူ သွေ:ပါသော လိပ်ခေါင်းရောဂါကို လုံးဝပျောက်ကင်းစေခြင်း ဖြစ်ပါသည်။

အရမ်းထိရောက်တာကြောင့် လက်တွေ့ စမ်းသပ်ကြည့်ဖို့ တိုက်တွန်းပါတယ်နော်။

အားလုံးပဲ ရောဂါဝေဒနာ အနာနဲ့တွေ့၍ သက်သာပျောက်ကင်းကြပါစေ။ ကျန်းမာချမ်းသာပြီး ပျော်ရွှင်ကြပါစေခင်ဗျာ။
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

ပိုက်ဆံအများကြီး အကုန်အကျခံစရာမလိုဘဲ ပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်တဲ့ "ကန်စွန်းရိုးနီ" ဟာ ကျန်းမာရေးအတွက် တကယ့်ကို အဖိုး...
16/08/2026

ပိုက်ဆံအများကြီး အကုန်အကျခံစရာမလိုဘဲ ပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်တဲ့ "ကန်စွန်းရိုးနီ" ဟာ ကျန်းမာရေးအတွက် တကယ့်ကို အဖိုးတန်ရတနာတစ်ပါးပါပဲ။ သာမန်ဟင်းရွက်တစ်မျိုးလို့ ထင်ရပေမယ့် သူ့ရဲ့ ဆေ:ဖက်ဝင်အာနိသင်တွေကတော့ ထင်မှတ်မထားလောက်အောင် ကောင်းမွန်ပါတယ်။
မိသားစုကျန်းမာရေးအတွက် သိထားသင့်တဲ့ ရှေးမြန်မာဆေ:နည်းကောင်း (၃) မျိုးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) ၁၅ မိနစ်အတွင်း သက်သာစေမည့် အရေးပေါ်ကုထုံး (ဆီး/မီးယပ်)
ဆီးသွားရခက်ခဲပြီး ဆီးပိတ်နေသူများနဲ့ ဓမ္မတာအလွန်အကျွံလာတဲ့ အမျိုးသမီးများအတွက် အမြန်ဆုံးသက်သာစေမယ့် နည်းလမ်းပါ။
ပြုလုပ်ပုံ: ကန်စွန်းရိုးနီရွက်၊ မန်ကျည်းရွက်၊ ဘူးရွက်တို့ကို ဆတူရော၍ ညက်နေအောင် ကြိတ်ပါ။
အသုံးပြုပုံ: ရလာတဲ့အနှစ်ကို ဆန်မှုန့်အနည်းငယ်နဲ့ ဖျော်ပြီး ဆီးခုံပေါ်မှာ အုံပေးပါ။ (၁၅ မိနစ်အတွင်း သိသိသာသာ သက်သာစေပါတယ်)
(၂) သွေ:အားနည်းသူများအတွက် သဘာဝအားဆေ:
ခဏခဏ မူးဝေတတ်ပြီး သွေ:အားနည်းနေပါသလား။ "ကန်စွန်းရိုးနီ + ထန်းလျက်" ရောပြီး ကျိုသောက်ပေးရုံနဲ့ သွေ:အားကို အကောင်းဆုံး ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
(၃) ရောဂါမျိုးစုံ ကာကွယ်ပေးမယ့် "ကန်စွန်းရိုးနီပြုတ်ရည်"
တစ်ပတ်ကို (၂) ရက်ကနေ (၃) ရက်ခန့် ပုံမှန်သောက်သုံးပေးခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကတော့...
ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။
သွေ:သားသန့်စင်စေပြီး ကိုယ်တွင်းအပူငြိမ်းစေလို့ အသားအရေ ကြည်လင်စေတယ်။
ခန္ဓာကိုယ်ထဲက အဆိ.ပ်အတောက်နဲ့ အညစ်အကြေးများကို ဖယ်ရှားပေးတယ်။
ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း ကျန်းမာစေပြီး ဆီးပူ၊ ဆီးအောင့်၊ ကျောက်တည်ခြင်းကို သက်သာစေတယ်။
မီးယပ်သွေ:ဆုံးချိန် ခံစားရတတ်တဲ့ ဝေဒနာတွေကို သက်သာစေတယ်။
ပြုလုပ်ရလွယ်ကူတဲ့ ပြုတ်ရည်နည်းလမ်း
ကန်စွန်းရိုးနီကို ဆားရည်ဖြင့် စင်ကြယ်အောင် ဆေးကြောပါ။
အိုးထဲမှာ ကန်စွန်းရိုးနီ (၂) စည်းခန့်၊ မန်ကျည်းသီး အနည်းငယ်၊ ဆားနဲ့ ထန်းလျက်တို့ကို ထည့်ပါ။
ရေမြုပ်အောင်ထည့်ပြီး မိနစ် (၂၀) ခန့် ကြာအောင် တည်ပါ။
သောက်သုံးရန်: မနက်တစ်ခွက်၊ ညအိပ်ရာဝင်တစ်ခွက် အစာနဲ့ဝေးချိန် သောက်သုံးနိုင်သလို ပြုတ်ဖတ်များကိုလည်း တို့စရာအဖြစ် စားသုံးနိုင်ပါတယ်။
သတိပြုရန်: ဒါဟာ သဘာဝဆေ:နည်းများဖြစ်လို့ အရေးပေါ်အခြေအနေနဲ့ ကျန်းမာရေးအတွက် အလွန်အသုံးဝင်ပါတယ်။ သို့သော် ပြင်းထန်သော ရောဂါဝေဒနာများအတွက် ကျွမ်းကျင်ဆရာဝန်နဲ့ တိုင်ပင်ကုသဖို့ မမေ့ပါနဲ့နော်။
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

မျက်မှန်တပ်သူများနှင့် မျက်စိကျန်းမာရေး စောင့်ရှောက်လိုသူများအတွက် မဖြစ်မနေ သိသင့်သည့် အချက် (၁၃) ချက်ကို ပြန်လည်မျှဝေလိ...
16/08/2026

မျက်မှန်တပ်သူများနှင့် မျက်စိကျန်းမာရေး စောင့်ရှောက်လိုသူများအတွက် မဖြစ်မနေ သိသင့်သည့် အချက် (၁၃) ချက်ကို ပြန်လည်မျှဝေလိုက်ပါသည်
++++++++
မျက်စိအားကောင်းစေဖို့ လိုက်နာရမယ့် အလေ့အကျင့် (၁၃) ချက်
အစားအသောက်ဆိုင်ရာ အချက်များ
(၁) ငါး များများစားပါ - မျက်ရည်ခမ်းခြောက်မှုကို ကာကွယ်ပေးတဲ့ Omega-3 ဓာတ်များစွာ ပါဝင်ပါတယ်။ ငါးမကြိုက်လျှင် ငါးကြီးဆီ အားဆေ:သုံးစွဲနိုင်ပါတယ်။
(၂) ကြက်သွန်နီ ပိုထည့်ပါ - ဟင်းချက်သည့်အခါ အခြားကြက်သွန်များထက် ကြက်သွန်နီကို ပိုသုံးပေးပါ။ မျက်စိတိမ်ကွယ်ခြင်းကို ဟန့်တားပေးနိုင်တဲ့ ဓာတ်များ ပါဝင်လို့ပါ။
(၃) ညစာမှာ မုန်လာဥနီစားပါ - ညဘက်အမြင်အာရုံ ပိုကောင်းစေတဲ့ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်ပါတယ်။
(၄) အငန် လျှော့သုံးပါ - အငန်ဓာတ်များလျှင် မျက်စိတိမ်ဖြစ်နိုင်ခြေ ပိုများတာကြောင့် ဆားကို လျှော့စားပေးသင့်ပါတယ်။
ကာကွယ်ခြင်းနှင့် ဂရုစိုက်ခြင်း
(၅) နေကာမျက်မှန် ဝတ်ဆင်ပါ - အပြင်သွားချိန် နေကာမျက်မှန် တပ်ပေးခြင်းက ပြင်းထန်တဲ့ နေရောင်နဲ့ လေတိုက်လို့ မျက်ရည်ခမ်းတာကို ကာကွယ်ပေးပါတယ်။
(၆) ရေကူးရင် မျက်မှန်တပ်ပါ - ရေထဲက ကလိုရင်းဒဏ်ကနေ ကာကွယ်ဖို့ ရေကူးမျက်မှန် အမြဲတပ်ပါ။ အလုပ်ခွင်မှာလည်း အကာအကွယ်မျက်မှန်ကို မဖြစ်မနေ သုံးပါ။
(၇) ကား A/C လေကို မျက်နှာတည့်တည့် မထားပါနဲ့ - လေအေးပေးစက်လေက မျက်ရည်ကို ခမ်းခြောက်စေလို့ ခြေထောက်ဘက်ကိုပဲ လှည့်ထားပါ။ မျက်ကြည်လွှာ ပျက်စီးတာမျိုး မဖြစ်အောင် သတိထားပါ။
(၈) မီးခိုးရောင် မှန်ဘီလူးသုံးပါ - အရောင်အမြင် လွဲချော်မှုနည်းတဲ့ မီးခိုးရောင် နေကာမျက်မှန်ကို ဦးစားပေး ရွေးချယ်ပါ။
သန့်ရှင်းရေးနှင့် ကျန်းမာရေး
(၉) မျက်နှာသုတ်ပဝါ သန့်ရှင်းပါစေ - ကိုယ်ပိုင်ပဝါကိုပဲ သုံးပါ။ အခြားသူနဲ့ ရောမသုံးပါနဲ့။ ကူးစက်တတ်တဲ့ မျက်စိရောဂါတွေ ဖြစ်နိုင်လို့ပါ။
(၁၀) မိတ်ကပ် သေချာဖျက်ပါ - အိပ်ရာမဝင်မီ မျက်လုံးတစ်ဝိုက်က မိတ်ကပ်တွေကို စင်ကြယ်အောင် ဖယ်ရှားပါ။ မိတ်ကပ်စတွေက မျက်ကြည်လွှာကို ထိခိုက်စေနိုင်ပါတယ်။
(၁၁) သွေ:ပေါင်ချိန် ပုံမှန်စစ်ပါ - တစ်လတစ်ခါ သွေ:ပေါင်တိုင်းပါ။ သွေ:တိုးလျှင် မျက်စိထဲက သွေ:ကြောငယ်လေးတွေကို ထိခိုက်စေနိုင်ပါတယ်။
အနားပေးခြင်း
(၁၂) စာဖတ်ချိန်မှာ အနားပေးပါ - စာဖတ်တဲ့အခါ မိနစ် ၃၀ တိုင်းမှာ စာအုပ်ကို ခဏချပြီး အဝေးတစ်နေရာကို စက္ကန့် ၃၀ ခန့် ကြည့်ပေးပါ။
(၁၃) စပယ်ရနံ့ကို အသုံးချပါ - စပယ်နံ့က ဦးနှောက်ကို နိုးကြားစေပြီး မျက်စိအားကောင်းစေတဲ့ Beta လှိုင်းတွေကို ဖြစ်ပေါ်စေပါတယ်။
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

Address

Kamayut Township
Yangon
112211

Telephone

+959769029177

Website

Alerts

Be the first to know and let us send you an email when Hammer Of Thor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share