29/04/2020
ဒီတခေါက် skin type အလိုက် facial mask လေးတွေကို ဘယ်လိုရွေးချယ်ပြီးသုံးရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။
အခုနောက်ပိုင်း တော်တော်များများက အသားအရေကိုသေချာထိန်းသိမ်းလာကြပြီဆိုတော့ skincare step တွေမှာ mask တွေကလည်း essential step တခုအနေနဲ့ပါလာကြပြီ။ စျေးကွက်ထဲမှာက ရွေးချယ်စရာ mask တွေအများကြီးရှိတာဆိုတော့ ကိုယ့် skin type နဲ့သင့်တော်မယ့် Facial mask လေးတွေကိုသိဖို့ကတော့ အရေးကြီးဆုံးအချက်ပါ။ အဲဒါကြောင့် Rachel က အားလုံးရွေးရတာလွယ်သွားအောင် ဘယ် skin type က ဘယ်လို mask ကိုသုံးသင့်တယ်ဆိုတာလေးကို sharing လုပ်ပေးမယ်နော်😉
ပထမဆုံးအနေနဲ့ Facial mask တွေမှာ ယေဘူယျအနေနဲ့
-Gel mask
-Cream mask
-Clay mask
-Rubber mask/ Modelling mask
-Silicon mask
-Peeling mask
-Sleeping mask
-Sheet mask ဆိုပြီး အမျိုးအစားအများကြီးရှိပါတယ်။ အခု list ထဲမပါတဲ့အမျိုးအစားတွေလည်းရှိပါသေးတယ်။ အခုက အားလုံးနဲ့ရင်းနှီးမယ့် mask လေးတွေပါ။ ဒီလို mask တွေအများကြီးရှိတဲ့ထဲက
ဲဘယ်အသားအရေပိုင်ရှင်က ဘယ်လို mask တွေသုံးပေးသင့်လဲဆိုတာကို Rachel skin type လေးနဲ့ခွဲရေးပေးထားပါတယ်။ ဆက်ဖတ်ကြည့်ပေးနော်✌✌
Oily / acne prone skin
================
Clay mask-->Oily acne skin သမားတွေအတွက်အကောင်းဆုံးကတော့ Clay mask ပါ။ Clay mask တွေက ချွေးပေါက်ထဲကအညစ်အကြေးတွေကိုသေချာသန့်စင်ပေးနိုင်တယ်။ Oil control သေချာလုပ်ပေးနိုင်တယ်။ တခုသတိထားရမှာက Clay mask သုံးတဲ့အခါ time limit ရှိတဲ့အတွက် လိုတာထက်ပိုပြီး ကြာကြာမထားသင့်ဘူးနော်။ ပြီးတော့ Clay mask သုံးပြီးရင် moisturizer မဖြစ်မနေသေချာပြန်သုံးပေးပါ။
Gel mask-->Gel mask တွေက အဓိက hydrating လုပ်ပေးနိုင်တယ်၊ Light weight ဖြစ်တော့ လိမ်းလိုက်တာနဲ့ absorption လုပ်တာမြန်တယ်။ Soothing, Cooling effect လည်းရတော့ oily acne skin သမားတွေအတွက် Gel mask လည်းအဆင်ပြေပါတယ်။
Peeling mask--> ကိုယ့်အသားအရေက ညစ်နေတယ်၊ အသားအရေကိုကြည်ကြည်လေးဖြစ်ချင်တယ်ဆိုရင်တော့ Peeling mask ကိုသုံးပေးလို့ရပါတယ်။ ဒါပေမယ့် တပတ်ကို ၂ကြိမ်လောက်ပဲသုံးပေးနော်။ ပြီးရင်တော့ moisturizer နိုင်နိုင်ပြန်လိမ်းပေးပါ။
Rubber mask--> Rubber mask တွေလည်း oily skin သမားတွေသုံးလို့ရပါတယ်။ သူ့မှာ hydrating, Soothing, Firming, Brightening ဆိုပြီးရွေးချယ်လို့ရပါတယ်။ ကိုယ်လိုချင်တဲ့ skin concern အရရွေးပြီးသုံးကြည့်နော်။
Sleeping mask--> Sleeping mask တွေရဲ့အဓိကလုပ်ဆောင်ချက်က deep moisturizing effect ရစေပာတယ်။ Oily skin သမားတွေက Sleeping mask ကို cream type တွေထက်စာရင် watery type လေးတွေကို ပိုရွေးစေချင်ပါတယ်။ Sleeping mask တွေက ညတိုင်းသုံးစရာမလိုဘူးနော် တရက်ခြား ဒါမှမဟုတ် ၂ရက်ခြားလောက်လိမ်းပေးရင် လုံလောက်ပြီ။
Sheet mask--> အခုနောက်ပိုင်း mask တွေထဲမှာ အသုံးများဆုံးက sheet mask တွေပါ။ စျေးကွက်ထဲမှာ ရွေးချယ်စရာ brand တွေအစုံရှိသလို skin concern အလိုက်ရွေးချယ်သုံးတတ်ရင် skin အတွက်ပိုအကျိုးရှိစေပါတယ်။
Oily acne skin သမားတွေဆိုရင် sheet mask ရွေးချယ်တဲ့အခါ essence type, water type sheet mask တွေကိုသုံးသင့်ပါတယ်။ Cream type ကိုတော့ အားမပေးပါဘူးနော်။ Ingredient အနေနဲ့ဆိုရင် Greentea, Tea tree, Bamboo, Cucumber, Aloe vera စတာတွေက Soothing, Calming effect တွေပါတော့ Oily acne သမားတွေအတွက်သင့်တော်ပါတယ်။
Dry skin
==========
Cream mask-->Dry skin သမားတွေအတွက် အဓိကလိုတာက Moisturizing, Hydration...
Cream type mask တွေက အစိုဓာတ်ကိုသေချာပေးနိုင်တယ်။ ရေဓာတ်ကောင်းကောင်းဖြည့်ပေးနိုင်တယ်။ အဲ့တာကြောင့် dry skin သမားတွေဆိုရင် moisturizing, hydration ပေးနိုင်တဲ့ Cream mask လေးတွေရွေးသုံးပေးသင့်ပါတယ်။
Gel mask--> Gel mask လည်းသုံးလို့ရပါတယ်။ ဒါပေမယ့် oily skin သမားတွေလို light weight ဖြစ်တာမျိုးကိုရွေးတာထက် essence type လိုမျိုးကိုပိုရွေးသင့်ပါတယ်။
Rubber mask-->Dry skin သမားတွေ Rubber mask သုံးမယ်ဆိုရင် Hydration, Brightening mask တွေကိုဦးစားပေးရွေးပါ။ Dry skin သမားတွေက ဘယ် mask type မျိုးပဲသုံးသုံး အဓိက moisturizing ကောင်းကောင်းပေးနိုင်မယ့် mask တွေ၊ အသားအရေကိုရေဓာတ်ကောင်းကောင်းဖြည့်ပေးနိုင်တဲ့ mask မျိုးတွေက အသင့်တော်ဆုံးပါ။
Sleeping mask-->Overnight sleeping mask တွေလည်း သုံးပေးလို့ရပါတယ်။ Rachel အပေါ်မှာပြောသလိုပဲ Dry skin အတွက်လိုတာက moisturizer ဆိုတော့ Moisturizing effect ပေးနိူင်တဲ့ Creamy ပိုဖြစ်တဲ့ ဘယ် sleeping mask မဆိုသုံးလို့ရပါတယ်။
Sheet mask-->Dry skin သမားတွေ Sheet mask ရွေးပြီဆိုရင် essence type နဲ့ creamy type ကိုရွေးစေချင်ပါတယ်။ မဟုတ်ရင် ကပ်ပြီးခွာလိုက်တာနဲ့ မျက်နှာပေါ်မှာ essence တွေမကျန်တော့ပဲ တန်းခြောက်သွားရော...အဲဒါကြောင့် dry skin သမားဆိုရင် Glow စေမယ့် sheet mask တွေသာပြေးဝယ်ထားလိုက်😁 Glow စေတဲ့ sheet maskတိုင်းက essence တွေလည်းအများကြီးပါတော့ Dry skin တွေအတွက် so good ပဲ👍👍
Combination skin
==============
Combination skin type ရှိတဲ့သူတွေက များသောအားဖြင့် T.zone အဆီပြန်ပြီး ကျန်တဲ့နေရာက ခြောက်နေတတ်တယ်။ ဒါကတော့ အများစုပေါ့နော်...တယောက်နဲ့တယောက်အဆီပြန်တဲ့နေရာမတူတဲ့အတွက် combination သမားတွေက ကိုယ့် skin concern အရ ရွေးချယ်သုံးပေးတာကတော့ အကောင်းဆုံးပါ။
Combination သမားတွေက Oily skin နဲ့နည်းနည်းနီးစပ်တဲ့အတွက် အပေါ်မှာပြောထားတဲ့ Oily skin သမားတွေသုံးလို့ရတဲ့ Face mask တွေကို သုံးပေးလို့ရပါတယ်။ ဒါပေမယ့် ကိုယ့် skin ကတပြေးညီဖြစ်နေတာမဟုတ်တဲ့အတွက် mask တွေသုံးတဲ့အခါမှာ skin လိုအပ်ချက်ကိုလိုက်ပြီး ရွေးချယ်ဖို့လိုပါတယ်။
Sensitive skin
============
Sensitive သမားတွေကတော့ Face mask သုံးတဲ့အခါ mild ဖြစ်တာမျိုးကိုပဲသုံးစေချင်ပါတယ်။ Peeling mask, Clay mask တွေကိုတော့ sensitive skin ဆိုရင်မသုံးစေချင်ပါဘူး။ Peeling mask သုံးမယ့်အစား sensitive သမားတွေသုံးလို့ရတဲ့ mild ဖြစ်မယ့် exfoliating mask လေးတွေသုံးတာမျိုး၊ Sheet mask တွေမှာဆိုရင် tea tree, Greentea ပါတာမျိုးတွေ၊ Soothing, Calming effect ပါတဲ့ mask မျိုးလေးတွေကိုသုံးပေးစေချင်ပါတယ်။
ဒါကတော့ skin type အလိုက် facial mask လေးတွေဘယ်လိုရွေးရမလဲဆိုတာကိုရေးပေးလိုက်တာပါ။ ဘယ်လို mask မျိုးပဲသုံးသုံး တန်ဆေးလွန်ဘေးဆိုတော့ မမေ့ပါနဲ့နော်။
ဒီ post လေးကို အားလုံးကြိုက်နှစ်သက်မယ်ဆိုရင်တော့ Like & Share လေးလုပ်ပေးသွားနော်😍
အားလုံးပဲ ပျော်ရွှင်တဲ့နေရက်လေးဖြစ်ပါစေ💜
Crd
Rachel’s diaries