04/05/2024
နှာခေါင်းပေါ် ဆားဝက်ခြံဆိုတာအရှင်းပျောက်လား... ?👃👃👃 [Knowledge Review ]
နှာခေါင်းပေါ်က ဆားဝက်ခြံတွေ ဖြစ်တဲ့ ပြသနာက တော်တော်များပါတယ်...လာမေးတဲ့နှုန်းလည်းတော်တော်များလာတာ တွေ့ရတယ် 😑
ဒီနေ့က နှာခေါင်းမှာအဖြစ်များတဲ့ Blackheads (open comedones ) အကြောင်းကိုအသားပေး ပြောသွားမှာပါ... 👏
ဒီလို နှာခေါင်းမှာဖြစ်တဲ့ Blackheads ဆားဝက်ခြံမဲမဲလေးတွေဟာ တစ်ခြား Blackheads တွေနဲ့မတူပဲ ဖြေရှင်းရလွယ်ပါတယ်
ဒါပေမဲ့ အရှင်းတော့မပျောက်ပါဘူး...ပြီးတော့ ဆားဝက်ခြံတွေဖယ်ရှင်းပြီးရင် ချွေးပေါက်သေးသေးလေးတွေအဖြစ်ကျန်ခဲ့ပါတယ်...
Blackheads တွေဖြေရှင်းပြီးတဲ့အခါ Skincareကိုသေချာပြန်မလိမ်းပေးနိုင်ဘူးဆိုရင်တော့ ချွေးပေါက်ကျယ်တာမျိုး နောက်ဆက်တွဲဆိုးကျိုးတွေရှိလာနိုင်ပါတယ်...
ဘာမှမလိမ်းတဲ့သူဆိုရင်တောင် Toner moistuser Suncream Steps လောက်ကိုတော့သေချာလိမ်းပေးသင့်ပါတယ်
❗ချွေးပေါက်တွေထဲမှာ တစ်နေ့တာ လေထုထဲက Oxidation တွေ မျက်နှာမှာရှိတဲ့ အဆီတွေ Dead Cells တွေ keratin တွေက Blackheads အဖြစ်ပြောင်းပြီးကျန်သွားတတ်ပါတယ်...
‼️ညဘက်ကိုတတ်နိုင်သမျှ Cleansing နိုင်နိုင်လုပ်ပေးရင်တောင် Blackheads တွေကအနှေးနဲ့အမြန်ပြန်ထွက်လာမှာပါ....
ဒါကြောင့် Skinပေါ်မှာမူတည်ပြီး တစ်ပတ် တစ်ရက် ဒါမှမဟုတ် နှစ်ပတ် ၁ရက် Exfoliate လုပ်ပေးက Blackheads ကိုပုံမှန်ရှင်းပေးနိုင်မဲ့နည်းလမ်းဖြစ်ပြီး တော့ တစ်ဖြေးဖြေးပါးလာမှာပါ
❌ဒါပေမဲ့ ပျောက်ချင်ဇောနဲ့ Over Cleansing တွေ,Over Exfoliate တွေလုပ်ရင်တော့ Skin ပါးလာတာမျိုးတွေ Infection ဝင်တာမျိုးတွေမျိုးစုံ ဖြစ်နိုင်ပါတယ်❌
အဲ့တော့ Blackheads တွေ တစ်ကယ်ပျောက်ချင်တယ်ဆို သူများညွှန်းတာပဲသုံးမယ်ဆိုတာထက် Product တစ်ခုဝယ်သုံးတော့မယ်ဆိုတိုင်း ဒီလို Ingredients List လေးတွေကိုBasic လောက်သိထားတာဖြစ်ဖြစ် Screenshot ထားတာဖြစ်ဖြစ်ဒီလိုစစ်ပေးပြီးမှဝယ်ပေးရင်ပိုကောင်းပါတယ်
သောင်းက ခု BlackHeads အတွက်ပဲပြောသွားမှာပါ...နောက်နောင် Ingredients List လေး ရွေးဝယ်လို့ရအောင် Skin problems လေးတွေနဲ့တဲဲပြီးပြောသွားပေးမယ်နော်
Exfloating မှာ Bubble Mask,Clay Mask,AHA BHA ,chemical peeling ,charcoal mask,retinoids...တွေဆိုပြီးသုံးစရာအများကြီးရှိတယ်...ဒါပေမဲ့အများကြီးလျှောက်သုံးစရာမလိုဘူး...တစ်မျိုးထဲကိုသုံးပေးရုံပဲ❣
သောင်းကတော့ Claymask ကမျက်နှာမှာဖြစ်နေတဲ့ Oxidation တွေအဆီတွေကိုစုပ်ယူသွားသလိုခံစားရလို့ သောင်းကတော့ Clay mask ပဲသုံးဖြစ်တာများတယ်
ပြီးရင် Blackheads သမားတွေအတွက်
Benzoyl peroxide
Retinoides and Dioic acid
Isotretinoin (Accutane)
Glycolic Acid
Witch Hazel
Salicylic Acid ဒီလို Ingredients တွေကိုအကြမ်းဖျင်းသိထားရုံနဲ့ ရွေးသုံးနိုင်ပါတယ်
အဲ့တော့ Ingredients တွေထဲမှာ ဒါတွေ ပါတယ်ဆို Blackheads အတွက်လည်းပါတယ်ဆိုတဲ့သဘောပေါ့ 🥰
ဒီလို Knowledge Sharing လေးတွေမကြာခဏတင်ပေးတော့မှာမို့ like &Follow လုပ်ဖို့မမေ့နဲ့နော်
နောက် Blog လေးတွေမှာပြန်ဆုံကြမယ်ရှင် 🤗