LUNALIGN

LUNALIGN Journey to Celestial Aligned Living, One Moon Phase At A Time! 🌙
Intentional Lifestyle . Lunar Living

Moon Musing 🌙New Moon in Ta**us - 17 May 2026, 02:31 am (Myanmar Standard Time) “Root to Rise” ဆိုတဲ့စကားလုံးလေးက ဒီ New...
15/05/2026

Moon Musing 🌙

New Moon in Ta**us - 17 May 2026, 02:31 am (Myanmar Standard Time)

“Root to Rise” ဆိုတဲ့စကားလုံးလေးက ဒီ New Moon in Ta**us အတွက် theme လေးပဲ ဖြစ်ပါတယ်။ 🌑🌿 အားမကောင်း ဩဇာမပြည့်ဝတဲ့ မြေကြီးပေါ်မှာ အပင်တစ်ခုဟာ ကြီးထွားရှင်သန်ဖို့ ခက်သလိုပဲ ကိုယ့်ကို အားမဖြစ်စေမယ့် အတွေးအခေါ်၊ ခံယူချက်၊ old patterns တွေက ကိုယ်ရှေ့လျှောက်ရမယ့် ခရီးအတွက် အညွန့်တက်ဖို့ နှောင့်နှေးနေစေမှာပါ။ Earth Sign ဖြစ်တဲ့ Ta**us မှာ ကျရောက်မယ့် ဒီ New Moon ဟာ ကိုယ့်ရဲ့ ဘဝခံယူချက်တွေက ဘယ်အပေါ် foundation ယူ အခြေခံထားလဲ နဲ့ ဘယ်အရာတွေကို အမြစ်တွယ်နေမိသလဲ ပြန်လည်ဆန်းစစ်ကြဖို့ သတိပေးနေပါတယ်။
ကိုယ့်အတွင်းထဲက လာတဲ့ ခိုင်မာတဲ့ ယုံကြည်မှု၊ self-worth တို့ကို မူတည်ပြီးပြီးသာ စစ်မှန်တဲ့ ပျော်ရွှင်မှု၊ လုံခြုံစိတ်ချမှုတို့ဆိုတာ ရနိုင်ပါတယ်။ သူများရဲ့ ကောင်းကောင်းဆိုးဆိုး လုပ်ဆောင်မှုပေါ်မူတည်ပြီးမှ ရလာမယ့်ကိုယ့်ရဲ့ အေးချမ်းမှု က ကြာရှည်တည်မြဲဖို့ မလွယ်ပါဘူး။ သူများကို ပေးထားမိတဲ့ attention တွေ၊ power တွေကို ကိုယ့်လက်ထဲ​ပြန်ယူထည့်ကြည့်ဖို့ ဒီအပတ်မှာ အကြံပြုချင်ပါတယ်။

New moon in Ta**us ဟာ အိပ်မက်တွေနဲ့ ပက်သတ်ပြီး လက်တွေ့ကျကျဆုံးဖြတ်ဖို့ အချိန်တစ်ခုလည်း ဖြစ်ပါတယ်။ Grounding မပါတဲ့ vision တစ်ခုဆိုတာ စိတ်ကူးသက်သက်ပဲ ဆိုတာ Ta**us က သတိပေးနေပါတယ်။ ဒီတစ်ပတ်တော့ စိတ်ကူးနေရုံပဲ မဟုတ်ဘဲ စိတ်ကူးတွေတကယ်အကောင်အထည်ပေါ်လာဖို့ အတိအကျချရေးပါ။ အစီအစဥ်ဆွဲပါ။ ပထမဆုံးခြေလှမ်းကို လှမ်းကြည့်ပါ။ ပြီးတော့ ဘယ်လိုအရာတွေကို ဒီ lunar cycle မှာ ကိုယ် call-in လုပ်ချင်နေမိသလဲ? အလောဘ၊ အဒေါသ၊ အမောဟ ဆိုတဲ့ ကောင်းမွန်တဲ့ရေသောက်မြစ်တွေအပေါ် အခြေခံတဲ့ new intention settings လေးတွေ၊ ငွေကြေး၊ တည်ငြိမ်မှု၊ a creative project၊ a new rhythm တို့ကို call-in လုပ်လို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

ကျွန်မဘဝမှာ ယခုအချိန်အထိ ဖြတ်သန်းခဲ့ရတဲ့ ခရီးတစ်လျှောက်ကို ပြန်ကြည့်လိုက်ရင် မိခင်တစ်ယောက်ဖြစ်ရတာထက် spiritual ဖြစ်တဲ့အရ...
10/05/2026

ကျွန်မဘဝမှာ ယခုအချိန်အထိ ဖြတ်သန်းခဲ့ရတဲ့ ခရီးတစ်လျှောက်ကို ပြန်ကြည့်လိုက်ရင် မိခင်တစ်ယောက်ဖြစ်ရတာထက် spiritual ဖြစ်တဲ့အရာ၊ divine feminine အရည်အသွေးတွေကို ကျင့်သုံးရတဲ့နေရာ မရှိဘူးလို့ ယူဆမိပါတယ်။ မိခင်/မိဘ တစ်ယောက်ဖြစ်လာပြီးနောက်မှာ ကိုယ့်သားသမီးကို အကောင်းဆုံးပြုစုပျိုးထောင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိမိရဲ့ inner child ကို ကုစားရတာကနေစလို့ မေတ္တာဂရုဏာတရား (unconditional love & compassion)၊ ယုံကြည်မှု (trust)၊ အနန္တသဘောတရားကို လက်ခံခြင်း (letting go & acceptance)၊ mindfulness၊ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ခြင်း (self-reflection)၊ စိတ်ရှည်သည်းခံမှု (patience)၊boundary setting စသည်ဖြင့် အသုံးမချလိုက်ရတဲ့ spiritual concept နဲ့ feminine quality မရှိသလောက်ပဲဆိုတာ မိခင်တွေ တော်တော်များများ လက်ခံနားလည်ကြမယ် ထင်ပါတ​ယ်။

ဟိုးယခင်ကတော့ မိဘတော်တော်များများဟာ သားသမီးတွေကို အကြောက်တရား၊ စည်းကမ်း၊ ဆုပေးဒဏ်ပေးစနစ်၊ ထိန်းချုပ်မှု စသည့် အာဏာရှင်ဆန်တဲ့ parenting ပုံစံမျိုးနဲ့ အုပ်ထိန်းခဲ့ကြပါတယ်။ ယနေ့ခေတ်မှာတော့ self-awareness တွေ ပိုအားကြီးလာကြတဲ့အခါမှာ conscious parenting အဖြစ် မိဘများအနေနဲ့ မိမိကိုယ်ကို နည်းလည်ခြင်း၊ သတိအသိရှိခြင်းအားဖြင့် မိမိနဲ့ သားသမီးကြား ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ပြီး မိမိရင်သွေးများကို ပြုစုပျိုးထောင်လာကြပါတယ်။ သားသမီးတွေကို ပြုပြင်ပုံသွင်းဖို့ ဆိုတာထက် မိဘဖြစ်သူတွေအနေနဲ့ သူတို့လေးတွေဆီက ပြန်လည်သင်ယူခြင်းဖြင့်လည်းကောင်း၊ သားသမီးတွေနဲ့ ဆက်ဆံရာမှာ mindful ဖြစ်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်ခြင်းအားဖြင့် ရေရှည်မှာ အမှီအခိုကင်းသော၊ ပျော်ရွှင်သော ကလေးငယ်များအဖြစ် ကြီးပြင်းလာဖို့ အားပေးပံံ့ပိုးတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးကြဖို့ပဲ ဖြစ်ပါတယ်။

ကြီးကျယ်မြင့်မြတ်သော မိခင်ဘဝကို ပိုင်ဆိုင်ထားကြတဲ့ ကျွန်မကိုယ်တိုင်အပါအဝင် ကျွန်မရဲ့ မိခင်၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနဲ့အတူ ကမ္ဘာပေါ်ရှိ မိခင်များအားလုံး၊ မိခင်တစ်ဦး၏ အရည်အချင်းများကို ပိုင်ဆိုင်ထားကြသူများအားလုံးကို ဒီနေ့ကျရောက်တဲ့ မိခင်များနေ့မှာ celebrate လုပ်လိုက်ရပါတယ်။ 🍾

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

’sday

ဒီနေ့တော့ ကျွန်မ life update လေးတွေရော, LUNALIGN ရဲ့ရှေ့လျှောက် အစီအစဥ်လေးတွေပါ မျှဝေချင်လို့ပါ။  ✨ စာလေးတော့ နည်းနည်းရှ...
06/05/2026

ဒီနေ့တော့ ကျွန်မ life update လေးတွေရော, LUNALIGN ရဲ့ရှေ့လျှောက် အစီအစဥ်လေးတွေပါ မျှဝေချင်လို့ပါ။ ✨ စာလေးတော့ နည်းနည်းရှည်ပါမယ်။

ပထမဆုံးတစ်ခုကတော့ - ၃နှစ်ဆက်တိုက် အားလုံးချစ်ခင်နှစ်သက်စွာ အားပေးခဲ့ကြတဲ့ LUNALIGN Planners (physical books)များကို 2027 ခုနှစ်အတွက် ပြန်မထုတ်တော့ဘူးလို့ စဥ်းစားထားပါတယ်။

ကိုယ်တိုင်က planner enthusiast မို့ အမြဲ အကောင်းဆုံးလုပ်ချင်တာကြောင့် အချိန်ပေး data ပြင်ဆင်, မမှားအောင်ပြန်စစ်, design ဆွဲ , နိုင်ငံခြားမှာ production လုပ်, ရန်ကုန်ပြန်ပို့ နဲ့ အချိန်အရမ်းပေးရသလို ဒီတစ်ခေါက်ဆို border ပိတ်သွားလို့ transportation အတွက် challenge လေးတွေ ရှိခဲ့ပါတယ်။ ကူလုပ်ပေးတဲ့ အဓိက team member ကလည်း နိုင်ငံခြားမှာဖြစ်တာရယ်၊ လာမယ့်နှစ်မှာ personal project လေးတွေလည်း အများကြီးရှိနေတာမို့ physical planner ထုတ်ဖို့ အချိန်မပေးနိုင်တော့မှာ သေချာသလောက်မို့လို့ပါ။​ စာအုပ်ထွက်မှာလား အမြဲမေးပြီး နှစ်တိုင်း အားပေးခဲ့ကြတဲ့ ချစ်ရသူတွေကို အားလည်းနာ, ကျေးဇူးလဲတင်ပါတယ်။ 💕

ဒုတိယတစ်ခုကတော့ ကျွန်မကိုယ်တိုင်လည်း ပြောင်းလဲသွားတဲ့ identity ပုံစံ, အတွေးအခေါ်, ဘဝနေရာအသစ်တစ်ခုကို အခုအချိန်မှာ ရောက်ရှိနေပါတယ်။ ကိုယ့်ဘာသာတောင် မယုံကြည်နိုင်တဲ့ 3.0 version နဲ့အတူ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း လူရော၊ စိတ်ရော၊ energy level ပါ shift ဖြစ်တာတွေ မြန်လွန်းလို့ အမြဲ grounded ဖြစ်နေအောင် သတိကပ်ထားရပါတယ်။ 🌱 မျက်မှန်တပ်ထားသလို ကြည်တောက်ရှင်းနေတဲ့ clarity တွေ ရခဲ့ပြီး, စိတ်အေးချမ်းမှု, ကျေနပ်မှု, new social dynamics နဲ့ peace within myself တွေ ခပ်စိပ်စိပ်လေးဖြစ်လာတဲ့အပြင် ကျွန်မ နှစ်အတော်ကြာ battling လုပ်နေခဲ့ရတဲ့ chronic low-key anxiety နဲ့ OCD tendencies တွေ သက်သာခဲ့ရပါတယ်။ အရာအားလုံးကို အတင်းဆုပ်ကိုင်ထားတာတွေ လျှော့ချလိုက်ပြီးတဲ့နောက် ကိုယ်အလေးချိန်တွေပါ double-digit ကျသွားခဲ့ပါတယ်။ ဘာတွေလုပ်လို့ ဘယ်လိုတွေပြောင်းလဲခဲ့လဲဆိုတာတော့ အသေးစိတ် တစ်ခါတည်း ပြောပြဖို့ ခက်ပေမယ့် အလျဥ်းသင့်သလို share သွားပေးပါ့မယ်။ ကိုယ်တိုင်လဲ​ ဘယ်အရာက တကယ်အလုပ်လုပ်တာလဲဆိုတာကို တိတိကျကျနားလည်ဖို့ အားထုတ်နေဆဲပါ။ 🙏🏻

ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ ဒီနေ့ ရလာဒ်ကောင်းတွေကလည်း အရင်က energy work တွေအများကြီး လုပ်ခဲ့တဲ့ အကျိုးတွေကြောင့်ပါ။​ ဒါပေမယ့် အဓိကအချက်က I stopped looking for transformation only in mystical places. 🌸 မပြီးနိုင်တဲ့ self-analysis, မပြီးနိုင်တဲ့ healing works, searching, shadow work, identity reconstruction တွေကြားမှာပဲ ကြာကြာရစ်ဝဲမနေပဲ embodied system အဖြစ် ထိုးဖောက်ပြောင်းလဲလိုက်နိုင်တာကလည်း အရွေ့တစ်ခု ဖြစ်စေပါတယ်။

ကျွန်မရဲ့ ၂၀၁၉-၂၀၂၄ era က healing, awakening, manifesting, understanding energy တွေနဲ့ 2.0 version ကို ရရှိခဲ့စေပေမယ့် 🙏🏻 အခု ၂၀၂၅-၂၀၂၆ shift က simplifying, regulating, calm choices, repeating, curating, နဲ့ grounded systems တွေကြောင့်ရလာတာ ဖြစ်ပါတယ်။​ 🏹 ဒီနည်းလမ်းတွေက metaphysical ဖြစ်တဲ့ နည်းလမ်းတွေမဟုတ်ပဲ အရမ်း simple ဖြစ်တဲ့ အားလုံးသိပြီးသား လက်တွေ့ကျတဲ့နည်းတွေများပါတယ်။ ကျွန်မတို့ ဘဝမှာ တစ်ချို့ တကယ်အလုပ်ဖြစ်တဲ့နည်းလမ်းတွေက မထင်ထားလောက်အောင် ရိုးရှင်းပြီး အားလုံးသိပြီးသားတွေပါ။ ကွာသွားတာက အသိ “knowledge” နဲ့ အသုံးချမှု “embodiment” ပါ။ ကိုယ်သိထားခဲ့တဲ့ knowledge တွေကို Practical Embodiment ပေါင်းပြီး Applied knowledge ဖြစ်သွားတဲ့အပြင် consistency ရှိလာတဲ့အခါ၊ compound effect နဲ့ ရလာဒ်တွေ စမြင်ရတော့တာပါပဲ။ ဒီနည်းလမ်းတွေက Spiritual and Lunar Living နဲ့တိုက်ရိုက်ဆိုင်တဲ့ အကြောင်းအရာတွေမဟုတ်တော့ ဒါတွေကို LUNALIGN မှာ မျှဝေရင် audience နဲ့ ကိုက်ညီပါ့မလား စိတ်ဝင်စားပါ့မလားလဲ တွေးရပါသေးတယ်။

LUNALIGN page လေး တည်ထောင်စဥ်ကတည်းက Astrology, Spirituality, Lunar Living နဲ့ Intentional Lifestyle ဆိုပြီး theme ၂ခု အမြဲ sharing လုပ်ပေးနေပေမယ့် နောက်ပိုင်းတော့ အခု ကျွန်မရောက်နေတဲ့နေရာနဲ့ ပိုထပ်တူကျတဲ့ Intentional Lifestyle ပိုင်းကိုပဲ အသားပေးမျှဝေဖြစ်ဖို့ များပါလိမ့်မယ်။ ဒါကြောင့် sprituality ပိုင်းကို ပိုအားသာတဲ့ စာဖတ်သူများကို စာရေးကျဲနေရင် အားနာနာနဲ့ ကြိုတောင်းပန် ချပြထားချင်တာပါ။

နောက်ပိုင်း content တွေကိုလည်း ရေးနေကြ moon musings တွေအပြင် long-form content ထက် reels , stories, telegram + Tik Tok short drops တွေများများနဲ့ပဲ bite size လေးတွေ ပေါ့ပေါ့ပါးပါး သွားဖို့စဉ်းစားထားပါတယ်။ ကျွန်မက full-time corporate CEO တစ်ယောက်ဖြစ်တာရော, မိခင်တစ်ယောက်ဖြစ်တာရော, အခုအချိန်မှာ life goals တစ်ချို့ရယ်, priority တစ်ချို့ရယ် ပြောင်းလဲသွားတာရောကြောင့် စာအရှည်ကြီး အများကြီးရေးဖို့ အခွင့်မကြုံမှာစိုးပေမယ့် အမြဲ sharing လုပ်ချင်နေလို့ပါ။ 🕸️ We are not here to repeat the same cycle. We’ve Evolved. ပြီးခဲ့တဲ့ ၂ နှစ်လုံး ကျွန်မ try and tested လုပ်ထားခဲ့တဲ့ lifestyle system တွေကို လာမယ့်ကာလတွေမှာ အချိန်ရရင်ရသလို မျှဝေပေးပါ့မယ်နော် ။ Frequency ချင်းတူရင် ဘယ် platform မှာဖြစ်ဖြစ်ဆက်ပြီး ချစ်ခင်စွာ အားပေးကြမယ်လို့လဲ မျှော်လင့်ပါတယ်။ 🌻

☀️ ရယ်စရာအနေနဲ့ ပြောရရင် တစ်ခါတလေကျတော့လည်း ဘဝမှာ အခုချိန် ကိုယ်တကယ်လိုနေတာ Shadow Work တွေ ထပ်ထပ်လုပ်ဖို့ မဟုတ်တော့ပဲ Vit-D ၆၀,၀၀၀ အား သောက်ဖို့ ဖြစ်နေသလိုပါပဲ။ 🌝 This is a message for you from the universe (to shift), if you see this post 🌌

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

✨May Wagara Medicine✨Seigaiha - Symbol of Graceful Flow 🌊 နှစ်စကတည်းက တက်ကြွစွာ လှုက်ရှားအားထုတ်မှုတွေ၊ အရင်လတွေက ဆက်တို...
30/04/2026

✨May Wagara Medicine✨

Seigaiha - Symbol of Graceful Flow 🌊

နှစ်စကတည်းက တက်ကြွစွာ လှုက်ရှားအားထုတ်မှုတွေ၊ အရင်လတွေက ဆက်တိုက် အရှိန်တင်ခဲ့တဲ့ အချိန်တွေပြီးနောက်၊ Ta**us ရာသီခွင်မှာ Scorpio Full Moon နဲ့အတူရောက်လာတဲ့ ဒီ မေလရဲ့ energy တွေကိုတော့ သက်ပြင်းရှည်ကြီးတစ်ခုချလိုက်သလိုမျိုး ခံစားနေကြရမယ်ထင်ပါတယ်။

ဒီမေလအတွက် ကျွန်မတို့ကို လမ်းပြပေးဖို့ရွေးချယ်ထားတာလေးကတော့ Seigaiha လို့ခေါ်တဲ့ ရေလှိုင်းလေးများသဖွယ် အလွှာလိုက် တစ်ခုနဲ့တစ်ခုထပ်နေတဲ့ ဂျပန်ရိုးရာ ပင်လယ်လှိုင်းပုံ သင်္ကေတလေးပဲဖြစ်ပါတယ်။ ရာစုနှစ်များစွာကြာအောင် ဂျပန်နိုင်ငံရှိ sacred spaces တွေ၊ အဝတ်အစားတွေ နဲ့ ပရိဘောဂ အသုံးအဆောင်တွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။​

Seigaiha ဆိုတာ အပြာရောင်ပင်လယ်လှိုင်းများ လို့ အဓိပ္ပါယ်ရပါတယ်။ ဒီသင်္ကေတလေးဟာ ကြည့်လိုက်တာနဲ့ကို water element ရဲ့ wisdom တွေ၊ energy တွေကို ခံစားရတာပါ။ လှိုင်းလုံးလေးတွေရဲ့သဘောဟာ ဘယ်သူနဲ့မှ ယှဉ်ပြိုင်မနေပါဘူး။ သူ့သဘာဝနဲ့ကိုက်ညီစွာပဲ လှုပ်ရှားနေတတ်ပါတယ်။ ဒါပေမယ့် ကမ်းစပ်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ပြန်လာရင်း မသိမသာနဲ့ ကျောက်ဆောင်များကိုတောင် ပုံပြောင်းစေနိုင်တဲ့အထိ တိုက်စားနိုင်တဲ့အင်အားလည်းရှိပါတယ်။

ဒီလအတွက် Seigaiha Wagara အရရော၊ Ta**us ရဲ့ energy ၊ လအစ Scorpio Full Moon ရဲ့ energy တွေပါ အကုန်ပေါင်းပြီး aligned living တစ်ခု ဖန်တီးချင်တယ် ဆိုရင်တော့ -

🌊 ဖြည်းဖြည်းလေး ပုံမှန်တိုးတက်မှုကို ယုံကြည်ပါ။ ဂရုတစိုက်နဲ့ ထပ်ခါတလဲလဲ consistent ဖြစ်ဖြစ် လုပ်တဲ့အရာတွေဟာ ရေရှည်အတွက် အကျိုးအရှိဆုံး ဖြစ်လာစေပါတယ်။ ဘာလုပ်လုပ် အလျင်လိုမှု (urgency) ကို မရွေးချယ်မိအောင် သတိထားပါ။
🌿 Drama တွေထက် တည်ငြိမ်မှု (Calm Life) ကို ရွေးချယ်ပါ။ စကားတွေ ရှုပ်တာ၊ ပစ္စည်းတွေအများကြီး ဝယ်တာ၊ အစားအသောက်အများကြီးကို မြန်မြန်စားသောက်တာ၊ လောလောနဲ့ လှုပ်ရှားတာတွေကို သိသိသာတာ လျှော့ချနှေးကွေးပစ်ကြည့်ပါ။
💰 ပြည့်စုံကြွယ်ဝမှု (abundance) ကို သဘာဝအတိုင်းပဲ လက်ခံပါ။ ကိုယ့်အတွက် ဖြစ်သင့်သောအရာတွေက အေးအေးဆေးဆေး သူ့အချိန်သူ ရောက်လာပါလိမ့်မယ်။
🕊 အတားအဆီးတွေကို စီးကျော်သွားပါ။ ရေလှိုင်းလုံးလေးတွေက ကျောက်ဆောင်တွေကို ကွေကွင်းစီးဖြတ်သွားကြသလိုပဲ အခက်အခဲအတားအဆီးတွေကို တစ်ခါတလေ တိုက်ရိုက်တိုက်ခိုက်ဖို့ မလိုပါဘူး။ Graceful Flow နဲ့ ဖြတ်ကျော်ကြည့်ပါ။

လဆန်း လဆုတ်လိုပဲ လှိုင်းလုံးလေးတွေဟာလည်း တချို့အချိန်မှာ လှိုင်းတက်လာမယ်။ တချို့အချိန်မှာ ပြန်ဆုတ်သွားမယ်။ နှစ်မျိုးလုံးဟာ သဘာဝရဲ့ စည်းချက်တစ်ခုပဲမို့ ဒီလမှာ အရှိန်လေး နည်းနည်းပြန်လျှော့ပါ။ ရလဒ်တွေကို အတင်းမလိုက်ပါနဲ့။ တစ်ခါတလေကျတော့ ဘဝမှာ အမြဲ lever နင်းပြီး အရှိန်တင်နေတာထက် တည်တည်ငြိမ်ငြိမ်နဲ့ မှန်မှန်လေး လုပ်နေဖို့ calm consistency ရှိတာက ကိုယ့်ကို ပိုဝေးတဲ့နေရာအထိ ခေါ်ဆောင်သွားနိုင်ပါတယ်။ ဘယ်အချိန်လှုပ်ရှားရမယ်၊ ဘယ်အချိန်နားရမယ် သိတဲ့သူမှာ စစ်မှန်တဲ့အင်အား (true power) ရှိပါတယ်။

2026 ရဲ့ ပဥ္စမမြောက် မေလလေးမှာ ခဏလေး သက်ပြင်းချ အနားယူ release လုပ်ရင်း နေ့တိုင်းတည်တည်ငြိမ်ငြိမ် ဆက်လက်စီးဆင်းနေဖို့ပဲ အာရုံစိုက်နိုင်ကြပါစေ။

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

မြန်မာနှစ်သစ် ၁၃၈၈ ခုနှစ်၊ နှစ်သစ်မင်္ဂလာရက်မြတ်မှအစပြု၍ နေ့စဉ်နေ့ရက်တိုင်း -🌙 ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာကျန်းမာချမ်းသာရ...
17/04/2026

မြန်မာနှစ်သစ် ၁၃၈၈ ခုနှစ်၊ နှစ်သစ်မင်္ဂလာရက်မြတ်မှအစပြု၍ နေ့စဉ်နေ့ရက်တိုင်း -

🌙 ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာကျန်းမာချမ်းသာရှိကြပါစေ။

🌙 တောင့်တလိုက်သော ကောင်းမွန်သည့်စိတ်ဆန္ဒတို့သည် ပြည့်ဝကြပါစေ။

🌙 အလှူရေစက် လက်နှင့်မကွာ လှူဒါန်းနိုင်ကြပါစေ။

🌙 လောက၏ အလင်းဓါတ်အား မြှင့်တင်ပေးနိုင်သူများ ဖြစ်ကြပါစေ။

Moon Musing 🌙New Moon in Aries ♈️ မြန်မာနှစ်ဆန်းတစ်ရက်နေ့ . . astrological year တစ်ခုရဲ့ စစခြင်းလ . . လစက်ဝန်းတစ်ခု၏အစ ....
16/04/2026

Moon Musing 🌙

New Moon in Aries ♈️

မြန်မာနှစ်ဆန်းတစ်ရက်နေ့ . . astrological year တစ်ခုရဲ့ စစခြင်းလ . . လစက်ဝန်းတစ်ခု၏အစ . . . စသည်ဖြင့် “စတင်ခြင်း” new beginnings အများကြီးတွေ ပေါင်းစည်းထားတဲ့ နေ့လေးတစ်နေ့အဖြစ် မနက်ဖြန် April လ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ ၁၈:၂၁ မှာ Aries ရာသီခွင်၌ new moon ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။

Mars ဂြိုလ်ရဲ့ လွှမ်းမိုးမှုနဲ့အတူ တဟုန်းဟုန်းထနေတဲ့ fire energy ရှိတဲ့ Aries ရဲ့ energy ဟာ အမြဲပဲ ဦးဆောင်ဦးရွက်ပြုမှု၊ passion၊ action တွေကို ကိုယ်စားပြုပါတယ်။ နှစ်သစ်လိုအချိန်မှာ ဒီလိုအင်အားတွေက နိုးကြားတက်ကြွတဲ့ မီးလျှံ တစ်ခုကို ပေးစွမ်းနေသလိုပါပဲ။ အရှိန်အဟုန်နဲ့ ရှေ့သို့တိုးနိုင်စေဖို့၊ စိတ်ကူးတွေကိုလက်တွေ့အကောင်အထည်ဖော်နိုင်စေဖို့ ထောက်ပံ့ပေးနေပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ တစ်ချို့ vision တွေ ပုံပေါ်လာဖို့ဆိုတာ ကိုယ့်ကိုယ်ကို အတွင်းကျကျ သိရှိနားလည်ပြီး သိလည်းသိ၊ ကျင့်လည်းကျင့်သုံးတဲ့ (Embodied Knowing) မှတစ်ဆင့် လုပ်ဆောင်နိုင်ဖို့တော့ လိုပါတယ်။ ဘယ်လိုမျိုး အာဟာရပြည့်ဝစွာ စားသုံးရမလဲ သိတယ်၊ လေ့ကျင့်ခန်းကို ဘယ်လို ထိရောက်စွာလုပ်ရမလဲ technique တွေကို သိတော့သိတယ်၊ ဒါပေမယ့် မစားဘူး၊ လက်တွေ့မလုပ်ဘူးဆို သိထားတဲ့အသိက အသိဆ်ိုတဲ့ အဆင့်မှာသာရပ်ပြီး manifested ဖြစ်မလာနိုင်တော့ပါဘူး။

ဒီ လကွယ်နေ့လေးအတွက် အောက်ကမေးခွန်းလေးကို journaling လုပ်ကြည့်ပါ။ “အကယ်၍ လောကကြီးမှာ စည်းမျဉ်းစည်းကမ်းတွေ၊ ရိုးရာထုံးတမ်းတွေ၊ သူများတွေရဲ့ ကိုယ့်အပေါ်ထားတဲ့ မျှော်လင့်ချက်တွေနဲ့ တခြား limitation တွေသာ မရှိခဲ့လျှင်၊ ကိုယ် အခုချက်ချင်း ဘာလုပ်ချင်သလဲ” ? ဒါကို ဦးနှောက်နဲ့ စဉ်းစားတာထက် ကိုယ့်ခန္ဓာကိုယ်ရဲ့နက်ရှိုင်းတဲ့ နေရာတစ်ခုက ပေါ်ထွက်လာတဲ့ wisdom တစ်ခု၊ သိစိတ်တစ်ခု၊ a whisper from your soul တစ်ခုအဖြစ် "ခံစား" ကြည့်ပြီး journaling လုပ်စေချင်ပါတယ်။ တော်တော်များများအတွက် ကိုယ်မေ့လျော့နေခဲ့တဲ့အိပ်မက်ဟောင်းတစ်ခု ပြန်လည်နိုးထလာမယ်လို့ ယုံကြည်မိပါတယ်။

မြန်မာနှစ်သစ်နဲ့အတူ ကျောက်သင်ပုန်းအသစ်ဖြင့် ဘဝခရီးသစ်တစ်ခုကို အစပျိုးနိုင်တဲ့ new moon in Aries လေး ဖြစ်ကြပါစေ။

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

Moon Musing 🌙 မနက်ဖြန် April လ ၂ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၀၈:၄၁  မှာ Libra ရာသီခွင်ထဲ၌ Full Moon အဖြစ် ကျရောက်မှာဖ...
01/04/2026

Moon Musing 🌙

မနက်ဖြန် April လ ၂ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၀၈:၄၁ မှာ Libra ရာသီခွင်ထဲ၌ Full Moon အဖြစ် ကျရောက်မှာဖြစ်ပါတယ်။ 🌸⚖️ April လမှာ ကျရောက်တဲ့ လပြည့်ကို "Pink Moon" လို့ခေါ်ကြပြီး Libra ရာသီခွင်ဟာ ဟန်ချက်ညီမှု (balance) ၏ သင်္ကေတဖြစ်ပါတယ်။

မှတ်မှတ်ရရဆို မနှစ်ကလည်း ဒီလိုအချိန် မန္တလေးငလျင်ဒဏ်ကြောင့် လူအများ စိတ်ရောလူရော ပင်ပန်းနေကြပါတယ်။ ဒီနှစ်မှာလည်း လက်ရှိကြုံတွေ့လျက်ရှိတဲ့ ကမ္ဘာ့ geopolitical ပြသနာတွေ၊ ဆီပြတ်လပ်မှု ပြသနာတွေကြောင့် လူအများ collective အနေနဲ့ ကိုယ်ရောစိတ်ပါ balance out နေတဲ့ အချိန်လို့ ပြောလို့ရပါတယ်။ Libra ရာသီခွင်ဟာ အလှအပ၊ ချစ်ခြင်းမေတ္တာ၊ ငွေကြေးတို့ကို ကိုယ်စားပြုတဲ့ Venus ဂြိုလ်က စိုးမိုးပြီး air element လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်မျိုးမှာ ပထမဆုံး သတိရဖို့က ချစ်ခြင်းမေတ္တာ (love) ဆို အမြင့်ဆုံး vibration ပါ။ ဒီလပြည့်ရက်ပိုင်းလေးမှာ ကိုယ်တိုင် self-love ၊ self-care လေး သတိထား လုပ်ပေးပြီး grounded ပြန်လုပ်တာကနေ စသင့်ပါတယ်။ 💕

လက်ရှိမှာ ကောင်းကင်ယံမှာ planets တွေ အားလုံးကလည်း direct motion ဖြစ်နေတာမို့လို့ ဒီအရှေ့ကိုသွားနေတဲ့ energy လေးက April လအတွက် ရေးပေးထားတဲ့ wargara medicine energy လေးနဲ့လည်း ကိုက်ညီနေပါတယ်။ ကိုယ်ဘာပဲ လွှတ်ချချ၊ ဘာပဲ ရှင်းလင်းအောင်လုပ်နေနေ၊ ဘာစကားတွေ ၊ ဘာ action တွေလုပ်လုပ် the Universe is moving with you ဆိုတဲ့ သဘောလေးကို ခံစားနေရသလိုပါပဲ။ 🏹

Libra က relationship တွေနဲ့ဆိုင်တာကြောင့် ဒီလပြည့် လေးမှာ partnership တွေ၊ relationship တွေ နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ဘာတွေ ဟန်ချက်မညီ ဖြစ်နေသလဲ သုံးသပ်ကြည့်ပါ။ ဒီနေရာမှာ ကျွန်မရဲ့ stuck ဖြစ်နေ၊ control အရမ်းလုပ်ချင်စိတ် ဖြစ်နေခဲ့ဖူးတဲ့ relationship တစ်ခုကို တိုးတက်ပြောင်းလဲသွားစေတဲ့ စာသားလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ တစ်နေ့ reels လေးတစ်ခုမှာ တွေ့လိုက်တဲ့ “we are thinking about a relationship rather than being in it” ဆိုတဲ့ စာသားလေးက ကျွန်မကို အလင်းရသွားစေခဲ့ဖူးပါတယ်။ ✨ ပစ္စုပ္ပန်မှာ အရှိအတိုင်း enjoy လုပ်ပြီး present ဖြစ်ဖြစ် နေထိုင်မယ့်အစား ငါ့ကိုချစ်ရဲ့လား၊ ငါဂရုစိုက်သလို မစိုက်ဘူးလား၊ မှားနေလား၊ မှန်နေလားတွေ အတွေးများနေတာတစ်မျိုး၊ constant reassurance လို့ခေါ်တဲ့ တစ်ခုခုကို အမြဲသက်သေပြချင်နေတာမျိုး၊ “ဒါမျိုးဖြစ်ရမှာ ဒီလိုဖြစ်သင့်တာတွေ” နဲ့ အနာဂတ်ကိုလှမ်းဗျာများပြီး တွေးပူနေတာတွေက ဘယ် relationship မျိုးကိုမဆို ဟန်ချက်ပျက်စေကာ စိတ်ပင်ပန်းမှုနဲ့ emotional distance ကို ပိုရစေပါတယ်။

ဒါကြောင့် ဒီ full moon လေးမှာ အိမ်ထောင်ဖက်၊ သူငယ်ချင်း၊ မိသားစု၊ ကိုယ်တိုင်နဲ့ ပက်သတ်ပြီး resolve လုပ်စရာတွေရှိရင် အေးဆေးတည်ငြိမ်စွာ grounded ဖြစ်စွာ ချဉ်းကပ်ကြည့်ပါ။ ပတ်ဝန်းကျင်မှာ အလှပန်းအိုး၊ ပန်းချီ၊ အိမ်အထားအသိုနေရာ ပြောင်းတာမျိုးလေးတွေလည်း လုပ်သင့်ပါတယ်။ ငွေကြေးနဲ့ ပတ်သတ်ပြီး စာရင်းချုပ်တာ၊ ဝင်ငွေထွက်ငွေ စီစစ်တာ၊ financial goals အသစ်ချတာမျိုးလည်း လုပ်ဖို့ကောင်းပါတယ်။ 🌼

ဘယ် moon phases၊ ဘယ် planet transits မဆို ဖြစ်ပေါ်နေတဲ့ energy နဲ့ လုပ်သင့်တဲ့ ဆောင်ရန်ရှောင်ရန် rituals လေးကို ဖုန်းထဲ ၊ tablet ၊ laptop ထဲကနေ လွယ်လွယ်ကူကူ သိချင်ရင်တော့ LUNALIGN ရဲ့ digital calendar လေးကိုလည်း subscribe လုပ်ထားလို့ရပါတယ်။

ဒီလပြည့်လေးကစ aligned living တစ်ခုကို ပြန်လည်တည်ဆောက်နိုင်ကြပါစေ။

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

✨ April Wagara Medicine ✨Yagasuri - Focus. Decide. Move Forward. 🎯April အတွက် ကျွန်မတို့ကို လမ်းပြပေးနေတဲ့ Wagara Symbol...
30/03/2026

✨ April Wagara Medicine ✨

Yagasuri - Focus. Decide. Move Forward. 🎯

April အတွက် ကျွန်မတို့ကို လမ်းပြပေးနေတဲ့ Wagara Symbol လေးကတော့ Yagasuri လို့ခေါ်တဲ့ မြားပုံ pattern လေးတွေပဲ ဖြစ်ပါတယ်။

မြားတို့ရဲ့သဘောဟာ အမြဲ ရှေ့ကိုသာသွားပါတယ်။ သတ်မှတ်ထားတဲ့ လမ်းကြောင်း၊ ရည်မှန်းချက်ကို မပြောင်းလဲဘဲ ပစ်လွှတ်လိုက်တဲ့ အင်အား၊ စူးစိုက်မှု ပေါ်မူတည်ပြီး အဆုံးထိချက်တွေ ပြောင်းလဲသွားကြပါတယ်။ အခြား wagara သင်္ကေတလေးတွေလိုပဲ ဒီ Yagasuri pattern လေးဟာ ဂျပန်နိုင်ငံမှာ အဝတ်အထည်၊ အသုံးအဆောင်တွေမှာ နှစ်ခြိုက်စွာထည့်သွင်းဆွဲရေးပြီး အလေးအမြတ်ထားရတဲ့ သင်္ကေတလေးတစ်ခုပါ။ တစ်ကြိမ် ပစ်လွှတ်လိုက်တဲ့ မြားဟာ နောက်ပြန်မလှည့်တတ်တဲ့ အဓိပ္ပါယ်ကိုလည်း ကိုယ်စားပြုပါတယ်။

ဒါကြောင့် ပြက္ခထိန်နှစ် တစ်ခုရဲ့ 2nd quarter ကို ရောက်လာပြီဖြစ်ပြီး ရာသီစက်ဝန်းတစ်ခုရဲ့ ပြန်အစ၊ မြန်မာ့နှစ်သစ်ကူးတို့ ရှိတဲ့ Apirl လအတွက်

✨ အရှေ့ကို ရွေ့ဖို့
✨ ဆုံးဖြတ်ချက်တွေကို တိတိကျကျ ချမှတ်ဖို့
✨ ပြန်လှည့်မကြည့်တော့တဲ့ energy ကို tune in လုပ်နိုင်ဖို့အတွက် Yagasuri ကို ရွေးချယ်ထားခြင်း ဖြစ်ပါတယ်။

Yagasuri energy လေးနဲ့ tune-in လုပ်နိုင်ဖို့ အတွက် -

➤ ဆုံးဖြတ်ပြီးရင် ပြန်မဆုတ်ပါနဲ့။
အချိန်ယူပြီး စဉ်းစားထားတဲ့ အရာတွေကို April မှာ အတည်ပြုဖို့အချိန်၊ အကောင်အထည်ဖော်ဖို့အချိန် ရောက်ပါပြီ။ ဘေးဘီဝဲယာ ဟိုဘက်လည်းကြည့်၊ ဒီဘက်လည်းကြည့်နေရင် energy နဲ့ အရှိန် ပျက်သွားတတ်ပါတယ်။

➤ တစ်ခုတည်းကိုပဲ Focus လုပ်ပါ။
မြားတစ်စင်းက တစ်ခုပဲ ပစ်နိုင်ပါတယ်။ ဒီလမှာတော့ multi-tasking ထက် single direction ကိုသာ အာရုံစူးစိုက် လုပ်တာမျိုး အလေ့အကျင့် ထားသင့်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း အရင် က multi-tasking လုပ်နိုင်တာကို productivity နဲ့ တွဲမြင်ပြီး ဂုဏ်ယူခဲ့ဖူးပါတယ်။ ဒါပေမယ့် တကယ်တော့ အသိသတိရှိရှိ တစ်စိတ်တည်း ထားပြီး အလုပ်လုပ်တာက intentional living အတွက် ပိုကောင်းပါတယ်။

➤ Discipline = Freedom
စနစ်တကျ ပုံစံတကျ သွားနေတဲ့သူတွေဟာ အတွင်းစိတ်ထဲမှာ clarity ပိုရှိပြီး ရေရှည်မှာ လွတ်လပ်မှုကို ပိုရတတ်ပါတယ်။ ပုံမှန်ငွေစုသူ၊ ပုံမှန် စာဖတ်သူ၊ ပုံမှန် လေ့ကျင့်ခန်းလုပ်သူတွေက compound effect တွေရပြီး စိတ်လုံခြုံလွတ်လပ်မှု ရသလိုပါ။ Routine သေးသေးလေးတွေ၊ Habits အသေးလေးတွေက ကိုယ့်ကို ရှေ့ကို ဆွဲခေါ်ပေးနိုင်ပါတယ်။

➤ နောက်ပြန်မကြည့်တတ်တော့တဲ့ သတ္တိကို တည်ဆောက်ပါ။
အတိတ်ကို ခဏခဏ ပြန်သွားမကြည့်တော့တဲ့အချိန်မှ အနာဂတ်က ပိုမြန်မြန် ကျွန်မတို့ဆီကို ရောက်လာတတ်ပါတယ်။ ဒါမလွယ်ပါဘူး၊ လွှတ်ချရဲတဲ့ သတ္တိအကြီးကြီး လိုပါတယ်။​

Yagasuri Rituals လေးတွေ အနေနဲ့ -

⏩ မနက်တိုင်း — “Today I move forward with clarity.” လို့ affirmation ကို မှန်ထဲ​ ကိုယ့်ကိုယ်ကို ကြည့်ကာ ပြောပါ။
⏩ Daily To-do List ကို ၃ ခုထဲသာ ကန့်သတ်ပြီး အရေးကြီးဆုံးတွေကို အရင်လုပ်ပါ။
⏩ အတိတ်က အစိုင်အခဲတစ်ခုခုကို သတိထားပြီး release လုပ် လွှတ်ချပါ။
⏩ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ Yoga အစရှိတဲ့ physical movement မျိုးနဲ့ forward motion energy ကို activate လုပ်ပါ။

တချို့အချိန်တွေမှာ “ဘာမှ မပြောင်းလဲပါဘူး” လို့ ထင်ရပေမယ့် တကယ်တော့ ကိုယ့်ဘဝဟာ တဖြည်းဖြည်း လမ်းမှန်ပေါ်ကို align ဖြစ်နေပြီးသားပါ။ April ကတော့ ကိုယ့်ကို Ready ဖြစ်ပြီ လို့ ပြောနေတဲ့လတစ်လ ဖြစ်တာကြောင့် မြားကို လွှတ်လိုက်တဲ့အချိန် ယုံကြည်ပြီးသာ လွှတ်လိုက်ပါ။ လမ်းကြောင်းက သူ့အလိုလို ကိုယ့်ကို ခေါ်ဆောင်သွားပါလိမ့်မယ်။

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

Episode 4 – Buy Stability, Not PanicThe Calm Life Series by LUNALIGNMONEY EDITION – Calm Wealth Systems💰 အကြောက်တရားနဲ့ ...
23/03/2026

Episode 4 – Buy Stability, Not Panic

The Calm Life Series by LUNALIGN

MONEY EDITION – Calm Wealth Systems

💰 အကြောက်တရားနဲ့ မဝယ်ပါနဲ့။ တည်ငြိမ်မှုကို ဝယ်ယူပါ။

အခုလက်ရှိလိုကာလလို Crisis time ရောက်လာတဲ့အခါ လူအများစုရဲ့ first reaction က panic buying ဖြစ်တတ်ပါတယ်။ ဒါပေမယ့် intentional lifestyle တည်ဆောက်နေတဲ့သူအတွက် ဘယ်အချိန်မဆို “having more” ထက် “having what matters” ဖြစ်ဖို့ လိုပါတယ်။

ပစ္စည်းတစ်ခုခုဝယ်တော့မယ်ဆိုရင် မေးခွန်းတစ်ခုအရင်မေးပါ —

👉 “ဒီပစ္စည်းက နောက် ၃ လအတွင်း ငါ့မိသားစုအတွက် stability ကို တိုးစေမလား?”

Yes ဆိုရင် — ဝယ်ပါ
No ဆိုရင် — ထားလိုက်ပါ

✨ Stability Items (intentional buying list) တွေထဲမှာ
✅ အခြေခံအစားအစာ (၂–၄ ပတ်စာ)
✅ အိမ်သုံးပစ္စည်း (၁–၂ လစာ)
✅ ဆေးဝါးနှင့် ကျန်းမာရေးအခြေခံပစ္စည်းများ
✅ Energy backup (battery, gas, fuel access) စတဲ့ luxury မဟုတ်တဲ့ foundation တွေ ပါဝင်ပါတယ်။

အကြောက်တရားနဲ့ မလိုအပ်ဘဲ အများကြီး hoarding လုပ် ဝယ်တဲ့ပစ္စည်းတွေက clutter ဖြစ်သွားတတ်ပါတယ်။ တည်ငြိမ်မှုနဲ့ ချင့်ချိန်ပြင်ဆင်ဝယ်တဲ့ပစ္စည်းတွေကသာ security ဖြစ်စေမှာပါ။

Moon Musing 🌙သဘက်ခါ မတ်လ ၁၉ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၀၇:၅၃ မှာ လက်ရှိ astrological year ရဲ့ နောက်ဆုံးလကွယ်နေ့အဖြစ် ...
17/03/2026

Moon Musing 🌙

သဘက်ခါ မတ်လ ၁၉ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၀၇:၅၃ မှာ လက်ရှိ astrological year ရဲ့ နောက်ဆုံးလကွယ်နေ့အဖြစ် new moon in Pisces ♓️ ဖြစ်ပေါ်ကျရောက်မှာ ဖြစ်ပါတယ်။ Pisces ရာသီခွင်ဟာ water element 🌊 ဖြစ်ပြီး အိပ်မက်တွေ၊ စိတ်ကူးစိတ်သန်းတွေ၊ ဆန္ဒတွေကို ကိုယ်စားပြုသော Neptune ဂြိုလ်မှ စိုးမိုးထားတာ ဖြစ်ပါတယ်။

လကွယ်ပြီး နောက်တစ်နေ့မှာပဲ astrological new year အသစ်ကို ပြောင်းလဲပြီး spring equinox (Ostara) 🪺 အချိန်ကို ကျရောက်မှာရောကြောင့် အသစ်အသစ်သော ဆန္ဒ၊ အားထုတ်မှုတွေ ပြုလုပ်ရန် energy အားကောင်းသော new moon တစ်ခုလည်း ဖြစ်ပါတယ်။ Spring Equinox ကာလဟာ ပန်းပွင့်အဖူးအငုံလေးများနဲ့ ရွက်သစ်ဝေပြီး ပတ်ဝန်းကျင်မှာ လှပနေတဲ့အချိန် ဖြစ်တာကြောင့် စတင်ခြင်း new beginning ဆိုတဲ့ ခံစားချက်ကိုပေးပါတယ်။ မျှော်လင့်ခြင်းနဲ့ ရှင်သန်ခြင်း growth ကို တွေ့မြင်ရပြီး first quarter moon phase ရဲ့ energy မျိုးဖြစ်ပါတယ်။ 2026 calendar နှစ်ကူးချိန်ကနေ ယခုအချိန်ထိ ကြားထဲမှာ ဝေဝေဝါးဝါးတွေပဲ ဖြစ်နေသေးတာပဲဖြစ်စေ၊ တစ်ထောက်နားပြီး ကိုယ့် ၃ လတာ ခရီးပေါက်မှုကို ပြန်ကြည့်ချင်ရင်ဖြစ်စေ ဒီ Pisces moon cycle ဟာ အကောင်းဆုံး ဒုတိယအခွင့်အရေးပါပဲ။

ကျွန်မတို့ဟာ တစ်ကယ်တော့ နေ့စဉ်ပြောင်းလဲ တိုးတက်နေပါတယ်။ မနှစ်က ကိုယ်နဲ့ ဒီနှစ်ကိုယ်က တူသလိုလိုနဲ့ မတူတော့ပါဘူး။ ဒါပေမယ့် ဒီကျွန်မတို့ တစ်ယောက်ချင်းစီကြုံတွေ့နေတဲ့ အသိဉာဏ်ပြောင်းလဲမှုကြီးကို အပြင်လောကမှာ ချက်ချင်း မမြင်နိုင်ပါဘူး။ ပြောင်းလဲမှုအကြီးကြီးတွေ ဖြစ်လာဖို့ အချိန်လိုအပ်ပါတယ်။ Compound Effect လိုပါတယ်။ အရေးကြီးတာက ကျွန်မတို့ တစ်ယောက်ချင်းစီက အဲဒီပြောင်းလဲမှုကို စတင်ဖန်တီးဖို့ လိုအပ်ပြီး၊ ဒါဟာ ကိုယ့်အတွင်းကနေသာ စတင်ရမှာပါ။ ကျွန်မတို့ ရှာဖွေနေတဲ့ “New Earth” ၊ “New Me” အားလုံးဟာ vibration တစ်ခု၊ frequency တစ်ခုသာ ဖြစ်တာကြောင့် အဲဒီ frequency ကို ကိုယ်တိုင် စတင်ခံစားပြီး ကိုယ့်ထဲမှာ သယ်ဆောင်ထားရမှာ ဖြစ်ပါတယ်။

ဒီလဆန်းအချိန်မှာ ကိုယ်သာ တိတ်ဆိတ်နေနိုင်ပြီး ပတ်ဝန်းကျင်နဲ့ ရင်ထဲက message တွေနဲ့ အမှန်တကယ် ချိတ်ဆက်နိုင်ခဲ့မယ်ဆိုရင် ကိုယ့်ဆီကို နားလည်မှုအသစ်တွေ ရောက်လာပါလိမ့်မယ်။ အရာရာကို မတူညီတဲ့ မြင်ကွင်းနဲ့ မြင်နိုင်လာမယ်၊ larger picture ကို နားလည်လာနိုင်ပါလိမ့်မယ်။ Astrogological နှစ်သစ်တစ်ခုကို အတူဝင်ရောက်မယ့် ဒီ Pisces moon cycle လေးမှာ upgraded vision အသစ်တွေ၊ အိပ်မက်အသစ်တွေ ပေါ်လာခဲ့ရင် “Hold Your Vision” ၊ မိမိဖြစ်ချင်တာ ပုံဖော်ချင်တာတွေကို အလိုက်သင့်လက်ခံပြီး အိပ်မက်ကြီးကြီးမက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

Episode 3 – Order creates Calm The Calm Life Series by LUNALIGNMONEY EDITION – Calm Wealth Systems💰 Wealth ဆိုတာ အမြန်စိ...
16/03/2026

Episode 3 – Order creates Calm

The Calm Life Series by LUNALIGN

MONEY EDITION – Calm Wealth Systems

💰 Wealth ဆိုတာ အမြန်စိတ်လောပြီး ဖန်တီးဖို့မသင့်ပါဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ အခြေခံအချက် အဆင့်အဆင့်ကို အရင်တည်ဆောက်ပါ။

ယေဘုယျအားဖြင့် personal finance မှာ လှေကားတစ်ထစ်ချင်းတက်သလို တက်သင့်တဲ့ try and tested အဆင့်တစ်ချို့ ရှိပါတယ်။

1️⃣ မိသားစု/အိမ်/ကိုယ်တိုင် အသုံးစားရိတ် တစ်လစာပမာဏကို Emergery Fund အဖြစ် စ တည်ဆောက်ပါ။ Emergency Fund ဆိုတာ သေရေးရှင်ရေး၊ ကျန်းမာရေး နဲ့ တကယ် မမျှော်မှန်းထားတဲ့ ရုတ်တရက် ဝင်ငွေလမ်းကြောင်းပျောက်သွားတဲ့ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ကိစ္စများအတွက်သာ ဖြစ်တာကြောင့် ခရီးသွားဖို့၊ ကားဝယ်ဖို့ ဆိုတာမျိုးတွေအတွက် ထုတ်မသုံးရပါဘူး။
2️⃣ အတိုးနှုန်းများတဲ့ loan တွေ၊ credit card တွေကို zero balance ဖြစ်အောင် ဦးစားပေး ပေးပစ်ပါ။ ဒီအချက်က အလွန်အရေးကြီးပါတယ်။ အလုံးလိုက် ဝင်လာမှ အလုံးလိုက် ပြန်ပေးလိုက်ပါမယ် ဆိုတာမျိုး တွေးမိနေတတ်ပါသလား? အတိုးတွေက ဆင့်ပွားလာတဲ့အခါ ဘယ်လိုမှ calm wealth တစ်ခုကို တည်ဆောက်ဖို့ မဖြစ်နိုင်တာကို သတိပြုရပါမယ်။
3️⃣ လက်ကျန်အကြွေးမရှိတော့ဘူးဆိုမှ Emergency Fund ကို ၃ လမှ ၆ လစာ အထိ တိုးမြှင့်တည်ဆောက်ပါ။
4️⃣ ကိုယ့်ကို စိတ်လုံခြုံမှု ပေးနိုင်တဲ့ emergency fund တည်ဆောက်ပြီးပြီဆိုမှ အနာဂါတ်အတွက် wealth growth ဖြစ်နိုင်မယ့် investment တစ်ခုခုကို လုပ်ပါ။​

Manifestation တွေ လုပ်နေပေမယ့်လည်း ကိုယ့် အတွင်းစိတ်ထဲ​မှာ မလုံခြုံမှုတွေ၊ စိုးရိမ်ကြောက်ရွံမှုတွေ ရှိနေတဲ့အခါ လက်တွေ့မှာ ခရီးမပေါက်ပါဘူး။ Mindset and energy အကြောင်းတွေပြောနေကျသူတွေထဲ တကယ်အောင်မြင်တဲ့သူများကို ကြည့်ရင် တစ်ဖက်မှာ personal finance ကျွမ်းကျင်ပြီး အနောက်ကနေ system တစ်ခုကို နားလည်အသုံးချနေရသူချည်းပါပဲ။

Calm money follows a sequence.

Address

Yangon

Alerts

Be the first to know and let us send you an email when LUNALIGN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LUNALIGN:

Share