Yadanar Htet Black Teak Beads & Accessories ll

Yadanar Htet Black Teak Beads & Accessories ll Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yadanar Htet Black Teak Beads & Accessories ll, Cosmetics Store, Shwe Hnin Si Street, Makyikyi Road, San Chung Township, Yangon.

 #လူနတ်အထူးချစ်ခင်ပြီးမျက်နှာအလွန်ပွင့်လန်းကာ_ကံပွင့်_စန်းပွင့်_လာဘ်ပွင့်စေတဲ့_၇_ရက်အဓိဌာန်အင်တာဗျူးဖြေမည့်သူများ၊ သရုပ်...
22/04/2026

#လူနတ်အထူးချစ်ခင်ပြီးမျက်နှာအလွန်ပွင့်လန်းကာ_ကံပွင့်_စန်းပွင့်_လာဘ်ပွင့်စေတဲ့_၇_ရက်အဓိဌာန်

အင်တာဗျူးဖြေမည့်သူများ၊ သရုပ်ဆောင် အနုပညာ လုပ်ငန်းလုပ်ကိုင်နေသူများနှင့်လည်း အထူးသင့်လျှော်တဲ့ ကျင့်စဉ်အဓိဌာန် တစ်ခုပါ

မျက်နှာအကြည်ဓာတ်အပြည့်ဖြင့် ချစ်ခင်စေပါသည်

ဂြိုလ်သက်အလိုက် ရွတ်ဖတ်ပူဇော်ခြင်းအဓိဌာန်

တနင်္ဂနွေနေ့မှစတင်ကာ စနေနေ့အထိ(၇)ရက်တာ အဓိဌာန်ပြု၍ ရွတ်ဖတ် ပူဇော်ရမည်ဖြစ်ပါသည်

၁။ တနင်္ဂနွေနေ့ - (၆)ခေါက်

၂။ တနင်္လာနေ့ - (၁၅) ခေါက်

၃။ အင်္ဂါနေ့ - (၈) ခေါက်

၄။ ဗုဒ္ဓဟူးနေ့ (နံနက်) - (၁၇) ခေါက်

၅။ ကြာသပတေးနေ့ - (၁၉) ခေါက်

၆။ သောကြာနေ့ - (၂၁) ခေါက်

၇။ စနေနေ့ (နံနက်)- (၁၀) ခေါက်

#အဓိဌာန်ပြုနည်း

ဘုရားတပည့်တော်သည် ဤ(တနင်္ဂနွေ) နေ့မှ စ၍

စနေနေ့ တိုင်အောင် (၇) တာကာလပတ်လုံး မေတ္တာသုတ်ပရိတ်တော်ကို နေ့စဉ် ဂြိုလ်သက် အလိုက် ရွတ်ဖတ်ပူဇော်ပါမည်ဟု သစ္စာအဓိဌာန်ပြုပါသည်အရှင်ဘုရား

ဤနေ့သည် (တနင်္ဂနွေနေ့) ဖြစ်သည့် အားလျော်စွာ

(တနင်္ဂနွေနေ့ဖွား) ဘုရားရဟန္တာမြတ်အပေါင်း တို့အား ရည်မှန်း၍ မေတ္တာသုတ် ပရိတ်တော်ကို (တနင်္ဂနွေ) ဂြိုလ်သက်အလိုက် (၆)ခေါက် ရွတ်ဖက်ပူဇော်ပါမည်အရှင်ဘုရား.......

ဂြိုလ်သက်အလိုက် ရွတ်ဖတ် ပူဇော်ပြီးချိန်တိုင်း ဆုတောင်းရန်

ဤသို့ ရွတ်ဖတ် ပူဇော်ရသော အကျိုးအား ကြောင့်..

(၁) (တနင်္ဂနွေ)ဂြိုလ်မင်းကြီးသည် ကျွန်ပ်အား အခါခပ်သိမ်း ချစ်ခင်ကြင်နာစွာကူညီမစ စောင့်ရှောက်ပါစေသတည်း။

(၂) (တနင်္ဂနွေနေ့ဖွား) သူတော်စင်၊ သူတော် မြတ်အပေါင်းတို့သည် ကျန်ုပ်အား အခါခပ်သိမ်း ချစ်ခင်ကြင်နာစွာကူညီ မစ စောင့်ရှောက်ပါ စေသတည်း။

(၃) (တနင်္ဂနွေနေ့ဖွား) ယောကျ်ား၊ မိန်းမ အပေါင်းနှင့် သတ္တဝါအပေါင်းတို့သည် ကျန်ုပ်နှ င့် ကျန်ုပ်တို့မိသားစုအား အခါခပ်သိမ်း ချစ်ခင်

ကြင်နာစွာ ကူညီ စောင့်ရှောက်ခြင်းပြု၍ အန္တရာယ်ပြုခြင်းမှ ရှောင်ရှားကြပါ စေသတည်း..

(၄) (တနင်္ဂနွေနေ့)တွင် ပြုလုပ်သမျှ ကိစ္စအဝဝ ပြီးမြောက်အောင်မြင်ပါ စေသတည်း။

ရောက်ရှိရာ နေ့အလိုက် ဂြိုလ်သက် နေရာ/ နေ့နေရာ တွင် ပြောင်း၍ ရွတ်ဖတ်ပူဇော် ဆုတောင်းပါ

ဥပမာ-တနင်္လာနေ့တွင် တနင်္လာဂြိုလ် (၁၅) ခေါက်

ရွတ်ဖတ်ပြီး တနင်္လါနေ့ဂြိုလ်မင်းကြီးသည်.. အစသဖြင့် ရွတ်ဖတ်ပူဇော် ဆုတောင်းနိုင် ပါသည်။
မူရင်းရေးသားသူအား credit ပေးပါသည်

& Accessories

 #စိတ်ဓာတ်ကျပြီးအနာဂတ်မရှိတော့သလိုခံစားရရင်_ဗုဒ္ဓနုဿတိ_ဂုဏ်တော်ပွားဂြိုလ်စီးဂြိုလ်နင်းညံ့တဲ့အခါ ကံဇာတာညံ့တဲ့ အခါ အဆင်မပြ...
21/04/2026

#စိတ်ဓာတ်ကျပြီးအနာဂတ်မရှိတော့သလိုခံစားရရင်_ဗုဒ္ဓနုဿတိ_ဂုဏ်တော်ပွား

ဂြိုလ်စီးဂြိုလ်နင်းညံ့တဲ့အခါ ကံဇာတာညံ့တဲ့ အခါ အဆင်မပြေတဲ့အခါ အတိတ်နမိတ်မ ကောင်းတဲ့အခါ "ပုပဏှသုတ်" ကိုရွတ်

ကျန်းမာရေးညံ့ရင်
"ဗောဇ္ဈင်သုတ်"နဲ့"ရတနာ့သုတ်"ကိုရွတ်

အချစ်မခံရရင် မျက်နှာအကြည်ဓာတ်ပျက်နေ ရင် လူမုန်းများနေရင် သောကရောက်နေရင် "မေတ္တာသုတ်"ကို ၁၁၁ ခေါက် (၁) လအဓိဌာန် ဝင် အချိန်ခွဲပူဇော်လို့ရပါတယ်

ငွေကြေးအကြပ်အတည်းဖြစ်နေရင်
"ဦးခန္တီ ပုတီး " စိတ်

စီးပွားရေး အဆင်မပြေရင်
"ဒိဝါတပတိ" နိုင်သလောက်စိတ်

ဆုတောင်းတွေပြည့်ချင်ရင်
"မဟာသမယသုတ်"ကိုလူခြေတိတ်ချိန် သေချာ ရွတ် မနက် ၂နာရီ ထရွတ်နိုင်ရင်အကောင်းဆုံး

မိမိ၏မွေးနေ့နာမ်နေ့ရက်တွင်သတ်သက်လွတ်စားပေးပါ

မူရင်းရေးသားသူအား ‌credit ပေးပါသည်ရှင်

& Accessories

 #စိတ်ထဲအားနေရင်သရဏဂုံ(၃)ပါးရွတ်ဆိုနေကြည့်တွေဝေမိန်းမောနေတဲ့လမ်းကနေသရဏဂုံလမိးကြောင်းတက်လိုက်တာနဲ့အကြည်ဓာတ်တွေတိုးပွါးလာလ...
20/04/2026

#စိတ်ထဲအားနေရင်

သရဏဂုံ(၃)ပါးရွတ်ဆိုနေကြည့်
တွေဝေမိန်းမောနေတဲ့လမ်းကနေ
သရဏဂုံလမိးကြောင်းတက်လိုက်တာနဲ့
အကြည်ဓာတ်တွေတိုးပွါးလာလိမ့်မယ်။
ယုံကြည်မှုတွေနဲ့အတူ တည်ကြည်ပြီးအဆင်ပြေလာလိမ့်မယ်။

နေ့စဉ်ဘဝတွေမှာ နေရ ထိုင်ရ
စားရ သောက်ရ သွား လာ
လုပ်ကိုင်ရတာ
အဆင်မပြေနေဘူးဆိုရင်

စိတ်ညစ်မနေပါနဲ့
တွေဝေ ငူငိုင်မနေပါနဲ့
သရဏဂုံ(၃)ပါးကိုသာ
အကြိမ်ကြိမ်ရွတ်ဆိုနေပါ။

အဆင်မပြေတဲ့အခိုက်အတန့်
ကျဉ်းထဲကြပ်ထဲ ရောက်နေတဲ့အခါ
တခြား ဘာမှ ရှာကြံအားကိုးမနေပါနဲ့
သရဏဂုံ(၃)ပါးကိုသာ အကြိမ်ကြိမ်
ရွတ်ဆိုနေပါ။

မတော်မတရား စော်ကား
ခံရတဲ့အခါဆိုလည်း
သရဏဂုံ(၃)ပါးကိုသာ
အကြိမ်ကြိမ်ရွတ်နေပါ။

ပြဿနာကြုံတွေ့ရတဲ့အခါဆိုလည်း
ဖြစ်ပေါ်နေတဲ့ ဘေးရန် ပြဿနာတွေက
အမြန်ဆုံး ကင်းဝေးလွှတ်မြောက်စေရန်
သရဏဂုံ(၃)ပါးကိုသာ
အကြိမ်ကြိမ်ရွတ်နေပါ။

ရွတ်ဆိုလိုက်တဲ့ ခဏ အတွင်းမှာကို
စိတ်တွေ ချက်ချင်း ကြည်လာတာ
လက်တွေ့သိရလိမ့်မည်။
အားကိုးစရာ တခုခု ရရှိလာပါလိမ့်မည်။

ယုံယုံကြည်ကြည်နဲ့ ဝီရိယသဒ္ဓါအရှိန်
တိုးမြှင့်ပြီး အကြိမ်ထောင်နဲ့ချီရွတ်ဆိုကြည့်ပါ။

သရဏဂုံအစွမ်း အံ့မခမ်းဆိုတာ
ပြောမယုံ ကြုံဖူးမှ သိပါလိမ့်မည်။

အခုလိုကာလ ပိုပြီးတော့
သရဏဂုံကို အားကိုးပြီး
ကောင်းကောင်းမွန်မွန်
အေးအေးချမ်းချမ်း
အဆင်ပြေပြေ နေထိုင်
သွား လာ လုပ်ကိုင်နိူင်ဖို့
သရဏဂုံကိုသာ ဖက်တွယ် ယုံကြည်
အားကိုးပြီး နေကြပါစို့ ဟူ၍
တိုက်တွန်း အကြံပြုလိုက်ပါတော့သည်

Credit, Ashin Kavi Nanda
& Accessories

 #ရာကျော်ဆရာတော်ဘုရားကြီးဘုရားတည်တော့လွယ်အိတ်ထဲကနေ ပိုက်ဆံနှိုက်ပြီး အလုပ်သမားတွေကိုစွန့်တယ်။ တစ်ယောက်ပြီး တစ်ယောက်ပေး လ...
19/04/2026

#ရာကျော်ဆရာတော်ဘုရားကြီးဘုရားတည်တော့

လွယ်အိတ်ထဲကနေ ပိုက်ဆံနှိုက်ပြီး အလုပ်သမားတွေကိုစွန့်တယ်။ တစ်ယောက်ပြီး တစ်ယောက်ပေး လည်းပိုက်ဆံကမကုန်

တစ်နေ့လွယ်အိတ်လေးချိတ်ပြီး အပေါ့စွန့်ဖို့ ထ သွားတယ်။ ဘေးနားက ဒကာတစ်ယောက်က လွယ်အိတ်ထဲကြည့်တော့ဆေးပြင်းလိပ်တစ်လိပ် မီးခြစ်တစ်လုံး
ကိုးလုံးပုတီးတစ်ကုံးပဲရှိတယ်

နောက်တစ်ယောက်လာတော့လည်းလွယ်အိတ် ထဲက ပိုက်ဆံထုတ်ပေးတယ်

ဣစ္ဆာသယလွယ်အိတ်အလားထင်ရတယ်

ဆရာတော်ဘုရားကြီးကကိုးလုံးပုတီးလေးနဲ့

#အရဟံဗုဒ္ဓေါသိဒ္ဓိ၊
#အရဟံဓမ္မောသိဒ္ဓိ၊
#အရဟံသံဃောသိဒ္ဓိ "

လို့ အမြဲစိပ်လေ့ရှိတယ်။

ရာကျော်ဆရာတော်ဘုရားကြီးက စေတီ အဟောင်းအပျက်တွေအထူးမွမ်းမံသည့် ရန်ပြေမာန်ပြေဘုရား၊ကပ်ကျော်ဘုရားများ တည်ခဲ့တာ အလှုခံတာမရှိဘူး သတင်းကြား တာနဲ့ အလှုရှင်တွေ ရောက်လာကြတယ်။

မူရင်းရေးသားသူအား credit ပေးပါသည်ရှင်
& Accessories

 #နိုဝင်ဘာလအတွင်းရွတ်ဖတ်ပူဇော်ရန်1.11.2025 မှ 30.11.2025အတွင်းရတနသုတ်ကို နေ့စဉ် ၁၈ ခေါက် ရွတ်ဖတ်ပူဇော်ပါလိုရာ ဆုတောင်းပါ...
30/10/2025

#နိုဝင်ဘာလအတွင်းရွတ်ဖတ်ပူဇော်ရန်

1.11.2025 မှ 30.11.2025အတွင်း

ရတနသုတ်ကို နေ့စဉ် ၁၈ ခေါက် ရွတ်ဖတ်ပူဇော်ပါ

လိုရာ ဆုတောင်းပါ

အခက်အခဲများ ရှိပါက

(အောင် နမော ဗုဒ္ဓါယ သောဘဂဝါ လောကဝိဒူ) ကို

၁၀၈ လုံးပုတီး နဲ့ ၉ ပတ်စိပ်ပါ
ကွင်းစကွင်းပိတ် ထဲက ဂုဏ်တော်ကို စိပ်ရမှာပါ

အခက်အခဲများပြေလည်စေဖို့ ဆုတောင်းပါ
Credit, Han Han
ပြန်လည်မျှဝေ ကုသိုလ်ပြုပါသည်ရှင်🙏

 #စံထားအစီအရင်14.10.2025 မှ 16.10.2025 အထိအထက်ပါရက်များတွင် ည ၇နာရီမှ ၉နာရီအချိန်တွင်းကိုယ်လက်သန့်စင်ပြီးမြတ်စွာဘုရားကို...
13/10/2025

#စံထားအစီအရင်

14.10.2025 မှ 16.10.2025 အထိ

အထက်ပါရက်များတွင်
ည ၇နာရီမှ ၉နာရီအချိန်တွင်း
ကိုယ်လက်သန့်စင်ပြီး
မြတ်စွာဘုရားကို မွှေးသောပန်းကပ်လှူပူဇော်ပါ

ပြီးလျှင်
မောရသုတ် ၉ခေါက်
မေတ္တာသုတ် ၆ခေါက်
ခန္ဓသုတ် ၉ခေါက်
ရွတ်ဖတ်ပူဇော်ပါ

ပြီးလျှင် မေတ္တာပို့ အမျှဝေခြင်းများပြုလုပ်ပါ

မိမိလိုသောဆုတစ်ဆုသာတောင်းပါ
ဆုမတောင်းဘဲ ရတဲ့အကျိုးတွေအများကြီးပါ

ရက်မပျက်ရပါ ရက်ပျက်လျှင်နောက်တကြိမ်မှသာပြန်လုပ်ပါ

Credit, Han Han
ပြန်လည်မျှဝေကုသိုလ်ပြုပါသည်ရှင်

တကယ်လို့ သင်ဟာ အရမ်းချမ်းသာသူတစ်ယောက်ဖြစ်လာခဲ့လျှင် ဒီအချက် (၈) ချက်ကို သတိထားရပါမယ်၁။ လျှို့ဝှက်ပါ မိဘအပါအဝင် ဘယ်သူ့ကို...
30/06/2025

တကယ်လို့ သင်ဟာ အရမ်းချမ်းသာသူတစ်ယောက်ဖြစ်လာခဲ့လျှင် ဒီအချက် (၈) ချက်ကို သတိထားရပါမယ်

၁။ လျှို့ဝှက်ပါ မိဘအပါအဝင် ဘယ်သူ့ကိုမှမပြောပြပါနဲ့။

၂။ အကြွေးရှိရင်အရင်ဆပ်ပါ။ အကြွေးဆပ်တဲ့အခါ တစ်ခါတည်းအကြေမဆပ်ပါနဲ့ ဖြည်းဖြည်းခြင်းဆပ်ပါ။

၃။ ငွေစုပါ ။ ရင်းနှီးမြုပ်နှံမှုကို အလျှင်လိုမလုပ်ပါနဲ့။ အချိန်တစ်ခုအထိ မိတ်ဆွေတွေနဲ့စပ်တူ အလုပ်မလုပ်ပါနဲ့။ ပိုက်ဆံကို အနည်းဆုံး နှစ်ဝက်လောက်အထိ စုဆောင်းထားပါ။

၄။ပိုက်ဆံအားလုံးကို အလုပ်တစ်ခုထဲမှာ မရင်းနှီးမိပါစေနဲ့ ချန်ထားပါ။

လက်ရှိအလုပ်ကနေလဲ အလျင်လိုမထွက်ပါနဲ့။ အိမ်နဲ့ကားတွေကိုလဲ အလျင်စလို မဝယ်မိပါစေနဲ့။

၅။ မိမိကိုယ်ကိုယ်မိမိမြှင့်တင်ပါ ။ စာဖတ်ပါ အတတ်ပညာတွေ သင်ယူပါ။အရည်အချင်းမရှိရင် ဆုံးရှုံးမှုတွေ တွေ့ကြုံရတတ်ပါတယ်။

၆။ ကလေးရှိလျှင် သင့်မှာပိုက်ဆံအများကြီးရှိကြောင်း မပြောပြပါနဲ့။ မဟုတ်ရင် ကလေးက သူ့ကိုသူအားမကိုးတတ်ပဲ ဖြစ်နေတတ်တယ်။

၇။ နှိမ့်ချစွာနဲ့ အေးအေးဆေးဆေးနေပါ။ အေးဆေးစွာနဲ့ ဘာမှမဖြစ်ခဲ့သလို နေပါ။

၈။ ဒီစာကိုဖတ်နေတဲ့သင်ဟာ အကျိုးအကြောင်းမဲ့ဖတ်မိနေတာ မဟုတ်ပါဘူး။ သင့်ရဲ့ ကံကောင်းတဲ့အချိန်တွေ ရောက်နေလို့ ဆိုလိုတာမမေ့ပါနဲ့။

Credit
မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်ရှင်

 #ဇွန်လအတွင်းရွတ်ဖတ်ပူဇော်ရန်2.6.2025 မှ 30.6.2025 အတွင်း🌼သဗ္ဗဇယမင်္ဂလာဂါထာ ကို နေ့စဉ် ၁၀၈ ခေါက် ရွတ်ဖတ်ပူဇော်ပါလိုရာ ဆု...
02/06/2025

#ဇွန်လအတွင်းရွတ်ဖတ်ပူဇော်ရန်
2.6.2025 မှ 30.6.2025 အတွင်း

🌼သဗ္ဗဇယမင်္ဂလာဂါထာ ကို
နေ့စဉ် ၁၀၈ ခေါက် ရွတ်ဖတ်ပူဇော်ပါ

လိုရာ ဆုတောင်းပါ

အခက်အခဲများ ရှိပါက

🌼(အောင် နမော ဗုဒ္ဓါယ သောဘဂဝါ ဣတိပိ သုဂတော ) ကို
၁၀၈ လုံးပုတီး နဲ့ ၉ ပတ်စိပ်ပါ

ကွင်းစကွင်းပိတ် ထဲက ဂုဏ်တော်ကို စိပ်ရမှာပါ

အခက်အခဲများပြေလည်စေဖို့ ဆုတောင်းပါ
Credit, Han Han

လူတယောက် ဘာကြောင့် ကံညံ့သွားတတ်သလဲ ❓၁။ ကံကြီးထိုက်နေသူနဲ့ ပေါင်းမိတာကျေးဇူးရှင် ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားမိထားသူတွေ...
19/05/2025

လူတယောက် ဘာကြောင့် ကံညံ့သွားတတ်သလဲ ❓

၁။ ကံကြီးထိုက်နေသူနဲ့ ပေါင်းမိတာ

ကျေးဇူးရှင် ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားမိထားသူတွေဟာ မတောင်းပန်မချင်း တစ်ဘဝစာ ကံ Block ဖြစ်နေတတ်ပါတယ်။

သူလုပ်လိုက်မှ ပျက်တာ၊ သူ ပါလာမှလွဲကုန်တာ၊ ဝင်ငွေမရှိ အလုပ်မရ ညှင်းသိုးသိုးနဲ့ block ဖြစ်နေတတ်တယ်။

အဲ့ဒီလိုလူတွေနဲ့ အလုပ်တွဲလုပ်မိတာပဲဖြစ်ဖြစ် ကိုယ့်အခန်း ကိုယ့်အိမ်မှာ လာနေတာပဲဖြစ်ဖြစ်
သူ့ကို ပေးချင်ကျွေးချင်လို့ ရည်ရွယ်မိတာပဲဖြစ်ဖြစ် အဆင်မပြေ ဖြစ်လာတတ်တယ်။

ကံတူလာတဲ့အခါ အကျိုးပေးတွေ တူလာတတ်ပါတယ်။

၂။ သူများ ထိခိုက်နစ်နာမှုကို ဝမ်းမြောက်ဝမ်းသာဖြစ်တာ

သူများကျရှုံးမှု ထိခိုက်နစ်နာမှုကို မသိစိတ်က ဝမ်းသာမိတဲ့အခါ အဲ့ဒီကံရဲ့ reflection အဖြစ် ကိုယ့်ဆီ တိတိကျကျ ပြန်ရောက်လာပြီး ကံ့ညံ့လာစေပါတယ်။

၃။ သူများငွေ၊ ပစ္စည်းဥစ္စာကို မတရားယူမိတာ

တခါတလေ ဒီလောက်နဲ့တော့ ဘာမှမဖြစ်ပါဘူးဆိုပြီး သူများငွေ ၊သူများအကျပ်အတည်းကို
အခွင့်ကောင်းယူမိတာတွေ၊ အမြတ်ကြီးစားမိတာတွေ၊ သူ မသိလောက်ပါဘူးဆိုပြီး လုပ်မိတာတွေဟာ ကိုယ့်ရဲ့ ရောက်လာမယ့် ကံကောင်းခြင်းတွေကိုပါ ဖယ်ရှားပစ်လိုက်ပြီး နှစ်ဆပြန်ပေးဆပ်နေရတတ်ပါတယ်။

၄။ သူတပါး အခွင့်အလမ်း၊ အလုပ်၊ လာဘ်လာဘကို ပိတ်ပင်တားဆီးမိတာ

သူတပါး မျှော်လင့်ချက်ကို ဖျက်ဆီးမိ၊ ကိုယ့်အလုပ်သမားရဲ့ လုပ်အားခကို နှိမ်မိ၊ သူများရမယ့်အခွင့်အလမ်း အလုပ်ကို ကိုယ်က ကြားကနေ ဘာရယ်မဟုတ် ပုတ်ခတ်ဖျက်စီးမိတဲ့အခါ ကိုယ့်လုပ်ငန်းတွေ ရပ်ဆိုင်းကြန့်ကြာနေရတတ်ပါတယ်။

သူတပါးကိုနင်းပြီး လုပြီး ရလာတဲ့နေရာဟာဘယ်တော့မှ မြဲတဲ့ ထုံးစံမ ရှိပါဘူး💯

၅။ သူတပါးအပေါ် မကောင်းမြင်၊ မနာလိုစိတ်များနေတာ

တခါတလေ ကိုယ့်ဟာကိုယ် နေနေပေမယ့် ဘေးကလူတွေရဲ့ အတင်းစကားတွေကြား လိုက်ရုံနဲ့ အဲ့ဒီလူကို ကိုယ်ပါ အမုန်းစိတ်တွေ ဖြစ်ပေါ်လာတာမျိုးရှိတတ်တယ်။

ပြီးတော့ လူတကာအပေါ် မကောင်းမြင်စိတ် negative များနေတဲ့အခါ စိတ်တွေ အုံ့မှိုင်းလာပြီး ကံ့ညံ့လာတတ်ပါတယ်။

မရှိလို့ လူတွေကို ညစ်တွန်းတွန်းလေ ကံညံ့လေလေဘဲ။

၆။ ကိုယ့်အပေါ် စေတနာ-မေတ္တာ မှန်သူကို ပြစ်မှားမိတာ

ဒါက မိဘဆရာ၊ အလုပ်ရှင်မှ မဟုတ်ဘူး လင်မယား ၊ ချစ်သူကြား၊ သူငယ်ချင်းမိတ်ဆွေကြား လည်း အဲ့လိုပဲ ကိုယ့်အပေါ် မေတ္တာ စေတနာမှန်သူကို ပြစ်မှား စော်ကား ခံစားရစေ မျက်ရည်ကျရစေတဲ့အခါ ဘဝဟာ မပြောင်ရောင်တော့ပါ။

ကြုံလာသမျှက အတုတွေနဲ့ကြီးပဲ ရင်ဆိုင် ရတတ်ပါတယ်။

နောက်တခု သတိပေးချင်တာက စေတနာ-မေတ္တာထားသူကို ပြစ်မှားမိသူတွေဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာ ကျန်းမာရေး ချို့တဲ့ပြီး ကံညံ့တတ်ပါတယ်။

၇။ သူတပါးကို နာမည်ဖျက် အပုတ်ချမိတာ

မကောင်းသတင်း မဟုတ်မမှန် အပုပ်ချမိတဲ့သူတွေဟာ အမြဲ လာဘ်ပိတ်ပြီး ခန္ဓာကိုယ် ဖျော့တော့ ညိုးနွမ်း အရောင်မှိန်နေတတ်ပါတယ်။

၈။ ပစ္စည်းထားသိုမှု၊ နေထိုင်မှုမှားယွင်းတာ

မိမိခေါင်းရင်းမှာ ခြေအိတ်တွေ အောက်ပိုင်းပစ္စည်းတွေ မသန့်စင်တဲ့အရာတွေ ထားမိတာမျိုး

မျက်နှာသုတ်ပုဝါကို အောက်ပိုင်းတွေသုတ်၊ ခြေနင်းဖတ်မှာထားမိတာမျိုး

မိမိအဝတ်အစားကို အိုးပူကိုင်၊ ကြမ်းတိုက် တာတွေလုပ်မိတာ။

မိမိကို ထမင်းကျွေးနေတဲ့ လုပ်ငန်းသုံးပစ္စည်း ၊ စာရွက်စာတမ်း စတာတွေကို မရိုသေတာ အောက်ချထားတာ။

အိမ်အဝင်ဝ၊ ဆိုင်အဝင်ဝကို ကျောပေးထ်ိုင်တာ။

၉။ အတိတ်နိမိတ်၊ ပါးစပ်က အမြဲညည်းတွားမိတာ

တခါတလေ အကျင့်ပါပြီး နိမိတ်မရှိတာတွေ ပိုက်ဆံမရှိတဲ့စကားတွေ ညည်းတွားတာတွေကို ပြောမိကြပါတယ်။

အချိန် စက္ကန့် မိနစ်တွေမှာ နက္ခတ်မိတဲ့အချိန်တွေ ရှိတာမို့ အဲ့လိုအချိန်တွေနဲ့ ကိုယ့်နူတ်ထွက်ချိန်နဲ့ ကွက်တိကျတဲ့အခါ အမှန် ဖြစ်လာတတ်ပါတယ်။

Credit , မူရင်းရေးသားသူ
မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်ရှင်

ကဆုန်လပြည့်နေ့ ( ဗုဒ္ဓနေ့ )🌼🌼🌼🌼🌼🌼🌼🌼🌼ဗျာဒိတ်တော်ခံ၊ ဖွား၊ ပွင့်၊  စံ ကဆုန်လပြည့်နေ့ လို့ လူသိများကြတဲ့ ဒီနေ့ဟာဆိုရင်(၁) ဗ...
10/05/2025

ကဆုန်လပြည့်နေ့ ( ဗုဒ္ဓနေ့ )
🌼🌼🌼🌼🌼🌼🌼🌼🌼

ဗျာဒိတ်တော်ခံ၊ ဖွား၊ ပွင့်၊ စံ ကဆုန်လပြည့်နေ့ လို့ လူသိများကြတဲ့ ဒီနေ့ဟာဆိုရင်

(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး အသင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။

(၂) ဘုရားရှင်ဖွားမြင်တော်မူသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃) ဘဲဖြစ်ပါတယ်ရှင်🙏

ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့်နေ့မှာ မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ပြီး တရားဘာဝနာများ ပွားများနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🙏

Credit, မူရင်းရေးသားသူ
ပြန်လည်မျှဝေကုသိုလ်ပြုပါသည်ရှင်

Address

Shwe Hnin Si Street, Makyikyi Road, San Chung Township
Yangon

Telephone

+959449796156

Website

Alerts

Be the first to know and let us send you an email when Yadanar Htet Black Teak Beads & Accessories ll posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share