Royal Maungmakan General Hospital

Royal Maungmakan General Hospital We Take Care Of Your Health

🌼မင်္ဂလာရှိသော မြန်မာ့နှစ်သစ်ကူး အခါသမယမှာ Royal Maungmakan General Hospital တွင် ဆေးကုသမှု ခံယူနေကြသော မိဘ၊ ညီအစ်ကို မေ...
16/04/2026

🌼မင်္ဂလာရှိသော မြန်မာ့နှစ်သစ်ကူး အခါသမယမှာ Royal Maungmakan General Hospital တွင် ဆေးကုသမှု ခံယူနေကြသော မိဘ၊ ညီအစ်ကို မောင်နှမများအားလုံး ရောဂါဝေဒနာများမှ အမြန်ဆုံး သက်သာကင်းဝေးကြပါစေ…

နှစ်သစ်မှာ ပိုကောင်းတဲ့ကျန်းမာရေး၊ အေးချမ်းတဲ့ စိတ်နှလုံးနဲ့ ပျော်ရွှင်စရာ မိသားစုဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏


‎" သွေးတိုးသမားတွေ ငန်တာရှောင်ရုံနဲ့ ရပြီလား " ဆိုတဲ့ မေးခွန်းက ကျွန်တော်တို့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကုဆေးရုံကြီးကို လာပြက...
30/03/2026

‎" သွေးတိုးသမားတွေ ငန်တာရှောင်ရုံနဲ့ ရပြီလား " ဆိုတဲ့ မေးခွန်းက ကျွန်တော်တို့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကုဆေးရုံကြီးကို လာပြကြတဲ့ လူနာတော်တော်များများ မေးလေ့ရှိတဲ့ မေးခွန်းပဲ ဖြစ်ပါတယ် 🗣
‎
‎​အဖြေဟာဆိုရင်တော့ " ငန်တာရှောင်ရုံနဲ့တင် မလုံလောက်ပါဘူး " နော်။ သွေးတိုးရောဂါကို စနစ်တကျ ထိန်းချုပ်နိုင်ဖို့ဆိုရင် ဆား ( အငန် ) အပြင် တခြား သတိထားရမယ့် အချက်လေးတွေ ရှိပါသေးတယ် 🖐
‎
‎ဘယ်လိုအချက်လေးတွေ ထပ်ရှောင်သင့်လဲဆိုတာကို ကျန်းမာရေးအမြင်အရ ဗဟုသုတအဖြစ် မျှဝေပေးချင်ပါတယ်ခင်ဗျာ 😇
‎
‎​🍶 အချိုလွန်ကဲတာနဲ့ သကြားဓာတ်များတာကို သတိထားပါ ‼
‎
‎လူတော်တော်များများက အငန်ပဲ သွေးတိုးစေတယ် ထင်ကြတာပါ။ တကယ်တော့ အချိုရည်တွေ၊ မုန့်ချိုတွေအတွင်းမှာပါတဲ့ သကြားဓာတ် ( Fructose ) ဟာလည်း ကိုယ်အလေးချိန်ကိုတက်စေပြီး သွေးကြောတွေကို တင်းမာစေတာကြောင့် သွေးတိုးကို ပိုဆိုးစေနိုင်ပါတယ်။
‎
‎​🍱 အသင့်စား အစားအစာနဲ့ တာရှည်ခံအောင် လုပ်ထားတဲ့အရာများ ‼
‎
‎အငန် တိုက်ရိုက်မစားပေမဲ့ အထုပ်လိုက်ရောင်းတဲ့ အာလူးကြော်တွေ၊ ဝက်အူချောင်း၊ ကြက်အူချောင်း၊ ငါးသေတ္တာနဲ့ အချိုမှုန့်အများကြီးပါတဲ့ အစားအစာတွေမှာ Sodium ( ဆိုဒီယမ် ) ဓာတ်က အများကြီး ပါဝင်နေတတ်ပါတယ်။ဒါကြောင့် အပြင်စာတွေထက် အိမ်ချက်ကိုပဲ ဦးစားပေးစားသုံးသင့်ပါတယ်။
‎
‎​🍟 ပြည့်ဝဆီနဲ့ ဆီကြော်မုန့်များ ‼
‎
‎ဆီကြော်မုန့်တွေ၊ အဆီများတဲ့ အသားတွေဟာ သွေးတွင်း လက်စထရော ( Cholesterol ) ကို တက်စေပါတယ်။ သွေးကြောနံရံတွေမှာ အဆီတွေပိတ်လာရင် သွေးကြောကျဉ်းပြီး သွေးတိုးနှုန်း ပိုမြင့်လာတာမို့ နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများလာစေပါတယ်။
‎
‎​👽 စိတ်ဖိစီးမှုနဲ့ အိပ်ရေးပျက်ခြင်း ‼
‎
‎ဒါက အစားအသောက်မဟုတ်ပေမဲ့ သွေးတိုးသမားတွေအတွက် အရမ်းအရေးကြီးပါတယ်။ စိတ်ဖိစီးမှုများရင် ခန္ဓာကိုယ်ကနေ သွေးတိုးစေတဲ့ ဟော်မုန်းတွေ ထွက်လာတတ်တာမို့ တစ်နေ့ကို အနည်းဆုံး (၇) နာရီကနေ (၈) နာရီအထိ အိပ်ရေးဝဝ အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။
‎
‎🥂​ အရက်နဲ့ ဆေးလိပ်ကို လုံးဝဖြတ်ပါ ‼
‎
‎ဆေးလိပ်က သွေးကြောနံရံတွေကို ပျက်စီးစေပြီး အရက်က သွေးတိုးပျောက်ဆေးတွေရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါကို အမြစ်ပြတ်ထိန်းချုပ်ချင်ရင် အရက်နဲ့ ဆေးလိပ်ကို စွန့်လွှတ်ဖို့ တိုက်တွန်းချင်ပါတယ်။
‎
‎ကိုယ့်ရဲ့ မိသားစုဝင် တစ်ယောက်ယောက်ဆီမှာ သွေးတိုးနှုန်း ပုံမှန်မဟုတ်ဘူးလို့ ခံစားရရင်ဖြစ်စေ၊ ကျန်းမာရေးစစ်ဆေးချင်ရင်ဖြစ်စေ -
‎
‎ကျွန်တော်တို့ရဲ့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကုဆေးရုံကြီးမှာ ကျွမ်းကျင် ဆရာဝန်ကြီးများနဲ့အတူ တိုင်ပင်ဆွေးနွေးပြီး ကုသမှု ခံယူနိုင်ပါပြီခင်ဗျာ 😇
‎
‎💟 We Take Care Of Your Health 💟
‎
‎▶ အသေးစိတ်စုံစမ်းရန်နှင့် Booking တင်ရန်
‎☎ 09 405 333 383
‎
‎📍 Google Map
‎https://maps.app.goo.gl/upTX5Q7aU8bLPjwn6?g_st=iv
‎
‎📌 လိပ်စာ - အမှတ် ( ၉၃၈ ) ၊ မောင်းမကန် ကမ်းသာလမ်း ၊ ( ၁၉ ) ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း ၊ ရန်ကုန်မြို့ ။
‎
‎ ောင်းမကန်
‎ #အထူးကုဆေးရုံကြီး
‎ Stroke
‎ #တိကျမြန်ဆန်ကုသမှုမှန်
‎

အခုလို နေပူရှိန် အရမ်းပြင်းတဲ့ နွေရာသီမှာဆိုရင် " အပူရှပ်တာ " နဲ့ " Heat Stroke " ဖြစ်တာတွေက တကယ်ကို အသက်အန္တရာယ်ရှိနိုင...
28/03/2026

အခုလို နေပူရှိန် အရမ်းပြင်းတဲ့ နွေရာသီမှာဆိုရင် " အပူရှပ်တာ " နဲ့ " Heat Stroke " ဖြစ်တာတွေက တကယ်ကို အသက်အန္တရာယ်ရှိနိုင်ပါတယ်ခင်ဗျာ ‼
‎
‎ဒါကြောင့် ကျွန်တော်တို့ရဲ့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကုဆေးရုံကြီးက " နွေရာသီမှာ အပူဒဏ်ကြောင့် ကျန်းမာရေး မထိခိုက်စေဖို့ ရှောင်ကြဉ်ရမယ့် (၃) ချက် " ကို ပြောပြပေးလိုက်ပါတယ်နော် 😇
‎
‎​❌ နေပူထဲက ပြန်လာပြီး ရေခဲရေ အဝသောက်တာမျိုး မလုပ်ပါနဲ့ ❌
‎
‎အပြင်က ပြန်လာလို့ အရမ်းပူပြီး ရေငတ်နေတဲ့အချိန်မှာ ရေခဲရေအေးအေးလေးကို ချက်ချင်း အဝသောက်လိုက်တာမျိုးက လူကို အန္တရာယ်ဖြစ်စေပါမယ်။ ခန္ဓာကိုယ်အပူချိန်က အရမ်းမြင့်နေချိန်မှာ ရေခဲရေလိုမျိုး အလွန်အေးတဲ့အရာနဲ့ ရုတ်တရက်ထိတွေ့မိရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ အစာအိမ်ကျုံ့တာမျိုး ဖြစ်နိုင်ပါတယ်။
‎
‎​✅ ရေခဲရေအစား အခန်းအပူချိန်ရှိတဲ့ ရေကို အရင်သောက်ပါ။ ခန္ဓာကိုယ်က အနည်းငယ် အေးသွားမှသာ ရေအေးကို ဖြည်းဖြည်းချင်း သောက်ပေးပါ။
‎
‎​❌ ချွေးထွက်နေချိန် ချက်ချင်း ရေချိုးချလိုက်တာမျိုး မလုပ်ပါနဲ့ ❌
‎
‎နေပူထဲက ပြန်လာပြီး ချွေးတွေ ထွက်နေတုန်းမှာ အပူငြိမ်းအောင်ဆိုပြီး ရေချိုးခန်းထဲ တန်းဝင်တာဟာ အန္တရာယ်များပါတယ်။ ခန္ဓာကိုယ်က အပူချိန်ကို မထိန်းညှိနိုင်သေးဘဲ ရေအေးနဲ့ ရုတ်တရက် ထိတွေ့မိလိုက်ရင် သွေးကြောတွေ ရုတ်တရက် ကျဉ်းသွားပြီး သွေးဖိအားတက်တာ၊ လေဖြတ်တာ ဒါမှမဟုတ် နှလုံးအောင့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
‎
‎​✅ အပြင်က ပြန်လာရင် အနည်းဆုံး ( ၁၅ ) မိနစ်ကနေ မိနစ် ( ၂၀ ) ခန့် အနားယူပါ။ ချွေးတွေခြောက်ပြီး ခန္ဓာကိုယ်အေးသွားမှသာ ရေချိုးပါ။
‎
‎​❌ အပြင်ကပြန်လာချင်း အဲကွန်းအအေးဓာတ်နဲ့ တိုက်ရိုက်ထိတွေ့တာမျိုး မလုပ်ပါနဲ့ ❌
‎
‎အပြင်မှာ ပူလွန်းလို့ အခန်းထဲရောက်တာနဲ့ အဲကွန်းကို အအေးဆုံးဖွင့်ပြီး ရှေ့မှာ တန်းရပ်တာမျိုးကလည်း " အပူရှပ်ခြင်း " ကို အဓိက ဖြစ်စေတဲ့အချက်ပါ။ အပူအအေး မျှတမှုမရှိတာကြောင့် ခေါင်းကိုက်တာ၊ ဖျားနာတာနဲ့ ကိုယ်လက် မအီမသာဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။
‎
‎​✅ အဲကွန်းကို အလွန်အေးတဲ့အဆင့် ( ဥပမာ - 16°C ) မထားဘဲ သင့်တော်တဲ့ အပူချိန်မှာထားပါ။ ခန္ဓာကိုယ်ရဲ့ အပူချိန်ညှိနိုင်အောင် အရင်နားပြီးမှ အအေးဓာတ်ကို ခံယူပါ။
‎
‎ဒီလို နွေပူပူမှာ မလုပ်သင့်တဲ့ အချက် ( 3 ) ချက်ကို လိုက်နာပြီး " အပူရှပ်တာ " နဲ့ " Heat Stroke " ဖြစ်တာတွေကို ကြိုတင်ကာကွယ် နိုင်ပါတယ်ခင်ဗျာ 🥰
‎
‎" ပူပြင်းတဲ့ ​နွေရာသီမှာ မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ ကျန်းမာပျော်ရွှင်ကြပါစေ " လို့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကုဆေးရုံကြီးက ဆုတောင်းဆန္ဒ ပြုလိုက်ပါတယ် 🙏
‎
‎💟 We Take Care Of Your Health 💟
‎
‎▶ အသေးစိတ်စုံစမ်းရန်နှင့် Booking တင်ရန်
‎
‎☎ 09 405 333 383
‎
‎📍 Google Map
‎
‎Google Maps
‎
‎📌 လိပ်စာ - အမှတ် ( ၉၃၈ ) ၊ မောင်းမကန် ကမ်းသာလမ်း ၊ ( ၁၉ ) ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း ၊ ရန်ကုန်မြို့ ။
‎
‎ ောင်းမကန်
‎ #အထူးကုဆေးရုံကြီး
‎
‎
‎ #တိကျမြန်ဆန်ကုသမှုမှန်
‎

ယနေ့ခေတ်ကာလမှာဆို ရာသီဥတုပြောင်းလဲမှုနဲ့အတူ ကျွန်တော်တို့ ရှူရှိုက်နေရတဲ့ လေထုထဲမှာ မမြင်နိုင်တဲ့ အမှုန်အမွှားတွေ၊ အဆိပ်...
26/03/2026

ယနေ့ခေတ်ကာလမှာဆို ရာသီဥတုပြောင်းလဲမှုနဲ့အတူ ကျွန်တော်တို့ ရှူရှိုက်နေရတဲ့ လေထုထဲမှာ မမြင်နိုင်တဲ့ အမှုန်အမွှားတွေ၊ အဆိပ်ငွေ့တွေရဲ့ ပါဝင်မှု များပြားလာပါတယ် 💨
‎
‎ဒီလို လေထုညစ်ညမ်းမှုတွေဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို ဘယ်လိုဆိုးကျိုးတွေ ရရှိစေနိုင်လဲဆိုတာ.. 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကုဆေးရုံကြီးက ရှင်းပြပေးသွားပါမယ် ခင်ဗျာ 😇
‎
‎​လေထုညစ်ညမ်းမှုဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအတော်များများကို ထိခိုက်စေနိုင်ပြီး ဘယ်လို ဝေဒနာတွေကို ခံစားရနိုင်လဲဆိုရင် -
‎
‎🔴 ​အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ ပိုမို ​ဖြစ်လာနိုင်ခြင်းတွေအပြင်
‎အဆုတ်ရောင်ရောဂါတွေလည်း ဖြစ်ပွားနိုင်ပါတယ်။
‎
‎🔴 ​နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါတွေဖြစ်တဲ့ သွေးထဲသို့ အမှုန်အမွှားငယ်များ ရောက်ရှိကာ သွေးတိုးခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းနဲ့ လေဖြတ်နိုင်ခြေတွေကို ပိုမြင့်တက်စေခြင်းတွေကဲ့သို့ ဝေဒနာတွေလည်း ခံစားရနိုင်ပါတယ်။
‎
‎🔴 ​အရေပြားနှင့် မျက်စိ ထိခိုက်မှုနဲ့ ပတ်သက်တဲ့ အရေပြား ယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်းနဲ့ မျက်စိစပ်ခြင်း၊ မျက်စိနီခြင်းတွေလည်း ဖြစ်တတ်ပါတယ်။
‎
‎🔴 ​ရေရှည် ဆိုးကျိုးတွေအနေနဲ့ဆိုရင်တော့ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ မြင့်မားလာခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များတွင် သန္ဓေသား ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ခြင်းတွေပါ ဖြစ်နိုင်ပါတယ်။
‎
‎ဒီလောက်ဆိုရင် လေထုညစ်ညမ်းမှုကြောင့် ဖြစ်နိုင်တဲ့ ရောဂါဝေဒနာတွေအကြောင်း သိလောက်ပြီး ထင်ပါတယ်နော် 🤗
‎
‎ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်သင့်တဲ့ အချက်လေးတွေကိုလည်း နောက်ပိုစ့်လေးတွေမှာ ထပ်မံ မျှဝေပေးသွားပါဦးမယ်ခင်ဗျာ 😇
‎
💟 We Take Care Of Your Health 💟
‎
‎▶ အသေးစိတ်စုံစမ်းရန်နှင့် Booking တင်ရန်
‎☎ 09 405 333 383
‎
‎📍 Google Map
‎https://maps.app.goo.gl/upTX5Q7aU8bLPjwn6?g_st=iv
‎
‎📌 လိပ်စာ - အမှတ် ( ၉၃၈ ) ၊ မောင်းမကန် ကမ်းသာလမ်း ၊ ( ၁၉ ) ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း ၊ ရန်ကုန်မြို့ ။
‎
ောင်းမကန်
‎ #အထူးကုဆေးရုံကြီး
‎
‎
‎ #တိကျမြန်ဆန်ကုသမှုမှန်
‎

23/03/2026

‎ဦးနှောက်သွေးကြောပြတ်တာနဲ့ ပတ်သက်ပြီး မဖြစ်မနေ သိထားသင့်တဲ့ BE FAST အကြောင်း တစေ့တစောင်း 👀
‎
‎လေဖြတ်တဲ့အခါ ပထမဆုံး ( ၄ နာရီခွဲ ) အတွင်း ဆေးရုံရောက်ဖို့က အလွန်အရေးကြီးပါတယ်။ အချိန်မီ ကုသမှုခံယူနိုင်ရင် အကြောသေတာနဲ့ အသက်အန္တရာယ်ကနေ ကာကွယ်နိုင်ခြေ ပိုများပါတယ် ✅
‎
‎ကျွန်တော်တို့ရဲ့ ​𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကုဆေးရုံကြီးမှာဆိုရင် -
‎
‎Stroke လူနာတွေအတွက် အထူးကြပ်မတ်ကုသဆောင်နဲ့ ကျွမ်းကျင်အထူးကုဆရာဝန်ကြီးတွေက ၂၄ နာရီ အသင့်ရှိနေပါတယ်ခင်ဗျာ 😇
‎
‎💟 We Take Care Of Your Health 💟
‎
‎▶ အသေးစိတ်စုံစမ်းရန်နှင့် Booking တင်ရန်
‎
‎☎ 09 405 333 383
‎
‎📍 Google Map
‎
‎Google Maps
‎
‎📌 လိပ်စာ - အမှတ် ( ၉၃၈ ) ၊ မောင်းမကန် ကမ်းသာလမ်း ၊ ( ၁၉ ) ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း ၊ ရန်ကုန်မြို့ ။
‎
‎ ောင်းမကန်
‎ #အထူးကုဆေးရုံကြီး
‎
‎ #တိကျမြန်ဆန်ကုသမှုမှန်
‎

နွေရာသီရဲ့ အပူရှိန်က တဖြည်းဖြည်း ပြင်းလာပြီဆိုတော့ မိဘပြည်သူတွေအနေနဲ့ " အပူရှပ်တာ ( Heat Exhaustion ) " နဲ့ " အပူဒဏ်ကြော...
19/03/2026

နွေရာသီရဲ့ အပူရှိန်က တဖြည်းဖြည်း ပြင်းလာပြီဆိုတော့ မိဘပြည်သူတွေအနေနဲ့ " အပူရှပ်တာ ( Heat Exhaustion ) " နဲ့ " အပူဒဏ်ကြောင့် သတိလစ်တာ ( Heat Stroke ) " အန္တရာယ်တွေကို အထူးသတိထားဖို့ လိုအပ်ပါတယ် 🆘
‎
‎​တကယ်လို့ မိမိဘေးနားကသူ ( ဒါမှမဟုတ် ) မိမိကိုယ်တိုင် အပူရှပ်တဲ့ လက္ခဏာတွေ ( ဥပမာ - ခေါင်းအရမ်းမူးတာ၊ ပျို့အန်တာ၊ အရေပြားတွေ အရမ်းပူလာတာ ) ဖြစ်လာပြီဆိုရင် -
‎
‎အချိန်မီ အသက်ကယ်နိုင်စေဖို့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကုဆေးရုံကြီးကနေ အရေးပေါ် ကူညီနိုင်မယ့် အချက် ( ၃ ) ချက်ကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ 🥰
‎
‎👉 အေးမြပြီး အရိပ်ရတဲ့နေရာကို အမြန်ဆုံးရွှေ့ပါ
‎
‎လူနာကို နေပူထဲမှာ ဆက်မထားပါနဲ့။ လေဝင်လေထွက်ကောင်းပြီး အေးမြတဲ့ အရိပ်အောက် ကို အမြန်ဆုံး ပို့ဆောင်ပေးပါ။ ပြီးရင် လူနာကို ပက်လက်လှန်သိိပ်ထားပြီး ခြေထောက်ကို အနည်းငယ် မြှင့်ထားပေးတာက သွေးလှည့်ပတ်မှုအတွက် ပိုကောင်းစေပါတယ်။
‎
‎​👉 ခန္ဓာကိုယ်အပူချိန်ကို အမြန်ဆုံး လျှော့ချပါ
‎
‎ဒါက အရေးအကြီးဆုံးအချက်ပဲ ဖြစ်ပါတယ်။ လူနာ ဝတ်ဆင်ထားတဲ့ အဝတ်အစား တင်းတင်းကျပ်ကျပ်တွေကို ဖြေလျှော့ပေးပါ။ ရေအေး ( ရေခဲရေမဟုတ်ပါ )နဲ့ ရွှဲနေအောင် ဆွတ်ထားတဲ့ အဝတ်နဲ့ ရေပတ်တိုက်ပေးပါ။ အထူးသဖြင့် ဂျိုင်းကြား၊ ပေါင်ခြံနဲ့ လည်ပင်း တစ်ဝိုက်ကို ရေပတ်တိုက်ပေးတာပေးတာက ခန္ဓာကိုယ်အပူချိန်ကို အမြန်ကျဆင်းစေပါတယ်။
‎
‎​👉 သတိရှိနေရင် ရေ ( သို့မဟုတ် ) ဓာတ်ဆားရည် တိုက်ပါ
‎
‎လူနာက သတိကောင်းကောင်းရှိပြီး စကားပြောလို့ရတယ်ဆိုရင် ရေအေး ဒါမှမဟုတ် ဓာတ်ဆားရည်ကို ဖြည်းဖြည်းချင်း တိုက်ပေးပါ။သတိလစ်နေရင် ဒါမှမဟုတ် တက်နေရင်တော့ ပါးစပ်ထဲကို ဘာမှ အတင်းမလောင်းထည့်ပါနဲ့ ( အသက်ရှူလမ်းကြောင်း ပိတ်သွားနိုင်ပါတယ် )
‎
‎​⚠️ အရေးကြီးသတိပေးချက် ​⚠️
‎
‎အပူရှပ်တဲ့သူက အဖျားတက်လာတာ၊ စကားတွေ ဗလုံးဗထွေး ပြောလာတာ၊ သတိလစ်သွားတာမျိုး ဖြစ်လာပြီဆိုရင်တော့ ဒါဟာ အရေးပေါ်အခြေအနေ ( Heat Stroke ) ဖြစ်တဲ့အတွက် နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံး ပို့ဆောင်ဖို့ လိုအပ်ပါတယ်။
‎
‎ကျွန်တော်တို့ရဲ့ ​𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကုဆေးရုံကြီးဟာဆိုရင်လည်း အပူဒဏ်ကြောင့် ဖြစ်ပွားတဲ့ ကျန်းမာရေးပြဿနာတွေကို အချိန်နဲ့တစ်ပြေးညီ ကုသပေးနိုင်ဖို့ ၂၄ နာရီ အသင့်ရှိနေပါတယ်ခင်ဗျာ 😇
‎
‎💟 We Take Care Of Your Health 💟
‎
‎▶ အသေးစိတ်စုံစမ်းရန်နှင့် Booking တင်ရန်
‎
‎☎ 09 405 333 383
‎
‎📍 Google Map
‎
‎Google Maps
‎
‎📌 လိပ်စာ - အမှတ် ( ၉၃၈ ) ၊ မောင်းမကန် ကမ်းသာလမ်း ၊ ( ၁၉ ) ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း ၊ ရန်ကုန်မြို့ ။
‎
‎ ောင်းမကန်
‎ #အထူးကုဆေးရုံကြီး
‎ Stroke
‎ #တိကျမြန်ဆန်ကုသမှုမှန်
‎

" ကိုယ်က နေကောင်းတာပဲ....ဘာလို့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐔𝐩 လုပ်ဖို့ လိုမှာလဲ " လို့ တွေးလေ့ရှိကြတဲ့ လူကြီးမင်းတွေ ရှိကြမယ် ထင်ပါတယ...
18/03/2026

" ကိုယ်က နေကောင်းတာပဲ....ဘာလို့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐔𝐩 လုပ်ဖို့ လိုမှာလဲ " လို့ တွေးလေ့ရှိကြတဲ့ လူကြီးမင်းတွေ ရှိကြမယ် ထင်ပါတယ် 😇
‎
‎တကယ်တော့ ကျန်းမာရေးဆိုတာ " မဖြစ်ခင်က ကြိုတင်ကာကွယ် " မှ အကောင်းဆုံး ကုသမှုပါ။ မိမိရဲ့ ခန္ဓာကိုယ်ထဲမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို ကြိုတင်သိရှိထားမှသာ -
‎
‎နောင်တစ်ချိန်မှာ ဖြစ်လာစေနိုင်တဲ့ ကြီးမားတဲ့ ကျန်းမာရေး ပြဿနာတွေကို ထိရောက်စွာ ဟန့်တားနိုင်မှာ ဖြစ်ပါတယ် 😇
‎
‎🔴 ခန္ဓာကိုယ်အတွက် 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐔𝐩 က ဘာကြောင့် လုပ်သင့်တာလဲ 🤔
‎
‎⏩ ရောဂါများကို ကြိုတင်သိရှိနိုင်ခြင်း
‎
‎▶ သွေးတိုး၊ ဆီးချိုနဲ့ ကင်ဆာ..စတဲ့ ရောဂါမျိုးတွေက အစပျိုးချိန်မှာ လက္ခဏာမပြတတ်ပါဘူး ၊ ဆေးစစ်မှသာ စောစီးစွာ သိရှိနိုင်မှာပါ။
‎
‎⏩ ငွေကုန်ကြေးကျ သက်သာစေခြင်း
‎
‎▶ ရောဂါကြီးရင့်မှ ကုသရတာထက် စောစောသိပြီး ထိန်းသိမ်းရတာက ကုန်ကျစရိတ် အဆပေါင်းများစွာ သက်သာစေပါတယ်။
‎
‎⏩ စိတ်အေးချမ်းမှု ရရှိခြင်း
‎
‎▶ မိမိရဲ့ ကျန်းမာရေးအခြေအနေကို သေချာသိထားရတဲ့အတွက် စိုးရိမ်ပူပန်မှုကင်းဝေးပြီးတော့ ပျော်ရွှင်တဲ့ လူမှုဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။
‎
‎ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐔𝐩 လုပ်ထားတာက ကိုယ့်ကျန်းမာရေးအတွက် ရေရှည်မှာ အထောက်အကူဖြစ်စေမှာ သေချာပါတယ် ခင်ဗျာ 🥰
‎
‎ကျွန်တော်တို့ရဲ့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကုဆေးရုံကြီးမှာဆိုရင် -
‎
‎လူကြီးမင်းတို့ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေအပေါ်မူတည်ပြီး ရွေးချယ်လို့ရတဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐔𝐩 𝐏𝐚𝐜𝐤𝐚𝐠𝐞 လေးတွေ ဖန်တီးပေးထားတာမို့လို့ -
‎
‎𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐔𝐩 လုပ်ဖို့ လိုအပ်လာပြီဆိုတာနဲ့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကုဆေးရုံကြီးဆီကိုသာ လှမ်းလာခဲ့ပါ 😇
‎
‎👇 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐔𝐩 𝐏𝐚𝐜𝐤𝐚𝐠𝐞𝐬 လေးတွေကို ပုံလေးတွေမှာ လေ့လာလို့ ရပါတယ် 👀
‎
‎💟 We Take Care Of Your Health 💟
‎
‎▶ အသေးစိတ်စုံစမ်းရန်နှင့် Booking တင်ရန်
‎‎☎ 09 405 333 383
‎
‎📍 Google Map
‎https://maps.app.goo.gl/upTX5Q7aU8bLPjwn6?g_st=iv
‎
‎📌 လိပ်စာ - အမှတ် ( ၉၃၈ ) ၊ မောင်းမကန် ကမ်းသာလမ်း ၊ ( ၁၉ ) ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း ၊ ရန်ကုန်မြို့ ။
‎
‎ ောင်းမကန်
‎ #အထူးကုဆေးရုံကြီး
‎
‎
‎ #တိကျမြန်ဆန်ကုသမှုမှန်
‎

အရင် ပိုစ့်လေးထဲမှာ လေထုညစ်ညမ်းမှုကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါဝေဒနာတွေအကြောင်းကို ဆွေးနွေးပြောပြခဲ့တာမို့ အားလုံး သိပြီး...
11/03/2026

အရင် ပိုစ့်လေးထဲမှာ လေထုညစ်ညမ်းမှုကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါဝေဒနာတွေအကြောင်းကို ဆွေးနွေးပြောပြခဲ့တာမို့ အားလုံး သိပြီးလောက်ပြီလို့ ထင်ပါတယ် 😇
‎
‎ဒီနေ့မှာတော့ ကျွန်တော်တို့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန်
‎အထူးကုဆေးရုံကြီးကနေ လေထုညစ်ညမ်းမှုကြောင့်ဖြစ်တဲ့ ရောဂါတွေကို ဘယ်လိုကာကွယ်မလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးသွားပါမယ်ခင်ဗျာ 🩺
‎
‎⏩ အပြင်ထွက်တိုင်း Mask ကို စနစ်တကျတပ်ဆင်ပါ။
‎
‎သာမန် Surgical Mask တွေဟာ သေးငယ်လွန်းတဲ့ PM ( 2.5 ) အမှုန်တွေကို အပြည့်အဝ မကာကွယ်နိုင်တာကြောင့် ဖြစ်နိုင်မယ်ဆို N95 ( သို့ ) KN95 ကဲ့သို့ အမှုန်အမွှားစစ်ထုတ်နိုင်စွမ်းမြင့်တဲ့ Mask တွေကို နှာခေါင်းနှင့် ပါးစပ်မှာ လုံခြုံစွာ ဖုံးအုပ်ပြီး တပ်ဆင်ပါ။
‎
‎​⏩ လေထုအရည်အသွေးကို နေ့စဉ်စစ်ဆေးပါ။
‎
‎ဖုန်းထဲမှာရှိတဲ့ Weather App တွေမှတစ်ဆင့် မိမိရောက်ရှိရာဒေသရဲ့ လေထုအရည်အသွေးညွှန်းကိန်း ( Air Quality Index ) ကို စစ်ဆေးပါ။ လေထုညစ်ညမ်းမှု အနီရောင်အဆင့် ရှိနေမယ်ဆိုရင် ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းနဲ့ အပြင်ထွက်​ခြင်းတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
‎
‎​⏩ အိမ်တွင်းလေထုကို သန့်ရှင်းအောင်ထားပါ။
‎
‎အပြင်က ညစ်ညမ်းတဲ့လေတွေ အိမ်ထဲမဝင်စေဖို့ လေထုညစ်ညမ်းချိန်မှာ ပြတင်းပေါက်တွေကို ပိတ်ထားပါ။ အိမ်တွင်းမှာ အမွှေးတိုင်ထွန်းခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ ခြင်ဆေးခွေထွန်းခြင်းတို့ကို ရှောင်ကြဉ်ပါ။ ဖြစ်နိုင်ပါက HEPA Filter ပါဝင်ပြီး Air Purifier ( လေသန့်စက် ) အသုံးပြုခြင်းက အဆုတ်ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုနိုင်ပါတယ်။
‎
‎​⏩ ရေများများသောက်ပါ
‎
‎ကိုယ်ရဲ့ ခန္ဓာကိုယ်ထဲဆီကို ရောက်ရှိသွားနိုင်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်စေဖို့ ရေများများသောက်ပါ။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) ကြွယ်ဝသော အသီးအနှံများ ( ဥပမာ - လိမ္မော်သီး၊ ပန်းသီး၊ ဟင်းနုနွယ် ) ကို စားသုံးပေးခြင်းက လေထုညစ်ညမ်းမှုကြောင့် ဖြစ်တတ်တဲ့ ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်ပါတယ်။
‎
‎​⏩ အပြင်မှပြန်လာတိုင်း တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပါ။
‎
‎အပြင်ကနေ ပြန်လာပြီဆို အရေပြားနဲ့ ဆံပင်တွေမှာ ကပ်ပါလာနိုင်တဲ့ ဖုန်မှုန့်နဲ့ ဓာတုပစ္စည်းတွေကို ဖယ်ရှားနိုင်ဖို့ ရေချိုးခြင်း၊ အဝတ်အစားလဲခြင်းတွေကို ချက်ချင်းလုပ်ဆောင်ပါ။ ဒါအပြင် နှာခေါင်းနှင့် လည်ချောင်းကို ဆေးရည်နဲ့ ဆေးကြောပေးမယ်ဆိုရင်လည်း အသက်ရှူလမ်းကြောင်းအတွင်းမှာရှိတဲ့ အညစ်အကြေးတွေကို သန့်စင်စေပါတယ်။
‎
‎ဒီအချက်လေးတွေကိုသာ သေချာလိုက်နာမယ်ဆိုရင် လေထုညစ်ညမ်းမှုကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါဝေဒနာတွေရဲ့ အန္တရာယ်ကနေ ကင်းဝေးစေမှာ သေချာပါတယ်ခင်ဗျာ 💯
‎
‎💟 We Take Care Of Your Health 💟
‎
‎▶ အသေးစိတ်စုံစမ်းရန်နှင့် Booking တင်ရန်
‎
‎☎ 09 405 333 383
‎
‎📍 Google Map
‎
‎Google Maps
‎
‎📌 လိပ်စာ - အမှတ် ( ၉၃၈ ) ၊ မောင်းမကန် ကမ်းသာလမ်း ၊ ( ၁၉ ) ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း ၊ ရန်ကုန်မြို့ ။
‎
‎ ောင်းမကန်
‎ #အထူးကုဆေးရုံကြီး
‎
‎
‎ #တိကျမြန်ဆန်ကုသမှုမှန်
‎

10/03/2026

📢 တောင်ဒဂုံမြို့နယ်အတွင်းရှိ
Royal မောင်းမကန် အထူးကုဆေးရုံတွင်
တာဝန်ထမ်းဆောင်ရန်အတွက် အောက်ဖော်ပြပါ ဝန်ထမ်းများ အလိုရှိသည်။

၁။ ခွဲခန်းသူနာပြုအကူ (၅)ဦး

- သူနာပြုအကူ သင်တန်းဆင်းလက်မှတ်ရှိရမည်။
-ခွဲခန်းအတွေ့အကြုံ ရှိသူ
(သို့) အတွေ့အကြုံ မရှိသော်လည်း
စိတ်၀င်စားသူများလည်း လျောက်ထားနိုင်သည်။
- ဆေးရုံ၊ဆေးခန်း၊ဆေးဆိုင် တစ်ခုခုတွင် လုပ်သက်ရှိသူ ဦးစားပေးမည်။

၂။ သန့်ရှင်းရေး မ(၂)ဦး
- အသက် ၃၀ နှင့် ၅၀ ကြား
-ကျန်းမာသန်စွမ်းပြီး နေ့ ညတာ၀န်ထမ်းဆောင်နိုင်ရမည်။
- အကျင့်စာရိတ္တ ကောင်းမွန်ရမည်။

၃။ လုံခြုံရေး၀န်ထမ်း (၄)ဦး
-အသက် ၁၈ နှင့် ၅၀ကြား
-ကျန်းမာသန်စွမ်းပြီး နေ့/ညတာ၀န်ထမ်းဆောင်နိုင်ရမည်။
-အကျင့်စာရိတ္တကောင်းမွန်ပြီး အသောက်အစားကင်းရှင်းရမည်။

💡 အဖွဲ့အစည်းနှင့်ပူးပေါင်းဆောင်ရွက်နိုင်ပြီး သင်ယူချင်စိတ်ရှိသူဖြစ်ရပါမည်။

လျှောက်ထားလိုပါက...
📍အမှတ် (၉၃၈)၊ မောင်းမကန်ကမ်းသာလမ်း၊ ၁၉ရပ်ကွက်၊ ၁၈ ကွေ့ မှတ်တိုင်အနီး ၊ ဒဂုံမြို့သစ်တောင်ပိုင်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။
09762152024 ( Viber ) နှင့်
09405333383 (Viber)
📩page messenger မှလည်း တိုက်ရိုက်ပေးပို့ လျှောက်ထားနိုင်ပါသည်။

Address

No. 938, Maungmakan Kanthar Street, South Dagon Township
Yangon
11431

Telephone

+959405333383

Website

Alerts

Be the first to know and let us send you an email when Royal Maungmakan General Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Maungmakan General Hospital:

Share