Your Doctor-Health Education

Your Doctor-Health Education Empowering minds for a healthier tomorrow 🩺🥼

၁၃၈၈ ခုနှစ် မြန်မာနှစ်သစ်ကစလို့ အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပြီး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ Your Doctor မှဆုမွန်ကော...
17/04/2026

၁၃၈၈ ခုနှစ် မြန်မာနှစ်သစ်ကစလို့ အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပြီး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ Your Doctor မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ ❤️🙆🏻‍♂️

07/02/2026

ကုသဆေးမရှိသေးတဲ့နီပါးဗိုင်းရပ်စ် 🦠

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

#ကျန်းမာရေး #နီပါးဗိုင်းရပ်စ်

27/01/2026

အစာအုပ်စု (၅)စုထဲမှာ ဘာတွေပါတာလဲ ⁉️

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

#အစာအုပ်စု

15/01/2026

လက်ဗွေရာတွေက ဘာ့လို့မတူကြတာလဲ 🧐

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

#ကျန်းမာရေး #လက်ဗွေရာ

31/12/2025

2025 မှရခဲ့သောသင်ခန်းစာတစ်ချို့…

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

#ကျန်းမာရေးဗဟုသုတ

“ သကြားမဖြတ်ခင်နဲ့သကြားဖြတ်ပြီး ဘာတွေကွာသွားလဲ “ 💁🏻‍♂️🔹 ခုရက်ပိုင်း social media ပေါ်မှာ သကြားမဖြတ်ခင်က ပုံဆိုးပန်းဆိုးဖ...
27/12/2025

“ သကြားမဖြတ်ခင်နဲ့သကြားဖြတ်ပြီး ဘာတွေကွာသွားလဲ “ 💁🏻‍♂️

🔹 ခုရက်ပိုင်း social media ပေါ်မှာ သကြားမဖြတ်ခင်က ပုံဆိုးပန်းဆိုးဖြစ်နေတယ် သကြားဖြတ်ပြီးတဲ့အခါ ပိုကြည့်ကောင်းသွားတယ် ချောသွားတယ် စတဲ့ post တွေတွေ့နေရတယ်ပေါ့နော်

🔹 ဆိုတော့.သကြားဖြတ်လိုက်ရင် တကယ်ပဲရုပ်ချောသွားတာလား သကြားကလုံးဝဖြတ်လို့ရလား ဆိုတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာကို ဒီနေ့ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်ဗျ

🔹 သကြားကလုံးဝဖြတ်လို့ရလားဆိုတဲ့အဖြေကိုပြောရမယ်ဆိုရင် လုံးဝဖြတ်လို့ရတယ်လို့ ပြောလို့ရသလို မရဘူးလို့လဲပြောလို့ရပါတယ်ဗျ

🔹 ကဲ..နည်းနည်းရှုပ်သွားကြမယ်ထင်တယ် သေချာရှင်းပြပေးမယ်နော်

🔹 သကြားမှာ added sugar လို့ခေါ်တဲ့ ချိုဖို့ထပ်ထည့်တဲ့ ကျွန်တော်တို့ ဟင်းချက်တဲ့အခါတို့၊ ဖျော်ရည်တွေ၊ ချိုချဉ်တွေမှာပါတဲ့ သကြားနဲ့ သဘာဝ သစ်သီးဝလံတွေ ကနေ ရတဲ့ သဘာဝသကြား (natural sugar) ဆိုပြီး နှစ်မျိုးရှိပါတယ်

🔹 ဒီနှစ်မျိုးမှာ ကျွန်တော်တို့အစားအသောက်တွေကို ချိုဖို့ထပ်ထည့်ကြတဲ့ added sugar ဆိုတာကိုတော့ လုံးဝဖြတ်လို့ရပါတယ်

🔹 added sugar ကိုလုံးဝဖြတ်လိုက်ပေမဲ့ ဆန်၊ဂျုံ၊သစ်သီး စတာတွေကိုတော့ စားပေးဖို့လိုပါတယ်ဗျ သူတို့မှာပါတဲ့ သဘာဝသကြား (natural sugar) က ကျွန်တော်တို့ ခန္ဓာကိုယ်အတွက်လိုအပ်ပါတယ်နော်

🔹ကဲ..အဲ့တာဆိုနောက်တစ်ခုအနေနဲ့ added sugar ကိုဖြတ်လိုက်ရင် ဘာတွေအကျိုးကျေးဇူးရမလဲဆိုတာနဲ့ သဘာဝသကြားပါတဲ့ အစားအသောက်တွေကိုတော့ ဘာ့လို့စားပေးသင့်လဲဆိုတာကို ဆက်ပြီး ပြောပြပေးသွားပါမယ်ဗျ

🔹 Added sugar ဖြတ်မယ်ဆိုရင် ခန္ဓာကိုယ်ထဲ အချိုဓာတ်တွေ၊ calories တွေနည်းသွားတော့ ခန္ဓာကိုယ်အလေးချိန်ထိန်းပြီးသားဖြစ်သလို သွေးတွင်းအချိုဓာတ်များလို့ဖြစ်တဲ့ ဆီးချိုရောဂါ၊ သွေးတိုးနဲ့ နှလုံးရောဂါတွေကို ကာကွယ်ပြီးသားဖြစ်ပါတယ်

🔹နောက်ပြီး အသားအရည်လဲပိုလှစေသလို နုပျိုစေတဲ့အာနိသင်လဲရှိပါတယ်ဗျ

🔹 ဒါပေမဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်(energy) ကို အဓိကအားဖြင့် အချိုဓာတ် (glucose) ကနေရတာကြောင့် သကြားကိုလုံးဝဖြတ်လိုက်လို့တော့မရဘူးပေါ့နော် သဘာဝသကြားဓာတ်၊ အချိုဓာတ်တွေပါတဲ့ အစားအစာတွေတော့ စားပေးဖို့လိုပါတယ်ဗျ

🔹 သကြားဓာတ်လုံးဝဖြတ်လိုက်ပြီးကျွန်တော်တိူ့ ခန္ဓာကိုယ်မှာ သကြားဓာတ်နည်းလာပြီ ချို့တဲ့လာပြီ hypoglycemia ဖြစ်သွားပြီဆိုရင် ချွေးတွေထွက်ပြီး လူက ဆောက်တည်ရာမရတာ၊ ရင်တုန်တာ၊ စိတ်သောက်ကရောက်ပြီးစိတ်မငြိမ်တာတွေ၊ အာရုံမစိုက်နိုင်တာတွေ ဖြစ်တတ်ပါတယ်ဗျ

🔹 နောက်ပြီး ခေါင်းမူးတာ၊ အမြင်တွေဝေဝါးတာ၊ အာရုံမစူးစိုက်နိုင်တာတွေဖြစ်နိုင်သလို အဆိုးဆုံးအခြေအနေမှာဆိုရင် တက်တာ၊ သတိလစ်တာ၊ coma ဝင်တာထိပါ ဖြစ်သွားနိုင်ပါတယ်ဗျ

🔹 အဲ့တာကြောင့် social media မှာတွေ့တဲ့အတိုင်း ငါလဲ သူများလိုလှသွားအောင် သကြားဖြတ်လိုက်မယ်ဆိုပြီး လုံးလုံး အချိုဓာတ်ဖြတ်လိုက်တာမျိုး မလုပ်သင့်ပါဘူးနော်

🔹 အအေးတွေ၊ အချိုမုန့်တွေ ရှောင်မယ်၊ ဟင်းချက်တဲ့အခါ သကြားထည့်တာတွေလျှော့ပြီးတော့ သဘာဝ အချိုဓာတ်ပါတဲ့ အစားအစာတွေ စားမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အသားအရည်လဲလှ တဲ့ဘဝလေးကိုပိုင်ဆိုင်န်ိုင်မှာပဲ ဖြစ်ပါတယ်ဗျ

🔹 ကဲ..ခုဆိုရင်တော့ သကြားဖြတ်တာနဲ့ပတ်သတ်ပြီး စိတ်ထဲမရှင်းတာတွေ နားလည်သွားပြီလို့ ယုံကြည်ပါတယ်

🔹 ခု post ကနေ သင့်အတွက်တစ်စုံတစ်ရာ အကျိုးရှိသွားခဲ့တယ်ဆိုရင် တခြားသူတွေလဲ သိသွားအောင် share သွားပေးပါဦးနော်

🔹 နောက်နေ့တွေမှာလဲ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ကျန်းမာရေးဗဟုသုတတွေနဲ့အတူပြန်လာခဲ့ပါမယ်ဗျ

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

#ကျန်းမာရေးဗဟုသုတ #သကြား

22/12/2025

သကြားမဖြတ်ခင်နဲ့သကြားဖြတ်ပြီး ဘာကွာသွားလဲ ⁉️

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

#ကျန်းမာရေးဗဟုသုတ #သကြား

“ ဆီးချိုရောဂါက အသက်ကြီးမှဖြစ်တာလား “ 🤔🔹 ဆီးချိုသွေးချိုဆိုတာ မကြားချင်မှအဆုံး ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အရမ်းအဖြစ်မျာ...
20/12/2025

“ ဆီးချိုရောဂါက အသက်ကြီးမှဖြစ်တာလား “ 🤔

🔹 ဆီးချိုသွေးချိုဆိုတာ မကြားချင်မှအဆုံး ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အရမ်းအဖြစ်များကြတဲ့ရောဂါ တစ်ခုဖြစ်ပါတယ်ဗျ

🔹 အများအားဖြင့်တွေ့ရတာက အသက်ကြီးတဲ့သူတွေ၊ ဘိုးဘိုး ဘွားဘွားတွေမှာ ဆီးချိုရှိကြတာများတယ်ပေါ့နော်

🔹 ဒါဆို ဆီးချိုက အသက်ကြီးတဲ့သူတွေမှာလဲ ဖြစ်တာလားဆိုတဲ့ မေးခွန်းကလဲ မေးစရာရှိလာပြန်ပါတယ် ❓

🔹 ကဲ..ဒီနေ့မှာတော့ စောန မေးခွန်းရဲ့အဖြေနဲ့အတူ ဆီးချိုသွေးချိုအကြောင်းကို သေချာလေးရှင်းပြပေးသွားမှာပဲ ဖြစ်ပါတယ်ဗျ

🔹 ဆီးချိုသွေးချိုရောဂါဆိုတာက ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်ဖြစ်တဲ့ glucose တွေ များလာတဲ့ အခြေအနေကိုခေါ်တာပဲဖြစ်ပါတယ်

🔹 ပုံမှန်ဆိုရင် ကျွန်တော်တို့ အစာတွေစားတာကနေ ရလာတဲ့ အချိုဓာတ်တွေကို insulin ကနေ ခန္ဓာကိုယ်ရဲ့ cell တွေထဲကို ထည့်ပေးတယ်ပေါ့နော်

🔹 အဲ့ insulin ဆိုတာ မရှိရင်ဖြစ်ဖြစ်၊ insulin ရှိနေပေမဲ့ သူ့အာနိသင်ဓာတ်မတိုးတာ resistance ဖြစ်နေရင် ဖြစ်ဖြစ် စားလိုက်တဲ့ အချိုဓာတ်တွေဟာ cell တွေထဲကိုမဝင်နိုင်တော့ဘဲ cell အပြင် သွေးထဲမှာမှာပုံလာပါတယ်

🔹 အဲ့လိုကနေ ဆီးချိုသွေးချိုဆိုတာဖြစ်လာတာပဲ ဖြစ်ပါတယ်ဗျ

🔹 ဆီးချိုရောဂါမှာလဲ type 1 နဲ့ type 2 ဆိုပြီး အမျိုးအစား နှစ်မျိုးရှိပါတယ်ဗျ

🔹 type 1 ဆီးချိုရောဂါတွေဟာဆိုရင် အသက်ငယ်ငယ်တွေမှာ ဖြစ်ကြပါတယ်ဗျ အများအားဖြင့် အသက် (40) အောက်တွေပေါ့နော်

🔹 သူက ခန္ဓာကိုယ်ထဲမှာ insulin လုံးဝမရှိတာကြောင့် ဆီးချိုရောဂါ ဖြစ်လာတာဖြစ်ပြီး ရောဂါလက္ခဏာတွေ စောစောစီးစီးပေါ်တတ်ပါတယ်ဗျ

🔹 သူကတော့ မိသားစုမျိုးရိုးလိုက်တာနဲ့တော့မသက်ဆိုင်ဘူးပေါ့နော်

🔹 နောက်တစ်ခု type 2 ဆီးချိုရောဂါကတော့ ကျွန်တော်တို့တွေ့ရများတဲ့ အသက် (50) ကျော်တွေ၊ ဘိုးဘိုးဘွားဘွားတွေမှာ ဖြစ်ကြပါတယ်ဗျ

🔹 ခု type 2 ကတော့ insulin ဓာတ်ရှိတော့ရှိနေသေးတယ် ဒါပေမဲ့ သူ့အာနိသင်က မတိုးတော့ဘူး resistance ဖြစ်သွားတာပဲဖြစ်ပါတယ်

🔹 သူကတော့ ရောဂါလက္ခဏာတွေပြလာဖို့ အချိန်လပိုင်းကနေ နှစ်အထိ ကြာတတ်ပြီးတော့ ခန္ဓာကိုယ်အလေးချိန်များတာ ဝတာတို့နဲ့တွေ့ရတတ်ပါတယ်ဗျ

🔹 နောက်ပြီးတော့ ခု type 2 ဆီးချိုက မိသားစုမျိုးရိုးလိုက်တတ်ပါတယ်နော်

🔹 ဆီးချိုရောဂါအမျိုးအစားတွေအကြောင်းပြောပြပြီးပြီဆိုတော့ သူ့ရဲ့ရောဂါလက္ခဏာတွေအကြောင်းကိုဆက်ပြီးပြောပြပေးသွားပါမယ်ဗျ

🔹 ဆီးချိုလက္ခဏာတွေကတော့ ဆီးသွားများမယ်၊ ရေခနခနဆာမယ်၊ ရေဓာတ်နည်းပြီး နှုတ်ခမ်းတွေခြောက်နေမယ်၊ ညအခါဆီးခနခနထသွားနေရတာတွေရှိမယ်၊ ပင်ပန်းပြီးနုန်းနေမယ်၊ အမြင်အာရုံတွေဝေဝါးတာတွေ၊ စိတ်ဂနာမငြိမ်ဖြစ်တာ၊စိတ်တိုလွယ်တာ၊ အာရုံမစိုက်နိုင်တာမျိုးတွေရှိတတ်ပါတယ်ဗျ

🔹 နောက်ပြီး အစာပုံမှန်တိုင်းစားပေမဲ့ ကိုယ်အလေးချိန်သိသိသာသာပြောင်းလဲသွားတာမျိုးတွေရှိမယ်၊ အချိုတွေအရမ်းစားချင်ပြီး အစာကြီးလာတာတွေရှိမယ်၊ မိန်းကလေးတွေမှာဆို မိန်းမကိုယ်ယားယံတာမျိုးတွေ လဲ ဖြစ်တတ်ပါတယ်ဗျ

🔹 ခုလို လက္ခဏာတွေကြုံနေရပြီဆိုရင်တော့ ဒါဆီးချိုစစ်ကြည့်သင့်တယ်ပေါ့နော်

🔹 ဆိုတော့..ဆီးချိုက ကျွန်တော်တို့ပတ်ဝန်းကျင်မှာလဲ တွေ့နေမြင်နေရတာပဲ ဒီရောဂါက စိတ်ပူစရာလိုလို့လားလို့ တွေးမိကောင်းတွေးနေပါလိမ့်မယ်ဗျ

🔹 ဆီးချိုရောဂါကိုယ်တိုင်က အရမ်းဆိုးဝါးတာမဟုတ်ပေမဲ့ သေချာထိန်းချုပ်မကုသဘူးဆိုရင် နောက်ဆက်တွဲဝင်လာနိုင်တဲ့ ရောဂါဆိုးတွေရှိပါတယ်နော်

🔹 သေချာမကုသသွားဘူးဆိုရင် မျက်လုံး၊ ကျောက်ကပ်၊ အာရုံကြောနဲ့ နှလုံးတွေကိုထိခိုက်န်ိုင်ပါတယ်ဗျ

🔹 လေဖြတ်တာ၊ coma ဝင်သွားတာတွေလဲ ဖြစ်နိုင်သလို ပိုးမွှားတွေဆိုတာက အချိုဓာတ်ကြိုက်တာကြောင့် ဆီးချိုရှိတဲ့သူဟာဆိုရင် ရောဂါပိုးမွှားတွေပိုမိုကူးစက်နိုင်ပါတယ်နော်

🔹 အဲ့တာကြောင့်ခုလို နောက်ဆက်တွဲရောဂါဆိုးတွေ ဖြစ်မလာအောင် ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို စနစ်တကျ သူ့အချိန်နဲ့သူ သေချာသောက်သုံပေးသင့်ပြီး insulin ထိုးဖို့လိုတဲ့သူတွေကလဲ သေချာ ထိုးသင့်ပါတယ်ဗျ

🔹 နောက်ဆုံးတစ်ခုအနေနဲ့ပြောချင်တာက ကိုယ့်မှာ ဆီးချိုရောဂါစရှိပြီဆိုတာနဲ့ ဒီရောဂါက တသက်လုံး ကိုယ်နဲ့တွဲပြီး ဖြစ်နေမှာဆိုတာကိုသိထားဖို့လိုပါတယ်

🔹 အဲ့တာမို့ အချိုတွေ ၊အဆီအဆိမ့်ရှောင်ပြီးဂရုတစိုက်စားသောက်ဖို့လိုသလို၊ ကိုယ်လက်လှုပ်ရှားလုပ်ပေးရပါမယ်ဗျ

🔹 ခုပြောသလို နေထိုင်စားသောက်မှုပုံစံလဲ ဂရုစိုက်မယ် ဆေးလဲ သေချာစနစ်တကျသောက်သုံးသွားမယ်ဆိုရင်တော့ အရမ်းပူပင်သောကရောက်ဖို့မလိုပါဘူးဗျ

🔹 ကဲ..ခုဆိုရင်တော့ ဆီးချိုရောဂါနဲ့ပတ်သတ်ပြီး သေချာနားလည်သွားပြီလို့ယုံကြည်ပါတယ်

🔹 ခု post ကနေသင့်အတွက် တစ်စုံတစ်ရာအကျိုးကျေးဇူးရသွားခဲ့တယ်ဆိုရင် တခြားသူတွေလဲသိသွားအောင် share သွားပေးပါဦးနော် 👉🏻

🔹 နောက်နေ့တွေမှာလဲပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ကျန်းမာရေးဗဟုသုတတွေနဲ့အတူပြန်လာခဲ့ပါမယ်ဗျ

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

#ကျန်းမာရေးဗဟုသုတ #ဆီးချို

19/12/2025

ကျောက်ဂူကြီးရှိတဲ့ရွှေတောင်ကြီးဘုရား 🏞️

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေနဲ့ travel vlog ကြည့်ဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe
လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

#ကျန်းမာရေးဗဟုသုတ

17/12/2025

အသက်ကြီးမှဆီးချိုဖြစ်တာလား 🧐

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

#ကျန်းမာရေးဗဟုသုတ #ဆီးချို

13/12/2025

အားဖြည့်အချိုရည်တွေက တကယ်အားဖြစ်စေတာလား ⁉️

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

#ကျန်းမာရေး #အားဖြည့်အချိုရည်

Address

North Dagon
Yangon

Website

Alerts

Be the first to know and let us send you an email when Your Doctor-Health Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share