Hc Medical Center

Hc Medical Center အမျိုးသား ကျန်းမာရေးဆိုင်ရာ ပြသနာများကို ပွင့်လင်းစွာ ဆွေးနွေးမေး‌မြန်းနိုင်ပါသည်။ Telegram -

HIV ကာကွယ်ဆေး လူသားများတွင် စမ်းသပ်အောင်မြင်ပြီ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~မကြာမီက သိပ္ပံပညာရှင်များက HIV ကာကွယ်ဆေး...
10/10/2025

HIV ကာကွယ်ဆေး လူသားများတွင် စမ်းသပ်အောင်မြင်ပြီ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မကြာမီက သိပ္ပံပညာရှင်များက HIV ကာကွယ်ဆေးတစ်မျိုးဟာ လူသားများတွင် စမ်းသပ်အောင်မြင်ခဲ့ကြောင်း ကြေညာလိုက်ပါပြီ။ ယခုမှတ်တိုင်ဟာ လွန်ခဲ့သောဆယ်စုနှစ်များအတွင်း အရေးအပါဆုံးဆေးဘက်ဆိုင်ရာ အောင်မြင်မှုကြီးတစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။။

ဒီအောင်မြင်မှုသည် HIV ရောဂါဖြင့် ရှင်သန်နေထိုင်နေကြရသော သန်းပေါင်းများစွာသောလူများအတွက် မျှော်လင့်ချက်သစ်ကို ယူဆောင်လာနိုင်ခဲ့ပြီး ဒီရောဂါကြီးမှ အဆုံးသတ်ရန် ကြိုးပမ်းအားထုတ်မှုများတွင် အခြေအနေပြောင်းလဲစေနိုင်သည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်လာနိုင်သည်။

နှစ်ပေါင်းများစွာကြာအောင် သုတေသီများဟာ ဒီအချိန် ကာလအတွက် သူတို့ရဲ့ဘဝများကို ရင်းနှီးမြှုပ်နှံခဲ့ကြပြီး ယခုအခါတွင်လည်း လက်တွေ့အသုံးချနိုင်သော ကုသမှုနည်းလမ်းရှာဖွေနိုင်ရန် ယခင်ကထက် ပိုမိုနီးကပ်လာပြီ ဆိုတာ ထင်ရှားနေပါပြီ။အဆိုပါကာကွယ်ဆေးသည် ခုခံအားစနစ်အား ပြင်းထန်စွာတုံ့ပြန်မှုရရှိစေရန် လုံခြုံစွာနှိုးဆွပေးနိုင်ခဲ့သည့် ရလဒ်ကောင်းများကိုပြသခဲ့ပြီး ဗိုင်းရပ်စ်ပိုးကူးစက်ပြန့်ပွားမှုကို ရပ်တန့်ရန် လူသားများအား ပိုမိုနီးကပ်စေခဲ့ပါပြီ။

ဒီအောင်မြင်မှုရဲ့ အဓိပ္ပာယ်ဟာ နက်ရှိုင်းလှပါသည်။ အောင်မြင်သော HIV ကာကွယ်ဆေးသည် ကူးစက်မှုအသစ်များကို ကာကွယ်နိုင်ပြီး ကမ္ဘာလုံးဆိုင်ရာကူးစက်ပြန့်ပွားမှုနှုန်းကို လျှော့ချနိုင်ကာ ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူ့ကျန်းမာရေးဗျူဟာများကို ပြောင်းလဲစေနိုင်သည်။ ဒီလိုမှတ်တိုင်သည် သိပ္ပံဆိုင်ရာ ဇွဲလုံ့လ၊ ဆန်းသစ်တီထွင်မှုနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတို့၏ စွမ်းအားကိုလည်း မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်ပါတယ်။

ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရန် နောက်ထပ်စမ်းသပ်မှုများနှင့် စည်းမျဉ်းဆိုင်ရာ အဆင့်များ လိုအပ်သေးသော်လည်း ဒီတိုးတက်မှုသည် HIV/ AIDS ဆန့်ကျင်တိုက်ခိုက်ရေး ကမ္ဘာ့စစ်ပွဲတွင် အလှည့်အပြောင်းတစ်ခုဖြစ်လာပြီး ဆယ်စုနှစ်များစွာကြာအောင် ဒီတိုက်ပွဲကို တိုက်ခဲ့ကြသော သိပ္ပံပညာရှင်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်များနှင့် လှုပ်ရှားသူများ၏ မရပ်မနားလုပ်ဆောင်နေမှုကို အသိပေးသတိရစေခြင်းလည်း ဖြစ်သည်။

HIV သာမက ဒီလိုအောင်မြင်မှုသည် ကင်ဆာ၊ ငှက်ဖျားနှင့် အခြားဗိုင်းရပ်စ်ရောဂါမျာအပါအဝင် အခြားသော ဆေးဘက်ဆိုင်ရာ စိန်ခေါ်မှုများအတွက် မျှော်လင့်ချက်များကို ပြန်လည်တောက်ပလာစေသည်။ ဆက်လက်ရင်းနှီးမြှုပ်နှံမှုနှင့် စွန့်လွှတ်အနစ်နာခံမှုဖြင့် ဆေးပညာ၏အနာဂတ်သည် ယခုကဲ့သို့ စိတ်လှုပ်ရှားဖွယ်ကောင်းသည့် အလားအလာမျိုး ယခင်က မရှိခဲ့ကြောင်းကိုလည်း ဒီအောင်မြင်မှုက ဖော်ပြနေသည်။ 🌈✨

ကိုးကား 📌📌

https://www.facebook.com/share/p/17PerRwtTX/?mibextid=wwXIfr

HIV ပိုး ရှိ/မရှိစစ်ဆေးခြင်းဟာဘယ်လောက်အရေးပါလဲ?    HIV ရောဂါပိုးစစ်ဆေးခြင်းဟာ သင်တစ်ယောက်ထဲအတွက်သာမက လူအများရဲ့ကျန်းမာရေ...
24/07/2025

HIV ပိုး ရှိ/မရှိစစ်ဆေးခြင်းဟာဘယ်လောက်အရေးပါလဲ?

HIV ရောဂါပိုးစစ်ဆေးခြင်းဟာ သင်တစ်ယောက်ထဲအတွက်သာမက လူအများရဲ့ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အရေးကြီးတဲ့အဆင့်တစ်ဆင့်ဖြစ်ပါတယ်။ အောက်ဖော်ပြပါအချက်တွေကတော့ HIV ပိုးစစ်ခြင်းခြင်းရဲ့ အရေးပါပုံတွေပဲဖြစ်ပါတယ်။

၁။ စောစီးစွာရောဂါပိုးရှိကြောင်းတွေ့ရှိခြင်း- သင့်တွင် HIV ရောဂါပိုးရှိကြောင်းစောစီးစွာသိရှိခြင်းကြောင့် အချိန်မှီကုသမှုခံယူနိုင်ပြီး ကောင်းမွန်သောကျန်းမာရေးနှင့် သက်တမ်းစေ့နေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

2. ရောဂါပိုးကူးစက်ပြန့်ပွားမှုအားတားဆီးနိုင်ခြင်း- ပုံမှန်စစ်ဆေးမှုခံယူခြင်းဖြင့် မိမိတွင်ရောဂါပိုးရှိမှန်း မသိသူများထံမှ အခြားသူများအားကူးစက်နိုင်ခြေကိုလျော့ကျစေနိုင်ပါသည်။

3. လိုအပ်သောကုသမှုရယူနိုင်ခြင်း: ရောဂါစစ်ဆေးမှုခံယူသူများအနေဖြင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ၊ အထောက်အပံ့များ ရရှိနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်ကျန်းမာရေးအားဂရုစိုက်နိုင်ရန် ကူညီပေးနိုင်မည်ဖြစ်သည်။

4. ဆုံးဖြတ်ချက်ချရန်လွယ်ကူခြင်း- သင်၏ HIV အခြေအနေကို သိရှိခြင်းက သင့်လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် ဆက်ဆံရေးများအကြောင်း ရွေးချယ်မှုများ ပြုလုပ်နိုင်စေပြီး ပိုမိုဘေးကင်းသော အလေ့အကျင့်များကို ဆောင်ရွက်စေနိုင်ပါသည်။

5. အထင်လွဲမှားမှုများလျှော့ချခြင်း - ပုံမှန်ဆေးစစ်ခြင်းဖြင့် HIVနှင့်ပက်သက်ပြီးပုံမှန်ပြောဆိုဆွေးနွေးနိုင်ပြီး HIV ပိုးနှင့်ပက်သက်သော ခွဲခြားဆက်ဆံမှုများ ကိုလျော့ကျစေနိုင်ပါသည်။


HC Medical Center
https://t.me/HcMedicalOfficial
#အမျိုးသားကျန်းမာရေး #အလေးပေးဆွေးနွေးသင့်ကျန်းမာရေး

"ဘယ်သူတွေမှာ HIV ပိုး ကူးစက်နိုင်သလဲ" 🤔🤔🤔🧐 ဘယ်သူတွေမှာ HIVပိုး ကူးစက်နိုင်သလဲ ဆိုတဲ့မေးခွန်းကို ခင် တို့ကိုမေးခဲ့ရင် ဘယ်...
23/07/2025

"ဘယ်သူတွေမှာ HIV ပိုး ကူးစက်နိုင်သလဲ" 🤔🤔🤔

🧐 ဘယ်သူတွေမှာ HIVပိုး ကူးစက်နိုင်သလဲ ဆိုတဲ့မေးခွန်းကို ခင် တို့ကိုမေးခဲ့ရင် ဘယ်လို ဖြေဖြစ်ကြမလဲ
👉 တကယ်တော့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ကနေကူးစက်နိုင်တဲ့ ရောဂါပိုးဖြစ်တာမို့ လိင်ဆက်ဆံမှုရှိတဲ့အရွယ်ရောက်ပြီးသား လူတိုင်း ကျားမမရွေး HIV ပိုးကူးစက်နိုင်တဲ့ အန္တရာယ် ရှိပါတယ်နော်
👉 ရောဂါပိုးရှိတဲ့သွေးသွင်းမိတာ ကနေလဲကူးနိုင်တာမို့ သွေးသွင်းကုသရသူ နာတာရှည်ရောဂါရှိသူတွေလဲ ကူးစက်နိုင်တဲ့ အန္တရာယ် ရှိပါတယ်
👉 ဆေးထိုးအပ်ဆေးထိုးပြွန်တွေမျှဝေသုံးစွဲတဲ့သူတွေဆိုရင်လဲ ကူးစက်ဖို့ အန္တရာယ် များပါတယ်
👉 HIVရောဂါပိုးရှိသူမိခင်က ကိုယ်ဝန်ဆောင်စဥ်မှာ ပိုးထိန်းချုပ်မှုမရထားရင် ကလေးလေးကိုလည်း ကူးစက်နိုင်ပါတယ်နော်
💙 ဒါကြောင့် HIV ပိုးကူးစက်နိုင်တဲ့ အန္တရာယ်က ကိုယ်နဲ့ လက်တစ်ကမ်းမှာရှိတာမို့ ကူးစက်စေနိုင်တဲ့ အခြေအနေရှိဖူးသူတွေအနေနဲ့ ပုံမှန် သွေးစစ်ဆေးဖို့လိုအပ်ပါတယ်
📌 ဒီထဲမှာမှ ပါတနာတစ်ဦးထက်ပိုသူတွေ မူးယစ်ဆေးသုံးစွဲသူတွေကတော့ ပိုပြီးကူးစက်နိုင်တာမို့ ကာကွယ်ရင်း ဂရုတစိုက်နေထိုင်ရပါမယ်

💌 မိမိအနေနဲ့ အမျိုးသားကျန်းမာရေးနဲ့ သက်ဆိုင်သမျှကို ဆွေးနွေး
လိုပါက မင်မင်တို့ ဆီကို ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။

ယုံကြည်စိတ်ချနွေးထွေးစွာ HC Medical Center ဆီရင်ဖွင့်ပါ
https://t.me/HcMedicalOfficial

Ref : HIV အရေးခင့်ကိုမေး CRD

Address

Yangon

Alerts

Be the first to know and let us send you an email when Hc Medical Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share