IHH Healthcare Singapore - Myanmar Office

IHH Healthcare Singapore - Myanmar Office IHH Healthcare Singapore's official representative office in Myanmar. We have 2 offices in Myanmar, one in Yangon and one in Mandalay, Mingalar Mandalay Estate.

စိတ်အေးချမ်းမှုဆိုတာ ကျန်းမာတဲ့ အစာအိမ်အူလမ်းကြောင်းကို စစ်ဆေးတာကနေ စတင်ပါတယ်။အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေဟာ သိသာတဲ့...
25/08/2026

စိတ်အေးချမ်းမှုဆိုတာ ကျန်းမာတဲ့ အစာအိမ်အူလမ်းကြောင်းကို စစ်ဆေးတာကနေ စတင်ပါတယ်။

အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေဟာ သိသာတဲ့ ရောဂါလက္ခဏာ မပြဘဲ တိတ်တဆိတ် ဖြစ်ပွားနေတတ်ပါတယ်။ စင်ကာပူနိုင်ငံမှာ အစာအိမ်နဲ့ အူလမ်းကြောင်းမှန်ပြောင်း စစ်ဆေးတာဟာ ပိုပြင်းထန်တဲ့ ပြဿနာတွေ မဖြစ်ခင်မှာ ရောဂါကို စောစီးစွာ ရှာဖွေတွေ့ရှိနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

စိတ်ကြည်လင်အေးချမ်းမှုရစေဖို့ ယုံကြည်စိတ်ချရတဲ့ အထူးကုဆရာဝန်ကြီးများရဲ့ စစ်ဆေးကုသမှုကို ကုန်ကျစရိတ် အပြီးအစီး သတ်မှတ်ထားတဲ့ Package နဲ့ ရယူလိုက်ပါ။
💰 စင်ကာပူဒေါ်လာ ၃,၈၈၈ အပြီးအစီး
✔ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း
✔ မေ့ဆေး၊ အိပ်ဆေး အသုံးပြုခြင်း
✔ အစာအိမ် မှန်ပြောင်းကြည့်ခြင်း
✔ အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း

သင့်အစာအိမ်အူလမ်းကြောင်းကျန်းမာရေးအတွက် တိကျသေချာမှုနဲ့ အထူးကုဆရာဝန်ကြီးများရဲ့ ယုံကြည်စိတ်ချရတဲ့ ပြုစုစောက်ရှောက်မှုပါ လိုအပ်ပါတယ်။ Package အသေးစိတ်ကို သိရှိနိုင်ဖို့ မက်ဆေ့ချ်ပို့ပြီး (သို့) သင့်အချက်အလက်များကို ပေးပို့စုံစမ်းနိုင်ပါတယ်။
-----------
𝗣𝗲𝗮𝗰𝗲 𝗼𝗳 𝗺𝗶𝗻𝗱 𝘀𝘁𝗮𝗿𝘁𝘀 𝘄𝗶𝘁𝗵 𝗮 𝗰𝗹𝗲𝗮𝗿 𝗴𝘂𝘁 𝗰𝗵𝗲𝗰𝗸.

Many stomach and intestinal conditions can develop quietly, without obvious symptoms. A comprehensive gastroscopy and colonoscopy screening in Singapore can help detect potential issues early, before they become more serious.

With our specialists, receive trusted specialist care through a fixed-price package designed for clarity and peace of mind.

💰 𝗦𝗚𝗗 𝟯,𝟴𝟴𝟴 𝗡𝗘𝗧𝗧
✔ Consultation
✔ Sedation
✔ Gastroscopy
✔ Colonoscopy

Because your gut health deserves both transparency and expert care, Mount Elizabeth Hospitals gives you clear pricing in one package.

Message us or submit your details to learn more.
-----------
ဆက်သွယ်ရန် – Mount Elizabeth Hospitals Singapore, Myanmar Office
ရန်ကုန် Helpline: 09-430 66666, 09-430 66663
မန္တလေး Helpline: 09-430 66667, 09-7930 66667

စင်ကာပူနိုင်ငံ၊ Mount Elizabeth ဆေးရုံမှာ ပြင်းထန်နှလုံးအဆို့ရှင်မလုံခြင်း ဝေဒနာ ခံစားနေရတဲ့ လူနာတစ်ဦးကို ဒီရောဂါအခြေအနေ...
25/08/2026

စင်ကာပူနိုင်ငံ၊ Mount Elizabeth ဆေးရုံမှာ ပြင်းထန်နှလုံးအဆို့ရှင်မလုံခြင်း ဝေဒနာ ခံစားနေရတဲ့ လူနာတစ်ဦးကို ဒီရောဂါအခြေအနေအတွက် သီးသန့်ဖန်တီးထားတဲ့ တစ်ခုတည်းသော နှလုံးအဆို့ရှင်အစားထိုးကုသမှုဖြစ်တဲ့ JenaValve Trilogy™ System ကို အသုံးပြုပြီး အဆို့ရှင်အစားထိုးကုသမှုကို မကြာသေးမီကတင် အောင်မြင်စွာ လုပ်ဆောင်ပေးခဲ့ပါတယ်။

နှလုံးသွေးကြော အထူးကုဆရာဝန်ကြီး ဒေါက်တာ Paul Chiamနဲ့ ပုံရိပ်ဖော် နှလုံးအထူးကု ဆရာဝန်ကြီး ဒေါက်တာ Lim Choon Pinတို့ ဦးဆောင်ခဲ့တဲ့ ဒီကုသမှုဟာ ရှုပ်ထွေးတဲ့ နှလုံးဝေဒနာခံစားနေရတဲ့ လူနာတွေအတွက် အသင့်တော်ဆုံး ခေတ်မီကုသမှုတွေကို အမြဲမပြတ် ဝန်ဆောင်မှုပေးနေတဲ့ ကျွန်တော်တို့ရဲ့ ကတိကို ပေါ်လွင်စေပါတယ်။ ဒီကုသနည်းဟာ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပွားနိုင်ခြေ ခန့်မှန်းခြေ ၁-၂%ဝန်းကျင် ရှိတတ်ပေမယ့်လည်း လူနာတစ်ဦးချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး ကြုံတွေ့ရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ကွာခြားမှု ရှိနိုင်တာကြောင့် ကုသမှုပေးမယ့် ဆရာဝန်က အသေးစိတ် စမ်းသပ်စစ်ဆေးပေးပါလိမ့်မယ်။

ပြင်းထန်နှလုံးအဆို့ရှင်မလုံခြင်းရောဂါအကြောင်းနဲ့ ဒီခေတ်မီကုသနည်းက လူနာပြုစုစောင့်ရှောက်မှုအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင်မလဲဆိုတာကို ပိုမိုသိရှိနိုင်ဖို့ ဘေးကိုရွှေ့ပြီး ဖတ်ရှုလေ့လာနိုင်ပါတယ်။
-----------
Mount Elizabeth Hospital Singapore recently performed a transcatheter procedure for severe aortic regurgitation using the 𝗝𝗲𝗻𝗮𝗩𝗮𝗹𝘃𝗲 𝗧𝗿𝗶𝗹𝗼𝗴𝘆™ 𝗦𝘆𝘀𝘁𝗲𝗺, the only transcatheter aortic valve replacement purpose-built for this condition.

Led by Interventional Cardiologist 𝗗𝗿 𝗣𝗮𝘂𝗹 𝗖𝗵𝗶𝗮𝗺, together with Imaging Cardiologist 𝗗𝗿 𝗟𝗶𝗺 𝗖𝗵𝗼𝗼𝗻 𝗣𝗶𝗻, this milestone reflects our ongoing commitment to bringing clinically appropriate innovations to patients with complex heart conditions. The procedure is associated with an expected major complication rate of approximately 1–2%, although individual risks vary depending on each patient's condition and will be assessed by the treating doctor.

Swipe to learn more about severe aortic regurgitation and what this advancement could mean for patient care.
-----------
Mount Elizabeth Centre for Heart Health အကြောင်း ပိုမိုသိရှိနိုင်ရန် လေ့လာနိုင်ပါတယ်။ https://www.mountelizabeth.com.sg/conditions-treatments/heart-health

ဆက်သွယ်ရန် – Mount Elizabeth Hospitals Singapore, Myanmar Office
ရန်ကုန် Helpline: 09-430 66666, 09-430 66663
မန္တလေး Helpline: 09-430 66667, 09-7930 66667

မပျောက်ဘဲ ဆက်တိုက်ချောင်းဆိုးနေတာက သာမန် အအေးမိတာထက် ပိုနိုင်လား?အဆုတ်ကင်ဆာဟာ တစ်ကမ္ဘာလုံးမှာ အဖြစ်များဆုံး ကင်ဆာရောဂါတွ...
18/08/2026

မပျောက်ဘဲ ဆက်တိုက်ချောင်းဆိုးနေတာက သာမန် အအေးမိတာထက် ပိုနိုင်လား?

အဆုတ်ကင်ဆာဟာ တစ်ကမ္ဘာလုံးမှာ အဖြစ်များဆုံး ကင်ဆာရောဂါတွေထဲက တစ်ခုဖြစ်ပြီး အစောပိုင်း ပြသတဲ့ လက္ခဏာတွေကို သာမန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ မှားယွင်းတတ်ကြပါတယ်။

ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းဖြစ်ပြီး ဆေးလိပ်မသောက်သူတွေမှာလည်း အဆုတ်ကင်ဆာဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် နာတာရှည်ရောဂါလက္ခဏာတွေ (သို့) အသက်ရှူရတာ ပြောင်းလဲလာတာတွေကို လျစ်လျူမရှုဖို့ အရေးကြီးပါတယ်။

ရောဂါလက္ခဏာများကို သိရှိနိုင်အောင် လေ့လာပါ၊ သင့်ရဲ့ ရောဂါဖြစ်နိုင်ခြေကို နားလည်ထားပါ၊ စောစီးစွာ ရောဂါရှာဖွေတွေ့ရှိနိုင်ဖို့ ပထမဆုံး ခြေလှမ်းကို စတင်လိုက်ပါ။
-----------
𝗖𝗼𝘂𝗹𝗱 𝗮 𝗽𝗲𝗿𝘀𝗶𝘀𝘁𝗲𝗻𝘁 𝗰𝗼𝘂𝗴𝗵 𝗯𝗲 𝗺𝗼𝗿𝗲 𝘁𝗵𝗮𝗻 𝗷𝘂𝘀𝘁 𝗮 𝗰𝗼𝗺𝗺𝗼𝗻 𝗰𝗼𝗹𝗱?

Lung cancer is one of the most common cancers worldwide, yet its early signs are often mistaken for everyday respiratory illnesses.

While smoking remains the leading risk factor, lung cancer can also affect non-smokers. That’s why it’s important not to ignore persistent symptoms or changes in your breathing.

Learn to recognise the signs, understand your risk, and take the first step towards earlier detection.
-----------
ပိုမိုလေ့လာရန် https://www.mountelizabeth.com.sg/conditions-diseases/lung-cancer
ဆက်သွယ်ရန် – Mount Elizabeth Hospitals Singapore, Myanmar Office
ရန်ကုန် Helpline: 09-430 66666, 09-430 66663
မန္တလေး Helpline: 09-430 66667, 09-7930 66667


နေကောင်းတယ်လို့ ခံစားရတာက အရာအားလုံး ကောင်းနေတယ်လို့ မဆိုလိုပါဘူး။အသက် ၄၀ ကျော်လာတဲ့အခါ နာတာရှည်ရောဂါတွေနဲ့ ကင်ဆာရောဂါတွ...
12/08/2026

နေကောင်းတယ်လို့ ခံစားရတာက အရာအားလုံး ကောင်းနေတယ်လို့ မဆိုလိုပါဘူး။

အသက် ၄၀ ကျော်လာတဲ့အခါ နာတာရှည်ရောဂါတွေနဲ့ ကင်ဆာရောဂါတွေဟာ ရောဂါအစောပိုင်းအဆင့်တွေမှာ သိသာထင်ရှားတဲ့ လက္ခဏာတွေ မပြဘဲ တိတ်တဆိတ် ဖြစ်ပွားလာတတ်ပါတယ်။

ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းက သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတွင်း ကိုလက်စထရော မြင့်မားခြင်းနဲ့ ကင်ဆာရောဂါအချို့ကို ပိုမိုထိရောက်စွာ ကုသနိုင်တဲ့ အစောပိုင်းအဆင့်မှာတင် ကြိုတင်သိရှိနိုင်အောင် ကူညီပေးနိုင်ပါတယ်။

သင့်အတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေက သင့်ရဲ့ အသက်၊ နေထိုင်မှုပုံစံ၊ မိသားစုရောဂါရာဇဝင်နဲ့ တစ်ကိုယ်ရေ ကျန်းမာရေးအခြေအနေတွေအပေါ် မူတည်ပါတယ်။

သင့်ကျန်းမာရေးအတွက် ခုပဲ စတင်ပြီး ကြိုတင်ပြင်ဆင်လိုက်ပါ။ သင့်အတွက် အသင့်တော်ဆုံးဖြစ်မယ့် စစ်ဆေးမှုအစီအစဉ်ကို သိရှိနိုင်ဖို့ Mount Elizabeth ဆေးရုံကြီးတွေက ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။
-----------
𝗙𝗲𝗲𝗹𝗶𝗻𝗴 𝗳𝗶𝗻𝗲 𝗱𝗼𝗲𝘀 𝗻𝗼𝘁 𝗮𝗹𝘄𝗮𝘆𝘀 𝗺𝗲𝗮𝗻 𝗲𝘃𝗲𝗿𝘆𝘁𝗵𝗶𝗻𝗴 𝗶𝘀 𝗳𝗶𝗻𝗲.

After 40, many chronic diseases and cancers can develop quietly, without obvious warning signs in the early stages.

Regular health screening can help detect conditions such as high blood pressure, diabetes, high cholesterol, and certain cancers earlier, when treatment may be more effective.

Your screening needs may depend on your age, lifestyle, family history, and overall health.

Take a proactive step towards your health. Speak with a doctor at Mount Elizabeth Hospitals to find the screening plan that's right for you.
-----------
ပိုမိုလေ့လာရန် https://www.mountelizabeth.com.sg/health-plus/article/health-check-after-40
ဆက်သွယ်ရန် – Mount Elizabeth Hospitals Singapore, Myanmar Office
ရန်ကုန် Helpline: 09-430 66666, 09-430 66663
မန္တလေး Helpline: 09-430 66667, 09-7930 66667

11/08/2026

နှလုံးသွေးကြောကျဉ်းရောဂါ ကုသနည်းတွေကို ရွေးချယ်ဖို့ သင် (သို့) သင်ဂရုစိုက်ရတဲ့ လူတစ်ယောက်အတွက် ဆုံးဖြတ်ရတာ ရှုပ်ထွေးခက်ခဲနေပါသလား?

အန္တရာယ်များတဲ့ လူနာတချို့မှာ ရှုပ်ထွေးတဲ့ နှလုံးသွေးကြောချဲ့တာ လုပ်ရတဲ့အခါ အင်ပယ်လာနှလုံးခုန်စက်ကို အသုံးပြုနိုင်ပြီး သူက ခွဲစိတ်စရာမလိုဘဲ အပ်ပေါက်ရာအသေးလေးဖောက်ပြီး သွေးကြောပိတ်တာတွေကို ကုသနေစဉ်အတွင်းမှာ နှလုံးကို ခဏကူညီပေးပြီး သွေးလည်ပတ်မှု ပုံမှန်အတိုင်း ဆက်ရှိနေစေပါတယ်။

သင့်အတွက် ဘယ်ကုသနည်းတွေက သင့်တော်မလဲဆိုတာကို သိရှိနိုင်ဖို့ ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်ရုံးကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
-----------
𝗛𝗮𝘀 𝗰𝗼𝗿𝗼𝗻𝗮𝗿𝘆 𝗮𝗿𝘁𝗲𝗿𝘆 𝗱𝗶𝘀𝗲𝗮𝘀𝗲 𝗺𝗮𝗱𝗲 𝘁𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 𝗱𝗲𝗰𝗶𝘀𝗶𝗼𝗻𝘀 𝗳𝗲𝗲𝗹 𝗺𝗼𝗿𝗲 𝗰𝗼𝗺𝗽𝗹𝗲𝘅 𝗳𝗼𝗿 𝘆𝗼𝘂 𝗼𝗿 𝘀𝗼𝗺𝗲𝗼𝗻𝗲 𝘆𝗼𝘂 𝗰𝗮𝗿𝗲 𝗳𝗼𝗿?

For selected high-risk patients the Impella heart pump may be used during complex angioplasty (PCI) to provide temporary support to the heart and help maintain blood circulation while blocked arteries are being opened through a minimally invasive procedure.

Contact our representative office to find out what treatment options may be suitable for you.
-----------
ပိုမိုလေ့လာရန် https://www.mountelizabeth.com.sg/health-plus/article/impella-heart-pump
ဆက်သွယ်ရန် – Mount Elizabeth Hospitals Singapore, Myanmar Office
ရန်ကုန် Helpline: 09-430 66666, 09-430 66663
မန္တလေး Helpline: 09-430 66667, 09-7930 66667

အကျိတ်ဟာ ကျောရိုး၊ ဦးနှောက် (သို့) အဓိက အင်္ဂါအစိတ်အပိုင်းတွေနားမှာ ကြီးလာတဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ?အချို့Sarcomaလူနာတွေ...
04/08/2026

အကျိတ်ဟာ ကျောရိုး၊ ဦးနှောက် (သို့) အဓိက အင်္ဂါအစိတ်အပိုင်းတွေနားမှာ ကြီးလာတဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ?

အချို့Sarcomaလူနာတွေအတွက် ကင်ဆာအကျိတ်နေရာက ကုသမှုပြုလုပ်ဖို့ကို ပိုပြီး ရှုပ်ထွေးစေနိုင်ပါတယ်။ ဆရာဝန်တွေအနေနဲ့ ကင်ဆာကို ဘယ်လိုကုသရမလဲကိုရော အနားက ကျန်းမာတဲ့ တစ်ရှူးတွေကိုပါ မထိခိုက်အောင် ဘယ်လို ကာကွယ်ပေးရမလဲဆိုတာကိုပါ ထည့်စဉ်းစားဖို့ လိုအပ်ပါတယ်။

သင့်တော်တဲ့ အချို့လူနာတွေအတွက် ပရိုတွန် ရောင်ခြည်ကုထုံးဟာ ဓာတ်ရောင်ခြည် အများစုကို အကျိတ်ဆီ တိုက်ရိုက် ပို့ပေးပြီး အနောက်ဘက်ကို မရောက်အောင် ကူညီပေးနိုင်ပါတယ်။ အရေးကြီးတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနားမှာ ဖြစ်နေတဲ့ အချို့Sarcomaကင်ဆာတွေ (သို့) ကလေးတွေနဲ့ လူငယ်တွေရဲ့ ဖွံ့ဖြိုးဆဲတစ်ရှူးတွေအတွက် ဒီကုထုံးဟာ များစွာ အကျိုးကျေးဇူး ရှိစေနိုင်ပါတယ်။

Sarcomaကင်ဆာတိုင်းဟာ မတူညီကြသလို ကုသမှု ပုံစံတွေဟာလည်း ကွဲပြားကြပါတယ်။ ပရိုတွန် ရောင်ခြည်ကုထုံးဟာ သင် (သို့) သင်ချစ်ရတဲ့သူအတွက် သင့်တော်မှု ရှိ၊မရှိ ပိုသိနိုင်ဖို့ ကျွန်ုပ်တို့ရဲ့ ကင်ဆာစောင့်ရှောက်ကုသရေး ပညာရှင်များအဖွဲ့နဲ့ ဆက်သွယ်တိုင်ပင် ဆွေးနွေးနိုင်ပါတယ်။
-----------
𝗪𝗵𝗮𝘁 𝗵𝗮𝗽𝗽𝗲𝗻𝘀 𝘄𝗵𝗲𝗻 𝗮 𝘁𝘂𝗺𝗼𝘂𝗿 𝗴𝗿𝗼𝘄𝘀 𝗰𝗹𝗼𝘀𝗲 𝘁𝗼 𝘁𝗵𝗲 𝘀𝗽𝗶𝗻𝗲, 𝗯𝗿𝗮𝗶𝗻 𝗼𝗿 𝘃𝗶𝘁𝗮𝗹 𝗼𝗿𝗴𝗮𝗻𝘀?

For some people with sarcoma, the tumour’s location can make treatment planning more complex. Doctors need to consider not only how to treat the cancer, but also how to help protect the healthy tissues around it.

For selected patients, Proton Beam Therapy may help by delivering most of the radiation dose at the tumour, with little to no exit dose. This may be particularly beneficial for selected sarcomas near critical structures or for developing tissues in some children and young adults.

Every sarcoma is unique, and so is every treatment plan. Speak with our multidisciplinary cancer care team to understand whether Proton Beam Therapy may be suitable for you or your loved one.
-----------
ပိုမိုလေ့လာရန် https://www.mountelizabeth.com.sg/health-plus/article/what-is-sarcoma-how-rare-is-it
ဆက်သွယ်ရန် – Mount Elizabeth Hospitals Singapore, Myanmar Office
ရန်ကုန် Helpline: 09-430 66666, 09-430 66663
မန္တလေး Helpline: 09-430 66667, 09-7930 66667

⚽ ကွင်းထဲမှာ ပြန်ကစားနိုင်ဖို့ မှန်ကန်တဲ့ ကစားကွက်ဗျူဟာ ရှိတာနဲ့ စတင်ပါတယ်။ အားကစားဒဏ်ရာဆိုတာ အစမှာ သာမန် အဆစ်လွဲတာလို့ ...
30/07/2026

⚽ ကွင်းထဲမှာ ပြန်ကစားနိုင်ဖို့ မှန်ကန်တဲ့ ကစားကွက်ဗျူဟာ ရှိတာနဲ့ စတင်ပါတယ်။

အားကစားဒဏ်ရာဆိုတာ အစမှာ သာမန် အဆစ်လွဲတာလို့ ခံစားရပေမယ့် အနာမသက်သာခြင်း၊ ရောင်ရမ်းခြင်း၊ အရိုးဆစ် မခိုင်ဘဲ ချောင်နေသလို ခံစားရခြင်း (သို့) ဒူးခေါက်လဲမတတ် ဖြစ်ခြင်းတွေက ပိုဆိုးရွားတဲ့ ဒဏ်ရာဖြစ်နေနိုင်ပါတယ်။

ဒဏ်ရာအနည်းဆုံး မှန်ပြောင်းကြည့် ခွဲစိတ်ကုသမှုဆိုတာ ခွဲစိတ်ရာအသေးလေးတွေနဲ့မှန်ပြောင်းသုံးပြီး အရိုးဆစ်ဒဏ်ရာတွေကို စစ်ဆေးကုသပေးတဲ့ နည်းဖြစ်ပြီး ကုသမှုနဲ့ ကိုက်ညီတဲ့ လူနာတွေအတွက် နာကျင်မှုကို ပိုနည်းစေပြီး သေးငယ်တဲ့ အမာရွတ်ပဲ ကျန်မယ့်အပြင် အမြန်ဆုံး သက်သာစေနိုင်ပါတယ်။

နာတာရှည် နာကျင်မှုတွေကြောင့် အရံခုံမှာ နေရတဲ့အထိ အဖြစ်မခံပါနဲ့။ ပြန်လည်ကစားနိုင်ဖို့ သင်နဲ့သင့်တော်တဲ့ ကုသနည်းတွေကို အရိုးအထူးကု ဆရာဝန်ကြီးတွေနဲ့ ပထမဆုံးခြေလှမ်းအဖြစ် တိုင်ပင်ဆွေးနွေးကြည့်လိုက်ပါ။
-----------
Every comeback starts with the right game plan. ⚽

A sports injury may feel like a simple sprain at first, but persistent pain, swelling, instability, or joint locking could point to something more.

Minimally invasive arthroscopy, also known as keyhole surgery, may help diagnose and treat certain joint injuries through small incisions, supporting less pain, smaller scars, and faster recovery for suitable patients.

Don't let an injury keep you on the sidelines. Take the first step towards your comeback by speaking with an orthopaedic specialist to explore your treatment options.
-----------
ပိုမိုလေ့လာရန် https://www.mountelizabeth.com.sg/tests-treatments/arthroscopy
ဆက်သွယ်ရန် – Mount Elizabeth Hospitals Singapore, Myanmar Office
ရန်ကုန် Helpline: 09-430 66666, 09-430 66663
မန္တလေး Helpline: 09-430 66667, 09-7930 66667

အရှေ့တောင်အာရှ နှလုံးကုသမှုသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ကုသနိုင်ခဲ့ခြင်းMount Elizabeth Novena ဆေးရုံကြီးသည် ၂၀၂၆ ခုနှ...
14/07/2026

အရှေ့တောင်အာရှ နှလုံးကုသမှုသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ကုသနိုင်ခဲ့ခြင်း

Mount Elizabeth Novena ဆေးရုံကြီးသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် နောက်ဆုံးပေါ် VOLT Pulsed Field Ablationစနစ်ကို အသုံးပြုပြီး နှလုံးခုန်မမှန်ခြင်းအတွက် ကုသမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တာကြောင့် ကျွန်ုပ်တို့ဆေးရုံဟာ ဒီအဆင့်မြင့်နည်းပညာကို အရှေ့တောင်အာရှမှာ ပထမဆုံး စတင်အသုံးပြုတဲ့ ဆေးရုံဖြစ်လာခဲ့ပါတယ်။

လျှပ်စစ်နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးများ ဖြစ်ကြတဲ့ ဒေါက်တာ Jeremy Chowနှင့် ဒေါက်တာ Pipin Kojodjojoတို့မှ ဦးဆောင်ပြုလုပ်ခဲ့တဲ့ ကုသမှုဟာ ကျွန်ုပ်တို့ဆေးရုံရဲ့ ကုသမှု စွမ်းဆောင်ရည်ပိုင်းတွင် သိသာထင်ရှားသော ခြေလှမ်းသစ်တစ်ခု ဖြစ်ပါတယ်။ နှလုံးတုန်ခါခြင်းကဲ့သို့ နှလုံးခုန်မမှန်တဲ့ရောဂါ ခံစားနေရသည့် လူနာများအတွက် VOLT PFA စနစ်ဖြင့် တိကျသေချာတဲ့ ကုသမှု ပေးနိုင်ရန် ပုံစံထုတ်လုပ်ထားခြင်းကြောင့် ဆရာဝန်များအနေဖြင့် ကုသမှုကို အမှားအယွင်းမရှိ အထိရောက်ဆုံး လုပ်ဆောင်ပေးနိုင်ရန် ကူညီပေးပါတယ်။

နှလုံးရောဂါကုသမှု တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ကျွန်ုပ်တို့ဟာ လူနာတစ်ဦးချင်းစီနှင့် ကိုက်ညီမယ့် နောက်ဆုံးပေါ် ကုသမှုနည်းတွေကို ရွေးချယ်နိုင်စေဖို့ အဆင့်မြင့်နည်းပညာများကို ဒေသတွင်းမှာ ဆက်လက်ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

ကုသမှုက သင့်အတွက် သင့်တော်မှု ရှိ၊ မရှိ သေချာသိရှိနိုင်ဖို့ ကျွန်တော်တို့ရဲ့ အထူးကုဆရာဝန်ကြီးနဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။
-----------
𝗔 𝗰𝗹𝗶𝗻𝗶𝗰𝗮𝗹 𝗳𝗶𝗿𝘀𝘁 𝗳𝗼𝗿 𝗵𝗲𝗮𝗿𝘁 𝗰𝗮𝗿𝗲 𝗶𝗻 𝗦𝗼𝘂𝘁𝗵𝗲𝗮𝘀𝘁 𝗔𝘀𝗶𝗮.

Mount Elizabeth Novena Hospital has successfully performed a catheter ablation procedure using the new 𝗩𝗢𝗟𝗧 𝗣𝘂𝗹𝘀𝗲𝗱 𝗙𝗶𝗲𝗹𝗱 𝗔𝗯𝗹𝗮𝘁𝗶𝗼𝗻 (𝗣𝗙𝗔) 𝗦𝘆𝘀𝘁𝗲𝗺 on 8 July 2026, making us the 𝗳𝗶𝗿𝘀𝘁 𝗵𝗼𝘀𝗽𝗶𝘁𝗮𝗹 𝗶𝗻 𝗦𝗼𝘂𝘁𝗵𝗲𝗮𝘀𝘁 𝗔𝘀𝗶𝗮 to utilize this advanced technology.

Led by Electrophysiologists Dr Jeremy Chow and Dr Pipin Kojodjojo, this procedure marks a significant step forward in our clinical capabilities. For patients living with heart rhythm conditions like atrial fibrillation, the VOLT PFA System is engineered to support highly targeted ablation, helping doctors deliver treatment with clinical precision.

As cardiac care evolves, we continue to bring next-generation technologies to the region, ensuring our patients have access to the latest tailored treatment options.

Speak with our specialist to understand whether catheter ablation may be suitable for you.
-----------
ဆက်သွယ်ရန် – Mount Elizabeth Hospitals Singapore, Myanmar Office
ရန်ကုန် Helpline: 09-430 66666, 09-430 66663
မန္တလေး Helpline: 09-430 66667, 09-7930 66667

10/07/2026

သင့်ရဲ့ရောဂါလက္ခဏာတွေက တစ်ခုခုကို သတိပေးနေတာမျိုး ဖြစ်နေရင်?

အသံဝင်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ မျိုချရခက်ခဲခြင်း၊ လည်ချောင်းနာမပျောက်ခြင်းတွေဟာ အစမှာ သာမန်ဖျားနာတာလို့ ထင်ရပေမယ့် မပျောက်ဘဲ ဆက်ရှိနေရင် သေချာ ဂရုစိုက်စစ်ဆေးဖို့ လိုအပ်ပါတယ်။

ဦးခေါင်းနဲ့ လည်ပင်းကင်ဆာဟာ စကားပြောခြင်း၊ အသက်ရှူခြင်းနဲ့ အစာမျိုချခြင်းတွေလို နုနယ်တဲ့ နေရာတွေကို ထိခိုက်စေနိုင်ပါတယ်။ သင့်တော်တဲ့ လူနာတွေအတွက် ပရိုတွန်ရောင်ခြည်ကုထုံးဟာ ကင်ဆာကျိတ်ရှိတဲ့နေရာကို တိကျသေချာစွာ ဓာတ်ရောင်ခြည်ပေး ကုသနိုင်ပြီး အနီးနားက ကောင်းမွန်တဲ့ တစ်သျှူးတွေကို ဓာတ်ရောင်ခြည်ထိတွေ့မှု လျှော့ချပေးနိုင်ပါတယ်။

ပရိုတွန်ရောင်ခြည်ကုထုံးဟာ သင့်အတွက် သင့်တော်မှု ရှိ၊ မရှိ သေချာသိရှိနိုင်ဖို့ အထူးကုဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်ကြည့်ပါ။
-----------
𝗪𝗵𝗮𝘁 𝗶𝗳 𝘆𝗼𝘂𝗿 𝘀𝘆𝗺𝗽𝘁𝗼𝗺𝘀 𝗮𝗿𝗲 𝘁𝗿𝘆𝗶𝗻𝗴 𝘁𝗼 𝘁𝗲𝗹𝗹 𝘆𝗼𝘂 𝘀𝗼𝗺𝗲𝘁𝗵𝗶𝗻𝗴?

A hoarse voice, blocked nose, trouble swallowing, or a sore throat that does not go away may seem ordinary at first, but persistent symptoms deserve a closer look.

Head & neck cancer can affect delicate areas involved in speaking, breathing, and swallowing. For suitable patients, Proton Beam Therapy offers a highly precise form of radiation treatment that targets cancer while helping reduce radiation exposure to nearby healthy tissues.

Speak to a specialist to learn whether proton beam therapy may be suitable for you.
-----------
ပိုမိုလေ့လာရန် https://www.mountelizabeth.com.sg/tests-treatments/proton-beam-therapy
ဆက်သွယ်ရန် – Mount Elizabeth Hospitals Singapore, Myanmar Office
ရန်ကုန် Helpline: 09-430 66666, 09-430 66663
မန္တလေး Helpline: 09-430 66667, 09-7930 66667

Address

No. 24, 1-D, Nawarat Condo, Sa Mone Street (Near National Theater & Myo Ma Kyaung Road) Dagon Township
Yangon
11191

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

0943066666

Alerts

Be the first to know and let us send you an email when IHH Healthcare Singapore - Myanmar Office posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to IHH Healthcare Singapore - Myanmar Office:

Shortcuts

Share