Nutri Daily-Nutrition Center & Clinic

Nutri Daily-Nutrition Center & Clinic ကျန်းမာရေးအတွက် လိုအပ်သည့်အာဟာရများမျှတစေရန် အာဟာရဆရာဝန်/ပညာရှင်များမှဆွေးနွေးအကြံပေးကူညီနေပါသည်။

အင်ဆူလင်ဆိုတာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်တဲ့ ဟော်မုန်းပါ။ ခန္ဓာကိုယ်က အင်ဆူလင်ကို တုံ့ပြန်ပြီး သွေးတွင်းသကြားဓာတ...
29/08/2026

အင်ဆူလင်ဆိုတာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်တဲ့ ဟော်မုန်းပါ။ ခန္ဓာကိုယ်က အင်ဆူလင်ကို တုံ့ပြန်ပြီး သွေးတွင်းသကြားဓာတ်ထိန်းပေးတာကို insulin sensitivity လို့ ခေါ်ပါတယ်။
ခန္ဓာကိုယ်က အင်ဆူလင်ကို တုံ့ပြန်နိုင်မှ သွေးတွင်းသကြားဓာတ်ထိန်းနိုင်ပြီး ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်နိုင်မှာပါ။ ဒါကြောင့် insulin sensitivity ကောင်းစေမယ့် သဘာဝနည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။🌸

Insulin sensitivity ကောင်းစေမယ့် သဘာဝနည်းလမ်းတွေကတော့
🌼အိပ်ရေးဝဝ အိပ်ပါ။
အိပ်ချိန်ပြည့်ဝအောင် အိပ်စက်ခြင်းက insulin sensitivity ကို ကောင်းမွန်စေပါတယ်။

🌼လေ့ကျင့်ခန်းလုပ်ပါ။
တစ်ရက်ကို နာရီဝက်နဲ့ တစ်ပတ်ကို ၃-၅ရက်လောက် လေ့ကျင့်ခန်း လုပ်ပေးတာက insulin sensitivity ကို ကောင်းမွန်စေပါတယ်။

🌼စိတ်ဖိစီးမှုနည်းအောင်နေပါ။
စိတ်ဖိစီးမှုများခြင်းက insulin sensitivity ကို လျော့နည်းစေတာကြောင့် စိတ်ဖိစီးမှု ဖြေလျော့သင့်ပါတယ်။

🌼ကိုယ်အလေးချိန်လျှော့ပါ။
ဝမ်းဗိုက်မှာ အဆီစုခြင်းက insulin sensitivity နည်းစေပြီး အမျိုးအစား ၂ ဆီးချိုရောဂါကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်လျှော့မှ ဗိုက်အဆီကျပြီး insulin sensitivity ကောင်းလာမှာ ဖြစ်ပါတယ်။

🌼ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ။
Insulin sensitivity ကောင်းမွန်ဖို့ စားသင့်တဲ့ ပုံစံကတော့ အမျှင်ဓာတ်များများစားပါ။ အသီးအရွက်နဲ့ အသီးအနှံတွေ နေ့စဥ်ပါဝင်အောင် စားသောက်ပါ။ ပြန်ကြော်ဆီတွေ၊ အချိုတွေ လျော့စားပါ။ ဒါမှ insulin sensitivity ကောင်းမွန်လာမှာပါ။

အင်ဆူလင်တုံ့ပြန်မှု မကောင်းတဲ့အခါ ဆီးချိုရောဂါအပါအဝင် တခြားသော နာတာရှည်ရောဂါများ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ခုပြောခဲ့တဲ့ (၅)ချက်ကို လိုက်နာပြီး ကျန်းမာအောင် နေထိုင်ဖို့ တိုက်တွန်းချင်ပါတယ်။ ☘️

💚 𝐍𝐮𝐭𝐫𝐢 𝐃𝐚𝐢𝐥𝐲 မှ သင့်အတွက် အသင့်တော်ဆုံး အာဟာရအကြံဉာဏ်များနဲ့
ကျန်းမာရေးလမ်းကြောင်းမှန်ပေါ်မှာ အတူတူ
လျှောက်လှမ်းနိုင်အောင်အမြဲကူညီပေးနေပါမယ်ရှင်။
💬 သင့်ကျန်းမာရေးအတွက် မေးမြန်းလိုသည်များရှိပါက 𝐏𝐚𝐠𝐞𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှတဆင့် ဆက်သွယ်နိုင်ပါတယ်နော်။
🌱 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐂𝐡𝐨𝐢𝐜𝐞𝐬 𝐓𝐨𝐝𝐚𝐲, 𝐁𝐞𝐭𝐭𝐞𝐫 𝐋𝐢𝐟𝐞 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰 🌱

ချစ်ရတဲ့ သားသားမီးမီးလေးတွေ ကျန်းမာဖို့ အဆီဓာတ်လိုတယ်ဆိုတာ သိပါသလား . . .အဆီလိုတယ်ဆိုပေမယ့် ကောင်းတဲ့ အဆီဖြစ်ဖို့တော့ လိ...
25/08/2026

ချစ်ရတဲ့ သားသားမီးမီးလေးတွေ ကျန်းမာဖို့ အဆီဓာတ်လိုတယ်ဆိုတာ သိပါသလား . . .

အဆီလိုတယ်ဆိုပေမယ့် ကောင်းတဲ့ အဆီဖြစ်ဖို့တော့ လိုတာပေါ့နော်။ ဒီနေ့တော့ မေမေတို့အားလုံး ကြားဖူးနေကြတဲ့ omega 3 fatty acids က ဘေဘီလေးတို့အတွက် ဘယ်လိုကျန်းမာရေးကောင်းကျိုးတွေရှိလဲဆိုတာ ပြောပြပေးမယ်နော်။

Omega 3 fatty acids ဆိုတာ ခန္ဓာကိုယ်ကနေ မထုတ်နိုင်တာကြောင့် အစားအစာကနေ ရယူရတဲ့ essential fatty acids အမျိုးအစားပဲ ဖြစ်ပါတယ်။

Omega 3 fatty acids မှာ
📌 Alpha-linolenic acid (ALA)
📌 Eicosapentaenoic acid (EPA)
📌 Docosahexaenoic acid (DHA) ဆိုပြီး ၃မျိုးရှိပါတယ်။

ALA ကို ဟင်းရွက်ဆီ၊ အစေ့အဆန်ကနေ ရနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲရောက်တဲ့အခါ active forms ဖြစ်တဲ့ DHA နဲ့ EPA အဖြစ် ပြောင်းလဲသွားပါတယ်။
EPA နဲ့ DHA ကိုတော့ အဆီပါတဲ့ငါးတွေဖြစ်တဲ့ ဆယ်မွန်၊ မက်ကရယ်၊ တူနာငါးတွေကနေ ရနိုင်ပါတယ်။ Omega 3 fatty acids တွေက ဘေဘီလေးတွေအတွက် ဘယ်လိုကောင်းကျိုးတွေ ပေးနိုင်လဲဆိုတော့
Omega 3 fatty acids တွေက ဘေဘီလေးတွေအတွက် ဘယ်လိုကောင်းကျိုးတွေ ပေးနိုင်လဲဆိုတော့
📌 ဦးနှောက်ကို ကျန်းမာစေပါတယ်။
သင်ယူနိုင်စွမ်း၊ မှတ်ဉာဏ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေပါတယ်။
📌 အမြင်အာရုံကို ကောင်းမွန်စေပါတယ်။
မြင်လွှာမှာ DHA အလုံအလောက်ရှိနေတဲ့အခါ မြင်လွှာဖွံ့ဖြိုးမှုကို ကောင်းမွန်စေပြီး အမြင်အာရုံစူးရှစေပါတယ်။
📌 အိပ်စက်ခြင်းကို အထောက်အကူ ဖြစ်စေပါတယ်။
Omega 3 fatty acids လုံလောက်စွာ ရှိနေမယ်ဆိုရင် ညဘက်အိပ်မပျော်ခြင်းကို လျော့နည်းစေပြီး အိပ်ရေးဝဝအိပ်စက်စေနိုင်ပါတယ်။
📌 အာရုံစူးစိုက်မှုကောင်းမွန်စေပါတယ်။
လေ့လာချက်တချို့အရ omega 3 fatty acids က ADHD ရှိတဲ့ ကလေးငယ်တွေ၊ အာရုံစူးစိုက်ရခက်တဲ့ ကလေးငယ်တွေမှာ အာရုံစူးစိုက်မှုကို တိုးတက်စေတယ်လို့ ဆိုပါတယ်။

ဒါကတော့ omega 3 fatty acids ရဲ့ ကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။ ဘေဘီလေးတွေမှာ omega 3 fatty acids ပြည့်ဝစေဖို့ အထက်ပါ အစားအစာတွေကို ကျွေးလို့ရသလို အစားကြေးများတဲ့ ကလေးတွေဆိုရင်လည်း အားဆေးတိုက်ပေးလို့ ရတယ်ဆိုတာ ပြောပြချင်ပါတယ်ရှင်။

💚 𝐍𝐮𝐭𝐫𝐢 𝐃𝐚𝐢𝐥𝐲 မှ သင့်အတွက် အသင့်တော်ဆုံး အာဟာရအကြံဉာဏ်များနဲ့
ကျန်းမာရေးလမ်းကြောင်းမှန်ပေါ်မှာ အတူတူ
လျှောက်လှမ်းနိုင်အောင်အမြဲကူညီပေးနေပါမယ်ရှင်။
💬 သင့်ကျန်းမာရေးအတွက် မေးမြန်းလိုသည်များရှိပါက 𝐏𝐚𝐠𝐞𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှတဆင့် ဆက်သွယ်နိုင်ပါတယ်နော်။
🌱 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐂𝐡𝐨𝐢𝐜𝐞𝐬 𝐓𝐨𝐝𝐚𝐲, 𝐁𝐞𝐭𝐭𝐞𝐫 𝐋𝐢𝐟𝐞 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰 🌱

အိပ်ရာပေါ်လဲနေတဲ့ လူနာချင်း တူပေမယ့် အာဟာရလိုအပ်ချက် မတူနိုင်ဘူးဆိုတာ သိပါရဲ့လား . . .အာဟာရလိုအပ်ချက်ကို တွက်ချက်တဲ့အခါ*...
24/08/2026

အိပ်ရာပေါ်လဲနေတဲ့ လူနာချင်း တူပေမယ့် အာဟာရလိုအပ်ချက် မတူနိုင်ဘူးဆိုတာ သိပါရဲ့လား . . .

အာဟာရလိုအပ်ချက်ကို တွက်ချက်တဲ့အခါ
* လူနာရဲ့ အသက်အရွယ်
* ကိုယ်အလေးချိန်
* Basal metabolic rate
* ရောဂါအခံ
* အိပ်ရာထဲလဲရတဲ့အကြောင်းရင်း စတဲ့အချက်တွေပေါ် မူတည်ပြီး တွက်ရပါတယ်။

အောက်က ပုံလေးတွေမှာ ခွဲစိတ်ပြီးစလူနာ၊ ဆီးချိုသွေးချိုလူနာ၊ ကျောက်ကပ်စတင်ပျက်စီးစလူနာ၊ ကျောက်ကပ်ဆေးနေရတဲ့လူနာတွေမှာ အာဟာရလိုအပ်ချက် မတူညီပုံကို ဖော်ပြထားပါတယ်။

အိပ်ရာထဲလဲနေတဲ့ လူနာများအနေနဲ့ ပြည့်ဝမျှတတဲ့ အာဟာရကို ရရှိမှ မြန်မြန်နာလန်ထူနိုင်မှာ ဖြစ်တာကြောင့် တစ်ဦးချင်းစီရဲ့ အာဟာရလိုအပ်ချက်ကို အာဟာရဆိုင်ရာအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး တွက်ချက်ကျွေးမွေးကြဖို့ တိုက်တွန်းချင်ပါတယ်။

💚 𝐍𝐮𝐭𝐫𝐢 𝐃𝐚𝐢𝐥𝐲 မှ သင့်အတွက် အသင့်တော်ဆုံး အာဟာရအကြံဉာဏ်များနဲ့
ကျန်းမာရေးလမ်းကြောင်းမှန်ပေါ်မှာ အတူတူ
လျှောက်လှမ်းနိုင်အောင်အမြဲကူညီပေးနေပါမယ်ရှင်။
💬 သင့်ကျန်းမာရေးအတွက် မေးမြန်းလိုသည်များရှိပါက 𝐏𝐚𝐠𝐞𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှတဆင့် ဆက်သွယ်နိုင်ပါတယ်နော်။
🌱 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐂𝐡𝐨𝐢𝐜𝐞𝐬 𝐓𝐨𝐝𝐚𝐲, 𝐁𝐞𝐭𝐭𝐞𝐫 𝐋𝐢𝐟𝐞 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰 🌱

သြဂုတ်လကို မြန်မာနိုင်ငံမှာ Nutrition Promotion Month (အာဟာရမြှင့်တင်ရေးလ)အဖြစ် သတ်မှတ်ပြီး နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပ...
21/08/2026

သြဂုတ်လကို မြန်မာနိုင်ငံမှာ Nutrition Promotion Month (အာဟာရမြှင့်တင်ရေးလ)အဖြစ် သတ်မှတ်ပြီး နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပါတယ်။ တစ်လလုံး ကျင်းပခြင်းဖြစ်ပြီး
• ပထမအပတ်မှာ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ် (World Breastfeeding Week)
• ဒုတိယအပတ်မှာ ၅နှစ်အောက်နဲ့ ကျောင်းနေအရွယ်ကလေးများအတွက် အာဟာရဖွံ့ဖြိုးရေး
• တတိယအပတ်မှာ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ အာဟာရပြည့်ဝရေး
• စတုတ္ထအပတ်မှာ အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိပါတယ်။
ရည်ရွယ်ချက်ကတော့
• ကလေးဘဝအစ ရက် ၁,၀၀၀ မှာ အာဟာရချို့တဲ့မှု မရှိစေဖို့
• ဖြည့်စွက်အာဟာရများနဲ့ အာဟာရဖြည့်စွက်ထားတဲ့ အစားအစာများ ဖြန့်ဝေဖို့
• မိသားစုများကို အာဟာရနဲ့ ပတ်သက်ပြီး ကျန်းမာရေးအသိပညာပေးဖို့ပဲ ဖြစ်ပါတယ်။
တစ်မျိုးသားလုံး အာဟာရပြည့်ဝမှ ပိုမိုကျန်းမာတဲ့ တိုင်းပြည်အနာဂတ်ကို တည်ဆောက်နိုင်မှာဖြစ်လို့ ကလေးဘဝက စတင်ပြီး အာဟာရပြည့်ဝအောင် ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။

💚 𝐍𝐮𝐭𝐫𝐢 𝐃𝐚𝐢𝐥𝐲 မှ သင့်အတွက် အသင့်တော်ဆုံး အာဟာရအကြံဉာဏ်များနဲ့
ကျန်းမာရေးလမ်းကြောင်းမှန်ပေါ်မှာ အတူတူ
လျှောက်လှမ်းနိုင်အောင်အမြဲကူညီပေးနေပါမယ်ရှင်။
💬 သင့်ကျန်းမာရေးအတွက် မေးမြန်းလိုသည်များရှိပါက 𝐏𝐚𝐠𝐞𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှတဆင့် ဆက်သွယ်နိုင်ပါတယ်နော်။
🌱 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐂𝐡𝐨𝐢𝐜𝐞𝐬 𝐓𝐨𝐝𝐚𝐲, 𝐁𝐞𝐭𝐭𝐞𝐫 𝐋𝐢𝐟𝐞 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰 🌱

ချစ်ရတဲ့သူတွေက ရောဂါအမျိုးမျိုးကြောင့် နေ့စဥ်စားနေကျ အစားအစာတွေကို ဝါးရခက်၊ မျိုချရခက်နေပါသလား . . .နှာခေါင်းပိုက်ထည့်ထာ...
18/08/2026

ချစ်ရတဲ့သူတွေက ရောဂါအမျိုးမျိုးကြောင့် နေ့စဥ်စားနေကျ အစားအစာတွေကို ဝါးရခက်၊ မျိုချရခက်နေပါသလား . . .
နှာခေါင်းပိုက်ထည့်ထားတဲ့ လူနာတွေအတွက် ပြည့်ဝမျှတတဲ့ အာဟာရကို ကျွေးဖို့ အခက်အခဲ ဖြစ်နေပါသလား . . .
နာမကျန်းဖြစ်နေတဲ့ လူနာများ နှာခေါင်းပိုက်ကနေထည့်ဖို့ လတ်ဆတ်တဲ့ ကြိတ်ဖျော်အာဟာရကို ရှာနေပါသလား . . .
ဒါတွေအားလုံးကို ပြေလည်စေဖို့ Nutridaily မှာ အာဟာရအထူးကုဆရာဝန်ကိုယ်တိုင် အာဟာရတွက်ချက်ထုတ်လုပ်ထားတဲ့ Blenderized diet တွေ
ရှိနေပါပြီ။
Blenderized diet ဆိုတာ နှာခေါင်းပိုက်ကနေတဆင့် ထည့်ကျွေးနိုင်အောင် ပြုလုပ်ထားတဲ့ ကြိတ်ဖျော်အာဟာရ ဖြစ်ပါတယ်။ သာမန်ဖြည့်စွက်အာဟာရတွေနဲ့ မတူတဲ့ အားသာချက်တွေကတော့
* လူနာတစ်ယောက်ချင်းစီရဲ့ အာဟာရလိုအပ်ချက်အလိုက် တွက်ချက်ပြင်ဆင်ပေးခြင်း
* ပုံမှန်စားနေကျ အစားအစာတွေကို ကြိတ်ဖျော်အာဟာရအဖြစ် ပြင်ဆင်ပေးခြင်း
* အမျှင်ဓာတ်ပါဝင်အောင် ပြင်ဆင်ပေးနိုင်ခြင်း
* လတ်လတ်ဆတ်ဆတ် တစ်ရက်စာ တစ်ရက် ပြင်ဆင်ပေးနိုင်ခြင်း
* လူနာရှင်များအတွက် အလုပ်မပိုခြင်း
* အာဟာရပြည့်ဝမျှတအောင် ပြင်ဆင်ပေးနိုင်ခြင်းစတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။

Nutridaily က ၂၀၁၈ ကနေစတင်ပြီး လူနာပေါင်းများစွာအတွက် ပြင်ဆင်ပို့ဆောင်ပေးခဲ့တာဖြစ်တာကြောင့် လူနာများ အာဟာရပြည့်ဝစေဖို့ ယုံကြည်စိတ်ချနိုင်ပါတယ်။

💚 𝐍𝐮𝐭𝐫𝐢 𝐃𝐚𝐢𝐥𝐲 မှ သင့်အတွက် အသင့်တော်ဆုံး အာဟာရအကြံဉာဏ်များနဲ့
ကျန်းမာရေးလမ်းကြောင်းမှန်ပေါ်မှာ အတူတူ
လျှောက်လှမ်းနိုင်အောင်အမြဲကူညီပေးနေပါမယ်ရှင်။
💬 သင့်ကျန်းမာရေးအတွက် မေးမြန်းလိုသည်များရှိပါက 𝐏𝐚𝐠𝐞𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှတဆင့် ဆက်သွယ်နိုင်ပါတယ်နော်။
🌱 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐂𝐡𝐨𝐢𝐜𝐞𝐬 𝐓𝐨𝐝𝐚𝐲, 𝐁𝐞𝐭𝐭𝐞𝐫 𝐋𝐢𝐟𝐞 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰 🌱

Dr Preeti က SKT International School ရဲ့ ( RIVERSIDE Campus - ရှုခင်းသာ ) မှ  Primary Students ကလေးတွေနဲ့ Preschool မှ မ...
04/08/2026

Dr Preeti က SKT International School ရဲ့ ( RIVERSIDE Campus - ရှုခင်းသာ ) မှ Primary Students ကလေးတွေနဲ့ Preschool မှ မိဘများကို ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့တဲ့ ပုံရိပ်လေးတွေကို အမှတ်တရအဖြစ် မျှဝေပေးလိုက်ပါတယ်ရှင်။

ဆွေးနွေးပွဲလေးမှာ Primary Students ကလေးတွေကိုတော့ကိုယ်ခံအားကောင်းမွန်စေဖို့ အာဟာရပြည့်ဝအောင် ဘယ်လို စားရမလဲဆိုတဲ့အကြောင်းလေးတွေ
မိုးရာသီမှာ အဖြစ်များတဲ့ ရောဂါလေးတွေ
မိုးရာသီမှာ ကျန်းမာစေဖို့ နည်းလမ်းလေးတွေကို မျှဝေပေးခဲ့ပါတယ်ရှင်။

Preschool က ဖေဖေမေမေတွေကိုတော့
မူကြိုအရွယ်ကလေးလေးတွေကို ပျော်ရွှင်စရာကောင်းတဲ့ ထမင်းစားချိန်တွေ ဖန်တီးပေးသင့်ကြောင်း
ထမင်းစားဝိုင်းကနေတစ်ဆင့် ကလေးတွေကို အသိပညာတိုးတက်အောင် သင်ကြားပေးလို့ရကြောင်း
ကလေးတွေမှာ အာဟာရပြည့်ဝမှုက ကျန်းမာဖွံ့ဖြိုးမှုအတွက် အရေးကြီးကြောင်း မျှဝေပေးခဲ့ပါတယ်ရှင်။

ဒီပွဲလေးကို ဖြစ်မြောက်အောင် စီစဉ်ပေးပြီး appreciation certificate ပေးအပ်ခဲ့တဲ့ SKT International Preschool မှ တာဝန်ရှိသူများနဲ့ အချိန်‌ပေးပြီး တက်ရောက်ခဲ့ကြတဲ့ မိဘများကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောချင်ပါတယ်ရှင်။

💚 𝐍𝐮𝐭𝐫𝐢 𝐃𝐚𝐢𝐥𝐲 မှ သင့်အတွက် အသင့်တော်ဆုံး အာဟာရအကြံဉာဏ်များနဲ့
ကျန်းမာရေးလမ်းကြောင်းမှန်ပေါ်မှာ အတူတူ
လျှောက်လှမ်းနိုင်အောင်အမြဲကူညီပေးနေပါမယ်ရှင်။
💬 သင့်ကျန်းမာရေးအတွက် မေးမြန်းလိုသည်များရှိပါက 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှတဆင့် ဆက်သွယ်နိုင်ပါတယ်နော်။
🌱 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐂𝐡𝐨𝐢𝐜𝐞𝐬 𝐓𝐨𝐝𝐚𝐲, 𝐁𝐞𝐭𝐭𝐞𝐫 𝐋𝐢𝐟𝐞 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰 🌱
# SKTInternationalPreschool

Dr Preeti မှ SKT International Preschool မှာ မိဘများနဲ့ သားသားမီးမီးများကို အာဟာရဆိုင်ရာဆွေးနွေးပွဲလေး ပြုလုပ်ပေးခဲ့တဲ့ ...
25/07/2026

Dr Preeti မှ SKT International Preschool မှာ မိဘများနဲ့ သားသားမီးမီးများကို အာဟာရဆိုင်ရာဆွေးနွေးပွဲလေး ပြုလုပ်ပေးခဲ့တဲ့ ပုံရိပ်တွေကို အမှတ်တရအဖြစ် မျှဝေပေးလိုက်ပါတယ်ရှင်။
ဒီ Health Talk လေးမှာ
📌 ကလေးအရွယ်မှာ အာဟာရရဲ့ အရေးပါပုံ
📌 အစာအုပ်စု (၅)စုကို မျှတအောင် ကျွေးမွေးနည်း
📌အစားကြေးများတဲ့ မူကြိုအရွယ်သားသားမီးမီးတို့အတွက် lunch box ပြင်ဆင်နည်း
📌 မိဘများကိုယ်တိုင်က နမူနာပုံစံအဖြစ် စားသောက်နည်းတွေကို မျှဝေပေးခဲ့ပါတယ်။

စိတ်ပါဝင်စားစွာနဲ့ အချိန်ပေးပြီး နားထောင်ကြတဲ့ မိဘများနဲ့ သေချာလေး စီစဉ်ပေးတဲ့ SKT International Preschool မှ တာဝန်ရှိသူများကို ကျေးဇူးတင်ပါတယ်ရှင်။
Appreciation certificate လေးအတွက်လည်း အထူးကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်ရှင်။
💚 𝐍𝐮𝐭𝐫𝐢 𝐃𝐚𝐢𝐥𝐲 မှ သင့်အတွက် အသင့်တော်ဆုံး အာဟာရအကြံဉာဏ်များနဲ့
ကျန်းမာရေးလမ်းကြောင်းမှန်ပေါ်မှာ အတူတူ
လျှောက်လှမ်းနိုင်အောင်အမြဲကူညီပေးနေပါမယ်ရှင်။
💬 သင့်ကျန်းမာရေးအတွက် မေးမြန်းလိုသည်များရှိပါက 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှတဆင့် ဆက်သွယ်နိုင်ပါတယ်နော်။
🌱 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐂𝐡𝐨𝐢𝐜𝐞𝐬 𝐓𝐨𝐝𝐚𝐲, 𝐁𝐞𝐭𝐭𝐞𝐫 𝐋𝐢𝐟𝐞 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰 🌱
# SKTInternationalPreschool

17/07/2026

အိပ်ရာထဲလဲနေတဲ့ ဘိုးဘိုးဘွားဘွားတို့ ကျန်းမာဖို့၊ နာလန်ထမြန်ဖို့၊ အသက်ရှည်ရှည်နေနိုင်ဖို့ အာဟာရပေါ် မှီခိုနေတာကြောင့် သေသေချာချာ တွက်ချက်ကျွေးပေးဖို့ လိုပါတယ်။ ဒီ 𝐯𝐢𝐝𝐞𝐨 လေးမှာ ဘိုးဘိုးဘွားဘွားတို့ကို ဘာတွေကျွေးရမလဲ၊ ဘယ်လိုကျွေးရမလဲဆိုတာကို ဒေါက်တာက ရှင်းပြပေးမှာဖြစ်လို့ 𝐯𝐢𝐝𝐞𝐨 လေးကို အဆုံးထိ ကြည့်လိုက်ပါနော်။
💚🩷

🌱 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐂𝐡𝐨𝐢𝐜𝐞𝐬 𝐓𝐨𝐝𝐚𝐲, 𝐁𝐞𝐭𝐭𝐞𝐫 𝐋𝐢𝐟𝐞 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰

28/06/2026

ကျွန်မတို့ Nutrition center ကနေအာဟာရမှာယူနေရတဲ့ လူနာတွေအတွက်ရော kitchen ထဲမှာအလုပ်လုပ်နေရတဲ့ဝန်ထမ်းတွေအတွက်ပါ
သန့်ရှင်းပြီးတော့ ပိုမိုလုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကိုဖန်တီးပေးနိုင်ဖို့အတွက် ကျွန်မတို့Nutri Dailyရဲ့ kitchen လေးကိုAirtumtec ရဲ့ anti microbial coding service လေးအသုံးပြုထားကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။




Address

Yangon

Website

Alerts

Be the first to know and let us send you an email when Nutri Daily-Nutrition Center & Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nutri Daily-Nutrition Center & Clinic:

Shortcuts

Share