03/05/2022
✅လည်ချောင်းနာတာကို အိမ်မှာ ဘယ်လို သက်သာပျောက်ကင်းအောင်ပြုလုပ်ရမလဲ ...❓
✅အစာစား ရေသောက် လုပ်ရင်တောင် ခက်ခဲနေတဲ့လည်ချောင်းနာတာဟာ အားလုံးအတွက် စိတ်အနှောက်အယှက်ဖြစ်ရတဲ့ အခြေအနေတစ်ခုပါ..
✅ဒီအချိန်မှာ Omicron ကလည်း ပျံ့ပွားနေချိန်ဆိုတော့ Omicron ကြောင့်လား ရာသီတုပ်ကွေးကြောင့် လည်ချောင်းနာနေတာလား ဆိုတာကို Test kit နဲ့ စစ်ဆေးကြည့်မှပဲ သိနိုင်မှာဖြစ်ပါတယ်။
✅ဘာကြောင့်ပဲ လည်ချောင်းနာနာ အိမ်မှာပဲ သက်သာအောင် လုပ်နိုင်မယ့်နည်းလမ်းတွေကို Health Myanmar ကမျှဝေလိုက်ပါတယ်
✅(၁) အရည်များများ သောက်ပါ။
✅ရေနွေး သို့မဟုတ် ကြက်စွပ်ပြုတ် အစရှိတဲ့ အရည်နွေးနွေးသောက်တာက လည်ချောင်းမှာ ရှိတဲ့ချွဲတွေကို ရှင်းလင်းပေးပြီး ရောင်ရမ်းတာ၊ လည်ချောင်းယားတာတွေကို သက်သာစေပါတယ်။
✅ရေဓါတ်ပြည့်၀ရန်အတွက် တစ်နေ့ကို အနည်းဆုံး ရေ နှစ်လီတာ ကနေ သုံးလီတာအထိ သောက်ပေးဖို့ လိုတဲ့အတွက် ရိုးရိုးရေ သောက်ရင် ရသလို စွပ်ပြုတ်နွေးနွေး သောက်ပေးမယ်ဆိုရင် ရေဓါတ်အလုံအလောက်ရတဲ့အတွက် တံတွေးများများထွက်လာစေပြီး လည်ချောင်းထဲက ချွဲတွေ အပြင်ထွက်လာစေမှာပါ။
နွေးတဲ့ အရည်ကြောင့် လည်ချောင်းရှင်းပြီး ချောင်းဆိုးပါ သက်သာလာမှာပါ
✅(၂) ပလုတ်ကျင်းပါ (GARGLE)
ရေဖန်ခွက် တစ်ခွက်ထဲကို ဆား (သို့မဟုတ်) Baking Soda လို့ခေါ်တဲ့ မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း တစ်၀က်ထည့်ပြီး ရေနွေးနွေးလောင်းထည့်ပါ။ ပြီးရင် ပါးစပ်တစ်ခုလုံးနဲ့ အာခေါင်အထိရောက်အောင် ပလုတ်ကျင်းပေးရပါမယ်။
မျိုချဖို့ မလိုပါ .... ဆားရည် ကို ပလုပ်ပဲ ကျင်းတာဖြစ်တဲ့အတွက် သွေးတိုးစရာ မရှိပါ။
ခုလိုလုပ်ခြင်းအားဖြင့် ဆား နဲ့ ဆော်ဒါ အစွမ်းကြောင့် ရောဂါပိုးမွှားတွေ သေစေပြီး လည်ချောင်းတလျှောက်ေယာင်ေနတာနဲ့ ယားယံတာကို သက်သာစေမှာပါ။ ချွဲသလိပ်တွေပါ ထွက်သွားစေပြီး ခံတွင်းလည်း ရှင်း လည်ချောင်းနာတာကိုလည်း လျော့ပါးစေပါတယ်။
တစ်နေ့ အနည်းဆုံး သုံးကြိမ်ကနေ လည်ချောင်းတအားနာနေတယ်ဆိုရင် သုံးနာရီခြားတစ်ကြိမ်လုပ်နိုင်ပါတယ်။ အိမ်မှာ Listerine, Betadine ကဲ့သို့သော Mouth Wash များ အလွယ်တကူရှိပါကလည်း Gargle လုပ်ဖို့ အကြံပြုပါတယ်။
✅(၃) ရေကြက်သီးနွေး နဲ့ ရေချိုးပေးပါ
များသောအားဖြင့် လည်ချောင်းနာရင် ဆက်ပြီး ဖျားတော့မယ်ထင်ပြီး ရေချိုးရှောင်တတ်ကြပါတယ်။ အရမ်းချမ်းနေတဲ့အချိန်မဟုတ်ရင် ရေနွေးနွေးနဲ့ ရေချိုးပေးနိုင်ပါတယ်။
ဒီလိုရေချိုးပေးခြင်းအားဖြင့် ခန္ဓာကိုယ်က အပူဓါတ်ကြောင့် လည်ချောင်းရောင်ရမ်းတာကို သက်သာစေပြီး ချွဲတွေကို ပျော်လာပါတယ်။
✅(၄)ရေနွေးငွေ့ရှုပါ
အရမ်းပြင်းထန်တဲ့ ဆေးအပူတွေထည့်ရှုတာမျိုး မလုပ်ပဲ ပုံမှန်ရေနွေးငွေ့ရှုရင်တောင်မှ နှာခေါင်းပိတ်တာကို ပွင့်သွားစေပြီး အသက်ရှု၀တဲ့အတွက် လည်ချောင်းစိုစွတ်ပြီး လည်ချောင်းနာသက်သာစေပါတယ်။
✅(၅) Hot toddy စပ်ကြမယ်...
Hot Toddy ဆိုတာ ဘာလဲ စိတ်၀င်စားသွားကြပြီလား???
Hot Toddy ဆိုတာ ရေ ၊၀ီစကီနည်းနည်း၊ ပျားရည်၊ သံပုရာရည်ကို ရောစပ်ပြီး သောက်ကြတာပါ။
တချို့ကတော့ သစ်ကြပိုးခေါက်၊ ဂျင်းတို့ကိုလည်း ထပ်ထည့်ကြပါတယ်။
အများကြီးထည့်သောက်ရမှာ မဟုတ်ပါဘူးနော်...
တကယ့်ကို နည်းနည်းလေးမှ နည်းနည်းလေး ထည့်ပြီး ၀ီစကီရဲ့ အာနိသင်က ချွဲပျော်စေတဲ့အပြင် လည်ချောင်းမှာရှိနေတဲ့ သွေးကြောလေးတွေကိုပါ ပွင့်လာအောင် လုပ်တာဖြစ်ပါတယ်။ အဲ့ကမှ တဆင့် သွေးကြောထဲက ခုခံအားဆဲလ်တွေ ပွားလာပြီး ပိုးမွှားတွေကို ပြန်တိုက်ထုတ်နိုင်တာပါ။
၀ီစကီမရှိလည်း စိတ်ပူစရာမလိုပါဘူး။ ပျားရည်နဲ့ သံပုရာက အိမ်တိုင်းမှာ ရှိလို့ ရေနွေးနွေးထဲကို သံပုရာရည်နဲ့ ပျားရည်လေးရောသောက်မယ်ဆို လည်ချောင်းယားတာ နာတာတွေ သက်သာစေမှာပါ။ ဂျင်းရှိတယ်ဆိုရင်လည်း ခပ်ပါးပါး လှီးထည့်ပြီး သောက်လို့ရပါတယ်။ သဘာ၀ဆေးအစွမ်း အံ့မခန်းဆိုတာ တွေ့ရမှာပါ။
✅(၇) လည်ချောင်းကို အနားပေးပါ
တခြားနည်းတွေနဲ့ပဲ သက်သာအောင် လုပ်နေပြီး လည်ချောင်းကို အနားပေးဖို့ မမေ့ပါနဲ့လို့ သတိပေးချင်ပါတယ်။
လှဲအိပ်တာက လည်ချောင်းကို ဖိအားပိုရောက်စေတဲ့အတွက် တတ်နိုင်ရင် လှဲမအိပ်ပဲ အိပ်ရာမှာ ခေါင်းအုံးခံပြီး ခပ်မတ်မတ်ထိုင် အနားယူတာမျိုးက ပိုသက်သာစေမှာပါ။
✅(၇)ငုံဆေး ငုံပါ
ဆေးဆိုင်တွေမှာ လည်ချောင်းနာ ငုံဆေးတွေ အမျိုးအစားစုံလင်စွာရှိပါတယ်
ပူရှိန်းပါ၀င်တဲ့ ငုံဆေးဆိုရင် ယားယံ နာကျင်တာတွေကို သက်သာစေနိုင်ပြီး ခံတွင်းပါ ရှင်းစေပါတယ်။
✅ခုနည်းလမ်းတွေကို အသုံးပြုပြီး စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ လည်ချောင်းနာခြင်းမှ သက်သာကျန်းမာစွာနဲ့ Omicron လှိုင်းကို ကျော်လွှားနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။