Precare

Precare Best and qualified health products supplier

“ဆီးချိုမဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်လိုရတယ်ဆိုတာ သိလား?” 🤔ဆီးချိုရောဂါ ဖြစ်လာပြီးမှ ဂရုစိုက်တာထက် နေ့စဉ် Lifestyle တွေကိ...
13/08/2026

“ဆီးချိုမဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်လိုရတယ်ဆိုတာ သိလား?” 🤔
ဆီးချိုရောဂါ ဖြစ်လာပြီးမှ ဂရုစိုက်တာထက်
နေ့စဉ် Lifestyle တွေကို အခုကတည်းက ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်
ဒီအတွက်-
🥗အစားအစာကို မျှတအောင်စားပါ
🏃‍♀️ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ
⚖️ ကိုယ်အလေးချိန်ကို ထိန်းထားပါ
😴အိပ်ရေးဝဝ အိပ်ပြီး Stress ကိုလည်း ဂရုစိုက်ပါ။
🩸 ဆီးချိုကို ပုံမှန်စစ်ဆေးပါ
အထူးသဖြင့် မိသားစုထဲမှာ ဆီးချိုရှိသူတွေ၊ ကိုယ်အလေးချိန်များသူတွေ၊ Risk ပိုများသူတွေအနေနဲ့ဆရာဝန်များနဲ့ တိုင်ပင်ပြီး စစ်ဆေးသင့်ပါတယ်

ဆီးချိုရောဂါကို ကြိုတင်ကာကွယ်ဖိုဆိုတာ အစားအစာတစ်မျိုးတည်း၊ လေ့ကျင့်ခန်းတစ်ခုတည်းနဲ့ လဲမလုံလောက်ပါဘူးနော် နေ့စဉ် Lifestyle လေးတွေကို တစ်ခုချင်းစီ ဂရုစိုက်ပေးတာက အဓိကပါပဲ။ 💙
📌 “ကြိုတင်သိ၊ ကြိုတင်ကာကွယ် ဂရုစိုက်ဖို့ပါပဲ”

#ဆီးချိုရောဂါ #ကျန်းမာရေးဗဟုသုတ

🫁Nebulizer ကို ဘယ်သူတွေအသုံးပြုသင့်လဲ?Nebulizer ဆိုတာ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးရည်ကို  ပြောင်းလဲပေးပြီးတော့ အသက်ရှူလမ်းက...
12/08/2026

🫁Nebulizer ကို ဘယ်သူတွေအသုံးပြုသင့်လဲ?

Nebulizer ဆိုတာ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးရည်ကို ပြောင်းလဲပေးပြီးတော့ အသက်ရှူလမ်းကြောင်းထဲ ရှူသွင်းနိုင်အောင် ကူညီပေးတဲ့ ကိရိယာတစ်ခုပါပဲ
ဒါကို ဘယ်သူတွေက အသုံးပြုကြလဲ‌ဆိုရင်-
ဆရာဝန်က Nebulizer သုံးဖိုလိုတယ်လို့ သတ်မှတ်ပေးထားတဲ့ ကလေးငယ်တွေ
Asthma လို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေ
Inhaler ကို မှန်ကန်စွာအသုံးပြုဖို ခက်ခဲတဲ့ အသက်ကြီးသူတွေ စတဲ့သူတွေမှာအသုံးပြုကြပါတယ်

⚠️ အရေးကြီးတာက Nebulizer ကို ဆေးရယ် ပမာဏနဲ့ ဘယ်လောက်ကြာကြာသုံးရမလဲဆိုတာက ဆရာဝန်ညွှန်ကြားချက်အတိုင်းပဲ လိုက်နာသင့်ပါတယ်နော်

#အသက်ရှူလမ်းကြောင်းကျန်းမာရေး #ကျန်းမာရေးဗဟုသုတ

ကုမ္ပဏီမှတိုက်ရိုက်ခေါ်ယူခြင်းဖြစ်ပါသည်။🔰General Worker    (M - 3) posts👉အသက် 20 -27👉အကျင့်စာရိတ္တကောင်းမွန်သူ ။👉လူမှုဆက...
12/08/2026

ကုမ္ပဏီမှတိုက်ရိုက်ခေါ်ယူခြင်းဖြစ်ပါသည်။
🔰General Worker (M - 3) posts

👉အသက် 20 -27
👉အကျင့်စာရိတ္တကောင်းမွန်သူ ။
👉လူမှုဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်နိုင်သူဖြစ်ရပါမည်။
👉 လုပ်ငန်းအတွေ့ကြုံမရှိသူများလည်း‌‌ေလျာက်ထားနိုင်သည်။

♻️လျောက်ထားလိုပါက - မျော်မှန်းလစာနှင့်အတူ CV form တွင်ဖော်ပြ ၍ လျောက်ထားရန်
👇👇👇

☎️Viber-09880949258 သို့ CV form ပေးပို့လျောက်ထားနိုင်သည်။
သက်ဆိုင်ရာ ရာထူးပေါ်အခြေခံ၍
အခြေခံလစာ +++
ရက်မှန်ကြေး+++
နှစ်စဉ်လစာတိုးခံစားခွင့်+++
အချိန်ပိုခံစားခွင့် +++
အခြားသော ခံစားခွင့်များ
ရုံးပိတ်ရက် အပတ်စဉ် တနဂ်နွေ+ အစိုးရရုံးပိတ်ရက်
#အလုပ်ခေါ်စာ &honest #ကုမ္ပဏီမှတိုက်ရိုက်

ပေါင်ချိန်စက်က Result မှားတတ်တယ်ပေါင်ချိန်စက်အသုံးပြုတဲ့အခါ စက်ကို ဘယ်နေရာမှာထားပြီး ချိန်လဲအပေါ်မှာမူတည်ပြီး  Result တိ...
10/08/2026

ပေါင်ချိန်စက်က Result မှားတတ်တယ်
ပေါင်ချိန်စက်အသုံးပြုတဲ့အခါ စက်ကို ဘယ်နေရာမှာထားပြီး ချိန်လဲအပေါ်မှာမူတည်ပြီး Result တိကျမှု ပြောင်းလဲသွားတတ်ပါတယ်
❌ မြေပြင်မညီတဲ့နေရာ
❌ ကော်ဇော၊ အိပ်ရာခင်းလို ပျော့တဲ့မျက်နှာပြင်ပေါ်
❌ လှုပ်နိုင်တဲ့နေရာတွေမှာ မချိန်သင့်ပါဘူးနော်
အကောင်းဆုံးကတော့ ညီညာပြီးမာကျောတဲ့ မြေပြင်ပေါ်မှာ စက်ကိုထားပြီး ချိန်လို့ရပါတယ်

💡 ပေါင်ချိန်စက်ကောင်းတစ်လုံးရှိရင် မှန်ကန်တဲ့နည်းလမ်းနဲ့ ချိန်တတ်ဖိုလည်း လိုပါတယ်
📩 Precare Weight Scale အသုံးပြုပုံနဲ့ ပတ်သက်ပြီး သိချင်တာရှိရင် Page Messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။

#ပေါင်ချိန်စက် #ကိုယ်အလေးချိန် #ကျန်းမာရေးဗဟုသုတ

🩺 သွေးပေါင်ချိန်က ဘယ်လောက်ဆို Normal လဲ?ဒါကို တိတိကျကျသိထားဖိုလိုပါတယ် သွေးပေါင်ချိန်မှာ အပေါ်သွေးနဲ့ အောက်သွေး ဆိုပြီး ...
08/08/2026

🩺 သွေးပေါင်ချိန်က ဘယ်လောက်ဆို Normal လဲ?
ဒါကို တိတိကျကျသိထားဖိုလိုပါတယ်

သွေးပေါင်ချိန်မှာ အပေါ်သွေးနဲ့ အောက်သွေး ဆိုပြီး ရှိပါတယ်

အသက်အရွယ်နဲ့ ခန္ဓာကိုယ်ပေါ်မူတည်ပြီးတော့ကွဲပါတယ်
အကြမ်းဖြင်းအားဖြင့်ဆိုရင်—

🟢 Normal
120/80 mmHg အောက်

🟡 သွေးပေါင်နည်းနည်းမြင့်နေတဲ့အခြေအနေ
120–129 / 80 အောက်

🟠 သွေးတိုးအဆင့် ၁
130–139 / 80–89 mmHg

🔴 သွေးတိုးအဆင့် ၂
140 နှင့်အထက် / 90 နှင့်အထက်

🚨 180/120 mmHg နှင့်အထက် ရောက်လာရင်တော့ အရေးကြီးတဲ့အခြေအနေပါပဲ
သွေးပေါင်ချိန်တိုင်းတာတဲ့အခါ နားယူပြီး မှန်ကန်တဲ့နည်းနဲ့ တိုင်းတာပြီး ရလဒ်တွေကို စောင့်ကြည့်ဖို အရေးကြီးပါတယ်

သွေးပေါင်ချိန်တိုင်းနည်းနဲ့ BP Monitor ရွေးချယ်နည်း သိချင်ရင် Page Messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ်‌နော်

#သေးပေါင်ချိန် #သေးတိုး #ကျန်းမာရေးဗဟုသုတ

🩸 ဆီးချိုတိုင်းဖို သွေးဖောက်တဲ့အခါမှာ မှန်ကန်တဲ့နည်းလမ်းနဲ့ဖောက်မှ တိကျတဲ့ Result ရနိုင်ပါတယ်ဒါကြောင့် ဒီအချက်3ချက်ကို သ...
06/08/2026

🩸 ဆီးချိုတိုင်းဖို သွေးဖောက်တဲ့အခါမှာ မှန်ကန်တဲ့နည်းလမ်းနဲ့ဖောက်မှ တိကျတဲ့ Result ရနိုင်ပါတယ်
ဒါကြောင့် ဒီအချက်3ချက်ကို သိထားလိုက်ပါနော်

-Alcohol Swab သုံးပြီးရင် ခြောက်အောင်စောင့်ပေးပါ Alcohol မခြောက်သေးဘဲ ဖောက်ရင် Result ကို ထိခိုက်စေနိုင်ပါတယ်
-နောက်တချက်က သွေးကို အတင်းညှစ်မထုတ်ပါနဲ့ အရမ်းညှစ်လိုက်တဲ့အခါ တစ်ရှူးအရည်တွေပါ ရောဝင်ပြီး Result မတိကျနိုင်ပါဘူး
-သက်တမ်းမကုန်သေးတဲ့ Test Stripသာသုံးပါ ပြီးတော့ Test Stripကို ခြောက်သွေ့အောင် သိမ်းဆည်းထားဖိုလဲ လိုပါတယ်
လက်ချောင်းကိုဖောက်တဲ့အခါ နာကျင်မှုပိုနည်းအောင် Lancet ကို 90° ထောင့်နဲ့ ဖောက်လိုရပါတယ် ဒါက သွေးထွက်လွယ်ပြီး နာကျင်မှုလည်း သက်သာစေပါတယ်နော်

မှန်ကန်တဲ့ တိုင်းတာနည်းကပဲ ကိုယ့်ရဲ့ ဆီးချိုအခြေအနေကို တိတိကျကျ သိနိုင်စေပါတယ်

Glucose Meter အသုံးပြုပုံနဲ့ ပတ်သက်ပြီး သိချင်တာရှိရင် Page Messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

သန်လျင်  မြို့နယ်က သီဟဆေးဆိုင်မှာ မင်မင်တို့ Precare ရှိနေပါတယ်နော်‌သန်လျင်မြို့နယ်က အမြဲအားပေးကြတဲ့ Customer များကို စိ...
05/08/2026

သန်လျင် မြို့နယ်က သီဟဆေးဆိုင်မှာ မင်မင်တို့ Precare ရှိနေပါတယ်နော်
‌သန်လျင်မြို့နယ်က အမြဲအားပေးကြတဲ့ Customer များကို စိတ်ကြိုက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ သီဟ ဆေးဆိုင်မှာ(15.8.2026) ထိကျွန်တော်တို့ Precare ဝန်ထမ်းတွေရှိနေမယ်နော်

နေ့စဉ် မနက် (8:30) မှ ညနေ (4:30) တိုင်း ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမှာပါ
သီဟဆေးဆိုင်အရှေ့မှာ ကျန်းမာရေး စောင့်ရှောက်မှုရှိနေမှာမို့ ဆီးချိုသွေးချိုနဲ့ သွေးပေါင်ချိန်တို့ကို လမ်းကြုံ၍ဖြစ်စေ၊ ကျန်းမာရေးအတွက် တကူးတကဖြစ်စေ လာရောက်ပြီး အခမဲ့တိုင်းတာနိုင်ပါတယ်ခင်ဗျာ

#သီဟဆေးဆိုင်
#အခမဲ့တိုင်းတာ
#အခမဲ့ဆီးချိုစစ်မယ်
#အခမဲ့သွေးပေါင်ချိန်မယ်

🩺 သွေးပေါင်ချိန်ကို မှန်ကန်စွာ တိုင်းတာဖို မမေ့သင့်တဲ့ အချက်များသွေးပေါင်ချိန်တိုင်းတဲ့အခါ အချိန် ၂ မိနစ်လောက်ပဲ ကြာပေမယ...
04/08/2026

🩺 သွေးပေါင်ချိန်ကို မှန်ကန်စွာ တိုင်းတာဖို မမေ့သင့်တဲ့ အချက်များ

သွေးပေါင်ချိန်တိုင်းတဲ့အခါ အချိန် ၂ မိနစ်လောက်ပဲ ကြာပေမယ့် မှန်ကန်တဲ့နည်းလမ်းနဲ့ တိုင်းတာဖို က အရေးကြီးပါတယ်။

✅ သွေးပေါင်မတိုင်းခင် အနည်းဆုံး (၅) မိနစ်ခန့် အနားယူပါ။
✅ လက်မောင်းကို နှလုံးနဲ့ တစ်တန်းတည်း ထားပါ။
✅ တိုင်းနေစဉ် စကားမပြောဘဲ ငြိမ်ငြိမ်လေး နေပါ။

ဒီအချက်လေးတွေကို လိုက်နာပေးခြင်းက သွေးပေါင်ချိန်ကို ပိုမိုတိကျစွာ သိရှိနိုင်ပြီး ကိုယ့်ကျန်းမာရေးကို ပိုကောင်းမွန်စွာ စောင့်ကြည့်နိုင်ပါတယ်။

💚 Precare Digital Blood Pressure Monitor နဲ့ဆိုရင် အိမ်မှာပဲ လွယ်ကူစွာ သွေးပေါင်ချိန်တိုင်းတာနိုင်ပြီး နေ့စဉ် ကျန်းမာရေးကို ယုံကြည်စိတ်ချစွာ စောင့်ရှောက်နိုင်ပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်ပြီး သိလိုရာများကို Page Chat Box မှာလာရောက်မေးမြန်းဆွေးနွေးနိုင်ပါတယ်💚

#သေးပေါင်ချိန် #ကျန်းမာရေးစောင့်ရှောက်မှု

ဆီးချိုတိုင်းတာနေတာတော့ဟုတ်ပါပြီ ....အချိန်ကောမှန်ရဲ့လား?အချိန်မှန် တိုင်းတာမှပဲ ကိုယ့်ရဲ့ ဆီးချိုအခြေအနေကို တိတိကျကျ သိ...
01/08/2026

ဆီးချိုတိုင်းတာနေတာတော့ဟုတ်ပါပြီ ....အချိန်ကောမှန်ရဲ့လား?

အချိန်မှန် တိုင်းတာမှပဲ ကိုယ့်ရဲ့ ဆီးချိုအခြေအနေကို တိတိကျကျ သိနိုင်မှာပါ

📌 ဒါကြောင့်တိုင်းတာသင့်တဲ့ အချိန်တွေ‌ဆိုတာရှိပါတယ်

-ပထမဆုံး မနက်အိပ်ရာနိုးပြီး အစာမစားခင် စစ်ဆေးသင့်ပါတယ်

-အစာစားပြီးနောက် (၂) နာရီအကြာ တိုင်းတာတဲ့အခါ ဘယ်လောက် တက်လာလဲဆိုတာသိရမှာပါ

-အိပ်ရာမဝင်ခင်မှာတိုင်းတာပြီးအခြေအနေကို စစ်ဆေးနိုင်ပါတယ်

နောက်တချက်အနေနဲ့ နေမကောင်းတဲ့အချိန် ခေါင်းမူးတာ၊ ချွေးထွက်တာ၊ လက်တုန်တာ စတဲ့ လက္ခဏာတွေရှိရင်လည်း တိုင်းတာသင့်ပါတယ်နော်

💡 ဆီးချိုကို ပုံမှန်စစ်ဆေးပေးတာက ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့ အထောက်အကူပြုပါတယ်

ပိုမိုသိရှိလိုပါက Page Messenger မှာ လဲလာရောက်မေးမြန်းနိုင်ပါတယ်။

#ဆီးချို #သွေးချိုတိုင်းတာခြင်း #ကျန်းမာရေးဗဟုသုတ

Gym သွားပြီး ဝိတ်ချတော့မှာလား?စိတ်အားထက်သန်နေရုံနဲ့တော့ မလုံလောက်သေးဘူးနော်...ကိုယ့်ရဲ့ ပြောင်းလဲလာတဲ့ ကိုယ်အလေးချိန်ကို...
30/07/2026

Gym သွားပြီး ဝိတ်ချတော့မှာလား?

စိတ်အားထက်သန်နေရုံနဲ့တော့ မလုံလောက်သေးဘူးနော်...
ကိုယ့်ရဲ့ ပြောင်းလဲလာတဲ့ ကိုယ်အလေးချိန်ကို တိတိကျကျ သိရဖို့လည်း လိုပါတယ် ဒါမှပဲ ဆက်ပြီးကြိုးစားဖို Motivation ဖြစ်စေမှာပေါ့ ✨

Precare Digital ပေါင်ချိန်စက်မှာဆိုရင် kg / lb နှစ်မျိုးလုံးနဲ့ တိုင်းတာနိုင်ပါတယ်နော်
ဝိတ်ချတဲ့ ခရီးစဉ်မှာ ခန့်မှန်းနေတာထက်... တိကျတဲ့ အဖြေနဲ့ပဲ စတင်လိုက်ပါ

အသေးစိတ်သိရှိလိုပါက09-880949262 ကိုဆက်သွယ်နိုင်သလို Page Messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။

#ပေါင်ချိန်စက် #ဝိတ်ချခြင်း

Address

No 53, Mya Yahmone San Yeik Myaing Housing, South Dagon Township
Yangon
11431

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 17:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959440999558

Alerts

Be the first to know and let us send you an email when Precare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share