Healthy & Beauty Online Shopping

Healthy & Beauty Online Shopping Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Healthy & Beauty Online Shopping, Yangon.

ဆေးစွမ်းထက်မြက် ရှားစောင်းလက်ပပ်ရှားစောင်းလက်ပပ်သည် အလွန်အသုံးဝင်သော ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်သည်။ နိုင်ငံအသီးသီးတို့တွ...
15/08/2016

ဆေးစွမ်းထက်မြက် ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်သည် အလွန်အသုံးဝင်သော ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်သည်။ နိုင်ငံအသီးသီးတို့တွင် ရှားစောင်းဖြင့်
ပြုလုပ်ထားသော သောက်ဆေးများ၊ အလှကုန်များ၊ ဆံပင်အတွက် လိမ်းဆေးများ၊ ကျန်းမာရေးအတွက် ဖျော်ရည်များကို တံဆိပ်မျိုးစုံဖြင့် ထုတ်လုပ်ထားကြသည်။

၁။ အသားအရေလှပခြင်းအတွက်

ရှားစောင်း၏ အနှစ်ကို မျက်နှာပေါ်ကို အုပ်ပြီးလိမ်းပေးပါက ရှားစောင်းတွင်ပါဝင်သော အောက်ဆီဂျင်ဓါတ်ကြောင့် အရေပြားပေါ်မှ ဆဲလ်များကို ပိုမိုသန့်စင်စေပြီး ချောမွတ်လှပစေပါသည်။ ၀က်ခြံ၊ တင်းတိပ်များကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို နူးညံ့လှပစေပါသည်။ ထို့ကြောင့် ရှားစောင်းကို ကျန်းမာရေးနှင့် အလှအပဆေးအမျိုးမျိုးတို့ကို ထုတ်လုပ်သုံးစွဲနေကြပါသည်။

၂။ အမျိုးသမီးများအတွက်

ရှားစောင်းလက်ပပ်အတွင်းသားဂျယ်လီကို ပါးပါးလှီး၍ ချက်စားပါက အမျိုးသမီးများ ဓမ္မတာကို မှန်စေပါသည်။ မီးယပ်ပျောက်ကင်းစေပါသည်။

၃။ အနာအမျိုးမျိုးအတွက်

ရှားစောင်းကိုကြိတ်၍ အနှစ်ကို သွေးစုနာ၊ အဖုနာ၊ အကြိတ်နာပေါ်ကို သုတ်လိမ်ပေးပါ။ အကြိတ်ကိုလည်း ကြေစေသလို ပြည်ကိုလည်း အမြန်ပေါက်စေကာ ငန်းမန်းကိုလည်း ကြေစေပါသည်။

၎။ နားကိုက်၊ နားနာအတွက်

ရှားစောင်း၏ အတွင်းအသားကို အရည်ညစ်ယူပါ။ မီးခပ်ပြင်းပြင်းဖြင့် ပြုတ်ပါ။ ပြီးလျှင် နားထဲကို အနည်းငယ်စီ ခတ်ပေးပါက နားနာ၊ နားကိုက်၊ နားယားတို့ကို ပျောက်ကင်းစေပါသည်။

၅။ ဆီး၊ ၀မ်းရောဂါများအတွက်

ရှားစောင်း၏ အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်ဖြင့်စိမ်ထားကာ သကြားရည်ထည့်သောက်ပေးပါက ဆီး၊ ၀မ်း၊ ဆီးပူ၊ ဆီးအောင့်၊ ဆီးကိုက်ရောဂါများကို ပျောက်ကင်းစေပါသည်။ (သတိပြုရန်-အခွံအစိမ်းနှင့်အ၀ါဖတ်များ မပါဝင်စေရပါ)

၆။ မျက်စိနာအတွက်

မျက်စိနာနေလျှင် ရှားစောင်းကို ကြိတ်၍ အနှစ်ကို မျက်စိပေါ်ကို အုံပေးပါ။ မျက်စိနာခြင်း၊ မျက်စိကိုက်ခြင်း၊ မျက်စိပူစပ်ခြင်းနှင့် မျက်စိယားယံခြင်းတို့ကို ပျောက်ကင်းစေပါသည်။

၇။ အရေပြားရောဂါအမျိုးမျိုးအတွက်

ရှားစောင်လက်ပပ်၏ အသား(အနှစ်)ကို လိမ်းပေးပါက မီးလောင်နာ၊ အရေကြည်ဖုနာ၊ ထိခိုက်ရှနာ၊ နေလောင်ဒဏ်ရာ စသည်တို့ကို ရှားစောင်းတွင်ပါဝင်သော အောက်ဆီဂျင်ဓါတ်တစ်မျိုးကြောင့် အရေပြားပေါ်မှ ဆဲလ်များကို အလိုလို ပြုပြင်ပေးစွမ်းနိုင်ပါသည်။

၈။ အသည်း၊ နှလုံး၊ အဆုပ်၊ အူနှင့် ကင်ဆာများအတွက်

ရှားစောင်း၏အသားကို ခြစ်ယူ၍ ရှာလကာရည်အနည်းငယ်၊ လိမ္မော်ရည်၊ နာနတ်ရည်တစ်မျိုးမျိုးကို အနည်းငယ်ထည့်၊ ရေသန့်ထည့်၍ ဖျော်ရည်အဖြစ် သောက်သုံးပေးပါက ခန္ဓာကိုယ်တွင်းရှိ အသည်း၊ နှလုံး၊ အဆုပ်၊ အူနှင့် ကင်ဆာများအတွက် အထူးကောင်းမွန်သည့် ဆေးတစ်မျိုးဖြစ်ပါသည်။ (သတိပြုရန်-အခွံအစိမ်းနှင့်အ၀ါဖတ်များ မပါဝင်စေရပါ)

၉။ အရက်နာကျသူများအတွက်

ရှားစောင်းလက်ပပ်၏ အတွင်းသားဂျယ်လီကို ခြစ်ယူ၍ ရေနွေးခဏစိမ်ထားပြီး ၀ါးစားပေးပါက အရက်နာရောဂါကို ပျောက်ကင်းစေပါသည်။ လူကိုပုံမှန်အတိုင်း ပြန်လည်လန်းဆန်းလာစေနိုင်ပါသည်။

၁၀။ ဆံပင်အလှအတွက် အသုံးပြုနိုင်

ရှားစောင်း၏ အတွင်းသားဖြင့် ခေါင်းလျှော်ပေးလျှင် ဦးရေပြားမှ ဆဲလ်များကို သန်စွမ်းလာပြေီး ပျက်စီးနေတဲ့ ဆံပင်များ ပြန်လည်ကောင်းမွန်လာကာ နူးညံ့ပျော့ပြောင်းသော ဆံပင်အလှကို ပိုင်ဆိုင်စေပါသည်။

၁၁။ ဗိုက်သားအဆီကို လျှော့ချပေးနိုင်

ရှားစောင်းအတွင်းသားဂျယ်လီကို ဇွန်းဖြင့် ခြစ်ယူ၍ ခွက်ထဲထည့်၊ ရေနွေးပူပူထည့်ပြီး ခဏစိမ်ထားပါ။ အချွဲများ ပျောက်သွားလျှင် ၄င်းဂျယ်လီကို စားပါ။ အစပိုင်းတွင် အ၀င်ဆိုး၍ စားရခက်မည်။ အော့အန်ချင်စိတ်ပေါ်မည်။ ၃ ခေါက်မြောက်တွင် အရသာထူးကို ခံစားစေပြီး တစ်လခန့်ကို တစ်ရက်ခြားစီ စားပေးလျှင် ဗိုက်သားအဆီပိုများကို လျှော့ချပေးမည်။ ဗိုက်ကျသွားမည်။

၁၂။ လူ့ခန္ဓာတစ်ခုလုံးအတွက် အကျိုးပြုပေးနိုင်

ဆံပင်၊ မျက်စိ၊ မျက်နှာ၊ နား၊ သွားကျန်းမာရေး၊ အရေပြား၊ အတွင်းကလီစာများ စသည့် လူခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးပြုပေးနိုင်သည့်အတွက် ရှားစောင်းဖြင့် ပြုလုပ်ထားသော စားဆေးများ၊ သောက်ဆေးများ၊ လိမ်းဆေးများ၊ ကိုယ်လက်သန့်စင်ဆေးရည်များ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ခေါင်းလိမ်းဆီ စသည့် ဆေးအမျိုးမျိုးနှင့် အသုံးအဆောင်မျိုးမျိုးတို့ကို ရှားစောင်းမှ ထုတ်လုပ်နေကြခြင်း ဖြစ်ပါသည်။

(သတိပြုရန်)

ရှားစောင်း၏ ဘေးထွက်ဆိုးကျိုးသည် အစိမ်းရောင်အခွံနှင့် ဒုတိယအဆင့် အ၀ါရောင်အဖတ်တို့တွင် ပိုမိုပါဝင်သည်။ အတွင်းသားဂျယ်လီသည် ဆေးဖက်ဝင်သည်။ ခန္ဓာပြင်ပလိမ်းဆေးအတွက် ဆိုးကျိုးသိပ်မရှိသော်လည်း သောက်ဆေးအဖြစ်အသုံးပြုလျှင် ဘေးထွက်ဆိုးကျိုးမဖြစ်စေရန် အခွံနှင့်အဆူးများ၊ အ၀ါဖတ်များကို သေချာစွာ ဖယ်ရှားပါ။ အတွင်းသားကိုလည်း အဆိပ်အတောက်များ ထွက်သွားအောင် ရေနွေးပူပူဖြင့် အရင်စိမ်ထားပါ။ အလွန်အကျွံမသောက်ရပါ။ ဘယ်အရာမဆို လွန်ဘေးတန်ဆေးဖြစ်သည်။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား - Benefits of Aloe Vera

စောနွဲ့ နေဆိုင် - ပူတာအို

@ ကမ္ဘာ့ နိုင်ငံကြီးများ၏  ဓါတ်ခွဲခန်းများတွင် လက်တွေ့စမ်းသပ်မှု့ များပြုလုပ်ထားပြီး ကျန်းမာရေးအထောက်အကူ ဖြစ်စေနိုင်သည့် ...
12/08/2016

@ ကမ္ဘာ့ နိုင်ငံကြီးများ၏ ဓါတ်ခွဲခန်းများတွင် လက်တွေ့စမ်းသပ်မှု့ များပြုလုပ်ထားပြီး ကျန်းမာရေးအထောက်အကူ ဖြစ်စေနိုင်သည့် Super Antioxident power ရှိသည်ဟုလက်ခံထားသည့် "Krill Oil "
,
9001: 2008
22000

, အစရှိသည် quality standard လက်မှတ်များရရှိထားသော" Core group " ကိုယ်ပိုင်စက်ရုံများမှထုတ်လုပ်ထားပါသည်။
©Krill Oil တွင် ® ®1.Phospholipids, ®2.Omega-3s(EPA,DHA) ®3.Powerful antioxident
Astaxanthin(အက်စတာဇမ်းသင်း)
တို့ပါဝင်သောကြောင့် ကျန်းမာရေးအတွက်အောက်ပါနယ်ပယ်များတွင်အထောက်အကူပြုနိုင်သည်ကို တွေ့ရှိရပါသည်။
@1.Heart and cardio health
(အထူးသဖြင့် ကောင်းသောအဆီ HDL ကိုတက်စေ၍ မကောင်းသောအဆီ LDL &TG ကိုလျော့ကျစေနိုင်ပါသည်။)
@2.Krill oil arthritis benefits:(Joint health & reduced pain killer use)
အရိုးများအားကောင်းစေပြီးအဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းများကိုလျော့ချစေနိုင်ပါသည်။)
@3.women's health(PMS & mood)
အမျိုးသမီးများ ဓမ္မတာနှင့်ဆိုင်သောပြသနာများl
နာကျင်ခြင်းlလေပွခြင်းlစိတ်လက်မကြည်မသာဖြစ်ခြင်းများ)
@4.Brain helth(specifically ADHD,ADD ,Alzheimer's and dementia).
krill oil တွင်ပါဝင်သော DHA & EPA phospholipids,တို့ကြောင့်ဦးနှောက်မှတ်ဥာဏ် များတိုးတက်ကောင်းမွန်နိုင်စေခြင်းlအယ်ဇိုင်းမားရောဂါနှင့် စိတ်ကျခြင်း(depression)တို့ကို ကာကွယ်လျော့ကျစေနိုင်ခြင်း)
@5.krill oil သည် ဗီတာမင် A နှင့် E ထက်အဆပေါင်း ၃၀၀ lCo,Q 10 ထက် ၄၈ ဆ antioxidant power ပိုမိုကောင်းမွန်သောကြောင့်အသားအရေလှပကောင်းမွန်စေခြင်းlအရေးအကြောင်းများလျော့ပါးသက်သာစေခြင်းlအိုမင်းရင့်ယော်ခြင်းကိုလျော့ချပေးနိုင်ပါသည်။ဆံပင်ကျဲခြင်းlဆံပင်ကျွတ်ခြင်းတို့ကိုလည်းလျော့ပါးသက်သာကောင်းမွန်စေနိုင်ပါသည်။
@6.Krill oil eye health.
မျက်စိ ၏ မြင်လွှာ(retina) ကို ခရမ်းလွန်ရောင်ခြည် ဒါဏ်မှကာကွယ်ပေးနိုင်သည်။မျက်လုံးကျန်းမာရေးကောင်းမွန်စေသောLutein ထက် 4 ဆ ပိုကောင်းမွန်စေသောကြောင့် မျက်လုံးကျန်းမာရေးကိုစောင့်ရှောက်လိုသူများlမျက်လုံးကိုနေစဉ်အသုံးပြုနေရသူများ အတွက် အထူးသင့်လျော်သော ခရေးအွိုင်း( Krill Oil ) ဖြစ်ပါသည်။
©Ref; from "Krill Oil Benefit " internet page
မြန်မာနိုင်ငံ FDA တွင်မှတ်ပုံတင် ရှိပြီး။

အဝလွန်ခြင်း၏ အဓိကအကြောင်းအရာကတော့ ခန္ဓာကိုယ်၏နေ့စဉ်လိုအပ်ချက်ထက် ပိုမိုစားသောက်ခြင်းပင်ဖြစ်သည်။စားထားသော အသား/အဆီ/ကဆီဓါတ်...
12/08/2016

အဝလွန်ခြင်း၏ အဓိကအကြောင်းအရာကတော့ ခန္ဓာကိုယ်၏နေ့စဉ်လိုအပ်ချက်ထက် ပိုမိုစားသောက်ခြင်းပင်ဖြစ်သည်။စားထားသော အသား/အဆီ/ကဆီဓါတ် အချိုအားလုံးကို ကိုယ်တွင်း၌ သိမ်းဆည်းသိုလှောင်ထားပါသည်။ ပို၍စားထားသော အစားအသောက်များကို အဆီအနေနဲ့ ခန္ဓာကိုယ်ရဲ့ အခို့နေရာတွေမှာ စုံပုံထားပါသည်။ အထူးသဖြင့် ကိုယ်လက်လှုပ်ရှားမှု မလုပ်တဲ့သူတွေ အစားများများစားပြီး အိပ်တတ်တဲ့သူတွေမှာ ပိုဖြစ်လေ့ရှိပါသည်။
Caralluma Fimbriata သည် အိန္ဒိယနိုင်ငံတွင်ကေါက်ရောက်သော Succulent အပင်မှ ထုတ်ယူထားသော ကွန်ပေါင်းဖြစ်သည်။ တိုင်ရင်းဆေးအဖြစ် အမျိုးသမီးများ သုံးစွဲသည်။ အဆီစုပ်ယူမှုကို တားဆီးပေးပြီး သိုလှောင်ထားသော အဆီများကို လောင်ကျွမ်းစေသည်။ ထို့ကြောင့် ခန္ဓာကိုယ်အတွင်းရှိ အဆီများနှင့် ကြွက်သားများ၌ရှိသော အဆီများကို လျော့ကျစေနိုင်သည်။
မှာယူလိုသူများအနေဖြင့် 09252512005 သို့မှာယူနိုင်ပါသည်။ရုံးသို့လာရောက်ဝယ်လိုပါက ၁၅(A)/သပြေညိုလမ်း/စမ်းချောင်းသို့လာရောက်ပြီး ဆရာဝန်နှင့် ဆွေးနွေးသောက်သုံးနိုင်သည်။

Address

Yangon

Telephone

09425030550

Website

Alerts

Be the first to know and let us send you an email when Healthy & Beauty Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share