Happy & Healthy

Happy & Healthy မှန်ကန်တဲ့ ကျန်းမာရေးဗဟုသုတတွေ မျှဝေပေးနေပါတယ်
(1)

ကျန်းမာရေးအသိပညာနဲ့ သတင်းတွေ မျှဝေပေးမယ်။ စနစ်တကျ ကုသပေးမယ်။ တရားဝင်ဆေးဝါးတွေ အလွယ်တကူ ဝယ်နိုင်အောင် စီစဉ်ပေးမယ်။ Set See First/Get Noti Please

🌍 ကမ္ဘာ့အစာအိမ်အူလမ်းကြောင်းကျန်းမာရေးနေ့ ၂၀၂၆ | မေ ၂၉ ရက်🚨 ဝမ်းလျှောနေတာ (၄) ပတ်ကျော်ရင် သတိထားပါ"နာတာရှည်ဝမ်းလျှောနေတဲ...
30/05/2026

🌍 ကမ္ဘာ့အစာအိမ်အူလမ်းကြောင်းကျန်းမာရေးနေ့ ၂၀၂၆ | မေ ၂၉ ရက်

🚨 ဝမ်းလျှောနေတာ (၄) ပတ်ကျော်ရင် သတိထားပါ

"နာတာရှည်ဝမ်းလျှောနေတဲ့ လက္ခဏာတွေကို လျှစ်လျူမရှုပါနဲ့"

ဒီနှစ် မေလ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အစာအိမ်အူလမ်းကြောင်းကျန်းမာရေးနေ့ (World Digestive Health Day 2026) ရဲ့ ဆောင်ပုဒ်ကတော့ "Chronic Diarrhea: Don't Flush the Signs Away" — နာတာရှည်ဝမ်းလျှောနေတဲ့ လက္ခဏာတွေကို လျှစ်လျူမရှုပါနဲ့ ဖြစ်ပါတယ်။

ဝမ်းသွားနေတာ ကြာလာတာနဲ့ ကိုယ်ဘာသာ ဝမ်းပိတ်ဆေးဝယ်သောက်ပြီး ဖြေရှင်းနေသူတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဝမ်းလျှောနေတာ (၄) ပတ်ကျော်လာရင်တော့ ခန္ဓာကိုယ်ကပေးတဲ့ အချက်ပြတစ်ခု ဖြစ်နိုင်ပါတယ်။

နာတာရှည်ဝမ်းလျှောခြင်းဆိုတာ

ဝမ်းပျော့ပျော့ (တစ်ရက် ၃ ကြိမ်နဲ့အထက်) သွားနေတာ (၄) ပတ်ကျော် ကြာလာရင် နာတာရှည်ဝမ်းလျှောခြင်း (Chronic Diarrhea) လို့ သတ်မှတ်ပါတယ်။ လူ (၁၀) ယောက်မှာ (၁) ယောက် (၂) ယောက်လောက် ခံစားနေရတဲ့ ပြဿနာ ဖြစ်ပါတယ်။
အဖြစ်များတာမို့ သာမာန်ထင်ပြီး ဆေးပြောင်းဆေးလဲ သောက်နေရင်း နှစ်ပေါင်းများစွာ ကြာသွားတတ်ပါတယ်။ ဒါကို ဂရုမစိုက်လို့တော့ မရပါဘူး။

ဘာကြောင့်ဖြစ်နိုင်သလဲ

နာတာရှည်ဝမ်းလျှောခြင်းနောက်ကွယ်မှာ ဒီရောဂါတွေ ရှိနိုင်ပါတယ် —
👉 IBS — အူလှုပ်ရှားမှုမမှန်ခြင်း (အဖြစ်အများဆုံး)
👉 IBD — နာတာရှည်အူရောင်ရောဂါ (Crohn's disease, Ulcerative Colitis)
👉 Microscopic Colitis — မှန်ပြောင်းနဲ့မမြင်ရ၊ အသားစ စစ်ဆေးမှသာ တွေ့ရတဲ့ အူရောင်ရောဂါ
👉 အစာမစုပ်ယူနိုင်တဲ့ ရောဂါများ (Malabsorption)
👉 ဂျုံဓာတ်မတည့်ခြင်း (Celiac disease)
👉 သည်းခြေအက်ဆစ် အူထဲပိုဆင်းလို့ ဝမ်းလျှောခြင်း
👉 အူမကြီးကင်ဆာ — ဝမ်းပြောင်းလဲမှုများနဲ့ ဝမ်းလျှောတတ်ပါတယ်

ဒီလိုအကြောင်းတွေကို မသိပဲ ဝမ်းပိတ်ဆေးပဲ သောက်နေရင် ရောဂါ အချိန်မီ မတွေ့ရဘဲ ကြာသွားနိုင်ပါတယ်။

⚠️ ဒီလက္ခဏာတွေရှိရင် ဆရာဝန်ဆီ အမြန်ဆုံးသွားပါ

⚠️ ဝမ်းထဲ သွေးပါနေခြင်း
⚠️ မတော်တဆ ကိုယ်အလေးချိန်ကျလာခြင်း
⚠️ ဝမ်းလျှောခြင်းနှင့်အတူ ဖျားခြင်း
⚠️ သွေးအားနည်းခြင်း
⚠️ ညဘက် ဝမ်းသွားချင်ပြီး နိုးနေပါက
⚠️ မိသားစုထဲ အူမကြီးကင်ဆာဖြစ်ဖူးသူ ရှိပါက
⚠️ အသက် (၄၅) ကျော်မှ ဖြစ်လာတဲ့ ဝမ်းပြောင်းလဲမှုများ

ဒီလက္ခဏာတွေ တစ်ခုခုနဲ့ တွဲနေရင် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ စစ်ဆေးဖို့ အူမကြီးမှန်ပြောင်းကြည့် ဖို့ လိုအပ်နိုင်ပါတယ်။

ရှက်ဖို့မဟုတ်၊ ဂရုထားဖို့ပါ

ဝမ်းနဲ့ပတ်သက်တဲ့ ပြဿနာ ဆရာဝန်ကို ပြောဖို့ ရှက်တတ်ကြပါတယ်။ WGO ကဒီနှစ် ဆောင်ပုဒ်ကနေ ပြောချင်တာက — နာတာရှည်ဝမ်းလျှောခြင်းဟာ ရှက်ရမဲ့ ကိစ္စမဟုတ်ပဲ၊ ဂရုထားရမဲ့ ကျန်းမာရေး ပြဿနာ ဖြစ်ပါတယ်။

နာတာရှည်ဝမ်းလျှောနေတာ အကြောင်းမသိပဲ ကြာနေပြီဆိုရင် — ဒါ သင့်ခန္ဓာကိုယ်က ပေးနေတဲ့ အချက်ပြ ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး မှန်ကန်တဲ့ စစ်ဆေးမှုနဲ့ ကုသမှု ခံယူပါ။

❓ ဘယ်အချိန်မှာ အစာအိမ်အူလမ်းကြောင်းအထူးကုဆရာဝန်နဲ့ ပြသင့်သလဲ

ဝမ်းလျှောနေတာ (၄) ပတ်ကျော်ရင်၊ ဒုတိယအကြိမ်ပြန်ဖြစ်ရင်၊ ဝမ်းပိတ်ဆေးနဲ့ မသက်သာရင် သို့မဟုတ် အပေါ်မှာ ဖော်ပြထားတဲ့ အရေးကြီး လက္ခဏာတွေ (red flags) ရှိနေရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ပါ။ ပြဿနာကို အချိန်မီ ရှာဖွေကုသမှုခံယူရင် ပျောက်ကင်းနိုင်တဲ့ ရောဂါတွေ အများကြီး ရှိပါတယ်။


Reference
World Gastroenterology Organisation (WGO). World Digestive Health Day 2026

ဒေါက်တာငြိမ်းကိုဟိန်း
Happy & Healthy
အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနှင့် မုန့်ချိုအိတ်ရောဂါ အထူးကုသမားတော်

ကျန်းမာပျော်ရွင်ကြပါစေ

18/05/2026

Biliary stone သည်းခြေပြွန်ကျောက် ကုသနည်း

ERCP EUS သည်းခြေလမ်းကြောင်းမှန်ပြောင်းနည်းစနစ်များအပါအဝင် Biliary stone သည်းခြေပြွန်ကျောက် စစ်ဆေး ကုသနည်းများအကြောင်း ဆွေးနွေးပေးထားပါတယ်။

သည်းခြေအိတ်ကျောက်၊ သည်းခြေပြွန်ကျောက် လက္ခဏာတွေ၊ စစ်ဆေး၊ ကုသနည်းတွေအကြောင်း ဆွေးနွေးပေးထားတာတွေကို Page မှာ ဝင်ကြည့်နိုင်ပါတယ်။ FB မှာ Video ကောင်းကောင်းကြည့်မရရင် YT, TT မှာလည်း ကြည့်လို့ရပါတယ် အောက်မှာ လင့်ပေးထားပါမယ်။ ကွန်မန့်မှာ သိချင်တာ မေးနိုင်ပါတယ်။

ကျန်းမာ ပျော်ရွင်ကြပါစေ

ဒေါက်တာငြိမ်းကိုဟိန်း
အစာအိမ်အူလမ်းကြောင်း၊ သည်ခြေလမ်းကြောင်းနှင့် မုန့်ချိုအိတ်ရောဂါအထူးကုသမားတော်

08/05/2026

Gallstone သည်းခြေအိတ်ကျောက် ကုသနည်း

သည်းခြေအိတ်ကျောက် စစ်ဆေး ကုသနည်းတွေအကြောင်း ဆွေးနွေးပေးထားပါတယ်။

နောက်အပတ် စနေနေ့မှာလည်း သည်းခြေပြွန်ကျောက်ရောဂါ စစ်ဆေးကုသနည်းတွေအကြောင်း ဆွေးနွေးပေးမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါဦး

08/05/2026
17/04/2026

သည်းခြေအိတ်ကျောက်၊ သည်းခြေပြွန်ကျောက်တွေ အကြောင်း၊ လက္ခဏာတွေအကြောင်း ဆွေးနွေးပေးထားပါတယ်

ဒီတစ်ပတ်ကျော်လောက်အတွင်း ကုသပေးခဲ့ရတဲ့ သည်းခြေပြွန်ပိတ်ဆို့/ကျောက်ရှိတဲ့ လူနာတွေပါခုနောက်ပိုင်းတော့ သည်းခြေလမ်းကြောင်းပု...
13/04/2026

ဒီတစ်ပတ်ကျော်လောက်အတွင်း ကုသပေးခဲ့ရတဲ့ သည်းခြေပြွန်ပိတ်ဆို့/ကျောက်ရှိတဲ့ လူနာတွေပါ

ခုနောက်ပိုင်းတော့ သည်းခြေလမ်းကြောင်းပုံရိပ်ဖော်မှန်ပြောင်း (ERCP) လုပ်တဲ့အခါ အစ်ကိုဆရာတစ်ယောက်နဲ့ Team အဖြစ် ပူးပေါင်းတိုင်ပင် ကုသပေးကြတဲ့အတွက် လူနာလည်းတိုးလာ အောင်မြင်မှုတွေလည်းပိုတိုးလာပါတယ်။
သည်းခြေလမ်းကြောင်းပိတ်ဆို့မှု၊ ရောင်ရမ်းမှုကို အမြန်ဆုံး၊ အထိရောက်ဆုံး ကုသပေးနိုင်တဲ့ ERCP နည်းလမ်းကို အသုံးပြုပြီး ကုသပေးသင့်တဲ့ လူနာတွေကို လွှဲပေးလာတဲ့ ဆရာတွေကိုလည်း ကျေးဇူးတင်ပါတယ်။

အထူးလူနာတစ်ယောက်ကတော့ အသည်းအစားထိုးကုသမှု (Liver transplant) လုပ်ထားတဲ့လူနာပါ။ အသည်းညာဘက်အခြမ်းပဲရှိပါတယ် သည်းခြေပြွန်ဆက်ထားတဲ့နားက အသားတက်တော့ကျဉ်းလို့ စီးဆင်းမှုမကောင်း အသားဝါ ယားယံနေတဲ့ လူနာပါ။ သည်းခြေပြွန်အဝမှာ လမ်းကြောင်းရှာတဲ့ Sphincterotome ထိပ်ပိုင်းပဲဝင်လို့ရပြီး Guidewire ပါ တစ်နေလို့ အပ်ပုံစံလျှပ်စစ်သုံးပြီးဖြတ်တဲ့ဓား Needle knife ကို သေချာသုံးပြီး လမ်းကြောင်းဖွင့်ခဲ့ရပါတယ်။ မုန့်ချိုအိတ်လမ်းကြောင်းကို Guidewire အရင်ဝင်လို့ရလို့ မုန့်ချိုအိတ်ရောင်ခြင်းကိုကြိုတင်ကာကွယ်ဖို့ ထောက်ပြွန် Prophylactic pancreatic stent အရင်ထည့်ထားလိုက်ပြီး သည်းခြေပြွန်ကို ဆက်ဝင်ပါတယ်။ အသည်းအစားထိုးဖို့ ဆက်ထားတဲ့နားက ကျဉ်းနေတဲ့ သည်းခြေပြွန်နေရာကို ချဲ့တဲ့ Balloon နဲ့ချဲ့၊ ထောက်ပြွန် Biliary stent ထည့်ပေးနိုင်လို့ သည်းခြေလမ်းကြောင်းစီးဆင်းမှု ကောင်းသွားပါတယ်။

နောက်ထပ်အထူးလူနာတစ်ယောက်ကတော့ အသည်းကင်ဆာကို လွန်ခဲ့တဲ့ (၃) နှစ်လောက်က ထိုင်ဝမ်မှာ ခွဲစိတ်မှုခံယူပြီး ကင်ဆာရှိတဲ့အသည်းဘယ်ဘက်အခြမ်းကို ဖြတ်ထုတ်ထားတဲ့လူနာပါ။ ခုလပိုင်းမှာ ကျန်တဲ့သည်းခြေလမ်းကြောင်း စီးဆင်းမှုမကောင်းပဲ အသားဝါပြီး ယားယံမှုကြောင့် အိပ်လို့တောင်မရတဲ့ လူနာပါ။ CT ဓာတ်မှန်ကြည့်ကတည်းက ကျန်တဲ့ သည်းခြေပြွန် Common Hepatic Duct နေရာမှာ ခွဲစိတ်တုန်းက သုံးထားတဲ့ Clips တွေအများကြီးရှိနေတာကို သတိပြုမိခဲ့ပါတယ်။ ERCP လုပ်တဲ့အခါမှာလည်း အဲ့ဒီ Clips တွေကြောင့် အသည်းတွင်း ညာဘက်သည်းခြေပြွန်နဲ့ ချိတ်ဆက်မိအောင် ခက်ခက်ခဲခဲ ကွေ့ကောက်ပြီး ဝင်လိုက်ရပါတယ်။ ကျန်တဲ့သည်းခြေပြွန်တစ်လျှောက်လုံး ကျယ်နေလို့ သည်းခြေပြွန်အထွက်နားက ကျဉ်းနေတဲ့နေရာကို လျှပ်စစ်သုံးဝါယာကြိုးလိုကိရိယာ Sphincterotome နဲ့ ချဲ့ပြီး ထောက်ပြွန် Stent ထည့်ပေးလိုက်တဲ့အခါ စီးဆင်းမှုကောင်းသွားပါတယ်။ ယားယံမှုမရှိတော့ပဲ အိပ်နိုင်၊ စားနိုင်ပြီး အသားဝါတာလည်း လျော့လာပါတယ်။

နောက်လူနာကတော့ အသက် ၇၇ နှစ်အရွယ်အဘွားပါ သည်းခြေပြွန်ထဲမှာ 2 cm အရွယ် ကျောက်ကြီးကြီး ရှိပြီး လမ်းကြောင်းပိတ်ဆို့၊ သည်းခြေပြွန်ရောင်တဲ့အချက်တွေရှိပါတယ်။ သည်းခြေအိတ်ထဲမှာလည်း 1-2 cm အရွယ် ကျောက်ကြီးကြီးတွေ ရှိနေပါတယ်။ သည်းခြေလမ်းကြောင်းပုံရိပ်ဖော်မှန်ပြောင်း ERCP ကြည့်ရင်း လမ်းကြောင်းချဲ့ပြီး သည်းခြေပြွန်ကျောက်ကြီးကို ဆွဲထုတ်ပေးနိုင်ခဲ့ပါတယ်၊ လမ်းကြောင်းရှင်းတာသေချာလို့ ထောက်ပြွန်တောင်မထည့်ခဲ့ပါဘူး။ (၂) ရက်ပဲခြားပြီး သည်းခြေအိတ်နဲ့သည်းခြေကျောက်တွေကို ခွဲစိတ်အထူးကုဆရာက ဝမ်းဗိုက်မှာအပေါက်သေးသေးဖောက်ပြီးခွဲထုတ်ခြင်း Laparoscopic cholecystectomy ပြုလုပ်ပေးတဲ့အတွက် အဘွားမှာ သည်းခြေကျောက်တွေက ထပ်ပေးလာမဲ့ အန္တရာယ်ကင်းသွားပါတယ်။

သည်းခြေပြွန်ကျောက်ကိုပါ ခွဲရင်းသား ရှင်းထုတ်ပေးလို့ ရနိုင်ပေမဲ့ ပိတ်ဆို့ချိန်၊ ရောင်ချိန်မှာ မခွဲသင့်ပါဘူး၊ ဘေးထွက်ဆိုးကျိုးများတာ၊ ဆက်ထားတဲ့နားမလုံတာ၊ ကျဉ်းတာ ဖြစ်နိုင်ခြေများလို့ ERCP followed by Laparoscopic cholecystectomy ကတော့ သည်းခြေပြွန်ကိုပြဿနာမပေးလို့ အသုံးအများဆုံး Recommended နည်းလမ်းဖြစ်ပါတယ်။

နောက်လူနာကတော့ အသက် ၈၃ နှစ် အဘွားပါ။ သည်းခြေအိတ်ကျောက်က သည်းခြေပြွန်ထဲကို ကျလာပြီး ပိတ်ဆို့ ရောင်ရမ်း ပြဿနာပေးတာ ၂ ခါမြောက်ရှိပါပြီ။ ERCP လုပ်ပြီး သည်းခြေပြွန်ကျောက် 1 cm ကျော်ကို ဆွဲထုတ်ပေးခဲ့ပါတယ်။ သည်းခြေအိတ်ကျောက်ကိုလည်း ခွဲစိတ်အထူးကုဆရာနဲ့ Lap Chole လုပ် ခွဲထုတ်ဖို့ စီစဉ်နေပါပြီ။ အဘွားအတွက် သည်းခြေကျောက်တွေရဲ့ ပြဿနာကို မေ့ထားလို့ ရပါတော့မယ်။

သည်းခြေလမ်းကြောင်းပုံရိပ်ဖော်မှန်ပြောင်း (ERCP) ကုသနည်း နဲ့ သည်းခြေလမ်းကြောင်းခွဲစိတ်ကုသနည်း စနစ်တကျ ပေါင်းစပ်ခြင်းရဲ့ အကျိုးတရားတွေပဲ ဖြစ်ပါတယ်။
ဆရာသမားများ၊ Team member များအားလုံးကို ကျေးဇူးတင်ပါတယ်။

နှစ်သစ်မင်္ဂလာ အတာသင်္ကြန်မှာ ကျန်းမာပျော်ရွင်ကြပါစေ

ဒေါက်တာငြိမ်းကိုဟိန်း
M.B.,B.S, M.Med. Sc (Int. Med.)
Dr.Med. Sc (Gastroenterology)
ERCP & EUS Training (AIG Hospitals, India)
အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနှင့် မုန့်ချိုအိတ်ရောဂါ အထူးကုသမားတော်

လိုအပ်သူများအတွက် Probiotics & Prebiotics Guide ပါKey Guidelines တွေကနေ Perplexity Pro AI သုံးပြီး ပြုစုလိုက်တာပါ။AI တော...
03/04/2026

လိုအပ်သူများအတွက် Probiotics & Prebiotics Guide ပါ
Key Guidelines တွေကနေ Perplexity Pro AI သုံးပြီး ပြုစုလိုက်တာပါ။
AI တော်တော်များများ သုံးဖူးသလောက်ယှဉ်ရရင် Perplexity Pro က တော်တော် Powerful ဖြစ်တဲ့ AI Tool ပါ

Comment မှာ PDF file ပေးထားပါမယ်။

Engagement ရှိပြီး လိုအပ်သူများများတွေ့နိုင်အောင် Comment လည်း ရေးပေးသွားပါဦး
Share လို့လည်း ရပါတယ်

ကျန်းမာပျော်ရွင်ကြပါစေ

ဒေါက်တာငြိမ်းကိုဟိန်း
အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနှင့် မုန့်ချိုအိတ်ရောဂါအထူးကုသမားတော်

"Beauty of ERCP"လှိုင်းကြီး လှေအောက်တောင်ကြီး ဖဝါးအောက်သည်းခြေလမ်းကြောင်းကျောက်ကြီး ကျောက်ခြေကိရိယာအောက် 😄အရင်ကလည်း သည်း...
21/02/2026

"Beauty of ERCP"

လှိုင်းကြီး လှေအောက်
တောင်ကြီး ဖဝါးအောက်
သည်းခြေလမ်းကြောင်းကျောက်ကြီး ကျောက်ခြေကိရိယာအောက် 😄

အရင်ကလည်း သည်းခြေလမ်းကြောင်းကျောက် (Biliary stone) သေးသေးကနေ 1.5 cm ဝန်းကျင်လောက်အထိ သည်းခြေလမ်းကြောင်းမှန်ပြောင်း (Endoscopic retrograde cholangiopancreatography, ERCP) ကြည့်ရင်း လမ်းကြောင်းဖော်ပြီး Balloon နဲ့ မကြာခဏ ဆွဲထုတ် ကုသပေးဖြစ်ပါတယ်။
ပင်မ/ဘုံသည်းခြေလမ်းကြောင်း (Common Bile Duct) ရဲ့ အဝကို ကျောက်ထွက်နိုင်အောင် လျှပ်စီးကြိုးအသုံးပြုပြီး ချဲ့ခြင်း (Sphincterotomy) နဲ့ Balloon အရှည် သုံးပြီး ချဲ့ခြင်း ပြုလုပ်ပေးထားမှသာ ကျောက်က တစ်မနေပဲ ထွက်လာနိုင်မှာပါ။ (ဘုံသည်းခြေလမ်းကြောင်းအောက်ပိုင်း တစ်လျှောက်လုံး ကျဉ်းနေရင်တော့ Balloon နဲ့ အကျယ်ကြီးမချဲ့သင့်ပါ)
Basket လို့ခေါ်တဲ့ ခြင်းလေးလို ကိရိယာနဲ့ ကျောက်ကိုဖမ်းပြီး ဆွဲထုတ်လို့လည်း ရပေမဲ့ မထွက်ပဲ တစ်နေပြီး သွင်းလို့ ထုတ်လို့ မရတော့ရင် အရေးပေါ် ခွဲစိတ်မှု လုပ်ရနိုင်လို့ အသုံးနည်းပါတယ်။

မနေ့က ဒီလူနာမှာတော့ သည်းခြေလမ်းကြောင်းကျောက်က 2.3 cm လောက်ကြီးပြီး ကျောက်ဆွဲထုတ်တဲ့ ရိုးရိုး Balloon နဲ့ ဆွဲရင် Balloon ပေါက်နိုင်ခြေ၊ ကျောက်မထွက်နိုင်ခြေများလို့ မထွက်ရင် တစ်ခါတည်း ညှစ်ခြေလို့ ရတဲ့ ကျောက်ခြေကိရိယာ (Mechanical Lithotripter Basket) ကို သုံးပြီး ဆွဲထုတ် ကုသပေးနိုင်ခဲ့ပါတယ်။ ကျောက်တစ်ချို့ကိုလည်း ခြေပေးခဲ့ပါတယ်။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၊ ကုသရာမှာ ပါဝင်တဲ့ အဖွဲ့ဝင်များ အားလုံးကို ကျေးဇူးတင်ပါတယ်။

သည်းခြေလမ်းကြောင်းကျောက် သို့မဟုတ် မုန်ချို့အိတ်လမ်းကြောင်းကျောက် ဒီထက်ကြီးပြီး ဆွဲထုတ်ဖို့မလွယ်၊ ကျောက်ညှစ်ခြေတဲ့ကိရိယာနဲ့ ခြေဖို့ မလွယ်ရင် သည်းခြေလမ်းကြောင်း/မုန့်ချိုအိတ်လမ်းကြောင်း 4-5 mm ကျော် ကျယ်ရင် လမ်းကြောင်းအတွင်းထိ ကြည့်နိုင်တဲ့ မှန်ပြောင်း (Cholangiopancreatoscopy) သုံးပြီး လျှပ်စစ်နဲ့အရည်ဖိအားသုံး ကျောက်ခြေစက် (Electrohydraulic lithotripsy, EHL) သို့မဟုတ် လေဆာကျောက်ခြေစက် (Laser lithotripsy) နဲ့ ကျောက်ကို တိုက်ရိုက်ကြည့်ပြီး ခြေပေးလို့ ရပါတယ်။ မြန်မာနိုင်ငံမှာတော့ တွင်တွင်ကျယ်ကျယ် မသုံးနိုင်သေးပါ။
ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းက ကျောက်တွေကို ခြေသလိုမျိုး ပိုအဆင့်မြင့်တဲ့ အသံလှိုင်းကျောက်ခြေစက် (Extracorporeal shock wave lithotripsy, ESWL) အသုံးပြုပြီး သည်းခြေလမ်းကြောင်း/မုန့်ချိုအိတ်လမ်းကြောင်းက ကျောက်ကြီးကြီးတွေကို ခြေ၊ သည်းခြေလမ်းကြောင်းမှန်ပြောင်း ERCP ကြည့်ရင်း ခြေပြီးသား ကျောက်သေးသေးတွေကို ဆွဲထုတ်ဖယ်ရှား ကုသပေးနိုင်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ESWL ကျောက်ခြေစက်တွေနဲ့ လုပ်လို့ ရပါ့မလားတော့ မသေချာသေးပါဘူး။

လက်ရှိအခြေအနေမှာလည်း သည်းခြေလမ်းကြောင်းမှန်ပြောင်း ERCP procedure ရဲ့ အစွမ်းကြောင့် အစာအိမ်အူလမ်းကြောင်းအထူးကုသမားတော်များသည် သည်းခြေလမ်းကြောင်းက ကျောက်တွေကို ခွဲစိတ်ဖို့မလိုပဲ ဖယ်ရှားကုသပေးနိုင်ပါပြီ။
သည်းခြေလမ်းကြောင်းနဲ့မုန့်ချိုအိတ်လမ်းကြောင်းပိတ်ဆို့မှု တော်တော်များများကိုလည်း ထောက်ပြွန် (Stent) ထည့်ပြီး စီးဆင်းမှုကောင်းအောင် ကုသပေးနိုင်ပါပြီ။

ERCP နဲ့ သည်းခြေလမ်းကြောင်းက ကျောက်ကို ဖယ်ပေးနိုင်/ထောက်ပြွန်ထည့်ထားနိုင်ပေမဲ့
➡️ သည်းခြေအိတ်ထဲမှာပါ ကျောက်ရှိနေရင် လမ်းကြောင်းထဲကို ထပ်ကျလာပြီး ပိတ်ဆို့မှု ထပ်ဖြစ်နိုင်လို့ သည်းခြေကျောက်ရှိနေတဲ့ သည်းခြေအိတ်ကို ခွဲထုတ်ဖယ်ရှားဖို့ လိုပါတယ် (ဝမ်းဗိုက်အပေါက် သေးသေးဖောက် ခွဲစိတ်ခြင်း Laparoscopic cholecystectomy လုပ်ကြတာ များပါတယ်)
➡️ သည်းခြေလမ်းကြောင်းကျောက်ကို ERCP မှန်ပြောင်းနဲ့ ထုတ်လို့မရရင်/ကြီးလွန်း/များလွန်းရင် သည်းခြေလမ်းကြောင်းနဲ့မုန့်ချိုအိတ် ခွဲစိတ်ကျွမ်းကျင်တဲ့ ခွဲစိတ်အထူးကုဆရာတွေနဲ့ ပြဖို့လိုပါတယ်။

ကျန်းမာရေး ဗဟုသုတ တိုးပွားပြီး ကျန်းမာပျော်ရွင်ကြပါစေ

ဒေါက်တာငြိမ်းကိုဟိန်း
အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနှင့် မုန့်ချိုအိတ်ရောဂါ အထူးကုသမားတော်

⚠️ Content Warning:
This post contains images related to medical procedures where blood may be visible. Viewer discretion is advised.

27/01/2026

H. pylori အစာအိမ်ပိုး ကုသနည်း အပိုင်း (၄)

မြန်မာနိုင်ငံ အစာအိမ်ပိုး ကုသမှုလမ်းညွှန်ချက်နဲ့ နောက်ဆုံးထုတ် ကမ္ဘာ့လမ်းညွှန်ချက်ကို ဆွေးနွေးပေးထားပါတယ်။
ရှေ့မှာလည်း အပိုင်း (၃) ပိုင်း တင်ပေးထားပါတယ် မကြည့်ရသေးရင် ကြည့်ပေးပါ။

အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနဲ့ မုန့်ချိုအိတ်ရောဂါတွေအကြောင်း ကုသနည်းတွေအကြောင်း အပတ်စဉ်ပုံမှန် မျှဝေပေးသွားမှာမို့လို့ စောင့်ကြည့်ပေးကြပါဦး။

ဒေါက်တာငြိမ်းကိုဟိန်း
အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနှင့် မုန့်ချိုအိတ်ရောဂါ အထူးကုသမားတော်

26/01/2026

H. pylori အစာအိမ်ပိုး ကုသနည်း အပိုင်း (၃)

မြန်မာနိုင်ငံမှာ အစာအိမ်ပိုး ဆေးမတိုးတဲ့ရာခိုင်နှုန်းတွေနဲ့ ကုသပျောက်ကင်းမှုရာခိုင်နှုန်းတွေကို ဆွေးနွေးပေးထားပါတယ်။
ရှေ့မှာလည်း အပိုင်း (၂) ပိုင်း တင်ပေးထားပါတယ် မကြည့်ရသေးရင် ကြည့်ပေးပါ။ နောက် (၁) ပိုင်းကျန်တာကို မနက်ဖြန် ည ၆ နာရီမှာ တင်ပေးသွားပါမယ်။ စောင့်ကြည့်ပေးကြပါဦး။

ဒေါက်တာငြိမ်းကိုဟိန်း
အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနှင့် မုန့်ချိုအိတ်ရောဂါ အထူးကုသမားတော်

Address

Nyein Clinic ငြိမ်းဆေးခန်းနှင့်ဆေးဆိုင်
Yangon

Alerts

Be the first to know and let us send you an email when Happy & Healthy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Happy & Healthy:

Share