Myittar Yeik Clinic and Home Care Services

Myittar Yeik Clinic and Home Care Services မေတ္တာရိပ်အ‌ထွေထွေရောဂါကုဆေးခန်း

08/04/2026

💬
📌📌📌
၂၀၂၆ ခုနှစ်အတွက် ရာသီတုပ်ကွေးကာကွယ်ဆေး စတင် ထိုးနှံနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင့်...

ရာသီတုပ်ကွေးရောဂါသည် ရာသီတုပ်ကွေးရောဂါပိုးကြောင့် ဖြစ်ပွားပြီး အသက်ရှူလမ်းကြောင်းမှတဆင့် ကူးစက်ဖြစ်ပွားစေနိုင်ပါတယ်

ရောဂါလက္ခဏာများ
😷 ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်းတို့ အဖြစ်များပါတယ်
😷 ရံဖန်ရံခါ လည်ချောင်းနာခြင်း၊ နှာချေခြင်း၊ နှာစေးခြင်းနှင့် ကလေးများတွင် ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်းတို့ ဖြစ်တတ်ပါတယ်
😷 သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတွင် ပိုမိုပြင်းထန်စွာ ခံစားရနိုင်ပါတယ်

ရာသီတုပ်ကွေးကာကွယ်ဆေးရဲ့ ရောဂါကာကွယ်ပေးနိုင်စွမ်း အာနိသင် (immune response) ကိုတော့ ဆေးထိုးပြီး ၂ ပတ်ခန့်အကြာမှာပဲ စတင်ရရှိစေနိုင်မှာဖြစ်ပြီး အဆိုပါ ကာကွယ်နိုင်စွမ်းကိုတော့ ကြာမြင့်ချိန်ကာလ ၆ လ မှ ၁ နှစ် နီးပါးခန့်အထိ ရရှိစေနိုင်မှာပါ။

ဒါ့ကြောင့် ရာသီတုပ်ကွေးရောဂါတွေ အဖြစ်များလေ့ရှိတဲ့ မိုးရာသီမရောက် မီ ကြိုတင်ထိုးနှံထားရင်တော့ အကောင်းဆုံးဖြစ်ပြီး အကယ်၍ ရောဂါဖြစ်ပွားလာခဲ့လျှင်လည်း ဆေးမထိုးထားသူများထက်ပိုပြီး ရောဂါပြင်းထန်မှုကို လျှော့ချပေးနိုင်မှာပါ။

ဘယ်လိုလူတွေမှာ ပိုပြီးထိုးထားသင့်ပါသလဲ ဆိုရင်တော့...

- ကိုယ်ဝန်ဆောင်မိခင်တွေ
- အသက် ၆ လ နှင့်အထက် ကလေးသူငယ်တွေ
- အသက် ၆၀ အထက် သက်ကြီးပိုင်းတွေ
- နာတာရှည်ရောဂါ ရှိသူတွေ (ဥပမာ ဆီးချို၊သွေးတိုး၊ နှလုံးရောဂါရှိသူတွေ) နဲ့
- ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ကုမ္ပဏီဝန်ထမ်းတွေ အစရှိသူတို့ပဲ ဖြစ်ပါတယ်။

အသက် ၉ နှစ်အောက် ကလေးငယ်တွေမှာဆိုရင်

အရင်ကထိုးခဲ့ဘူးပါက ၁ ကြိမ်သာ ထိုးရန်လိုမှာဖြစ်ပြီး...
အရင်ကထိုးခဲ့ဖူးခြင်းမရှိပါက ပထမ ၁ကြိမ်ထိုးပြီး တစ်လအကြာမှာတော့ နောက်ထပ် ၁ကြိမ် ထပ်မံထိုးနှံသင့်ပါတယ်။

အသက် ၉ နှစ်အထက်ဆိုပါက ၁ ကြိမ်သာထိုးဖို့လိုအပ်မှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကြိုတင်ထိုးနှံထားခြင်းအားဖြင့် မိခင်ပါကြိုတင်ကာကွယ်စေနိုင်တာသာမက မွေးဖွားလာမယ့်ကလေးလေးကိုလည်း မွေးစ ကနေ အသက် ၆ လ ခန့်အထိကိုလည်း ကာကွယ်ပြီးဖြစ်စေနိုင်ပါတယ်။

''ရာသီတုပ်ကွေးကြောင့် ဖျားနာခြင်း ကင်းဝေးဖို့ ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးနှံကြပါစို့''

အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံဆေးခန်းသို့ သွားရောက်ဖို့ အခက်အခဲရှိပါက အိမ်တိုင်ရာရောက် ကာကွယ်ဆေးထိုးနှံပေးပါတယ်

ရုံး
အသင်းအဖွဲ့
ကျောင်းများ နှင့် ကုမ္ပဏီအသင်းအဖွဲ့များသို့လည်း On-Site Service အဖြစ် အထူးဈေးနှုန်းဖြင့် ဆောင်ရွက်ပေးပါတယ်

အသေးစိတ် သိရှိလိုပါက Myittar Yeik Clinic and Homecare Services page Messenger မှတဆင့်သော်လည်းကောင်း
ဖုန်းဆက်သွယ်၍သော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါတယ်

"မေတ္တာရိပ် ဆေးခန်းနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း"

အမှတ်(၂၁၆)၊ အောင်မေတ္တာ(၄)လမ်း၊ (၁)ရပ်ကွက် ၊ #လှိုင်မြို့နယ်

ဆက်သွယ်ရန်
ဖုန်း 09 970 367362
09 784 658146




#လှိုင်မြို့နယ်

Address

216. Aung Myittar 4th Street, 1st Quarter. Hlaing Township
Yangon

Opening Hours

Monday 08:00 - 11:00
16:30 - 19:30
Tuesday 08:00 - 11:00
16:30 - 19:30
Wednesday 08:00 - 11:00
16:30 - 19:30
Thursday 08:00 - 11:00
16:30 - 19:30
Friday 08:00 - 11:00
16:30 - 19:30
Saturday 08:00 - 11:00
16:30 - 19:30
Sunday 08:00 - 11:00
16:30 - 19:30

Telephone

+959970367362

Website

Alerts

Be the first to know and let us send you an email when Myittar Yeik Clinic and Home Care Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myittar Yeik Clinic and Home Care Services:

Shortcuts

Share