28/05/2026
📌ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကလေးငယ်တွေအကြား အဖြစ်အများဆုံး ကင်ဆာရောဂါဟာ "သွေးကင်ဆာ (Leukemia)" ဖြစ်ပြီး အထူးသဖြင့် အသက် (၂) နှစ်ကနေ (၆) နှစ်ကြား ရင်သွေးငယ်တွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။
❗ပိုပြီး ကြောက်ဖို့ကောင်းတာက ကလေးသွေးကင်ဆာရဲ့ အစောပိုင်းလက္ခဏာတွေဟာ သာမန်တုပ်ကွေးဖျားတာ၊ အရိုးအဆစ်နာတာတွေနဲ့ ဆင်တူလွန်းတာကြောင့် မိဘတွေဘက်က ရောဂါရင့်လာတဲ့အထိ သတိမပြုမိဘဲ အချိန်လွန်သွားတတ်ကြတာပါပဲ။
💪ကလေးတွေရဲ့ ရောဂါဟာ လူကြီးတွေထက် ပိုမြန်သလို၊ ကံကောင်းတာတစ်ခုက စောစောသိရင် ပြန်လည်ပျောက်ကင်းဖို့ အခွင့်အလမ်း (Cure Rate) ကလည်း လူကြီးတွေထက် အဆပေါင်းများစွာ ပိုမြင့်မားပါတယ်။
💡 ဒါကြောင့် သားသမီးလေးတွေရဲ့ ခန္ဓာကိုယ်ကပြတဲ့ အချက်ပြလက္ခဏာတွေကို မိဘတွေအနေနဲ့ မျက်ခြေမပြတ်ဘဲ ဘယ်လိုကြိုတင်သတိထားရမလဲဆိုတာ မဖြစ်မနေ သိရှိထားဖို့ လိုအပ်ပါတယ်။
🔍 မိဘတွေ မျက်ခြေမပြတ် စောင့်ကြည့်ရမယ့် သတိပေးလက္ခဏာ (၆) ချက်
ကလေးရဲ့ ခန္ဓာကိုယ်ထဲမှာ ပုံမှန်မဟုတ်တဲ့ သွေးဖြူဥတွေ အလွန်အမင်း များပြားလာတဲ့အခါ အောက်ပါ လက္ခဏာတွေ ပြတတ်ပါတယ်။
🤒 အကြောင်းရင်းမရှိ ခဏခဏ ဖျားခြင်း: ပိုးသတ်ဆေး၊ အဖျားပျောက်ဆေး သောက်သော်လည်း မသက်သာဘဲ ပြန်ပြန်ဖျားခြင်း။
🩸 သွေးထွက်လွယ်ခြင်း၊ အညိုအမည်းစွဲခြင်း: ပြုတ်ကျတာ၊ ထိခိုက်တာမရှိဘဲ ခန္ဓာကိုယ်မှာ အမည်းကွက်များ ထွက်လာခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးသွေးထွက်ခြင်း။
😔 ဖြူဖျော့ပြီး နုံးခွေနေခြင်း: သွေးအားနည်းလာတာကြောင့် ကလေးက ဖြူဖျော့ပြီး အရင်လို မဆော့တော့ဘဲ အမြဲမှေးနေခြင်း။
🦴 အရိုးအဆစ်များ နာကျင်ခြင်း: ခြေထောက်၊ လက်မောင်းနှင့် အရိုးအဆစ်များ နာကျင်သည်ဟု မကြာခဏ ညည်းခြင်း၊ လမ်းမလျှောက်ချင်ခြင်း။
🧬အကျိတ်များ စမ်းမိခြင်း: လည်ပင်း၊ ဂျိုင်း သို့မဟုတ် ပေါင်ခြံတို့တွင် နာကျင်မှုမရှိဘဲ အကျိတ်များ ဖောင်းတက်လာခြင်း။
❗ဗိုက်ဖောင်းလာခြင်း: ကင်ဆာဆဲလ်တွေကြောင့် အသည်းနှင့် သရက်ရွက် ကြီးလာပြီး ဗိုက်ပူဖောင်းလာခြင်း။
(ဒီလက္ခဏာတွေ ရှိနေတိုင်း သွေးကင်ဆာလို့ တစ်ထစ်ချ ပြောလို့မရပေမယ့် ကျွမ်းကျင်တဲ့ ကလေးသွေးရောဂါနှင့်ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီးနဲ့ အမြန်ဆုံး ပြသစစ်ဆေးဖို့ လိုအပ်နေပါပြီ)
💁♀️ "မိသားစုတိုင်းရဲ့ ပိုမိုကျန်းမာသော မနက်ဖြန်တိုင်းအတွက်"
ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု
#ဘန်ကောက်ဆေးကု #အိန္ဒိယဆေးကု #ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှု #နိုင်ငံခြားဆေးကု #အိန္ဒိယဆေးရုံ
#ကလေးကင်ဆာ
#ကလေးသွေးကင်ဆာ