Myanmar Health Centre

Myanmar Health Centre Myanmar Health Centre

ယခုအခါ မြန်မာပြည်တွင် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသောအချိန်ကာလဖြစ်ပေရာ မိမိနိုင်ငံသားများ၏ လူနေမှုအဆင့်အတန်းမှာလည်း ခေတ်စနစ်နှင့်အညီ ပြောင်းလဲလာနေသည်ကို သတိထားမိ နိုင်ပါသည်။စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်တွင်တိုးတက်အောင် ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံသားများအနေဖြင့်တိုးတက်လာသောခေတ်နှင့်အညီ မိမိတို့၏ဗဟုသုတအဖြာဖြာကို အမြဲတစေ တိုးတက်နေ စေရန် ကြိုစားအားထုတ်သင့်သည်ဟုထင်မြင်

မိပါသည်။ ကျန်းမာရေးအခန်း ကဏ္ဍတွင် လည်း နိုင်ငံသားတို့၏စိတ်ပါဝင်စားမှုမှာ တိုးတက်လျှက်ရှိသော်ငြားလည်း ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်လျှင် မိမိတို့၏ကျန်းမာရေးဆိုင်ရာ ဗဟုသုတကွာဟချက် (Knowledge Gap) မှာ နှစ်ပေါင်းများစွာ နောက်ကျကျန်နေသည်ကို မြင်တွေ့နိုင်ပါသည်။ လက်ရှိ အချိန် မြန်မာနိုင်ငံတွင်ကျင့်သုံးနေသော ဆရာဝန်နှင့် လူနာဆက်ဆံရေးမှာ ဖွံ့ဖြိုးပြီးနိုင်ငံများမှ ၂၀ ရာစုတွင် ကျင့်သုံးခဲ့သော ဆရာဝန်ဗဟိုပြုသောဆက်ဆံရေး (Paternalistic Approach) အတိုင်းကျင့်သုံးနေဆဲဖြစ်သည်။ ၂၁ ရာစုတွင် ဖွံ့ဖြိုးပြီးနိုင်ငံများက ယင်းနည်းလမ်း ဟောင်းကိုအသုံးမပြုတော့ပဲ လူနာဗဟိုပြုဆက်ဆံရေး ( Patient Oriented Approach) ကိုသာအသုံးပြုလာကြသည်။ ယင်းစနစ်၏ အာသာချက်များမှာ လူနာမှမိမိရောဂါ၏အခြေအနေများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ခြင်း၊ ကုထုံးများ ၏ ကောင်းကျိုးဆိုးကျိုးများကို ဆရာဝန်မှရှင်းပြသောအခါ မိမိအနေဖြင့် မည်သည့် ကုထုံးသည် အသင့်တော် ဆုံးဖြစ်မည်ကို ဆုံးဖြတ်ရာတွင် ဆရာဝန်တစ်ယောက်ထဲ၏ဆုံးဖြတ်ချက်မဟုတ်ပဲ ဆရာဝန် နှင့်အတူ မိမိ ကျန်းမာရေးအတွက် မိမိကိုယ်တိုင်ပါဝင်၍ ဆုံးဖြတ်နိုင်သည်။ ဤစနစ်ကိုအကောင်ထည်ဖော်ရန် ပြည်သူလူထု အနေဖြင့် မိမိတို့၏ ကျန်းမာရေးဆိုင်ရာဗဟုသုတများကို ခေတ်နှင့်အညီသိရှိအောင် ကြိုစားရမည် ဖြစ်သည်။ သို့မှသာ မိမိရောဂါအကြောင်းကို ဆရာဝန်နှင့်ဆွေးနွေးသောအခါ အချိန်တိုအတွင်း မိမိ အခြေနေကို ပိုမို၍ သိရှိနားလည် နိုင်မည်ဖြစ်သည်။

ရောဂါဖြစ်မှ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပို၍ထိရောက်ကြောင်းကိုလည်း အားလုံးသိရှိ နားလည်ထားရမည်ဖြစ်သည်။ အချို့သောရောဂါများမှာ လူတို့၏နေထိုင်မှုပုံစံမှားယွင်းခြင်း၊ ကျန်းမာရေးဗဟု သုတနည်းပါးခြင်းတို့ကြောင့်ဖြစ်ပွားခြင်းဖြစ်ပြီး အများစုမှာကာကွယ်နိုင်သောရောဂါများဖြစ်သည်။ ယေဘုယျ အားဖြင့် ကျန်းမာရေးအသိပညာပေးရေးသည် ကျန်းမာရေးဝန်ထမ်းများ၏အလုပ်ဟု သတ်မှတ်နိုင်သော်လည်း မိမိတို့၏ကျန်းမာရေးအတွက် ကျန်းမာရေးဆိုင်ရာဗဟုသုတအချက်အလက်များကို မိမိတို့ကိုယ်တိုင် လေ့လာ သိရှိထားရန်လိုအပ်ပြီး လိုက်နာကျင့်သုံးနိုင်ရန်မှာလည်း အရေးကြီးလှပေသည်။ မိမိသိရှိထားသော မှန်ကန် သောကျန်းမာရေးဆိုင်ရာဗဟုသုတများကိုလည်း မိမိ၏မိသားစု၊ မိမိ၏ပတ်ဝန်းကျင်ကို ဝေငှပေးရ မည်။သို့မှသာ မြန်မာနိုင်ငံသားများ အားလုံး ကျန်းမာသောလူနေမှုပုံစံကိုရရှိမည်ဖြစ်သည်။

Address

Yangon

Alerts

Be the first to know and let us send you an email when Myanmar Health Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Health Centre:

Shortcuts

Share