Lynn Myittar - လင်းမေတ္တာ ဆေးဝါးကျွမ်းကျင် အွန်လိုင်းသင်တန်း

  • Home
  • Myanmar
  • Yangon
  • Lynn Myittar - လင်းမေတ္တာ ဆေးဝါးကျွမ်းကျင် အွန်လိုင်းသင်တန်း

Lynn Myittar - လင်းမေတ္တာ ဆေးဝါးကျွမ်းကျင် အွန်လိုင်းသင်တန်း ဆေးဝါးဗဟုသုတများစွာကို လင်းမေတ္တာ မှာလေ့လာသင်ယူပါ...။

X'mas မှာ ပျော်ရွှင်အေးချမ်းကြပါစေ။
25/12/2024

X'mas မှာ ပျော်ရွှင်အေးချမ်းကြပါစေ။

Unasyn (ပိုးသတ်ဆေး)အသုံးပြုရသော ရောဂါများ- အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါ ဆီးလမ်းကြောင်းပိုးဝင်ရောဂါ သည်းခြေအိတ်ရောင်ရော...
31/10/2024

Unasyn (ပိုးသတ်ဆေး)

အသုံးပြုရသော ရောဂါများ

- အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါ ဆီးလမ်းကြောင်းပိုးဝင်ရောဂါ သည်းခြေအိတ်ရောင်ရောဂါ သားအိမ်အတွင်းအမြှေးပါးရေင်ရောဂါ အရေပြားပိုးဝင်ရောဂါ တို့တွင်အသုံးပြုသည်။

ဆေး၏ဆိုးကျိူးများ

- ပျို့အန်ခြင်း ဗိုက်နာဗိုက်အောင့်ခြင်း အရေပြားနီရဲခြင်း မောပန်းလွယ်ခြင်း နုံးချည့်ခြင်း ခေါင်းကိုက်ခြင်း ဝမ်းပျက်ခြင်းများဖြစ်နိုင်သည်။



#ဆေးဝါးကျွမ်းကျင်သင်တန်း

Ginkgo Bilobaအသုံးပြုရသော ရောဂါများ- မှတ်ညဏ်ချို့ယွင်းခြင်း သွေးလည်ပတ်ခြင်းနည်းသောကြောင့် နားလေးခြင်း နားအူခြင်း ခေါင်းမ...
27/10/2024

Ginkgo Biloba

အသုံးပြုရသော ရောဂါများ

- မှတ်ညဏ်ချို့ယွင်းခြင်း သွေးလည်ပတ်ခြင်းနည်းသောကြောင့် နားလေးခြင်း နားအူခြင်း ခေါင်းမူးခြင်း ခြေလက်သွေးကြောကျဉ်းခြင်း ပန်းသေရောဂါနှင့် ရာသီမလာခင် ရင်သားနာကျင်ခြင်း တို့ကာကွယ်ရန်အသုံးပြုရသောဆေးဖြစ်သည်။

ဆေး၏ဆိုးကျိူးများ

- ပျို့အန်ခြင်း ရင်ပူခြင်း ခေါင်းကိုက်ခြင်း ခေါင်းမူးခြင်းရင်တုန်ခြင်းများဖြစ်နိုင်သည်။



#ဆေးဝါးကျွမ်းကျင်သင်တန်း

အိပ်ရေးဝဝ အိပ်ပျော်ဖို့ နည်းလမ်းများ- အိပ်ချိန်ကို သတ်မှတ်ပါ။ အလုပ်ပိတ်ရက်မှာ မထပဲအကြာကြီးအိပ်ပစ်တာမျိုးရှောင်ပါ။- လေ့ကျ...
25/10/2024

အိပ်ရေးဝဝ အိပ်ပျော်ဖို့ နည်းလမ်းများ

- အိပ်ချိန်ကို သတ်မှတ်ပါ။ အလုပ်ပိတ်ရက်မှာ မထပဲအကြာကြီးအိပ်ပစ်တာမျိုးရှောင်ပါ။

- လေ့ကျင့်ခန်းလုပ်ခြင်းက သွေးလည်ပတ်မှု မှန်ကန်စေပြီး ခန္ဓာကိုယ်ကိုလည်း အထိုက်အလျောက် မောပန်းစေတာမို့ ကောင်းကောင်း အိပ်ပျော်စေပါတယ်။

- ဖုန်းနဲ့ တက်ဘလက်တွေက ထွက်တဲ့ အလင်းရောင်တွေက အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အလင်းရောင် ထွက်တဲ့ အရာတွေကို ရှောင်ပါ။ မီးပိတ်အိပ်ပါ။

- အိပ်ခန်းကို သန့်ရှင်းအောင်ထားပါ စိတ်ကြည်လင်အောင်နေပါ မအိပ်ခင် နွားနို့ တစ်ခွက် သောက်တာ ဒါမှမဟုတ် ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာကလည်း နှစ်ခြိုက် ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။



#ဆေးဝါးကျွမ်းကျင်သင်တန်း

💊ဆေးဝါးပညာရပ်ကို သင်ယူလေ့လာသူများအတွက် အွန်လိုင်းကနေ အချိန်ကုန်ငွေကုန် သက်သာပြီး ထိရောက်မှုအမှန်တကယ်ရရှိမယ့် သင်တန်းလေးလ...
23/10/2024

💊ဆေးဝါးပညာရပ်ကို သင်ယူလေ့လာသူများအတွက် အွန်လိုင်းကနေ အချိန်ကုန်ငွေကုန် သက်သာပြီး ထိရောက်မှုအမှန်တကယ်ရရှိမယ့် သင်တန်းလေးလာပါပြီ။

- သင်ခန်းစာများကို Facebook private group တွင် တစ်ခန်းချင်းစီ Link ကနေဝင်သင်ယူလေ့လာသင်ယူရပါမည်။

- သင်ခန်းစာတွေမှာ ဆေးဝါးအခြေခံကနေ အဆင့်မြင့်အထိ ခေတ်ပေါ်ဆေး တွေကို ဆေးဘူးပုံနဲ့တကွပြပြီးသင်ကြားပေးထားပါတယ်။

- ဒီသင်တန်းပြီးတာနဲ့ဆေးဆိုင်တန်းဖွင့်နိုင်အောင် ဆေးဆိုင်တစ်ဆိုင်မှာ စပြီးဝယ်ယူထားသင့်တဲ့ဆေးဝါးစာရင်းတွေ ဝယ်ယူရန် လက်ကားဒိုင်တွေနဲ့ချိတ်ပေးပါတယ်။

- ဆေးဆိိုင်လိုင်စင်လျှောက်နည်းနဲ့ အမြတ််တွက်တဲ့ပုံစံကိုပါသေချာအသေးစိတ်သင်ကြားပေးပါတယ်ရှင့်။

- သင်တန်းတက်ပြီးရင် သင်တန်းဆင်းလက်မှတ်လည်းရရှိပါမည်။

- သင်တန်းကြေးလေးက (၈သောင်း)ကျပ်။

- သင်တန်းကာလလေး (၃လ)။

*** သင်တန်းကြေးသွင်းပြီး ချက်ချင်း သင်တန်းတက်လို့ရပြီဆိုတော့ အခုပဲအပ်လိုက်တော့နော်။

ကျမတို့ Digital ခေတ်မှာ လည်ပင်းကျီးပေါင်း အဖြစ်များလာတာကို သိသိသာသာတွေ့ရမှာပါ။   လည်ပင်းကျီးပေါင်း ဖြစ်တာကို ကာကွယ်ဖို့ဆ...
21/10/2024

ကျမတို့ Digital ခေတ်မှာ လည်ပင်းကျီးပေါင်း အဖြစ်များလာတာကို သိသိသာသာတွေ့ရမှာပါ။ လည်ပင်းကျီးပေါင်း ဖြစ်တာကို ကာကွယ်ဖို့ဆိုရင်----

- ကွန်ပျူတာရှေ့မှာ အလုပ်လုပ်တာ့အခါ ၂ နာရီလောက် ကြာသွားတိုင်း ၁၀ မိနစ် – ၁၅ မိနစ်လောက် မတ်မတ်ကလေးထိုင်ရင်း ခါးကြောတွေ၊ ခြေထောက်က အကြောတွေကို ပြေလျော့အောင် လုပ်ဆောင်ပါ။

- အထူးသဖြင့် ဇက်ကြောတွေကို လျှော့ပေးပါ။
- အခါအားလျော်စွာ မတ်တတ်ရပ်ပေးပါ။ လမ်းလေးပတ်လျှောက်တာမျိုး လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက ကျောရိုးနဲ့ ခါးကြောပေါ်က သက်ရောက်မှုတွေကို ပြေလျော့စေနိုင်ပါတယ်။

- ကိုယ်နေဟန်ထား မှန်မှန်လေး ထိုင်ပြီး ကွန်ပျူတာ စခရင်မ်ကို မျက်လုံးနဲ့ တစ်တန်းတည်း ထားပေးပါ။

- အိပ်တဲ့အခါ ခါးကို မတ်မတ် ဆန့်တန့်လေး ထိုင်ပေးပါ။ ပခုံးတွေကိုလည်း အနေအထား မှန်မှန်လေး ထားပေးဖို့လည်းလိုပါမယ်။



#ဆေးဝါးကျွမ်းကျင်သင်တန်း

Sevelamerအသုံးပြုနို်င်သောရောဂါများ----------------------------နာတာရှည်ကျောက်ကပ်ရောဂါ ရှိသူများ ကျောက်ကပ်ကောင်းစွာ အလုပ်...
19/10/2024

Sevelamer

အသုံးပြုနို်င်သောရောဂါများ
----------------------------

နာတာရှည်ကျောက်ကပ်ရောဂါ ရှိသူများ ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်သည့်အခါ သွေးသန့်စင်ရန်အသုံးပြုသည်။

ဘေးထွက်ကျိုးဆိုးများ
-----------------------

ဝမ်းလျော့ခြင်း ပျို့အန်ခြင်း ဗိုက်မအီမသာဖြစ်ခြင်း ရင်ပူးခြင်းများဖြစ်နိုင်သည်။

မှတ်ချက် ။ ။ ဆရာဝန်ညွှန်ကြားချက်ဖြင့်သောက်ရသောဆေးဖြစ်သည်။

ပျော်ရွှင်ဖွယ် သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပါစေ။Lynn Myittar ရဲ့ချစ်ရတဲ့မိတ်ဆွေအားလုံးလည်း ကျန်းမာကြပါစေ။
16/10/2024

ပျော်ရွှင်ဖွယ် သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပါစေ။

Lynn Myittar ရဲ့ချစ်ရတဲ့မိတ်ဆွေအားလုံးလည်း ကျန်းမာကြပါစေ။

Eltrombopagအသုံးပြုနို်င်သောရောဂါများ----------------------------သွေးခဲခြင်းကိုကာကွယ်ရန်အသုံးပြုသည်.ဘေးထွက်ကျိုးဆိုးများ...
15/10/2024

Eltrombopag

အသုံးပြုနို်င်သောရောဂါများ
----------------------------

သွေးခဲခြင်းကိုကာကွယ်ရန်အသုံးပြုသည်.

ဘေးထွက်ကျိုးဆိုးများ
-----------------------

ခေါင်းကိုက်ခြင်း မူးဝေခြင်း အိပ်မပျော်ခြင်း ချောင်းဆိုးခြင်း အသက်ရှူကျပ်ခြင်း ပင်ပန်းနွမ်းနယ်ခြင်းများလည်း ဖြစ်နိုင်သည်။

မှတ်ချက် ။ ။ဆရာဝန်ညွှန်ကြားချက်ဖြငိ့သောက်ရသောဆေးဖြစ်သည်။

Lamotrigine အသုံးပြုနို်င်သောရောဂါများ----------------------------အတက်ရောဂါအမျိုးမျိုးတွင် အသုံးပြုသည်။ တခြားအတက်ကျဆေးမျ...
11/10/2024

Lamotrigine

အသုံးပြုနို်င်သောရောဂါများ
----------------------------

အတက်ရောဂါအမျိုးမျိုးတွင် အသုံးပြုသည်။ တခြားအတက်ကျဆေးများနှင့် အသုံးပြုလေ့ရှိသည်။ မျက်နှာတစ်ခြမ်းနာကျင် ကိုက်ခဲခြင်းအတွက်လည်းအသုံးပြုသည်။

ဘေးထွက်ကျိုးဆိုးများ
-----------------------

ယားယံခြင်း ၊ အဖုအပိမ့်ထွက်ခြင်း , ပျို့အန်ခြင်း သွေးအားနည်းခြင်းများဖြစ်နိုင်သည်။ နုံးခြင်း ခေါင်းမူးခြင်း အိပ်မပျော်ခြင်းများလည်း ဖြစ်နိုင်သည်။

မှတ်ချက် ။ ။ ဆရာဝန်ညွှန်ကြားချက်ဖြင့်သောက်ရသော ဆေးဖြစ်သည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Lynn Myittar - လင်းမေတ္တာ ဆေးဝါးကျွမ်းကျင် အွန်လိုင်းသင်တန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share