Raffles Hospital Singapore Patient Liaison Office Myanmar

Raffles Hospital Singapore Patient Liaison Office Myanmar Provide comprehensive health care services by communicating and coordinating with Raffles Hospital Singapore.

Raffles Hospital is a Joint Commission International accredited hospital and ISO 9001:2001 certified. Backed by 35 years of delivering quality medical care, the Raffles brand name is synonymous with quality and trust. With set up of our Patient Liaison Office in Yangon/Myanmar, your link to Raffles Hospital is now just a local call away. Our Patient Liaison Office – Diamond Aces Services Co. Ltd - is at hand to assist you with every aspect of your medical enquiry and visit to Raffles Hospital.

✨ Raffles Counselling Centre မှ စိတ်ရောဂါအထူးကုဆရာဝန်ကြီး Dr Melvyn Zhang ဖြင့် မိတ်ဆက်ပေးချင်ပါတယ် ✨Dr Zhang သည် စိတ်ရေ...
10/06/2026

✨ Raffles Counselling Centre မှ စိတ်ရောဂါအထူးကုဆရာဝန်ကြီး Dr Melvyn Zhang ဖြင့် မိတ်ဆက်ပေးချင်ပါတယ် ✨

Dr Zhang သည် စိတ်ရောဂါအထူးကုဆရာဝန်လောက၌ ထိပ်တန်းကုသမှု၊ သုတေသန နှင့် ပညာရပ်ပိုင်းဆိုင်ရာအတွေ့အကြုံများသူဖြစ်ပါသည်။ Raffles ဆေးရုံတွင် တာ၀န်မထမ်းဆောင်မှီ သူသည် စိတ်ကျန်းမာရေးအဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ နိုင်ငံအဆင့် ဆေးစွဲခြင်းစီမံခန့်ခွဲဝန်ဆောင်မှု (National Addiction Management Services) ၏ ယာယီဒုတိယအကြီးအကဲအဖြစ်လည်း တာဝန်ယူခဲ့ဖူးပါသည်။

Dr Zhang သည် အမျိုးသားဆေးဘက်ဆိုင်ရာသုတေသနကောင်စီ (National Medical Research Council) ၏ သုတေသနလေ့ကျင့်ရေးပညာသင်ဆုဖြင့် Nanyang နည်းပညာတက္ကသိုလ်မှ PhD ဘွဲ့ကိုရရှိခဲ့ပါသည်။ စိတ်ရောဂါကု သုတေသန နှင့် ပညာပေးသူအဖြစ် တက်ကြွစွာပါ၀င်ဆောင်ရွက်မှုကြောင့် သင်ကြားရေးဆုအမျိုးမျိုး နှင့် နိုင်ငံတကာအသိအမှတ်ပြုမှုများကိုလည်းရရှိခဲ့ပါသည်။

Dr Zhang သည် လူနာတစ်ဦးတစ်ယောက်ချင်းစီ၏ သီးခြားလိုအပ်ချက်များအလိုက် ကုသဆွေးနွေးမှု ပေးနေပါသည်။

Dr Zhang ၏ဆေးဘက်ဆိုင်ရာ အရည်အချင်းနှင့်လုပ်သက်အတွေ့အကြုံကို သိရှိလိုပါက အောက်ပါလင့်ခ်တွင်ဖတ်ရှုလေ့လာနိုင်ပါသည်။

https://www.rafflesmedicalgroup.com/doctor/dr-melvyn-zhang-weibin/

✨ Raffles HealthyLongevity မှ Dr Huang Wanping ဖြင့်မိတ်ဆက်ပေးချင်ပါတယ် ✨အကြီးတန်းစိတ်ပညာရှင် ဒေါက်တာ Huang သည် စင်ကာပူ ...
09/06/2026

✨ Raffles HealthyLongevity မှ Dr Huang Wanping ဖြင့်မိတ်ဆက်ပေးချင်ပါတယ် ✨

အကြီးတန်းစိတ်ပညာရှင် ဒေါက်တာ Huang သည် စင်ကာပူ နှင့် အရှေ့တောင်အာရှတစ်ဝန်းလုံးတွင် ပထမဆုံးအကြိမ် အပြုအမူဆိုင်ရာ အိပ်စက်ခြင်းဆေးပညာ (Diplomate in Behavioral Sleep Medicine – DBSM) ဘုတ်အဖွဲ့က အသိအမှတ်ပြုခံထားရသည့် ပထမဆုံးပညာရှင်ဖြစ်ပါသည်။

အိပ်စက်ခြင်း၊ စိတ်ဖိစီးမှု၊ မှတ်ဉာဏ်၊ စိတ်ခံစားချက် နှင့် ခန္ဓာကိုယ်ပြန်လည်ကောင်းမွန်လာမှုများသည် ကျွန်ုပ်တို့၏ နေ့စဉ်နေထိုင်မူပုံစံအပြင် အိုမင်းလာခြင်းအခြေအနေများနှင့်လည်း နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေပါသည်။

စင်ကာပူရှိ အများပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် နှစ်(၂၀) ကျော်အတွေ့အကြုံရှိခဲ့ပြီး၊ လူနာတစ်ဦးတစ်ယောက်ချင်းစီ၏ သီးခြားလိုအပ်ချက်များအလိုက် ကုသဆွေးနွေးမှုပေးနေပါသည်။

🤝 Raffles HealthyLongevity တွင် ဒေါက်တာ Huang သည် တခြားအထူးကုဆရာ၀န်ပညာရှင်များနှင့်ပူးပေါင်းကာ လူနာတိုင်း၏ ရေရှည်ကျန်းမာရေးကို ပံ့ပိုးပေးလျက်ရှိပါသည်။

Dr Huang Wanping ၏ ဆေးဘက်ဆိုင်ရာ အရည်အချင်းနှင့်လုပ်သက်အတွေ့အကြုံကို သိရှိလိုပါက အောက်ပါလင့်ခ်တွင်ဖတ်ရှုလေ့လာနိုင်ပါသည်။

https://www.rafflesmedicalgroup.com/doctor/dr-huang-wanping/

📰 သတင်းအချက်အလက်များရယူ၍ ဘေးကင်းစွာနေထိုင်ပါ 🛡️အာဖရိကတွင် အီဘိုလာရောဂါ ဖြစ်ပွားနေသည်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့...
28/05/2026

📰 သတင်းအချက်အလက်များရယူ၍ ဘေးကင်းစွာနေထိုင်ပါ 🛡️

အာဖရိကတွင် အီဘိုလာရောဂါ ဖြစ်ပွားနေသည်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အခြားအဖွဲ့အစည်းများက သတိပေးချက်များထုတ်ပြန်လျက်ရှိပါသည်။

✈️ စင်ကာပူသို့ ထို‌‌‌‌ဒေသမှလာသော ခရီးသွားဦးရေသည် လက်ရှိတွင် နည်းပါးနေဆဲဖြစ်သော်လည်း၊ ရောဂါကူးစက်နိုင်ခြေများကို ကျန်းမာရေးအာဏာပိုင်များက စောင့်ကြည့်နေပြီး အစောပိုင်းရောဂါရှာဖွေခြင်း နှင့် စစ်ဆေးခြင်းများကို ပိုမိုတိုးမြှင့်ထားပါသည်။

🩺 သတိထားရမည့်အရာများမှာ-
• ရောဂါလက္ခဏာများ နားလည်ထားခြင်း။
• ကြိုတင်ကာကွယ်မှုများ လိုက်နာခြင်း။
• အရေးပေါ်အခြေအနေတွင် ဘယ်လိုဆက်သွယ်ရမည်။

ဤအချက်အလက်များသည် ခရီးသွားသူများအတွက် မဖြစ်မနေသိထားသင့်သော အရေးကြီးဆုံးအရာများဖြစ်ပါသည်။

👉 လက္ခဏာများမှ ကြိုတင်ကာကွယ်မှုများအထိ — နောက်ဆုံးရ အောက်ပါကျန်းမာရေးဆောင်းပါးတွင် အသေးစိတ် ဖတ်ရှုလေ့လာနိုင်ပါသည်။

🔗 https://www.rafflesmedicalgroup.com/health-resources/health-articles/global-ebola-situation-and-precautionary-measures-in-singapore/

⚠️ Hantavirus သတိပေးချက် ⚠️Hantavirus သည် ကြွက်များမှ ကူးစက်သော ရှားပါးရောဂါတစ်မျိုးဖြစ်ပြီး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ...
28/05/2026

⚠️ Hantavirus သတိပေးချက် ⚠️

Hantavirus သည် ကြွက်များမှ ကူးစက်သော ရှားပါးရောဂါတစ်မျိုးဖြစ်ပြီး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ (သို့) ကျောက်ကပ်ရောဂါများကို ဖြစ်စေနိုင်ပါသည်။

📌 ကူးစက်နည်း

ကူးစက်ခံရသော ကြွက်များ (သို့) ညစ်ညမ်းထားသောပတ်ဝန်းကျင်များနှင့် ထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်နိုင်ပါသည်။

🩺 လက္ခဏာများ

အစောပိုင်းတွင် တုပ်ကွေးလက္ခဏာများနှင့် ဆင်တူပြီး လျင်မြန်စွာ ဆိုးရွားလာနိုင်ပါသည်။

💊 ကုသနည်း

ကာကွယ်ဆေး (သို့) သီးခြားကုသဆေးမရှိသောကြောင့် ကာကွယ်ခြင်းနှင့် အစောပိုင်းဆေးကုသမှုသာ အရေးကြီးဆုံးဖြစ်ပါသည်။

🚨 အရေးပေါ် သတိပေးချက်

ထိတွေ့မှု ဖြစ်နိုင်ခြေရှိပြီး ရောဂါလက္ခဏာများပေါ်လာပါက ဆေးရုံ (သို့) ဆေးခန်းသို့ ချက်ချင်း သွားရောက်ကုသမှုခံယူပါ။

Hantavirus အကြောင်း အသေးစိတ်ဖတ်ရှုရန် 👇

https://www.rafflesmedicalgroup.com/health-resources/health-articles/hantavirus-a-health-advisory-on-risks-symptoms-and-prevention/

💗 အမျိုးသမီးတိုင်း ဘဝ၏အဆင့်တိုင်းတွင် ကျန်းမာရေးကို အစဉ်အမြဲ ဂရုစိုက်သင့်ပါသည်။ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေက ဖြစ်နိုင်ခ...
28/05/2026

💗 အမျိုးသမီးတိုင်း ဘဝ၏အဆင့်တိုင်းတွင် ကျန်းမာရေးကို အစဉ်အမြဲ ဂရုစိုက်သင့်ပါသည်။

ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေက ဖြစ်နိုင်ချေရှိသည့် ပြဿနာများကို စောစီးစွာသိရှိရန် ကူညီပေးနိုင်သလို၊ ကုသရလွယ်ကူအောင်လည်း လမ်းညွှန်ပေးနိုင်ပါသည်။

💉 HPV ကာကွယ်ဆေးထိုးခြင်းက HPV ဗိုင်းရပ်စ်နဲ့ ဆက်စပ်သောကင်ဆာအချို့ကို ကာကွယ်ပေးနိုင်ပြီး၊ သင်၏ရေရှည်ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါသည်။

အသက်အရွယ်အနေအထားအလိုက် ဘယ်လိုဂရုစိုက်မှုမျိုး လိုအပ်သလဲဆိုတာကို သိရှိခြင်းက သင့်ကျန်းမာရေးကို ပိုမိုတက်ကြွမှန်ကန်စွာ ချဉ်းကပ်နိုင်ဖို့ အထောက်အကူပေးမှာဖြစ်ပါသည်။

👉 ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့၏နောက်ဆုံးထွက်ဆောင်းပါးတွင် ဖတ်ရှုလေ့လာနိုင်ပါသည်။

https://www.rafflesmedicalgroup.com/health-resources/health-articles/womens-health-a-guide-to-screening-and-hpv-vaccination/

အရိုးကျိုးမဖြစ်ပွားမချင်း အရိုးပွရောဂါကို သတိမပြုမိကြပေ။ ဒီလ အရိုးပွရောဂါ အသိပညာပေးကာလတွင် အန္တရာယ်ကိုနားလည်ပြီး သင့်အရိ...
15/05/2026

အရိုးကျိုးမဖြစ်ပွားမချင်း အရိုးပွရောဂါကို သတိမပြုမိကြပေ။

ဒီလ အရိုးပွရောဂါ အသိပညာပေးကာလတွင် အန္တရာယ်ကိုနားလည်ပြီး သင့်အရိုးကျန်းမာရေးကို ကြိုတင်သိရှိရန် လုပ်ဆောင်သင့်ပါသည်။ အစောပိုင်းစစ်ဆေးမှု နှင့် ရိုးရှင်းသည့်လူနေမှုပုံစံပြောင်းလဲခြင်း ဖြင့် အရိုးသန်မာမှုကို ဖြစ်စေနိုင်ပါသည်။

အောက်ပါလင့်ခ်တွင် အရိုးပွအကြောင်းအသေးစိတ်ကို ဖတ်ရှုလေ့လာနိုင်ပါသည်။

https://www.rafflesmedicalgroup.com/services/specialist-centres/internal-medicine/services/osteoporosis/

သင်နောက်ဆုံး အသည်းစစ်ဆေးမှုကို ဘယ်တုန်းကလုပ်ခဲ့ပါသလဲ။အသည်းခြောက်ရောဂါဟာ တစ်ညတည်းနဲ့ ဖြစ်မလာပါဘူး။ စောစီးစွာသိရှိ၍ ကုသမှု...
15/05/2026

သင်နောက်ဆုံး အသည်းစစ်ဆေးမှုကို ဘယ်တုန်းကလုပ်ခဲ့ပါသလဲ။

အသည်းခြောက်ရောဂါဟာ တစ်ညတည်းနဲ့ ဖြစ်မလာပါဘူး။ စောစီးစွာသိရှိ၍ ကုသမှုခံယူခြင်းဖြင့် အရာအားလုံးကို ကွာခြားစေနိုင်ပါတယ်။

သင့်ရဲ့ အန္တရာယ်အချက်တွေကို နားလည်ဖို့နဲ့ အသည်းခြောက်ရောဂါကနေ ဘယ်လိုကာကွယ်ရမလဲဆိုတာသိရှိဖို့ ပုံတွေကိုလေ့လာကြည့်ပါ။

စင်ကာပူ Raffles ဆေးရုံတွင် ကျန်းမာရေးစစ်ဆေးမှုအတွက်လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

သင့်အမြင်အာရုံကို စောင့်ကြည့်ပြီး အသံတိတ်ဖြစ်တတ်သည့် မျက်စိရေတိမ်ရောဂါကို အနိုင်ယူပါ။ မျက်စိကွယ်ခြင်း၏ ၄၀% သည် မျက်စိရေတ...
15/05/2026

သင့်အမြင်အာရုံကို စောင့်ကြည့်ပြီး အသံတိတ်ဖြစ်တတ်သည့် မျက်စိရေတိမ်ရောဂါကို အနိုင်ယူပါ။ မျက်စိကွယ်ခြင်း၏ ၄၀% သည် မျက်စိရေတိမ်ကြောင့်ဖြစ်သည်ကို သင်သိပါသလား။

စောစီးစွာစစ်ဆေးသိရှိ၍ ကုသမှုကိုစောစီးစွာခံယူခြင်းဖြင့် အမြင်အာရုံပျက်စီးမှုကို ထိန်းသိမ်းနိုင်ပါသည်။ အသက် ၄၀ နောက်ပိုင်းတွင် မျက်လုံးပုံမှန်စစ်ဆေးမှုကိုခံယူသင့်ပါသည်။

စင်ကာပူ Raffles ‌ဆေးရုံတွင် မျက်လုံးစစ်ဆေးကုသမှုခံယူလိုပါက ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

11/05/2026

ပင်ပန်းနွမ်းနယ်နေပေမယ့် ညဉ့်နက်တဲ့အထိ မအိပ်နိုင်သေးပဲ ဖြစ်နေပါသလား? 👀

အဲဒါကို လက်စားချေတဲ့ အိပ်ရာဝင်ချိန်ရွှေ့ဆိုင်းမှု (revenge bedtime procrastination) လို့ ခေါ်ပါတယ်။ ဒါက သင့်ရဲ့ စွမ်းအင်အဆင့်နဲ့ အလုံးစုံကျန်းမာရေးကို ဘယ်လိုအကျိုးသက်ရောက်နိုင်လဲဆိုတာ လေ့လာကြည့်ပါ။

စိန်ခေါ်မှုလေးတခုလုပ်ကြည့်ကြရအောင် -
ဒီည နည်းနည်းစောပြီး အိပ်ရာဝင်ကာ သင့်ခန္ဓာကိုယ်လိုအပ်နေသည့် အနားယူအိပ်စက်ချိန်ကို တိုးမြင့်ကြည့်လိုက်ပါ။ 😴

သင့်ကျန်းမာရေးအတွက် သင့်ကိုယ်ပိုင်လိုအပ်ချက်များနှင့် ကိုက်ညီသော စစ်ဆေးမှုများကိုလည်း ရွေးချယ်သင့်ပါသည်။အရည်အသွေးမြင့်ကျ...
09/04/2026

သင့်ကျန်းမာရေးအတွက် သင့်ကိုယ်ပိုင်လိုအပ်ချက်များနှင့် ကိုက်ညီသော စစ်ဆေးမှုများကိုလည်း ရွေးချယ်သင့်ပါသည်။

အရည်အသွေးမြင့်ကျန်းမာရေးစစ်ဆေးမှုများသည် အခြေခံစစ်ဆေးမှုများကိုကျော်လွန်ကာ ရောဂါလက္ခဏာများမပေါ်မှီ အစောပိုင်းလက္ခဏာများကို ရှာဖွေတွေ့ရှိရန် ကြိုတင်ဖော်ထုတ်ရာတွင် ကူညီပံ့ပိုးပေးနိုင်ပါသည်။

သင့်ကျန်းမာရေးအခြေအနေကို ပိုမိုနက်ရှိုင်းစွာ နားလည်သိရှိနိုင်သဖြင့် ကျန်းမာရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ပိုမိုပြတ်သားသေချာစွာ ချမှတ်နိုင်မည်ဖြစ်ပါသည်။

ယနေ့ ကမ္ဘာ့ကျန်းမာရေးနေ့ကို အခွင့်အလမ်းကောင်းတစ်ရပ်အဖြစ်ယူပြီး ပိုမိုကောင်းမွန်သော ကျန်းမာရေးဘဝသို့ ခြေလှမ်းသစ်တစ်လှမ်း စတင်ချမှတ်လိုက်ပါ။

သင့်ကျန်းမာရေးစစ်ဆေးမှုများအတွက် ကြိုတင်ရက်ချိန်းယူရန် (သို့) အချက်အလက်များကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+6587208787

Alerts

Be the first to know and let us send you an email when Raffles Hospital Singapore Patient Liaison Office Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share