03/04/2026
Heat Wave Alert: Stay Safe in Extreme Heat
Prolonged heat waves can cause serious heat‑related illnesses and deaths. High‑risk groups include the elderly, infants, pregnant women, outdoor workers, and athletes.
Heat Protection Tips
- Stay in shaded, cool, and well‑ventilated areas
- Drink plenty of water and electrolyte/mineral drinks
- Avoid heavy work under direct sunlight; work slowly
- Wear light‑colored, loose cotton clothing
- Use hats or umbrellas when outdoors
Warning Signs
- Heat Exhaustion: extreme thirst, heavy sweating, fatigue, dizziness
- Heat Stroke (Emergency): very high body temperature, hot/dry skin, confusion, seizures
- If symptoms appear: move the person to a cool place, remove excess clothing, use fan/AC or hand fan, and cool the body with cold towels or ice packs. Seek immediate medical care and go to the nearest hospital or clinic.
အပူလှိုင်းသတိပေးချက် – အပူချိန်ပြင်းထန်မှုအတွက် သတိထားပါ။ အပူလှိုင်းများသည် ကာလရှည် ဆက်လက်ဖြစ်ပေါ်နိုင်ပြီး အပူကြောင့်ဖြစ်သော ရောဂါများနှင့် သေဆုံးမှုများကို ဖြစ်စေနိုင်ပါသည်။
အသက်အရွယ်ကြီးသူများ၊ မွေးကင်းစကလေး ငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ပြင်ပလုပ်သားများနှင့် အားကစားသမားများ အပူလွန်ကဲမှုကြောင့် ပိုမိုပြင်းထန်သော နာမကျန်းမှုဖြစ်နိုင်ချေပိုများပါသည်။
အကြံပြုချက်များ
• အရိပ်ရပြီး လေဝင်လေထွက်ကောင်းသော နေရာများတွင် နေထိုင်ပါ။
• ရေများများသောက်ပါ။ လျော်ညီသလို အီလက်ထရိုလိုက်/သတ္တုရေများလည်း သောက်သုံးပါ။
အစာလည်း သေချာ၀င်အောင်စားပေးပါ။ ကိုယ်ချွေးထွက်တဲ့ပေါ်မူတည်ပအထုပ်တစ်၀က် (သို့) တစ်ထုပ်သောက်ပါ။
• နေရောင်အောက်တွင် အလုပ်ပြင်းထန်စွာ မလုပ်ရန်၊ လုပ်ရပါက ဖြည်းညင်းစွာလုပ်ဆောင်ပါ။
• အရောင်ဖျော့ပြီး ပေါ့ပါးသည့် ချည်သားအင်္ကျီအဝတ်အစားများ ဝတ်ဆင်ပါ။
• အပြင်ထွက်သောအခါ ထီး သို့မဟုတ် ဦးထုပ် အသုံးပြုပါ။
သတိပြုရန် လက္ခဏာများ
- အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း
- လွန်ကဲစွာရေငတ်ခြင်း
- မောပန်းခြင်း၊ မူးဝေခြင်း
အပူဒဏ်ကြောင့် သတိလစ်ခြင်း (အရေးပေါ်အခြေအနေ)
ကိုယ်အပူချိန်အလွန်မြင့်ခြင်း၊ ကိုယ်ခန္ဓာပူပြီး အရေပြားခြောက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း(ဝေဝါးခြင်း)၊ သွေးတက်ခြင်းလက္ခဏာများ တွေ့ရှိပါက လူနာကို အေးသောနေရာသို့ ချက်ချင်း ရွှေ့ပါ။ အပေါ်ယံ အဝတ်အစား များ ဖယ်ရှားပေးပါ။ ပန်ကာ သို့မဟုတ် အဲယားကွန်းအသုံးပြု၍ ကိုယ်ခန္ဓာကို အေးစေပါ။ ဒါမှမဟုတ် ယပ်ခတ်ပေးပါ။ ရေစိုဝတ်များ သို့မဟုတ် ရေခဲထုပ်များဖြင့် ခေါင်း၊ လည်ပင်း ဂျိုင်း၊ ကိုယ်လုံး၊ ပေါင်ခြံတွေပေါ် တင်ပေးပါ။ ရေစိုဝတ်ခြောက်သွားလျှင် အသစ်လဲ ပေးပါ။ နီးစပ်ရာ ဆေးရုံ သို့မဟုတ် ဆေးခန်းသို့ ချက်ချင်း ပို့ဆောင်၍ ဆေးဝါးကုသမှု ခံယူပါ။
International SOS Clinic, Yangon တွင် နိုင်ငံတကာ အတွေ့အကြုံရှိ ဝါရင့်ဆရာဝန်ကြီးများမှ တနင်္လာ မှ သောကြာ၊ နံနက် (၇း၃၀) မှ ညနေ (၄း၀၀) နာရီအတွင်း လိုအပ်သော ကုသမှုများပေးလျက် ရှိပါသည်
အသေးစိတ် သိရှိလိုပါက
International SOS Clinic
Email address - [email protected]
Phone - +95 (0) 1 8 657 922 , +95 (0) 9 420 114 536
Address - Inya Lake Hotel, 37 Kaba Aye Pagoda Road, Yangon, Myanmar သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။