SMART KIDS -Zifam

SMART KIDS -Zifam Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SMART KIDS -Zifam, No95/B, 95 Residence , Kyaik Waing Pagoda Road, 8th Mile, Mayangone Township, Yangon.

ကလေးအထူးကုဆရာဝန်ကြီးများရဲ့ပညာပေးဟောပြောပွဲအစီအစဉ်များ၊ဆောင်းပါးများ၊ကုမ္ပဏီမှအခါအားလျော်စွာပေးတဲ့ Promotion နှင့် Lucky Draw အစီအစဉ်များ၊ကျန်းမာရေးဗဟုသုတများကို Like and See First လုပ်ခြင်းဖြင့်သိရှိနိုင်ပါတယ်၊

🏆 𝗖𝗼𝗻𝗴𝗿𝗮𝘁𝘂𝗹𝗮𝘁𝗶𝗼𝗻𝘀 𝗣𝗿𝗼𝗳. 𝗨 𝗦𝗮𝘄 𝗪𝗶𝗻! 🎉👨‍⚕️ 𝗦𝗠𝗔𝗥𝗧 𝗞𝗜𝗗𝗦 - 𝗭𝗶𝗳𝗮𝗺 ၏ ကျန်းမာရေးအသိပညာပေးအစီအစဉ်များတွင် ကလေးကျန်းမာရေးနှင့်ပတ်သ...
30/07/2026

🏆 𝗖𝗼𝗻𝗴𝗿𝗮𝘁𝘂𝗹𝗮𝘁𝗶𝗼𝗻𝘀 𝗣𝗿𝗼𝗳. 𝗨 𝗦𝗮𝘄 𝗪𝗶𝗻! 🎉

👨‍⚕️ 𝗦𝗠𝗔𝗥𝗧 𝗞𝗜𝗗𝗦 - 𝗭𝗶𝗳𝗮𝗺 ၏ ကျန်းမာရေးအသိပညာပေးအစီအစဉ်များတွင် ကလေးကျန်းမာရေးနှင့်ပတ်သက်သည့် ကျန်းမာရေးဗဟုသုတများကို စဉ်ဆက်မပြတ်ဝေမျှပေးလျက်ရှိသော ကလေးအထူးကုဆရာဝန်ကြီး ဆရာကြီးပါမောက္ခဦးစောဝင်းသည် 𝗧𝗵𝗲 𝟭𝟵𝘁𝗵 𝗔𝘀𝗶𝗮 𝗣𝗮𝗰𝗶𝗳𝗶𝗰 𝗖𝗼𝗻𝗴𝗿𝗲𝘀𝘀 𝗼𝗳 𝗣𝗲𝗱𝗶𝗮𝘁𝗿𝗶𝗰𝘀 (𝗔𝗣𝗖𝗣) မှ ချီးမြှင့်သည့် 𝗢𝘂𝘁𝘀𝘁𝗮𝗻𝗱𝗶𝗻𝗴 𝗔𝘀𝗶𝗮𝗻 𝗣𝗲𝗱𝗶𝗮𝘁𝗿𝗶𝗰𝗶𝗮𝗻 𝗔𝘄𝗮𝗿𝗱 (𝗢𝗔𝗣𝗔) 𝟮𝟬𝟮𝟲 ဆုကို လက်ခံရရှိသည့်အတွက် 𝗦𝗠𝗔𝗥𝗧 𝗞𝗜𝗗𝗦 - 𝗭𝗶𝗳𝗮𝗺 နှင့်အတူ သားသားမီးမီးများနှင့် ဖေဖေမေမေများမှ အထူးဝမ်းမြောက်ဂုဏ်ယူမိပါသည်။

🙏 သားသားမီးမီးများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆရာကြီးအနေဖြင့် ယခုထက်မက ဦးဆောင်လမ်းညွှန်ပေးနိုင်ပါစေကြောင်း ကလေးတိုင်းချစ်တဲ့ 𝗩𝗶𝘁𝗮-𝗞𝗶𝗱 နှင့် မှတ်ဉာဏ်ကောင်းပြီးထူးချွန်ဖို့ 𝗠𝗲𝗴𝗮 𝟯 𝗖𝗵𝗲𝘄𝗮𝗯𝗹𝗲 တို့မှ ထပ်လောင်း၍ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

Photo Credit: U Saw Win page






#ကလေးတိုင်းချစ်တဲ့
#မှတ်ဉာဏ်ကောင်းပြီးထူးချွန်ဖို့

29/07/2026

📌 ကမ္ဘာ့ဓာတ်ဆားရည်နေ့ (𝗪𝗼𝗿𝗹𝗱 𝗢𝗥𝗦 𝗗𝗮𝘆)

👉 ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ဘာကြောင့် ဓာတ်ဆားရည် သောက်ရတာလဲ ...

👉 ဓာတ်ဆားရည်လုံးဝမသောက်တဲ့ ကလေးတွေမှာ ဘာတွေတိုက်ပေးရမလဲ ...

👉 ဓာတ်ဆားရည်ဖျော်တဲ့အခါ ဘာတွေရှောင်ရမလဲ ... စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို

📌 ဇူလိုင်လ (၂၉) ရက်နေ့တွင်ကျရောက်သော "ကမ္ဘာ့ဓာတ်ဆားရည်နေ့" (𝗪𝗼𝗿𝗹𝗱 𝗢𝗥𝗦 𝗗𝗮𝘆) အဖြစ် ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဦးစောဝင်းမှ ယခုလိုဆွေးနွေးပြောကြားပေးထားပါသည်။

💊 ဤအစီအစဉ်ကို 𝗔𝘂𝘀𝘁𝗿𝗮𝗹𝗶𝗮 နိုင်ငံထုတ် ကလေးတိုင်းချစ်တဲ့ 𝗩𝗶𝘁𝗮-𝗞𝗶𝗱 ကလေးအားဆေးမှ ကျန်းမာရေးဗဟုသုတရရှိစေရန် ရည်ရွယ်၍ တင်ဆက်ပေးထားပါသည်။

𝗭𝗶𝗳𝗮𝗺 𝗣𝗶𝗻𝗻𝗮𝗰𝗹𝗲 𝗣𝘁𝘆. 𝗟𝘁𝗱., (𝗠𝘆𝗮𝗻𝗺𝗮𝗿): A leading pharmaceutical organization in Myanmar, delivering high-quality healthcare products and services to enhance quality of life, enable sustainable growth, and create trusted value for all stakeholders.

📌 This video is an attempt to educate the patient; it is by no means a replacement for individualistic medical advice.

👉 သတိပေးချက် - ဤအစီအစဉ်သည် ကျန်းမာရေးဆိုင်ရာ အသိပညာပေးရန်အတွက်သာ ရည်ရွယ်ပါသည်။ တစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေအလိုက် ဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေး ကုသမှုခံယူခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ဖော်ပြပါကျန်းမာရေးဗဟုသုတများကို အခြေခံ၍ မိမိသဘောဖြင့် ရောဂါကုသခြင်း၊ ရောဂါအမည်တပ်ခြင်းများကို လုံးဝပြုလုပ်၍မရနိုင်ပါ ...










"ဝါဆိုလပြည့် ဓမ္မစကြာနေ့"==================📌 ယနေ့မှာကျရောက်တဲ့ ဝါဆိုလပြည့် ဓမ္မစကြာနေ့ အခါသမယမှာ  မြန်မာပြည်သူပြည်သားမျာ...
29/07/2026

"ဝါဆိုလပြည့် ဓမ္မစကြာနေ့"
==================
📌 ယနေ့မှာကျရောက်တဲ့ ဝါဆိုလပြည့် ဓမ္မစကြာနေ့ အခါသမယမှာ မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံးကြည်လင်အေးချမ်းနိုင်ကြပါစေ...

🙏 ကပ်ကြီး သုံးပါး ဘေးအမျိုးမျိုးမှလွတ်ကင်းနိုင်ကြပါစေကြောင်း 𝗦𝗠𝗔𝗥𝗧 𝗞𝗜𝗗𝗦 - 𝗭𝗶𝗳𝗮𝗺 မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...





📌 အာဇာနည်နေ့ တို့မမေ့*************************✅ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်သော (၇၉) နှစ်မြောက် အာဇာနည်န...
19/07/2026

📌 အာဇာနည်နေ့ တို့မမေ့
*************************
✅ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်သော (၇၉) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းဆွတ်အောက်မေ့သတိရခြင်းများစွာဖြင့် 𝗦𝗠𝗔𝗥𝗧 𝗞𝗜𝗗𝗦 - 𝗭𝗶𝗳𝗮𝗺 မှ ဦးညွှတ်ဂါရဝပြုအပ်ပါသည်။




📖 𝗭𝗶𝗳𝗮𝗺 𝗘-𝗠𝗮𝗴𝗮𝘇𝗶𝗻𝗲 𝗩𝗼𝗹 (𝟲.𝟭) ✨ (၂၀၂၁) ခုနှစ်မှ စတင်ထုတ်ဝေခဲ့သော 𝗭𝗶𝗳𝗮𝗺 𝗘-𝗠𝗮𝗴𝗮𝘇𝗶𝗻𝗲 သည် ယခုအခါ (၁၀) ကြိမ်မြောက်ထိ ရောက်ရှိလ...
16/06/2026

📖 𝗭𝗶𝗳𝗮𝗺 𝗘-𝗠𝗮𝗴𝗮𝘇𝗶𝗻𝗲 𝗩𝗼𝗹 (𝟲.𝟭)

✨ (၂၀၂၁) ခုနှစ်မှ စတင်ထုတ်ဝေခဲ့သော 𝗭𝗶𝗳𝗮𝗺 𝗘-𝗠𝗮𝗴𝗮𝘇𝗶𝗻𝗲 သည် ယခုအခါ (၁၀) ကြိမ်မြောက်ထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။

✅ 𝗦𝗠𝗔𝗥𝗧 𝗞𝗜𝗗𝗦 -𝗭𝗶𝗳𝗮𝗺 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗙𝗮𝗻 များအတွက် အထူးကုဆရာဝန်ကြီးများမှ မျှဝေထားသော ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ၊ အသိပညာပေး ဆောင်းပါးများနှင့် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို အောက်ပါ 𝗟𝗶𝗻𝗸 မှတစ်ဆင့် အချိန်မရွေး၊ နေရာမရွေး အလွယ်တကူ လေ့လာဖတ်ရှုနိုင်သလို 𝗗𝗼𝘄𝗻𝗹𝗼𝗮𝗱 ပြုလုပ်ပြီးလည်း သိမ်းဆည်းထားနိုင်ပါသည်။

🔗 𝗗𝗼𝘄𝗻𝗹𝗼𝗮𝗱 𝗟𝗶𝗻𝗸 👇

https://www.zifammyanmar.com/pdf/zifam-e-magazine-vol-6-1/

-------------------------------

📌 English Version

📖 𝗭𝗶𝗳𝗮𝗺 𝗘-𝗠𝗮𝗴𝗮𝘇𝗶𝗻𝗲 𝗩𝗼𝗹 (𝟲.𝟭)

✨ First launched in 2021, 𝗭𝗶𝗳𝗮𝗺 𝗘-𝗠𝗮𝗴𝗮𝘇𝗶𝗻𝗲 has now reached its 10th edition.

✅ Valuable health-related knowledge shared by specialist doctors, informative articles, and a variety of insightful content can be conveniently accessed and downloaded anytime and anywhere via the link below.

🔗 𝗗𝗼𝘄𝗻𝗹𝗼𝗮𝗱 𝗟𝗶𝗻𝗸 👇

https://www.zifammyanmar.com/pdf/zifam-e-magazine-vol-6-1/

-------------------------------








👩‍❤️‍👨"𝗚𝗹𝗼𝗯𝗮𝗹 𝗗𝗮𝘆 𝗼𝗳 𝗣𝗮𝗿𝗲𝗻𝘁𝘀 (ကမ္ဘာ့မိဘများနေ့)"👩‍❤️‍👨📌"𝗚𝗹𝗼𝗯𝗮𝗹 𝗗𝗮𝘆 𝗼𝗳 𝗣𝗮𝗿𝗲𝗻𝘁𝘀 (ကမ္ဘာ့မိဘများနေ့)"ကို ဂုဏ်ပြုသောအားဖြင့် ...
01/06/2026

👩‍❤️‍👨"𝗚𝗹𝗼𝗯𝗮𝗹 𝗗𝗮𝘆 𝗼𝗳 𝗣𝗮𝗿𝗲𝗻𝘁𝘀 (ကမ္ဘာ့မိဘများနေ့)"👩‍❤️‍👨

📌"𝗚𝗹𝗼𝗯𝗮𝗹 𝗗𝗮𝘆 𝗼𝗳 𝗣𝗮𝗿𝗲𝗻𝘁𝘀 (ကမ္ဘာ့မိဘများနေ့)"ကို ဂုဏ်ပြုသောအားဖြင့် ဖေဖေ၊ မေမေတို့အနေနဲ့ 𝗖𝗼𝗺𝗺𝗲𝗻𝘁 မှာ ဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးနော် ...!

📌 ဒီနေ့ ဇွန်လ (၁) ရက်နေ့ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မိဘများကို ဂုဏ်ပြုပေးသော "𝗚𝗹𝗼𝗯𝗮𝗹 𝗗𝗮𝘆 𝗼𝗳 𝗣𝗮𝗿𝗲𝗻𝘁𝘀 (ကမ္ဘာ့မိဘများနေ့)" ဖြစ်ပါတယ် ...

🤱🏻 ကိုယ်ဝန်ဆောင်ချိန်မှစပြီး ဖေဖေမေမေတို့ဟာ သူတို့ရဲ့ရင်သွေးလေး အဆင်ပြေပြေ မွေးဖွားရန်အတွက် ကြိုတင်ပြင်ဆင်မှုတွေများစွာ ပြုလုပ်ခဲ့ရပါတယ်။ ကလေးလေးတွေ မွေးဖွားပြီးနောက်မှာလည်း အနာဂတ်ခရီးလမ်းဖြောင့်ဖြူးရန်အတွက် ဂရုစိုက်မှုတွေ၊ သွန်သင်ဆုံးမမှုတွေ ၊ အနစ်နာခံမှုတွေ နဲ့ စဉ်ဆက်မပျက်ဆက်လက်ပံ့ပိုးပေးလျက်ရှိပါတယ် ...

🌅 မိမိအတွက်ထက် သားသမီးတွေအတွက် အရင်တွေးရတဲ့သူတွေ၊ အလုပ်ခွင်မှာလည်း မိသားစုအတွက် ကြိုးစားနေရတဲ့သူတွေ၊ အိမ်ပြန်ရောက်ရင်လည်း ကလေးတွေရဲ့ အရိပ်တကြည့်ကြည့်နဲ့ အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းပေးနေရတဲ့သူတွေဖြစ်ကြတဲ့ "ဖေဖေ၊မေမေ" တို့ရဲ့ စေတနာ၊‌ မေတ္တာ၊ ကရုဏာတွေဟာ တကယ်ကို အတိုင်းအဆမရှိပါဘူး ... 🌜

📌 ဒီနေ့မှာတော့ မိဘတွေအချင်းချင်း
👉 အားပေးစကားလေးတွေ
👉 သားသမီးတွေကို ပြုစုပျိုးထောင်ရင်း တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံလေးတွေ
👉 သားသမီးကို ပြုစုပျိုးထောင်ရတဲ့ ခရီးစဉ်မှာ မိဘတစ်ယောက်အနေနဲ့ အပျော်ဆုံး/ အကြည်နူးရဆုံး အမှတ်တရလေးတွေကိုလည်း ဖေဖေ၊ မေမေတို့အနေနဲ့ 𝗖𝗼𝗺𝗺𝗲𝗻𝘁 မှာ ဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးနော် ...! (ကျန်တဲ့ ဖေဖေ၊ မေမေတို့ရဲ့ 𝗖𝗼𝗺𝗺𝗲𝗻𝘁 လေးတွေကိုလည်း 𝗟𝗶𝗸𝗲 ပေး၊ အားပေးစကားလေးတွေ တုံ့ပြန်ပေးရင်း ဒီနေ့လေးမှာ အတူတူ ဂုဏ်ပြုကြရအောင် ...)

📌 ယနေ့ကျရောက်တဲ့ "𝗚𝗹𝗼𝗯𝗮𝗹 𝗗𝗮𝘆 𝗼𝗳 𝗣𝗮𝗿𝗲𝗻𝘁𝘀 (ကမ္ဘာ့မိဘများနေ့)" မှာ မိဘများအားလုံး ကျန်းမာပျော်ရွှင်ပြီး သားသားမီးမီးတို့ကို အကောင်းဆုံးဂရုစိုက်မှုများ၊ အနှိုင်းမဲ့မေတ္တာများဖြင့် အမြဲဂရုစိုက်ပေးနိုင်ပါစေကြောင်း ကလေးတိုင်းချစ်တဲ့ 𝗩𝗶𝘁𝗮-𝗞𝗶𝗱 နှင့် မှတ်ဉာဏ်ကောင်းပြီးထူးချွန်ဖို့ 𝗠𝗲𝗴𝗮 𝟯 𝗖𝗵𝗲𝘄𝗮𝗯𝗹𝗲 တို့မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


#မိဘမေတ္တာ
#ဖေဖေမေမေ
#ကလေးတိုင်းချစ်တဲ့
#မှတ်ဉာဏ်ကောင်းပြီးထူးချွန်ဖို့

🌙 Eid al-Adha MubarakMay this blessed Eid bring peace, happiness, and prosperity to you and your family. 🕌🤍Eid Mubarak t...
28/05/2026

🌙 Eid al-Adha Mubarak

May this blessed Eid bring peace, happiness, and prosperity to you and your family. 🕌🤍

Eid Mubarak to you and your loved ones! 🤲✨





📌 ကလေးများနှင့် တစ်ကိုယ်​ေရသန့်ရှင်းရေး👉 ကလေးများအတွက် တစ်ကိုယ်​ေရသန့်ရှင်းရေး (𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝗛𝘆𝗴𝗶𝗲𝗻𝗲) ဟာ သူတို့ရဲ့ကျန်းမာရေး...
22/05/2026

📌 ကလေးများနှင့် တစ်ကိုယ်​ေရသန့်ရှင်းရေး

👉 ကလေးများအတွက် တစ်ကိုယ်​ေရသန့်ရှင်းရေး (𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝗛𝘆𝗴𝗶𝗲𝗻𝗲) ဟာ သူတို့ရဲ့ကျန်းမာရေးကောင်းမွန်မှု၊ မျိုးရိုးဗီဇဖွံ့ဖြိုးမှုနှင့် လူမှုရေးအပြုအမူ ဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးပါတယ်။ မိဘများအနေနဲ့ တစ်ကိုယ်​ေရသန့်ရှင်းရေးကို သင်ကြားပေးခြင်းဖြင့် ကလေးများဟာ ကိုယ်ပိုင်တာဝန်ယူမှု၊ ရောဂါကင်းရှင်းမှုနှင့် ကျန်းမာသန်စွမ်းမှုကို တိုးတက်လာစေနိုင်ပါတယ်။

📌 ကလေးများအတွက် အရေးကြီးတဲ့ တစ်ကိုယ်​ေရသန့်ရှင်းရေးအချက်တွေကတော့

✅ လက်သန့်စင်ခြင်း
👉 အစာမစားခင်နှင့်အစာစားပြီးတိုင်း၊ အိမ်သာသုံးပြီးတိုင်း၊ နှာစေး၊ ချောင်းဆိုးပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်ဆေးဖို့ သင်ကြားခြင်းဖြင့် ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားများကို ကာကွယ်နိုင်ပါတယ်။

✅ သွားတိုက်ခြင်း
👉 နေ့စဉ်နံနက် ညအိပ်ရာမဝင်မီ သွားတိုက်ခြင်းဖြင့် သွားဖုံးရောဂါနှင့် သွားပုပ်ခြင်းကင်းဝေးစေပါတယ်။

✅ ရေချိုးခြင်းနှင့် ခေါင်းလျှော်ခြင်း
👉 ပုံမှန်တစ်နေ့တစ်ကြိမ် ရေချိုးခြင်း၊ ခေါင်းလျှော်ခြင်းဖြင့် ပြင်ပဘက်တီးရီးယားများကို ကာကွယ်နိုင်ပါတယ်။

✅ အဝတ်အစားသန့်ရှင်းမှု
👉 တစ်နေ့လုံး ဝတ်ထားတဲ့ အဝတ်အစားတွေကို လဲပေးပါ။ ပြန်မဝတ်ပါနဲ့။

✅ လက်သည်း၊ ခြေသည်း ညှပ်ခြင်း
👉 လက်သည်း ခြေသည်းဖြင့် မမြင်နိုင်သောရောဂါပိုးမွှားများအန္တရာယ်မှ ကာကွယ်ပေးနိုင်ပါတယ်။

✅ အိပ်ရာသန့်ရှင်းမှု
👉 မိဘများအနေဖြင့် တစ်ပတ်တစ်ကြိမ် အိပ်ရာခင်း၊ခေါင်းအုံးတို့ကို လဲလှယ်ခြင်း၊ နေပူထဲလှမ်းခြင်းဖြင့် အိပ်ရာထဲတွင်ရှိသော ပိုးမွှားများကိုသေစေနိုင်ပါတယ်။

💊 ယခုအစီအစဉ်ကို "ကလေးတိုင်းချစ်တဲ့" 𝗩𝗶𝘁𝗮-𝗞𝗶𝗱 မှ ကျန်းမာရေးဗဟုသုတရရှိစေရန် ရည်ရွယ်၍ တင်ဆက်ပေးထားခြင်းဖြစ်ပါသည်။

𝗥𝗲𝗳𝗲𝗿𝗲𝗻𝗰𝗲𝘀
Khawa, S. P., Deol, R. & Kodi, S. M., 2021. International Journal Of Community Medicine And Public Health. [Online]
Available at: https://www.ijcmph.com/index.php/ijcmph/article/view/8664
[Accessed 7 May 2025].





#ကလေးတိုင်းချစ်တဲ့

📌 ကလေးတွေနှာခေါင်းသွေး ဘာကြောင့်လျှံသလဲ...👉 နှာခေါင်းသွေးလျှံတယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့် လူကြီးရော၊ ကလေးပါ မကျန်...
08/05/2026

📌 ကလေးတွေနှာခေါင်းသွေး ဘာကြောင့်လျှံသလဲ...

👉 နှာခေါင်းသွေးလျှံတယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့် လူကြီးရော၊ ကလေးပါ မကျန် လျှံတတ်ကြပါတယ်။

✅ ကိုယ့် မိသားစု၊ သားသားမီးမီးတွေထဲမှာလည်း တစ်ခါတစ်ရံ နှာခေါင်းသွေး လျှံတတ်သူရှိရင်တော့ မိဘတွေအနေနဲ့ သေချာဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့နှာခေါင်းတည်ဆောက်ပုံကတော့

➡️ နှာခေါင်းအလယ်တည့်တည့်မှာ ညာဘက်နဲ့ ဘယ်ဘက်ကိုခြားထားတဲ့ နံရံလေးရှိပါတယ်။နံရံထိပ်ပိုင်းနား အပေါက်ဝနဲ့ ကပ်နေတဲ့နေရာမှာ နံရံခြားထားတဲ့ အရိုးနုပေါ်မှာ အသားနုလေးရှိပါတယ်။ အသားနုအောက်မှာ အင်မတန်ထိခိုက်နိုင်တဲ့ သွေးကြောလေးတစ်ကြောရှိပါတယ်။

➡️ ဒါကြောင့် ကလေးက နှာခေါင်းကလော်ရင်း ကုပ်မိရင် သွေးကြောက ရောင်ပြီး ပေါက်သွားနိုင်တာမို့ နှာခေါင်းသွေးဆိုတာ အလွယ်တကူလျှံနိုင်တဲ့ အရာဖြစ်ပါတယ်။ အသားမရှိဘူး၊ အကာအကွယ်မရှိဘဲ နံရံအရှေ့ပိုင်းအပေါက်ဝမှာ ကပ်နေတဲ့နေရာမှာရှိသော သွေးကြောလေးပေါက်သွားရင် နှာခေါင်းသွေးလျှံတာ ဖြစ်တတ်ပါတယ်။ အများအားဖြင့် နှာခေါင်းယားတာ၊ ကလော်တာ ကုတ်တယ်ဆို ထိခိုက်မိပြီး သွေးထွက်လာပါတယ်။ ကိုယ့်ကလေးကို ဘာကြည့်ပေးရမလဲဆိုရင် ဒီ တစ်နေရာထဲက ထွက်တာလား၊ တခြားသွေးယိုတဲ့ရောဂါရှိနေလား၊ ရှိနေရင်တော့ အခြားနေရာတွေမှာ သွေးခြေဥတာ၊ သွေးကြောပေါက်တာ၊ အညှိအမဲစွဲတာ၊ သွားတွေ အလိုလိုသွေးထွက်တာ ရှိလား စစ်ဆေးပေးရပါမယ်။ ကလေးတော်တော်များက နှာခေါင်းယားလို့ပွတ်တဲ့အခါ ဖြစ်တာ များကြပါတယ်။

👨‍👩‍👦 ဒါ့အပြင် မိဘတော်တော်များက ကလေး နှာခေါင်းသွေးထွက်တာနဲ့ သွေးကင်ဆာဖြစ်ပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒါ့အပြင် မိဘတွေအနေနဲ့ မိမိကလေးက ဘယ်နေရာကနေ သွေးထွက်နေလဲ၊ သွေးအားနည်းနေတာလား၊ အလွယ်တကူ သွေးယိုတတ်တဲ့လက္ခဏာရှိတာလား၊ လည်ပင်းအကြိတ်တွေရှိလား စတာတွေကို စစ်ဆေးကြည့်ပေးရမှာပဲ ဖြစ်ပါတယ်။

🧐 ဒါဆို ကလေးတွေနှာခေါင်းသွေးလျှံရင် မိဘအနေနဲ့ ဘယ်လိုလုပ်ပေးလို့ရမလဲ

✅ တော်တော်များများကတော့ နှာခေါင်းသွေးလျှံတာကို ရှေးဦးသူနာပြုနည်းနဲ့ သက်သာအောင် လုပ်လို့ရပါတယ်။
ဥပမာ - ကလေးကို ခေါင်းငုံ့ခိုင်းထားပြီး ကလေးရဲ့ နှာခေါင်း အပျော့နေရာလေးကို လက်ညှိးနဲ့ လက်မနဲ့ ဖိထားရပါမယ်။ ဖိပြီး ပိတ်တာကို (၅) မိနစ် တင်းတင်းလေးဖိထားရပါမယ်။ ပြီးရင် အဲ့အချိန်မှာ ပါးစပ်နဲ့ အသက်ရှူခိုင်းရပါမယ်။ (၅) မိနစ်ကြာရင် ဖြည်းဖြည်းလေး ပြန်လွှတ်လိုက်ရပါမယ်။ အဲ့ဒီလိုဆို အဲ့သွေးကြောလေး ခဲပြီး ပြန်ပိတ်သွားမှာပဲ ဖြစ်ပါတယ်။

➡️ အပြင်ကနေလည်း ရေခဲတင်လို့လည်း ရပါတယ်။ ဒါပေမဲ့ ရေကိုတော့ မရှူခိုင်းသင့်ပါဘူး။ ရေရှူခြင်းအားဖြင့် ခဲပြီး ပိတ်နေတဲ့သွေးခဲလေးက ပွင့်သွားပြီးသွေးပြန်ကျလာပါမယ်။ ဥပမာအားဖြင့် လက်မှာဓါးထိလို့ သွေးထွက်ရင် လက်သုတ်ပဝါဖြင့် အားနဲ့ ဖိထားရင် (၅) မိနစ်ဆို သွေးတိတ်သွားပါတယ်။ အဲ့သဘောမျိုးပါပဲ။

➡️ နောက်တစ်ခုက နှာခေါင်းက ရောင်နေ၊ ရဲနေတာမျိုး၊ ပိုးဝင်တာမျိုးလို့ ယူဆရရင် ပိုးသတ်ဆေးပေးရပါမယ်။ နှာခေါင်းခဏခဏ ယားနေလား၊ ခဏတိုင်း ချီနေသလား၊ ဓါတ်မတည့်တာရှိလား ဆိုတာတွေကို ကြည့်ပေးပြီး တစ်ခုခု ရှိနေရင် ကုသရပါမယ်။ နှာခေါင်းသွေးလျှံတာက ကြီးမားတဲ့ရောဂါတော့ မဟုတ်ပါဘူး။

✅ ဒါပေမဲ့ ကလေးက အမြဲလျှံတတ်တယ်ဆိုရင်တော့ နီးစပ်ရာဆရာဝန်နဲ့ပြပြီး ဖြစ်နိုင်တဲ့ အကြောင်းရာလေးတွေရှာဖို့ မိဘတွေကို အကြံပြုချင်ပါတယ်နော်။

📌 မှတ်ချက်။ ။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၁ ရက်နေ့ တွင် ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဦးစောဝင်းဆွေးနွေးပြောကြားခဲ့တဲ့ (မေးလိုရာမေး ကလေးကျန်းမာရေး) Facebook Live အစီအစဥ်မှ မှီငြမ်းရေးသားထားခြင်းဖြစ်ပါတယ်။





# #မှတ်ဉာဏ်ကောင်းပြီးထူးချွန်ဖို့

📌 ၂၀၂၆ ခုနှစ်၊ မေလ (၁)ရက်နေ့တွင်ကျရောက်သည့် အလုပ်သမားနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။📌 နေရာဒေသ အသီးသီးရှိ လုပ်ငန်းခွင်များ...
01/05/2026

📌 ၂၀၂၆ ခုနှစ်၊ မေလ (၁)ရက်နေ့တွင်ကျရောက်သည့် အလုပ်သမားနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

📌 နေရာဒေသ အသီးသီးရှိ လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသော အသိပညာရှင်၊ အတတ်ပညာရှင် လုပ်သားပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ရည်မှန်းချက်ပန်းတိုင်များကို အကောင်အထည်ဖော်ဆောင်နိုင်ကြပါစေကြောင်း ကလေးတိုင်းချစ်တဲ့ 𝗩𝗶𝘁𝗮-𝗞𝗶𝗱 နှင့် မှတ်ဉာဏ်ကောင်းပြီး ထူးချွန်ဖို့ 𝗠𝗲𝗴𝗮 𝟯 𝗖𝗵𝗲𝘄𝗮𝗯𝗹𝗲 တို့မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။




Address

No95/B, 95 Residence , Kyaik Waing Pagoda Road, 8th Mile, Mayangone Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+9519669344

Alerts

Be the first to know and let us send you an email when SMART KIDS -Zifam posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SMART KIDS -Zifam:

Shortcuts

Share