10/08/2026
ပင်ပန်းလာတဲ့အခါတိုင်း စိတ်ကိုဘယ်လိုပြန်လန်းဆန်းအောင် လုပ်ဖြစ်လဲ...
ရုံးကပြန်ရောက်ရင်ပဲဖြစ်ဖြစ်၊ စာလုပ်ရင်း ခေါင်းရှုပ်လာရင်ပဲဖြစ်ဖြစ်... ကိုယ်ရောစိတ်ပါ လေးလံပင်ပန်းနေပြီဆိုရင် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ အချိန်ခဏလောက်တော့ ပေးသင့်ပါတယ်။
နွေးထွေးတဲ့လက်ဖက်ရည်ခွက်ထဲက သင်းပျံ့တဲ့စံပယ်ရနံ့လေးက တဖြည်းဖြည်းပျံ့လွင့်လာတာနဲ့အမျှ သင့်စိတ်ဖိစီးမှုတွေပါ လွင့်မျောပါသွားပါလိမ့်မယ်။ စံပယ်ပန်းရဲ့ သဘာဝရနံ့ (Aromatherapy) ဟာ တင်းမာနေတဲ့ ခန္ဓာကိုယ်ကြွက်သားတွေကို ပြေလျော့စေပြီး စိတ်ကို အေးချမ်းတည်ငြိမ်စေတဲ့အတွက် နိုင်ငံတကာမှာပါ ယုံကြည်စိတ်ချစွာ အသုံးပြုနေကြတာပဲဖြစ်ပါတယ်။
သဘာဝလက်ဖက်ရွက်နဲ့ စံပယ်ပန်းရနံ့လေးကို သေသေချာချာ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ နဂါးပျံ Jasmine Tea တစ်ခွက်ကို သောက်သုံးရင်း တစ်နေ့တာ မောပန်းမှုတွေကို ဖြေဖျောက်လိုက်ပါ။ စိတ်ရောကိုယ်ပါ ပေါ့ပါးပြီး အေးချမ်းတဲ့ ခံစားမှုတွေကို ရရှိစေမှာ အသေအချာပါပဲ။
နဂါးပျံ Jasmine Tea လေးနဲ့ ကိုယ့်ကိုယ်ကိုယ် Rewarding Time လေးပေးလိုက်တော့နော်။
#နဂါးပျံ #သဘာဝအရသာ