Aspen Healthcare Products

Aspen Healthcare Products " ကုန်ကျမှုထက် ပိုသောကျွန်ုပ်၏တန်ဖိုး "
"The Greatest Value with Reasonable Price"

အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မေမေများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံကြပါစေ။ 💐Aspen Health Ca...
10/05/2026

အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မေမေများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံကြပါစေ။ 💐

Aspen Health Care Products Myanmar မှ မေမေများနေ့ကို ဂုဏ်ပြုလျက်...။ 🌹


03/05/2026

🔷️ အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ ဘယ်သူ တွေက ပိုပြီး ဒူးနာဝေဒနာကို ခံစားကြရလဲ ?
🔷️ ဘာကြောင့်ဒူးနာရတာလဲ ?

ဒူးခေါင်းဆစ်ရောင်ရမ်းပျက်စီးခြင်းရောဂါ အပိုင်း(၁)

ဒူးနာခြင်းရဲ့နောက်ဆက်တွဲ ဆိုးကျိုးများ အကြောင်းကို
ထိခိုက်ဒဏ်ရာနှင့် အရိုးရောဂါ ပညာဌာနမှ ပါမောက္ခ / ဌာနမှူး ဒေါက်တာ မျိုးမင်းဦးမှ မိဘပြည်သူများအတွက် ဆွေးနွေးပြောကြားထားပါတယ်။

ဤ အစီအစဉ်ကို ကျန်းမာရေးဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ စီစဉ်တင်ဆက်ပေးပါသည်။

Crt .HMPL

#ဒူးနာခြင်း
#ကျန်မာရေးသုတ

မိမိတို့ရဲ့ တန်ဖိုးရှိတဲ့ လုပ်အားကနေတစ်ဆင့် အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲတွေကို ဆက်လက်ဖန်တီးနိုင်ကြပါစေ။ ✨⚙️အပြည်ပြည်ဆိုင်...
01/05/2026

မိမိတို့ရဲ့ တန်ဖိုးရှိတဲ့ လုပ်အားကနေတစ်ဆင့် အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲတွေကို ဆက်လက်ဖန်တီးနိုင်ကြပါစေ။ ✨⚙️

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ Aspen Healthcare Products (Myanmar) မိသားစုမှ လုပ်သားထုတစ်ရပ်လုံးကို လှိုက်လှဲစွာ ဂုဏ်ပြုလိုက်ပါတယ်။

အလုပ်သမားထုကြီးရဲ့ ကြိုးစားအားထုတ်မှုတိုင်းဟာ ကမ္ဘာကြီးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါ။

30/04/2026

🌕 ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာရှိကြပါစေ 🌕

ယနေ့ကျရောက်သော ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့သည် ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဖွား၊ ပွင့်၊ စံ ဆိုသည့် ထူးခြားသော သမိုင်းမှတ်တိုင် (၃) ရပ် စုဆုံရာ "ဗုဒ္ဓနေ့" နေ့ထူးနေ့မြတ် ဖြစ်ပါသည်။
ဤမင်္ဂလာရှိသော အချိန်အခါသမယတွင် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခြင်းနှင့်အတူ မိဘပြည်သူများအားလုံး ဘေးဘယဝေးကွာ၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း သုခအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း Aspen Healthcare Products Myanmar မိသားစုမှ လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏✨

မြတ်စွာဘုရားရှင်၏ မေတ္တာရိပ်၌ အေးမြပါစေ။
#ကဆုန်လပြည့်ဗုဒ္ဓနေ့

နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ဘဝခရီးကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြပါစေ။ ဘေးဘယာဝေးကွာပြီး အေးချမ်းသာယာတဲ့ နှစ်သစ်လေး ...
17/04/2026

နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ဘဝခရီးကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြပါစေ။ ဘေးဘယာဝေးကွာပြီး အေးချမ်းသာယာတဲ့ နှစ်သစ်လေး ဖြစ်ပါစေကြောင်း Aspen Healthcare Products မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 🌿

နှစ်သစ်ဆုတောင်း 🌿နှစ်ဟောင်းရဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာယူပြီးနှစ်သစ်မှာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်ပါစ...
17/04/2026

နှစ်သစ်ဆုတောင်း 🌿

နှစ်ဟောင်းရဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာယူပြီး
နှစ်သစ်မှာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်ပါစေ။
မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ။

ကျန်းမာရေး ကောင်းမွန်ပြီး စိတ်ချမ်းသာမှုတွေ ရရှိပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ 🌿


Happy Thingyan 2026!May the dawn of myanmar new year bring you the best of luck and high spirits 🌿 အတာကူးသော လတန်ခူးတွင်...
17/04/2026

Happy Thingyan 2026!

May the dawn of myanmar new year bring you the best of luck and high spirits 🌿

အတာကူးသော လတန်ခူးတွင်ပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေကြောင်း ကျွန်တော်များ Aspen Myanmar Co.,Ltd မှဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျာ။


📢 " ကျန်းမာကြံ့ခိုင်ဖို့၊ နေ့စဉ် ကိုယ်လက်လှုပ်ရှားကြပါစို့ " ။            #မလှုပ်ရှားတော့ဘာဖြစ်မှာလဲကွာ😄 ! ဘာဖြစ်မှာလဲဆိ...
08/04/2026

📢 " ကျန်းမာကြံ့ခိုင်ဖို့၊ နေ့စဉ် ကိုယ်လက်လှုပ်ရှားကြပါစို့ " ။
#မလှုပ်ရှားတော့ဘာဖြစ်မှာလဲကွာ😄 ! ဘာဖြစ်မှာလဲဆိုတော့.......

🔷️ ကိုယ်လက်လှုပ်ရှားမှုဆိုတာ ဘာလဲ❓

ကိုယ်လက်လှုပ်ရှားမှုဆိုတာ လေ့ကျင့်ခန်းလုပ်တာ တစ်ခုတည်းကို ဆိုလိုတာမဟုတ်ပါ။ အိမ်မှုကိစ္စလုပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းစသည်ဖြင့် နေ့စဉ်လှုပ်ရှားသွားလာမှု အားလုံးဟာ ကိုယ်လက်လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။

“ကိုယ်လက်လှုပ်ရှားမှုကို တတ်နိုင်သမျှပြုလုပ်ခြင်းဟာ ကိုယ်လက်လှုပ်ရှားမှု လုံး၀မလုပ်ခြင်းထက် ပိုကောင်းပါတယ်။"

🔷️ ဘာကြောင့် လှုပ်ရှားသင့်သလဲ❓

ကိုယ်လက်လှုပ်ရှားမှုနည်းရင် ရေတိုမှာ စိတ်ဖိစီးတာ၊ အိပ်မပျော်တာနဲ့ နုံးချိတာတွေ စသည်ဖြင့် ဖြစ်နိုင်သလို၊ ရေရှည်မှာတော့ ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါလိုမျိုး မကူးစက်နိုင်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။

မိမိအိမ်မှာပဲဖြစ်ဖြစ်၊ ဘေးကင်းတဲ့ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုကို တစ်နေ့ မိနစ်အနည်းငယ်ကစပြီး တဖြည်းဖြည်း တိုးမြှင့်လှုပ်ရှားသွားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ သင့်အသက်အရွယ်အလိုက် ဘယ်လောက်ထိ ကိုယ်လက်လှုပ်ရှားဖို့ လိုအပ်သလဲဆိုတာကို ခုထိဖတ်ပြီးမှတော့ အောက်ပါ Album ပုံလေးတွေမှာ တစ်ခုချင်းစီ အသေးစိတ် လေ့လာကြည့်ရှုသွားဖို့ အကြံပြုပါရစေပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူနေမှုပုံစံတွေ ပြောင်းလဲလာတာနဲ့အမျှ ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝတွေမှာ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ဖို့က ပိုပြီးတော့ အရေးကြီးလာပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေနဲ့ လူကြီးတွေအားလုံး အသက်ရှည်ကျန်းမာစေဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အကြံပြုထားတဲ့ အဓိကအချက်တွေကို မျှဝေပေးလိုက်ရပါတယ်။

#ကျန်းမာရေးသုတ
#ကိုယ်လက်လှုပ်ရှားမှု #ကျန်းမာရေး

❓ #ခါးရိုးခွဲစိတ်ပြီးနောက် ဘာတွေမျှော်လင့်ထားရမလဲ❓-ခါးရိုးခွဲစိတ်မှုပြုလုပ်ရတဲ့ ရောဂါအမျိုးမျိုးရှိသလို ခွဲစိတ်ကုသပုံမတူ...
18/03/2026

❓ #ခါးရိုးခွဲစိတ်ပြီးနောက် ဘာတွေမျှော်လင့်ထားရမလဲ❓

-ခါးရိုးခွဲစိတ်မှုပြုလုပ်ရတဲ့ ရောဂါအမျိုးမျိုးရှိသလို ခွဲစိတ်ကုသပုံမတူညီကြတာကြောင့် ခါးရိုးခွဲစိတ်ပြီးနောက် ဆောင်ရန် ရှောင်ရန်များနှင့် ပျောက်ကင်းရန်သက်သာချိန်ကွာခြားကြလေ့ရှိပါတယ်။

- ယေဘုယျအားဖြင့် ခါးရိုးခွဲစိတ်မှု ပြန်လည်သက်သာဖို့ ခွဲစိတ်မှုပြုလုပ်ထားတဲ့အပေါ်ယံအရေပြား၊ကြွက်သား၊ အာရုံကြောတို့ အနာကျက်ဖို့အချိန်တစ်ခုစောင့်ရသလို ခါးရိုးဆစ်များပြန်ဆက်ရန် အချိန်ကလည်း သုံးလအထိကြာမြင့်နိုင်ပါတယ်။

- ခါးရိုးခွဲစိတ်မှုပြုလုပ်ထားသူတွေအနေနဲ့ လူကောင်းပကတိဖြစ်ပြီး ပုံမှန်လှုပ်ရှားနေထိုင်မှုရရှိအောင် တဖြည်းဖြည်း ပြန်လည်လေ့ကျင့်ယူရမှာဖြစ်တဲ့အတွက် စိတ်ရှည်ဖို့လည်း လိုအပ်ပါတယ်။

❓ခါးရိုးခွဲစိတ်မှုပြီးတဲ့အခါ မူလခံစားနေရတဲ့ရောဂါလက္ခဏာတွေ ချက်ချင်းသက်သာမှာလား?

** မခွဲခင်ကရှိနေတဲ့ လက္ခဏာများအနက် နာကျင်မှုကတော့ အရင်ဆုံးသက်သာနိုင်ပါတယ်။
ခွဲစိတ်ပြီး ပထမ ၆ ပတ်အတွင်းသက်သာလေ့ရှိပါတယ်။ **

** အာရုံကြောများကတော့ အနာကျက်ဖို့အချိန်ယူရတဲ့အတွက် ထုံတာကျဉ်တာ၊လေးလံတာ၊ ဆီး၀မ်းမထိန်းနိုင်တာတွေကတော့ မူလအတိုင်းပြန်ကောင်းဖို့ ခွဲစိတ်ပြီး သုံးလကနေ တစ်နှစ်အထိ အချိန်ယူရလေ့ရှိပါတယ်။ **

❓ခွဲစိတ်ပြီးနောက် ဘယ်လိုလှုပ်ရှားမှုမျိုးတွေ လုပ်နိုင်သလဲ ?

- ခါးရိုးခွဲစိတ်မှုဟာ အနားယူဖို့လိုအပ်တယ်ဆိုပေမယ့် အိပ်ရာပေါ်မှာမလှုပ်မယှက်နေဖို့တော့ မလိုအပ်ပါဘူး။

- မိမိရဲ့ ခန္ဓာကိုယ်ကို အမြဲနားထောင်ပြီး လုပ်နိုင်သ‌ လောက်ဖြည်းဖြည်းချင်းစတင်လှုပ်ရှားရပါမယ်။

- နာကျင်မှုဖြစ်စေ ၊မသက်မသာခံစားရသည်ဖြစ်စေ လှုပ်ရှားမှုကို ရပ်ရပါမယ်။

- ဘေးမှာ အိမ်သား သို့မဟုတ် ကူညီလုပ်ကိုင်ပေးမယ့်သူရှိရပါမယ်။

• လမ်းလျှောက်ခြင်းဟာ အစောဆုံးလုပ်လို့ရတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။နေ့စဉ်နေ့တိုင်း တစ်နေ့ကိုဆယ်မိနစ်ခန့် စတင်လမ်းလျှောက်ပေးရပါမယ်။ရက်ကြာလာသည်နှင့်အမျှ လျှောက်တဲ့အကွာအဝေးကို ပိုပိုတိုးလျှောက်နိုင်ပါတယ်။တစ်နေ့ကို စုစုပေါင်း မိနစ် ၃၀-၄၀ အထိ တဖြည်းဖြည်း တိုးလျှောက်သွားလို့ရပါတယ်။

• #လှေကားလည်းတက်လို့ရပါတယ်။ မိမိခန္ဓာကိုယ်ကခွင့်ပြုသ‌လောက် လက်ရန်းကိုကိုင်ပြီး ဖြည်းဖြည်းချင်းအတက်အဆင်းလုပ်နိုင်ပါတယ်။

• #လမ်းလျှောက် လို့ရပေမယ့် အိမ်အလုပ်တွေ၊ခြံအလုပ်တွေလုပ်ဖို့တော့မဖြစ်နိုင်သေးပါဘူး။ခါးကိုကုန်းခြင်း၊ ခါးကိုလှည့်ခြင်းနှင့် ၅ ပေါင်ထက်ပိုလေးတဲ့ပစ္စည်းများကို မခြင်းများကို ပထမ ခြောက်ပတ်အထိ ပြုလုပ်၍မရသေးပါ။ ခါးရိုးဆစ်များကိုဆက်ထားတဲ့ ခွဲစိတ်မှု (𝐒𝐩𝐢𝐧𝐚𝐥 𝐟𝐮𝐬𝐢𝐨𝐧) ခံယူထားတဲ့ လူနာတွေအနေနဲ့ သုံးလအထိရှောင်ဖို့လိုပါတယ်။

• #ကားမောင်းခြင်း ကိုတော့ ‌နှစ်ပတ်ကနေ လေးပတ်အထိရှောင်ကြဉ်ဖို့လိုပါတယ်။အနာသက်သာစေတဲ့ ဆေးဝါးတစ်ချို့ဟာ မှိန်းစေတတ်တဲ့အတွက် ဒီလိုဆေးတွေသောက်ထားချိန်မှာ ကားမမောင်းသင့်ပါဘူး။ကားစမောင်းချိန်မှာလည်း ခရီးတိုလေးတွေကိုစတင်မောင်းပြီး မကြာခဏလမ်းဆင်းလျှောက်ပေးသင့်ပါတယ်။

• #လိင်ဆက်ဆံခြင်း ကိုတော့ ခွဲစိတ်ပြီး ခြောက်ပတ်အထိ ရှောင်ကြဉ်သင့်ပါတယ်။ဆက်ဆံမှုပြုလုပ်တဲ့အခါမှာ ခါးရိုးနာကျင်စေတဲ့ အနေအထားမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

• ခွဲစိတ်ပြီးတဲ့နေ့ ‌နောက်ရက်ဆို ထိုင်လို့ရပါတယ်။တစ်ခါထိုင်ရင် မိနစ် သုံးဆယ်ထက်တော့ ပိုမထိုင်သင့်ပါဘူး။နောက်မှီပါတဲ့ခုံမျိုး၊ ထိုင်လိုက်ရင် ခွက်မ၀င်သွားမယ့် ထိုင်ခုံမျိုးရွေးထိုင်သင့်ပါတယ်။

• #အိပ်စက်မယ့်မွေ့ရာ ဟာ မာမာတောင့်တောင့်ဖြစ်သင့်ပါတယ်။ခေါင်းအုံးပါးပါးလေးသာ သုံးသင့်ပါတယ်။ဘေးစောင်းအိပ်ချိန်မှာ ခြေနှစ်ဖက်ကို တစ်ထပ်တည်းဖြစ်အောင်နေရာချပြီး ဒူးနှစ်လုံးကြားမှာ ခေါင်းအုံးလေးခံပြီး အိပ်သင့်ပါတယ်။ပက်လက်အိပ်တတ်သူဆိုပါက ခါးအောက်ပိုင်းမှာ ခေါင်းအုံးလေးခံထားရပါမယ်။မှောက်လျက်မအိပ်သင့်ပါ။ကြမ်းပြင်ပေါ်အိပ်စက်ခြင်းကိုတော့ လေးပတ်မှ ခြောက်ပတ်အထိရှောင်ကြည်ရပါမယ်။

• #ခါးရိုးထိန်းခါးပတ် ( ) ကို နေ့စဉ်လှုပ်ရှားမှုပြုလုပ်နေချိန်တိုင်း ၄ ပတ်ကနေ ၆ ပတ်အထိ၀တ်ဆင်ထားသင့်ပါတယ်။ ခရီးရှည်သွားရမယ့်အခါမျိုးမှာလည်း ၀တ်ဆင်သွားရပါမယ်။ ရေချိုးချိန်နဲ့ အိပ်ချိန်မှာတော့ဖြုတ်ထားလို့ရပါတယ်။

• #အနာသက်သာဆေး များကို ဆရာ၀န်ညွှန်ကြားချက်အတိုင်း သောက်သင့်ပါတယ်။ သုံးလထက်ပို၍ အနာသက်သာဆေးများကို အားကိုးနေရပါက ဆရာ၀န်နဲ့တိုင်ပင်ပြီး အခြားအနာသက်သာစေတဲ့ကုသမှုများကို ခံယူနိုင်ပါတယ်။

• ဆေးလိပ်သောက်ခြင်းဟာ အနာကျက်နှုန်းနှေးစေတဲ့အတွက် သုံးလအထိရှောင်ကြဉ်ဖို့လိုပါတယ်။

❓ဘယ်အချိန်မှာ #အလုပ်ပြန်လုပ်လို့ရပြီလဲ??

- ယေဘုယျအားဖြင့် ခွဲစိတ်ပြီး သုံးပတ်ကနေ လေးပတ်မှာ သက်‌တောင့်သက်သာ ထိုင်လုပ်ရတဲ့အလုပ်မျိုးဆို စလုပ်လို့ရပါတယ်။

- ခရီးရှည်သွားဖို့လိုဝာာ၊ ကိုယ်ကာယအားအနည်းငယ်သုံးရတဲ့အလုပ်တွေကတော့ တစ်လကနေနှစ်လအထိစောင့်သင့်ပါတယ်။

- အလေးအပင်မရတဲ့ အလုပ်မျိုးတွေကတော့ သုံးလကနေ ခြောက်လအထိအနည်းဆုံးစောင့်သင့်ပါတယ်။

❓ #ဘယ်အချိန်မှာ အားကစားပြန်လုပ်နိုင်ပြီလဲ?

- ခန္ဓာကိုယ်ချင်း တွန်းတွန်းတိုက်တိုက်ဆော့စရာမလိုတဲ့ အားကစားနည်းတွေ (ဥပမာ-ပြေးခြင်း၊ရေကူးခြင်း၊ ဂေါက်ရိုက်ခြင်း) တို့ကိုတော့ လူနာရဲ့ တိုးတက်မှုပေါ်မူတည်ပြီး ခွဲစိတ်ပြီးလေးပတ်ကနေ ခြောက်ပတ်အကြာမှာ စနိုင်ပါတယ်။

- ဘောလုံးကန်တာလို ကစားနည်းမျိုးကိုတော့ လေးလကနေ ခြောက်လအထိစောင့်ရနိုင်ပါတယ်။

- ယောဂဆော့တာကိုတော့ နှစ်လကနေ သုံးလအထိစောင့်ရပါမယ်။ကျောရိုးထိခိုက်မှုနည်းတဲ့ ယောဂကျင့်တဲ့အနေအထားတွေကို ကျွမ်းကျင်သူနဲ့တိုင်ပင်ပြီး ရွေးချယ်ဆော့သင့်ပါတယ်။

- အလေးမတာလိုမျိုး 𝐆𝐲𝐦 ဆော့တာကိုတော့ လေး‌လကနေ ခြောက်လအထိစောင့်ဖို့လိုပါတယ်။

❓ #လေ့ကျင့်ခန်းလုပ်ဖို့လိုလား?

- ခါးရိုးခွဲစိတ်ပြီးတဲ့နောက် ကြွက်သားတွေပြန်လည်သန်မာပြီး နဂိုမူလလုပ်ငန်းဆောင်တာများပြန်လုပ်နိုင်ဖို့အတွက် လေ့ကျင့်ခန်းလုပ်ဖို့လိုအပ်ပါတယ်။

- ကျွမ်းကျင်သူရဲ့အကူအညီရယူပြီး ခွဲစိတ်ပြီးလေးပတ်‌လောက်ကနေ သုံးလလောက်အထိ လုပ်ရနိုင်ပါတယ်။

❓ခွဲစိတ်ပြီးတဲ့နောက် #ခါးကိုလူကောင်းအတိုင်း လှုပ်ရှားနိုင်ပါ့မလား?

- ခွဲစိတ်ပြီးတဲ့နောက် ပထမသုံးလလောက်ဟာ အနာကျက်ချိန်ဖြစ်တဲ့အတွက် အဲ့ဒီအချိန်အတွင်းမှာ ခါးကုန်းတာ၊ အလေးအပင်မတာ ၊ခါးလှည့်တာတွေကို မပြုလုပ်သင့်ပါဘူး။

- မိမိရဲ့ခွဲစိတ်မှုအလိုက် တခြားသော လိုက်နာရမယ့် အချက်တွေကိုလည်း ကောင်းစွာလိုက်နာရပါမယ်။

- အများအားဖြင့် ခွဲစိတ်ပြီး #ခြောက်လ လောက်မှာတော့ မူလအတိုင်းပြန်လည်လှုပ်ရှားနိုင်တာကိုတွေ့ရပါတယ်။

- အချို့သော သူများမှာ‌တော့ တစ်နှစ် နှစ်နှစ်အထိကြာနိုင်ပါတယ်။

- ခါးရိုးဆစ် တစ်ဆစ်ထက်ပိုပြီး #ပေါင်းစည်းကုသမှုခံယူရ သူ လူနာများမှာတော့ လှုပ်ရှားမှုတစ်ချို့ကို တစ်သက်တာလုံး မလုပ်ဆောင်နိုင်တော့တာလည်း ရှိနိုင်ပါတယ်။

- ခါးရိုးခွဲစိတ်မှုဟာ လူနာရဲ့ အသက်အရွယ် ၊ရောဂါအမျိုးအစား ၊နဂိုမူလရှိနေသောရောဂါများ၊ ခွဲစိတ်ကုသမှုနည်း ကွာခြားပုံ နဲ့ ခွဲစိတ်ပြီးနောက်ဆောင်ရန်ရှောင်ရန်များကို လိုက်နာပုံများအပေါ်မူတည်ပြီး ရလဒ်လည်းကွာခြားလေ့ရှိပါတယ်။

**မိမိရဲ့ ဆရာ၀န်နဲ့ သေချာစွာတိုင်ပင်ဆွေးနွေးပြီး စိတ်ရှည်စွာကုသဖို့လိုအပ်ပါတယ်။**

"The greatest value with reasonable price"

ကုန်ကျမှုထက်ပိုသောကျွန်ပ်၏တန်ဖိုး
Aspen Healthcare Products

👉ကျန်းမာရေး ဗဟုသုတရ စရာတွေ၊
👉အသိပညာတွေ. . .နေ့စဉ် သိရှိရဖို့ . . . . နောင်တချိန်ပြန်တွေ့ရအောင်

Aspen Healthcare Products pag လေးကို
Like & Follow လုပ်ထားဖို့တော့ တိုက်တွန်းပါရစေ🌿. . .
#ခါးနာခြင်း #ခါးရိုးခွဲပြီးရင် #ကျန်းမာရေးသုတ #

မိတ်ဆွေများခင်ဗျာ 🌿Aspen Healthcare Products page မှာ On-line Sale Retail မရောင်းချပါသဖြင့် အောက်ပါဆေးနှင့်ဆေးပစ္စည်းဆို...
16/03/2026

မိတ်ဆွေများခင်ဗျာ 🌿
Aspen Healthcare Products page မှာ On-line Sale Retail
မရောင်းချပါသဖြင့် အောက်ပါဆေးနှင့်ဆေးပစ္စည်းဆိုင်ကြီးများတွင်ဝယ်ယူအားပေးနိုင်ပါကြောင်း မေတ္တာရပ်ခံအပ်ပါသည်။

ဝယ်ယူလိုပါက...…

🔹️ Whole sale ဆိုင်ကြီများ မှတဆင့် ဖြန့်ချီပါသဖြင့် ဆေးဆိုင်ကြီးများတွင် စုံစမ်းဝယ်ယူခြင်းဖြင့် ကူညီပေးပါခင်ဗျာ။
ဆေးရုံကြီးများအားလုံးလိုလိုမှာ အသုံးပြုနေကြပြီး Healthcare specialist များသဘောကျတဲ့ပစ္စည်းလေးပါ။
ကျေးဇူးအထူးပါ ။

☺️ Aspen products များကိုဝယ်ယူလိုပါက ကုမ္ပဏီမှ whole sale အနေဖြင့်

🔹️ ရွှေမင်္ဂလာစျေး ၊ ရွှေပြည့်စုံစျေး နှင့် ဗိုလ်ချုပ်စျေး ရှိ ဆေးနှင့်‌‌ဆေးပစ္စည်းဆိုင်ကြီးများဖြစ်သော ကိုသားကြီး+မမြမြထွေး ၊ မင်္ဂလာ ၊အထင်ကရ ၊ ပါရမီထွန်း၊ ရာမ ၊ လင်းထက်အောင် ၊ သုခ (SMGL) ၊ ရွေမြင့်မိုရ် ၊ စွယ်တော်၊ ညီညီရှင်းသန့် ၊ ရွှေထွန်း ၊ လမင်း ၊ သုခ ( BGZ) , Golden Star ၊ AMK ၊ မအေး ၊ Sim Jee ၊ ထွန်း ၊ မစန်းမြင့် မပြုံး (1 & 2) ၊ ဇေ ၊ ဆန်းသစ်(1 & 2) ၊ ဆွေတောင်ဦး၊ ကောင်းသစ်ဦး ၊ မယု ၊ ရွှေမေတ္တာ ၊ ဖိုးချို ၊သုခချမ်းသာ စသော ဆေးနှင့်ဆေးပစ္စည်းဆိုင်များမှ တဆင့် မြန်မာတပြည်လုံးသို့ ဖြန့်ချီ ပါတယ် ။

🔹 ရွှေအိုး ဆေးနှင့် ဆေးပစ္စည်း ဆိုင်ကြီးများ ၊ ️ မေတ္တာထူး ဆေးနှင့်ဆေးပစ္စည်းဆိုင်ကြီးများ ၊ ဆုလဘ် ဆေးနှင့်ဆေးပစ္စည်းဆိုင်ကြီးများ ၊

🏢 စိန်ဂေဟာ ကုန်တိုက်များ ၊ ဂမုန်းပွင့် ကုန်တိုက်များ အားလုံး ၊ တာမွေ United living Mall ၊ Shopping mall pharmacy မှာ လဲ ရနိုင်ပါတယ် ။

🏥 ရန်ကုန်ဆေးရုံကြီး အနီးရှိ - ထူးသဇင် ၊ မေတ္တာမွန် ၊ အောင်ပြည့်စုံ ၊SMLဆေးနှင့် ဆေးပစ္စည်း ဆိုင်ကြီးများ ၊ ဗဟိုလ်စည်ဆေးရုံ ၊ ရွှေလမင်း ဆေးရုံ ရှိ ဆေးဆိုင်များ ၊ကြယ်ဖြူ (ဆေးခန်း) | ရွှေဆေး (ဆေးဆိုင်)

🔹️ လမ်းမတော်မြို့နယ်အတွင်းရှိ ရွှေလမင်း (ဆေးရုံ) | ဗဟိုရ်စည် (ဆေးရုံ) ၊Green Cross (ဆေးရုံ)

🔹️ ဗဟန်းမြို့နယ်အတွင်းရှိ SSC ( ဆေးရုံ) |လဝန်းဖြူ ( ဆေးဆိုင်) | ဆုလာဘ် ( Pharmacy)

🔹️ စမ်းချောင်း မြို့နယ်အတွင်းရှိ အာရှတော်ဝင်ဆေးရုံကြီး၊ ဆာကူရာဆေးရုံကြီးကျော် မိသားစု (ဆေးဆိုင်) | ဆေးကမ္ဘာ (ဆေးဆိုင်) | ကုမုဒြာ (ဆေးခန်း)၊ Spirits Fashion accessories စတိုး ။

🔹️ အလုံ မြို့နယ်အတွင်းရှိ အကယ်ဒမီဆေးရုံ ၊ ဗဟိုအမျိုးသမီးဆေးရုံ အနီး ဂျူ နီယံ စတိုး ၊ မိုးယံ ဆေး နှင့်ဆေးပစ္စည်းဆိုင်ကြီးများ ။

🔹️ အလုံ မြို့နယ် အနီးရှိ ထွန်းဆေးဆိုင်၊ ကျော်(1) ဆေးဆိုင်၊​ကျော်(2)၊ ဇော်ဆေးဆိုင်၊ ကျော် (III)ဆေးဆိုင်၊ ကြယ်စင် ဆေးဆိုင်၊ ငြိမ်းအာယုသာ ဆေးဆိုင် ။

🔹️ ကြည့်မြင်တိုင် မြို့နယ် ရှိ အကယ်ဒမီဆေးရုံ ၊ Grand Hantha ဆေးရုံသစ်ကြီးအတွင်းရှိ ယုဇန ( Mart)၊

ကြည့်မြင်တိုင်အရိုးဆေးရုံကြီးအနီးရှိ Royal Oasis အထူးကုဆေးခန်း၊ Novel Oasis အထူးကုဆေးခန်း၊ ဖြူစင်မေတ္တာ ဆေးဆိုင်၊
3Star ဆေးနှင့်ဆေးပစ္စည်းဆိုင်၊ လင်းရောင်ခြည်ဆေးခန်း၊အောင်ချမ်းသာ (ဆေးဆိုင်) ။

🔹️ ရန်ကင်းမြို့နယ်အတွင်းရှိ ရွှေပုပ္ပါး ဆေးခန်း ၊ ထွန်းတောက် (ဆေးနှင့်ဆေးပစ္စည်းဆိုင်၊ ထူးသဇင် (ဆေးနှင့်ဆေးပစ္စည်းဆိုင်) ၊ CBET Co. Ltd ။

🔹️ မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ မ/ဥ ဆေးရုံအနီး ရှိ အာရောဂျံ ၊ အောင်ငြိမ်းအေး ၊ ရွှေကံ့ကော် ဆေးဆိုင် ၊ သက်လုံ ဆေးခန်း ၊ ရွှေခေါင်းလောင်း ဆေးနှင့် ဆေးပစ္စည်း ဆိုင်ကြီးများ ။
လကမ္ဘာ ဆေးရုံကြီး၊ မင်္ဂလာမိုး ဆေးခန်း ၊ Dr စိုင်းဇော်ဝင်းနိုင်( နိုင် ဆေးခန်း) ၊

🔹️ ဒဂုံမြောက် ပိုင်းရှိ အရှေ့အနောက်ပါရမီ ဆေးရုံ ၊ ပင်လုံဆေးရုံကြီး ၊ မေတ္တာထူး ဆေးနှင့်ဆေးပစ္စည်းဆိုင်ကြီး ၊ သုခစစ် ဆေးခန်း ၊ ပင်းယ ဆေးခန်း၊ Family (ဆေးခန်း) ၊

🌾 တောင်ဥက္ကလာမြို့နယ်ရှိ အောင်ရတနာဆေးရုံကြီး၊ ခွာညိုသင်း ဆေးခန်း၊ Dr စိုးထက် ဆေးခန်း၊ တက်လန်း ဆေးရုံ ၊ နဝရတ် ဆေးဆိုင်၊ ကိုသက်လွင် သမီး ဆေးဆိုင်၊ ဂုဏ်ရည် (ဆေးနှင့်ဆေးပစ္စည်းဆိုင်)။

🌿 သင်္ကန်းကျွန်းမြိုနယ်ရှိ အေး အထူးကုဆေးခန်း၊ ခိုင် ဆေးခန်း ၊ AAAဆေးနှင့်ဆေး ပစ္စည်းဆိုင်၊ စံပြဆေးရုံကြီးအနီးရှိ ဆေးကမ္ဘာ ဆေးနှင့်ဆေးပစ္စည်း ၊ မေတ္တာထူးဆေးနှင့်ဆေးပစ္စည်၊ နဝရတ် (ဆေးဆိုင်/ စံပြစျေးအနီး)

🌿 အင်းစိန်မြို့နယ်အတွင်းရှိ အင်းစိန်ဆေးရုံ (ကြီးကြပ်ဆေးဆိုင်) ၊သမိုင်းပြန်လည်သန်စွမ်းဆေးရုံ၊ မေတ္တာဦးဆေးဆိုင် ၊ ကောင်းဆေးရုံ အင်းစိန် ၊ ကွယ်ကဘော ဆေးရုံ ၊ ရွှေလက်ပွား ဆေးဆိုင် ၊ စွယ်တော်ဆေးဆိုင်၊ KBC ဆေးရုံ ၊ ဦးအေးထွန်း ဆေးဆိုင်၊ ငွေကြယ်စင် ဆေးခန်း၊ စံပြဆေးခန်း ။

🌿 လှိုင်သာယာမြိုနယ်ရှိ ပန်းလှိုင်စီလုံဆေးရုံကြီး ၊လှိုင်တော်ဝင်ဆေးရုံ၊ Apex (Pharmacy)။

🌿 ရွှေပြည်သာ မြိုနယ်နဝရတ်စျေးအနီးရှိ မိဘမေတ္တာဆေးနှင့်ဆေးပစ္စည်း၊

🌿 ပုဇွန်တောင် ရေကျော် ရှိ မင်္ဂလာ ဆေးဆိုင်၊ မိုးသီး ဆေးခန်း၊ ချမ်းမြေ့ ဆေးဆိုင်၊ ပါရဂူ ဆေးခန်း|စွမ်း (ဆေးဆိုင်)၊ ဆုလာဘ်ဆေးဆိုင်။

🌿ပန်းဘဲတန်းမြို့နယ်အတွင်းရှိ AA (Pharmacy)၊ အေးရိပ်သာ (ဆေးခန်း)၊

🌿 ကျောက်တံတား မြို့နယ်အတွင်းရှိ AA (Pharmacy) ။

🌿 တာမွေ မြို့နယ်အတွင်းရှိ သျှင်ပါကူ( ဆေးရုံ)၊ ရွေမန်းဆေးဆိုင် ၊ ကြယ်ဖြူ ( ဆေးခန်း) ၊ ရှင်သန် ( ဆေးဆိုင်)၊ April (ဆေးဆိုင်)။

🌿 သန်လျင်မြို့နယ်အတွင်းရှိ သန်လျင်ပြည်သူ့ဆေးရုံရှိ (Star Two) ဆေးဆိုင် ၊ သီဟ ဆေးနှင့်ဆေးပစ္စည်းဆိုင် ၊ ဝင်းနေခြည် ၊ ချမ်းမြေ့မေတ္တာ ဆေးရုံ ၊ ပီတိသုခ ဆေးဆိုင်။
ကျောက်တန်း ကိုလန်ဘားစတိုး၊ သရီးစတား (ဆေးဆိုင်) ၊ စိန်နဂါး (ဆေးဆိုင်)၊ရွှေနှင်းဆီ စတိုး။

🌿သာကေတမြို့နယ် အတွင်းရှိ မိုးသီး ဆေးခန်း၊ ဟန်နီစိုး ဆေးဆိုင်၊ ပါရဂူ ဆေးခန်း ၊

🌿မန္တလေးမြို့အတွင်းရှိ ညိမ်းဆေးရုံ ၊ ရွှေနဂါး (ဆေးနှင့်ဆေးပစ္စည်းဆိုင်)၊ Dr အောင်ကိုဦးဆေးခန်း ၊ အိုးဝေ (ဆေးဆိုင်) ၊အာရောဂျံ ဆေးဆိုင်၊ မန္တလေး (ကလေးပစ္စည်းဆိုင်)။

🌿ပဲခူးမြို့အတွင်းရှိ စွယ်တော်ဆေးရုံ ။

🌿ကျောက်ပန်းတောင်းမြို့အတွင်းရှိ စေတနာဝေ (ဆေးခန်း)။

🌿ရေတာရှည်မြို့အတွင်းရှိ သမားဂုဏ်ရှိန် ဆေးရုံ။

🌿ရမည်းသင်းမြို့အတွင်းရှိ လွင် (ဆေးခန်း)။

🌿လယ်ဝေး မြို့အတွင်းရှိ ဝင်း ဆေးနှင့်ဆေးပစ္စည်း ဆိုင် ။

🌿နေပြည်တော် မြို့အတွင်းရှိ စမ်းသီတာ ဆေးနှင့်ဆေးပစ္စည်း ဆိုင်။

🌿ဟင်္သာတ မြို့အတွင်းရှိ ဆေးဥယဥ် ဆေးနှင့်ဆေးပစ္စည်း ဆိုင် ။

🌿လယ်ဝေး မြို့အတွင်းရှိ ဝင်း ဆေးနှင့်ဆေးပစ္စည်း ဆိုင် ။

🌿ပခုက္ကူမြို့နယ်အတွင်းရှိ လပြည့် (ဆေးဆိုင်)။

🌿ပုသိမ်မြို့အတွင်းရှိ အောင် (ဆေးခန်း) ၊ Dr နေဝင်း (ဆေးခန်း) | ဗဟိုရ်စည် (ဆေးဆိုင်)။

🌿 တောင်ကြီး ထွန်းဆေးရုံ ၊ ပတ္တမြားဆေးရုံ ၊ မြတ်တော်ဝင်ဆေးရုံ ၊ခိုင်မေတ္တာဆေးရုံ ၊ဒေါ်ကျင်ရှို တရုပ်တိုင်ရင်းဆေးခန်း။
တောင်ကြီး အာဝှာဆေးဆိုင် ၊ တော်ဝင်ဆေးဆိုင်၊ မြင့်မြင့်ရီဆေးဆိုင် ၊ သစ္စာဆေးဆိုင် ၊ ချယ်ရီဆေးဆိုင် ၊ ချယ်ရီမွန်ဆေးဆိုင် ၊ နေခြည်ဆေးဆိုင်၊

🌿 မော်လမြိုင်မြို့ရှိ ဟံသာဆေး နှင့်ဆေးပစ္စည်းရောင်းဝယ်ရေး၊ မေတ္တာဦး ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေး၊ Ngwe Zin Yaw Pharmacy ၊ ၊ Map Pharmacy ၊

🌿 စစ်တွေမြို့အတွင်းရှိ ယဥ်ဆန်း (ဆေးဆိုင်)။

🌿 ထားဝယ်မြို့အတွင်းရှိ မောင်မောင်မြင့်လွင် ဆေးဆိုင် ။

🌿 ပြည်မြို့အတွင်းရှိ ဆန်း (ဆေးခန်း)။

ရန်ကုန်မြို့တွင်း ရှိ ဆေးနှင့်ဆေးပစ္စည်း ဆိုင်များ နှင့်အခြား ပြည်နယ်တိုင်းဒေသကြီးမျာရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များ တွင်လည်း စုံစမ်း ရရှိ နိုင်ပါ တယ် ။

🔹️🔹️ " The greatest value with reasonable price! "🔹️🔹️
ဆိုသော ကျွန်ုပ်တို့၏ ဆောင်ပုဒ်အတိုင်း ပစ္စည်းအရည်အသွေးနှင့် စျေးနှုန်းမှန်ကန်အောင် ကြိုးစားလျှက်ရှိပါတယ်ခင်ဗျာ။

⚘Aspen Health Care product များအတွက် အသေးစိပ် သိရှိလိုပါကဖုံး 09443944404သို့ဆက်သွယ် စုံစမ်းနိုင်ပါတယ် ။
🍀 မေးမြန်းစုံစမ်းမှု အတွက် အထူးပင်ကျေးဇူးတင်ပါတယ်။

The Greatest Value with Reasonable Price!
ကုန်ကျမှုထက်ပိုသော ကျွန်ုပ်တို့၏ တန်ဖိုး


#ဘယ်မှာဝယ်ရမလဲ


Address

50th Street
Yangon
11171

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959443944404

Alerts

Be the first to know and let us send you an email when Aspen Healthcare Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aspen Healthcare Products:

Share