Medi Home Service

Medi Home Service You can contact us via phone or messenger.

မိုးရာသီတုပ်ကွေး  ကာကွယ်ဆေး (၄မျိုးစပ်) Influvac Tetra 2026 (Southern Hemisphere Strain) ထိုးမည့်သူများ ဆေးရောက်ပါပြီရှင...
27/04/2026

မိုးရာသီတုပ်ကွေး ကာကွယ်ဆေး (၄မျိုးစပ်) Influvac Tetra 2026 (Southern Hemisphere Strain) ထိုးမည့်သူများ ဆေးရောက်ပါပြီရှင်....💉💉

✅ အခုထိုး‌‌ပေးမဲ့ Influvac Tetra ကာကွယ်ဆေးက အောက်ပါ တုပ်ကွေး (၄) မျိုးကို ကာကွယ်ပေးပါတယ်...
🚫 A/Missouri/11/2025 (H1N1) pdm 09 - like strain
🚫 A/Singapore/GP20238/2024 (H3N2) - like strain
🚫 B/Austria/1359417/ 2021 - like strain; and
🚫 B/Phuket/3073/2013 - like strain.

ဘယ်လိုလူတွေ ကာကွယ်ဆေးထိုးထားသင့်လဲ ဆိုရင်
💉အသက် ၆၅ နှစ် အထက် သက်ကြီးရွယ်အိုများ
💉 အသက် ၆ လ မှ ၅ နှစ် အရွယ် ကလေးငယ်များ
💉 ကျောင်းနေစအရွယ် ကလေးငယ်များ
💉 G6PD ရောဂါအခံရှိသော ကလေးငယ်များ
💉 ကင်ဆာ ဝေဒနာရှင်များ
💉 သွေးတိုး ၊ နှလုံး ၊ ဆီးချို ၊ ကျောက်ကပ် စသော နာတာရှည် ရောဂါဝေဒနာရှင်များ
💉 အဆုတ်ရောဂါ ဝေဒနာရှင်များ
💉 ဆေးလိပ်သောက်သုံးသူများ
💉 လူအများနှင့် ထိတွေ့၍ လုပ်ငန်းခွင် ဝင်ရသောသူများ
💉 ကိုယ်ခံအားနည်းသူများ
💉 ကိုယ်ဝန်ဆောင် မိခင်များ
💉 မကြာခဏ နှာစေးချောင်းဆိုး ဖျားနာတတ်သူများ ထိုးထားသင့်ပါတယ်။

💉ကာကွယ်ဆေးကို အသက်အငယ်ဆုံး ၆လသားအရွယ်မှ စတင်ထိုးထားနိုင်ပါတယ်
💉 အသက် ၉ နှစ်အောက် ကလေး တခါမှ မထိုးဖူးသေးရင်တော့ တလခြားပြီး ၂ လုံး ထိုးရမှာ ဖြစ်ပါတယ်
💉 တုပ်ကွေးကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်များ နှင့် နို့တိုက်မိခင်များလည်း ထိုးနှံနိုင်ပါသည်။ ဤသို့ထိုးနှံခြင်းဖြင့် မိခင်သာမက မွေးဖွားလာမည့် ကလေး အသက် ၆ လ အရွယ်အထိ တုပ်ကွေးရောဂါ ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။

⚠️ အာနိသင် အပြည့်အဝ ရရှိဖို့ ၂ပတ်ခန့် ကြာမြင့်မှာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ် အတွင်း ကာကွယ်မှု စွမ်းရည် အပြည့်အဝ ရရှိဖို့ တုပ်ကွေးရာသီ ဖြစ်တဲ့ မိုးရာသီ မတိုင်ခင် ထိုးနှံခြင်းဟာ အကောင်းဆုံးပဲဖြစ်ပါတယ်

⚠️ ဆေးထိုးပြီးရင်တော့ ဆေးထိုးထားတဲ့နေရာတဝိုက် နီခြင်း၊ အဖျားအနည်းငယ်ရှိခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းတို့ကို ၁ရက်မှ ၂ရက်အထိခံစားရတတ်ပါတယ်

⚠️သတိထားသင့်တာက ကာကွယ်ဆေးက နောက်ဆုံးခုနှစ်ထုတ်တဲ့ ဆေးဖြစ်ဖို့လိုပါတယ် အခုက ၂၀၂၆ ဆိုတော့ ဆေးက ၂၀၂၆ ထုတ်ဆေးကို ထိုးမှသာ အာနိသင်ရမှာပါ။

👉 ပြောင်းလဲနေတဲ့ ဗိုင်းရပ်စ်တွေရဲ့ အန္တရာယ်မှ ကာကွယ်နိုင်ရန် နှစ်စဉ်အသစ်ထွက်ရှိလာတဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေးကို ထိုးနှံထားဖို့ တိုက်တွန်းလိုက်ပါရစေ။

👉ထိုးနှံလိုသူ/ ဆေးမှာလိုသူများသည် cb (သို့) ဖုန်းနံပါတ် 09795428710 , 09795929289 ကိုဆက်သွယ်စုံစမ်း နိုင်ပါတယ်။

ရာသီတုပ်ကွေးကာကွယ်ဖို့
ကာကွယ်ဆေးများထိုးကြစို့



Address

Yangon

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+959795428710

Website

Alerts

Be the first to know and let us send you an email when Medi Home Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Medi Home Service:

Share