SML Medical & Diagnostic Centre

SML Medical & Diagnostic Centre We value your health. Please let us be your
one-stop healthcare provider.

🟩 Diagnosis မှန်ကန်ခြင်းကလူနာအတွက် သင့်လျော်တဲ့ ကုသမှုကို စတင်နိုင်ဖို့ အရေးကြီးဆုံးသော ပထမခြေလှမ်း ဖြစ်ပါတယ်။Leukemia န...
13/07/2026

🟩 Diagnosis မှန်ကန်ခြင်းကလူနာအတွက် သင့်လျော်တဲ့ ကုသမှုကို စတင်နိုင်ဖို့ အရေးကြီးဆုံးသော ပထမခြေလှမ်း ဖြစ်ပါတယ်။

Leukemia နှင့် အခြားသော Haematological Malignancies များကို အကဲဖြတ်ရာမှာ Immunohistochemistry (IHC) ဆိုတာ Disease Classification ၊ Immunophenotyping နှင့် Diagnostic Support အတွက် အရေးကြီးတဲ့ Laboratory Investigation တစ်ခုဖြစ်ပါတယ်။

✅ Leukemia Immunohistochemistry (IHC) Panel မှာ အောက်ပါ Marker တွေကို စစ်ဆေးနိုင်ပါတယ်။

🧬 CD13 – Myeloid lineage ကို အကဲဖြတ်ရာတွင် အသုံးပြုသော Marker
🧬 CD117 (c-Kit) – Immature Myeloid Cells နှင့် Acute Myeloid Leukemia (AML) အချို့တွင်တွေ့ရှိနိုင်သော Marker
🧬 HLA-DR – Acute Leukemia များတွင် Immunophenotyping ပြုလုပ်တဲ့အခါ အသုံးဝင်ပြီး AML Subtype အချို့ကို ခွဲခြားရာတွင် အထောက်အကူပြုနိုင်ပါတယ်
🧬 CD34 – Haematopoietic Blast Cells များရဲ့ Immaturity ကို ပြသပေးတဲ့ Stem Cell Marker ဖြစ်ပါတယ်
🧬 Terminal deoxynucleotidyl transferase (TdT) – Acute Lymphoblastic Leukemia (ALL) နှင့် Lymphoblastic Lymphoma များတွင် အသုံးဝင်တဲ့ Marker ဖြစ်ပါတယ်
🧬 CD99 – Differential Diagnosis တွင် အသုံးပြုနိုင်တဲ့ Marker ဖြစ်ပြီး အချို့သော Haematologic Neoplasms များတွင် အထောက်အကူပြုနိုင်ပါတယ်
🧬 CD3 – T-cell Lineage ကို အတည်ပြုရန် အသုံးပြုသော Marker ဖြစ်ပါတယ်
🧬 CD14 – Monocytic Differentiation ကို အကဲဖြတ်ရာတွင် အသုံးဝင်ပါတယ်
🧬 CD15 – Myeloid Differentiation နှင့် Haematologic Malignancies အချို့တွင် အသုံးပြုသော Marker ဖြစ်ပါတယ်
🧬 CD61 (GP IIIa) – Megakaryocytic Lineage ကို အတည်ပြုရန် အသုံးပြုသော Marker ဖြစ်ပါတယ်
🧬 Glycophorin A (JC159) – Erythroid Differentiation ကို အကဲဖြတ်ရာမှာ အသုံးပြုသော Marker ဖြစ်ပါတယ်

✅ Immunohistochemistry ဆိုတာ

✔ Leukemia Cell Lineage သတ်မှတ်ရာတွင်
✔ Acute Leukemia Subtyping ပြုလုပ်ရာတွင်
✔ Differential Diagnosis အတွက်
✔ Bone Marrow Biopsy Interpretation ကို အထောက်အကူပြုရာတွင်
✔ Morphological Findings များကို အတည်ပြုရာတွင် အရေးကြီးသော Diagnostic Tool တစ်ခုဖြစ်ပါတယ်။

✅ မြန်မာနိုင်ငံအရပ်ရပ်မှာရှိတဲ့ SML Medical Laboratory တွေမှာ Haematopathology ဆိုင်ရာ စစ်ဆေးမှုများကို စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပြီး Clinical Decision Making ကို အထောက်အကူပြုနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါတယ်။

SML စင်တာများ -
ဗဟန်း၊ တာမွေ (ပင်ရွေညောင်)၊ လသာ၊ မြောက်ဥက္ကလာပ၊ လှိုင်သာယာ၊ အင်းစိန်၊ ပဲခူး၊
မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ နေပြည်တော်၊ ပုသိမ်၊ ဟင်္သာတ၊ ဖျာပုံ၊ ပြည်၊ မိတ္ထီလာ၊ မုံရွာ။

ိုဂရုစိုက်ပါတယ်

✅ မိုးတွင်းရောက်ပြီဆိုတာနဲ့ နှာစေး၊ နှာချေပြီး နေမကောင်းဖြစ်တာ ရာသီဥတုကြောင့်ပဲတော့ မဟုတ်ပါဘူး။ မိုးရာသီမှာ လေထုစိုထိုင်...
10/07/2026

✅ မိုးတွင်းရောက်ပြီဆိုတာနဲ့ နှာစေး၊ နှာချေပြီး နေမကောင်းဖြစ်တာ ရာသီဥတုကြောင့်ပဲတော့ မဟုတ်ပါဘူး။ မိုးရာသီမှာ လေထုစိုထိုင်းဆ မြင့်တက်လာတာ၊ မှိုတွေ ပိုပေါက်ဖွားလာတာနဲ့ လေထဲက ဓာတ်မတည့်စေတဲ့ အမှုန်အမွှားတွေ ပိုပျံ့နှံ့လာတာကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ပိုပြီး အဖြစ်များစေပါတယ်။

တချို့လူတွေမှာ နှာချေခြင်း၊ နှာရည်ယိုခြင်း၊ မျက်စိယားယံခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်နိုင်ပြီး၊ တချို့မှာတော့ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ဖျားခြင်း၊ အသက်ရှူရခက်ခဲခြင်းတို့လို ရောဂါပိုးဝင်ရောက်ခြင်းကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းရောဂါတွေ ဖြစ်နိုင်လို့ ရာသီဥတုကြောင့်ပဲ ဖြစ်တာပါလို့ မပေါ့ဆသင့်ပါဘူး။

🟩 အသက်ရှူလမ်းကြောင်းဆိုင်ရာ Allergy ရဲ့ လက္ခဏာတွေက ဘာတွေလဲ

အများအားဖြင့် ဖုန်မှုန့်၊ ပန်းဝတ်မှုန်၊ မှို နဲ့ အိမ်မွေးတိရစ္ဆာန် အမွှေးတွေကြောင့် အခုလို လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။

🔸 မကြာခဏ နှာချေခြင်း
🔸 နှာရည်ကြည်များ ယိုကျခြင်း
🔸 နှာခေါင်း ယားယံခြင်း
🔸 မျက်စိယားယံပြီး မျက်ရည်ကျခြင်း

🟩 ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်လဲ

Allergy မဟုတ်ဘဲ ရောဂါပိုးဝင်ရောက်ကူးစက်တာ (Infection) ဆိုရင်တော့ အောက်ပါလက္ခဏာတွေ ပြတတ်လို့ အချိန်ဆွဲမနေဘဲ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။

🟥 အဖျားတက်လာခြင်း
🟥 ချောင်းဆိုးတာ (၁) ပတ်ကျော်ကြာလာခြင်း
🟥 အဝါရောင် (သို့မဟုတ်) အစိမ်းရောင် သလိပ်များထွက်ခြင်း
🟥 အသက်ရှူရခက်ခဲလာခြင်း
🟥 ရင်ဘတ်အောင့်ခြင်း

အထူးသဖြင့် ကိုယ်ခံအားနည်းတဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နာတာရှည်ရောဂါရှိသူတွေမှာ ဒီလိုလက္ခဏာတွေပြလာရင် စောစောစီးစီး စစ်ဆေးပြီး ဆေးကုသမှု ခံယူဖို့ အထူးလိုအပ်ပါတယ်။

✅ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဟာ လက္ခဏာချင်း ဆင်တူနိုင်တာကြောင့် ကိုယ့်သဘောနဲ့ကိုယ် ဆေးဝယ်သောက်တာထက်၊ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်တာက အကောင်းဆုံးနဲ့ အလုံခြုံဆုံးဖြစ်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

ိုဂရုစိုက်ပါတယ်

နေမကောင်းလို့ပဲဖြစ်ဖြစ်၊ ထိခိုက်ဒဏ်ရာရလို့ပဲဖြစ်ဖြစ် X-Ray (ဓာတ်မှန်) ရိုက်ဖို့ ပြောတာကြုံဖူးကြမှာပါ။✅ တကယ်တော့ X-Ray (ဓ...
09/07/2026

နေမကောင်းလို့ပဲဖြစ်ဖြစ်၊ ထိခိုက်ဒဏ်ရာရလို့ပဲဖြစ်ဖြစ် X-Ray (ဓာတ်မှန်) ရိုက်ဖို့ ပြောတာကြုံဖူးကြမှာပါ။

✅ တကယ်တော့ X-Ray (ဓာတ်မှန်) ရိုက်တယ်ဆိုတာ မျက်စိနဲ့ မမြင်ရတဲ့ ဓာတ်ရောင်ခြည်လှိုင်းတချို့ကို အသုံးပြုပြီး ခန္ဓာကိုယ်တွင်းက အရိုး၊ ကလီစာနဲ့ တစ်သျှူးတွေရဲ့ ပုံရိပ်ကို ဖမ်းယူတာဖြစ်ပါတယ်။ ဘာရောဂါလဲ၊ ဘယ်နေရာမှာ ထိခိုက်ထားလဲဆိုတာကို အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန် သိရှိနိုင်ဖို့ X-Ray က ကူညီပေးပါတယ်။

ခန္ဓာကိုယ် အစိတ်အပိုင်းတွေအလိုက် X-Ray ရိုက်ဖို့ လိုအပ်တဲ့အကြောင်း အောက်မှာဖတ်ရှုနိုင်ပါတယ်။

🟩 ရင်ဘတ် ဓာတ်မှန် (Chest X-Ray)
အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ ချောင်းဆိုးတာ ကြာနေတာ၊ အသက်ရှူကြပ်တာ၊ ရင်ဘတ်အောင့်တာတွေ ခံစားရတဲ့အခါ ရင်ဘတ်ဓာတ်မှန် ရိုက်ဖို့ လိုအပ်ပါတယ်။
🔸 အဆုတ်ရောင်ရောဂါ (Pneumonia)၊ တီဘီရောဂါ (TB) နဲ့ အဆုတ်ထဲ ရေဝင်တာတွေ စစ်ဆေးနိုင်ခြင်း
🔸 နှလုံး ကြီး/မကြီး နဲ့ နှလုံးသွေးကြောဆိုင်ရာ ပြဿနာတချို့ ကြည့်ရှုနိုင်ခြင်း
🔸 အဆုတ်ကင်ဆာ လက္ခဏာတွေကို စောစောစီးစီး ရှာဖွေနိုင်ခြင်း

🟩 အရိုးနှင့် အဆစ် ဓာတ်မှန် (Bone & Joint X-Ray)
ချော်လဲတာ၊ ထိခိုက်ဒဏ်ရာရတာတွေကြောင့် နာကျင်ရောင်ရမ်းတဲ့အခါ အများဆုံး ရိုက်လေ့ရှိပါတယ်။
🔸 အရိုးကျိုးတာ၊ အက်တာ၊ အဆစ်လွဲတာတွေကို နေရာအတိအကျ သိရှိနိုင်ခြင်း
🔸 အဆစ်အမြစ် ရောင်ယမ်းတာ (Arthritis) နဲ့ အရိုးပွရောဂါ အခြေအနေတွေကို စောင့်ကြည့်နိုင်ခြင်း
🔸 အရိုးကင်ဆာနဲ့ အရိုးတွင်း ပိုးဝင်တဲ့ လက္ခဏာတွေကို ရှာဖွေနိုင်ခြင်း

🟩 ဦးခေါင်း ဓာတ်မှန် (Skull & Sinus X-Ray)
ခေါင်းထိခိုက်မိတဲ့အခါ ဒါမှမဟုတ် နာတာရှည် ခေါင်းကိုက်တာ၊ ထိပ်ကပ်နာလိုမျိုးတွေအတွက် ရိုက်ရပါတယ်။
🔸 ဦးခေါင်းခွံ အရိုးကျိုး/အက်ခြင်း ရှိ၊ မရှိ စစ်ဆေးနိုင်ခြင်း
🔸 နှာခေါင်းဘေး ဓာတ်ခေါင်းပေါက် (Sinus) တွေမှာ ပိုးဝင်ရောင်ရမ်းနေခြင်း (ထိပ်ကပ်နာ) ကို တိတိကျကျ ရှာဖွေနိုင်ခြင်း

🟩 ဝမ်းဗိုက် ဓာတ်မှန် (Abdominal X-Ray)
ဗိုက်ခဏခဏ အောင့်တာ၊ နာတာတွေအတွက် အကြောင်းရင်းရှာဖို့ ဖြစ်ပါတယ်။
🔸 အစာအိမ်နဲ့ အူလမ်းကြောင်း ပိတ်ဆို့နေတာတွေကို ကြည့်ရှုနိုင်ခြင်း
🔸 ကလေးငယ်တွေ မတော်တဆ မျိုချမိတဲ့ သံလိုက်၊ ပိုက်ဆံစေ့၊ အရုပ်စတဲ့ ပြင်ပပစ္စည်းတွေကို အမြန်ရှာဖွေပြီး ဖယ်ရှားနိုင်ခြင်း

✅ ရောဂါတစ်ခုကို ထိထိရောက်ရောက် ကုသနိုင်ဖို့ဆိုတာ အစကတည်းက မှန်ကန်တိကျတဲ့ ရောဂါအဖြေရှိဖို့ အရေးအကြီးဆုံးပါ။ ဒါကြောင့် ဆရာဝန်က X-Ray ရိုက်ဖို့ ညွှန်ကြားလာပြီဆိုရင် စိုးရိမ်ပူပန်မနေဘဲ၊ အချိန်မီ ကုသနိုင်ဖို့အတွက် လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ိုဂရုစိုက်ပါတယ်

SML Medical Centre (မန္တလေး) မှာ (Digital X-Ray) ဓာတ်မှန်အမျိုးမျိုးကို ရိုက်ကူးပေးနေပါပြီ။✅ ကြည်လင်ပြတ်သားတဲ့ပုံရိပ်မျာ...
03/07/2026

SML Medical Centre (မန္တလေး) မှာ (Digital X-Ray) ဓာတ်မှန်အမျိုးမျိုးကို ရိုက်ကူးပေးနေပါပြီ။

✅ ကြည်လင်ပြတ်သားတဲ့ပုံရိပ်များ ရရှိခြင်း
✅ ဝါရင့်ဓာတ်မှန်အထူးကုဆရာဝန်ကြီးများကိုယ်တိုင် တိကျသေချာစွာ အဖြေထုတ်ပေးခြင်း
✅ အချိန်ကြန့်ကြာမှုမရှိဘဲ မြန်ဆန်ခြင်း စတဲ့ အားသာချက်တွေနဲ့ Digital X-Ray ဝန်ဆောင်မှုကို ရယူနိုင်ပါတယ်။

🏥 SML Medical Centre (မန္တလေး)
📍 အမှတ် ၆၈၊ ၇၂လမ်း (၂၈လမ်း နှင့် ၂၉ လမ်းကြား)၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
📞 09 797007779 (Hot Line)၊ 09 402705502၊ 09 402705501

🟥 မကြာခဏ နုံးခွေပင်ပန်းတာ၊ ညာဘက်နံရိုးအောက်ကအောင့်တာ ဒါမှမဟုတ် မျက်လုံးနဲ့ အရေပြားတွေ ဝါလာတာမျိုးကို အမှုမဲ့အမှတ်မဲ့ ကျေ...
02/07/2026

🟥 မကြာခဏ နုံးခွေပင်ပန်းတာ၊ ညာဘက်နံရိုးအောက်ကအောင့်တာ ဒါမှမဟုတ် မျက်လုံးနဲ့ အရေပြားတွေ ဝါလာတာမျိုးကို အမှုမဲ့အမှတ်မဲ့ ကျော်ဖြတ်နေမိပါသလား

🟥 ဒါတွေဟာ အသည်းရဲ့သတိပေးချက်တွေ ဖြစ်နိုင်ပါတယ်။ အသည်းနဲ့ ပတ်သက်တဲ့ကျန်းမာရေးကိစ္စရပ်တွေကို အချိန်မီ စစ်ဆေးကုသမှုခံယူဖို့ 𝐒𝐌𝐋 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐚𝐧𝐝 𝐃𝐢𝐚𝐠န𝐨𝐬𝐭𝐢𝐜 𝐂𝐞𝐧𝐭𝐫𝐞 (ဗဟန်း) မှာ အသည်းအထူးကုဆရာဝန်ကြီးများ နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

အောက်ပါဝန်ဆောင်မှုတွေကို တစ်နေရာတည်းမှာ ရရှိနိုင်ပါတယ် -
✅ အသည်းအထူးကု ဆရာဝန်ကြီးများနှင့် ဆွေးနွေးပြသခြင်း
✅ အသည်းလုပ်ငန်းဆောင်တာ သွေးစစ်ဆေးမှုများစစ်ဆေးခြင်း
✅ အသည်း အာထရာဆောင်း (Ultrasound) ရိုက်ကူးခြင်းနှင့် အသည်းမာကြောမှု (Fibroscan) ရိုက်ကူးခြင်း

အသည်းကျန်းမာရေးအတွက် ယုံကြည်စိတ်ချရတဲ့ 𝐒𝐌𝐋 မှာပြသတိုင်ပင်နိုင်ပါပြီ

🏥 𝐒𝐌𝐋 𝐌𝐞𝐝𝐢𝐜𝐚𝐥 & 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐂𝐞𝐧𝐭𝐫𝐞 (ဗဟန်း)
အမှတ် ၀၀၃-၀၀၄၊ ဒဂုံတာဝါ၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

📲 𝐒𝐌𝐋 𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟕𝟕𝟑 𝟕𝟕𝟕 𝟕𝟒𝟒 📲

#𝐒𝐌𝐋ကပိုဂရုစိုက်ပါတယ် #အသည်းနှင့်အစာအိမ်အူလမ်းကြောင်း #ကျန်းမာရေး

🟩 လက္ခဏာမပြဘဲ တိတ်တိတ်လေးရောက်လာတတ်တဲ့ အသည်းရောဂါကို သွေးစစ်ပြီးလည်း စစ်ဆေးနိုင်ပါတယ်။ခန္ဓာကိုယ်ရဲ့ အညစ်အကြေးတွေကို သန့်...
29/06/2026

🟩 လက္ခဏာမပြဘဲ တိတ်တိတ်လေးရောက်လာတတ်တဲ့ အသည်းရောဂါကို သွေးစစ်ပြီးလည်း စစ်ဆေးနိုင်ပါတယ်။

ခန္ဓာကိုယ်ရဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပြီး အလုပ်တော်တော်လုပ်ရတဲ့ အသည်းဟာ အသက်ရှင်ကျန်းမာဖို့အတွက် အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ အဲဒီအသည်းကို ပျက်စီးစေတဲ့ အသည်းရောဂါအများစုက အစောပိုင်းအဆင့်တွေမှာ လက္ခဏာမပြတတ်လို့ အသည်းကျန်းမာရေးကို ပုံမှန်စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။

🟩 အသည်းနဲ့ပတ်သက်တဲ့ ဝေဒနာရှိသူတွေ၊ ကိုယ့်ရဲ့ အသည်းကျန်းမာရေးကို ကြိုတင်စစ်ဆေးချင်သူတွေအတွက် SML မှာ သွေးစစ်ဆေးမှုနဲ့ Advanced Tests အစုံအလင် ပြုလုပ်နိုင်ပါတယ်။ အသည်းရောဂါနဲ့ ပတ်သက်ပြီး ဒီ Test တွေကို ပြည့်ပြည့်စုံစုံ စစ်ဆေးနိုင်မှာပါ။

✅ Liver Function Test Panel (Total Bil, ALT, AST, ALP, GGT, T&DP) - အသည်းရဲ့ လုပ်ဆောင်ချက်တွေ ပုံမှန်ရှိမရှိ၊ အသည်းဆဲလ်တွေ ပျက်စီးမှု ရှိမရှိနဲ့ အင်ဇိုင်းတွေရဲ့ အခြေအနေကို ပိုမိုပြည့်စုံတိကျတဲ့ Panel အလိုက် အသေးစိတ် စစ်ပေးနိုင်ခြင်း။
✅ Hepatitis A, B, C, E Tests - အဖြစ်များပြီး နောက်ဆက်တွဲအနေနဲ့ အသည်းခြောက်တာ၊ အသည်းကင်ဆာအထိ သက်ရောက်နိုင်တဲ့ အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုးများ (A, B, C, E) ရှိမရှိကို သွေးစစ်ရုံနဲ့ တိကျစွာ Screening ပြုလုပ် အဖြေရှာပေးခြင်း။
✅ Liver Cancer Markers & Advanced Screening - အသည်းမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ၊ အကျိတ်တွေ ရှိမရှိနဲ့ အသည်းကင်ဆာ ဖြစ်ပွားနိုင်ခြေကို ကြိုတင်စောင့်ကြည့်ဖို့ ကျန်းမာရေးအခြေအနေအလိုက် လိုအပ်တဲ့ စစ်ဆေးမှုကို ရွေးချယ်နိုင်ခြင်း။
✅ AFP (Alpha-Fetoprotein) (Quantitative) - အသည်းကင်ဆာ အလားအလာကို ပမာဏအတိအကျ တိုင်းတာစစ်ဆေးခြင်း။
✅ CA 19-9 - အသည်းနဲ့ သည်းခြေလမ်းကြောင်းဆိုင်ရာ Tumor Marker စစ်ဆေးခြင်း။
✅ PIVKA II - အသည်းကင်ဆာကို အစောဆုံးအဆင့်ကတည်းက ပိုမိုတိကျစွာ ရှာဖွေနိုင်မယ့် ခေတ်မီ Marker စစ်ဆေးခြင်း။
✅ Biopsy / Pathology Lab Tests (IHC) - ပိုမိုနက်ရှိုင်းတဲ့ အသည်းဆဲလ်ပိုင်းဆိုင်ရာ အဖြေထုတ်နိုင်ဖို့ Tissue/Biopsy စစ်ဆေးမှုတွေဖြစ်တဲ့ AFP (IHC) နှင့် HSA (IHC) (Immunohistochemistry) စစ်ဆေးခြင်း။

အသည်းရောဂါဆိုတာ စောစောစီးစီး သိရှိပြီး စနစ်တကျ နေထိုင်မယ်၊ ကုသမှုခံယူမယ်ဆိုရင် ပုံမှန်ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။ ဘာကြောင့်ဖြစ်မှန်းမသိဘဲ အမြဲနုံးခွေတာ၊ မျက်လုံး ဒါမှမဟုတ် အရေပြား ဝါလာတာမျိုး ကြုံတွေ့ရရင် SML မှာ သွေးစစ်ဆေးပြီး အဖြေရှာလိုက်ပါ။ သွေးစစ်ဆေးမှုအပြင် ဆရာဝန်ညွှန်ကြားချက်နဲ့အညီ သင့်တော်သော စစ်ဆေးမှုများပြုလုပ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

🟩 ကိုယ့်ခန္ဓာကိုယ်ရဲ့ အခြေအနေကို အတိအကျ သိရှိထားခြင်းက ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေကို စိတ်အေးလက်အေး ဖြတ်သန်းနိုင်မှာပဲ ဖြစ်ပါတယ်။

ိုဂရုစိုက်ပါတယ်

✅ တစ်နှစ်တာရဲ့ တစ်ဝက်ကို ရောက်လာပြီဆိုတော့ ပြီးခဲ့တဲ့လတွေတုန်းက ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံတွေက ခန္ဓာကိုယ်အပေါ် ဘယ...
26/06/2026

✅ တစ်နှစ်တာရဲ့ တစ်ဝက်ကို ရောက်လာပြီဆိုတော့ ပြီးခဲ့တဲ့လတွေတုန်းက ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံတွေက ခန္ဓာကိုယ်အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိနေပြီလဲဆိုတာ ပြန်ကြည့်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ကိုယ့်ရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေကို သိရဖို့ SML မှာ Medical Check-up စစ်ဆေးနိုင်ပါတယ်။

🟩 SML ရဲ့ Package တွေနဲ့ စစ်ဆေးမယ်ဆိုရင် ဒီလိုအားသာချက်လေးတွေ ရှိပါတယ်။

🟨 စိတ်ကြိုက် ရွေးချယ်နိုင်ခြင်း - ကိုယ့်ရဲ့ အသက်အရွယ်၊ နေထိုင်မှုပုံစံနဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး သင့်တော်တဲ့ Package ကို ရွေးချယ်နိုင်ပါတယ်။
🟨 တစ်နေရာထဲမှာ စစ်ဆေးနိုင်ခြင်း - နေရာစုံသွားစရာမလိုဘဲ လိုအပ်သမျှကို တစ်နေရာတည်းမှာ စစ်ဆေးနိုင်ပါတယ်။
🟨 တိကျမှန်ကန်သော အဖြေရလဒ် - ခေတ်မီစက်ကိရိယာတွေကို အသုံးပြုထားပြီး ကျွမ်းကျင်ဝန်ထမ်းတွေစစ်ဆေးပေးမှာဖြစ်လို့ ထွက်လာမယ့် ဆေးစစ်ချက်အဖြေတွေအတွက် စိတ်ချရပါတယ်။

✅ စစ်ဆေးပြီးသွားတဲ့အခါမှာလည်း ထွက်လာတဲ့ ရလဒ်တွေကို ဆရာဝန်တွေနဲ့ အခမဲ့ ပြန်လည်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ဖြစ်ဖြစ်၊ မိဘဘိုးဘွားတွေအတွက်ဖြစ်ဖြစ် SML မှာ တစ်နှစ်တစ်ခါ ပုံမှန် ဆေးစစ်ပါ။

ိုဂရုစိုက်ပါတယ်

🟩 တွေ့လိုက်တိုင်း ဘယ်တော့မှမတည့်ဘူး ဆိုပေမယ့် အတူတူနေရတာမျိုး ကြုံဖူးလား။ အဲဒီထဲမှာ Allergy ကတော့ အဆိုးဆုံးဖြစ်မယ်ထင်ပါတ...
24/06/2026

🟩 တွေ့လိုက်တိုင်း ဘယ်တော့မှမတည့်ဘူး ဆိုပေမယ့် အတူတူနေရတာမျိုး ကြုံဖူးလား။ အဲဒီထဲမှာ Allergy ကတော့ အဆိုးဆုံးဖြစ်မယ်ထင်ပါတယ်။

🟩 မနက်နိုးလာတာနဲ့ မနားတမ်း နှာချေမိတာ၊ မျက်လုံးတွေ နီပြီးယားတာ ဒါမှမဟုတ် ရုတ်တရက် အရေပြားမှာ အနီစက်တွေ ထွက်လာတာမျိုးက ဘာမှမဟုတ်ပါဘူးထင်ရပေမယ့် တကယ်တော့ Allergy ဖြစ်နေတတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ပုံမှန်ဖြစ်စဉ်တွေ၊ အရာဝတ္ထုတွေကို အလွန်အမင်း တုံ့ပြန်နေမိတဲ့ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

✅ အဖြစ်များတဲ့ Allergy ရောဂါလက္ခဏာတွေက

- မကြာခဏ နှာချေခြင်း၊ နှာရည်ယိုခြင်း သို့မဟုတ် နှာပိတ်ခြင်း

- မျက်လုံးများ ယားယံခြင်း၊ နီမြန်းခြင်း သို့မဟုတ် မျက်ရည်ပူကျခြင်း

- အရေပြားပေါ်တွင် အင်ပျဉ်ထွက်ခြင်း၊ အနီစက်များ ထွက်ခြင်း သို့မဟုတ် အမြဲလိုလို ယားယံနေခြင်း

- ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း သို့မဟုတ် အသက်ရှူရာတွင် အသံမြည်ခြင်း

ဒီလိုလက္ခဏာတွေ ဖြစ်လာပြီဆိုရင် ကိုယ်ဘာနဲ့မတည့်တာလဲ ဆိုတာကို ခန့်မှန်းနေရုံနဲ့ မရပါဘူး။ ဓာတ်မတည့်တဲ့ အကြောင်းကို တိတိကျကျ အဖြေရှာဖို့ လိုအပ်လာပါပြီ။ သွေးကနေတစ်ဆင့် Allergy ဖြစ်စေတာကို အသေးစိတ် စစ်ဆေးနိုင်တဲ့ Test တွေ ရှိပါတယ်။

✅ ခန္ဓာကိုယ်ထဲမှာ Allergy အခြေအနေကို သိရှိနိုင်မယ့် အခြေခံစစ်ဆေးမှုများ

ဓာတ်မတည့်မှု ဟုတ်၊ မဟုတ် သေချာစေဖို့ ပထဆုံး ဒီသွေးစစ်ဆေးမှုတွေ လုပ်လေ့ရှိပါတယ်။

Total IgE (Immunoglobulin E) - ခန္ဓာကိုယ်တွင်းမှာရှိတဲ့ Allergy တုံ့ပြန်မှု ဘယ်လောက်ပြင်းထန်နေလဲဆိုတာ တိုင်းတာပေးပါတယ်။
Eosinophil Count - Allergy ဖောက်နေတဲ့ အခြေအနေမျိုးမှာ မြင့်တက်လာတတ်တဲ့ သွေးဖြူဥဆဲလ်အမျိုးအစားတစ်မျိုးကို စစ်ပေးပါတယ်။

✅ ကိုယ်နဲ့ မတည့်တဲ့အရာကို ရှာဖွေပေးမယ့် Allergy Panels များ

သွေးထဲမှာ Allergy ဖြစ်နေတာ သေချာပြီဆိုရင် ဒီ Panel တွေနဲ့ အသေးစိတ် ခွဲခြားစစ်ဆေးနိုင်ပါတယ်။

Allergy Screening Panel - ဘာလို့ဖြစ်သလဲဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် စတင်ရှာဖွေပေးမယ့် စစ်ဆေးမှု ဖြစ်ပါတယ်။
Environmental Panel - အိပ်ရာထဲက ဖုန်မှုန့် (Dust Mites)၊ မှိုပိုးမွှားများ၊ အိမ်မွေးတိရစ္ဆာန် အမွှေးအမျှင်များနဲ့ ပိုးဟပ် စတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်မတည့်မှုတွေကို အသေးစိတ် စစ်ဆေးပေးပါတယ်။
Pollen Panel - ရာသီအလိုက် လေထဲလွင့်ပါလာတတ်တဲ့ ပန်းဝတ်မှုန်တွေကြောင့် နှာစေး၊ မျက်စိယားယံတတ်သူတွေကို စစ်ဆေးပေးပါတယ်။
Food Panel - ကိုယ်စားလိုက်မိတဲ့ အစားအစာတွေ (ဥပမာ - အခွံမာသီး၊ ပင်လယ်စာ၊ နွားနို့၊ ဂျုံ၊ ပဲပိစပ်) ထဲက ဘယ်တစ်ခုက ခန္ဓာကိုယ်နဲ့ ဓာတ်မတည့်တာလဲဆိုတာ ခွဲခြားသိနိုင်အောင် ကူညီပေးပါတယ်။

✅ အဖြေသိရင် ကုသရလွယ်ကူပါတယ်

ကိုယ့်ကို ဒုက္ခပေးနေတဲ့ ဓာတ်မတည့်စေတဲ့ဟာကို သိသွားပြီဆိုရင် စနစ်တကျ ရှောင်ကြဉ်တာ၊ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ဆေးကုသမှုခံယူတာတွေလုပ်ပြီး သက်သောင့်သက်သာနဲ့ ပုံမှန်အတိုင်း ပြန်လည်နေထိုင်နိုင်မှာပါ။

"ငါ ဘာနဲ့မတည့်တာလဲ" ဆိုပြီး စိတ်အနှောင့်အယှက်ဖြစ်ခံစရာမလိုဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့ SML စင်တာတိုင်းမှာ Allergy Test စစ်ဆေးပြီး အဖြေရှာလိုက်ပါ။ ကိုယ့်ခန္ဓာကိုယ်အကြောင်း သေချာသိသွားတာဟာ ကျန်းမာရေးအတွက် အကောင်းဆုံး ကြိုတင်ကာကွယ်မှု ဖြစ်ပါတယ်။

ိုဂရုစိုက်ပါတယ်

23/06/2026

🟢 အသည်းကုသမှု ပါရဂူပါမောက္ခ ဒေါက်တာဦးကျော်စိုးထွန်း ဆွေးနွေးပေးထားပြီး SML မှာ ဝန်ဆောင်မှုပေးနေတဲ့ Fibroscan အကြောင်း သိကောင်းစရာ အပိုင်း (၃)

🟢 ယခုဗွီဒီယိုထဲမှာတော့ Fibroscan ရိုက်ခြင်းက အလွန်ကောင်းမွန်သော်လည်း သူ့ရဲ့ကန်သတ်ချက်ရှိတဲ့အကြောင်း၊ Fibroscan ရိုက်ခြင်းအတွက် ကုန်ကျစရိတ်အကြောင်းနှိုင်းယှဥ်ခြင်း၊ ပိုပြီးတိကျမှန်မှုရှိအောင် ဘယ်လိုရိုက်သင့်သလဲ။ Fibroscan ရဲ့ Probe တွေအကြောင်းကို ဆွေးနွေးပေးထားပါတယ်။

🟢 SML Medical and Diagnostic Centre မှာ အသည်းကျန်းမာရေးအတွက် စစ်ဆေးတဲ့ Fibroscan ဝန်ဆောင်မှုကို ရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

📢 Fibroscan စစ်ဆေးခြင်းနှင့် အခြားသောကျန်းမာရေးဝန်ဆောင်မှုများကိုအသေးစိတ်သိရှိလိုပါက
SML Call Centre Hotline - 09 773 777 744

ိုဂရုစိုက်ပါတယ်

ိုဂရုစိုက်ပါတယ်

Address

No. 003/004, Dagon Tower, Gabaraye Pagoda Road, Bahan Township
Yangon
11201

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959780162447

Alerts

Be the first to know and let us send you an email when SML Medical & Diagnostic Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SML Medical & Diagnostic Centre:

Shortcuts

Share