B.P.G Healthcare

B.P.G Healthcare To provide accessible healthcare throughout Myanmar

ကျွန်တော်လားHealthcare ကုမ္ပဏီက ဆားဗစ်အင်ဂျင်နီယာတစ်ယောက်ပါသကြ်န်ပိတ်ရက်မှာ ကျွန်တော်တို့လည်းသူများနည်းတူ ပျော်ခြင်တာပေါ...
13/04/2026

ကျွန်တော်လား
Healthcare ကုမ္ပဏီက ဆားဗစ်အင်ဂျင်နီယာတစ်ယောက်ပါ
သကြ်န်ပိတ်ရက်မှာ ကျွန်တော်တို့လည်းသူများနည်းတူ ပျော်ခြင်တာပေါ့
ရေကစားခြင်တာပေါ့
ဒါပေမယ့် ကျွန်တော် ဒီနေ့ support duty ကျတယ်
တစ်နိုင်ငံလုံးက ဆေးရုံဆေးခန်းတွေမှာ အသုံးပြုနေတဲ့ ရောဂါရှာဖွေရေးစက်တွေ ပုံမှန် အလုပ်လုပ်နေဖို့ phone နဲ့တမျိုး Internet ကတဆင့် remote နဲ့ တဖုံ ကျွန်တော်တို့ support ပေးနေပါတယ်
ကျွန်တော်တို့မှာ ဒီလိုေပျာ်ရွှင်မှုကို စွန့်လွှတ်အလုပ်လုပ်နိုင်ဖို့ ငါ့ဆွေမျိုးတွေသွားကုတဲ့အချိန်မှာ စက်ပျက်နေရင် ဘယ်လိုခံစားရမလည်းဆိုတယ့် ကိုယ်ချင်းစာစိတ်လေးဘဲ ထားလိုက်ပါတယ်
တစ်ရက်ထဲမှာ တောင်ငူ၊ ကွတ်ခိုင်၊ကလေး၊ လပွတ္တာ၊ မြောက်ဥက္ကလာက စက်တွေ ကိုပြန်ကောင်းအောင်လုပ်ပေးလိုက်နိုင်တာ ကျွန်တော် ဂုဏ်ယူတယ်။ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ လိပ်ပြာသန့်တယ်။
တချို့ ဆေးခန်းက စက်တွေ spare parts တင်သွင်းခွင့်မရလို့ ရပ်နေရတဲ့ အဖြစ်ကို ယူကျုံးမရဖြစ်မိတယ်
95% uptime လို့တချိန်လုံးကြွေးကျော်ခဲ့တဲ့ ကျွန်တော်တို့ သွင်းကုန်လိုင်စင်မရလို့ မျက်နှာမပြရဲဖြစ်နေရတယ်
ဟုတ်ကဲ့၊ ကျွန်တော် ဆားဗစ်အင်ဂျင်နီယာပါ
အဆင်မပြေရင် 09420 9090 72 ကိုဆက်လိုက်နော်
ကျွန်တော်တို့ ညီအကိုတွေ အကောင်းဆုံး ပြင်ပေးပါ့မယ်

ကျေးဇူးရှင် customer များနှစ်သစ်မဂ်လာပါ ခင်ဗျားသကြ်န် ကာလ အတွင်းတွင် နယ်ပြန်သော ဝန်ထမ်း များပြားခြင်း၊ သွားလာရေး အဆင်မပြ...
11/04/2026

ကျေးဇူးရှင် customer များနှစ်သစ်မဂ်လာပါ ခင်ဗျား
သကြ်န် ကာလ အတွင်းတွင် နယ်ပြန်သော ဝန်ထမ်း များပြားခြင်း၊ သွားလာရေး အဆင်မပြေခြင်းတို့ကြောင့် ကျွန်တော်များ Service team အနေဖြင့် (April 13 မှ 17) အတွင်းဆေးရုံဆေးခန်းများသို့ လာရောက်ပေးနိုင်ခြင်း မရှိပါကြောင်း အားနာစွာ အကြောင်းကြားအပ်ပါသည်။
Phone support နှင့် Remote service များကိုမူ တာဝန်ကျ အင်ဂျင်နီယာမှ ဆောင်ရွက်ပေးနိုင်ပါသဖြင့် သကြ်န်ကာလအတွင်း ပျက်ကွက်ခြင်းများရှိပါက နားလည်ခွင့်လွှတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်
လိုအပ်ပါက Hotline 09 420 9090 72 နှင့် မရပါက 09 755 888 303 တို့ထံသို့ဆက်သွယ်ပေးပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

BPG ရဲ့ နှစ်သစ် အတာရေသဘင်ပွဲရေကစားရင်းစိတ်လွတ်ကိုယ်လွတ်ပျော်ရသလို ဘောနပ်စ်ပါရလို့😁😁😁
09/04/2026

BPG ရဲ့ နှစ်သစ် အတာရေသဘင်ပွဲ
ရေကစားရင်းစိတ်လွတ်ကိုယ်လွတ်ပျော်ရသလို ဘောနပ်စ်ပါရလို့😁😁😁

ဒီနေ့ Carestream Horizon x-ray နဲ့ Scoligram ရိုက်ထားတယ့်ပုံလေး share ခြင်ပါတယ်Scoliogram ဆိုတာကတော့ Scoliosis ကို ရှာဖွ...
01/03/2026

ဒီနေ့ Carestream Horizon x-ray နဲ့ Scoligram ရိုက်ထားတယ့်ပုံလေး share ခြင်ပါတယ်
Scoliogram ဆိုတာကတော့ Scoliosis ကို ရှာဖွေဖို့ ရိုက်တယ့် protocol ဖြစ်ပါတယ်
ရိုက်တယ့် ဆေးရုံကတော့ EWP ဖြစ်ပါတယ်
အခုလို အထူးပုံမျိုး ကြိုးစားရိုက်တယ့် BPG ရဲ့ Customer များအနေနဲ့ မိမိတို့ရိုက်ထားတယ့်ပုံရယ်၊ ရိုက်စဥ်သုံးခဲ့တယ့် protocol ရယ် BPG ကိုပို့ပေးနော်
တီထွင်ဆန်းသစ်တယ့် သူများကို BPG ရဲ့ အမှတ်တရလက်ဆောင်များ ပို့ပေးနေပါတယ်

သင့်ရဲ့ဆေးရုံ မှာ CT တပ်ဖို့စဉ်းစားရင်တော့ BPG က 80 slice CT ကိုရဲရဲသာဝယ်လိုက်ပါCardiac ကလွဲပြီး တစ်ကိုယ်လုံးအသေးစိတ်ရို...
20/02/2026

သင့်ရဲ့ဆေးရုံ မှာ CT တပ်ဖို့စဉ်းစားရင်တော့ BPG က 80 slice CT ကိုရဲရဲသာဝယ်လိုက်ပါ
Cardiac ကလွဲပြီး တစ်ကိုယ်လုံးအသေးစိတ်ရိုက်လို့ရတဲ့ AI software တွေစုံစုံလင်လင်နဲ့ ၊ ရိုက်နေစဉ် မီးပျက်သွားမှာ မစိုးရိမ်ရအောင် 80 kVA online UPS ပါ ထည့်ပေးထားတာမို့ ဘာမှလှည့်ကြည့်စရာမလိုဘဲ စာချုပ်မှာလက်မှတ်လေးထိုးယုံနဲ့ CT စက်တစ်လုံးကို ပိုင်ဆိုင်နိုင်မှာပါ။ ဒါတင်ဘဲလားဆိုတော့ မကသေးပါဘူး
ဆေးထိုးဖို့လိုတဲ့ Contrast Injector၊ ဖလင်ထုတ်ဖို့ Laser Imager ၊ lead glass တွေ အပြင် အဏုမြူစွမ်းအင်က သုံးစွဲခွင့်လိုင်စင်ရရှိရေးပါ ဝန်ဆောင်မှုပေးတာပါ

ငွေတစ်လုံးတစ်ခဲထဲ မပေးချင် ရင်လည်း ဘဏ်များနဲ့ချိတ်ဆက်ဆောင်ရွက်ပေးနေတာမို့ ဝယ်ဖို့စိတ်ကူးများရှိရင် BPG ကိုသာ Hello လိုက်နော်

Christmas ပိတ်ရက် ကြေညာခြင်း🎄🎅ချစ်ခင် လေးစားအပ်ပါသော BPG ၏ customers များရှင့်။Christmas ကာလ ၂၄.၁၂.၂၀၂၅ မှ ၂၇.၁၂.၂၀၂၅ ရက...
23/12/2025

Christmas ပိတ်ရက် ကြေညာခြင်း🎄🎅

ချစ်ခင် လေးစားအပ်ပါသော BPG ၏ customers များရှင့်။

Christmas ကာလ ၂၄.၁၂.၂၀၂၅ မှ ၂၇.၁၂.၂၀၂၅ ရက်များအတွင်း ကျွန်မတို့ Biz-Partner Group Co.,Ltd မှ အဖွဲ့သားများ အနေနှင့် Company Annual Trip အစီအစဉ်လေး ထွက်ရန်ရှိပါသဖြင့် ထိုရက်များအတွင်း in-person service များ ၊ ပစ္စည်းပို့များ ခေတ္တရပ်နားထားမှာ ဖြစ်ပြီး ၂၈.၁၂.၂၀၂၅ မှ စ၍ ဝန်ဆောင်မှုများ ပုံမှန်အတိုင်းပြန်ပေးသွားမှာဖြစ်ကြောင်း အကြောင်းကြားအပ်ပါတယ်ရှင့်။ အားလုံးပဲ ပျော်ရွှင်စရာ Christmas ကာလလေး ဖြစ်စေဖို့ BPG အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
Merry Christmas & Happy New Year from us.

Providing accessible healthcare throughout Myanmar.
BPG Healthcare

Training ဟာ အင်ဂျင်နီယာတွေအတွက်အသက်ပါBPG အင်ဂျင်နီယာတွေကို ပုံမှန်ဆို စက်ရုံမှာသင်တန်းတက်ခိုင်းရပါတယ်အခုလို ဗီဇာခက်ခဲတယ်...
15/12/2025

Training ဟာ အင်ဂျင်နီယာတွေအတွက်အသက်ပါ
BPG အင်ဂျင်နီယာတွေကို ပုံမှန်ဆို စက်ရုံမှာသင်တန်းတက်ခိုင်းရပါတယ်
အခုလို ဗီဇာခက်ခဲတယ့်အချိန်မှာတော့ ပြင်သစ် နိုင်ငံ Balio ဓာတ်ခွဲခန်းစက်တွေထုတ်တယ့် စက်ရုံက အင်ဂျင်နီယာကို ဖိတ်ပြီးရုံးမှာဘဲ သင်တန်းပေးဖို့စီစဉ်ရပါတယ်

ပြင်သစ်နိုင်ငံထုတ် Balio တံဆိပ် ဓာတ်ခွဲခန်းသုံးစက်များဟာ မြင့်မားတယ့်အရည်အသွေး၊ တိကျတယ့် results များကြောင့် စိတ်ချယုံကြည်သုံးစွဲသင့်တယ့် အမှတ်တံဆိပ်တစ်ခုဖြစ်ပါကြောင်း နဲ့ အင်ဂျင်နီယာများလည်းသင်တန်းတက်ပြီးပြီမို့စိတ်ချယုံကြည်စွာ ဝယ်ယူသုံးစွဲနိုင်ကြောင်းသတင်းကောင်းပါးလိုက်ပါတယ်

Address

No397၊ ကံ့ကော်မြိုင်လမ်း၊ သုဝဏ္ဏ၊ရန်ကုန်၊095136284, 09755799903
Yangon

Alerts

Be the first to know and let us send you an email when B.P.G Healthcare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to B.P.G Healthcare:

Shortcuts

Share