Tri Care Co., Ltd.

Tri Care Co., Ltd. We are giving premium pharmaceutical & neutraceutical products for Myanmar people.

🌱 ကလေးနေမကောင်းပြီး နာလန်ထချိန်မှာ အနားယူရုံနဲ့ မလုံလောက်ပါဘူး…ဖျားနာပြီးနောက် ကလေးတွေမှာ😔 အစားအသောက်ပျက်ခြင်း😴 အားနည်းန...
04/09/2026

🌱 ကလေးနေမကောင်းပြီး နာလန်ထချိန်မှာ အနားယူရုံနဲ့ မလုံလောက်ပါဘူး…

ဖျားနာပြီးနောက် ကလေးတွေမှာ
😔 အစားအသောက်ပျက်ခြင်း
😴 အားနည်းနွမ်းနယ်ခြင်း
🦠 အစာခြေစနစ် အပြောင်းအလဲများခြင်း
🚽 ဝမ်းသွားပုံ မမှန်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

ဒီလိုအချိန်မှာ ကလေးရဲ့ နေ့စဉ်အာဟာရလိုအပ်ချက်နဲ့ အူလမ်းကြောင်းကျန်းမာရေး ကို အထောက်အကူပြုဖို့ အရေးကြီးပါတယ်။ 💚

🦠 PROBIOTICS
• အူလမ်းကြောင်းအတွင်းရှိ အကျိုးပြုဘက်တီးရီးယားများကို ထိန်းညှိပေးရန် အထောက်အကူပြုနိုင်ပါတယ်
• ပုံမှန်အစာခြေစနစ်ကို အထောက်အကူပြုပါတယ်
• ကျန်းမာတဲ့ အူလမ်းကြောင်းအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်

🌈 MULTIVITAMINS
• ကလေးတွေရဲ့ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ Vitamin များကို ဖြည့်တင်းပေးနိုင်ပါတယ်
• အစားအသောက်မပြည့်စုံတဲ့အချိန်မှာ နေ့စဉ်အာဟာရလိုအပ်ချက်ကို ဖြည့်တင်းရန် အထောက်အကူပြုနိုင်ပါတယ်

#ဒေါက်တာမွန်းကင်မ်ချီ

🥦🍎 “အသီးအရွက်ဆို မစားချင်ဘူး!” ဆိုတဲ့ ကလေးလေးတွေ ရှိလား? 😅မေမေတို့ရေ…ကလေးလေးက အသီးအရွက်၊ သစ်သီးတွေကို မကြိုက်ဘဲ ထမင်းနဲ့...
01/09/2026

🥦🍎 “အသီးအရွက်ဆို မစားချင်ဘူး!” ဆိုတဲ့ ကလေးလေးတွေ ရှိလား? 😅

မေမေတို့ရေ…
ကလေးလေးက အသီးအရွက်၊ သစ်သီးတွေကို မကြိုက်ဘဲ ထမင်းနဲ့ အသားပဲ ရွေးစားနေတတ်ရင် နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်မီပါ့မလား? ဆိုပြီး စိတ်ပူရတတ်ပါတယ်။ 👩‍👧💕

🍎 သစ်သီးအစားနည်း
🥦 အသီးအရွက်အစားနည်း
😋 အစားအစာရွေးစားတတ်ခြင်း
တို့ကြောင့် ကလေးရဲ့ အာဟာရမျှတမှုကို ဂရုစိုက်ပေးဖို့ အထူးလိုအပ်ပါတယ်။
ဒေါက်တာမွန်း ပရိုကစ်မှာဆိုရင် multivitamin နှင့် probiotic ပါဝင်သောကြောင့် ကလေးများအတွက် နေ့စဉ်လိုအပ်သော အာဟာရများ ဖြည့်ဆည်းပေးပါသည်။

🌱 “အစားအစာကနေ အာဟာရရရှိစေဖို့ အမြဲဦးစားပေးပါ။
လိုအပ်တဲ့အခါ အာဟာရဖြည့်တင်းမှုကိုလည်း ဂရုစိုက်ပေးပါ။”

မဂ်လာနံနက်ခင်းလေးပါရှင့် 😊😊😊Sunday ပိတ်ရက်လေးမှာ တာမွေ Ocean ကို စျေးဝယ်လာကြသော ကာကာလေးတွေကို City Care Wellness fair ရဲ...
30/08/2026

မဂ်လာနံနက်ခင်းလေးပါရှင့် 😊😊😊
Sunday ပိတ်ရက်လေးမှာ တာမွေ Ocean ကို
စျေးဝယ်လာကြသော ကာကာလေးတွေကို
City Care Wellness fair ရဲ့ promotion ပွဲကြီးမှာ
Tri Care အနေနဲ့လဲ 2.9.2026 ရက်နေ့ထိ ပါဝင်ထားပါသဖြင့် လာရောက်လေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင့် 🤗🤗🤗

🎉Tricare Company ၏ (၁၂) နှစ်ပြည့် အထူးကျေးဇူးတင်လွှာ🌟ကျွန်မတို့၏ Tricare ကုမ္ပဏီသည် ယနေ့ ဩဂုတ်လ (၂၆) ရက်နေ့တွင် သက်တမ်း ...
26/08/2026

🎉Tricare Company ၏ (၁၂) နှစ်ပြည့် အထူးကျေးဇူးတင်လွှာ🌟

ကျွန်မတို့၏ Tricare ကုမ္ပဏီသည် ယနေ့ ဩဂုတ်လ (၂၆) ရက်နေ့တွင် သက်တမ်း (၁၂) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

လွန်ခဲ့သော ၁၂ နှစ်တာ ကာလအတွင်း ပြည်သူလူထုထံ အရည်အသွေးမြင့်မားပြီး စိတ်ချယုံကြည်ရသော ဆေးဝါးများရောက်ရှိစေရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

ယခုလို (၁၂) နှစ်တိုင်တိုင် အောင်မြင်စွာ ရပ်တည်ဖို့အတွက် အားတက်သရော ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည့် Tricare မိသားစုဝင် ဝန်ထမ်းများ အားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။

နောင်လာမည့် နှစ်ပေါင်းများစွာမှာလည်း ခေတ်မီဆန်းသစ်သော ဆေးဝါးများနှင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ဝန်ဆောင်မှုပေးနိုင်ရန် အရှိန်အဟုန်မပျက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။

ကျွန်မတို့ Tricare ကုမ္ပဏီ နှင့်အတူ ကျန်းမာရွှင်လန်းသော လူမှုဘဝများကို အတူတကွ ပုံဖော် တည်ဆောက်သွားကြပါစို့။

✨🌟အထူးကျေးဇူးတင်ရှိခြင်း 🌟✨16.8.2026 ရက်နေ့က ကျွန်တော်တို့ TriCare Company ရဲ့ Management Meeting ကို သာယာလှပတဲ့ ညောင်ရွ...
25/08/2026

✨🌟အထူးကျေးဇူးတင်ရှိခြင်း 🌟✨

16.8.2026 ရက်နေ့က ကျွန်တော်တို့ TriCare Company ရဲ့ Management Meeting ကို သာယာလှပတဲ့ ညောင်ရွှေမြို့မှာရှိတဲ့ Hotel Brilliant မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 🏨🎉

အစည်းအဝေး အစအဆုံး အဆင်ပြေချောမွေ့စွာ ပြီးမြောက်စေရန် အလှပဆုံး ဝန်ဆောင်မှုများ၊ စနစ်ကျသော အစည်းအဝေးခန်းမ ပြင်ဆင်မှုများနှင့် နွေးထွေးသော ဧည့်ဝတ်ကျေပွန်မှုတို့ဖြင့် ကူညီပေးခဲ့ကြသည့် Hotel Brilliant မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအားလုံးကို TriCare မိသားစုမှ လှိုက်လှဲစွာ အထူးကျေးဇူးတင်ရှိပါတယ်။ ❤️

အမှတ်တရကောင်းများနှင့် ပြည့်နှက်ခဲ့သည့် ဤအစည်းအဝေးမှ ရရှိခဲ့သော ခွန်အားသစ်များဖြင့် ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်အောင် ဆက်လက်ကြိုးစား ဆောင်ရွက်သွားပါမည်။ 🚀✨

⚠️Cholera (ကာလဝမ်းရောဂါ) ကို သတိထားပါCholera ဆိုတာ ဘာလဲ?🦠Cholera ဟာ မသန့်ရှင်းတဲ့ ရေ၊ အစားအစာကနေ ကူးစက်နိုင်တဲ့ အူလမ်းကြ...
12/08/2026

⚠️Cholera (ကာလဝမ်းရောဂါ) ကို သတိထားပါ

Cholera ဆိုတာ ဘာလဲ?

🦠Cholera ဟာ မသန့်ရှင်းတဲ့ ရေ၊ အစားအစာကနေ ကူးစက်နိုင်တဲ့ အူလမ်းကြောင်းရောဂါ တစ်မျိုးပါ။
အဓိကအန္တရာယ်ကတော့ အရည်ဝမ်းလျှောခြင်းအလွန်များပြီး ခန္ဓာကိုယ်ထဲက ရေနဲ့ ဆားဓာတ်တွေ မြန်မြန်ဆုံးရှုံးသွားခြင်း ဖြစ်ပါတယ်။

👉 မကုသဘဲနေရင် ရေဓာတ်ခန်းခြောက်ပြီး အချိန်တိုအတွင်း အသက်အန္တရာယ်ရှိနိုင်ပါတယ်။

⚠️ ကာလဝမ်းရောဂါကူးစက်ခံရလျှင် ဘာတွေဖြစ်နိုင်လဲ?

💦 ဆန်ဆေးရေလိုဝမ်း အများကြီးသွားခြင်း
🤮 အန်ခြင်း
🥵 ရေငတ်ခြင်း
😵 မူးဝေ၊ အားနည်းခြင်း
👁️ မျက်လုံးချိုင့်ဝင်ခြင်း
🚽 ဆီးနည်းလာခြင်း
⚠️ ပြင်းထန်လာရင် သတိလစ်ခြင်း၊ Shock ဖြစ်ခြင်း

အထူးသဖြင့် ကလေးငယ်များ၊ အသက်ကြီးသူများနဲ့ ကိုယ်ခံအားနည်းသူများမှာ ပိုအန္တရာယ်ရှိနိုင်ပါတယ်။

🚨 ဝမ်းအရမ်းသွားရင် ဘာလုပ်မလဲ?

💧 ဓာတ်ဆားရည် ချက်ချင်းတိုက်ပါ။(သီးစုံဓာတ်ဆား မဟုတ်ပါ) 🏥 နီးစပ်ရာဆေးရုံသို့ ချက်ချင်းသွားပါ။
👉 အရေးကြီးဆုံးက “ဝမ်းရပ်မလား” စောင့်မနေဘဲ ဓာတ်ဆားရည် အရင်သောက်ပြီး ဆေးကုသမှု ချက်ချင်းခံယူခြင်းပါ။

🛡️ မိမိကိုယ်တိုင် ဘယ်လိုကာကွယ်မလဲ?
💧သန့်ရှင်းတဲ့ရေကိုသာသောက်ပါ။
🫧လက်ကို ဆပ်ပြာနှင့်သေချာဆေးပါ။
🧼ဝမ်းလျှောရင် ဓာတ်ဆား ချက်ချင်းသောက်ပါ။

🛡️Cholera(ကာလဝမ်းရောဂါ)ကို မိမိနှင့် မိမိ မိသားစုကို မကူးစက်အောင် ကာကွယ်ကြပါစို့။

07/08/2026

မဂ်လာပါ သတိရကာမျှော်နေကြသော
မိတ္ထီလာကအမျိုးတို့ရေ☺️☺️☺️ လာခဲ့ပြီနော်….
Tri Care product တွေကို တစ်နေရာထဲ လေ့လာချင်တယ်ဆိုရင် စိန်ဒေါင်း centre ရဲ့ promotionနေရာမှာ sunday 9.8.2026 ထိ လာရောက်လေ့လာနိုင်ပါတယ်ရှင့် ဖိတ်ခေါ်ပါတယ်နော် ☺️☺️☺️

Spicy Lover တွေအတွက် လျှို့ဝှက်ချက်! 🌶️🔥ဒီစနေ၊ တနင်္ဂနွေ အားလပ်ရက်မှာ ချစ်သူနဲ့ Date ပြီး မာလာရှမ်းကော စပ်စပ်ပူပူလေးကို ...
07/08/2026

Spicy Lover တွေအတွက် လျှို့ဝှက်ချက်! 🌶️🔥

ဒီစနေ၊ တနင်္ဂနွေ အားလပ်ရက်မှာ ချစ်သူနဲ့ Date ပြီး မာလာရှမ်းကော စပ်စပ်ပူပူလေးကို စားဖို့ ကြံစည်နေကြပီလား🙄🤭

အထူးသဖြင့် ကောင်မလေးတွေကတော့ မာလာရှမ်းကောဆို အရမ်း ကြိုက်ကြတာနော်။ ဒါပေမဲ့ စားပြီးရင် ဗိုက်ထဲက ပူစပ်ပူလောင်နဲ့ ရင်ပူတာ၊ အစာအိမ်အောင့်တာတွေကြောင့် Date သွားတာ ပျော်စရာမကောင်းဘဲ ဒုက္ခရောက်ဖူးကြမယ်ထင်တယ်။ အစပ်မပါရင် မစားချင်၊ အစပ်စားပြန်ရင်လည်း ဗိုက်ထဲက ပူလောင်ပြီး ခံရခက်လှပါတယ်။

ဒါပေမဲ့ Spicy Lover တွေအတွက် မာလာရှမ်းကောကို စိတ်ကြိုက်စားပြီး အစာအိမ်ဒုက္ခကနေ ကင်းဝေးစေဖို့ Bexrab DM ရှိနေပြီဆိုတာ မမေ့နဲ့နော်။ အစာအိမ်အက်ဆစ်လွန်ကဲတာနဲ့ ရင်ပူ၊ ဗိုက်ပူတာတွေကို မြန်မြန်ဆန်ဆန် သက်သာစေလို့ အစပ်ကြိုက်သူတွေအတွက်တော့ အမုန်းစားဖို့ အကောင်းဆုံးအဖော်မွန်ပါပဲ။

ဒီ Weekend မာလာရှမ်းကော Date မသွားခင် Bexrab DM လေး ဆောင်ထားဖို့ မမေ့နဲ့ဦးနော်။ 😉✨

🤒 ရာသီတုပ်ကွေးဖြစ်တဲ့အခါ ကိုယ်လက်ကိုက်ခဲပြီး နေမကောင်းဖြစ်နေလား?ရာသီအကူးအပြောင်းကာလမှာ တုပ်ကွေးဗိုင်းရပ်စ်ကူးစက်မှုများလ...
05/08/2026

🤒 ရာသီတုပ်ကွေးဖြစ်တဲ့အခါ ကိုယ်လက်ကိုက်ခဲပြီး နေမကောင်းဖြစ်နေလား?

ရာသီအကူးအပြောင်းကာလမှာ တုပ်ကွေးဗိုင်းရပ်စ်ကူးစက်မှုများလာပြီး လူအများစုမှာ...

🔹 ဖျားခြင်း
🔹 ခေါင်းကိုက်ခြင်း
🔹 ကိုယ်လက်ကိုက်ခဲခြင်း
🔹 ကြွက်သားနာကျင်ခြင်း
🔹 လည်ချောင်းနာခြင်း
🔹 အားအင်ကုန်ခမ်းခြင်း

စတဲ့ လက္ခဏာတွေကို ကြုံတွေ့ရနိုင်ပါတယ်။

ဒီလိုအချိန်မှာ အနားယူခြင်း၊ ရေများများသောက်ခြင်း နဲ့အတူ ဖျားနာခြင်းနဲ့ ကိုယ်လက်ကိုက်ခဲမှုတွေကို သက်သာစေဖို့ သင့်တော်တဲ့ ဆေးဝါးကို အသုံးပြုနိုင်ပါတယ်။

💊Rufen Plus တွင်

✔️ Paracetamol 325 mg – ဖျားနာခြင်းကို လျော့ကျစေပြီး နာကျင်မှုကို သက်သာစေရာတွင် အထောက်အကူပြုနိုင်သည်။

✔️ Ibuprofen 200 mg – အကိုက်အခဲ၊ ကြွက်သားနာကျင်မှုနှင့် ရောင်ရမ်းမှုကြောင့်ဖြစ်သော နာကျင်မှုများကို သက်သာစေရန် ကူညီပေးနိုင်သည်။

Paracetamol နှင့် Ibuprofen ပေါင်းစပ်ထားသောကြောင့် ရာသီတုပ်ကွေးဖြစ်စဉ်တွင် တွေ့ရတတ်သော ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း စသည့် လက္ခဏာများကို သက်သာစေရန် အထောက်အကူဖြစ်နိုင်ပါသည်။

🌿 ဖျားနာတာကို လျစ်လျူမရှုပါနဲ့။ အနားယူပါ၊ ရေဓာတ်လုံလောက်အောင် သောက်ပါ၊ လိုအပ်သလို ဆေးဝါးကို မှန်ကန်စွာ အသုံးပြုပြီး ကျန်းမာရေးကို ဂရုစိုက်ပါ။

သတိပြုရန် – Rufen Plus သည် တုပ်ကွေးဗိုင်းရပ်စ်ကို ကုသပေးသောဆေးမဟုတ်ဘဲ ဖျားနာခြင်းနှင့် နာကျင်ကိုက်ခဲခြင်းကဲ့သို့သော လက္ခဏာများကို သက်သာစေရန် အသုံးပြုသော ဆေးဖြစ်ပါသည်။ သတ်မှတ်ထားသော ပမာဏအတိုင်းသာ သောက်သုံးပါ။ ဖျားခြင်း ၃ ရက်ထက်ပိုကြာခြင်း၊ အသက်ရှူခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် လက္ခဏာများ ပိုမိုဆိုးရွားလာပါက ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်သင့်ပါသည်။

#ကိုက်ခဲနာကျင်ခြင်း

😴 အိပ်စက်ခြင်းက ဘာကြောင့် ကျန်းမာရေးအတွက် အရေးကြီးတာလဲ?လူအများစုက အစားအသောက်နဲ့ လေ့ကျင့်ခန်းကိုပဲ ဂရုစိုက်ကြပေမယ့် *အိပ်...
03/08/2026

😴 အိပ်စက်ခြင်းက ဘာကြောင့် ကျန်းမာရေးအတွက် အရေးကြီးတာလဲ?

လူအများစုက အစားအသောက်နဲ့ လေ့ကျင့်ခန်းကိုပဲ ဂရုစိုက်ကြပေမယ့် *အိပ်စက်ခြင်း (Sleep)* ကလည်း ကျန်းမာရေးရဲ့ အခြေခံတိုင်တစ်ခုဖြစ်ပါတယ်။
အရည်အသွေးကောင်းတဲ့ အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်ကို အနားပေးရုံသာမက ဦးနှောက်၊ နှလုံး၊ ကိုယ်ခံအားစနစ်နဲ့ စိတ်ကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။

🌙 လူကြီးတစ်ယောက် တစ်နေ့ ဘယ်နှစ်နာရီ အိပ်သင့်လဲ?

ကျန်းမာရေးပညာရှင်များရဲ့ အကြံပြုချက်အရ လူကြီးအများစုအတွက် တစ်ညလျှင် ၇ မှ ၉ နာရီ အထိ အိပ်စက်ခြင်းက သင့်တော်ပါတယ်။
အိပ်ချိန်များတာထက် **အိပ်စက်မှုအရည်အသွေး** က ပိုပြီး အရေးကြီးပါတယ်

🌿 အိပ်ရေးဝတဲ့အခါ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

✅ ကိုယ်ခံအားကောင်းလာစေတယ်။
✅ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှု ပိုကောင်းလာတယ်။
✅ စိတ်ဖိစီးမှုကို လျော့နည်းစေတယ်။
✅ နှလုံးကျန်းမာရေးကို အထောက်အကူပြုတယ်။
✅ ခန္ဓာကိုယ်က ဆဲလ်တွေကို ပြုပြင်ထိန်းသိမ်းပေးတယ်။
✅ နေ့စဉ်လုပ်ငန်းတွေကို စွမ်းအင်ပြည့်ဝစွာ ဆောင်ရွက်နိုင်စေတယ်။

⚠️ အိပ်ရေးမဝရင် ဘာတွေဖြစ်နိုင်လဲ?

အိပ်ရေးမဝတာကို အချိန်ကြာမြင့်စွာ ဆက်လက်ခံစားနေရရင်—

* နေ့ဘက်မှာ မောပန်းလွယ်မယ်။
* အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းမယ်။
* စိတ်တိုလွယ်၊ စိတ်ဖိစီးမှုများလာနိုင်တယ်။
* ကိုယ်ခံအား လျော့နည်းလာနိုင်တယ်။
* အဝလွန်ခြင်း၊ သွေးတိုး၊ ဆီးချိုရောဂါ စတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်တယ်။

🌙 အိပ်ရေးကောင်းဖို့ လိုက်နာသင့်တဲ့ အလေ့အကျင့်များ

💤 အိပ်ချိန်ပုံမှန်ထားပါ။
📱 အိပ်ခါနီး ၁ နာရီခန့်မှာ ဖုန်း၊ Tablet၊ Laptop အသုံးပြုတာကို လျှော့ချပါ။
☕ ညနေပိုင်းကစပြီး ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ Energy Drink တွေကို လျှော့သောက်ပါ။
🏃 နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။
🛏️ အိပ်ခန်းကို ငြိမ်သက်၊ မှောင်မိုက်ပြီး သက်သောင့်သက်သာရှိအောင် ထားပါ။
💊 Tranquilia လို သဘာဝအိပ်ဆေးကို မအိပ်ခင်နာရီဝက်ကြိုသောက်ပေးပါ။

✅Tranquilia သည် သဘာဝအိပ်ဆေးဖြစ်သည့်အတွက် ဆေးစွဲခြင်းမဖြစ်စေဘဲ ကောင်းမွန်သောအိပ်စက်ခြင်းရရှိစေရန် ကူညီပေးပါသည်။ Melatonin နှင့်အတူ 5-HTP, Vitamin B6 တို့ပါ ပါဝင်သည့်အတွက် အိပ်ရာမှနိုးတဲ့အချိန်တွင် ခေါင်းကြည်လင်လန်းဆန်စေပါသည်။
🛒Tranquilia ကို အမြို့မြို့အနယ်နယ်ရှိဆေးဆိုင်တိုင်းတွင် မေးမြန်းဝယ်ယူရရှိနိုင်ပါသည်။


#သဘာဝအိပ်ဆေး

Address

No. 252/25, Shwe Pyi Soe Street, Shwe Pyi Soe Housing, 14/2 Block, S/Okkalapa
Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Telephone

+959765418455

Alerts

Be the first to know and let us send you an email when Tri Care Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tri Care Co., Ltd.:

Shortcuts

Share