Pan Ei’s Bakery & More

Pan Ei’s Bakery & More Yoon Bakery💓💓
Baking With Love💖💖

08/09/2026

Sacher Cake by Pan Ei’s Bakery & More

Sacher Cake ဆိုတာဘာလဲ???🤔🤔😋😋Sacher Cake (Sachertorte) ဆိုတာ 🇦🇹 Austria နိုင်ငံက နာမည်ကြီး Chocolate Cake တစ်မျိုးပါ။ 🍫🍰ဘ...
08/09/2026

Sacher Cake ဆိုတာဘာလဲ???🤔🤔😋😋

Sacher Cake (Sachertorte) ဆိုတာ 🇦🇹 Austria နိုင်ငံက နာမည်ကြီး Chocolate Cake တစ်မျိုးပါ။ 🍫🍰

ဘယ်လိုများLayer တိုင်းဖန်တီးထားလဲ😎

🍫 အရသာပြင်းတဲ့ chocolate sponge cake
🍑 အလယ်မှာ apricot jam လေးနဲ့
🍫 အပေါ်နဲ့ဘေးပတ်လည်ကို dark chocolate ganache

🍫ထက်ပီးအပေါကနေ Choco glazeကိုလောင်းပီး
အလှဆင်ထားတာပါရှင့်

အရသာက Chocolate အရသာပြင်းပြီး apricot jam ကြောင့် ချိုချဉ်လေးဖြစ်တာက Sacher Cake ရဲ့ထူးခြားချက်ပါ။

ကဲ ဒီလိုထူးခြားတဲ့Cake လေးကို 's Bakery မှာရပီနော်


゚viralシ

08/09/2026

😎😎😎😎

👨‍🍳 ဟင်းချက်တာနဲ့ မုန့်ဖုတ်တာ ဘာကွာလဲ? (Pastry Chef တွေရဲ့ လျှို့ဝှက်ချက်) ✨​ဟိုတယ်တွေ၊ အီတလီစားသောက်ဆိုင်ကြီးတွေလို Pro...
07/09/2026

👨‍🍳 ဟင်းချက်တာနဲ့ မုန့်ဖုတ်တာ ဘာကွာလဲ? (Pastry Chef တွေရဲ့ လျှို့ဝှက်ချက်) ✨
​ဟိုတယ်တွေ၊ အီတလီစားသောက်ဆိုင်ကြီးတွေလို Professional မီးဖိုချောင်တွေကို ဝင်ကြည့်ရင် ဟင်းချက်တဲ့အပိုင်း (Hot Kitchen) နဲ့ မုန့်ဖုတ်တဲ့အပိုင်း (Pastry & Bakery) ကို သီးသန့် အခန်းခွဲထားတာ တွေ့ရပါလိမ့်မယ်။ ဘာလို့များ တခြား Chef တွေက Recipe ကြည့်ပြီး မုန့်ဖုတ်လို့ရက်သားနဲ့ Pastry ကို သီးသန့် ခွဲထုတ်ထားရတာလဲဆိုတာ စဉ်းစားဖူးလားဗျ?
​အဓိက ကွာခြားသွားတဲ့ လျှို့ဝှက်ချက် (၄) ခု ရှိပါတယ်။ 👇
​🎨 ၁။ အနုပညာ (Art) vs. သိပ္ပံပညာ (Science)
ဟင်းချက်တာက "အနုပညာ" ပါ။ မီးဖိုပေါ်မှာ ငန်သွားရင် ရေထည့်မယ်၊ ချဉ်သွားရင် သကြားလေး ခတ်လိုက်မယ်ဆိုပြီး ခံစားချက်နဲ့ ချက်ချင်း ပြင်လို့ရတယ်။
မုန့်ဖုတ်တာကတော့ "သိပ္ပံနဲ့ သင်္ချာ" ပါ။ ချိန်ခွင်ပေါ်မှာ ဂရမ် (Gram) အတိအကျ၊ ရာခိုင်နှုန်း အတိအကျ တွက်ချက်ရပါတယ်။ Oven ထဲရောက်သွားပြီဆိုတာနဲ့ ဘာမှ ပြင်ဆင်ခွင့် လုံးဝမရှိတော့ပါဘူး။
​🔬 ၂။ ပြဿနာ ဖြေရှင်းနိုင်စွမ်း (Troubleshooting)
သာမန် Chef တွေက Recipe အတိုင်း ဖုတ်လို့ မုန့်အလယ်က ချိုင့်သွားရင်၊ ပေါင်မုန့် မပွလာရင် အဖြေရှာရ ခက်ပါတယ်။ Pastry Chef တွေကတော့ Specific Gravity (သိပ်သည်းဆ) လွဲသွားလို့လား၊ Hydration (ရေပါဝင်မှု) များသွားလို့လား စတဲ့ သိပ္ပံနည်းကျ အချက်တွေကို တန်းပြီး ထောက်ပြနိုင်ပါတယ်။
​❄️ ၃။ အပူချိန် လိုအပ်ချက် (Temperature Control)
ဟင်းချက်တဲ့ မီးဖိုချောင်က မီးတွေ၊ ဒယ်အိုးတွေနဲ့ ပူအိုက်ပေမဲ့၊ Pastry အပိုင်းကတော့ ထောပတ်တွေ အရည်မပျော်ဖို့၊ ဂျုံနယ်တဲ့အခါ အပူချိန်မတက်ဖို့ အေးမြတဲ့ ပတ်ဝန်းကျင် (AC Room) မဖြစ်မနေ လိုအပ်လို့ နေရာတစ်ခုတည်း ရောလုပ်လို့ မရပါဘူး။
​🕰️ ၄။ Mindset နဲ့ စိတ်ရှည်မှု (Patience & Precision)
ဟင်းချက်တဲ့အခါ အမြန်နှုန်း (Speed) ကို အသားပေးပေမဲ့၊ မုန့်ဖုတ်တာကတော့ အတိအကျ ချိန်တွယ်မှု (Precision)၊ စိတ်ရှည်မှု (Patience) နဲ့ အချိန်ကိုက် လုပ်ဆောင်နိုင်စွမ်း (Timing) တွေအပေါ်မှာ အပြည့်အဝ တည်ဆောက်ထားရပါတယ်။
​👨‍🍳 Pro Tip:
ဒါကြောင့် Pastry Chef အဖြစ် ရပ်တည်ရတာက သိပ်ကို ဂုဏ်ယူစရာကောင်းသလို၊ အခြေခံကစပြီး စနစ်တကျ သင်ယူလေ့လာထားဖို့လည်း အရမ်းအရေးကြီးပါတယ်။ Baking ကို ဝါသနာပါပြီး သိပ္ပံနည်းကျ သေချာလေ့လာချင်တဲ့သူတွေရော ရှိလားဗျ? မှန်ကန်တဲ့ စံနှုန်းတွေကို သေချာသိချင်တယ်ဆိုရင် ဒီ Page လေးကို ဆက်ပြီး စောင့်ကြည့်ပေးပါဦးနော်။ 😉✨

#မုန့်ဖုတ်နည်း #ဗဟုသုတ

September လကတော့ Cheese cake လေးတွေနဲ့စတင်သွားတဲ့လပဲလားကွယ်😍😍😍😘😘ဒါမျိုးလေးSause အပြည့်နဲ့ မွှေးကြိုင်နေသော Cheese cake လ...
06/09/2026

September လကတော့ Cheese cake လေးတွေနဲ့စတင်သွားတဲ့လပဲလားကွယ်😍😍😍😘😘

ဒါမျိုးလေးSause အပြည့်နဲ့ မွှေးကြိုင်နေသော Cheese cake လေး😋😋😋

1box မှ 8000ks ပါရှင့်😍😍😍😍

ကန်တော်လေးကပါ.09777258663

Make your anniversary with your loved one even sweeter with a delicious Cheesecake 🍰❤️
04/09/2026

Make your anniversary with your loved one even sweeter with a delicious Cheesecake 🍰❤️

02/09/2026

သေးသေးလားကြီးကြီးလား
ကြိုက်ရာရွေး😉😉

ကဲ panei ဆီမှာ Chocolate menuတွေအများကြီးရှိတယ် ဒါပေမယ့်လေ  cheese cake ထဲကဆိုရင်လေ Cheese molten /Cheese lava/ Cheese s...
02/09/2026

ကဲ panei ဆီမှာ Chocolate menuတွေအများကြီးရှိတယ် ဒါပေမယ့်လေ cheese cake ထဲကဆိုရင်လေ

Cheese molten /Cheese lava/ Cheese sause /Cheeder cheese cake ဒီ4မျိုးပဲရှိတယ်ရှင့်😌

Cheese cake ေမရောင်းဘူးဆိုတာကလေ သုံးရတဲ့ချိစ်ကပစည်းခနခနပျက်တာမို့ပါ😌😌

အ့ထဲမှာမှ အကောင်းဆုံးနဲ့ laxuary အဆန်ဆုံးနဲ့အရသာအကောင်းဆုံးက Cheeder cheese cake ပါရှင့်😋😋

သူရဲ့အတွင်းကိတ်သားကအစCream cheese နဲ့လုပ်တာဖစ်ပီးအတွင်းlayer တလွှာစီတိုင်းမှာ cheese အနှစ်ပဲသုံးပီး ဘေးမှာတလုံးလုံးကို Whipping cream နဲ့cheeder cheese လေးတွေအလှဆင်ထားတာပါရှင့်

တမျိုးချင်းစီတိုင်းရဲ့taste ကတူသလိုနဲ့ကွဲပြားပါတယ်ရှင့် အားလုံးပဲtryကြည့်နော် 😋😋

4" ကအစ 10" အထိ ပြုလုပ်ပေးပါတယ်ရှင့်
နှစ်သက်ရာစျေးမေးနိုင်ပါတယ်နော် 😍😍😋😋

ကန်တော်လေးကပါရှင့်

01/09/2026

3 flavours in 1cake slice😉😉😎😎

29/08/2026

ဘဝမှာToxic ဆို​ရှောင်တယ်လူကိုပဲမဟုတ်ဘူး ကိတ်ထဲက Chemical ကိုပါ ရှောင်နေပြီ 🤣

Address

Kandawlay 94street Mingalartaungnynut
Yangon

Website

Alerts

Be the first to know and let us send you an email when Pan Ei’s Bakery & More posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share