M-Home Decoration & Services

M-Home Decoration & Services interior decoration work

မိတ်ဆွေသူငယ်ချင်းများအားလုံး..မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ..ဆီမီးတွေမြိုင်မြိုင်ထွန်းတဲ့ တန်ဆောင်တိုင်ပိတ်ရက်လေးကိုလည်း...
04/11/2019

မိတ်ဆွေသူငယ်ချင်းများအားလုံး..
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ..ဆီမီးတွေမြိုင်မြိုင်ထွန်းတဲ့ တန်ဆောင်တိုင်ပိတ်ရက်လေးကိုလည်း ကိုယ်ချစ်ခင်တဲ့သူတွေနဲ့အတူဖြတ်သန်းနိုင်ကြပါစေလို့
အက်မင်တို့ M-Home မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...🤗😍😍
>>> အက်မင်အချိန်ရရင် ရသလို သိထားသလောက် တတ်ထားသလောက်လေးတွေကို သူငယ်ချင်းများအားလုံးကိုဝေမျှချင်ပါတယ်..
>>> ပထမဦးဆုံးအနေနဲ့ မင်မင်က color trend အကြောင်းလေးပြောချင်ပါတယ်..
မိမိတို့ရဲ့ ကွန်ဒိုတိုက်ခန်း၊ လုံးချင်းအိမ်၊ ရုံးခန်း စသဖြင့် ဘယ်လိုအမျိုးအစားကိုဖြစ်ဖြစ် ပြင်ဆင်တော့မယ်ဆိုရင် မျက်နှာကျက်မှာသုတ်မည့်ဆေးအရောင်၊ နံရံတွေမှာသုတ်မည့်ဆေးအရောင်လေးတွေကို ပထမဦးဆုံးရွေးချယ်စေချင်ပါတယ်..
ဘာကြောင့်လဲဆိုတော့..ဆေးအရောင်လေးတွေကို အရင်ရွေးထားခြင်းအားဖြင့် နောက်ထပ်ထည့်မည့် ပရိဘောဂပစ္စည်းများနှင့် ပန်းချီကားလေးတွေမှအစ ခန်းဆီးလိုက်ကာအဆုံးထိ ရှင်းရှင်းလင်းလင်း မှန်မှန်ကန်ကန် လွယ်ကူစွာရွေးချယ်တပ်ဆင်နိုင်လို့ပါ..
နောက်တစ်ခုက စိတ်ခံစားမှုအနေနဲ့လည်း မိမိတို့ ကျေနပ်နှစ်သက်တဲ့ ဆေးအရောင်ပေါ်မှာပဲမူတည်ပြီး အခြားအရာတွေကို ရွေးချယ်ထည့်သွင်းရမှာဆိုတော့ ကြည်နူးစရာကောင်းတဲ့အပြင် အိုင်ဒီယာဆန်းဆန်းလေး တွေပါ ထွက်လာတတ်ပါတယ်ရှင်..😘
>>> မျက်နှာကျက်အတွက် ဆေးအရောင်ကတော့ မင်မင်တို့ဆီမှာ တစ်ချို့သော ရုံးခန်း၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင်နဲ့ အရောင်းပြခန်းတွေကလွဲလို့ တစ်ခြားသော ကွန်ဒိုတိုက်ခန်းနဲ့ အိမ်တော်တော်များက color white trend ထဲကသုံးကြတာများပါတယ်..အဖြူကိုမှ ဖွေးနေတဲ့အဖြူ၊ နို့နှစ်ရောင်အဖြူ၊ အပြာဘက်နဲနဲရောက်တဲ့အဖြူ စသဖြင့်ပေါ့လေ...
သန့်သန့်ရှင်းရှင်းနဲ့ အလင်းရောင်ပိုအားကောင်းအောင် ရွေးကြပါတယ်...
>>> အိမ်နံရံတွေအတွက် ဆေးအရောင်ကတော့
မင်မင်တို့က အိမ်ပိုင်ရှင်တွေရဲ့ ဖီလင်ကိုဦးစာပေး စဉ်းစားပါတယ်..ဘာကြောင့်လဲဆိုတော့ ဒီအခန်း၊ ဒီအိမ် ဒီအရောင်တွေကြားထဲမှာ ကျန်နေရစ်မှာ သူတို့ပဲလေ..😄 အက်မင်တို့ကတော့ ကိုယ့်ပစ္စည်းကိုယ်သိမ်းပြီး တစ်ခြားကိုရွေ့ပြီလေ...😁
တစ်ခုတော့ရှိတယ်...Home owner တွေအနေနဲ့ ဆေးအရောင်တွေရွေးရမှာ အခက်အခဲရှိမယ်၊ အရောင်တွေကြည့်ရင်း မဆုံးဖြတ်တတ်တော့ဘူးဆိုရင် မင်မင်တို့ဘက်က ကူညီပြီးရွေးပေးတယ်၊ အခန်းနဲ့ လိုက်ဖက်မည့် ဆေးအရောင်ကိုလည်း အကြံပြုပါတယ်..
>>> စာလည်းနဲနဲရှည်ပြီမို့ အက်မင်တို့ အကြုံပြုချက်လေးတွေ ပြောပြရင်းအဆုံးသတ်ပါမယ်.
☆ ဧည့်သည်အဝင်အထွက်ရှိတဲ့ ဧည့်ခန်းလေးအတွက်ကို အရောင်အရမ်းမတောက်ပဲ နွေးထွေးဖော်ရွေမှုရှိတဲ့ creamy color trend၊
☆ မီးဖိုခန်းလေးအတွက် လင်းလက်စေသော light creamy, light grey၊
☆ ရေချိုးခန်းအတွက်ကတော့ လတ်ဆတ်ပြီး စိတ်ကြည်နူးစေတဲ့ light green၊
☆ မိမိကိုယ်ပိုင်အိပ်ခန်းလေးတွေအတွက်ကတော့ တစ်နေ့လုံးပင်ပန်းလာသမျှ ခြေပစ်လက်ပြစ်အနားယူမယ်၊ အသက်ဝဝရှုပြီး စိတ်ချလက်ချ အိပ်စက်နားနေနိုင်ဖို့ dark green, dark grey, dark blue အရောင်တစ်မျိုးမျိုးကို မိမိတို့ရဲ့ ကုတင်ခေါင်းရင်းနံရံမှာသော်လည်းကောင်း၊ စာကြည့်စားပွဲထားမည့် နံရံဘက်မှာသော်လည်းကောင်း ဆေးအရောင်နုနဲ့ တွဲဆက်သုံးနိုင်ပါတယ်လို့ မင်မင်တို့ M-Home ကအကြံပြုချင်ပါတယ်ရှင်..
☆☆ အောက်မှာပြထားတဲ့ gray green အရောင်ကို ပညာရှင်တွေက Color of the Year 2019 ရယ်လို့သတ်မှတ်ထားကြပါတယ်လို့ မင်မင်သိထားသမျှလေး မျှဝေပါတယ်..
အားလုံးကို ကျေးဇူးအထူးတင်လျှက်..
M- Home 😍😍

မိတ်ဆွေများအားလုံး..မင်္ဂလာရှိသောမနက်ခင်းလေးပါရှင်မင်မင်တို့ M-Home ရဲ့ နောက်လက်ရာတစ်ခုဖြစ်တဲ့Star city building B1 မှာရှိ...
31/10/2019

မိတ်ဆွေများအားလုံး..မင်္ဂလာရှိသောမနက်ခင်းလေးပါရှင်
မင်မင်တို့ M-Home ရဲ့ နောက်လက်ရာတစ်ခုဖြစ်တဲ့
Star city building B1 မှာရှိတဲ့ နှစ်ယောက်အိပ်ခန်းလေးပါရှင်..မင်မင်တို့ M-Home အဖွဲ့ရဲ့လိုအပ်ချက်များရှိရင်လည်း သူငယ်ချင်းမိတ်ဆွေများအားလုံးက ထောက်ပြဝေဖန်အကြံဥာဏ်များလည်းပေးနိုင်ပါတယ်ရှင့်
မင်မင်တို့က တစ်ခါတစ်လေမှာ အိမ်ရှင်စိတ်ကြိုက်ပေါ်လိုက်ပြီးစီစဉ်ဆောင်ရွက်ပေးရတာလည်းရှိပါတယ်..ဒါကလည်း သူနေရမည့်နေရာ သူ့အိမ်လေးကို သူ့စိတ်ကြိုက်လုပ်ပေးစေချင်တာကိုး..
တစ်ခါတစ်ရံ သင့်လျော်မည့် ဒီဇိုင်းပိုင်းအကြံဥာဏ်လေးတွေ ပေးရတာပေါ့
ကဲ..သူငယ်ချင်းမိတ်ဆွေများအာလုံးလည်း..အခုလို ကိုယ့်အိမ်လေး ကိုယ့်အခန်းလေးကို ကိုယ့်စိတ်ကြိုက်ပြင်ဆင်ချင်ပါတယ်ဆိုရင်ဖြင့်..
မင်မင်တို့အဖွဲ့ကိုအချိန်မရွေးဆက်သွယ်နိုင်ပါတယ်ရှင့်
ဆက်သွယ်ရန်ကတော့...
>> 09 420 150 278 , 09 269 728 721
>> [email protected] တို့ဖြစ်ပါတယ်ရှင်

မိတ်ဆွေများအားလုံး မင်္ဂလာပါ...စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ...မင်မင်တို့အဖွဲ့ အတွင်းပိုင်းအပြင်အဆင်အားလုံး တာဝန်ယူဆောင...
28/10/2019

မိတ်ဆွေများအားလုံး မင်္ဂလာပါ...
စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ...
မင်မင်တို့အဖွဲ့ အတွင်းပိုင်းအပြင်အဆင်အားလုံး တာဝန်ယူဆောင်ရွက်ပေးခဲ့ရသော..ကြယ်စင်အိမ်ရာဝင်းအတွင်းရှိ zone B, building 2, 8th floor ရှိ penthouse အခန်းလေးပါ..
တစ်ပုံခြင်းစီထောက်ပြီး ကြည့်ပေးကြပါရှင်..
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်..

အိမ်ဆိုသည်မှာ...
28/10/2019

အိမ်ဆိုသည်မှာ...

Star city A3 4th floor မှာရှိတဲ့ နှစ်ယောက်အိပ်ခန်းလေးပါ..နံရံဆေးရောင်ကို အိမ်ရှင်လည်းအကြိုက် ကိုယ်လည်းကြိုက်တဲ့ မျက်စိအေ...
11/10/2019

Star city A3 4th floor မှာရှိတဲ့ နှစ်ယောက်အိပ်ခန်းလေးပါ..နံရံဆေးရောင်ကို အိမ်ရှင်လည်းအကြိုက် ကိုယ်လည်းကြိုက်တဲ့ မျက်စိအေး စိတ်လည်းအေးစေတဲ့..green pattern ထဲကမှ ထောပတ်သီးအရောင်ဘက်ရောက်တဲ့ အစိမ်းကို အနုအရင့်သုတ်ထားပါတယ်ရှင်...လုပ်လက်စလေးမို့ အခန်းပုံတွေအစုံမပါဖြစ်သေးပါ....နောက်ရက်တွေမှဆက်ပြီး မီးဖိုခန်းလေးနဲ့ ရေချိုးခန်းလေးတွေ ဆက်တင်ပေးမယ်နော်..မင်မင်တို့ M-Home ကို အားပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေများကိုလည်း အထူးကျေးဇူးတင်ပါတယ်လို့..😘

သူငယ်ချင်းမိတ်ဆွေများအားလုံး...မင်္ဂလာရှိတဲ့ သီတင်းကျွတ်လလေးပါရှင်အခုတစ်လောမင်မင်လည်း သီတင်းကျွတ်ရုံးပိတ်ရက်တွေလာတော့မှာမိ...
07/10/2019

သူငယ်ချင်းမိတ်ဆွေများအားလုံး...
မင်္ဂလာရှိတဲ့ သီတင်းကျွတ်လလေးပါရှင်
အခုတစ်လောမင်မင်လည်း သီတင်းကျွတ်ရုံးပိတ်ရက်တွေလာတော့မှာမို့ အလုပ်နဲနဲရှုပ်သွားလို့ ပုံလေးတွေမတင်ဖြစ်တာပါ
(အမှန်တော့ ရုံးပိတ်ရက်တွေနဲ့ မင်မင်တို့နဲ့က မဆိုင်ရေးချမဆိုင်ပါ 😄😆 ဆိုလိုသည်မှာ တိုက်ရိုက်မသက်ဆိုင်ပါဟု)...
မင်မင်တို့အဖွဲ့ star city A3 3bedrooms လေးပြင်ထားတာပါ..
စိတ်ဝင်စားပါတယ်..အလုပ်အပ်ချင်ပါတယ်..
ကိုယ့်လျာထားငွေနဲ့ကိုက်ပြီး ခန့်မှန်းကုန်ကျစရိတ်သိချင်ပါတယ်...
ကိုယ့်အိမ်ခန်းသော်လည်းကောင်း.ရုံးခန်း..ဆိုင်ခန်းသော်လည်းကောင်း.ဘယ်လိုဒီဇိုင်းပုံစံလေးချိန်းလိုက်ရင်ဖြင့် feeling satified ဖြစ်ချင်ပါတယ်စသဖြင့် ဖြစ်ချင်တာတွေ သိချင်တာတွေအားလုံးအတွက် မင်မင်တို့ကို ဖုန်းလေးသာခေါ်လိုက်ပါ..
After sales services အတွက်လည်းမပူပါနဲ့..
မင်မင်တို့ M-Home ကအာမခံချက်နဲ့ အပြည့်အဝတာဝန်ယူပါတယ်ရှင်.🤗

Star city A3 7th လွှာက နှစ်ယောက်အိပ်ခန်းလေးပါရှင်.အိမ်ရှင်စိတ်တိုင်းကျ ပြင်ဆင်ပေးပြီးနောက် ကျေနပ်တယ်ပျော်ရွှင်တယ်စိတ်တိုင်...
29/09/2019

Star city A3 7th လွှာက နှစ်ယောက်အိပ်ခန်းလေးပါရှင်.
အိမ်ရှင်စိတ်တိုင်းကျ ပြင်ဆင်ပေးပြီးနောက် ကျေနပ်တယ်ပျော်ရွှင်တယ်စိတ်တိုင်းကျတယ်ဆိုတဲ့ စကားလေးတစ်ခွန်းလောက်ကြားလိုက်ရုံဖြင့် M-Home အတွက် အားဆေးတစ်ခွက်ပါပဲရှင်..
မြန်မာပြည်တွင်လာရောက်အလုပ်လုပ်နေသော နိုင်ငံခြားသားများအတွက် ငှားရမ်းနေထိုင်နိုင်ရန် အိမ်ရှင်အန်ကယ်မှ အိမ်ငှားစာရင်းလည်းသွင်းထားပြီး ဖြစ်ပါတယ်...

မင်္ဂလာပါရှင်...ကျွန်မတို့ M-Home အား ယုံကြည်စိတ်ချအားကိုးစွာဖြင့် လုပ်ငန်းအပ်နှံခဲ့သော သဘောကောင်း မနောဖြူသော အစ်မတစ်ယောက်...
27/09/2019

မင်္ဂလာပါရှင်...
ကျွန်မတို့ M-Home အား ယုံကြည်စိတ်ချအားကိုးစွာဖြင့် လုပ်ငန်းအပ်နှံခဲ့သော သဘောကောင်း မနောဖြူသော အစ်မတစ်ယောက်ပိုင်ဆိုင်သော star city building A3 - 7th floor ရှိ 3 bedrooms အခန်းလေးပါရှင်..

M-Home မှ ထပ်မံ၍ တာဝန်ယူပြင်ဆင်ပေးရသော သန်လျင်မြို့နယ် ကြယ်စင်အိမ်ရာဝင်းအတွင်းရှိ Zone B5- 5th floor 2bedrooms အခန်းလေးပ...
27/09/2019

M-Home မှ ထပ်မံ၍ တာဝန်ယူပြင်ဆင်ပေးရသော သန်လျင်မြို့နယ် ကြယ်စင်အိမ်ရာဝင်းအတွင်းရှိ
Zone B5- 5th floor 2bedrooms အခန်းလေးပါ..
လူကြီးမင်းတို့၏ ကွန်ဒို တိုက်ခန်းများ၊ ရုံးခန်း၊ လုံးချင်းအိမ်၊ ဟိုတယ်၊ မိမိတို့၏အိမ် အလှပြင်ဆင်ခြင်း များကို စိတ်တိုင်းကျသည်အထိ တာဝန်ယူဆောင်ရွက်ပေး လျက်ရှိပါသည်။
သိရှိလိုသည်များကို အောက်ပါဖုန်းနံပါတ်များသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်း၍သော်လည်းကောင်း၊ messenger chat box တို့မှသော်လည်းကောင်း မေးမြန်းနိုင်ပါသည်ရှင်...
📞 09 420 150 278
📞09 269 728 721

Address

Parami Road
Yangon

Telephone

09420150278

Website

Alerts

Be the first to know and let us send you an email when M-Home Decoration & Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share