Hnin Shwe Taung Co., Ltd.
Hnin Shwe Taung Co., Ltd. Pharmaceutical Company
29/11/2025
📣📣📣
Vacancy announcement
Hnin Shwe Taung Company Limited
တွင်တာဝန်ထမ်းဆောင်ရန်
1. MR (2) ဦး Ygn
2. MR (1) ဦး Mdy အလိုရှိသည်
1 year experience in medical field (Non-med can also apply)
ဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့နဲ့ လုပ်ဆောင်နိုင်သူဖြစ်ရပါမယ်
အခြေခံလစာ+ Bonus+ Phone Bill + ရက်မှန်ကြေး+ အခြားခံစားခွင့်များ ပါဝင်ပါသည်
CV form အပြည့်အစုံကို အောက်ပါ ph viber သို့ email ကတဆင့်ပေးပို့နိုင်ပါတယ်
Ph no- 09767797663, 09965038452
Office Address- Ahlone Twonship
[email protected]
ကျောက်ကပ်မှာ ဖြစ်တဲ့ ကျောက် (ဆီးကျောက်) အကြောင်း ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းတွင် ဖြစ်သည့်ကျောက် ဆိုသည်မှာ ခန္ဓာကိုယ်မှ...
04/06/2024
ကျောက်ကပ်မှာ ဖြစ်တဲ့ ကျောက် (ဆီးကျောက်) အကြောင်း
ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းတွင် ဖြစ်သည့်ကျောက် ဆိုသည်မှာ ခန္ဓာကိုယ်မှမလိုအပ်ဘဲ စွန့်ထုတ်လိုက်သည့် ပိုလျှံဓါတ်ပစ္စည်းများ ပုံဆောင်ခဲအသွင်ပေါင်းစည်း အနည်ထိုင်ကာ အစိုင်အခဲဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဆီးကျောက်တိုင်း မာကျောခြင်း (hardness) မတူပါဘူး တချို့ က gel ပုံနဲ့အလွယ်တကူထွက်ပါတယ်။ မာကျောသွားမှသာ ကုသရခက်တာပါ။
ဆီးကျောက် အမျိုးအစား (၄) မျိုးရှိပါတယ်
၁/ Calcium Oxalate Stone (အဖြစ် အများဆုံးပါ)
၂/ Uric Acid Stone
၃/ Struvite Stone
၄/ Cystine Stone
ဆီးကျောက်ဖြစ်လျှင်တွေ့နိုင်သော ရောဂါလက္ခဏာများမှာ
၁/ ဝမ်းဗိုက်(ဆီးခုံ)၊ ခါးဘေးနှင့် နောက်ကျောနေရာတွင် နာခြင်း၊ အောင့်ခြင်း
၂/ ဆီးထဲတွင် အနည်အနှစ်ပါခြင်း၊ ပုံမှန်ထက် အနံပိုနံခြင်း
၃/ ဆီးသွားရခက်ခြင်း၊ ဆီးထဲတွင်သွေးပါခြင်း
၄/ ပျို့အန်ခြင်း
၅/ ချမ်းတုန်ဖျားခြင်း တို့ဖြစ်ပါတယ်
ဆီးကျောက် ကုသမှု အမျိုးအစားများမှာ
၁/ ရေများများသောက်ပြီး အစားအသောက် ဖြင့်ထိန်းခြင်း
၂/ ဆေးသောက်ခြင်း
၃/ ခန္တာကိုယ်ပြင်ပမှ အသံလှိုင်းဖြင့်ကျောက်ခြေခြင်း (ESWL- Extracorporeal Shock-wave Lithotripsy)
၄/ လေဆာဖြင့် ကျောက်ခြေခြင်း (Ureteroscopy)
၅/ နောက်ကျောမှ အပေါက် ဖောက်ပြီး ကျောက်ခြေ/ထုတ်ခြင်း (Percutaneous Nephrolithotripsy/ Nephrolithotomy)
၆/ ဝမ်းဗိုက်ဖွင့်၍ ခွဲစိတ်ကုသခြင်း (Open Surgery) တို့ဖြစ်ပါတယ်
အစားအသောက် အကြံပြုချက်
၁/ ရေများများသောက်ပါ (ရေသည်ဆေးဖြစ်သည်)
၂/ Oxalate ဓါတ်များသောအစားအစာများ (မြေပဲ နှင့်ပဲ အမျိုးမျိုး၊ ချောကလက်၊ လက်ဖက်ရည်၊ ကော်ဖီ၊ ဟင်းနုနွယ်ရွက် နှင့် မြေအောက်ဥ (ပိလောပီနံဥ၊ ကန်စွန်းဥ၊ အင်ဥ) အမျိုးမျိုး) ကို ချင့်ချိန်စားသုံးပါ
၃/ Uric Acid ဓါတ်များစသော အစားအစာများ(အနီရောင်ရှိသောအသားများ၊ ဝမ်းတွင်းကလီဇာများ၊ အခွံမာပါသောပင်လယ်စာများ(ကမာ၊ ဂဏန်း၊ ဂုံး၊ ပုဇွန်) ) ကို ချင့်ချိန်စားသုံးပါ
၄/ နေ့စဉ်စားသော အစားအစာများတွင် Calcium ဓါတ် (နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ) ပါဝင်အောင် စားပါ
၅/ အငန်ဓါတ်လွန်ကဲသော အစားအစာများ ကို ရှောင်ကျဉ်ပါ
၆/ အရက်၊ ဘီယာ အလွန်အကျွံသောက်ခြင်း နှင့် ကွမ်းစား ခြင်း ကို ရှောင်ကျဉ်ပါ
၇/ Vitamin C supplements များအလွန်အကျွံသုံးစွဲခြင်းကို ရှောင်ကျဉ်ပါ
Rowatinex သည် နိုင်ငံတကာနှင့် မြန်မာ FDA က အသိအမှတ်ပြုထားသော ဥရောပတိုက် ရှိ Ireland Made ဆီးကျောက်ပျော်ဆေး အမျိုးအစား ဖြစ်ပါတယ် ဆရာဝန်ညွှန်ကြားချက်ဖြင့် အမြို့မြို့အနယ်နယ်ရှိ ဆေးဆိုင်တိုင်းတွင် ဝယ်ယူရရှိနိုင်ပါတယ် (ဆင်တူယိုးမှား အတုအပသတိပြုပါ)
ပါးစပ်နဲ့ နှုတ်ခမ်းအနီး တစ်ဝိုက်မှာ ဖြစ်တတ်တဲ့ အပူနာ၊ နှုတ်ခမ်းနာ နှင့် နှုတ်ခမ်း ရေယုန် ပေါက်ခြင်းများ အတွက် Ireland နိ...
20/12/2023
ပါးစပ်နဲ့ နှုတ်ခမ်းအနီး တစ်ဝိုက်မှာ ဖြစ်တတ်တဲ့ အပူနာ၊ နှုတ်ခမ်းနာ နှင့် နှုတ်ခမ်း ရေယုန် ပေါက်ခြင်းများ အတွက် Ireland နိုင်ငံမှ ထုတ်လုပ်သော Carbenoxolone sodium ပါဝင်သည့် အရည်အသွေးမြင့် *Carbosan Gel* လိမ်းဆေး ကို အမြို့မြို့အနယ်နယ်ရှိ ဆေးဆိုင်များတွင်ဝယ်ယူရရှိနိုင်ပါသည်။
ပါးစပ်ထဲတွင်လိမ်းခြင်း သို့ မတော်တဆမျိုချမိခြင်း ဖြစ်ပါကလည်း ဘေးထွက်ဆိုးကျိုးမရှိနိုင်ပါ
15/10/2022
📣📣📣
Vacancy announcement
Hnin Shwe Taung Company Limited
တွင်တာဝန်ထမ်းဆောင်ရန်
ရန်ကုန် တွင်
1. MR (1) ဦး Ygn post အလိုရှိသည်။
အခြေခံလစာ+ Bonus+ Phone Bill + ရက်မှန်ကြေး+ အခြားခံစားခွင့်များ ပါဝင်သည်
Experience ရှိသူကို ဦးစားပေးမည်
Cb, Viber, Email မှ CV form ပို့လျှင် အမည်၊ ဓါတ်ပုံ ၊ နေရပ်လိပ်စာအပြည့်အစုံဖြင့်ပို့ပေးပါရန်
ဆက်သွယ်ရန်
09965038452
Office Address- Ahlone Twonship
🎫 [email protected]
လိပ်ခေါင်း ဆိုတာ အစာဟောင်းအိမ် နဲ့ စအိုပေါက်နားက သွေးပြန်ကြောတွေ ဖောင်းပြီးယောင်ရမ်းလာတာဖြစ်ပါတယ်အမျိုးအစား အားဖြင့် အတွ...
24/07/2020
လိပ်ခေါင်း ဆိုတာ အစာဟောင်းအိမ် နဲ့ စအိုပေါက်နားက သွေးပြန်ကြောတွေ ဖောင်းပြီးယောင်ရမ်းလာတာဖြစ်ပါတယ်
အမျိုးအစား အားဖြင့် အတွင်း လိပ်ခေါင်း နှင့် အပြင် လိပ်ခေါင်းဟု နှစ်မျိုးရှိပြီး အရွယ်အစားအားဖြင့်တော့ အမျိုးမျိုးရှိ နိုင်ပါတယ်။
အတွင်းလိပ်ခေါင်း တွေဟာပို အဖြစ်များလေ့ရှိပြီး အများအားဖြင့် မမြင်ရသလို သိလည်း မသိနိုင်ဘဲ နာဗ့်ကြောတွေ နည်းပါးသောကြောင့် နာကျင်မှုလည်းမရှိသလောက်ရှားပါတယ်။
အပြင်လိပ်ခေါင်း တွေဟာဆိုရင်တော့ စအိုပတ်လည်နား တစ်ဝိုက်မှာတွေ့ ရလေ့ရှိပြီး နာဗ့်ကြော အများအပြား ရှိသောကြောင့် ပိုမိုနာကျင်လေ့ရှိပါတယ်။
လိပ်ခေါင်းကို အဆင့်အားဖြင့် လေးဆင့်ခွဲနိုင်ပါတယ်။
​လိပ်ခေါင်းရောဂါလက္ခဏာများမှာ
(၁) စအိုနားတစ်ဝိုက်တွင် ယားခြင်း၊ နီခြင်း၊ ယောင်ခြင်း။
(၂) ဝမ်းသွားသည့်အချိန်တွင် နာခြင်း၊ မအီမသာဖြစ်ခြင်း။
(၃) စအိုနားတစ်ဝိုက်တွင် အလုံး၊ အဖုများ စမ်းမိခြင်း။
(၄) စအိုမှ သွေးထွက်ခြင်း တို့ဖြစ်ပါတယ်။
ဖြစ်စေသော အကြောင်းများ
(၁) ဝမ်းချုပ်၍ အလွန်အမင်းညှစ်ရခြင်း
(၂) ရေအိမ်ထဲတွင်မလိုအပ်ဘဲ ကြာကြာထိုင်ခြင်း
(၃) အချိန်ကြာကြာဝမ်းချုပ်ခြင်း၊ ဝမ်းလျောခြင်း
(၄) အဝလွန်ခြင်း
(၅) ကိုယ်ဝန်ဆောင်ခြင်း
(၆) အသီးအရွက်များ အစားနည်းခြင်း
(၇) အလွန်အကျွံ ဝိတ်မခြင်း၊ အလေးသယ်ခြင်း တို့ဖြစ်ပါတယ်
ကာကွယ်ရန်
(၁) အမျှင်ဓါတ်ပါသော အစားများများစားရန်
(၂) ရေများများသောက်ရန်
(၃) ဝမ်းမချုပ်အောင်နေထိုင် စားသောက်ရန်
(၄) လေ့ကျင့်ခန်းမှန်မှန်လုပ်ရန်
(၅) ကြာကြာထိုင်ခြင်းကိုရှောင်ကြဉ်ရန် တို့ဖြစ်ပါတယ်
အများအားဖြင့် လိပ်ခေါင်းရောဂါသည် အလိုအလျောက်ပျောက်ကင်းလေ့ရှိပါသည်။ Rowatanal cream ကဲ့သို့သော လိပ်ခေါင်းလိမ်းဆေးများသည် စအိုနားတစ်ဝိုက်တွင်ဖြစ်သော နာခြင်း၊ ယောင်ရမ်းခြင်း နှင့် ယားခြင်း စသည့် လက္ခဏာများကို သက်သာပျောက်ကင်း စေပါသည်။
Ireland နိုင်ငံမှ ထုတ်လုပ်သော အရည်အသွေးမြင့် Rowatanal လိမ်းဆေး ကို တစ်ဘူးလျှင် ၄၉၀၀ကျပ်ခန့်ဖြင့် အမြို့မြို့အနယ်နယ်ရှိ ဆေးဆိုင်များတွင်ဝယ်ယူရရှိနိုင်ပါသည်။
Photos credit from Internet
စျေးကွက်ထဲ မှာရှိတဲ့ ပရုပ်ဆီပူပူတွေ လိမ်းနေရတာ စိတ်ညစ်နေပြီလား???အကိုက်အခဲပျောက်ဆေးတွေ အမြဲသောက်နေရလို့ အစာအိမ်ထိခိုက်မှ...
22/06/2020
စျေးကွက်ထဲ မှာရှိတဲ့ ပရုပ်ဆီပူပူတွေ လိမ်းနေရတာ စိတ်ညစ်နေပြီလား???
အကိုက်အခဲပျောက်ဆေးတွေ အမြဲသောက်နေရလို့ အစာအိမ်ထိခိုက်မှာ စိုးရိမ်နေရပြီလား???
အသားမပူ မလောင်စေဘဲ တစ်နေ့တစ်ခါကပ်ရုံဖြင့် ခါးကိုက်ခါးနာခြင်း၊ နောက်ကျောအောင့် ခြင်း၊ အကြောတက်ခြင်း၊ ကြွက်သားများနာကျင်ခြင်းကို အမြန်ဆုံးသက်သာပျောက်ကင်းစေသော အကိုက်အခဲပျောက်သောက်ဆေး အစားထိုး Kefen-Tech Plaster ကို သုံးကြည့်ကြပါစို့လား
ပါဝင်ပစ္စည်း - Ketoprofen 30mg/sheet
အားသာချက်များမှာ
(၁) အသုံးပြုရလွယ်ကူခြင်း
(၂) အသားမပူ မလောင်ခြင်း
(၃) အနံ့မရှိခြင်း
(၄) ရေစိုခံခြင်း
(၅) ကပ်ခွာဖြစ်သောကြောင့် ဘေးထွက်ဆိုးကျိုးနည်းခြင်း တို့ဖြစ်ပါသည်။
Korea နိုင်ငံမှ ထုတ်လုပ်သော အရည်အသွေးမြင့် Kefen-Tech Plaster ကို တစ်ချပ်လျှင် ၇၀၀ ကျပ်ဖြင့် ဆေးဆိုင်များတွင်ဝယ်ယူရရှိနိုင်ပါသည်။
ပိုးသတ်ဆေးမပါဝင်ဘဲ နားကိုက်၊ နားရောင်ခြင်းများကို လျင်မြန်စွာသက်သာစေပြီး နားဖာချေးများကို အလွယ်တကူပျော်စေနိုင်သော Tropex...
12/06/2020
ပိုးသတ်ဆေးမပါဝင်ဘဲ နားကိုက်၊ နားရောင်ခြင်းများကို လျင်မြန်စွာသက်သာစေပြီး နားဖာချေးများကို အလွယ်တကူပျော်စေနိုင်သော Tropex Ear Drops လေးနဲ့ မိတ်ဆက်ပေးမယ်နော် 👂👂👂
နားထဲမှာ ပိုးဝင်တယ် ဆိုတာ လူကြီးတွေထက် ကလေးတွေမှာပို အဖြစ်များပါတယ်။ ပုံမှန်အားဖြင့် အလိုအလျောက် ပြန်လည်ပျောက်ကင်းသွားလေ့ရှိပြီး အောက်ပါရောဂါလက္ခဏာ တွေဖြစ်လာရင်တော့ ကုသမှုခံယူသင့်ပါတယ်
၁။ နားကိုက်၊ နားနာခြင်း
၂။ နားထဲမှ တစ်ခုခု စုပ်ဆွဲထားသလိုခံစားရခြင်း
၃။ နားထဲမှ အရည်များထွက်လာခြင်း
၄။ ခေါင်းကိုက်ခြင်း
၅။ ဖျားနာခြင်း
၆။ အကြားအာရုံ အားနည်းလာခြင်း
ကလေးများတွင်
၇။ မအိပ်ဘဲ ပုံမှန်ထက် ငိုနေခြင်း
၈။ ပြင်ပအသံကို တုံ့ပြန်မှုမရှိခြင်း
၉။ အစားအသောက်နည်းလာခြင်း စတဲ့ ရောဂါလက္ခဏာများတွေ့ရှိနိုင်ပါတယ်
ထို ရောဂါလက္ခဏာများ တွေ့ရပါက Tropex Ear Drops ကို သုံးစွဲနိုင်ပါတယ် ပိုးသတ်ဆေး လုံးဝမပါဝင်တဲ့ အတွက် ဘေးထွက်ဆိုးကျိုးမရှိဘဲ ကလေးငယ်များတွင်လည်း စိတ်ချစွာသုံးစွဲနိုင်ပါတယ် 👶🏻
နားဖာချေးများပိတ်ဆို့နေလျှင်လည်း အသုံးပြုနိုင်ပါတယ်
အသုံးပြုပုံ - ခေါင်းကို တစ်ဖက်သို့စောင်းပြီး ဆေးရည် ၂ စက်မှ ၅ စက်ကို တစ်နေ့ ၂ ကြိမ် မှ ၃ ကြိမ် ထည့်ပါ (ဆေးထည့်ပြီး မိနစ် အနည်းငယ်ထိ ခေါင်းစောင်းထားပါ)💧💧💧
၄၈ နာရီကျော်သည် အထိမသက်သာပါက ဆရာဝန်နှင့်ပြသရန်လိုအပ်ပါသည် 👨‍⚕️ 🩺
Tropex Ear Drops ကို 🇮🇪 Ireland နိုင်ငံ Rowa Phamaceutical မှ ထုတ်လုပ်ကာ နိုင်ငံတကာတွင်သုံးစွဲနေပြီး ယခုမြန်မာနိုင်ငံတွင်လည်း တစ်ဘူး ၇၅၀၀ ကျပ်ခန့်ဖြင့် ဝယ်ယူရရှိနေပါပြီ
အမှန်တကယ်လိုအပ်ပြီး စမ်းသုံးချင်သူများ Post ကို Like and share လုပ်ပေးပါ ဘာကြောင့်လိုအပ်တာလဲပါရေးပေးပါနော်
ကံထူးသူများကို Tropex Ear Drops ၁၀ ဘူး ၃၀.၆.၂၀၂၀ မှာ လက်ဆောင်ပေးမယ်နော် (ရန်ကုန် မြို့တွင်းသာ)
What are piles?လိပ်ခေါင်းရောဂါ ဆိုတာဘာလဲ           Piles (Haemorrhoids) are swollen veins in the lowest part of your re*...
23/03/2019
What are piles?
လိပ်ခေါင်းရောဂါ ဆိုတာဘာလဲ
Piles (Haemorrhoids) are swollen veins in the lowest part of your re**um and a**s. Sometimes the walls of these blood vessels stretch so thin that the veins bulge and get irritated, especially when you p**p.
စအိုမှ သွေးထွက်ချင်း အကြောင်းအရာများထဲမှာ လိပ်ခေါင်းကြောင့် အဓိကဖြစ်ပါတယ်။ အဒ္နါရာယ် အရမ်း မရှိနိုင်ဘဲ ရက်သတ္တပတ် အနည်းငယ်ကြာရင် ပျောက်ကင်းသွားတတ်ပါတယ်။
They can have a range of sizes, and they may be internal or external.
Internal piles are the more common type and normally located between 2 and 4 centimeters (cm) above the opening of the a**s. You can't usually see or feel them and they don't generally hurt because you have few pain-sensing nerves there. Bleeding may be the only sign of them.
External hemorrhoids are under the skin around the a**s, where there are many more pain-sensing nerves, so they tend to hurt as well as bleed.
Pr*****ed hemorrhoids usually go back inside on their own. Even if they don't, they can often be gently pushed back into place.
အပြင်သို့ ထွက်နေသော လိပ်ခေါင်းတွေဟာ အလိုလိုပြန်ဝင်သွားလေ့ရှိပြီး မ၀င်ခဲ့ပါကလည်း အတွင်းသို့ အသာအယာ ပြန်တွန်းတင် နိုင်ပါတယ်။
Piles is classified into four grades:
• Grade I: There are small inflammations, usually inside the lining of the a**s. They are not visible.
အဆင့် (၁) လိပ်ခေါင်းဟာ စအိုနားတွင် အနည်းငယ်ရောင်နေပြီး ပုံမှန်အားဖြင့် မသိသာနိုင်ပါ။
• Grade II: Grade II piles are larger than grade I piles, but also remain inside the a**s. They may get pushed out during the passing of stool, but they will return unaided.
အဆင့် (၂) လိပ်ခေါင်းဟာ ပိုမိုကြီးမားပြီး စအိုအတွင်းထဲတွင်သာ ရှိသေးသော်လည်း ၀မ်းသွားရန် ညှစ်သည့် အခါတွင်မှသာ အပြင်သို့ ထွက်လာတတ်ပြီး အကူအညီမလိုဘဲ အလိုလိုပြန်ဝင်သွားနိုင်ပါတယ်။
• Grade III: These are also known as pr*****ed hemorrhoids, and appear outside the a**s. The individual may feel them hanging from the re**um, but they can be easily re-inserted.
အဆင့် (၃) တွင်တော့ လိပ်ခေါင်းဟာ စအို အပြင်သို့ ကျွံထွက်လာပြီဖြစ်ပြိး စအိုမှ တွဲလောင်းကျနေသည် ဟုခံစားရသော်လည်း အလွယ်တကူတော့ ပြန်သွင်းလို့ ရနိုင်ပါတယ်။
• Grade IV: These cannot be pushed back in and need treatment. They are large and remain outside of the a**s.
အဆင့်(၄) ရှိပြီဖြစ်တဲ့ လိပ်ခေါင်းဟာတော့ အရွယ်အစား အားဖြင့်ပိုမိုကြီးမားပြီး စအိုအပြင်ဘက်တွင်တွေ့ရကာ ပြန်သွင်းရန်လည်း ခက်ခဲတတ် ပြီး ကုသရန်လိုအပ်ပါ တယ်။
လိပ်ခေါင်းရောဂါ ဖြစ်စေတတ်သော အကြောင်းများကို ဆက်လက်တင်ပေးပါမည်။
Website မှစာများကို အလျဉ်းသင့်သလို ဘာသာပြန်ပေးထားခြင်းဖြစ်ပါသည်။
UDChol Forte (Ursodeoxycholic Acid 300mg) Made in Korea , ကိုအလိုရှိပါကHnin Shwe Taung Co., Ltd. သို့ ဆက်သွယ်နိုင်ပါသည်။
01/06/2018
UDChol Forte (Ursodeoxycholic Acid 300mg)
Made in Korea , ကိုအလိုရှိပါကHnin Shwe Taung Co., Ltd. သို့ ဆက်သွယ်နိုင်ပါသည်။
Hankook Korus Pharm Co., Ltd (KOREA) မှ အသဲနှင့်သည်းခြေကျောက်ရောဂါအတွက်ဆရာဝန်ညွှန်ကြားချက်အရသုံးရသောFDA Registered ဆေးမျာ...
01/06/2018
Hankook Korus Pharm Co., Ltd (KOREA) မှ အသဲနှင့်သည်းခြေကျောက်ရောဂါအတွက်ဆရာဝန်ညွှန်ကြားချက်အရသုံးရသောFDA Registered ဆေးများကိုHnin Shwe Taung Co., Ltd.မှဖြန့်ချိလျက်ရှိပါသည်။
Address
B1/001, Thirimingalar Garden Housing, Kanar Road, Ahlone Township
Yangon
110111
Opening Hours
Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Telephone
+951223401
Alerts
Be the first to know and let us send you an email when Hnin Shwe Taung Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share