The Health Compass

The Health Compass Sharing is caring

ဓာတ်ဆားရည်ဖျော်နည်း
13/08/2026

ဓာတ်ဆားရည်ဖျော်နည်း

ဝမ်းပျက်ဝမ်းလျော ရောဂါ သတိထားကြပါ
12/08/2026

ဝမ်းပျက်ဝမ်းလျော ရောဂါ
သတိထားကြပါ

သွေးတိုးရောဂါ သတိထားပါ
30/06/2026

သွေးတိုးရောဂါ သတိထားပါ

11/06/2026

#ဒူးရင်းသီး (Durian — Durio zibethinus) နှင့် #ဆိုးကျိုးများအစာအိမ်အူလမ်းကြောင်းကျန်းမာရေး

ဒူးရင်းသီးသည် carbohydrate နှင့် sugar ပမာဏ အလွန်မြင့် (dry matter ၏ 63–71% carbohydrate, 48–56% sugar) ပြီး dietary fiber (7.5–9.1 g/100g DM) လည်း အတော်အသင့် ပါဝင်သည်။ ဤ ဖွဲ့စည်းပုံကြောင့် အများအပြားစားသုံးပါက[1] bloating, gas နှင့် ဗိုက်ကယ်ခြင်း ဖြစ်နိုင်ပြီး၊ ၎င်းသည် FODMAP များခြင်းအကြောင်းမဖားနှင့် ဆက်စပ်ပါသည်။

ဒူးရင်းသီးကြောင့် GI ရောဂါလက္ခဏာ ဖြစ်နိုင်သော အကြောင်းများ၊

1. မြင့်မားသော သကြားဓာတ် (High Sugar/Fructose Content) နှင့် FODMAP Effect

ဒူးရင်းသီးတွင် fructose ပမာဏ မြင့်မားပြီး Monash University FODMAP database အရ high FODMAP fruit အဖြစ် သတ်မှတ်ထားပါသည်။ Fructose သည် GLUT-5 transporter ဖြင့်သာ ဖြည်းဖြည်းချင်း စုပ်ယူနိုင်ပြီး glucose မပါဘဲ excess fructose ရှိပါက small bowel water content အူသိမ်အတွင်းရေများတိုးလာကာ osmotic effect ဖြစ်ပေါ်သည်။

စုပ်ယူမရသော fructose သည် colon သို့ ရောက်ပြီး bacteria များက ferment လုပ်ကာ[2] hydrogen, methane, CO₂ gas များ ထွက်ပေါ် စေသည်။

IBS သို့မဟုတ် visceral hypersensitivity ရှိသူများတွင် ဤ gas ထွက်ခြင်းကြောင့် ရောဂါလက္ခဏာ ပိုဆိုးတတ်သည်။[3][4][5]

1. Sulfur-containing Compounds (ကန့်ဓာတ်ပါဝင်သော ဓာတုပစ္စည်းများ)

ဒူးရင်းသီး၏ ထူးခြားသော အနံ့ကို ဖြစ်ပေါ်စေသည်မှာ hydrogen sulfide, methanethiol, ethanethiol, diethyl disulphide စသော sulfur-containing volatile compounds များ ဖြစ်သည်။ ဤ sulfur compounds များသည် -[6][7]အူလမ်းကြောင်းထဲတွင် H₂S (hydrogen sulfide) ထပ်မံ ထွက်ပေါ်စေနိုင်ပြီး အနံ့ဆိုးသော လေ (flatus) ဖြစ်စေသည်[8]၊လေလည်ရင်အနံဆိုးပါတယ်။

- TRPA1 နှင့် TRPV1 receptors ကို activate လုပ်ပြီး ကိုယ်ပူခြင်း (thermogenesis) နှင့် GI tract ကို stimulate လုပ်ခြင်း ဖြစ်ပေါ်စေသည်။ ဤ receptors များသည် ကြက်သွန်ဖြူgarlic, ငရုတ်ကောင်း စသော အစပ်ပစ္စည်းများတွင်လည်း activate ဖြစ်သည့် receptors ဖြစ်သည်။[9]

1. မြင့်မားသော Dietary Fiber

Fiber (7.5–9.1 g/100g DM) သည် ကျန်းမာရေးအတွက် အကျိုးရှိသော်လည်း အများအပြား စားသုံးပါက colon fermentation ဖြင့် gas ထွက်ခြင်းနှင့် bloating ဖြစ်စေနိုင်သည်။[1][4]

1. အရက်နှင့် ဒူးရင်းသီး တွဲစားခြင်း — အန္တရာယ်

ဒူးရင်းသီးတွင်ပါဝင်သော sulfur compounds များသည် aldehyde dehydrogenase (ALDH) enzyme ကို inhibit လုပ်နိုင်ကြောင်း ယူဆထားပြီး၊ အရက်နှင့် တွဲစားပါက acetaldehyde ဖြိုခွဲမှု နှေးကွေးကာ ပျို့အန်ခြင်း, မူးဝေခြင်း, ရင်တုန်ခြင်း, မျက်နှာနီခြင်း (disulfiram-like reaction) ဖြစ်နိုင်သည်။ အရှေ့တောင်အာရှတွင် ဒူးရင်းသီးနှင့် အရက် မတွဲစားရဟု ရိုးရာယုံကြည်ချက် များနဲ့ကိုက်ညီပါသည်။[10][11]

ဒူးရင်းသီး၏ GI ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ

ဒူးရင်းသီးသည် ဆိုးကျိုးသက်သက် မဟုတ်ပါ -

- Polyphenols နှင့် flavonoids (quercetin, kaempferol, gallic acid) — antioxidant, anti-inflammatory properties ရှိသည်[12][13]
- Durian rind polysaccharide (DZMP) — ကြွက်စမ်းသပ်မှုတွင် intestinal transit rate တိုးမြင့်စေပြီး functional constipation ကို သက်သာစေကာ gut microbiota (Lachnospiraceae) ကို ကောင်းမွန်စေကြောင်း တွေ့ရှိရသည်[14]

- Carotenoids နှင့် β-carotene — အချို့ durian varieties (Kob-ta-kam) တွင် မြင့်မားစွာ ပါဝင်သည်[1]

- Cholesterol-enriched diet ပေးထားသော ကြွက်များတွင် ripe durian သည် plasma lipid profile ကောင်းမွန်စေပြီး plasma glucose ပုံမှန်ဖြစ်စေကြောင်း တွေ့ရှိရသည်[15]

လက်တွေ့ အကြံပြုချက်များ

အနှစ်ချုပ်အားဖြင့် ဒူးရင်းသီးသည် အတိုင်းအတာ သင့်တင့်စွာ စားသုံးပါက ကျန်းမာရေးအတွက် အကျိုးရှိနိုင်သော်လည်း၊ high sugar/FODMAP content နှင့် sulfur compounds ကြောင့် အများအပြားစားပါက bloating, gas, ဗိုက်ကယ်ခြင်း ဖြစ်တတ်ပြီး အထူးသဖြင့် IBS/functional GI disorders ရှိသူများတွင် ရောဂါလက္ခဏာ ပိုဆိုးစေနိုင်ပါသည်။

Prof Thein Myint (GI)-(11-6-2026)
References

1. Nutrients and Bioactive Compounds in Popular and Indigenous Durian (Durio Zibethinus Murr.). Charoenkiatkul S, Thiyajai P, Judprasong K. Food Chemistry. 2016;193:181-6. doi:10.1016/j.foodchem.2015.02.107.
2. Review article: biological mechanisms for symptom causation by individual FODMAP subgroups ‐ the case for a more personalised approach to dietary restriction. Wang XJ, Camilleri M, Vanner S, Tuck C. Alimentary Pharmacology & Therapeutics. 2019;50(5):517-529. doi:10.1111/apt.15419.
3. Irritable Bowel Syndrome. Ford AC, Sperber AD, Corsetti M, Camilleri M. Lancet (London, England). 2020;396(10263):1675-1688. doi:10.1016/S0140-6736(20)31548-8.
4. Short-Chain Carbohydrates and Functional Gastrointestinal Disorders. Shepherd SJ, Lomer MC, Gibson PR. The American Journal of Gastroenterology. 2013;108(5):707-17. doi:10.1038/ajg.2013.96.
5. AGA Clinical Practice Update on Evaluation and Management of Belching, Abdominal Bloating, and Distention: Expert Review. Moshiree B, Drossman D, Shaukat A. Gastroenterology. 2023;165(3):791-800.e3. doi:10.1053/j.gastro.2023.04.039.
6. Characterization of the Major Odor-Active Compounds in Thai Durian ( Durio Zibethinus L. 'Monthong') by Aroma Extract Dilution Analysis and Headspace Gas Chromatography-Olfactometry. Li JX, Schieberle P, Steinhaus M. Journal of Agricultural and Food Chemistry. 2012;60(45):11253-62. doi:10.1021/jf303881k.
7. Insights Into the Key Compounds of Durian (Durio Zibethinus L. 'Monthong') Pulp Odor by Odorant Quantitation and Aroma Simulation Experiments. Li JX, Schieberle P, Steinhaus M. Journal of Agricultural and Food Chemistry. 2017;65(3):639-647. doi:10.1021/acs.jafc.6b05299.
8. Diet and Hydrogen Sulfide Production in Mammals. Rose P, Moore PK, Whiteman M, Kirk C, Zhu YZ. Antioxidants & Redox Signaling. 2021;34(17):1378-1393. doi:10.1089/ars.2020.8217.
9. Sulphur-Containing Compounds of Durian Activate the Thermogenesis-Inducing Receptors TRPA1 and TRPV1. Terada Y, Hosono T, Seki T, et al. Food Chemistry. 2014;157:213-20. doi:10.1016/j.foodchem.2014.02.031.
10. Effects of 20 Selected Fruits on Ethanol Metabolism: Potential Health Benefits and Harmful Impacts. Zhang YJ, Wang F, Zhou Y, et al. International Journal of Environmental Research and Public Health. 2016;13(4):399. doi:10.3390/ijerph13040399.
11. Glu504Lys Single Nucleotide Polymorphism of Aldehyde Dehydrogenase 2 Gene and the Risk of Human Diseases. Zhao Y, Wang C. BioMed Research International. 2015;2015:174050. doi:10.1155/2015/174050.
12. Key Determinants of Volatile Profile and Bioactive Potential in Durian (Durio Zibethinus). Lou Z, Almarshad A, Arshad MS, Ahmadi F, Suleria HAR. Critical Reviews in Food Science and Nutrition. 2026;66(15):2861-2880. doi:10.1080/10408398.2025.2589454.
13. Exploring the Potential Nutraceutical Values of Durian (Durio Zibethinus L.) - An Exotic Tropical Fruit. Ho LH, Bhat R. Food Chemistry. 2015;168:80-9. doi:10.1016/j.foodchem.2014.07.020.
14. Effect of Durio Zibethinus Rind Polysaccharide on Functional Constipation and Intestinal Microbiota in Rats. Jiang H, D**g J, Jiang S, et al. Food Research International (Ottawa, Ont.). 2020;136:109316. doi:10.1016/j.foodres.2020.109316.
15. The Nutritional and Metabolic Indices in Rats Fed Cholesterol-Containing Diets Supplemented With Durian at Different Stages of Ripening. Leontowicz M, Leontowicz H, Jastrzebski Z, et al. BioFactors (Oxford, England). 2007;29(2-3):123-36. doi:10.1002/biof.552029203.

လေးဘက်နာ အဆစ်ရောင်ရောဂါ ✅(Rheumatoid Arthritis) ဟာ အဆစ်အမြစ်တွေကို အဓိက ထိခိုက်စေတဲ့ နာတာရှည်ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီရော...
13/05/2026

လေးဘက်နာ အဆစ်ရောင်ရောဂါ
✅(Rheumatoid Arthritis) ဟာ အဆစ်အမြစ်တွေကို အဓိက ထိခိုက်စေတဲ့ နာတာရှည်ရောဂါတစ်ခု ဖြစ်ပါတယ်။
ဒီရောဂါကို ကုသရာမှာ ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေအပြင် နေထိုင်မှုပုံစံ ပြောင်းလဲမှုတွေကလည်း အရေးကြီးပါတယ်။

✅လိုက်နာရမယ် အချက်များ ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
၁။ ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်း
• အဆစ်တွေ မတောင့်တင်းအောင်နဲ့ ကြွက်သားတွေ သန်မာအောင် ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုပါတယ်။
• လမ်းလျှောက်ခြင်း၊ ရေကူးခြင်းနဲ့ ယောဂကျင့်ခြင်းလိုမျိုး အဆစ်အမြစ်တွေကို ဒဏ်မဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေကို ရွေးချယ်ပါ။
• လေ့ကျင့်ခန်း မလုပ်ခင် ဆရာဝန်နဲ့ အရင် တိုင်ပင်ပါ။

၂။ ဆေးဝါးများကို စနစ်တကျ သောက်သုံးခြင်း
• ဆရာဝန် ညွှန်ကြားတဲ့ ဆေးဝါးတွေကို အချိန်မှန်၊ သောက်သုံးဖို့ အရေးကြီးပါတယ်။
• ရောဂါအခြေအနေ ကောင်းလာရင်တောင် ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ဆေးမဖြတ်ပါနဲ့။

၃။ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း
• အဝလွန်ခြင်းက အဆစ်အမြစ်တွေအပေါ် ဖိအားပိုဖြစ်စေပြီး နာကျင်မှုကို ပိုဆိုးစေပါတယ်။
• ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းတွေနဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

၄။ အာဟာရပြည့်ဝအောင် စားသုံးခြင်း
• အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ငါးတွေလိုမျိုး ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့ အစားအစာတွေကို စားသုံးပါ။
• ပြုပြင်ထားတဲ့ အစားအစာတွေနဲ့ သကြားဓာတ်များတဲ့ အစားအစာတွေကို လျှော့စားပါ။

၅။ စိတ်ဖိစီးမှု လျှော့ချခြင်း
• စိတ်ဖိစီးမှုက ရောဂါလက္ခဏာတွေကို ပိုဆိုးစေပါတယ်။
• တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း လုပ်ခြင်း သို့မဟုတ် ဝါသနာပါတဲ့ အလုပ်တွေ လုပ်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချပါ။
ဒီအချက်တွေကို လိုက်နာခြင်းဖြင့် လေးဘက်နာ အဆစ်ရောင်ရောဂါကို ထိန်းချုပ်ပြီး နေ့စဉ်ဘဝကို ပျော်

သွေးတိုးရောဂါ ကာကွယ်ထိန်းသိမ်းနည်း ၁။ သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာပါ၂။ ဆားနှင့် ငံပြာရည် လျှော့စားပါ၃။ ဆီလျှော့စားပ...
09/05/2026

သွေးတိုးရောဂါ ကာကွယ်ထိန်းသိမ်းနည်း

၁။ သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာပါ
၂။ ဆားနှင့် ငံပြာရည် လျှော့စားပါ
၃။ ဆီလျှော့စားပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးပါ
၄။ လေ့ကျင့်ခန်းလုပ်ပါ၊ ဆေးလိပ်၊ အရက်ဘီယာနှင့်ကွမ်းယာဖြတ်ပါ
၅။ ဆေးကို စနစ်တကျ သောက်ပါ (မိမိသဘောနှင့် ဆေးမဖြတ်ပါနှင့်)

📍သတိပြုရန်: ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးကို အချိန်မှန်သောက်ပါ။ မိမိသဘောနှင့် ဆေးဖြတ်ခြင်း သို့မဟုတ် ဆေးပမာဏလျှော့ခြင်း လုံးဝမပြုလုပ်ပါနှင့်။
✅အကြံပြုချက်: အာမခံချက်မရှိသော တိုင်းရင်းဆေးများ သို့မဟုတ် လမ်းဘေးဆေးမြီးတိုများကို ဆရာဝန်နှင့် မတိုင်ပင်ပဲ မသုံးစွဲပါနှင့် ။
📍သတိပေးချက်: သွေးတိုးရောဂါကို စနစ်တကျ ထိန်းသိမ်းခြင်းဖြင့် လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါများမှ ကာကွယ်နိုင်ပါသည်။

🛡️ ရာသီတုပ်ကွေးဘေးမှ ကင်းဝေးဖို့... ကြိုတင်ကာကွယ်ဆေး ထိုးကြစို့!ရာသီဥတု အကူးအပြောင်းကာလတွေမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေး ...
08/05/2026

🛡️ ရာသီတုပ်ကွေးဘေးမှ ကင်းဝေးဖို့... ကြိုတင်ကာကွယ်ဆေး ထိုးကြစို့!
ရာသီဥတု အကူးအပြောင်းကာလတွေမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေး (Seasonal Influenza) ဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး လေထုထဲမှတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်ပါတယ်။ တစ်နှစ်နဲ့တစ်နှစ် ဖြစ်ပွားတတ်တဲ့ ဗိုင်းရပ်စ်အမျိုးအစား မတူညီတာကြောင့် နှစ်စဉ် ကြိုတင်ကာကွယ်ထားဖို့ အထူးလိုအပ်ပါတယ်။
🌡️ တုပ်ကွေးရောဂါရဲ့ လက္ခဏာများ
• ရုတ်တရက် ဖျားနာခြင်းနှင့် ချမ်းတုန်ခြင်း။
• ကိုယ်လက်ကိုက်ခဲခြင်းနှင့် နုံးခွေခြင်း။
• ချောင်းဆိုးခြင်း၊ နှာစေးခြင်း။
• အပူအအေး မမျှတဘဲ ဖျားနာကိုက်ခဲခြင်း။
💉 ဘယ်သူတွေ ကာကွယ်ဆေး အဓိကထိုးသင့်သလဲ?
အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် တုပ်ကွေးဖြစ်ပါက ပိုမိုပြင်းထန်နိုင်သဖြင့် Flu Vaccine ကို မဖြစ်မနေ ထိုးနှံထားသင့်ပါတယ်။
• ✅ လူမှုဆက်ဆံရေးများသူများ: လူအများနဲ့ ထိတွေ့ဆက်ဆံ အလုပ်လုပ်နေရသူများ။
• ✅ ကိုယ်ခံအားနည်းသူများ: မကြာခဏ ဖျားနာတတ်သူများနှင့် ကလေးငယ်များ။
• ✅ သက်ကြီးရွယ်အိုများ: အသက်အရွယ်ကြီးရင့်သူများ။
• ✅ ကိုယ်ဝန်ဆောင်မိခင်များ: မိခင်နှင့် ကလေး ကျန်းမာရေးအတွက်။
• ✅ နာတာရှည်ရောဂါရှိသူများ: ဆီးချို၊ သွေးတိုး၊ နှလုံး၊ ရင်ကြပ်ပန်းနာ အစရှိသည့် ရောဂါအခံရှိသူများ။

မိမိနှင့် မိမိမိသားစုဝင်များ ရာသီတုပ်ကွေးဒဏ်မှ ကင်းဝေးစေရန်အတွက် ရာသီတုပ်ကွေးကာကွယ်ဆေး (Flu Vaccine) ကို နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများတွင် ယနေ့ပဲ ဆွေးနွေးတိုင်ပင်၍ ထိုးနှံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
#ကျန်းမာရေးအသိပညာပေး #ရာသီတုပ်ကွေး #ကာကွယ်ဆေး

08/05/2026
17/04/2026

မိသားစု၊ သူငယ်ချင်း မိတ်ဆွေများနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်အချိန်ခါလေးကို
ပိုင်ဆိုင်နိုင်ကြပါစေ။

Address

Yankin
Yangon
11081

Website

Alerts

Be the first to know and let us send you an email when The Health Compass posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share